People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မင်း​အောင်လှိုင် သမ္မတရာထူးမ​ယူခင် တစ်ရက်အလိုမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားတရားရုံးမှာတရားစွဲမယ့်သတင်းထုတ်ပြန်

ဧပြီ-၂၊၂၀၂၆။​နေ့သစ်/People's Spring

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် သမ္မတရာထူး မရယူခင်တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project ကသတင်းထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ယက်စ်မင်းအူလာ(Yasmin Ullah)နဲ့ အင်ဒိုနီးရှားနိုင်ငံက ထင်ရှားကျော်ကြားသူ ၁၀ ဦးက
ဧပြီ ၆ ရက်မှာ ဂျာကာတာမြို့က အစိုးရရှေ့နေရုံးကို သွားရောက်ပြီး မင်း​အောင်လှိုင် နဲ့စစ်တပ်ကျူးလွန်ခဲ့သူ​တွေကို ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာတစ်စောင်တင်သွင်းကြမှာဖြစ်ပါတယ်။

တိုင်ကြားသူတွေထဲမှာ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစမန် (Marzuki Darusman) နဲ့ အင်ဒိုနီးရှားရဲ့ အကြီးဆုံးမွတ်စလင် ပရဟိတအဖွဲ့ဖြစ်တဲ့ မူဟာမဒီယာ (Muhammadiyah) ဥက္ကဋ္ဌ ဘူရှရို Busyro Muqoddas တို့လည်း ပါဝင်ပါတယ်။

တိုင်ကြားစာ​ထဲမှာ ရိုဟင်ဂျာ​တွေအ​ပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ခြေလျင်
တပ်မအသီးသီးကို အမည်​တွေကိုပါ ဖော်ပြထားတယ်လို့သိရပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် အမိန့်ပေးစေခိုင်းသူဟာ အာဏာသိမ်းစစ်​ခေါင်း​ဆောင်
မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို တိုင်ကြားစာမှာ ရှင်းလင်းဖော်ပြထားတယ်လို့သိရပါတယ်။

ရိုဟင်ဂျာလူမျိုး​တွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့အတွက် မင်း​အောင်လှိုင်နဲ့ စစ်​ခေါင်း​ဆောင်​တွေကို အာဂျင်တီးနားတရားရုံးတစ်ခုက ၂၀၂၅ ခုနှစ်မှာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ် ။

အလားတူချင်းလူ့အခွင့်အ​ရေးအဖွဲ့ကလည်း တီမောလက်စတေး နိုင်ငံမှာ မင်း​အောင်လှိုင်နဲ့ စစ်ခေါင်းဆောင်​တွေကိုချင်းပြည်နယ်မှာကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု​တွေအတွက် တရားစွဲဆိုထားပြီး
အင်ဒိုနီးရှားတရားရုံးကအမှုကိုလက်ခံထားပါတယ်။

ဒါအပြင် ICC မှာလည်း မင်း​အောင်လှိုင်နဲ့စစ်​ခေါင်း​ဆောင်​တွေကို ဂျုဟင်ဂျာ​တွေအ​ပေါ်လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်​ပေးဖို့ ​လျှောက်
ထားတာရှိပါ​သေးတယ်။

ဒါ​ကြောင့်အာဏာသိမ်း​ခေါင်း​ဆောင်ဟာ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တာခံရတဲ့အပြင် နိုင်ငံတကာတရားရုံး ၃ ခုမှာတရားစွဲဆိုခံရမယ့်အ​ခြေအ​နေဖြစ်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်ကို စစ်တပ်လွှတ်​တော်​တွေက ဧပြီ ၃ ရက်မှာ သမ္မတ​ရွေး​ကောက်တင်​မြှောက်တယ်ဆိုပြီး ​ကြေညာမှာဖြစ်ပါတယ်။စစ်
တပ်က စိတ်တ်ိုင်းကျ စီစဥ်ခဲ့တဲ့ ​​ရွေး​ကောက်ပွဲအပြီးမှာစစ်တပ်လွှတ်​တော်​တွေက အာဏာသိမ်း​ခေါင်း​ဆောင်ကို သမ္မတရာထူး​​ပေးဖို့ ၊ စစ်တပ်ကယူနီ​ဖောင်း​ပြောင်းအရပ်သားအစိုးရဆိုပြီးတရား
ဝင်မှုရဖို့ကြိုးစား​နေတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာ ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေကို စစ်တပ်က​လေယာဥ်အုပ်စုလိုက်ဗုံးကြဲပြီးလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေဆက်တိုက်ကျူးလွန်​နေပါတယ် ။
👍4317👏2😁2🥰1🤬1
ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့​အ​ကြောင်းပြပြီး လက်နက်အားကိုးနဲ့အာဏာသိမ်း​ခဲ့တဲ့စစ်ခေါင်း​ဆောင်မင်း​အောင်လှိုင်ဟာအာ
ဏာသိမ်းပြီး ငါးနှစ်နဲ့ နှစ်လ​​ကျော်အကြာမှာ သမ္မတရာထူးကိုရယူဖို့ကြိုးစား​နေပါတယ်။
ဓါတ်ပုံ-Getty
👍22🖕19🤮7😡6💩4👎1😁1🤣1
ဖားကန့်တိုက်ပွဲ KIA၊KPDFက စစ်တပ်စခန်းသုံးခုကို သိမ်းပိုက်

ဧပြီ−၂၊၂၀၂၆။ဇော်ရမ်း၊ထားမြတ်/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီကနေ့(ဧပြီလ၂ ရက်)ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့ မနက် ၅ နာရီကစပြီး စစ်ကောင်စီတပ်ရဲ့စခန်းတွေကို KIA၊KPDFက တိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီခန့်အထိ တိုက်ပွဲအတွင်း အင်မားယန်၊ သုသာန်နေရာနဲ့ ဆွတ်ဘွမ်ကျေးရွာက တပ်စခန်းတွေကို သိမ်းယူခဲ့တာလို့ KIA၊KPDFနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

" သိမ်းရတာ ၃ခုလို့ကြားတယ်။ ကျန်စခန်း ၃ခုတော့ မကြားရသေးဘူး။ သိမ်းရတာ အရေးပါတဲ့ စခန်းတွေပါ။လောလောဆယ်တော့ ငြိမ်နေတယ်"လို့ KIA စစ်ရေး သတင်းရင်းမြစ်က ဧပြီ ၂ရက်ညပိုင်းမှာ ပြောပါတယ်။

ဒီကနေ့တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင် ဒေသခံ ၆ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

" စခန်းတွေပေးရတော့ လေယာဉ်တအားကြဲတာ။ ဒီနေ့ ၆ကြိမ်ကြဲတယ်"လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်နဲ့ မတ်လဆန်းကလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDF က ဖေဖော်ဝါရီ ၁၄ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းနဲ့ ခွန်ဆာကုန်းကို သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပါ ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိလာလို့ KIA၊KPDFပူးပေါင်းတပ်က ပြန်ဆုတ်ခွာခဲ့ပါတယ်။

ဒီနေ့မနက်မှာတော့ KIA၊KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်ပါတယ်။ သတင်းကြိုရတဲ့ စစ်တပ်က မတ်လဆန်းကတည်းက လက်နက်ကြီး‌တွေ ပစ်ခတ်နေခဲ့တာပါ။ မတ်လ ၄ရက်က တိုက်ပွဲမှာ စစ်ကောင်စီဗျူဟာကုန်းကနေ ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက်(၇၀)ကျော် အဖွားအိုတစ်ဦးနဲ့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၃ရက်မနက်မှာလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့တိုက်ပွဲအပေါ် စစ်ကောင်စီကတော့ KIA၊KPDF ပူးပေါင်းတပ်ဟာ ဖားကန့်မြို့ကို သိမ်းယူဖို့အထိ စစ်ရေးဖော်ဆောင်လာတယ်လို့ ပြောဆိုနေကြပါတယ်။

လတ်တလော စစ်ရေးအခြေအနေကို KIAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုများသလို KIA၊KPDFပူးပေါင်းတပ်က တစ်ဦး ကျဆုံးခဲ့ပါတယ်။

ယခုရက်ပိုင်းမှာ လုံးခင်းနဲ့ ဖားကန့်မြို့သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် သတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။
33👍19😁2🤬2👏1
This media is not supported in your browser
VIEW IN TELEGRAM
ဖားကန့်ရှိစစ်တပ်စခန်း​တွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီး​​​နောက် စစ်တပ်က ​လေ​ကြောင်းမှ စစ်ကူ​ပေး​နေစဥ်။ ရုပ်သံ-CJ
30👎7🖕3👍2😁1🤬1
စက်သုံးဆီရောင်းတဲ့စနစ် ထပ်ပြောင်းပြန်၊ မိုင်နှူန်းကြည့်ပြီး ဆီရောင်းမယ်ဟုဆို

ဧပြီ−၂၊၂၀၂၆။ဟာနာဆန်/People's Spring

စစ်ကောင်စီက စက်သုံး​ဆီရောင်းချတဲ့စနစ် ထပ်မံပြောင်းလဲလိုက်ပြီး မိုင်နှူန်းကြည့် ဆီရောင်းမယ့်စနစ် မနက်ဖြန် ဧပြီ ၃ရက်မှာ စတင်မယ်လို့ ကြေညာပါတယ်။

ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်ပြီး စက်သုံးဆီပမာဏ သတ်မှတ်ကာ ရောင်းချပေးနေရာမှာ Taxi ယာဉ်တွေ သုံးဘီးယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကို ပမာဏတိုးမြှင့် သတ်မှတ်ပေးပြီး တစ်ပတ် ၃ရက် ဆီဖြည့်တင်းခွင့်ပေးထားကြောင်း၊ ဒါပေမဲ့ ယာဥ်တွေဟာ မသမာမှုလုပ်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး အဆိုပါယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို မနက်ဖြန် ဧပြီ ၃ ရက်ကစတင်ကာ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။

"အခုတောင် တစ်ပတ် ၂၅ လီတာရတာ။ တကယ်မောင်းရင်မလောက်ဘူး။ ပိုတောင်ခက်သွားတော့မှာ"လို့ မန္တလေးမြို့က သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မိုင်နှူန်းကြည့်ရောင်းချမယ့်စနစ်ကို ဘယ်လိုပုံစံရောင်းပေးမယ်ဆိုတာ အသေးစိတ်မထုတ်ပြန်သေးပါဘူး။ အဆိုပါကြေညာချက်အရ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေတော့ ပါဝင်တာ မတွေ့ရပါဘူး။

ယခုအခါ မော်တော်ယာဥ်တွေဟာ QRစနစ်၊ စုံမစနစ်နဲ့ စက်သုံးဆီဝယ်ယူနေရတာဖြစ်ပြီး အငှားယာဥ်တွေ ကုန်တင်ယာဥ်တွေဟာ နောက်ထပ်စနစ်တစ်ခုနဲ့ပါ ကန့်သတ်ခံရဦးမှာ ဖြစ်ပါတယ်။
👎21🔥75😁5👍3🥴1
(မန္တလေးမြို့မှာ စက်သုံးဆီရဖို့စီတန်းနေကြစဉ်နဲ့ စစ်ကောင်စီရဲ့ စက်သုံးဆီရောင်းချမှုကန့်သတ်သည့်ကြေညာချက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
👍20🔥71😁1🤬1
■​ဆောင်းပါး

တော်လှန်ဒေသရောက် ဘဏ်အကောင့် ရောင်းဝယ်ကြသူများ

ဟာနာဆန်/People's Spring

မုံရွာမြို့နယ်မှာ ကျွတ်ကျွတ်မြည်အောင်ပူနေတဲ့ နွေနေ့လယ်ခင်းရဲ့အပူရှိန်ကိုတောင် မမှုနိုင်ဘဲ ဆိုက်တွဲတစ်စီးပေါ်မှာ လူတွေအစုလိုက် အပြုံ
လိုက် တက်စီးပြီး လိုက်ပါလာကြတယ်။ ဆိုက်တွဲပေါ်က လူတွေရဲ့လက်ထဲမှာလည်း မှတ်ပုံတင်နဲ့ ဖုန်းကိုယ်စီ ကိုင်ဆောင်ထားကြတယ်။

သူတို့တတွေဟာ ကျောက္ကာ ညောင်ပင်ရွာမကြီးမှာ KPAY နဲ့ Wave Money အကောင့်တွေဖွင့်ပြီး တခါတည်း ဝယ်ယူနေတယ်ဆိုလို့ အုပ်လိုက်ကြီး လာရောင်းကြတာပါ။ မှတ်ပုံတင်လေးတစ်ခု ခဏပြလိုက်ရုံနဲ့ ငွေငါးသောင်းခြောက်သောင်း အသာလေး ရမယ်ဆိုလို့ လိုက်ပါလာကြတာပါ။

"လာလုပ်ကြတာ‌ကတော့ တစ်ရက်တစ်ရာကျော်လောက်လာလုပ်နေကြတာ"လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါ ဝယ်ယူသူတွေဟာ ကျေးရွာနေပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်တွေကို အသုံးပြုကာ ငွေလွှဲအကောင့်သစ်တွေ ဖွင့်ခိုင်းပြီး ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

အဲဒီအကောင့်တွေကို မူရင်းဝယ်ယူသူတွေဟာ အကောင့်တစ်ခုကို တစ်သိန်းကနေ တစ်သိန်းသုံးသောင်းကျပ်အထိ စျေးပေးဝယ်ယူနေတာဖြစ်
ကြောင်း သိရပါတယ်။ တဆင့်ဝယ်ယူသူတွေကတော့ ပြည်သူတွေကို အကောင့်တစ်ခု သုံးသောင်းကျပ်ကနေ ငါးသောင်းကျပ်အထိ စျေးပေးတယ်လို့ ဆိုပါတယ်။

"လူခေါ်လာပေးရင် ၅၀၀၀ ပေးတယ် ။ ဆိုက်တွဲနဲ့ ခေါ်လာရင် ၁၀၀၀၀ ပေးတယ် ပြောတယ်။"လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အကောင့်ဝယ်ယူသူတွေဟာ ဝိုင်ဖိုင်အင်တာနက်စက်တွေပါယူဆောင်လာပြီးတခါတည်းအကောင့်ဖွင့်ပေးကာ ဝယ်ယူနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ညောင်ပင်ရွာမက ပထမ စတာ။ရွာတွေက လက်
မခံတော့ ရွာအပြင်မှာသူတို့ကခေါ်တာ။ကျန်တော််
တို့ သိသလောက် မုံရွာမြို့နယ် အရှေ့မြောက်ပိုင်းနဲ့ မုံရွာအရှေ့တောင်ခြမ်းရွာတွေမှာရောင်းဝယ်နေကြသလို မုံရွာမြို့ထဲမှလည်း လာရောက် ရောင်းချကြတယ်လို့ သိရပါတယ်။"လို့ ကင်းထောက်ရဲဘော်တစ်ဦးက ပြောပါတယ်။

အဆိုပါ Kpay၊ Wave Money အကောင့်တွေ ဝယ်ယူတာဟာ ကျားဖြန့်ငွေလိမ်လည်တဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်မှုရှိနိုင်တာကြောင့် ဗဟိုဘဏ်ကပါ စာထုတ်တားမြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း မန္တလေးမြို့နဲ့အနီးတဝိုက်မှာ "ကျားဖျန့်" ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ယခုလိုပဲ အကောင့်ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ပုသိမ်ကြီး၊ အမရပူရ စတဲ့ မြို့နယ်တွေက ကျေးရွာတွေ၊ ရပ်ကွက်တွေမှာ လူတွေကို လိုက်ထရပ်ကားနဲ့လာခေါ်ပြီး ဘဏ်တွေခေါ်ကာ ဘဏ်စာအုပ်နဲ့ Kpay အကောင့်တွေ ဖွင့်ခိုင်းပါတယ်။ ပြီးနောက် ငွေကျပ် သုံးသောင်းဝန်းကျင်ကနေ ငါးသောင်းအထိပေးပြီး ဝယ်ယူခဲ့ပါတယ်။

အဲဒီလိုအကောင့်တွေ ရောင်းချခဲ့မိတဲ့ ပုသိမ်ကြီးမြို့နယ်က ကျေးရွာတစ်ရွာမှာတော့ ရွာသူရွာသားအများအပြားကို ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ ပတ်
သက်တယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းထဲက မိတ္ထီလာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေဘက်မှာလည်း ယခုလို အကောင့်ဝယ်ယူတာတွေရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက်မှာတော့ အကောင့်ဝယ်ယူသူတွေဟာ စစ်ဘေးသင့်ဒေသကိုပါ ရောက်ရှိလာပြီး ဝယ်ယူလာတာဖြစ်ပါတယ်။

အကောင့်ဝယ်ယူသွားသူတွေဟာ အဆိုပါအကောင့်ကို အသုံးပြုပြီး ငွေလိမ်လည်တာ၊ အွန်လိုင်းလောင်းကစားပြုလုပ်တာ သို့မဟုတ် တရားမဝင်ငွေကြေးတွေ စီးဆင်းတာတွေ ရှိပါက အကောင့်ပိုင်ရှင် (မှတ်ပုံတင်ပိုင်ရှင်)ဟာ ပထမဆုံး တရား
ခံအဖြစ် ဖမ်းဆီးအရေးယူခံရမှာဖြစ်ကြောင်း၊ ယခုလို မုံရွာမြို့နယ်အတွင်းက ရွာတွေမှာ ဘဏ်အကောင့်တွေဝယ်ယူတာဟာ အွန်လိုင်းလောင်း
ကစားနဲ့ ငွေလိမ်ဂိုဏ်းတွေက ငွေကြေးခဝါချဖို့အတွက် အသုံးပြုဖို့ ဖြစ်နိုင်ခြေရှိကြောင်း နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

သို့ပေမဲ့ မုံရွာမြို့နယ်က ပြည်သူတွေကတော့ အာဏာသိမ်းကာလ ၎င်းတို့ဒေသမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတာ၊ ရွာမီးရှို့ဖျက်ဆီးခံရတာ၊ ကုန်စျေးနှူန်းကြီးမြင့်တာတွေကြောင့် လက်တလောအဆင်ပြေဖို့အရေး Kpay အကောင့်တွေကို ရောင်းကာ ဝမ်းရေးဖြေရှင်းခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

လိုက်ဝယ်တဲ့သူတွေဟာ အဝေးကမျက်နှာစိမ်းတွေအပြင် ရပ်ရွာခံပွဲစားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်အတွင်း ဘဏ်အကောင့်ဝယ်ရောင်းတာတွေ လုပ်နေတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူကိုအာကူးက "ကျွန်တော်တို့ အဲဒါတွေ(အကောင့်ရောင်းတာတွေ)ကို ပညာပေးအစီအစဥ်လုပ်ဖို့တော့ စီစဥ်နေပါတယ်။"လို့ ဖြေကြားပါတယ်။

ယခုအခါ မုံရွာမြို့နယ်အတွင်း လယ်ဇင်ကျေးရွာ၊ သက္ကယ်ကျင်းကျေးရွာနဲ့ ညောင်ပင်ရွာအပါအဝင်
ကျေးရွာ ၁၅ ရွာထက်မနည်းအကောင့်တွေ ရောင်း
ချနေကြကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ပြည်သူကတော့ ရတော့ အကုန်သွားနေကြတာ။ ခံရမဲ့ဟာတွေ သူတို့မသိကြဘူး။ မြန်မြန်တားရင်တား မဟုတ်ရင်မလွယ်ဘူး"လို့ အကောင့်ဝယ်သူတွေ ရောက်ရှိနေတဲ့ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးက ပြောလိုက်ပါတယ်။ ။
💩1510👍7👎4🔥2😁1
Kpayကြေညာတစ်ခုအားတွေ့ရစဥ်။ ဓာတ်ပုံ-KBZ
💩14👍4🤬2
မိတ္ထီလာလေတပ်စခန်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်

ဧပြီ-၂၊၂၀၂၆။သတိုး/People's Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ်ရဲ့ လေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM က ထုတ်ပြန်ထားပါတယ်။

"မိတ္ထီလာလေတပ်စခန်း ဌာနချုပ်သည် မြန်မာတစ်နိုင်ငံလုံး၏ ခွေးလေသူရဲတို့ကို မွေးဖွားပေးရာနေရာ ဖြစ်သည့် အပြင် စစ်ရှုံးကောင်စီ ၏လေတပ်စခန်းတို့၏ အဓိကခေါင်ချုပ် ခွေးလေတပ်ဌာနချုပ်ဖြစ်သည်။"လို့ BWMက ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂ ရက် နံနက် ၄နာရီခွဲလောက်မှာ လေတပ်ဝန်းထဲကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ၇ လုံးအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို BWMရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow Mandalay၊ မိုးမခတပ်ဖွဲ့(ညောင်ဦးခရိုင်ပကဖ)နဲ့ Satan အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တောင်သာပလဖ နဲ့ နယ်မြေခံအဖွဲ့တွေကလည်း ကူညီပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လေတပ်စခန်းက စစ်ကောင်စီရဲ့ တပ်တော်ဝင်လေယာဉ်တွေလည်းထားရှိတာကြောင့် တိုက်ခိုက်မှုမခံရအောင် မြေပြင်လုံခြုံရေးအဆင့်ဆင့်ထားရှိတဲ့ကြားကနေ BWMနဲ့ မဟာမိတ်တွေက လျှပ်တပြတ် ထိုးဖောက်ဝင်ရောက်ပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" အတွင်းသတင်းပေးအကူအညီကြောင့်သာ ယနေ့မစ်ရှင်ကို ဘေးအန္တရာယ်ကင်းစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့မစ်ရှင်တွင် အားဖြည့်ပါဝင်သော တောင်သာ ပလဖအဖွဲ့နှင့် နယ်မြေခံအဖွဲ့တို့ကိုလည်းကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုပါတယ်"လို့ BWMက ထုတ်ပြန်ထားပါတယ်။

BWMက မတ်လအတွင်းမှာ မဟာမိတ်တွေနဲ့ပေါင်းပြီး တောင်ငူလေတပ်စခန်း၊ မကွေးလေတပ်စခန်းတွေအပါအဝင် စစ်‌ရေးပစ်မှတ် လေးနေရာကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
👍2915👏8🔥1
(၂၀၂၅အတွင်းက စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို BWMအဖွဲ့ တိုက်ခိုက်ခဲ့သည့် ပုံဟောင်း ဖြစ်ပါတယ်။ဓာတ်ပုံ - BWM)
👍2212🔥1
စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ပြည်သူတွေ မသုံးစွဲကြဖို့ ယင်းမာပင်​ဒေသခံတွေ တိုက်တွန်း

ဧပြီ-၂၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ" ၊ "ငါတို့မဲမပေးခဲ့" စာသားနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

"ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" ကြွေးကြော်သံတွေနဲ့ စစ်တပ်ထုတ်ကုန်ကို ပြည်သူတွေမသုံးစွဲကြဖို့လည်း သပိတ်ကော်မတီဝင်တွေက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူလူထုတို့ပူးပေါင်းကာ "အဓမ္မကို အမြစ်ဖြတ်တော်လှန်လမ်းမပေါ်က ရွှေဥက္ကံ" ဘန်နာစာသားကိုင်ဆောင်ပြီး "စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး"၊ "ဒီမိုကရေစီရရှိရေး"၊ "ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး"ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုသပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် သပိတ်အင်အားစုတွေက ဒေသခံပြည်သူတွေကို စစ်တပ်ထုပ်ကုန်တွေ မသုံးစွဲကြရေး တိုက်တွန်းနှိုးဆော်လွှာတွေလည်း ဖြန့်ဝေခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
20👍15🔥1😁1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်း
30🔥1😁1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဧပြီ ၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မင်း​အောင်လှိုင် သမ္မတရာထူးမ​ယူခင် တစ်ရက်အလိုမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားတရားရုံးမှာ တရားစွဲမယ်

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် သမ္မတရာထူး မရယူခင် တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ယက်စ်မင်းအူလာ(Yasmin Ullah)နဲ့ အင်ဒိုနီးရှားနိုင်ငံက ထင်ရှားကျော်ကြားသူ ၁၀ ဦးက လာမယ့် ဧပြီ ၆ ရက်မှာ ဂျာကာတာမြို့က အစိုးရရှေ့နေရုံးကို သွားရောက်ပြီး မင်း​အောင်လှိုင်နဲ့ စစ်တပ်ကျူးလွန်ခဲ့သူ​တွေကို ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာတစ်စောင် တင်သွင်းကြမှာဖြစ်ပါတယ်။ တိုင်ကြားသူတွေထဲမှာ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစမန်နဲ့ အင်ဒိုနီးရှားရဲ့ အကြီးဆုံးမွတ်စလင် ပရဟိတအဖွဲ့ဖြစ်တဲ့ မူဟာမဒီယာ (Muhammadiyah) ဥက္ကဋ္ဌ ဘူရှရို Busyro Muqoddas တို့လည်း ပါဝင်ပါတယ်။ တိုင်ကြားစာ​ထဲမှာ ရိုဟင်ဂျာ​တွေအ​ပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ခြေလျင်တပ်မအသီးသီးရဲ့ အမည်​တွေကိုပါ ဖော်ပြထားတယ်လို့ သိရပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် အမိန့်ပေးစေခိုင်းသူဟာ အာဏာသိမ်းစစ်​ခေါင်း​ဆောင်မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို တိုင်ကြားစာမှာ ရှင်းလင်းဖော်ပြထားတယ်လို့ သိရပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားသလို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ်က တောင်းဆိုထားတာလည််း ရှိပါတယ်။

◾️ဖားကန့်တိုက်ပွဲ KIA၊KPDFက စစ်တပ်စခန်းသုံးခုကို သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(ဧပြီ၂ ရက်)ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က သိမ်းယူထားပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ ဒီနေ့ မနက် ၅ နာရီကစပြီး စစ်ကောင်စီတပ်ရဲ့စခန်းတွေကို KIA၊KPDFက တိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီခန့်အထိ တိုက်ပွဲအတွင်း အင်မားယန်၊ သုသာန်နေရာနဲ့ ဆွတ်ဘွမ်ကျေးရွာက တပ်စခန်းတွေကို သိမ်းယူခဲ့တာလို့ KIA၊KPDFနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းအပါအဝင် လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ဒေသခံ ၆ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒဏ်ရာရရှိတဲ့အထဲ ကလေးငယ်တချို့ ပါဝင်တယ်လို့ ဆိုပါတယ်။

◾️ဖာပွန်မှာ စစ်တပ်စခန်းနှစ်ခုကို KNU သိမ်းယူ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိတဲ့ စစ်တပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်း သိမ်းယူလိုက်နိုင်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။ ဖာပွန်(မူတြော်)၊ လူသောမြို့နယ်ထဲက ကော်သွေးကျိုးနဲ့ ထဲနယ်နယ်ကျိုး စခန်းနှစ်ကို KNU တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်က မတ်လ ၁၇ ရက်မှာ တိုက်ယူနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက အသိပေးပါတယ်။ အဲဒီစခန်းနှစ်ခုဟာ ဖာပွန်မြောက်ပိုင်း KNU တပ်မဟာ ၅ နယ်မြေနဲ့ တပ်မဟာ ၃ နယ်မြေ အစပ်နားမှာရှိတယ်လို့ သိရပါတယ်။ ဖာပွန်ရဲ့မြောက်ပိုင်းမှာ ရှိတဲ့ စစ်တပ် စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိသွားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှု အခြေအနေနဲ့ လက်နက်ခဲယမ်းရရှိမှု အခြေအနေကတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိမှာ ဖာပွန်မြောက်ပိုင်း လူသောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်း ရှစ်ခု ကျန်နေသေးတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ရှင်းပြပါတယ်။

◾️အာရှလမ်းမကြီးကို စစ်ကောင်စီ ပြန်လည်ဖွင့်လှစ်
17👍5🔥2😁1
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို ဒီနေ့ (ဧပြီ ၂ ရက်) မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စတင်ဖွင့်လှစ်လိုက်ပြီး အိမ်စီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာနေကြတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ အာရှလမ််းမ လို့ လူသိများတဲ့လမ်းပိုင်းဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ ကော့ကရိတ်မြို့တို့ကိုဆက်သွယ်ထားတာဖြစ်ပြီး ထိုင်းကုန်စည်တွေ မြန်မာပြည်ထဲ စီးဆင်းမှုမှာ အရေးပါတဲ့ လမ်းပိုင်းဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အဲဒီလမ်းပိုင်းကို ကာလအတန်ကြာ ပိတ်ထားခဲ့ရတာဖြစ်ပြီး အစောပိုင်းမှာ လမ်းပိုင်းကို KNU နဲ့ ပူးပေါင်းတပ်က ထိန်းချုပ်ထားတာပါ။ အဲဒီနောက်စစ်ကောင်စီတပ်က ပြန်လည်စိုးမိုးနိုင်ခဲ့ပြီး ဒီနေ့ လမ်းဖွင့်ပွဲကိုတော့ ဘားအံ နဲ့ မြဝတီမှာ နှစ်နေရာခွဲပြီး ကျင်းပစေပါတယ်။ အာရှလမ်းကို ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတံတား ဖြစ်တဲ့ မြ၀တီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားနဲ့ ကုန်သွယ်ရေးဇုန်ကိုတော့ စစ်ကောင်စီ က မဖွင့်ပေးပါဘူး။ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လုံခြုံ ရေးယူထားပြီး အာရှလမ်းရဲ့ အနောက်မြောက်ဘက်၊ ကော့ကရိတ်မြို့မြောက်ခြမ်းက မြ၀တီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းမှာတော့ တိုက်ပွဲတွေရှိနေဆဲလို့ သိရပါတယ်။

◾️စက်သုံးဆီရောင်းတဲ့စနစ် ထပ်ပြောင်းပြန်၊ မိုင်နှုန်းကြည့်ပြီး ဆီရောင်းမယ်ဟုဆို

စစ်ကောင်စီက စက်သုံး​ဆီရောင်းချတဲ့စနစ် ထပ်မံပြောင်းလဲလိုက်ပြီး မိုင်နှုန်းကြည့် ဆီရောင်းမယ့်စနစ် မနက်ဖြန် ဧပြီ ၃ရက်မှာ စတင်မယ်လို့ ကြေညာပါတယ်။ ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်ပြီး စက်သုံးဆီပမာဏ သတ်မှတ်ကာ ရောင်းချပေးနေရာမှာ Taxi ယာဉ်တွေ သုံးဘီးယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကို ပမာဏတိုးမြှင့် သတ်မှတ်ပေးပြီး တစ်ပတ် ၃ရက် ဆီဖြည့်တင်းခွင့်ပေးထားကြောင်း၊ ဒါပေမဲ့ ယာဥ်တွေဟာ မသမာမှုလုပ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အဆိုပါယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို မနက်ဖြန် ဧပြီ ၃ ရက်ကစတင်ကာ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။ စစ်ကောင်စီဟာ မိုင်နှူန်းကြည့်ရောင်းချမယ့်စနစ်ကို ဘယ်လိုပုံစံရောင်းပေးမယ်ဆိုတာ အသေးစိတ်မထုတ်ပြန်သေးပါဘူး။ အဆိုပါကြေညာချက်အရ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေတော့ ပါဝင်တာ မတွေ့ရပါဘူး။

◾️ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EVကား တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီဆို

စစ်ကောင်စီက ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး လျှပ်စစ်ကား(EV) တင်သွင်းခွင့်ပေးမယ်လို့ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ မနေ့က(ဧပြီ ၁ရက်) နေပြည်တော်မှာလုပ်တဲ့ စက်သုံးဆီ ဖူလုံစွာရရှိရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ မြေဩဇာရရှိရေး အစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီစနစ်အတွက် တိကျတဲ့မူဝါဒ မထွက်ရှိသေးပေမယ့် EVကားတွေအတွက် လမ်းတံတားကြေးကအစ တင်သွင်းခွင့် ကုန်စည်ခွန်တွေကို ကင်းလွတ်ခွင့်ပြုခဲ့တာကို ဒီနှစ်ဆန်းပိုင်းကတည်းက စစ်တပ်က ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ မော်တော်ယာဥ်အရောင်း အဝယ်လုပ်နေသူတွေနဲ့ အရောင်းပြခန်းပိုင်ရှင်တချို့က ဆိုပါတယ်။ စက်သုံးဆီအခက်အခဲနဲ့ နေ့စဥ် မောင်းနှင်လို့ရတဲ့ ခွင့်ပြုချက်တွေကြောင့် EV ကားစျေးတွေက မတ် လအတွင်းမှာ သိန်းထောင်ကျော်အထိစျေးတက်ထားပါတယ်။

◾️ဝက်လက်နယ်ကို စစ်တပ် လေကြောင်းတိုက်လို့ နေအိမ် ၁၀လုံး မီးလောင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က မင်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၁၀လုံး မီးလောင်ပျက်စီးပြီး ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၁ရက် မနေ့က နေ့လယ် ၁နာရီ ၄၈မိနစ်မှာ ဗုံးသီး၂လုံးကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို ညနေ ၃နာရီခွဲမှာ နောက်တစ်ကြိမ် ဗုံး၂လုံးကြဲချတိုက်ခိုက်တယ်လို့ သိရပါတယ်။ စစ်တပ်က နာရီပိုင်းခြားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ဒေသခံတွေ ရှင်းလင်းရေး လုပ်နိုင်မယ့်အချိန်ကို မှန်းကို နောက်တကြိမ်လာကြဲတာဖြစ်မယ်လို့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ်။ အခုနောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပုံစံတွေကို ကြည့်ရင် ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံတွေ အဲဒီနေရာကို ရှင်းလင်းရေးလုပ်နေချိန်မှာ ထပ်မံတိုက်ခိုက်လေ့ရှိပြီး အဲဒီ ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် ပြည်သူတွေ သေဆုံးမှု များပြားလေ့ရှိပါတယ်။ အခု မင်းကုန်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာတော့ ပြည်သူတွေ ထိခိုက်မှုမရှိဘဲ ကျေးရွာအရှေ့ပိုင်းက နေအိမ် ၁၀လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မနေ့ညပိုင်းက ပြည်သူတွေ အကုန်ရွာပြင်ထွက်အိပ်ရတယ်လို့ ဝက်လက်ဒေသခံက ပြောပါတယ်။

◾️မြင်းခြံက ဖက်ပင်အိုင်ရွာကို စစ်အုပ်စု ပစ်ခတ်စီးနင်း၊ ပြည်သူတွေထိခိုက်မှုများပြီး ပိတ်မိနေ
7🔥6👍4😁1🤬1
မန္တလေး‌တိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်နဲ့ ပျူစောထီးတွေက ဒရုန်းနဲ့ဗုံးကြဲပြီး စီးနင်းပစ်ခတ်လို့ ပြည်သူတွေ ထိခိုက်မှုရှိကာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၂ရက် မနက် ၇နာရီလောက်က ဆုံကျေးရွာက ပျူစောထီးနဲ့ စစ်တပ်ဟာ ဖက်ပင်အိုင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးချပြီးနောက် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ သေဆုံးဒဏ်ရာရတဲ့ ပြည်သူတွေရှိနေပြီး ရွာကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းခြံမြို့နယ်မှာ စစ်တပ်က ကျေးရွာတွေကို ဝင်ရောက် ပစ္စည်းတွေယူ မီးရှို့ဖျက်ဆီးနေပြီး မြင်းခြံ နဲ့ ငါးဇွန်မြို့နယ်အစပ်က နဘူးအိုင်ကျေးရွာကိုလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

◾️စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေ ဆက်ရှိနေဆဲလို့ ဗြိတိန်ပြော

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဗြိတိန်သံအမတ်ကြီးက မြန်မာ့လူ့အခွင့်အရေးအခြေအနေဆုံးဖြတ်ချက် မူကြမ်းကို ထောက်ခံဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး အဲဒီအဆိုမူကြမ်းထဲမှာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာစစ်တပ် ကျူးလွန်သမျှသော ရက်စက်ကြမ်းကြုတ်မှုတွေကို အပြည့်အစုံ မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။ အဲဒီအဆိုမူကြမ်းထဲမှာ (စစ်တပ်ရဲ့)အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို မီးရှို့မှုတွေ၊ အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းရမှုတွေ၊ တရားလက်လွတ်ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ စနစ်တကျ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုတွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး လူနည်းစုတွေအပေါ်ဆက်လက်နှိပ်စက်ညှင်းပမ်းမှုတွေ စတဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ချိုးဖောက်မှု ပုံစံတွေကို ဖော်ပြထားတယ်လို့ ဗြိတိန်သံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီးကလည်း မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ အာဏာသိမ်းယူပြီး ၅ နှစ်အကြာမှာ မြန်မာနိုင်ငံဟာ အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံး လူ့အခွင့်အရေးအကျပ်အတည်းတွေ ဖြစ်ပွားရာ နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ပြောပါတယ်။ ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဥရောပသမဂ္ဂသံအမတ်ကြီးက ပြောပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ" ၊ "ငါတို့မဲမပေးခဲ့" စာသားနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။ "ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" ကြွေးကြော်သံတွေနဲ့ စစ်တပ်ထုတ်ကုန်ကို ပြည်သူတွေမသုံးစွဲကြဖို့လည်း သပိတ်ကော်မတီဝင်တွေက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူလူထုတို့ပူးပေါင်းကာ "အဓမ္မကို အမြစ်ဖြတ်တော်လှန်လမ်းမပေါ်က ရွှေဥက္ကံ" ဘန်နာစာသားကိုင်ဆောင်ပြီး "စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး"၊ "ဒီမိုကရေစီရရှိရေး"၊ "ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး"ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုသပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် သပိတ်အင်အားစုတွေက ဒေသခံပြည်သူတွေကို စစ်တပ်ထုပ်ကုန်တွေ မသုံးစွဲကြရေး တိုက်တွန်းနှိုးဆော်လွှာတွေလည်း ဖြန့်ဝေခဲ့ကြပါတယ်။
👍163🔥1😁1🤬1
👍15🔥1😁1