■အတွေးအမြင်
လာဘ်တိတ်တဲ့သမ္မတ
ယောနသံ/People's Spring
နိုင်ငံတော်ရဲ့အာဏာအမြင့်ဆုံး သမ္မတကို နေပြည်
တော်က စစ်တပ်လွှတ်တော်က ယခုလေးတင် ရွေးချယ်လိုက်ပါတယ်။ဒါပေမယ့်ဘယ်ပြည်သူကမှ စိတ်မဝင်စားပါဘူး။ မလုပ်ရဲတာဘာမှမရှိဘူးဆိုပြီးတော့ အာဏာသိမ်းပြီး လူသောင်းချီသတ်ခဲ့တဲ့ ရာဇဝတ်ကောင်တစ်ကောင် သမ္မတဖြစ်လာတာက နိုင်ငံတောင်လာဘ်တိတ်တယ်လို့ ရန်ကုန်မြို့မှာ စက်သုံးဆီတန်းစီနေရတဲ့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ နိုင်ငံတော်အာ
ဏာကိုသိမ်းယူပြီးတဲ့နောက်ပိုင်း ၅နှစ်ကျော်အ
တွင်း အရပ်သား ထောင်သောင်းချီသတ်ဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ် စစ်တပ်လွှတ်တော်က ဒီနေ့ (ဧပြီလ ၃ရက်)နေ့ နေ့ခင်းပိုင်းမှာ တင်မြှောက်လိုက်တာပါ။
ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းကြီးဟာဗိုလ်
ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်ပြီဆိုတဲ့ သတင်းကြားကြားချင်းပဲ "သမ္မတတဲ့လား။ ထွီ " ဆိုပြီး ပြောလည်းပြောရင်း တံတွေးပါထွေးပစ်
လိုက်တာပါ။ ဒါကနိုင်ငံတော်ရဲ့အဓိပတိနေရာကို ရွေးချယ်တဲ့နေ့မှာ အခြေခံလူတန်းစားဘဝထဲက ပြည်သူတွေရဲ့တုံ့ပြန်မှုများစွာထဲက တစ်ခုပါ။
ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်ဈေးထဲက ဈေးသည်တစ်ဦးကတော့ "သတင်းကြားရတာ သေချင်စော်တောင်နံတယ်"လို့အသံကျယ်ကျယ်ပြောပါတယ်။ ဒီဈေးတစ်ဈေးလုံးမှာ ရှိသူတွေဟာ တခြားဒေသကပြည်သူတွေလိုပဲ စစ်ခေါင်းဆောင်မင်းအောင်
လှိုင်ကို ရွံရှာမုန်းတီးသူတွေချည်းမို့လို့ အခုလိုအာဘောင်အာရင်းသန်သန်၊ ယုံကြည်ချက်ရှိရှိပြောရဲ
တာလို့ ဆိုပါတယ်။
"အနူလက်နဲ့ရွှေခွက်ကိုနှိုက်တာ"လို့သူကဆက်ပြောပါတယ်။
ဒီအခြေအနေတွေအတွက် မေးခွန်းတစ်ခုရှိလာပါတယ်။ တွက်ချက်ဖြေဆိုစရာ မလိုပါဘူး။ ပြီးခဲ့တဲ့၅နှစ်အတွင်း ပြည်သူတွေကိုယ်တိုင် မျက်မြင်တွေ့ရှိ၊ရင်ဆိုင်ခဲ့ရတဲ့ သွေးစွန်းသော နေ့စွဲတွေအကြောင်း ပြန်စဉ်းစားလိုက်တာနဲ့ အဖြေက အော်တိုထွက်လာပါလိမ့်မယ်။
သမ္မတရူးရူးတဲ့စစ်ခေါင်းဆောင်က ၂၀၂၀
ရွေးကောက်ပွဲအောင် NLDပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို လက်နက်အားကိုးနဲ့ဖမ်းဆီးပြီး ၂၀၂၁ဖေဖော်ဝါရီလ၁ရက်နေ့မှာအာ
ဏာသိမ်းပါတယ်။ မသိမ်းခင်ရက်ပိုင်းအလိုမှာ တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ လူထုကို ခြိမ်းခြောက်ခဲ့ပါတယ်။ ၂၀၁၆-၂၀၂၀ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မောင်းနှင်မှုနဲ့ ဒီမိုကရေစီအရသာကိုစားသုံးခွင့်ရခဲ့တဲ့လူထုက " သိမ်းချင်ရင် အမှိုက်သိမ်း"ဆိုပြီး သတ္တိရှိရှိလှောင်ပြောင်ခဲ့တယ်။သမိုင်းတစ်
လျှောက်အလှောင်ပြောင်ခံရဆုံးစစ်ခေါင်းဆောင်
အဖြစ် ရှက်ရမ်းရမ်းလာပြီး သူမလုပ်ရဲတာဘာမှမရှိဘူးဆိုပြီး ထုတ်ပြောလာတဲ့အထိ နိုင်ငံရေးပြိုင်
ဖက်တွေနဲ့ ပြည်သူလူထုအပေါ် ရန်လိုခဲ့ပါတယ်။
အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာပဲ သူ့ကိုတော်လှန်ဆန့်ကျင်တဲ့ လူထုထဲက အသက် ၁၉နှစ်အရွယ်မြသွဲ့သွဲ့ခိုင်ဆိုတဲ့ မိန်းကလေးငယ်ကို သူ့အမိန့်နဲ့ ပစ်သတ်ခဲ့ပါတယ်။ လူငယ်ထုက သတ္တိ
ရှိရှိ ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးထဲက ပထမဆုံးသွေးမြေကျမှုကို ကျူးလွန်ပြီးတဲ့နောက်ပိုင်း ရပ်တန့်မရတော့အောင် မိုက်လုံးဆက်ကြီးခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲပြီး ကလေးငယ်တွေကို သတ်ဖြတ်ခဲ့တယ်။
ကန့်ဘလူမြို့နယ်က ပဇီကြီးရွာကို ဗုံးကြဲပြီး လူ
၁၈၀နီးပါးကို မိနစ်ပိုင်းအတွင်းသတ်ဖြတ်ခဲ့တယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ ကချင်၊ကရင်၊ချင်း၊ ရခိုင်ပြည်နယ်တွေမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်။ ရုပ်အလောင်းကိုခေါင်းဖြတ်ပြီး ခြံစည်းရိုးတိုင်မှာ စိုက်ပစ်ခဲ့တဲ့အထိ သူဦးဆောင်တဲ့စစ်တပ်က မိုက်ရူးရဲဆန်ခဲ့တယ်။
သမ္မတနေရာကိုမယူခင် တစ်လခန့်အတွင်းမှာပဲ လူ ၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြန်ပါတယ်။မြင်သာတဲ့ အဲ့ဒီအကြမ်းဖက်သတ်ဖြတ်မှုတွေကို ဒီမှာ ကြည့်
ပါ။မတ်လ ၁ ရက်နေ့မှာ မင်းတုန်းမြို့နယ်က အများပြည်သူ စုဝေးရာနေရာကုန်ကားစခန်းကိုဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တယ်။အရပ်သား၂၀ကျော် သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်။ မတ်လ မတ်လ ၅ ရက်မနက်မှာ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကြောင်းတွေဝင်စီးနင်းပြီးဒေသခံ (၃၀) ဝန်းကျင်ကို သတ်ဖြတ်ခဲ့တယ်။မတ်လ ၈ ရက်နေ့မှာအမ်းမြို့နယ်က အကျဉ်းစခန်းကို ဗုံးကြဲပြီး စစ်သုံ့ပန်း ၁၁၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
မတ်လ ၂၀ရက်မှာ ကသာမြို့နယ်က ဘုန်းကြီး
ကျောင်းကို ဗုံးကြဲပြီး သံဃာတော်အချို့အပါ
အဝင် ၈၀ခန့်ကို သတ်ဖြတ်ခဲ့ပြန်ပါတယ်။ သေ
ဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ သူကြီး ရွယ်အိုတွေနဲ့ အမျိုးသမီးတွေ၊ သံဃာတော်တွေလည်းပါဝင်ပါတယ်။ သမ္မတထိုင်ခုံပေါ် ဒီနေ့ ခွမတက်ခင် မတ်လ ၃၀ရက်နေ့ကပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်၊ ငပယင်းရွာဆေးခန်းကို ဗုံးကြဲလို့ အ
ရပ်သား ၇ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီထဲမှာ မိခင်ဝမ်းကနေ မွေးဖွားခါစ နီတာရဲကလေးငယ်တစ်ဦး ပါပါတယ်။

👍27❤11🔥1
ဒါတွေက အကြမ်းဖက်သတ်ဖြတ်မှုတွေသာဖြစ်ပြီး သူ အာဏာလုထားတဲ့ ၅နှစ်အတွင်း နိုင်ငံစီးပွား
ရေးရေးက ဒလိမ့်ခေါက်ကွေး ကျသွားပါတယ်။ ဆန်ကြမ်းတစ်ပြည် ငါးထောင်၊ ကြက်ဦးတစ်လုံး ငါးရာ၊ ဆီတစ်လီတာ ငါးထောင်နီးပါးနဲ့ လူထုဟာ အငတ်ဘေးဆိုက်တော့မယ့် ကမ်းပါးစွန်းမှာ ရပ်
နေကြရပါပြီ။ သူ့ကိုကာကွယ်ဖို့စစ်မှုထမ်းဥပဒေကို ထုတ်သုံးပြီး သိန်းချီတဲ့လူငယ်တွေကို စစ်မြေ
ပြင်ဆီ ပို့ခဲ့ပါတယ်။ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေကို ငှက်ပျောသီးအခွံနွှာသလိုလွယ်လွယ်လေးကျူးလွန်နေပါတယ်။ ကိုဗစ်ကပ်ရောဂါ၊ မိုးခါမုန်
တိုင်းဘေး၊ စစ်ကိုင်းငလျင်ဘေးတွေကိုအကြောင်း
ပြပြီး ပြည်သူတွေကို ဆင်းရဲတွင်း နက်သထက်နက်စေခဲ့ပါတယ်။
အခုတော့ သူရှင်ဆိုရှင်သေ ဆိုသေတိုက်ပုံဝတ်၊ ခေါင်းပေါင်းပေါင်း ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတဲ့ စစ်တပ်လွှတ်တော်က တစ်ဆင့် ဒီနေ့မှာတော့ နိုင်ငံတော်ရဲ့၁၁ဦးမြောက်သမ္မတဘွဲ့ခံ လိုက်ပါပြီ။ နေပြည်တော်မှာသူပွဲခံနေစဉ်မှာပဲ ဖားကန့်မြို့ကို ဗုံးကြဲနေပါတယ်။စစ်တပ်ရဲ့အဓိပတိတပ်ချုပ်အ
နေနဲ့ သူ့ကိုယ်သူရာထူပေးပြီး ငါးနှစ်ကြာ လူသတ်ပွဲကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတထိုင်ခုံပေါ်ခွတက်လာတဲ့ ဒီနေ့ကစပြီး ပြည်သူလူထုအပေါ် ဘယ်လိုအကြမ်းဖက်သတ်ဖြတ်မလဲဆိုတာ နိုင်ငံရေးပိတ်ကားပေါ် ဆက်လက်မြင်တွေ့ရတော့မှာပါ။
နေပူပူထဲ ဆီတန်းစီနေရတဲ့ ရန်ကုန်မြို့က တက္ကစီရင်မောင်းကြီးကတော့ "အဲ့ဒီကောင် လာဘ်တိတ်တဲ့ သမ္မတ" လို့ ဒေါသတကြီးပြောရင်း တစ်ဦးတည်း ခပ်တိုးတိုးကျိန်ဆဲနေပါတယ်။ ။

❤22👍14🔥1
ပြည်သူထောင်သောင်းချီ ဖမ်းဆီးသတ်ဖြတ်ပြီး သမ္မတရာထူးယူတဲ့ မင်းအောင်လှိုင်ကို ၀တပ် UWSAက ဂုဏ်ပြုတဲ့အပေါ် ပြည်သူတွေ ဝေဖန်
ဧပြီ−၃၊၂၀၂၆။ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့တဲ့အေပါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။ ဝတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဦးညီရန်းက သဝဏ်လွှာပေးပို့တဲ့စာကို သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားရာမှာ ပြည်သူတွေက ဝင်ရောက်မှတ်ချက်ပြုနေကြတာ ဖြစ်ပါတယ်။
"အဟမ်း ..အဟမ်း ၊ တရုတ်ကြီးက ချက်ချင်းပဲ ပြောခိုင်းတာလား"လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
နောက်ထပ် ပြည်သူတစ်ဦးကလည်း "ကိုညီရန်းရေ ကယန်းဒေသမှာ ကျဆုံးသွားတဲ့ ၀ ရဲဘော် ၃၀ မျက်နှာလေးပြန်ထောက်ပါလားဗျာ"လို့ ရေးသားထားပါတယ်။
"သားကြီး ဒါတွေကိုမမေ့ကြေးနော် ငါတို့ကတော့သေထိမမေ့ဘူး မျိုးရိုးစဥ်ဆက်ပါလက်ဆင့်ကမ်းသွားဦးမှာ"လို့လည်း ပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။
"အာဏာသိမ်းကတည်းက ကြိုရေးထားတာဟ"လို့လည်း ရေးသားထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူဖို့ ကြိုးပမ်းနေတဲ့ အခုရက်ပိုင်းအတွင်းမှာလည်း ဒေသအနှံ့က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဝတပ်ဖွဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်ဟာ တပ်ချုပ်အဖြစ် တာဝန်ယူစဉ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံမှု၊ လူမှုစီးပွား တည်ငိမ်တိုးတက်ရေးကို များစွာ ကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတဲ့ အချက်အလက်အမှားတွေနဲ့ မင်းအောင်လှိုင်ကို ၀တပ်ဖွဲ့ UWSAက မြောက်ပင့်ခဲ့ပါတယ်။
ဒါ့အပြင် ၀တပ်ဖွဲ့က နိုင်ငံကနေ ခွဲထွက်တာ သီးခြားလွတ်လပ်ရေး ကြေညာတာ မရှိစေရ ဟုလည်း သဝဏ်လွှာမှာရေးသားထားပါတယ်။ဒါပေမဲ့ UWSA အုပ်ချုပ်တဲ့ ဒေသမှာ စစ်ကောင်စီတပ် နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး လက်ခံထားရှိခြင်း မရှိပါဘူး။
မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ တိုးတက်မှုနဲ့ တိုင်းရင်းသား ပြည်သူအားလုံး သာယာ၀ပြောမှုတို့ အမြန်ဆုံး ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ၀တပ် UWSAက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၅နှစ်တာအတွင်း အရပ်သား ပြည်သူ ထောင်သောင်းချီဖမ်းဆီး သတ်ဖြတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပြည်သူလူထုနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်က ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာလည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူလူထုတွေရဲ့ နေအိမ်အဆောက်အအုံ ၁သိန်း ၂သောင်းကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ အဓမ္မ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လူငယ်လူရွယ်တွေကို စစ်သားသစ်အဖြစ် စုဆောင်းကာ ရှေ့တန်းစစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုမှုတွေလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။

👍21🤬10🤮6❤3🤣3💩2
အာဏာသိမ်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်က အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီး
ဧပြီ−၃၊ ၂၀၂၆/People's Spring
အာဏာသိမ်းပြီးနောက်ပိုင်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ ၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၂ သောင်းကျော် ပြာကျပျက်စီးခဲ့ရကြောင်း Data for Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၁ မေလမှ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်စုစုပေါင်း ၁၂၅,၃၂၈ လုံး ရှိခဲ့ကြောင်း၊ ယင်းအနက် ၁၂၁,၄၈၅ လုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ၎င်းတို့နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းများကြောင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း Data for Myanmarရဲ့ အစီရင်ခံစာက အသိပေးပါတယ်။
ဒေသအလိုက် ကြည့်မယ်ဆိုပါက စစ်ကိုင်းတိုင်းဟာ နေအိမ် ၇၈,၈၉၆ လုံးအထိ ဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံလုံး မီးလောင်ကျွမ်းမှုရဲ့ ၆၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးတွင် ရှိနေကြောင်း၊ ၎င်းနောက်မှာ မကွေးတိုင်းက ၁၈,၅၅၂ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ကာ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ သိသိသာသာ မြင့်တက်နေတယ်လို့ Data for Myanmar က ဆိုပါတယ်။
ပြီးခဲ့သည့် ၃ လတာ ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဖေဖော်ဝါရီအတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခုရှိ ကျေးရွာပေါင်း ၈၉ ရွာမှ နေအိမ် ၄,၇၄၈ လုံး ထပ်မံမီးရှို့ခံခဲ့ရကြောင်း၊ အထူးသဖြင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အိုင်မကျေးရွာ မှာ နေအိမ် ၅၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ၃ လတာအတွင်း ထိခိုက်မှုအများဆုံး ကျေးရွာအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Data for Myanmar ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ၂၀၂၅ ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့ ဒေသတွေမှာ လုံခြုံရေးတိုးမြှင့်ခဲ့သလို၊ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာတွေမှာ "နယ်မြေရှင်းလင်းရေး" အကြောင်းပြကာ စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့များနဲ့ စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲတွေ ပိုမိုများပြားလာတာကလည်း မီးရှို့ဖျက်ဆီးခံရမှု အခြေအနေကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ Data for Myanmar က ဆိုပါတယ်။
ယခုထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ မီးရှို့မှုတွေကိုသာ အဓိကထား ဖော်ပြထားခြင်းဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခြင်းနဲ့ အခြားအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ ထည့်သွင်းရေတွက်ထားခြင်း မရှိသေးဘူးလို့ Data for Myanmarက အသိပေးထားပါတယ်။

🤬21👍10👎2🔥1👏1🤣1
(မတ်လတတိယပတ်အတွင်းက မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ − CJ)
🤬36👎3👏3❤2🤣1
ရန်ကုန်မှာ မီးပြတ်တဲ့နောက်ဆက်တွဲ YBS ခရီးသည်တွေ အခက်ကြုံ
ဧပြီ-၃၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။
စစ်တပ်လွှတ်တော်စတင်တဲ့ မတ်လလယ်မှာ လျှပ်စစ်မီးပေးချိန်တွေကန့်သတ်လိုက်တာဖြစ်ပြီး CNG ဆိုင်တွေက လျှပ်စစ်မီးရရှိချိန်မှသာ Gas ဖြည့်ပေးနိုင်တာကြောင့် ဒီအခက်အခဲကို ကြုံနေတာပါ။
စစ်တပ်ရဲ့ လျှပ်စစ်ဝန်ကြီးဌာနက ရန်ကုန်မြို့မှာ တစ်ရက် ရှစ်နာရီ အလှည့်ကျနဲ့မီးဖြတ်မယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာတော့ လျှပ်မီးဖြတ်တောက်ချိန်က သတ်မှတ်ထားတာထက် ပိုများနေတာပါ။
ပြီးခဲ့တဲ့ဧပြီ ၁ရက် နဲ့ ၂ရက်မှာဆိုရင် System Breakdown ဖြစ်တယ်အကြောင်းပြပြီး နေ့လည်ပိုင်းတွေမှာ တစ်နိုင်ငံလုံးမီးပြတ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒါကြောင့် ဧပြီ ၂ ရက်မှာ ရန်ကုန်မြို့က တချို့မြို့နယ်တွေက နာရီအနည်းငယ်သာ ရရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်သုံးဆီပြဿနာတွေကြောင့် မတ်လကစတင်ပြီး YBS စီးနင်းသူတွေ ပိုမိုများပြားလာပြီး လက်ရှိမှာတော့ YBS ယာဉ်လိုင်းတွေက Gas မရလို့ အစီးရေအပြည့် မပြေးဆွဲနိုင်တာကြောင့် ခရီးသည်တွေ က အခက်အခဲတွေပိုကြုံနေရတာပါ။
YBS ယာဉ်လိုင်းအချို့က အစီးရေအပြည့်မပြေးဆွဲနိုင်တာကြောင့် ကားဂိတ်တွေမှာ အချိန်အကြာကြီးစောင့်ရသလို ရုံးဆင်း ရုံးတတ်ချိန်တွေမှာလည်း ခရီးသည်တွေ ရတဲ့ကားတွေကို အလုအယက်စီးနေကြရတာပါ။
“အရင်ဆို ကျွန်တော်တို့ သာကေတဘက်ကို လှိုင်ကနေ အလုပ်ပြန်ဖို့ ကားအကြာကြီး မစောင့်ရဘူး။ အခုက လိုင်းကားတွေက တော်တော်နဲ့ မလာတော့ ကားစီးဖို့ကို ၁ နာရီနီးပါးလောက် စောင့်ရတယ်။ လာတော့လဲ ကားလိုင်းက တစ်စီးထဲဆိုတော့ ခရီးသည်တွေကို ပြည့်ကြပ်နေအောင် မနည်းတက်စီးရပါတယ်။ အဓိကကတော့ လိုင်းကားတွေ CNG ရဖို့ တန်းစီနေရလို့ အစီးရေအပြည့် မထွက်နိုင်တာလို့ သိရပါတယ်။ အခုက မီးတွေက ပျက်နေတော့ CNG Gas ဆိုင်တွေက Gas ကို အလွယ်တကူ မရောင်းပေးနိုင်တာပါ။ လူတွေမှာ တနေ့တနေ့ ဆီတန်းစီရ၊ Gas တန်းစီရနဲ့ ဘာမှကို အလုပ်လုပ်လို့ မရပါဘူး။ ကုမ္ပဏီက ဖယ်ရီတွေ အရင်ပေးပေမယ့် ခုက စုံ၊ မ စနစ်ကြောင့် ဖယ်ရီလည်း မစီစဉ်နိုင်တော့ဘူး။ ဘာမှမလုပ်တတ်တဲ့ လူတစ်ယောက် တိုင်းပြည်အုပ်ချုပ်နေတော့ တတိုင်းပြည်လုံး ဒုက္ခရောက်ရတာပါပဲ” လို့ ရန်ကုန်မြို့နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
“အခု မီးက တော်တော်ပျက်နေတော့ Gas ဆိုင်မှာ Gas တစ်ခါဖြည့်ကို အကြာကြီး တန်းစီရပါတယ်။ အလုံကမ်းနားလမ်းမှာဆို ဆီတန်းစီတာရော Gas တန်းစီတာရောကြောင့် ကားလမ်းတွေလည်း ပြည့်ကျပ်နေပါတယ်။ လိုင်းကားတွေဆိုလည်း Gas ဆိုင်မှာတင် အချိန်ကုန်နေတော့ မှတ်တိုင်တွေမှာ လူတွေလည်း ပုံနေပါတယ်။ ကိုယ့်အိမ်ကိုယ်ပြန်ဖို့တောင် အားလုံးမှာ ဒုက္ခကြုံနေရပါတယ်” လို့ ရန်ကုန်မြို့တွင်း CNG Gas လိုင်းနဲ့ မောင်းနှင်တဲ့ အဌားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

👍30❤5🔥2🤬1😢1