သရက်ချောင်းမြို့က စစ်ကောင်စီ တပ်ရင်းဌာနချုပ် ၂ခုနဲ့ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်
▪️မတ်လနောက်ဆုံးပတ်အတွင်း ဒရုန်းတိုက်ခိုက်မှု ၁၆ကြိမ်ပြုလုပ်ခဲ့ဟု T5 Wings ဒရုန်းတပ် အသိပေး
ဧပြီ-၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့က စစ် ကောင်စီရဲ့ တပ်ဌာနချုပ် ၂ခုဖြစ်တဲ့ ခမရ (၄၀၃) တပ်ရင်း၊(၄၀၅)တပ်ရင်း၊ရဲစခန်းနဲ့ မြို့တော်ခန်းမတို့အား ၆ရက်ဆက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း PDF ထားဝယ်ခရိုင် တပ်ရင်း(၂) T5 Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန် အသိပေးပါတယ်။
မတ်လ ၂၄ရက်ကနေ မတ်လ ၃၁ရက်အထိ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု အခြေအနေတွေကို အသိပေးထားတာဖြစ်ပါတယ်။
မတ်လ ၂၄ရက်က သရက်ချောင်းမြို့အတွင်းရှိ ရဲစခန်းကို ဒရုန်း ဗုံးသီး ၁လုံး ကြဲချခဲ့သလို မတ် ၂၅ရက်မှာ အဲဒီ ရဲစခန်းကိုပဲ ဒရုန်းနဲ့ သုံးကြိမ်ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မတ်လ ၂၆ရက်မှာ ရဲစခန်းကို ဒရုန်းနဲ့ ၁ကြိမ်၊ မြို့တော်ခန်းမကို နှစ်ကြိမ်၊ သရက်ချောင်း ခမရ(၄၀၃) တပ်ရင်းကို ၂ကြိမ် ဒရုန်းနဲ့ တိုက်ခိုက်ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မတ်လ ၂၇ရက်မှာလည်း သရက်ချောင်းမြို့တော်ခန်းမကို ၂ကြိမ်၊ စစ်ကောင်စီရဲ့ ခမရ(၄၀၅)တပ်ရင်းကို ၁ကြိမ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို မတ် ၂၈ရက်မှာ ခမရ(၄၀၅) တပ်ကို ၁ကြိမ်၊ မတ် ၃၁ရက်မှာလည်း ခမရ(၄၀၅) တပ်ကို ၃ကြိမ် ဒရုန်းတိုက်ခိုက်ဗုံးကြဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေကို ဖော်ပြမထားလို့ အခြေအနေတွေ မေးမြန်းနိုင်ဖို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
ဒရုန်းတိုက်ခိုက်မှုတွေကို ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီ နောင်စစ်ကြောင်း PBDF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုစစ်ဆင်ရေးတွေမှာပါဝင်တဲ့ T5 Wings ဒရုန်းတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ လအတွင်းကလည်း ခမရ(၄၀၃)၊ ကျောက်ရပ်ရွာနဲ့ ထားဝယ်မြို့အကြား စစ်ကောင်စီ စစ်ဆေးရေးဂိတ်(ပေါက်တိုင်းတံတား)နေရာ ၊ ထားဝယ်မြို့အဝင် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးများ နေထိုင်ရာနေရာ၊ ထားဝယ်မြို့ တနင်္သာရီတိုင်း ရဲဝန်ထမ်းအိမ်ရာ၊ ထားဝယ်မြို့ စုပေါင်းရုံး၊ စသုံးလုံးရုံး၊ ထားဝယ်ရဲစခန်း စတဲ့ စစ်ကောင်စီ တပ်ရှိရာနေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် သရက်ချောင်းမြို့နယ် ဝင်း၀တပ်စခန်းသိမ်းတိုက်ပွဲ မှာ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်ခဲ့သလို သရက်နှစ်ခွ စစ်ကောင်စီ ဂိတ်ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

👍34❤9🔥2🥰1😁1
(စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ တော်လှန်ရေးရဲဘော်တွေ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - T5 Wings)
❤27👍15🔥3🥰1
စစ်တပ်ကပြန်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်မှာ စစ်မှုထမ်းစတင် ခေါ်ယူ
ဧပြီ−၁၊၂၀၂၆၊ရှိန်း/ People's Spring
စစ်တပ်ကပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်မှုထမ်းဖို့ လူဦးရေ၁,၅၀၀ တောင်းထားပြီး ကျေးရွာတွေအလိုက် စတင်လူတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာတမြို့နယ်လုံးအနေနဲ့ ဧပြီလအတွက် စစ်မှုထမ်းရန် လူဦး ရေ ၁၅၀၀ စစ်တပ်က တောင်းထားပြီး ကျေးရွာတွေအတွင်းလည်း စစ်မှုထမ်းဖို့ လော်စပီကာတွေနဲ့လိုက်လံ အော်ဟစ် သတိပေးနေတယ်လို့ သိရပါတယ်။
"ရွာထဲကို ဒေသခံ တွေပြန်လာနေဖို့မြူစွယ်နေတာ။ပြန်လာနေတဲ့ အိမ်တွေကိုလည်း အထွက် ကန့်သတ်တာတွေ လုပ်နေတယ်။ပြီးတော့ တပ်စွဲထားတဲ့ စစ်တပ်ကို မိသားစုစာရင်းသွား ပေးရတယ်။စာရင်းတွေ အကုန်စကစဆီမှာရှိနေတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
မတ္တရာမြို့နယ်မှာ ကျေးရွာငယ်တစ်ရွာကို ၅ဦးနဲ့ ကျေးရွာအကြီးဖြစ်ပါက ၁၀ဦးကနေ ၁၅ဦးအထိ စစ်မှုထမ်းဖို့လူ တောင်းထားတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်ကို စစ်တပ်က ပြန်လည်ထိမ်းချုပ်ပြီးနောက် ၂၀၂၅ နိုဝင်ဘာမှာလည်း ကျေးရွာတချို့မှာ ရွာလုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ်တွေဖွဲ့ခဲ့ပါသေးတယ်။
ယခုတကြိမ်မှာ စစ်တပ်က တမြို့နယ်လုံးကို ထိန်းချုပ်ထားသလို ကျေးရွာအများစုမှာလည်း အထိုင်ချတပ်စွဲထားပြီး အတင်းကြပ်စစ်မှုထမ်းခေါ်ယူဖို့ ကြိုးစားနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်ကို မန္တလေး PDFထံကနေ ၂၀၂၅ ဩဂုတ်မှာ စစ်တပ်က ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ခဲ့တာပါ။

🤬40😡5👏3❤2👎2
မိုးကုတ်မှာ ကျောက်တောင်ပြိုကျလို့ ရေပိုက်လိုင်းတွေ ပျက်စီး၊ မြို့ပေါ်ရပ်ကွက်အချို့ ရေအခက်အခဲရှိနိုင်
ဧပြီ−၁၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းရေပေးဝေနေတဲ့ အဓိကပိုက်လိုင်းတွေ ပျက်စီးသွားတာကြောင့် မြို့ပေါ်ရပ်ကွက်တွေ ၄ရက်လောက် ရေအခက်အခဲရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဧပြီ ၁ ရက် မနက်ပိုင်းက ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းသို့ ရေသွယ်တန်းပေးထားတဲ့ ၆လက်မနဲ့ ၄ လက်မ ရေပိုက်လိုင်းများအပြင် အခြားဆက်စပ်ပစ္စည်းများပါ ပျက်စီးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
"ကျောက်မိုင်းခွဲခြင်း၊ ခဲများရှင်းလင်းခြင်း ပျက်စီးသွားသော ရေပိုက်များ ပြန်လည်သွယ်တန်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ပါသောကြောင့် သုံးလေးရက်ခန့်ကြာနိုင်ပါတယ်"လို့ ရေကော်မတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မြို့နယ်စည်ပင်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ရေကော်မတီတွေ ပူးပေါင်းကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ယခုကဲ့သို့ ရေပေးဝေရေး အခက်အခဲဖြစ်ရတာဟာ ရေအရင်းအမြစ်ထွက်ရှိရာ နေရာများအထိပါ စနစ်တကျမရှိဘဲ ကျောက်တူးဖော်နေကြခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ဝေဖန်ထောက်ပြကြပါတယ်။
"မြင်သမျှ ဂလိုင်ဖောက်ပြီး တူးကြတော့ဖြစ်တာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ ရေအရင်းအမြစ်ထွက်တဲ့နေရာတွေကိုပါ ကျောက်တူးကြသူတွေရှိနေတာကြောင့် ရေရရှိရေး အခက်အခဲဖြစ်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့ကို စစ်တပ်က ပြန်လည်အုပ်ချုပ်ပြီးနောက်ပိုင်း လာဘ်ငွေယူပြီး စနစ်တကျမရှိတဲ့ ကျောက်တွင်းလုပ်ကွက်တွေကို ခွင့်ပြုပေးနေမှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့် မိုးကုတ်မြို့ရဲ့ သဘာဝအရင်းအမြစ်နဲ့ ရေပေးဝေရေးစနစ်မှာ ရေရှည်မှာကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းရရှိပါတယ်။

🤬19👍6🔥5😱3❤2😢2
(ကျောက်တောင်ပြိုလို့ ပျက်စီးသွားသော ရေပိုက်အား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)
😢27🔥4🤬3❤1👎1
စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်
ဧပြီ-၁၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်တပ်ရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာလည်း စစ်ဘေးရှောင် တွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ သောက်ရေ သုံးရေရရှိဖို့ ရေတွင်းတူးဖော်ရန်အတွက် အလှူရှင်ကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သွားရောက် ကူညီလှူဒါန်းခဲ့ပါတယ်။
ဝက်လက်မြို့နယ် ရှားကွဲကျေးရွာနဲ့ ငါးကြင်းအိုင် ကျေးရွာမှ ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရတာ အချိန်ကြာမြင့်လာတာကြောင့် ဝက်လက်လူထုသပိတ်ဦးဆောင်ကော်မတီက ဆန်တွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။
ဝက်လက်ဒေသက စစ်ရှောင်ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရသော အချိန်ကြာမြင့်လာသောကြောင့် နေထိုင်စရာအခက်အခဲ၊ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝက်လက်လူထုသပိတ်က ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

👍22❤13🔥1🥰1
ဖက်ဒရယ်ဦးဆောင်ကောင်စီကို ကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခု ထုတ်ပြန်
ဧပြီ ၁၊၂၀၂၆။ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်းကို မတ်လ ၃၀ရက်မှာ ကြေညာခဲ့ရာ အဲဒီလို ဖွဲ့စည်းမှုကို ကြိုဆိုကြောင်း သဘောထား ဖော်ပြခဲ့ကြတာပါ။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေနဲ့ ချမှတ်ထားသော စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရေး၊ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကို အပြီးတိုင်အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအား အပြီးတိုင်ဖျက်သိမ်းရေး နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးစတဲ့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ဟာ CDM ဝန်ထမ်းတွေရဲ့ ခိုင်မာသော ရပ်တည်ချက်၊ မျှော်မှန်းချက်တွေနဲ့ ထပ်တူကျလျက်ရှိဟု ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အထူးသဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အကြား “မျှဝေသုံးစွဲသော အချုပ်အခြာ အာဏာနဲ့ စုပေါင်းခေါင်းဆောင်မှု မူဝါဒများအပေါ် အခြေခံခြင်းဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ လျှောက်လှမ်းရာမှာ ခိုင်မာကောင်းမွန် သော အုတ်မြစ်တစ်ခု ဖြစ်လာမယ်လို့ ရှုမြင်ကြောင်း ဖော်ပြထားပါတယ်။
CDM နိုင်ငံ့ဝန်ထမ်းတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ မည်သည့် ယန္တရားကို မဆို ငြင်းပယ်တော်လှန်ခဲ့ကြသူများဖြစ်တာနဲ့အညီ အခု ပေါ်လာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှုရှိသော ခေါင်းဆောင်မှုဖြင့် စုစည်းညှိနှိုင်းပေးခြင်းအားဖြင့် အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ပေးနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသစ် တစ်ခုဖြစ်ကြောင်း ယုံကြည်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးဟူသည့် ဘုံရည်မှန်းချက် အောင်မြင်နိုင်စေဖို့ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရရှိစေဖို့ အသွင်ကူးပြောင်းရေးကာလ အစီအမံများကို အကောင်အထည်ဖော်ဆောင်ရာမှာ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်သွားမယ်လို့လည်း သဘောထား ဖော်ပြပါတယ်။
အခု ပူးတွဲထုတ်ပြန်ချက်ကို ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ ပဲခူးဒေသ CDMနိုင်ငံ့ဝန်ထမ်းကောင်စီ၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ ၊မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်းနဲ့ ရှမ်းပြည်နယ် CDMကောင်စီ (ယာယီ)တို့ အတူပူးပေါင်း ထုတ်ပြန်ခဲ့တာပါ။

👍20🥰16❤11👏1🤮1