စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ပြည်သူတွေ မသုံးစွဲကြဖို့ ယင်းမာပင်ဒေသခံတွေ တိုက်တွန်း
ဧပြီ-၂၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ" ၊ "ငါတို့မဲမပေးခဲ့" စာသားနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
"ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" ကြွေးကြော်သံတွေနဲ့ စစ်တပ်ထုတ်ကုန်ကို ပြည်သူတွေမသုံးစွဲကြဖို့လည်း သပိတ်ကော်မတီဝင်တွေက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူလူထုတို့ပူးပေါင်းကာ "အဓမ္မကို အမြစ်ဖြတ်တော်လှန်လမ်းမပေါ်က ရွှေဥက္ကံ" ဘန်နာစာသားကိုင်ဆောင်ပြီး "စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး"၊ "ဒီမိုကရေစီရရှိရေး"၊ "ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး"ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုသပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် သပိတ်အင်အားစုတွေက ဒေသခံပြည်သူတွေကို စစ်တပ်ထုပ်ကုန်တွေ မသုံးစွဲကြရေး တိုက်တွန်းနှိုးဆော်လွှာတွေလည်း ဖြန့်ဝေခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤20👍15🔥1😁1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်း
❤30🔥1😁1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဧပြီ ၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မင်းအောင်လှိုင် သမ္မတရာထူးမယူခင် တစ်ရက်အလိုမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားတရားရုံးမှာ တရားစွဲမယ်
အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတရာထူး မရယူခင် တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ယက်စ်မင်းအူလာ(Yasmin Ullah)နဲ့ အင်ဒိုနီးရှားနိုင်ငံက ထင်ရှားကျော်ကြားသူ ၁၀ ဦးက လာမယ့် ဧပြီ ၆ ရက်မှာ ဂျာကာတာမြို့က အစိုးရရှေ့နေရုံးကို သွားရောက်ပြီး မင်းအောင်လှိုင်နဲ့ စစ်တပ်ကျူးလွန်ခဲ့သူတွေကို ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာတစ်စောင် တင်သွင်းကြမှာဖြစ်ပါတယ်။ တိုင်ကြားသူတွေထဲမှာ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစမန်နဲ့ အင်ဒိုနီးရှားရဲ့ အကြီးဆုံးမွတ်စလင် ပရဟိတအဖွဲ့ဖြစ်တဲ့ မူဟာမဒီယာ (Muhammadiyah) ဥက္ကဋ္ဌ ဘူရှရို Busyro Muqoddas တို့လည်း ပါဝင်ပါတယ်။ တိုင်ကြားစာထဲမှာ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ခြေလျင်တပ်မအသီးသီးရဲ့ အမည်တွေကိုပါ ဖော်ပြထားတယ်လို့ သိရပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် အမိန့်ပေးစေခိုင်းသူဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို တိုင်ကြားစာမှာ ရှင်းလင်းဖော်ပြထားတယ်လို့ သိရပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားသလို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ်က တောင်းဆိုထားတာလည််း ရှိပါတယ်။
◾️ဖားကန့်တိုက်ပွဲ KIA၊KPDFက စစ်တပ်စခန်းသုံးခုကို သိမ်းပိုက်
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(ဧပြီ၂ ရက်)ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ ဒီနေ့ မနက် ၅ နာရီကစပြီး စစ်ကောင်စီတပ်ရဲ့စခန်းတွေကို KIA၊KPDFက တိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီခန့်အထိ တိုက်ပွဲအတွင်း အင်မားယန်၊ သုသာန်နေရာနဲ့ ဆွတ်ဘွမ်ကျေးရွာက တပ်စခန်းတွေကို သိမ်းယူခဲ့တာလို့ KIA၊KPDFနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းအပါအဝင် လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ဒေသခံ ၆ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒဏ်ရာရရှိတဲ့အထဲ ကလေးငယ်တချို့ ပါဝင်တယ်လို့ ဆိုပါတယ်။
◾️ဖာပွန်မှာ စစ်တပ်စခန်းနှစ်ခုကို KNU သိမ်းယူ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိတဲ့ စစ်တပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်း သိမ်းယူလိုက်နိုင်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ ဖာပွန်(မူတြော်)၊ လူသောမြို့နယ်ထဲက ကော်သွေးကျိုးနဲ့ ထဲနယ်နယ်ကျိုး စခန်းနှစ်ကို KNU တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်က မတ်လ ၁၇ ရက်မှာ တိုက်ယူနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက အသိပေးပါတယ်။ အဲဒီစခန်းနှစ်ခုဟာ ဖာပွန်မြောက်ပိုင်း KNU တပ်မဟာ ၅ နယ်မြေနဲ့ တပ်မဟာ ၃ နယ်မြေ အစပ်နားမှာရှိတယ်လို့ သိရပါတယ်။ ဖာပွန်ရဲ့မြောက်ပိုင်းမှာ ရှိတဲ့ စစ်တပ် စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိသွားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှု အခြေအနေနဲ့ လက်နက်ခဲယမ်းရရှိမှု အခြေအနေကတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိမှာ ဖာပွန်မြောက်ပိုင်း လူသောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်း ရှစ်ခု ကျန်နေသေးတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ရှင်းပြပါတယ်။
◾️အာရှလမ်းမကြီးကို စစ်ကောင်စီ ပြန်လည်ဖွင့်လှစ်

❤17👍5🔥2😁1
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို ဒီနေ့ (ဧပြီ ၂ ရက်) မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စတင်ဖွင့်လှစ်လိုက်ပြီး အိမ်စီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာနေကြတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ အာရှလမ််းမ လို့ လူသိများတဲ့လမ်းပိုင်းဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ ကော့ကရိတ်မြို့တို့ကိုဆက်သွယ်ထားတာဖြစ်ပြီး ထိုင်းကုန်စည်တွေ မြန်မာပြည်ထဲ စီးဆင်းမှုမှာ အရေးပါတဲ့ လမ်းပိုင်းဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အဲဒီလမ်းပိုင်းကို ကာလအတန်ကြာ ပိတ်ထားခဲ့ရတာဖြစ်ပြီး အစောပိုင်းမှာ လမ်းပိုင်းကို KNU နဲ့ ပူးပေါင်းတပ်က ထိန်းချုပ်ထားတာပါ။ အဲဒီနောက်စစ်ကောင်စီတပ်က ပြန်လည်စိုးမိုးနိုင်ခဲ့ပြီး ဒီနေ့ လမ်းဖွင့်ပွဲကိုတော့ ဘားအံ နဲ့ မြဝတီမှာ နှစ်နေရာခွဲပြီး ကျင်းပစေပါတယ်။ အာရှလမ်းကို ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတံတား ဖြစ်တဲ့ မြ၀တီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားနဲ့ ကုန်သွယ်ရေးဇုန်ကိုတော့ စစ်ကောင်စီ က မဖွင့်ပေးပါဘူး။ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လုံခြုံ ရေးယူထားပြီး အာရှလမ်းရဲ့ အနောက်မြောက်ဘက်၊ ကော့ကရိတ်မြို့မြောက်ခြမ်းက မြ၀တီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းမှာတော့ တိုက်ပွဲတွေရှိနေဆဲလို့ သိရပါတယ်။
◾️စက်သုံးဆီရောင်းတဲ့စနစ် ထပ်ပြောင်းပြန်၊ မိုင်နှုန်းကြည့်ပြီး ဆီရောင်းမယ်ဟုဆို
စစ်ကောင်စီက စက်သုံးဆီရောင်းချတဲ့စနစ် ထပ်မံပြောင်းလဲလိုက်ပြီး မိုင်နှုန်းကြည့် ဆီရောင်းမယ့်စနစ် မနက်ဖြန် ဧပြီ ၃ရက်မှာ စတင်မယ်လို့ ကြေညာပါတယ်။ ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်ပြီး စက်သုံးဆီပမာဏ သတ်မှတ်ကာ ရောင်းချပေးနေရာမှာ Taxi ယာဉ်တွေ သုံးဘီးယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကို ပမာဏတိုးမြှင့် သတ်မှတ်ပေးပြီး တစ်ပတ် ၃ရက် ဆီဖြည့်တင်းခွင့်ပေးထားကြောင်း၊ ဒါပေမဲ့ ယာဥ်တွေဟာ မသမာမှုလုပ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အဆိုပါယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို မနက်ဖြန် ဧပြီ ၃ ရက်ကစတင်ကာ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။ စစ်ကောင်စီဟာ မိုင်နှူန်းကြည့်ရောင်းချမယ့်စနစ်ကို ဘယ်လိုပုံစံရောင်းပေးမယ်ဆိုတာ အသေးစိတ်မထုတ်ပြန်သေးပါဘူး။ အဆိုပါကြေညာချက်အရ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေတော့ ပါဝင်တာ မတွေ့ရပါဘူး။
◾️ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EVကား တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီဆို
စစ်ကောင်စီက ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး လျှပ်စစ်ကား(EV) တင်သွင်းခွင့်ပေးမယ်လို့ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ မနေ့က(ဧပြီ ၁ရက်) နေပြည်တော်မှာလုပ်တဲ့ စက်သုံးဆီ ဖူလုံစွာရရှိရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ မြေဩဇာရရှိရေး အစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီစနစ်အတွက် တိကျတဲ့မူဝါဒ မထွက်ရှိသေးပေမယ့် EVကားတွေအတွက် လမ်းတံတားကြေးကအစ တင်သွင်းခွင့် ကုန်စည်ခွန်တွေကို ကင်းလွတ်ခွင့်ပြုခဲ့တာကို ဒီနှစ်ဆန်းပိုင်းကတည်းက စစ်တပ်က ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ မော်တော်ယာဥ်အရောင်း အဝယ်လုပ်နေသူတွေနဲ့ အရောင်းပြခန်းပိုင်ရှင်တချို့က ဆိုပါတယ်။ စက်သုံးဆီအခက်အခဲနဲ့ နေ့စဥ် မောင်းနှင်လို့ရတဲ့ ခွင့်ပြုချက်တွေကြောင့် EV ကားစျေးတွေက မတ် လအတွင်းမှာ သိန်းထောင်ကျော်အထိစျေးတက်ထားပါတယ်။
◾️ဝက်လက်နယ်ကို စစ်တပ် လေကြောင်းတိုက်လို့ နေအိမ် ၁၀လုံး မီးလောင်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က မင်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၁၀လုံး မီးလောင်ပျက်စီးပြီး ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၁ရက် မနေ့က နေ့လယ် ၁နာရီ ၄၈မိနစ်မှာ ဗုံးသီး၂လုံးကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို ညနေ ၃နာရီခွဲမှာ နောက်တစ်ကြိမ် ဗုံး၂လုံးကြဲချတိုက်ခိုက်တယ်လို့ သိရပါတယ်။ စစ်တပ်က နာရီပိုင်းခြားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ဒေသခံတွေ ရှင်းလင်းရေး လုပ်နိုင်မယ့်အချိန်ကို မှန်းကို နောက်တကြိမ်လာကြဲတာဖြစ်မယ်လို့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ်။ အခုနောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပုံစံတွေကို ကြည့်ရင် ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံတွေ အဲဒီနေရာကို ရှင်းလင်းရေးလုပ်နေချိန်မှာ ထပ်မံတိုက်ခိုက်လေ့ရှိပြီး အဲဒီ ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် ပြည်သူတွေ သေဆုံးမှု များပြားလေ့ရှိပါတယ်။ အခု မင်းကုန်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာတော့ ပြည်သူတွေ ထိခိုက်မှုမရှိဘဲ ကျေးရွာအရှေ့ပိုင်းက နေအိမ် ၁၀လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မနေ့ညပိုင်းက ပြည်သူတွေ အကုန်ရွာပြင်ထွက်အိပ်ရတယ်လို့ ဝက်လက်ဒေသခံက ပြောပါတယ်။
◾️မြင်းခြံက ဖက်ပင်အိုင်ရွာကို စစ်အုပ်စု ပစ်ခတ်စီးနင်း၊ ပြည်သူတွေထိခိုက်မှုများပြီး ပိတ်မိနေ

❤7🔥6👍4😁1🤬1
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်နဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးကြဲပြီး စီးနင်းပစ်ခတ်လို့ ပြည်သူတွေ ထိခိုက်မှုရှိကာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၂ရက် မနက် ၇နာရီလောက်က ဆုံကျေးရွာက ပျူစောထီးနဲ့ စစ်တပ်ဟာ ဖက်ပင်အိုင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးချပြီးနောက် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ သေဆုံးဒဏ်ရာရတဲ့ ပြည်သူတွေရှိနေပြီး ရွာကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းခြံမြို့နယ်မှာ စစ်တပ်က ကျေးရွာတွေကို ဝင်ရောက် ပစ္စည်းတွေယူ မီးရှို့ဖျက်ဆီးနေပြီး မြင်းခြံ နဲ့ ငါးဇွန်မြို့နယ်အစပ်က နဘူးအိုင်ကျေးရွာကိုလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
◾️စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေ ဆက်ရှိနေဆဲလို့ ဗြိတိန်ပြော
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဗြိတိန်သံအမတ်ကြီးက မြန်မာ့လူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက် မူကြမ်းကို ထောက်ခံဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး အဲဒီအဆိုမူကြမ်းထဲမှာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာစစ်တပ် ကျူးလွန်သမျှသော ရက်စက်ကြမ်းကြုတ်မှုတွေကို အပြည့်အစုံ မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။ အဲဒီအဆိုမူကြမ်းထဲမှာ (စစ်တပ်ရဲ့)အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို မီးရှို့မှုတွေ၊ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းရမှုတွေ၊ တရားလက်လွတ်ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ စနစ်တကျ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး လူနည်းစုတွေအပေါ်ဆက်လက်နှိပ်စက်ညှင်းပမ်းမှုတွေ စတဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ချိုးဖောက်မှု ပုံစံတွေကို ဖော်ပြထားတယ်လို့ ဗြိတိန်သံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီးကလည်း မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ အာဏာသိမ်းယူပြီး ၅ နှစ်အကြာမှာ မြန်မာနိုင်ငံဟာ အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး လူ့အခွင့်အရေးအကျပ်အတည်းတွေ ဖြစ်ပွားရာ နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ပြောပါတယ်။ ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဥရောပသမဂ္ဂသံအမတ်ကြီးက ပြောပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ" ၊ "ငါတို့မဲမပေးခဲ့" စာသားနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။ "ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" ကြွေးကြော်သံတွေနဲ့ စစ်တပ်ထုတ်ကုန်ကို ပြည်သူတွေမသုံးစွဲကြဖို့လည်း သပိတ်ကော်မတီဝင်တွေက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

👍16❤3🔥1😁1🤬1