People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ တော်လှန်ရေးရဲဘော်တွေ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - T5 Wings)
27👍15🔥3🥰1
စစ်တပ်ကပြန်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်မှာ စစ်မှုထမ်းစတင် ခေါ်ယူ

ဧပြီ−၁၊၂၀၂၆၊ရှိန်း/ People's Spring

စစ်တပ်ကပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်မှုထမ်းဖို့ လူဦးရေ၁,၅၀၀ တောင်းထားပြီး ကျေးရွာတွေအလိုက် စတင်လူတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာတမြို့နယ်လုံးအနေနဲ့ ဧပြီလအတွက် စစ်မှုထမ်းရန် လူဦး ရေ ၁၅၀၀ စစ်တပ်က တောင်းထားပြီး ကျေးရွာတွေအတွင်းလည်း စစ်မှုထမ်းဖို့ လော်စပီကာတွေနဲ့လိုက်လံ အော်ဟစ် သတိပေးနေတယ်လို့ သိရပါတယ်။

"ရွာထဲကို ဒေသခံ တွေပြန်လာနေဖို့မြူစွယ်နေတာ။ပြန်လာနေတဲ့ အိမ်တွေကိုလည်း အထွက် ကန့်သတ်တာတွေ လုပ်နေတယ်။ပြီးတော့ တပ်စွဲထားတဲ့ စစ်တပ်ကို မိသားစုစာရင်းသွား ပေးရတယ်။စာရင်းတွေ အကုန်စကစဆီမှာရှိနေတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

‌မတ္တရာမြို့နယ်မှာ ကျေးရွာငယ်တစ်ရွာကို ၅ဦးနဲ့ ကျေးရွာအကြီးဖြစ်ပါက ၁၀ဦးကနေ ၁၅ဦးအထိ စစ်မှုထမ်းဖို့လူ တောင်းထားတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ကို စစ်တပ်က ပြန်လည်ထိမ်းချုပ်ပြီးနောက် ၂၀၂၅ နိုဝင်ဘာမှာလည်း ကျေးရွာတချို့မှာ ရွာလုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ်တွေဖွဲ့ခဲ့ပါသေးတယ်။

ယခုတကြိမ်မှာ စစ်တပ်က တမြို့နယ်လုံးကို ထိန်းချုပ်ထားသလို ကျေးရွာအများစုမှာလည်း အထိုင်ချတပ်စွဲထားပြီး အတင်းကြပ်စစ်မှုထမ်းခေါ်ယူဖို့ ကြိုးစားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်ကို မန္တလေး PDFထံကနေ ၂၀၂၅ ဩဂုတ်မှာ စစ်တပ်က ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
🤬40😡5👏32👎2
(မတ္တရာမြို့နယ်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်းကို ပြန်ထိန်းချုပ်ပြီးနောက် တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ − စစ်ကောင်စီ)
😡25💩9👎32🖕2🔥1👏1
မိုးကုတ်မှာ ကျောက်တောင်ပြိုကျလို့ ရေပိုက်လိုင်းတွေ ပျက်စီး၊ မြို့ပေါ်ရပ်ကွက်အချို့ ရေအခက်အခဲရှိနိုင်

​ဧပြီ−၁၊ ၂၀၂၆။မေရီ/People's Spring

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့၊ ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းရေပေးဝေနေတဲ့ အဓိကပိုက်လိုင်းတွေ ပျက်စီးသွားတာကြောင့် မြို့ပေါ်ရပ်ကွက်တွေ ၄ရက်လောက် ရေအခက်အခဲရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့မှာ ဧပြီ ၁ ရက် မနက်ပိုင်းက ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းသို့ ရေသွယ်တန်းပေးထားတဲ့ ၆လက်မနဲ့ ၄ လက်မ ရေပိုက်လိုင်းများအပြင် အခြားဆက်စပ်ပစ္စည်းများပါ ပျက်စီးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

"ကျောက်မိုင်းခွဲခြင်း၊ ခဲများရှင်းလင်းခြင်း ပျက်စီးသွားသော ရေပိုက်များ ပြန်လည်သွယ်တန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ပါသောကြောင့် သုံးလေးရက်ခန့်ကြာနိုင်ပါတယ်"လို့ ရေကော်မတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

​လက်ရှိမှာ မြို့နယ်စည်ပင်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ရေကော်မတီတွေ ပူးပေါင်းကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

​ယခုကဲ့သို့ ရေပေးဝေရေး အခက်အခဲဖြစ်ရတာဟာ ရေအရင်းအမြစ်ထွက်ရှိရာ နေရာများအထိပါ စနစ်တကျမရှိဘဲ ကျောက်တူးဖော်နေကြခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ဝေဖန်ထောက်ပြကြပါတယ်။

"မြင်သမျှ ဂလိုင်ဖောက်ပြီး တူးကြတော့ဖြစ်တာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ ရေအရင်းအမြစ်ထွက်တဲ့နေရာတွေကိုပါ ကျောက်တူးကြသူတွေရှိနေတာကြောင့် ရေရရှိရေး အခက်အခဲဖြစ်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့ကို စစ်တပ်က ပြန်လည်အုပ်ချုပ်ပြီးနောက်ပိုင်း လာဘ်ငွေယူပြီး စနစ်တကျမရှိတဲ့ ကျောက်တွင်းလုပ်ကွက်တွေကို ခွင့်ပြုပေးနေမှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့ကြောင့် မိုးကုတ်မြို့ရဲ့ သဘာဝအရင်းအမြစ်နဲ့ ရေပေးဝေရေးစနစ်မှာ ရေရှည်မှာကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းရရှိပါတယ်။
🤬19👍6🔥5😱32😢2
(ကျောက်တောင်ပြိုလို့ ပျက်စီးသွားသော ရေပိုက်အား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)
😢27🔥4🤬31👎1
စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

ဧပြီ-၁၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်တပ်ရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာလည်း စစ်ဘေးရှောင် တွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ သောက်ရေ သုံးရေရရှိဖို့ ရေတွင်းတူးဖော်ရန်အတွက် အလှူရှင်ကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သွားရောက် ကူညီလှူဒါန်းခဲ့ပါတယ်။

ဝက်လက်မြို့နယ် ရှားကွဲကျေးရွာနဲ့ ငါးကြင်းအိုင် ကျေးရွာမှ ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရတာ အချိန်ကြာမြင့်လာတာကြောင့် ဝက်လက်လူထုသပိတ်ဦးဆောင်ကော်မတီက ဆန်တွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

ဝက်လက်ဒေသက စစ်ရှောင်ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရသော အချိန်ကြာမြင့်လာသောကြောင့် နေထိုင်စရာအခက်အခဲ၊ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝက်လက်လူထုသပိတ်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
👍2213🔥1🥰1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ဝက်လက်လူထုသပိတ်
👍2014🔥1🥰1👏1
ဖက်ဒရယ်ဦးဆောင်ကောင်စီကို ကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခု ထုတ်ပြန်

ဧပြီ ၁၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်းကို မတ်လ ၃၀ရက်မှာ ကြေညာခဲ့ရာ အဲဒီလို ဖွဲ့စည်းမှုကို ကြိုဆိုကြောင်း သဘောထား ဖော်ပြခဲ့ကြတာပါ။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေနဲ့ ချမှတ်ထားသော စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရေး၊ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကို အပြီးတိုင်အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအား အပြီးတိုင်ဖျက်သိမ်းရေး နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးစတဲ့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ဟာ CDM ဝန်ထမ်းတွေရဲ့ ခိုင်မာသော ရပ်တည်ချက်၊ မျှော်မှန်းချက်တွေနဲ့ ထပ်တူကျလျက်ရှိဟု ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အထူးသဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အကြား “မျှဝေသုံးစွဲသော အချုပ်အခြာ အာဏာနဲ့ စုပေါင်းခေါင်းဆောင်မှု မူဝါဒများအပေါ် အခြေခံခြင်းဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ လျှောက်လှမ်းရာမှာ ခိုင်မာကောင်းမွန် သော အုတ်မြစ်တစ်ခု ဖြစ်လာမယ်လို့ ရှုမြင်ကြောင်း ဖော်ပြထားပါတယ်။

CDM နိုင်ငံ့ဝန်ထမ်းတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ မည်သည့် ယန္တရားကို မဆို ငြင်းပယ်တော်လှန်ခဲ့ကြသူများဖြစ်တာနဲ့အညီ အခု ပေါ်လာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှုရှိသော ခေါင်းဆောင်မှုဖြင့် စုစည်းညှိနှိုင်းပေးခြင်းအားဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ပေးနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသစ် တစ်ခုဖြစ်ကြောင်း ယုံကြည်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးဟူသည့် ဘုံရည်မှန်းချက် အောင်မြင်နိုင်စေဖို့ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရရှိစေဖို့ အသွင်ကူးပြောင်းရေးကာလ အစီအမံများကို အကောင်အထည်ဖော်ဆောင်ရာမှာ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်သွားမယ်လို့လည်း သဘောထား ဖော်ပြပါတယ်။

အခု ပူးတွဲထုတ်ပြန်ချက်ကို ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ ပဲခူးဒေသ CDMနိုင်ငံ့ဝန်ထမ်းကောင်စီ၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ ၊မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်းနဲ့ ရှမ်းပြည်နယ် CDMကောင်စီ (ယာယီ)တို့ အတူပူးပေါင်း ထုတ်ပြန်ခဲ့တာပါ။
👍20🥰1611👏1🤮1
👍221🔥1🥰1
သံတွဲမှာ စစ်တပ်က တိုက်လေယာဉ်အုပ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ဦးပါဝင်တဲ့ စစ်ရှောင်မိသားစုဝင် ၄ဦးသေဆုံး

စစ်ကောင်စီ တပ်ချုပ်သစ်လက်ထက်မှာ မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ်ဟု AA ထုတ်ပြန်

ဧပြီ ၁၊ ၂၀၂၆။ People’s Spring

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို တိုက်လေယာဉ် ၄စီးနဲ့ လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့သလို ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘော တစ်စီးကလည်း လက်နက်ကြီးအချို့ တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ အရင်က သူတို့ရဲ့ တပ်စခန်းနေရာဖြစ်တဲ့ ခလရ(၅၅)တပ်ရင်းအနီး ဝန်းကျင်ကို ဗုံးကြဲခဲ့ရာ အနီးအနားမှာ စစ်ရှောင်နေတဲ့ မိသားစုလိုက် သေဆုံးခဲ့ရသလို ကလေး ၂ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်” လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်နေလို့ သေဆုံးခဲ့ကြရသူတွေ ရဲ့ မိသားစု၊ ဆွေမျိုးများနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း AAက ဖော်ပြပြီး ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း အာရက္ခပြည်ကို ဂျက်တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်) နဲ့ ကင်းထောက်လေယာဉ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမို သူရဲဘောကြောင်စွာ၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် ပြုလုပ်လာလို့ ပြည်သူတွေ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန် အထူးသတိပြုဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ မတ် ၂၉ရက်ကလည်း AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ပလက်၀မြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပလက်၀မြို့နယ် ကြောင်ချောင်းရွာက ကလေး ၄ဦး အပါ၀အင် ပြည်သူ ၇ဦးသေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၄ဦး ဒဏ်ရာရခဲ့ပါတယ်။
🤬332👍2👎1🔥1😁1
🤬28😢8👎1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဧပြီ ၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️သံတွဲမှာ စစ်တပ်က တိုက်လေယာဉ်အုပ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ဦးပါဝင်တဲ့ စစ်ရှောင်မိသားစုဝင် ၄ဦး သေဆုံး

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၁ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို တိုက်လေယာဉ် ၄စီးနဲ့ လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့သလို ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘော တစ်စီးကလည်း လက်နက်ကြီးအချို့ တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ အရင်က သူတို့ရဲ့ တပ်စခန်းနေရာဖြစ်တဲ့ ခလရ(၅၅)တပ်ရင်းအနီး ဝန်းကျင်ကို ဗုံးကြဲခဲ့ရာ အနီးအနားမှာ စစ်ရှောင်နေတဲ့ မိသားစုလိုက် သေဆုံးခဲ့ရသလို ကလေး ၂ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်မှာ မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ်ဖြစ်တယ် လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

◾️မင်းတပ်မြို့ကို စစ်တပ် ဗုံးကြဲလို့ကလေးငယ် အပါအဝင် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် အရပ်သားပြည်သူအချို့ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မတ် ၃၁ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မင်းတပ်မြို့နယ်ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ အရင်ကလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

◾️မင်းအောင်လှိုင်သမ္မတရာထူးယူမယ့်ကိစ္စ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော် အမတ်များ ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာအစိုးရသစ်ရဲ့ သမ္မတအဖြစ် ခန့်အပ်ဖို့ စစ်တပ်ရဲ့ ကြံစည်နေမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က စစ်တပ်ရဲ့လွှတ်တော်အသစ်မှာ မင်းအောင်လှိုင်ကို ဒုတိယ သမ္မတ တစ်ဦးအဖြစ် မဲပေးရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နောက်တစ်ဆင့် အနေနဲ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ဖို့ လမ်းပွင့်သွားစေတဲ့ အခင်းအကျင်းလို့လည်း ဆိုနိုင်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဘဝတုန်းက ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးနှိမ်ခဲ့တဲ့ မင်းအောင်လှိုင်သာ သမ္မတ ဖြစ်လာရင် မြန်မာပြည်သူတွေဟာ တူညီတဲ့ အခြေအနေတွေကိုပဲ ဆက်လက် ကြုံတွေ့ ခံစားနေရလိမ့်မယ်လို့ APHRက သတိပေးခဲ့ပါတယ်။

◾️ဖက်ဒရယ်ဦးဆောင်ကောင်စီကို ကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခု ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်းကို မတ်လ ၃၀ရက်မှာ ကြေညာခဲ့ရာ အဲဒီလို ဖွဲ့စည်းမှုကို ကြိုဆိုကြောင်း သဘောထား ဖော်ပြခဲ့ကြတာပါ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေနဲ့ ချမှတ်ထားသော စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရေး၊ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကို အပြီးတိုင်အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအား အပြီးတိုင်ဖျက်သိမ်းရေး နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးစတဲ့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ဟာ CDM ဝန်ထမ်းတွေရဲ့ ခိုင်မာသော ရပ်တည်ချက်၊ မျှော်မှန်းချက်တွေနဲ့ ထပ်တူကျလျက်ရှိဟု ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အထူးသဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အကြား “မျှဝေသုံးစွဲသော အချုပ်အခြာ အာဏာနဲ့ စုပေါင်းခေါင်းဆောင်မှု မူဝါဒများအပေါ် အခြေခံခြင်းဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ လျှောက်လှမ်းရာမှာ ခိုင်မာကောင်းမွန်သော အုတ်မြစ်တစ်ခု ဖြစ်လာမယ်လို့ ရှုမြင်ကြောင်း ဖော်ပြထားပါတယ်။
🔥93👍3🥰1