People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(သင်တန်းသားများအား သင်ကြားပို့ချနေစဥ် ဓာတ်ပုံ-MoHR)
👍35🥰5🔥1🥴1🫡1
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ
ပြီးခဲ့တဲ့ ရိုဟင်ဂျာဂျီနိုဆိုက်အရေးမှာရော ၊ အခုလက်ရှိအချိန်အထိ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ICC(နိုင်ငံတကာရာဇဝတ်ခုံရုံး)ကနေ ဖမ်းဝရမ်းထုတ်ဖို့ အတင်ခံထားရသူဖြစ်သလို အာဂျင်တီးနားခုံရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့သူဖြစ်တာကြောင့် ဒီလိုမျိုး စစ်ရာဇဝတ်သားတစ်ယောက်ကို သမ္မတရာထူး ပေးနိုင်တဲ့ အဆင့်အထိ ဖြစ်လာတာက စစ်တပ် အင်စတီကျူးရှင်းရဲ့ ကျရှုံးမှုကို တွေ့မြင်ရတယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုပါတယ်။

“စစ်တပ်က အထူးသဖြင့် တပ်မတော်က အင်စတီးကျူးရှင်းအနေနဲ့ သူ့ကို မဖယ်ရှားနိုင်ဘူး။ သမ္မတရာထူးပါ ဆက်ပေးရတာကို ကြည့်ရင် ဒီအင်စတီကျူးရှင်းရဲ့ကျရှုံးမှုကို သွားမြင်ရတယ်။ ဒီအင်စတီကျူးရှင်းထဲမှာ ရှိနေတဲ့ ဗိုလ်ချုပ်တွေ၊ နောက် တာဝန်ရှိသူတွေအမှားကိုသိသိရက်နဲ့သူရဲဘော
ကြောင်စွာ ဒါကို ဆက်ပြီးတော့ နေရာပေးတာကို သွားမြင်ရတယ်”လို့ မသဥ္ဇာရွှန်းလဲ့ရည်က ဆက်ပြောပါတယ်။

မင်းအောင်လှိုင်ဟာ ကာချုပ်ဆိုတဲ့ ရာထူးကနေ အာဏာသိမ်းခဲ့ပြီးရွေးကောက်ပွဲအတုလုပ်ကာ သမ္မတရာထူးနဲ့ ကျူးလွန်ခဲ့တာတွေကို ‘နိုင်ငံတော်တာဝန်အရ လုပ်ဆောင်ချက်’ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖုံးကွယ်ဖို့၊ ဥပဒေကြောင်းအရ လူ
သတ်မှုတွေကို အကာအကွယ်ယူဖို့ သမ္မတဆိုတဲ့ နေရာကို ကြိုးစားတာလို့ပဲ ရှုမြင်ကြောင်း အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်စင်က မှတ်ချက်ပြုပါတယ်။ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးကနေ အနားယူပြပြီး၊ အရပ်သားအသွင်ပြောင်း သမ္မတလုပ်ဖို့ ကြိုးစားတာက နိုင်ငံတကာနဲ့ ပြည်တွင်းမှာ တရားဝင်မှု(Legitimacy)ရဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒါဟာ အရေခွံလဲရုံသက်သက်ပဲလို့ အညာမြေတပ်ပေါင်းစုက ရှုမြင်ကြောင်းလည်း ပြောပါတယ်။

“အားလုံးသိတဲ့ အတိုင်းစစ်အာဏာသိမ်းပြီးနောက်
ပိုင်း ကျနော်တို့ အညာဒေသအပါအဝင် တစ်နိုင်ငံလုံးမှာ ကြုံတွေ့ခဲ့ရတဲ့ ဗုံးကြဲမှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မင်းအောင်လှိုင်ရဲ့ အဓိက ဆုံးဖြတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ သမိုင်းအမည်းစက်တွေပါ”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်တစ်ဦးအနေနဲ့ “ ငါ့တပ်၊ ငါ့အမိန့်” လို့ ဆိုခဲ့ပေမဲ့ အမှားအယွင်းတွေနဲ့ ပြည်သူ့နာကျင်မှုတွေအတွက် တာဝန်ခံရမယ့်အချိန်မှာ ရာထူးပြောင်းလဲပြီး ရှောင်လွှဲဖို့ ကြိုးစားတာဟာ လူကောင်းတယောက်၊စစ်သားကောင်းတယောက်ရဲ့ ရဲ့ စိတ်ဓာတ် မဟုတ်ကြောင်း သူက သုံးသပ်ပါတယ်။

“ပြည်သူတွေအတွက်ကတော့ ရာထူးပြောင်းသွားရုံ နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒီကျူးလွန်မှုတွေအတွက် သေသေချာချာကို တိတိကျကျ ပြန်ပေးဆပ်ရမှာပါ”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။


https://www.ludunwayoo.com/feature-mm/2026/03/17/151513/
👍356🔥3💩2😁1
မင်းအောင်လှိုင်သမ္မတရာထူးယူမယ့်ကိစ္စ လူ့အခွင့်
အရေးဆိုင်ရာအာဆီယံလွှတ်တော် အမတ်များ ကန့်ကွက်

ဧပြီ-၁၊၂၀၂၆။People's Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာအစိုးရသစ်ရဲ့ သမ္မတအဖြစ် ခန့်အပ်ဖို့ စစ်တပ်ရဲ့ ကြံစည်နေမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က စစ်တပ်ရဲ့လွှတ်တော်အသစ်မှာ မင်းအောင်လှိုင်ကို ဒုတိယ သမ္မတ တစ်ဦးအဖြစ် မဲပေးရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နောက်တစ်ဆင့် အနေနဲ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ဖို့ လမ်းပွင့်သွားစေတဲ့ အခင်း
အကျင်းလို့လည်း ဆိုနိုင်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဘဝတုန်းက ပြည်
သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးနှိမ်ခဲ့တဲ့ မင်းအောင်လှိုင်သာ သမ္မတ ဖြစ်လာရင် မြန်မာပြည်သူတွေဟာ တူညီတဲ့ အခြေအနေတွေကိုပဲ ဆက်
လက် ကြုံတွေ့ ခံစားနေရလိမ့်မယ်လို့ APHRက သတိပေးခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ စစ်တပ်ယူနီဖောင်း ချွတ်ပြီး သမ္မတရာထူး ရယူဖို့ ကြံစည်နေရင်း တခြားတစ်
ဖက်မှာလည်းဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်
ရေး ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ခြင်းက စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ် APHRက ယူဆထားပါတယ်။ရဲဝင်းဦးဟာအာဏာသိမ်းပြီးနောက်
ပိုင်း အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်
စက်မှုတွေကို ကွပ်ကဲခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ပြီး ရဲဝင်းဦးဟာ မင်းအောင်လှိုင်ရဲ့ အနီး
ကပ်ဆုံး မဟာမိတ်တစ်ဦး ဖြစ်နေတာကြောင့် မင်းအောင်လှိုင်ဟာ အရပ်ဖက် အစိုးရ ရာထူးကိုရော၊ စစ်တပ်ကိုပါ ဆက်လက် လွှမ်းမိုး ချုပ်ကိုင်ထားမှာဖြစ်ပြီး သူနဲ့ သူ့အဖွဲ့အစည်းက ကျူးလွန်ခဲ့တဲ့ ဆိုး
ယုတ်တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစရာ မလိုအောင် ဆက်လက် ဖုံးကွယ်ထားလိမ့်မယ်လို့ APHRက ဆိုပါတယ်။

စစ်တပ် ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်း၊ လူထုအပေါ် ဗုံးကြဲပြီး နေရပ်ရွှေ့ပြောင်းမှုတွေအတွက် ဖိအားပေးနေတဲ့ အခြေအနေမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကလည်းလူထုဆန္ဒအမှန်ကိုမထင်ဟပ်ကြောင်းလည်း APHRက ဆိုပါတယ်။

APHRက အာဆီယံ၊ ကုလသမဂ္ဂ (UN)နဲ့ နိုင်ငံ
တကာအသိုက်အဝန်းအနေနဲ့အာဏာသိမ်းစစ်တပ်အပေါ် ဆက်လက်ရှုတ်ချဖို့၊နိုင်ငံတကာလူ့အခွင့်
အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေအပေါ် ဆက်လက် လေးစား လိုက်နာပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး အားထုတ် ကြိုး
ပမ်းမှုတွေကို ဆက်လက် ထောက်ခံပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့နိုင်ငံတကာတုံ့ပြန် ကိုင်
တွယ်မှုတိုင်းဟာမြန်မာပြည်သူတွေရဲ့သဘော
ထားဆန္ဒ၊လူ့အခွင့်အရေး၊ဒီမိုကရေစီ အားထုတ်မှု၊ တရားမျှတမှုတွေကိုအလေးထားပြီးစစ်အာဏာ
ရှင် စနစ်အပေါ် နိုင်ငံတကာ စုစုစည်းစည်း တွန်း
လှန်မှုကို ထင်ဟပ်စေဖို့ လိုအပ်ကြောင်းလည်း APHRရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား- APHR
👍402🥰2😁1
အာဏာသိမ်း​ခေါင်း​ဆောင်နဲ့ တပ်ချုပ်သစ်တို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ
🖕32👎8🤮7💩54🔥1
စစ်တပ်ကသံတွဲမြို့ နဲ့ ငပလီကမ်းခြေကိုဗုံးကြဲ

ဧပြီ-၁၊၂၀၂၆။ဇော်ရမ်း/People's Spring

သံတွဲမြို့ နဲ့ ငပလီကမ်းခြေကို စစ်တပ်ကဒီနေ့ နေ့ခင်း ၁၂ နာရီခန့်စပြီး ဂျက်ဖိုက်တာ ၊Y-12 ​လေယာဥ်​​တွေနဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"အရပ်သားတွေကို ကြဲတာ။အထိအခိုက်နည်းပါစေပဲဆုတောင်းနေရပါတယ်" လို့ သံတွဲမြို့ကနေ စစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နေ့ခင်း ၁၂ နာရီခန့်ကနေ ၁နာရီခန့်အတွင်း ဂျက်ဖိုက်တာ ​လေးစီး၊ Y12 တစ်စီးနဲ့ ဈေးအပါအဝင် မြို့ထဲနေရာတွေကိုဗုံးပတ်ကြဲသွားလို့ ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ ရခိုင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ ရခိုင်ပြည်နယ်ကို ပစ်မှတ်ထားပြီး လေကြောင်းအင်အားသုံး ဗုံးကြဲတဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA) သိမ်းယူထားတဲ့ သံတွဲနဲ့
ငပလီမြို့ကို ၂၀၂၅ ဒီဇင်ဘာလ၂၉ရက်နေ့ညမှာ စစ်တပ်က ဗုံးကြဲလို့ ကလေးငယ်သုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့ဖူးပါတယ်။ ဒီနေ့ တိုက်ခိုက်မှုမှာ ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။
🤬42🔥2👎1
စစ်တပ်​ရဲ့အခမ်းအနားတစ်ခုမှာ ​လေ့ကျင့်ပျံသန်း​နေတဲ့ စစ်တပ်တိုက်​လေယာဥ် ၂စီး။ဓါတ်ပုံ-AFP
👎15🖕13🤬51
မုံရွာမြို့နယ်မှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေ လိုက်လံဝယ်ယူနေ

​ ဧပြီ−၁၊ ၂၀၂၆။ဇေအောင်/People's Spring

​မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ဝယ်ယူသူတွေဟာ ကျေးရွာနေပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်တွေကို အသုံးပြုကာ ငွေလွှဲအကောင့်သစ်တွေ ဖွင့်ခိုင်းပြီး ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

"အကောင့်လာလုပ်(လာရောင်း)ကြတာ‌ကတော့တရက် တစ်ရာကျော်လောက်လာလုပ်နေကြတာ။ ဝယ်တဲ့သူတွေက အနည်းဆုံး ဆယ်ယောက်လောက်တော့ ရှိမယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း မန္တလေးမြို့နဲ့အနီးတဝိုက်မှာ "ကျားဖျန့်" ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက အခုလို အကောင့်ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ပြီး ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရဖူးပါသေးတယ်။ ဒါ့အပြင် မိတ္ထီလာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေဘက်မှာလည်း အခုလို အကောင့်ဝယ်ယူတာတွေရှိခဲ့ကြောင်း သိရပါတယ်။

အကောင့်ဝယ်ယူသွားသူတွေဟာ အဲဒီအကောင့်ကို အသုံးပြုပြီး ငွေလိမ်လည်တာ၊ အွန်လိုင်းလောင်းကစားပြုလုပ်တာ သို့မဟုတ် တရားမဝင်ငွေကြေးတွေ စီးဆင်းတာတွေ ရှိပါက အကောင့်ပိုင်ရှင် (မှတ်ပုံတင်ပိုင်ရှင်)ဟာ ပထမဆုံး တရားခံအဖြစ် ဖမ်းဆီးအရေးယူခံရမှာဖြစ်ကြောင်း၊ ယခုလို မုံရွာမြို့နယ်အတွင်းက ရွာတွေမှာ ဘဏ်အကောင့်တွေဝယ်ယူတာဟာ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေက ငွေကြေးခဝါချဖို့အတွက် အသုံးပြုဖို့ ဖြစ်နိုင်ခြေရှိကြောင်း နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
👎156🔥4🗿2🤔1🤬1
🔥9👍7
ချောက်မြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်ကို PDF တိုက်ခိုက်

စစ်တပ်က ကျေးရွာ သုံးရွာ မီးရှို့ဖျက်ဆီး

ဧပြီ−၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကျေးရွားသုံးရွာ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၅၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

တလုံးသွေးရွာ၊ ပြရွာနဲ့ ကန်တောက်ကျောင်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

မတ်လ ၂၁ရက်ကစတင်ပြီး ကျေးရွာ ၁၀ရွာလောက်ကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ရာ တပတ်ကြာမြင့်ခဲ့ပြီး တလုံးသွေးရွာ၊ ပြရွာနဲ့ ကန်တောက်ကျောင်းရွာတွေက ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

သလုံးသွေးရွာက နေအိမ် ၂၄ အိမ်၊ ပြရွာက နေအိမ် ၁၀၀ကျော် နဲ့ စာသင်ကျောင်းဆောင်ကြီးတစ်ဆောင်၊ ကန်တောက်ကျောင်းရွာက နေအိမ်၂၀ကို မီးရှို့ဖျက်စီးခဲ့ကြောင်း PDF မကွေးခရိုင် တပ်ရင်း(၃)က အသိပေးပါတယ်။

“သူတို့က ကြောက်အောင်လုပ်တာ။ စစ်ကိုင်းတိုင်းထဲက ရွာတွေကိုလည်း အခုလိုပဲ ကြောက်အောင်လုပ်ပြီး မီးရှို့နေတာပဲ။ သူတို့ကို ပိုမုန်းကြတာပေါ့။” ဒေသခံတစ်ဦးက စစ်တပ်ရဲ့ ကျေးရွာတွေမီးရှို့မှု လုပ်ရပ်နဲ့ပတ်သက်ပြီး ပြောပါတယ်။

အဲဒီစစ်ကြောင်းကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃)တပ်ရင်း (CRA) ၊ မကွေးခရိုင် အမှတ်(၁)တပ်ရင်း၊ မကွေးခရိုင်အမှတ် (၂)တပ်ရင်းများ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Rocketများ၊ ဒရုန်းများ၊ လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ မိုင်းများနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဖော်ပြပါတယ်။

မကွေးခရိုင်စစ်ဌာနအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များအနေနဲ့ တော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းကာ အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲများ အရှိန်မြှင့် ဖော်ဆောင်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ ချောက်မြို့နယ်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ကျောက်ပန်းတောင်းမြို့နယ်မှာလည်း စစ်ကြောင်းထိုးလျက်ရှိပြီး ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်လျက်ရှိကြောင်း ကျောက်ပန်းတောင်းဒေသခံ သတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
👍315🔥2🤬2🥰1
(မကွေးခရိုင်အမှတ်(၃)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − မကွေးခရိုင်အမှတ်-၃ တပ်ရင်း)
28🫡4🔥2🥰2👍1
တပ်မဟာ(၃)နယ်မြေက စစ်တပ်ဂိတ်စခန်း KNUပူးပေါင်းတပ် စီးနင်းတိုက်ခိုက်

စစ်တပ်အရာရှိ အပါအဝင် ၅ဦးသေ၊ လက်နက် ၆လက်ရ

ဧပြီ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်က သာယာကုန်းနဲ့ ခြံကြီးရွာကြား မီးရထားလမ်း (၁၄၆) တံတားမှာ အခြေချတဲ့ စစ်တပ်ဂိတ်စခန်းကို မတ်လ ၃၁ရက်ညက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ည ၁၀နာရီခွဲမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး လက်နက်ငယ် ၆လက်နဲ့ ကျည်တွေသိမ်းရခဲ့ကြောင်း အသိပေးပါတယ်။ သေဆုံးသူတွေထဲမှာ အရာရှိ တစ်ဦး ပါဝင်တယ်လို့လည်း အသိပေးပါတယ်။

စစ်ဆင်ရေးမှာ တော်လှန်ရေးပူးပေါင်းတပ်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီ စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၉) တပ်ခွဲ (၃)မှဦးဆောင်ပြီး ပူးပေါင်းစစ်ကြောင်းက ဖော်ဆောင်ခဲ့တာဖြစ်ပြီး စခန်းတဲ ၃လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေတွေသိရဖို့ KNU ညောင်လေးပင်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

KNUနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ ပူးပေါင်းပြီး မတ်လ ၃၀ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီတရပ်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ဦးဆောင်ကော်မတီ ဖွဲ့စည်းတာဟာ စစ်အာဏာရှင်စနစ်ဖယ်ရှားဖို့ တော်လှန်ရေးအရှိန်မြှင့်ဖို့ ပြည်ထောင်စုတည်ဆောက်ဖို့ ဖြစ်ကြောင်း ဦးဆောင်ကော်မတီခေါင်းဆောင်တွေက ရှင်းပြထားပါတယ်။
👍37👏86🔥2
(မီးရထားလမ်း (၁၄၆) တံတားမှာ အခြေချတဲ့ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်အပြီးသိမ်းရသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − KNU)
👍44🥰2🔥1👏1
မြစ်ဆုံစီမံကိန်းအပြီးဖျက်သိမ်းဖို့ ကချင်ပြည်နယ်လူ့အခွင့်အရေးကာကွယ်သူများကွန်ရက် တောင်းဆို

ဧပြီ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

မြစ်ဆုံရေကာတာ စီမံကိန်းအပြီးတိုင်ဖျက်သိမ်းဖို့ အပါအဝင် အချက် ၃ချက်ကို တောင်းဆိုကြောင်း ကချင်ပြည်နယ်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကွန်ရက်က ဧပြီ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

" မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်လာခြင်း"အပေါ် ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) အပါအဝင် အဖွဲ့ ၆ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်က ဒီကနေ့မှာ သဘောထား ထုတ်ပြန်ခဲ့တာပါ။

ကွန်ရက်က တောင်းဆိုခဲ့တဲ့ အချက် ၃ချက်ရှိပြီး အဲဒါတွေက ပြည်သူလူထု၏ သဘောထားဆန္ဒများကို အပြည့်အဝ လေးစားလိုက်နာဖို့၊ စီမံကိန်းကို ကန့်ကွက်သည့် ပြည်သူများအပေါ် အရေးယူမည်ဟု ခြိမ်းခြောက်နေမှုများကို ချက်ချင်း ရပ်တန့်ဖို့၊ ဒေသခံပြည်သူများနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းဖို့ ဆိုတာတွေဖြစ်ပါတယ်။

" အဓိကတော့ မြစ်ဆုံစီမံကိန်းက လူထုအားလုံးကို အကျိုးပြုမယ့် စီမံကိန်းမဟုတ်တဲ့အတွက်ကြောင့် ပြည်သူလူထုအားလုံး ဆက်လက်ပြီးမှ ကျနော်တို့အားလုံး အတူတကွ ကန့်ကွက်ကြဖို့ ပြောချင်ပါတယ်” လို့လည်း ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

စီမံကိန်းတည်ဆောက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များကြောင့် လုံးဝမတည်ဆောက်ဖို့ ဒေသခံပြည်သူများ၊ မြန်မာနိုင်ငံသူ/သားများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်စွာ ကန့်ကွက်ခဲ့လို့ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို အခု အခါ ပြန်စတင်ဖို့ ကြိုးပမ်းလာတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကွန်ရက်က ဖော်ပြထားပါတယ်။

ယခုတစ်ဖန် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လုပ်ဆောင်နိုင်ဖို့ မြစ်ကြီးနားမြို့နေ ပြည်သူများကို စည်းရုံးသိမ်းသွင်းခြင်း၊ ရုံးတွင်း ညွှန်ကြားချက် (သို့မဟုတ်) အမိန့်တွေက တဆင့် “မြစ်ဆုံစီမံကိန်းဆိုင်ရာ သက်သေအချက်အလက် အခိုင်အမာမပြနိုင်ဘဲ ကန့်ကွက်ပါက အရေးယူမည်”လို့ ခြိမ်းခြောက်ပြောဆိုခြင်း၊ မက်လုံးပေးခြင်း အစရှိတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာ တွေ့ရကြောင်းလည်း ကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

" ပြည်သူများက မည်မျှပင် ကန့်ကွက်နေစေကာမူ သက်ဆိုင်ရာ အာဏာပိုင်များသည် မြစ်ဆုံစီမံကိန်းကို မရမက (ရသည့်နည်းဖြင့်) အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ကို ကြားသိနေရပါသည်။
ယခုကာလသည် တစ်နိုင်ငံလုံး ပြည်တွင်းစစ်ဖြစ်ပွားနေသော အချိန်အခါဖြစ်ရုံသာမက၊ အများပြည်သူ၏ သဘောထားအမှန်ကို ရယူရန် လုံးဝမဖြစ်နိုင်သော ကာလဖြစ်သည်။ ဤသို့ နိုင်ငံရေးမတည်ငြိမ်သော အချိန်၌ အခွင့်ကောင်းယူကာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် လုပ်ဆောင်ခြင်းသည် အများပြည်သူနှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ သဘောထားများကို လုံးဝ လျစ်လျူရှုရာရောက်သည်ဟု မြင်မိပါသည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သိန်းနဲ့ချီသော ပြည်သူများ စစ်ဘေးရှောင်နေရချိန် မြစ်ဆုံစီမံကိန်းကြောင့် တစ်ပူပေါ် တစ်ပူဆင့်ကာ နောက်တစ်ဖန် ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ရမယ့်အရေး အလွန် စိုးရိမ်မိကြောင်းလည်း ဖော်ပြပါတယ်။ ဒါ့အပြင် ကာလကြာရှည်စွာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်း အခုလို မြစ်ဆုံဆည် တည်ဆောက်ရန် ကြိုးပမ်းတာဟာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကြား ယုံကြည်မှုကို ပိုမိုကင်းမဲ့စေမည့်အပြင်၊ နောင်တွင် မလိုလားအပ်သော ပဋိပက္ခများကို မီးစထိုးပေးရာရောက်စေကြောင်းလည်း သတိပေးပါတယ်။

ကျွမ်းကျင်ပညာရှင်များရဲ့ သုံးသပ်ချက်များအရ မြစ်ဆုံစီမံကိန်းကြောင့် ရရှိလာမည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ အလွန်ကြီးမားကြောင်း၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နဲ့ မျိုးစိတ်များ ပျက်စီးပျောက်ကွယ်ခြင်း၊ ရေကြီးရေလျှံဖြစ်ပေါ်ခြင်း၊ ရေလမ်းကြောင်းများ ပျက်စီးခြင်းနှင့် သဲသောင်ထွန်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သတိပေး ထောက်ပြထားပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်သူ/သားများအတွက်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးရမည့်အပြင်၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှီခိုလုပ်ကိုင်စားသောက်နေသူများရဲ့ အသက်မွေးဝမ်းကျောင်းမှုများကိုပါ ဆုံးရှုံးရမယ်လို့ ကွန်ရက်က ထုတ်ပြန်ပါတယ်။

အဆိုးရွားဆုံးအချက်မှာ မြေပထဝီအနေအထားအရ သဘာဝငလျင်အန္တရာယ်ကြောင့် သော်လည်းကောင်း၊ လက်နက်ကြီးထိမှန်မှုများကြောင့် သော်လည်းကောင်း တာရိုးကျိုးပေါက်သွားခဲ့ပါက မျက်စိတစ်မှိတ်အတွင်း မြစ်ကြီးနားမြို့နေ ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမည့် အန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ကြောင်း ဖော်ပြထားပါတယ်။
👍404👏2🤮2🥰1
၂၀၂၅ နှစ်ကုန်ပိုင်းမှာ အရင်အာဏာသိမ်းဒုစစ်ခေါင်းဆောင် စိုးဝင်းမြစ်ကြီးနားမြို့ လာရောက်စဉ် ရေအားလျှပ်စစ်ဟာ စျေးအသက်သာဆုံးလို့ပြောကြားပြီးမြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီလို ပြောကြားပြီး စစ်ကောင်စီ ဝန်ကြီးတွေ၊ ပြည်နယ်တာဝန်ရှိသူတွေက မြစ်ကြီးနားဒေသခံတွေကို ခြိမ်းခြောက်တာ၊ မက်လုံးပေးတာ လူထုတွေကို စည်းရုံးတာ စတဲ့ နည်းမျိုးစုံသုံးပြီး စီမံကိန်း ပြန်လုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကြိုးပမ်းမှုအပေါ် ကချင်ဒေသခံပြည်သူတွေက စီမံကိန်း ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်မှုတွေ အခါအားလျော်စွာ လုပ်ဆောင်လာသလို ပညာရှင်တွေကလည်း စီမံကိန်းမလုပ်သင့်ကြောင်း ကြေညာချက်တွေထုတ်ပြန်ထားတာရှိပါတယ်။

စစ်ကောင်စီက မြစ်ဆုံဆည် (မြစ်ဆုံ ရေကာတာ) ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်တွေက ဇန်နဝါရီ ၁၅ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ရာ မြစ်ဆုံစီမံကိန်း လုပ်ရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားတဲ့ ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ သဘောထားကြေညာချက် ထုတ်ပြန်တဲ့ ဘူမိသိပ္ပံပညာရှင်တွေဟာ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာနဲ့ ကမ္ဘာအရပ်ရပ်တွင် အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ပညာရှင်တွေဖြစ်ပြီး စစ်ကောင်စီက မြစ်ဆုံဆည်စီမံကိန်း လုပ်ဆောင်ဖို့ ပြင်ဆင်လာတဲ့အပေါ် အခုလို သဘောထား ထုတ်ပြန်ခဲ့တာပါ။

မြစ်ဆုံဒေသဟာ ဒေသခံတိုင်းရင်းသား ပေါင်းစုံတို့ရဲ့ ရိုးရာအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်များ ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျား ခံရာ နေရာလည်းဖြစ်လို့ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ကြောင်း ဘူမိပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဦးစွာဖော်ပြထားပြီး မြစ်ဆုံဆည် စီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုအပေါ် ပညာရပ်ဆိုင်ရာ အချက်အလက်တွေအရ “မြစ်ဆုံဆည်ဆောက်လုပ်ရန် လုံးဝမသင့်တော် ကြောင်း” အကြံပြုထားပါတယ်။ငလျင်ဘေးကြုံရနိုင်တာ၊ ဆည်ကျိုးကျနိုင်တာ၊ မြေပြိုတာ၊ ဧရာ၀တီ မြစ်ကြောင်းတလျှောက်နဲ့ မြှစ်ဝှမ်းဒေသ စိုက်ပျိုးရေးထိခိုက်နိုင်တာ အပါအဝင် ပညာ ရပ်ဆိုင်ရာ အချက်တွေကို ဖော်ပြပြီး ဆည်မလုပ်သင့်ကြောင်း အကြံပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံကဲ့သို့သောနေရာမှာ ကြီးမားတဲ့ ရေကာတာတည်ဆောက်ပါက ရေကာတာကြီး ကြောင့် ဖိအားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်တွေ ဖြစ်ပေါ်လာနိုင်တာ၊ သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ မြစ်ဆုံဒေသရဲ့ မေခနဲ့ မလိခမြစ်ဝှမ်းတစ်လျှောက်ဟာ တန်ဖိုးကြီးပြီး စီပွားဖြစ်ထုတ်လုပ်နိုင်မယ့် ရွှေနဲ့ မြေရှား သတ္ထုသိုက်ကြီးတွေ အပါအဝင် အဖိုးတန်သယံဇာတတွေ တွေ့ရှိနိုင်မယ့် ဒေသ ဖြစ်တာ၊ မြစ်ဆုံဒေသမှာ မိုးသည်းထန်ခြင်း၊ မတ်စောက်သော တောင်တန်းများရှိခြင်းနဲ့ မတည်ငြိမ် သော ဘူမိဗေဒအနေအထားတွေကြောင့် မြေပြိုမှုကြီးများဖြစ်ပေါ်လာနိုင်တာ တွေကို ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဓိက မြစ်ကြီးတလျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းဟာ သဘာဝ အတိုင်း ဖြစ်ပေါ်နေတဲ့ အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနု အပေါ်မှီခိုနေရတဲ့ မြစ်ဝှမ်း တလျှောက် ကိုင်းကျွန်းလုပ်ငန်းတွေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ရဲ့ စိုက်ပျိုးရေးကို ထိခိုက် နိုင်တာကိုလည်း ထောက်ပြထားပါတယ်။


ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသမှာ ဆည် ၇ ခု ဆောက်လုပ်ပြီး၊ အခြေအနေ အကြောင်းကြောင်းကြောင့် တစ်ပြိုင်နက် ပျက်စီးမယ်ဆိုရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားသော ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်တာကို သတိပေးထားပါတယ်။

မြစ်ဆုံကဲ့သို့ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်ရင် ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုးပြီးနိုင်ငံတွေ အပါအဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဥပမာပေး ဖော်ပြပါတယ်။ဒီလို ဥပမာပေးရာမှာ မြစ်ဆုံဆည်လုပ်ဖို့ လိုလားနေတဲ့ တရုတ်နိုင်ငံတွင် ၁၉၅၄ မှ ၂၀၂၃ အထိ နှစ်ပေါင်း ၇၀နီးပါးအတွင်း ရေကာတာပေါင်း ၃၆၀၀ ကျိုးကျ ပျက်စီး ခဲ့တာရယယ် အဲဒီအထဲမှာ ဘန်ချောင်ဆည်( Banqiao ရေကာတာ) ကျိုးကျမှုကြောင့် လူပေါင်း နှစ်သိန်းသုံးသောင်း – ၂၃၀၀၀၀ သေဆုံးခဲ့တာကို မြန်မာဘူမိပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဥပမာပေး ဖော်ပြထားပါတယ်။အဲဒီလို အချက်အလက်တွေကြောင့် မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းဟာ “လုံးဝ” မလုပ်သင့်သော စီမံကိန်းဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မြစ်ဆုံစီမံကိန်း လုပ်ရင် အစားထိုးမရတဲ့ သဘာ၀ပတ်ဝန်းကျင် ဆိုးကျိုးတွေကြုံရမယ်လို ဇန်နဝါရီ ပထမပတ်မှာ အစိုးရရဲ့ သဘောထားကို ဖော်ပြပြီးသတိပေးပါတယ်။
29👍10👏4🤮3🥰1🤬1
(မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်း မြစ်ကြီးနားမြိူ့ဒေသခံတွေ ၂၀၂၅က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ပေးပို့)
👍457👏4🤮3🥰1😁1
စလင်းမှာ စစ်သားနဲ့ ရဲတွေကို ဒေါင်းညီနောင်ပြောက်ကျားတပ် တိုက်ခိုက်

ဧပြီ−၁၊၂၀၂၆။မိုမို/People's Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးဦးသေပြီး ခဲယမ်းအချို့ရတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့(ဧပြီ ၁ရက်) မနက် ၈ နာရီခန့်က စစ်တပ်နဲ့ရဲ အင်အား ၃၀ခန့်နဲ့ တပ်စွဲထားတဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းက ထွက်လာတဲ့ ရဲနဲ့စစ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဒီကောင်တွေ ဆိုင်ကယ်သုံးစီးနဲ့ ခြောက်ယောက်ထွက်လာတာကို တိုက်ခိုက်ခဲ့တာ။အခု လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေရှိတယ်။စလင်းမြို့ဘက်ကလည်း လင်းဇင်းကို စစ်ကူကား ထွက်လာတာရှိတယ်"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုက စလင်း-ကံပြား လမ်းပိုင်းပေါ်ကနေ ဖြတ်သန်းတဲ့ ပြည်သူတွေရဲ့ သစ်ကား၊ဝါးကား၊ကုန်ကားတွေကို အတင်းအဓ္ဓမ ငွေကြေးကောက်ခံတာတွေ နေ့စဉ်လုပ်နေလို့ ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲတစ်ဦး မျက်မြင်သေဆုံးပြီး ဒဏ်ရာရသွားတဲ့ စစ်သားနှစ်ဦးဟာလည်း စလင်းဆေးရုံမှာ သေဆုံးတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ပစ်ဗုံးနှစ်လုံး၊ ဖုန်းနဲ့ အိတ်တွေအပါအဝင် ဆပ်ကြေးကောက်ထားတဲ့ ပိုက်ဆံ ငါးသောင်းကျော် သိမ်းရခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

စလင်းမြို့နယ်က စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်း အနီးမှာ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာခြောက်ရွာက ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
👍30🥰5👏2😁1
(ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − ဒေါင်းညီနောင်ပြောက်ကျားတပ်)
👍27🥰11🫡2😁1
လူလတ်တန်းစား ရွှေ့ပြောင်း မြန်မာတွေကြောင့် ချင်းမိုင်ရဲ့ စီးပွားရေးအတွက် ကောင်းကျိုးတွေ ရရှိလာ

ဧပြီ-၁၊၂၀၂၆။People's Spring

မြန်မာနိုင်ငံသားလူလတ်တန်းစား မိသားစုတွေ ပြောင်းရွှေ့ အခြေချလာခြင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ စီးပွားရေး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

Surin Pitsuwan ဖောင်ဒေးရှင်းရဲ့ အဆိုအရ လူလတ်တန်းစား မြန်မာ မိသားစုတွေ ရွှေ့ပြောင်း အခြေချလာတဲ့အခါ ချင်းမိုင်ရဲ့ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ငွေအရ အကျိုး
ကျေးဇူးတွေ ဖြစ်ထွန်းလာခဲ့တယ်လို့​ဖော်ပြပါတယ်။

၂၀၂၅ နှစ်လယ်ထိ အခြေအနေအရ ချင်းမိုင်မှာ မြန်မာ ရွှေ့ပြောင်း အခြေချသူ ၆၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ Surin Pitusuwan
က ခန့်မှန်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာ
သိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေက ချင်းမိုင်မှာ မြန်မာ
နိုင်ငံသားတွေ အခြေချမှုကို တွန်းအားဖြစ်စေခဲ့တယ်လို့ အဲဒီ ဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာ အာဏာသိမ်း စစ်တပ်က ပြဋ္ဌာန်းလိုက်တဲ့ စစ်မှု မထမ်းမနေရ ဥပဒေကြောင့် ချင်းမိုင်ကို ရွှေ့ပြောင်းလာတဲ့ မြန်မာတွေရဲ့ အခြေ
အနေက အရင်နဲ့ ကွဲပြားမှု ရှိလာတယ်လို့ ဆိုပါတယ်။အရင်ကထိုင်းနိုင်ငံဆီရောက်လာတဲ့ မြန်မာ အများစုဟာ ပညာရှင်တွေ မဟုတ်တဲ့ အလုပ်သ
မား အများစု ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ၂၀၂၄ နောက်
ပိုင်း ချင်းမိုင်ကို ဝင်ရောက်လာသူတွေထဲမှာ ကျွမ်း
ကျင်သူတွေ၊စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်း
သားတွေ၊ ဒစ်ဂျစ်တယ် ပညာရပ်ဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်လာပါတယ်။

အဲဒီ ရွှေ့ပြောင်းလာသူတွေထဲမှာ တက္ကသိုလ် ဘွဲ့ရတွေ၊ ကြေးရတတ်တွေလည်း ပါဝင်တာကြောင့် ချင်းမိုင်ကို ဘဏ္ဍာရေး အရင်းအမြစ်တွေနဲ့ နိုင်ငံ
တကာကျွမ်းကျင်မှု၊အတွေ့အကြုံတွေစီးဝင်သလို ဖြစ်လာပါတယ်။

ဒီအခြေအနေဟာ လုပ်သားရွှေ့ပြောင်းမှု သမား
ရိုးကျ အခြေအနေတွေနဲ့ ကွဲပြားနေတယ်လို့ အစီ
ရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ ရွှေ့ပြောင်းမှု ပုံစံကို ရှင်သန်ခွင့်တစ်ဝက် ပုံစံလို့လည်း သုံးသပ်ပြထားပြီး လူတွေက မြင့်မားတဲ့ လုပ်ခလစာ ရဖို့ထက် တည်ငြိမ်တဲ့ အခြေအနေကို မျှော်လင့်ပြီး ရွှေ့ပြောင်း အခြေချကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ယဉ်ကျေးမှု နီးစပ်တာ၊အခြေခံ အ
ဆောက်အအုံတွေ ကောင်းမွန်ပြီး ပညာရေး၊ ကျန်း
မာရေးဝန်ဆောင်မှုလုပ်ငန်းတွေဖွံ့ဖြိုးတာကြောင့်
လည်း ပြည်တွင်း မငြိမ်သက်မှုတွေကို စွန့်ခွာလာတဲ့မြန်မာလူလတ်တန်းစားမိသားစုတွေအတွက် ဘေးကင်းလုံခြုံရာနယ်မြေတစ်ခု ဖြစ်လာပါတယ်။

နောက်ပြီး မြို့ရဲ့ဝင်ငွေဖန်တီးမှု ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ ဝန်ဆောင်မှု စီးပွားရေး ကဏ္ဍတွေမှာလည်း မြန်မာနိုင်ငံသားတွေရဲ့ ပါဝင်အကျိုး
ပြုမှုက မြင့်တက်လာခဲ့ပါတယ်။ နောက်ပြီး ၂၀၂၁ ခုနှစ်ကစလို့ချင်းမိုင်မှာမြန်မာနိုင်ငံသားပိုင်စီးပွား
ရေးလုပ်ငန်း ၁၁၀ ထက်မနည်း ထူထောင်လာပြီး အများစုကအစားအသောက်နဲ့ဟိုတယ်ခရီးသွား လုပ်ငန်းတွေမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီ စီးပွားရေး လုပ်ငန်း အများစုဟာ မြေငှားခ၊ ဓာတ်အားခနဲ့ တခြား အခွန်အခတွေ အပါအဝင် အသုံးစရိတ်တွေကို ထိုင်းနိုင်ငံထဲမှာပဲ ပြန်လည် အသုံးပြုကြပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ မြန်မာတွေ ပိုမို ဆက်နွှယ် ပတ်သက်လာသလို ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူ အသုံးပြုမှုကနေလည်း ချင်းမိုင်ရဲ့ စီးပွားရေးကို အထောက်
အကူ ပြုနေပါတယ်။

ချင်းမိုင်ရဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေတဲ့ နိုင်ငံရပ်ခြားလူနာအားလုံးရဲ့သုံးပုံတစ်ပုံလောက်ဟာ မြန်မာတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းတွေမှာလည်းမြန်မာမိသားစုတွေရဲ့ ကျောင်းဝင်ကြေး ပေးသွင်းမှုဟာ တစ်နှစ်ကို ဘတ် ၅၀၀၀၀၀လောက်ထိတိုးလာပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့ အခြေအနေ တစ်ခုအဖြစ် ဦးနှောက်တွေ အလဟဿ ပြုန်းတီးနေမှု ပြဿနာကို အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင်တွေဟာ လူမှန် နေရာမှန်မှာ ရှိမနေတာ ဖြစ်ပါတယ်။ ဥပမာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ခေတ်ပညာတတ်တွေဟာ စားသောက်ဆိုင်တွေ၊ လုပ်ငန်းငယ်လေးတွေ၊ ဒါမှမဟုတ်သူတို့ရဲ့ ပရော်ဖက်ရှင်နယ်နဲ့ မဆိုင်တဲ့ အလွတ်တမ်း အလုပ်တွေမှာပါဝင်လုပ်ကိုင်ရင်းအသက်မွေးနေရတာကို ဆို
လိုတာပါ။

မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွေက ခန့်မှန်းရ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရှေ့ဆက်နေချိန်မှာ ချင်းမိုင်ကတော့ လူလတ်တန်းစား မြန်မာ မိသားစု အများအပြားအတွက် ခိုလှုံရာ နဲ့ စီးပွားရေး အင်
ဂျင်သစ်တစ်ခုအဖြစ် ပိုမိုပီပြင်လာနေတယ်လို့လည်း Surin Pitsuwan ဖောင်ဒေးရှင်းက သုံး
သပ်ထားခဲ့ပါတယ်။

ကိုးကား- Thai PBS
23👍17🥰1🤮1
ချင်းမိုင်မြို့လယ်တ​နေရာကို ​တွေ့ရစဥ်။
ဓါတ်ပုံ-Berlitz
👍31🤮1
မြန်မာ့လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် အမေရိကန်ဝါရင့်သံတမန်တစ်ဦးကို ကုလ ခန့်အပ်

ဧပြီ-၁၊၂၀၂၆။သော်မွန်/People’s Spring

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ ၇ ဦးမြောက်ဖြစ်လာတဲ့ မစ္စစ်ကယ်လီအန်းဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေနယ်
ပယ်မှာ ကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကုလလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌက မစ္စစ်ကယ်လီအန်းကို အဆိုပြုခဲ့ရာမှာသူမရဲ့ ကျွမ်း
ကျင်မှု၊ လုပ်ပိုင်ခွင့်နယ်ပယ်မှာ အတွေ့အကြုံရှိမှု၊ လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနဲ့ မျှတစွာ ရှုမြင်နိုင်စွမ်းရှိမှုတွေကြောင့်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူဟောင်းအမေရိကန်လွှတ်
တော်အမတ်ဟောင်း မစ္စတာတွမ်အန်ဒရူးစ်ဟာ သူ့ရဲ့ ၆ နှစ်တာ သက်တမ်းပြီးဆုံးခဲ့ပြီး မတ်လထဲ
မှာ နောက်ဆုံးအစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ် အထူးအစီရင်ခံစာတင်သွင်းသူအသစ် မစ္စစ်ကယ်လီအန်းက မစ္စတာတွမ်းအန်ဒရူးစ်နေရာကို ဆက်ခံမှာဖြစ်ပြီး သူမဟာ မြန်မာ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အား
ပေးထောက်ခံမှုကို ရရှိထားပါတယ်။

မစ္စစ်ကယ်လီအန်းဟာ အာရှ-ပစိဖိတ်ဒေသကို အာ
ရုံစိုက်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးပြုပြင်ပြောင်း
လဲမှု၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စတွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အမေရိကန်နိုင်ငံခြား
ရေးဝန်ကြီးဌာန၊ အမေရိကန်လွှတ်တော်၊ နိုင်ငံ
တကာနဲ့ အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အများအပြားမှာ အကြီးတန်းမူဝါဒပိုင်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတထရမ့်ရဲ့ ပထမသက်တမ်းမှာ မစ္စစ်ကယ်လီအန်းဟာ ကုလသမဂ္ဂမှာ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးတွေရဲ့အရေးကိစ္စတွေအတွက် အမေရိကန်အထူးသံအမတ်ဖြစ်ခဲ့သလို ကုလ
သမဂ္ဂ အမျိုးသမီးများ အဆင့်အတန်းမြှင့်တင်ရေးကော်မရှင်မှာလည်း အမေရိကန်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စစ်နစ်ကီဟာလေးလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလ
သမဂ္ဂ စီးပွားရေးလူမှုရေးကောင်စီ(တတိယကောင်စီ)မှာ အမေရိကန်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူတွေကို ခန့်အပ်တာဝန်ပေးခဲ့တာပါ။ အထူးအစီရင်ခံစာတင်သွင်းသူတွေဟာ ကုလသမဂ္ဂမှာ လခစားဝန်ထမ်းတွေ မဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ပတ်
သက်ပြီး နားလည်တတ်ကျွမ်းမှုအရ စေတနာ့ဝန်ထမ်းအဖြစ် သီးခြားလွတ်လပ်တဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။
23👍18🥰2👏1🤮1