People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ဗြိတိန်သံအမတ်ကြီး အယ်လီနာဆန်ဒါးစ်နဲ့ ဥရောပသမဂ္ဂအလံ)
👍4010🥰3🤮1
ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး EVကား တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီဆို
ဧပြီ-၂၊၂၀၂၆။ဇော်ဝင်း/People's Spring
စစ်ကောင်စီက ယာဥ်အိုယာဥ်ဟောင်းအပ်နှံပြီး လျှပ်စစ်ကား(EV) တင်သွင်းခွင့်ပေးမယ်လို့ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့က(ဧပြီ ၁ရက်) နေပြည်တော်မှာလုပ်တဲ့ စက်သုံးဆီ ဖူလုံစွာရရှိရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ မြေဩဇာရရှိရေး အစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။
"စက်သုံးဆီတွေကို လျှော့ချနိုင်ဖို့အတွက် EV ကား တင်သွင်းမှုတွေကို ဆောင်ရွက်ရာမှာ စက်သုံးဆီသုံးယာဉ်အို ယာဉ်ဟောင်းတွေအပ်နှံပြီး EVကားတွေ ပြန်လည်တင်သွင်းတဲ့စနစ်ကို ဆောင်ရွက်သွားနိုင်ဖို့လိုတယ်"လို့ စစ် ခေါင်းဆောင်က ပြောပါတယ်။
အဲဒီစနစ်အတွက် တိကျတဲ့မူဝါဒ မထွက်ရှိသေးပေမယ့် EVကားတွေအတွက် လမ်းတံတားကြေးကအစ တင်သွင်းခွင့် ကုန်စည်ခွန်တွေကို ကင်းလွတ်ခွင့်ပြုခဲ့တာကို ဒီနှစ်ဆန်းပိုင်းကတည်းက စစ်တပ်က ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ မော်တော်ယာဥ်အရောင်း အဝယ်လုပ်နေသူတွေနဲ့ အရောင်းပြခန်းပိုင်ရှင်တချို့က ဆိုပါတယ်။
"နှစ် ၂၀ အောက်လား ဘယ်လိုကားမျိုးတွေဆိုတာတော့ မကြာခင် ထွက်မယ်ထင်တယ်။နောက်ပြီး EV ကားနဲ့ပတ်သက်လို့ ကညန ခွန်ရော အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်းကို ကောက်ဖို့ ဒီနှစ်ဆန်းက တည်းက စာထွက်ထားတယ်။အခွန်က မနေ့က စပြီးကောက်တယ်"လို့ မြောက်ဒဂုံမြို့နယ်က မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်က ပြောပါတယ်။
မော်တော်ယာဥ် အရောင်းအဝယ် အကျိုးဆောင် တစ်ဦးကလည်း"ယာဉ်အို ယာဉ်ဟောင်းဆိုတာအရင်ကတော့ သက်တမ်းနှစ် ၂၀ ကားတွေပဲ။အရင်ကတည်းက နှစ် ၂၀ ကျော်ကားတွေကိုအရည် ကျို အပ်ချင်လည်း အပ်လို့ရတယ်။မအပ်ချင်လည်း စီးနေလို့ရတယ်။JDM(ဂျပန်တပတ်ရစ်ကား) တွေကတော့ကားကောင်းရင် မအပ်ပဲစီးနေလို့ရတယ်။ JDM ကားတွေဈေးကတော့ ထိုက်သင့်သလောက် ကျသွားနိုင် တယ်" လို့ ပြောပါတယ်။
စက်သုံးဆီအခက်အခဲနဲ့ နေ့စဥ် မောင်းနှင်လို့ရတဲ့ ခွင့်ပြုချက်တွေကြောင့် EV ကားစျေးတွေက မတ် လအတွင်းမှာ သိန်းထောင်ကျော်အထိစျေးတက်ထားပါတယ်။
"ဒေါ်လာတစ်သောင်းတောင်မပြည့်တဲ့ EV ကားတွေက ဒီမှာ သိန်းထောင်ကျော်နေကတည်းက စျေးကွက်ကို ထိန်းကျောင်းမယ့် ကားမူဝါဒ မရှိတာနဲ့အတူတူပဲ။စက်သုံးဆီလျှော့ချရေး ဆိုပြီး EV တင်သွင်းမယ်ဆိုတာတော့ သားအဖ တွေပေါင်းပြီး ဂွင်ရိုက်တာပဲ မြင်တယ်"လို့ ၁၀ နှစ်ကျော်ကြာမော်တော်ယာဥ် ဝယ်ရောင်းလုပ်နေသူတစ်ဦးက ပြောပါတယ်။
ကညန (ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)ရဲ့စာရင်းတွေအရ အခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စာရင်းအရ EV ကားအစီးရေ ၁၂,၇၄၁ စီး ရှိပါတယ်။အများစုက တရုတ်နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ EVယာဥ်အရေအတွက် ထက်ဝက်နီးပါးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သား နဲ့ သမီး က တင်သွင်းထားတဲ့အပြင် သူတို့နဲ့ ဆက်စပ်ပတ်သက် သူတွေလည်း EV ယာဥ်တွေ တင်သွင်းနေတယ်လို့ အမည်မဖော်လိုတဲ့ မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်အချို့က ပြောပါတယ်။
တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံ EV ကား မူဝါဒ ကြောင့် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်လည်းမရှိဘူးလို့ သူတို့က ဆိုပါတယ်။
ဒါ့အပြင် တစ်ရက်ကို နာရီပိုင်းအလိုက် အလှည့်ကျစနစ်နဲ့သာရနေတဲ့ လျှပ်စစ်မီး နဲ့ မြင့်တက်နေဆဲ အခြေခံစားသောက် ကုန်စျေးတွေကို မဖြေရှင်းနိုင်သေးဘဲ EV ကားတွေ တင်သွင်းမယ့် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကို ဝေဖန်မှုတွေ ရှိနေပါတယ်။
😁236👍5💩4🤮2
(လျှပ်စစ်ကားတွေ အားသွင်းနိုင်တဲ့ အားသွင်းစခန်းတစ်ခုကို မတ်လ ၁၇ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- AFP)
😁26🔥3👍21👎1🤮1
ဖားကန့်တိုက်ပွဲပြင်းထန်နေ၊စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးမြို့ထဲကိုကျရောက်ပေါက်ကွဲ

ဧပြီ-၂၊၂၀၂၆။ဇော်ရမ်း/People's Spring

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်
နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဧပြီလ၂ ရက်မနက် ၁ နာရီခန့်ကတည်းကလက်
နက်ကြီးပစ်ခတ်သံတွေကြားရပြီး မနက်၅နာရီခန့်မှာတော့ နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ဖားပြင်၊ယူမာကျေး
၀ရွာနဲ့ မရှိကထောင်ရပ်ကွက်တွေဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"တိုက်ပွဲကတော်တော်ကိုပြင်းထန်နေတဲ့အနေ
အထားကြားနေရတယ်။မြို့ထဲကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်နေလို့ ပေါက်ကွဲမှုတွေရှိနေတယ်။ ရုတ်တရက်ကြီးဖြစ်တာဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး"လို့ ဖားပြင်ကျေးရွာဘက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာဖားကန့်ဗျူဟာကုန်းအပါ
အဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ စစ်တပ်ကရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့နေရာနဲ့ထိခိုက်မှုအခြေအနေကိုအသေးစိတ်မသိရသေး
ပါဘူး။

လတ်တလော စစ်ရေးအခြေအနေအရ လုံးခင်း
နဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မှာ မတ်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေငြိမ်သက်နေတာဖြစ်ပါတယ်။
မတ်လ ၄ရက်နေ့က တိုက်ပွဲမှာ စစ်တပ်ဗျူဟာကုန်းကနေပစ်ခတ်တဲ့လက်နက်ကြီးက ကလပ်ကုန်းလမ်းကြားထဲကကို ကျရောက်ပေါက်ကွဲပြီး အသက်(၇၀)ကျော် အဖွားအိုတစ်ဦးနဲ့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၃ရက်မနက်ပိုင်းကလည်း စစ်တပ်ကဒရုန်း
နဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ကလည်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်တပ်တပ်စွဲထားတဲ့နေရာတွေကိုKIA၊KPDF ကဖေဖော်
ဝါရီလ ၁၄ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကိုသိမ်းယူနိုင်ခဲ့ပါတယ်။စစ်တပ်က ဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲပြီး ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ပြန်ဆုတ်ခွာခဲ့ပါတယ်။

ဧပြီ ၂ ရက်မနက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
👍21🤬10🔥43
🔥98👍8
ပြည်တွင်းထုတ်ကုန်ရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍကို စက်သုံးဆီ အလုံအလောက်မပေးတာက စီမံခန့်ခွဲမှုအမှားတွေလို့ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောပါတယ်။

“ နိုင်ငံရေးအကျိုးဆက်ကနေ လူငယ်တွေ ပြည်ပထွက်ကုန်ကြတယ်။စက်တွေကိုပဲ အားပြုနေရတာဖြစ်တယ်။အခု ဆီခွဲတမ်းလုပ်တဲ့အချိန်မှာ တောင်သူတွေအတွက်ဘာမှ မစဥ်စားခဲ့ကြဘူး” လို့ သူက ပြောပါတယ်။

စက်သုံးဆီခွဲတမ်း နဲ့ ပတ်သက်လို့စစ်တပ်ရဲ့နောက်ဆုံးသတ်မှတ်ချက်အရ စက်မှုလယ်ယာကဏ္ဍမှာ အသုံးပြုတဲ့ ထွန်စက်၊လယ်ယာသုံးစက်ကိရိယာ၊မီးစက်တွေအတွက် စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ပေးတဲ့ပုံစံကို ဖြည့်စွက်ပြီး နီးစပ်ရာ အရောင်းဆိုင်တွေက မှတ်တမ်းတင်ထားပြီး ရောင်းချမယ်လို့ ဆိုပါတယ်။

“ ပုံစံဖြည့်ရတယ်ဆိုတာကလည်း ဘယ်သူ့အဖေ ခေါ်ရမှန်းမသိဘူး။တရားဝင် ခွဲတမ်း မပေးတာက အဓိကပဲ။ဆီတန်းစီဖို့ကလည်းထွန်းစက်တွေ၊ရိတ်စက်တွေနဲ့က ဘယ်လိုမှ အဆင်မပြေဘူးလေ။အခု အပြင်စျေးနဲ့ဝယ်ရတယ်။လုပ်အားတင်မကဘူး။ငွေပါရှုံးတယ်။အခုစည် တပီပါ စျေး အပြင်ပေါက်စျေးက သိန်း ၂၀ အထက်ရှိတယ်။စပါး တင်း ၁၀၀ ရောင်းလို့ ဆီတပီပါ မရဘူးဆိုတာ အမှန်ပဲ။တင်း ၁၀၀ ရောင်းလို့ အရမ်းကောင်းမှ ၁၂ သိန်း ၁၃ သိန်း(စပါးတင်း ၁၀၀ ​ရောင်း​ဈေး) ပဲရတယ်” လို့ ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်က တောင်သူက ပြောပါတယ်။

https://www.ludunwayoo.com/feature-mm/2026/04/02/152898/
👍363🔥3🤬2👎1😢1
ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ ကျန်တော်လှန်ရေးအဖွဲ့တွေပါဝင်ရေး ကြိုးပမ်းဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ တိုက်တွန်း

ဧပြီ ၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါဝင်လာရေး ဆက်ကြိုးပမ်းဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို မတ်လ ၃၀ရက်မှာဖွဲ့စည်းကြောင်းကြေညာတဲ့အပေါ် တော်လှန်ရေးအဖွဲ့အစည်းတွေက ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ဦးဆောင်ကောင်စီအနေနဲ့ ကျန်ရှိနေသေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းသွားဖို့ တိုက်တွန်းကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။

" ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက် ရေးတို့အတွက် အလေးထားစဉ်းစားကာ ဤသမိုင်းဝင် ခရီးစဉ်တွင် အတူတကွ ပူးပေါင်းပါဝင်လာကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်” လို့လည်း ဖော်ပြထားပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ KNPP ဥက္ကဋ္ဌ ခူဦးရယ်က ကောင်စီကို ပြည်နယ်ယူနစ် EROများ၊ ပြည်သူကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြုမှုစတဲ့ မဏ္ဍိုင်ကြီး သုံးခုကို အခြေခံထားပေမယ့် အခြေအနေနဲ့ စိန်ခေါ်မှု အမျိုးမျိုးကြောင့် ကနဦးအနေနဲ့ စတင်ဆွေးခဲ့ကြတဲ့ အဖွဲ ၅ဖွဲ(NUG၊ KNU၊ KIO၊ KNPP၊ CNF) နဲ့ CRPH အားလုံး ခြောက်ဖွဲနဲ့ အစပြု တာထွက်ဖို ဖြစ်လာခဲ့ကြောင်း အသိပေးပါတယ်။

" မဏ္ဍိုင်သုံးခု စုံစုံလင်လင် မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တခုဆီမှာ ပါသင့်ပါထိုက် သူအားလုံး ပါမနေသေးတာကလည်း အချိန်နဲ့ စိန်ခေါ်မှုနဲ့ ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တိုရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း လာမယ့် ရက် ၆၀ အတွင်း အမြန်ဆုံး ပြင်ဆင် ဖြည့်စွက်နိုင်ဖို ကြိုးစားသွားမှာ ဖြစ်ပါတယ်"လို့ ခူဦးရယ်က ပြောပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ လက်ရှိတော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အသွင်ကူးပြောင်း ရေးကာလ အစီအမံများကို အတည်ပြုနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ ရည်ရွယ်တာဟာ စစ်ကိုင်းဖက်ဒရယ် ယူနစ်ရဲ့ ရည်မှန်းချက်တွေနဲ့ ထပ်တူကျတယ်လို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက ထုတ်ပြန်ပါတယ်။ အထူးသဖြင့် ဦးဆောင်ကောင်စီမှ ချမှတ်ထားသော နိုင်ငံရေး ဦးတည်ချက် တွေဟာ မြန်မာနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ဖို့ အတွက်လက်တွေ့လိုအပ်တဲ့ အချက်များဖြစ်လို့ အပြည့်အဝထောက်ခံကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

ဦးဆောင်ကောင်စီအနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျင့်သုံးမည့် "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူနဲ့ "စုပေါင်းခေါင်းဆောင်မှု (Collective Leadership)" မူဝါဒများ၊ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်များအကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် အလွန် အရေးကြီးသော အုတ်မြစ်များ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့လည်း ဦးဆောင်ကောင်စီနဲ့ အတူ လက်တွဲပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကာ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက်လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း ကြေညာပါတယ်။
27👍11🥰6👏6🤮1
🥰22👍2🤮2🔥1
ဝက်လက်မြို့နယ်ကို စစ်တပ် လေကြောင်းတိုက်၊ နေအိမ် ၁၀လုံးကျော် မီးလောင်

ဧပြီ−၂၊၂၀၂၆၊ရှိန်း/People's Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်က မင်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၁၀လုံး ကျော်မီးလောင်ပျက်စီးပြီး ပြည်သူတွေ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁ရက် နေ့လည် ၁နာရီ ၄၈မိနစ်မှာ ဗုံးသီး၂လုံးကြဲချပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို ညနေ ၃နာရီခွဲမှာ နောက်တစ်ကြိမ် ဗုံး၂လုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတွေထိခိုက်မှုမရှိပေမယ့် ကျေးရွာအရှေ့ပိုင်းက နေအိမ် ၁၀လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှင်းလင်းရေး လုပ်နိုင်မယ့်အချိန်ကို နောက်တကြိမ်လာကြဲတာဖြစ်မယ်။နာရီပိုင်းခြားပြီးမှ ထပ်လာကြဲတာ။ညကလည်း ပြည်သူတွေ အကုန်ရွာပြင်ထွက်အိပ်ရတယ်။ဒီနားမှာ တိုက်ပွဲမရှိဘူး။ရွာရဲ့အရှေ့ဘက်တစ်ရွာကျော် လောက်မှာပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတော့ဖြစ် သေးတယ်။အခုငြိမ်မှလာကြဲတာ"လို့ ဝက်လက်ဒေသခံတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ မြစ်ကမ်းအနီးက သစ်ဆိမ့်ကျေးရွာကို စစ်တပ်က တပ်စွဲပြီး ဗျူဟာလမ်းပိုင်းနဲ့မြို့နယ်အရှေ့ခြမ်းကို နယ်မြေစိုးမိုးမှုရယူဖို့ကြိုးစားနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့မကြာခဏတိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းကို ကူညီဖို့ စစ်တပ်က ခလရ(၁၂)တပ်ရင်း (ကျောက်မြောင်းတပ်)နဲ့ ရွှေဘိုလေ့ကျင့်ရေး (၈)တို့ကလည်း ဒေသခံတွေရဲ့ ကျေးရွာတွေကို အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
🤬327👎3
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ − Wetletinformationalnetwork
👍17🤬154👎2🖕2
■အ​တွေး အမြင်

မင်းအောင်လှိုင့် သြဇာခံမယ့် ဟန်ပြလွှတ်တော်

-ကိုပါဝဲလ်​ရေးသားသည်။

၂၀၂၅ ခုနှောင်းပိုင်းမှာ စစ်ကောင်စီက စိတ်တိုင်း
ကျ ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲပြီး ပေါ်ပေါက်လာတဲ့ စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အသစ်တွေဟာ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတလျှောက်မှာ သြဇာအာဏာအမဲ့ဆုံး လွှတ်တော်တွေသာ ဖြစ်လာဖွယ်ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံသပ်သူတွေက မှတ်ချက်ပေးကြပါတယ်။

ဒီလွှတ်တော်တွေဟာ ပြည်သူ့အသံကို နားထောင်ဖို့ထက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အလိုကျ ဥပဒေတွေကို အတည်ပြုပေးရမယ့် ရော်ဘာတံ
ဆိပ် တခုလောက်ပဲ ဖြစ်နေမယ်ဆိုတာကို လွှတ်
တော်တွေ မစတင်ခင် လွှတ်တော်ဥက္ကဌတွေ၊ ဒုဥက္ကဌတွေ ရွေးချယ်ကတည်းက အထင်အရှား တွေ့မြင်နေရပါတယ်။

မြန်မာ့လွှတ်တော်တွေ ရဲ့ သမိုင်းကို ပြန်ကြည့်ရင် ၂၀၁၀ ခု စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲအပြီး ပေါ်လာတဲ့ လွှတ်တော်တုန်းကတောင် ဒီလောက်ထိ ရုပ်ဆိုးကျည်းတန်တာမျိုး မဖြစ်ခဲ့ပါဘူး။ အဲဒီတုန်းက
အငြိမ်းစား ဗိုလ်ချုပ်ကြီးသိန်းစိန်က သမ္မတဖြစ်ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဌ လုပ်ခဲ့ကြပါတယ်။ ဦးသိန်းစိန်က ပါတီဥက္ကဌရာထူးကို သူရရွှေမန်းထံ လွှဲပေးခဲ့ပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကြား သိသိသာသာ ပွတ်
တိုက်မှုတွေ ရှိခဲ့ပါတယ်။

သမ္မတမဖြစ်ခဲ့တဲ့သူရရွှေမန်းဟာလွှတ်တော်ဘက်ကနေ အုပ်ချုပ်ရေးပိုင်းကို အပြန်အလှန် ထိန်း
ကျောင်းဖို့ ကြိုးစားခဲ့လို့ ပါတီတွင်း အာဏာသိမ်းတဲ့အထိ ပြင်းထန်တဲ့ အားပြိုင်မှုတွေ ဖြစ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

သမ္မတရူး ရူးခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မကြာမီ ရက်
ပိုင်းအတွင်း အ​ရေခွံလဲပြီး သမ္မတ ဖြစ်လာတော့မှာပါ။ မတ်လ ၃၀ ရက်နေ့ကပဲ စစ်တပ်ရဲ့ပြည်
သူ့လွှတ်တော်ကနေ ဒုတိယသမ္မတလောင်း အဖြစ် ရွေးပေးလိုက်ပါပြီ။

သမ္မတရာထူးနေရာ အတင်းဝင်ထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ ပွတ်တိုက်ခဲ့တဲ့ သမိုင်းသင်ခန်းစာကို ယူပြီး သူ့အာဏာကို ဘယ်သူမှ မလှန်နိုင်အောင်၊ ကန့်လန့်မတိုက်နိုင်အောင် အသေအချာ စီမံထားတာ တွေ့ရပါတယ်။အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်
လှိုင်ဟာ ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ပါတီဥက္ကဌကို သမ္မတရာထူး မပေးတော့ဘဲ ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်ပဲ ထားရှိပါတယ်။

ဒါတင်မကဘဲ လွှတ်တော်နှစ်ရပ်စလုံးရဲ့ အရေး
ကြီးတဲ့ နေရာတွေမှာ သူ့ရဲ့ သစ္စာအရှိဆုံး လူယုံတွေကိုပဲ ရွေးချယ်ခန့်အပ်ထားပါတယ်။ ပြည်သူ့
လွှတ်တော်ဒုတိယဥက္ကဌနေရာမှာဗိုလ်ချုပ်အငြိမ်း
စား မောင်မောင်အုန်းကို ထားသလို၊ အမျိုးသားလွှတ်တော် ဥက္ကဌနေရာမှာလည်း သူ့ရဲ့ လက်ရုံးတဆူဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ညိုစောကို ယူနီ​ဖောင်းအမြန်လဲ ထိုင်ခိုင်းထားတာပါတယ်။ဒါ​တွေဟာလွှတ်တော်ကို အပြည့်အဝ ချုပ်ကိုင်ထားမယ်ဆိုတာ ပြနေတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားတာကလွှတ်တော်ထဲမှာ ရောက်
နေတဲ့သူတွေဟာ စစ်ယူနီဖောင်းသာ ချွတ်ထားတာ ဖြစ်ပေမယ့် စစ်တပ်ရဲ့ အမိန့်နာခံမှု ယဉ်ကျေးမှုအောက်ကနေ လုံးဝ ရုန်းမထွက်နိုင်ကြသူတွေ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီလွှတ်တော်ဟာ ဗောင်းတော်ညိတ် စိတ်တော်သိ ဆိုသလိုမျိုး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိတ်တိုင်းကျ ပြဌာန်းချင်တဲ့ ဥပဒေမှန်သမျှကို ဆွေးနွေးချင်ယောင်ဆောင်ပြီး အမြန်ဆုံး အတည်ပြုပေးရမယ့် ယန္တရားတခု ဖြစ်သွားတော့မှာပါ။

လွှတ်တော်တွေဟာ ပြည်သူတွေတွက် တကယ်အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးငြင်းခုံတာမျိုး၊ ဥပဒေပြဌာန်းတာ၊ ပြင်ဆင်တာမျိုးထက် သမ္မတ တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့လမ်းညွှန်ချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ အာရုံစိုက်နေကြမှာ ဖြစ်ပါတယ်။တကယ်တော့ လွှတ်တော်ဆိုတာ နိုင်ငံတနိုင်ငံရဲ့ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းတွေရဲ့ အမှားအယွင်းတွေကို ထောက်ပြဝေဖန်နိုင်ရမယ့် နေရာမျိုးပါ။ ဒါပေမယ့် အခုလက်ရှိ မြင်တွေ့နေရတဲ့ အခင်းအကျင်းတွေအရတော့ ဒီလွှတ်တော်တွေဟာ သွားမရှိတဲ့ ကျားတစ်ကောင် (Toothless Tiger) လို ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လွှတ်တော်တွေကျင်းပမယ့်ရက်ပိုင်းအတွင်းမှာတင်ကို ဥပ
ဒေအဟောင်းကို ပြင်ဆင်တဲ့ ဥပဒေ ၆ ခု နဲ့ ဥပဒေအသစ်၂ ခုထုတ်ပြန်ခဲ့ပါတယ်။မတ်လ ၁၆ ရက်
နဲ့ ၁၈ ရက်တွေက စပြီး ပြည်သူ့လွှတ်တော်နဲ့ အ
မျိုးသားလွှတ်တော်အစည်းအဝေးတွေအသီးသီး
ကျင်းပနေခဲ့တာ‌တောင် မတ်လ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေအသစ်နဲ့ မတ် လ ၁၈ ရက်မှာ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ တို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါသေးတယ်။

ချက်ချင်းလက်ငင်းထုတ်ပြန်စရာမလိုသေးတဲ့ ဥပဒေကိုတောင် တက်သုတ်ရိုက်ကာ ပြဌာန်းလိုက်တာဟာလွှတ်တော်ရဲ့သြဇာအာဏာဘယ်လောက်
🤣16👎3😁32
ရှိသလဲ ဆိုတာကို ညွှန်ပြနေပါတယ်။မြန်မာ့ခေတ်
သစ် သမိုင်းတလျှောက်မှာ လွှတ်တော်တွေ ရှိခဲ့ဖူးပေမယ့် အခု ၂၀၂၅ ခု အလွန် ပေါ်လာတဲ့ စစ်တပ်လွှတ်တော်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြဇာခံဟန်ပြလွှတ်တော်တခုပဲ ဖြစ်လာဖို့ အသေအချာပဲဖြစ်ပါတယ်။ ။
👎19😁6🔥2🤮2🖕1
🖕30💩9🤣85
ဖားကန့်မှာ စစ်တပ်ရဲ့ကာကင်းစခန်းတစ်ခုကို​တော်လှန်​ရေးတပ်​တွေသိမ်းယူ

■တိုက်ပွဲပြင်းထန်​နေပြီးစစ်တပ်က လေကြောင်းက ဗုံးကြဲ

ဧပြီ-၂၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(ဧပြီ၂ ရက်) မနက်ပိုင်းကဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ် ရှေ့တန်းစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက သိမ်းယူထားကြောင်း သတင်းရရှိပါတယ်။

ဒီနေ့မနက်အစောပိုင်းကစပြီး ဖားကန့်ဒေသမှာစစွတပ်ရဲ့​ရှေ့တန်းကာကင်းစခန်းတစ်ခုကို KIA နဲ့KPDF တပ်ဖွဲ့ဝင်​တွေက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

​ရှေ့တန်းကာကင်းစခန်းတစ်ခုသိမ်းပိုက်ခံရပြီး​
ဖားကန့်မှာတိုက်ပွဲပြင်းထန်​နေပြီး​နောက် မွန်းလွဲ ၁၂နာရီခွဲခန့်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပါတယ်။

"အမှိုက်ပုံဘက်ကိုကြဲတာ။ အဲ့ဘက်မှာ စစ်တပ်ကုန်းရှ်ိတယ်။ စခန်းတချို့ KIAနဲ့ PDFတွေ သိမ်းတယ်"လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဟုမ္မလင်းလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာဖြစ်ပြီး နောက်ထပ်လည်း လေ
ကြောင်းသတိပေးချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်နဲ့ မတ်လဆန်းကလည်း တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဖေဖော်ဝါရီ ၁၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းနဲ့ ခွန်ဆာကုန်းကိုသိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲပြီး ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ပြန်ဆုတ်ခွာခဲ့ပါတယ်။

ဒီနေ့မှာလည်း နေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်း တိုက်ပွဲပြင်းထန်နေချိန်မှာ ဖားကန့်မြို့ပေါ်ကို စစ်ကောင်စီတပ်ပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်အချို့ပါဝင်ဒေသခံငါးဦးဝန်းကျင်ဒဏ်ရာရခဲ့ပါတယ်။

လတ်တလော စစ်ရေးအခြေအနေအရ လုံးခင်း
နဲ့ ဖားကန့်ဒေသသွားတဲ့ လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။
👍3110🔥5🥰1💩1
KIA နဲ့ KPDF တပ်ဖွဲ့ဝင်​တွေ။ဓာတ်ပုံ -CJ
🥰2411👍5🔥4👏1💩1
PDFဇိုလဲန်း စစ်သင်တန်းဆင်းရဲဘော်တွေကို ချင်းညီနောင်ဘက်တံဆိပ် စတင်တပ်ဆင်

ဧပြီ-၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းညီနောင်အဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ PDF ဇိုလဲန်းတပ်ရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲက သင်တန်းဆင်းရဲဘော်တွေကို ချင်းညီနောင်ဘက်တံဆိပ်စတင်တပ်ဆင်ခဲ့တာကို PDF ဇိုလဲန်းက ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

PDF ဇိုလဲန်း အပတ်စဉ်(၁၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၃၀ရက်က ပြုလုပ်ခဲ့ရာ ဧပြီ ၁ရက်မှာ သင်တန်းဆင်းပွဲ မှတ်တမ်းတွေ ထုတ်ပြန်ခဲ့တာပါ။

" ကျနော်တို့ အခုမှစပြီးမှ တပ်နေတာပါ။ ကျနော်တို့ CBဘက်တံဆိပ်တပ်ရခြင်းက နောက်ပိုင်းမှာ one cammand နဲ့ သွားနိုင်အောင် ဒါက ပထမ ခြေလှမ်းလှမ်းတဲ့ ပုံစံဖြစ်ပါတယ်။” လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ချင်းညီနောင်ရဲ့ ဘက်တံဆိပ်အသုံးပြုမှု နဲ့ပတ်သက်တဲ့ မေးမြန်းမှု အပေါ် ဖြေကြားပါတယ်။

PDF ဇိုလဲန်းဟာ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းကစတင်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေတဲ့အပြင် စစ်ကောင်စီ တပ်စခန်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေးတွေလည်း ဖော်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် တီးတိန်မြို့ကို သိမ်းပိုက်နိုင်ရေး ပြင်ဆင်နေကြောင်းလည်း အသိပေးပါတယ်။

" ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့(တီးတိန်မြို့) ငါတို့ ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေပါတယ်။ တော်လှန်ရေး အောင်ပွဲတွေ ယူဆောင်လာပေးနေသော ချင်းညီနောင် စစ်ဆင်ရေးတခုဖြစ်သော တီးတိန်စစ်ဆင်ရေးကို အောင်လံအတူတူ စိုက်ထူဖို့ ပြည်တွင်း ပြည်ပမှာရှိတဲ့ ပြည်သူအားလုံးက ပါဝင်အားဖြည့်ပေးပါရန် တိုက်တွန်းအပ်ပါသည်”လို့ PDF ဇိုလဲန်း ရဲ့ စစ်ဆင်သတန်း ဆင်းပွဲ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ချင်းညီနောင်ခေါင်းဆောင်တွေကလည်း သိမ်းပိုက်ဖို့ ကျန်နေတဲ့ တီးတိန်မြို့ကို အခု ၂၀၂၆အတွင်း သိမ်းပိုက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
👍4611🥰5👏2🔥1🖕1
(PDFဇိုလဲန်းတပ်ရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF ဇိုလဲန်း)
👍4017🥰4🔥1👏1😁1🖕1