People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍15🔥1😁1
👍181🔥1
မြိုင်နဲ့ပေါက်က စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာလူထုမထိခိုက်စေတဲ့နည်းနဲ့ပြေလည်အောင် ဆွေးနွေးနေ​ကြောင်းNUG နဲ့ မကွေးဖက်ဒရယ်ယူနစ်ကြေညာ

ဧပြီ -၂၊၂၀၂၆။ထားမြတ်/People’s Spring

မကွေးဖက်ဒရယ်ယူနစ် ၊ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုး
ရ(NUG)တာဝန်ရှိသူတွေ နဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးလူထုမထိခိုက်စေတဲ့ နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြောင်းပူးတွဲကြေညာ
ချက်ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲကိုဧပြီ ၂ရက်မှာ ကျင်းပခဲ့တာဖြစ်ပြီး NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်
တာလျန်မှုန်းဆာခေါင်း နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို ကြားကာလမကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌ နဲ့ တာဝန်ရှိသူ​တွေ တက်ရောက်ခဲ့ကြောင်း ​​ဖော်ပြထားပါတယ်။

“မြေပြင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို နားလည်မှုလွဲစေနိုင်သည့်၊ ရန်သူအကြမ်း
ဖက်စစ်တပ် အကြိုက်တွေ့စေမည့် ရေးသားမှုများ၊ထုတ်ပြန်မှုများကို မပြုလုပ်ကြရေး နှင့် ပြဿနာကို ပိုမိုကြီးထွားစေသည့် ဆောင်ရွက်ချက်များကိုလည်း ထိန်းကျောင်းကြရန် ဆွေးနွေးခဲ့ကြသည်။” လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုအစိုးရ နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး
(Division of competences) နဲ့ ဆက်နွယ်နေသော ကိစ္စရပ်များဖြစ်လို့ ပြည်ထောင်စုအစိုးရနဲ့ ဖက်ဒရယ်ယူနစ်အကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအတူတကွတည်ဆောက်နိုင်ရေးဦးတည်
ချက်ဖြင့် အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြဖို့လည်းသဘောတူဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

"ဆွေးနွေးညှိနှိုင်းမှုကတော့ မပြီးပြတ်သေးဘူး။ မပြီးပြတ်သေးဘူးဆိုတာက ဒီလိုပါ အချိန်မရတာနဲ့ အခြားဝန်ကြီးတွေကလည်း အခြားအရေးကြီးအစည်းအဝေး ရှိနေတော့ အစည်းအဝေးက ဆက်ပြီးတော့နောက်ရက်တွေမှာ ဆက်ဆွေးနွေးမှာပေါ့။"လို့ NUG ပြည်ထဲရေး ဒုဝန်ကြီး ဦးကျော်နီ က​ပြောပါတယ် ။

ဒါအပြင်ပြည်​ထောင်စုအစိုးရ နဲ့ ဖက်ဒရစ်ယူနစ်တို့ကြားသယံဇာတ စီမံခန့်ခွဲ​ရေးနဲ့ပတ်သက်ပြီး လွှဲ​ပြောင်း​ရေးလုပ်ငန်း​တွေလည်းအဆင်​ပြေ​တယ်လို့ကြားသိရ​ကြောင်း သူက​ပြောပါတယ်။

"သိရသလောက်အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတဲ့ဟာက ဒီ လွဲပြောင်းရေးလုပ်ငန်းစဉ်တွေ ပေါ့နော် ပြည်ထောင်စုစီမံခန့်ခွဲမှုကို လွှဲ
ပြောင်း နေတဲ့ဟာတွေ အဆင်ပြေနေတယ်လို့လည်း ကြားရပါတယ်" လို့သူကရှင်းပြပါတယ်။
👍325👏3🤣2🔥1
ပါလက်စတိုင်း-ဗြိတိသျှ ဒါရိုက်တာ Saeed Taji Farouky က မကွေးတိုင်းမှာ ရိုက်ကူးခဲ့တဲ့ Semaine de la Critique ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်မှ​မ​ကွေးရှိ​ရေနံ​မှော်တစ်ခုမြင်ကွင်း
👍32🤣2🔥1
😁16👍3🔥2😱1
စစ်ကောင်စီ မကြာခဏ​ပြောင်း​နေတဲ့စက်သုံးဆီ​ရောင်းချတဲ့ပုံစံများ

-People's Spring

●​မတ်လ ၃ ရက်-စုံ/မ ရက်ခွဲခြားမောင်းနှင်စေခြင်း

စစ်​ကောင်းစီကယာဥ်နံပါတ်အလိုက် စုံရက်/မရက် ခွဲခြားမောင်းနှင်ရန် ညွှန်ကြား။ (မတ် ၇ တွင် စတင်ကျင့်သုံး)

●​မတ်လ ၁၁ ရက် - အထောက်အထားပါမှ ဆီရောင်းခြင်း

ဝှီးတက် (Wheel Tax) သို့မဟုတ် အုံနာဘုတ်ပါမှ တစ်ရက် တစ်ကြိမ်သာ ဆီရောင်းရန် သတ်မှတ်။
နံပါတ်ပွားထားခြင်း၊ QR/Barcode ဖတ်မရခြင်းတို့ကြောင့် အခြေခံလူထု ဆီဝယ်ရခက်ခဲပြီး မှောင်ခိုဈေးကွက် ပေါ်ပေါက်လာ။

●​မတ်လ ၁၃ ရက် -လီတာပမာဏကန့်သတ်ခြင်း

-ဓာတ်ဆီ (၉၂/၉၅)- ဆိုင်ကယ် ၃ လီတာ၊ အိမ်စီးကား ၁၅ လီတာသာ ရောင်းရန် ညွှန်ကြား။
-ဒီဇယ်- အိမ်စီးကား ၂၅ လီတာ၊ ခရီးသည်တင်/ကုန်တင်ကား ၅၀ လီတာ၊ တွဲကား ၁၅၀ လီတာ ကန့်သတ်။

●​မတ်လ ၂၂ ရက် QR စနစ်ပြောင်း

အင်ဂျင်ပါဝါအလိုက် တစ်ပတ်စာဝယ်ယူခွင့်ကို Wheel Tax Barcode/QR စနစ်ထဲ ထည့်သွင်းမည်ဟု ဆို။

●​မတ်လ ၂၆ ရက် - အင်ဂျင်ပါဝါပေါ်မူတည်ပြီးတစ်ပတ်အတွင်း သတ်မှတ်ထားတဲ့ စက်သုံးဆီနှုန်းထားကို ဝယ်ယူရမယ့် စနစ်ကိုကြေညာ

●ဧပြီ ၂ ရက် -မိုင်နှုန်းကြည့် ဆီရောင်းတဲ့စနစ်ထပ်ပြောင်း

အငှားယာဥ်(Taxi)၊ သုံးဘီး၊ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို ဧပြီ ၃ ရက်စပြောင်း

︎People's Spring အင်ဖိုဂရပ်ဖစ်
👍2210😁9💩7😱1
■​ဆောင်းပါး

တော်လှန်ဒေသရောက် ဘဏ်အကောင့် ရောင်းဝယ်ကြသူများ

ဟာနာဆန်/People's Spring

မုံရွာမြို့နယ်မှာ ကျွတ်ကျွတ်မြည်အောင်ပူနေတဲ့ နွေနေ့လယ်ခင်းရဲ့အပူရှိန်ကိုတောင် မမှုနိုင်ဘဲ ဆိုက်တွဲတစ်စီးပေါ်မှာ လူတွေအစုလိုက် အပြုံ
လိုက် တက်စီးပြီး လိုက်ပါလာကြတယ်။ ဆိုက်တွဲပေါ်က လူတွေရဲ့လက်ထဲမှာလည်း မှတ်ပုံတင်နဲ့ ဖုန်းကိုယ်စီ ကိုင်ဆောင်ထားကြတယ်။

သူတို့တတွေဟာ ကျောက္ကာ ညောင်ပင်ရွာမကြီးမှာ KPAY နဲ့ Wave Money အကောင့်တွေဖွင့်ပြီး တခါတည်း ဝယ်ယူနေတယ်ဆိုလို့ အုပ်လိုက်ကြီး လာရောင်းကြတာပါ။ မှတ်ပုံတင်လေးတစ်ခု ခဏပြလိုက်ရုံနဲ့ ငွေငါးသောင်းခြောက်သောင်း အသာလေး ရမယ်ဆိုလို့ လိုက်ပါလာကြတာပါ။

"လာလုပ်ကြတာ‌ကတော့ တစ်ရက်တစ်ရာကျော်လောက်လာလုပ်နေကြတာ"လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါ ဝယ်ယူသူတွေဟာ ကျေးရွာနေပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်တွေကို အသုံးပြုကာ ငွေလွှဲအကောင့်သစ်တွေ ဖွင့်ခိုင်းပြီး ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

အဲဒီအကောင့်တွေကို မူရင်းဝယ်ယူသူတွေဟာ အကောင့်တစ်ခုကို တစ်သိန်းကနေ တစ်သိန်းသုံးသောင်းကျပ်အထိ စျေးပေးဝယ်ယူနေတာဖြစ်
ကြောင်း သိရပါတယ်။ တဆင့်ဝယ်ယူသူတွေကတော့ ပြည်သူတွေကို အကောင့်တစ်ခု သုံးသောင်းကျပ်ကနေ ငါးသောင်းကျပ်အထိ စျေးပေးတယ်လို့ ဆိုပါတယ်။

"လူခေါ်လာပေးရင် ၅၀၀၀ ပေးတယ် ။ ဆိုက်တွဲနဲ့ ခေါ်လာရင် ၁၀၀၀၀ ပေးတယ် ပြောတယ်။"လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အကောင့်ဝယ်ယူသူတွေဟာ ဝိုင်ဖိုင်အင်တာနက်စက်တွေပါယူဆောင်လာပြီးတခါတည်းအကောင့်ဖွင့်ပေးကာ ဝယ်ယူနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ညောင်ပင်ရွာမက ပထမ စတာ။ရွာတွေက လက်
မခံတော့ ရွာအပြင်မှာသူတို့ကခေါ်တာ။ကျန်တော််
တို့ သိသလောက် မုံရွာမြို့နယ် အရှေ့မြောက်ပိုင်းနဲ့ မုံရွာအရှေ့တောင်ခြမ်းရွာတွေမှာရောင်းဝယ်နေကြသလို မုံရွာမြို့ထဲမှလည်း လာရောက် ရောင်းချကြတယ်လို့ သိရပါတယ်။"လို့ ကင်းထောက်ရဲဘော်တစ်ဦးက ပြောပါတယ်။

အဆိုပါ Kpay၊ Wave Money အကောင့်တွေ ဝယ်ယူတာဟာ ကျားဖြန့်ငွေလိမ်လည်တဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိနိုင်တာကြောင့် ဗဟိုဘဏ်ကပါ စာထုတ်တားမြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း မန္တလေးမြို့နဲ့အနီးတဝိုက်မှာ "ကျားဖျန့်" ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ယခုလိုပဲ အကောင့်ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ပုသိမ်ကြီး၊ အမရပူရ စတဲ့ မြို့နယ်တွေက ကျေးရွာတွေ၊ ရပ်ကွက်တွေမှာ လူတွေကို လိုက်ထရပ်ကားနဲ့လာခေါ်ပြီး ဘဏ်တွေခေါ်ကာ ဘဏ်စာအုပ်နဲ့ Kpay အကောင့်တွေ ဖွင့်ခိုင်းပါတယ်။ ပြီးနောက် ငွေကျပ် သုံးသောင်းဝန်းကျင်ကနေ ငါးသောင်းအထိပေးပြီး ဝယ်ယူခဲ့ပါတယ်။

အဲဒီလိုအကောင့်တွေ ရောင်းချခဲ့မိတဲ့ ပုသိမ်ကြီးမြို့နယ်က ကျေးရွာတစ်ရွာမှာတော့ ရွာသူရွာသားအများအပြားကို ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ ပတ်
သက်တယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းထဲက မိတ္ထီလာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေဘက်မှာလည်း ယခုလို အကောင့်ဝယ်ယူတာတွေရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက်မှာတော့ အကောင့်ဝယ်ယူသူတွေဟာ စစ်ဘေးသင့်ဒေသကိုပါ ရောက်ရှိလာပြီး ဝယ်ယူလာတာဖြစ်ပါတယ်။

အကောင့်ဝယ်ယူသွားသူတွေဟာ အဆိုပါအကောင့်ကို အသုံးပြုပြီး ငွေလိမ်လည်တာ၊ အွန်လိုင်းလောင်းကစားပြုလုပ်တာ သို့မဟုတ် တရားမဝင်ငွေကြေးတွေ စီးဆင်းတာတွေ ရှိပါက အကောင့်ပိုင်ရှင် (မှတ်ပုံတင်ပိုင်ရှင်)ဟာ ပထမဆုံး တရား
ခံအဖြစ် ဖမ်းဆီးအရေးယူခံရမှာဖြစ်ကြောင်း၊ ယခုလို မုံရွာမြို့နယ်အတွင်းက ရွာတွေမှာ ဘဏ်အကောင့်တွေဝယ်ယူတာဟာ အွန်လိုင်းလောင်း
ကစားနဲ့ ငွေလိမ်ဂိုဏ်းတွေက ငွေကြေးခဝါချဖို့အတွက် အသုံးပြုဖို့ ဖြစ်နိုင်ခြေရှိကြောင်း နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

သို့ပေမဲ့ မုံရွာမြို့နယ်က ပြည်သူတွေကတော့ အာဏာသိမ်းကာလ ၎င်းတို့ဒေသမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတာ၊ ရွာမီးရှို့ဖျက်ဆီးခံရတာ၊ ကုန်စျေးနှူန်းကြီးမြင့်တာတွေကြောင့် လက်တလောအဆင်ပြေဖို့အရေး Kpay အကောင့်တွေကို ရောင်းကာ ဝမ်းရေးဖြေရှင်းခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

လိုက်ဝယ်တဲ့သူတွေဟာ အဝေးကမျက်နှာစိမ်းတွေအပြင် ရပ်ရွာခံပွဲစားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်အတွင်း ဘဏ်အကောင့်ဝယ်ရောင်းတာတွေ လုပ်နေတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူကိုအာကူးက "ကျွန်တော်တို့ အဲဒါတွေ(အကောင့်ရောင်းတာတွေ)ကို ပညာပေးအစီအစဥ်လုပ်ဖို့တော့ စီစဥ်နေပါတယ်။"လို့ ဖြေကြားပါတယ်။

ယခုအခါ မုံရွာမြို့နယ်အတွင်း လယ်ဇင်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာနဲ့ ညောင်ပင်ရွာအပါအဝင်
ကျေးရွာ ၁၅ ရွာထက်မနည်းအကောင့်တွေ ရောင်း
ချနေကြကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ပြည်သူကတော့ ရတော့ အကုန်သွားနေကြတာ။ ခံရမဲ့ဟာတွေ သူတို့မသိကြဘူး။ မြန်မြန်တားရင်တား မဟုတ်ရင်မလွယ်ဘူး"လို့ အကောင့်ဝယ်သူတွေ ရောက်ရှိနေတဲ့ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးက ပြောလိုက်ပါတယ်။ ။
20👍6🔥4👎2
Kpayကြေညာတစ်ခုအားတွေ့ရစဥ်။ ဓာတ်ပုံ-KBZ
👎13👍5
စစ်ကောင်စီ မကြာခဏ​ပြောင်း​နေတဲ့စက်သုံးဆီ​ရောင်းချတဲ့ပုံစံများ

-People's Spring

●​မတ်လ ၃ ရက်-စုံ/မ ရက်ခွဲခြားမောင်းနှင်စေခြင်း

စစ်​ကောင်းစီကယာဥ်နံပါတ်အလိုက် စုံရက်/မရက် ခွဲခြားမောင်းနှင်ရန် ညွှန်ကြား။ (မတ် ၇ တွင် စတင်ကျင့်သုံး)

●​မတ်လ ၁၁ ရက် - အထောက်အထားပါမှ ဆီရောင်းခြင်း

ဝှီးတက် (Wheel Tax) သို့မဟုတ် အုံနာဘုတ်ပါမှ တစ်ရက် တစ်ကြိမ်သာ ဆီရောင်းရန် သတ်မှတ်။
နံပါတ်ပွားထားခြင်း၊ QR/Barcode ဖတ်မရခြင်းတို့ကြောင့် အခြေခံလူထု ဆီဝယ်ရခက်ခဲပြီး မှောင်ခိုဈေးကွက် ပေါ်ပေါက်လာ။

●​မတ်လ ၁၃ ရက် -လီတာပမာဏကန့်သတ်ခြင်း

-ဓာတ်ဆီ (၉၂/၉၅)- ဆိုင်ကယ် ၃ လီတာ၊ အိမ်စီးကား ၁၅ လီတာသာ ရောင်းရန် ညွှန်ကြား။
-ဒီဇယ်- အိမ်စီးကား ၂၅ လီတာ၊ ခရီးသည်တင်/ကုန်တင်ကား ၅၀ လီတာ၊ တွဲကား ၁၅၀ လီတာ ကန့်သတ်။

●​မတ်လ ၂၂ ရက် QR စနစ်ပြောင်း

အင်ဂျင်ပါဝါအလိုက် တစ်ပတ်စာဝယ်ယူခွင့်ကို Wheel Tax Barcode/QR စနစ်ထဲ ထည့်သွင်းမည်ဟု ဆို။

●​မတ်လ ၂၆ ရက် - အင်ဂျင်ပါဝါပေါ်မူတည်ပြီးတစ်ပတ်အတွင်း သတ်မှတ်ထားတဲ့ စက်သုံးဆီနှုန်းထားကို ဝယ်ယူရမယ့် စနစ်ကိုကြေညာ

●ဧပြီ ၂ ရက် -မိုင်နှုန်းကြည့် ဆီရောင်းတဲ့စနစ်ထပ်ပြောင်း

အငှားယာဥ်(Taxi)၊ သုံးဘီး၊ ကုန်တင်ယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို ဧပြီ ၃ ရက်စပြောင်း

︎People's Spring အင်ဖိုဂရပ်ဖစ်
💩11👍53😁3👏1😱1
︎People's Spring အင်ဖိုဂရပ်ဖစ်
🔥9👎2😱2
ဗန်းမောက်မြောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်အထိနာဟု တော်လှန်ရေးရဲဘော် ပြော

ဧပြီ-၃၊၂၀၂၆။ဇော်ဝင်း/People's Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ဘက် ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂လခန့်က ဗန်းမောက်မြို့ကို စစ်တပ်နဲ့ရှမ်းနီတပ်(SNA)ထိန်းချုပ်ပြီးနောက် မြို့ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ညောင်ခြေထောက် ကျေးရွာကို ဦးတည်ပြီး ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။

" ၁ရက်နေ့က စဖြစ်တယ်။အထိနာပြီး လေယာဥ် ပစ်ကူနဲ့ ပြန်ဆုတ်သွားတယ်"လို့ ဗန်းမောက် မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက ခဲယမ်း၊ကျည်တွေ သိမ်းဆည်းရရှိခဲ့ပြီး ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ သေဆုံးထိခိုက်သူတွေရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။

"အဓိကက စစ်ရေးဦးတည်ချက်တစ်ခုရှိနိုင်တယ်။ညောခြေထောက်ကိုတိုးလာတာ။ ခုလည်းလုပ်တော့လုပ်နေတယ်။ ဘယ်နေရာထပ်ထွက်လာမလဲစောင့်ကြည့်နေတယ်"လို့ ဗန်းမောက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေက ဗန်းမောက်မြို့ကို ၅လဝန်းကျင်ကြာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်(SNA)ရဲ့ ထိုးစစ်ကြောင့် အခုနှစ် ဖေဖော်ဝါရီ ၈ရက်မှာ မြို့ပေါ်ကနေ နောက်ဆုတ်ပေးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် က ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၀ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဗန်းမောက်မြို့က ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်းဘုန်း ကြီးကျောင်း၊ ဗန်းမောက်မြို့မ စာသင်ကျောင်း၊ ဗန်းမောက်မြို့ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (နတလ)တွေမှာ စစ်တပ်နဲ့ ရှမ်းနီတပ်တွေ တပ်စွဲထားပါတယ်။
👍335🫡3🥰1
(ဗန်းမောက်မြို့ဒေသတွင် တိုက်ပွဲဝင်နေသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ − CJ)
23👍6🫡3
ချောက်က ကျေးရွာတွေ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်တပ်ကို PDFထပ်မံ တိုက်ခိုက်

▪️စစ်တပ်သေဆုံးထိခိုက်ရှိဟုဆို

ဧပြီ-၃၊ ၂၀၂၆။ထားမြတ်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ချောက်မြို့နယ် အရှေ့မြောက်ခြမ်းက ရွာတွေကို အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာလို့ မတ်လ ၃၁ရက်မှာ တိုက်ပွဲတွေဖြစ်ခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ဟာ ချောက်မြို့နယ် ဆင်ကကျေးရွာ ၊ကြေးနီရွာ ၊ သွေးနက်ရွာနဲ့ မန္တလေးတိုင်း ညောင်းဦးခရိုင် ညောင်းဦးမြို့နယ် ဗိုလ်ကုန်းရွာတွေကို စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ခဲ့ပြီး ပြည်သူလူထု နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ကို ချောက်မြို့နယ် ကြေးနီရွာအနီးမှာ တကြိမ်၊ ညောင်ဦးမြို့နယ် ဗိုလ်ကုန်းရွာအနီးမှာ တကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးရှိခဲ့ပြီး PDF ရဲဘော်တစ်ဦးလည်း မစိုးရိမ် ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးပါတယ်။

စစ်တပ်ဟာ ဆင်ကကျေးရွာက နေအိမ် ၁ လုံး၊ သွေးနက်ရွာက အိမ် ၁လုံး၊ ဗိုလ်ကုန်းရွာက ပနေအိမ် ၃၀ လုံးတို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးပါတယ်။

စစ်တပ်ဟာ မတ်လနောက်ဆုံးပတ်ကလည်း ချောက်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့ရာ တလုံးသွေးရွာ၊ ပြရွာနဲ့ ကန်တောက်ကျောင်းရွာက ပြည်သူလူထုနေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြရွာက နေအိမ် ၁၀၀ ကျော်နဲ့ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။

စစ်တပ်ဟာ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စဉ် ပြည်သူလူထုတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ၊ ပြည်သူလူထုနေအိမ်တွေက ငွေကြေးနဲ့ ပစ္စည်းတွေ ယူဆောင်တာတွေ ပြုလုပ်ခဲ့သလို ဒေသတွင်းမှာလည်း ပြည်သူလူထုတွေကို ပေါ်တာဆွဲ ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
21👍8👏4🥰2