ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ရဲ့ ပြဌာန်းချက်တွေနဲ့ ပေးအပ်ထားတဲ့ တာဝန်တွေ လိုက်နာကျင့်သုံးကြဖို့ NUCC တိုက်တွန်း
ဧပြီ-၁၊ ၂၀၂၆။ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပူးပေါင်းပါဝင် ရေးဆွဲ အတည်ပြုခဲ့ကြပြီး ပြည်သူ့ တော်လှန်ရေးကြီးရဲ့ ရှေ့မှောက်တွင် အတူဝန်ခံ ကတိပြုခဲ့ကြခြင်းနဲ့ သဘောတူ အတည်ပြု (ratify) ခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းများ အပါအဝင် အင်အားစုအသီးသီးကို NUCCက အခုလိုတိုက်တွန်းခဲ့တာပါ။
တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား အားပြိုင်မှု၊ လွှမ်းမိုးမှု မရှိစေရေး အတွက် ချာတာအစိတ်အပိုင်း (၁)မှာပြဋ္ဌာန်းထားသော ပြည်ထောင်စု စံတန်ဖိုးတွင် ပါဝင်တဲ့ လူနည်းစုအခွင့်အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စုပေါင်းခေါင်းဆောင်မှု၊ စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်းတို့ကို အင်အားစုအသီးသီးက မည်သို့မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ တော်လှန်ရေးရဲ့ စံတန်ဖိုးများ အဖြစ် အလေးအနက်ပြု လိုက်နာကျင့်သုံးသွားကြဖို့ လိုအပ်ကြောင်းလည်း NUCCက ထုတ်ပြန်ပါတယ်။
နွေဦးတော်လှန်ရေး၏ အင်အားဖြင့် ၂၀၀၈ စစ်ကျွန် အခြေခံဥပဒေကို ဖျက်သိမ်း၍ နိုင်ငံရေးအင်အားစုပေါင်းစုံ ပါဝင်ရေးဆွဲခဲ့ကြသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တာ ဒီကနေ့ မတ်လ ၃၁ရက်နေ့မှာ ၅နှစ် ပြည့်ခဲ့ပြီလို့ အသိပေးပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ဟာ ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ် ချုပ်ငြိမ်းစေနိုင်ဖို့ အတွက် လည်းကောင်း၊ တိုင်းရင်းသားပြည်သူလူထု တရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ဖို့အတွက် လည်းကောင်း၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဥ်တွဲနေထိုင်နိုင်သော သာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ လည်းကောင်း ရည်ရွယ် ရေးဆွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုရေးဆွဲပြီး စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပြီးသတ် ဖျက်သိမ်းရေး ၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သား ပြည်သူ့ အစိုးရ ပေါ်ထွန်းရေး စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ လက်ခံ သဘောတူ ရေးဆွဲအတည်ပြုခဲ့တာလို့လည်း NUCCက အသိပေးပါတယ်။
အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ တည်ရှိနေသော မတရားမှုများကို ဖြိုချရန် ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေး ဆင်နွှဲရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဟာ အသက်သွေးကြောဖြစ်တယ်လို့ NUCCက ထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာ အစိတ်အပိုင်း (၂) ရပ်ပါဝင်ပြီး အစိတ်အပိုင်း (၁)မှာ ပြည်ထောင်စု မျှော်ရည်ချက်နဲ့ စံတန်ဖိုးများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ အခြေခံမူဝါဒများ၊ အကောင်အထည်ဖော်မည့် လုပ်ငန်းစဥ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံတို့ကို တိကျ ရှင်းလင်းစွာ ဖော်ပြထားပြီး “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း” အဖြစ် ဝန်ခံကတိပြုခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အစိတ်အပိုင်း (၂)ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များကို လက်တွေ့အကောင်အထည် ဖော်ဖို့ ရှေ့ဆက် သွားမယ့် နိုင်ငံရေးလမ်းပြ မြေပုံ အဆင့်ဆင့်အား လက်တွေ့အကောင်အထည် ဖော်ခြင်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အလို့ငှာ ကြားကာလတွင် အခြေခံရမယ့် “ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံများ - Interim Constitutional Arrangements” အဖြစ် သဘောတူ အတည်ပြု (ratify) ခဲ့ကြခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

❤21👍10👏3🥰2🖕2🔥1
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား ၅ နှစ်တာ ကာလအတွင်း အင်အားစုအသီးသီးမှ စုပေါင်းခေါင်းဆောင်မှုဖြင့် အကောင်အထည်ဖော်ကြရာတွင် ထင်ရှားသော ရလဒ်များ အဖြစ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အား ဖွဲ့စည်းခြင်း၊ ကြားကာလအတွက် ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဥပဒေပြုရေးအာဏာကို ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရပြီး အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော ပြည်ထောင်စုအဆင့်လွှတ်တော် ကိုယ်စားလှယ်များအား အပ်နှင်းခြင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းမှုအား အတည်ပြုခြင်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ ညှိနှိုင်း သဘောတူညီချက်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အား ဖွဲ့စည်းခြင်း၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြု နှင့် လူမျိုးအခြေပြု ကောင်စီများ အပါအဝင် ဖက်ဒရယ်ယူနစ် အစိုးရများ ပေါ်ထွန်းလာခဲ့ကြောင်းလည်း ရှင်းပြထားပါတယ်။
ဒါ့အပြင် ပဋိညာဉ် အစိတ်အပိုင်း (၁) ပါ လမ်းပြမြေပုံ ပြဋ္ဌာန်းချက် အရ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (တနည်းအားဖြင့်) ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (Articles of Federal Transitional Arrangements - AFTA) ကိုလည်း မကြာမီတွင် အပြီးသတ် ရေးဆွဲအတည်ပြုနိုင်မည် ဖြစ်ကြောင်း NUCCက အသိပေးထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ဟာ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ (၂) ပါ ပြဋ္ဌာန်းချက်များ အရ ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ကျေပွန်အောင် ဆက်လက်ထမ်းဆောင် သွားမယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလိုပဋိညာဉ်ပါ တာဝန်များကို ထမ်းဆောင်ရာမှာ နယ်ပယ်အသီးသီးတွင် လက်ရှိ ဦးဆောင်မှုပြု ဆောင်ရွက်နေကြသည့် အစုအဖွဲ့များ၊ တော်လှန်ရေး လက်တွေ့ လိုအပ်ချက်များအရ အခါအားလျော်စွာ ပေါ်ပေါက်လာသော ဦးဆောင်မှု အစုအဖွဲ့များနဲ့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ရာမှာ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ နဲ့အညီ လိုက်နာကျင့်သုံးဆောင်ရွက်မယ်လို့လည်း အသိပေးထုတ်ပြန်ပါတယ်။
NUG၊ CRPHနဲ့ KNU၊ KIO၊ KNPP၊ CNFစတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေဟာ မတ်လ ၃၀ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီတရပ်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး အရှိန်မြှင့် အောင်မြင်မှု ရရှိဖို့ ၊ စစ်အာဏာရှင်စနစ်ဖယ်ရှားဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ လုပ်ဆောင်သွားမယ်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။
NUCCနဲ့ NUG တို့ဟာလည်း အခုနှစ်အတွင်းမှာ ခိုင်မာအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှု ဖြစ်ပေါ်လာရေး ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

❤25👍11👏3🔥1🥰1😁1🖕1
မြန်မာဖက် တိုက်ပွဲတွေက ကျည်ဆန်တွေ လမ်း
ချော်လာလို့ ထိုင်းစစ်တပ် သတိပေးပစ်ခတ်
ဧပြီ-၁၊၂၀၂၆။People's Spring
မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေလမ်းချော်ကျရောက်လာတဲ့နောက် ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။
မဲဆောက်မှာမြန်မာဖက်ကပစ်ခတ်လိုက်တဲ့ ကျည်
ဆန်တွေ ကျရောက်ခဲ့တာကြောင့် ရွှေ့ပြောင်း မြန်
မာအလုပ်သမား တစ်ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်နာရူဆွမ်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ် မိုင်ထရီ ချူပရီချာက ပြောကြားခဲ့ပါတယ်။
မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မဲဆောက်မှာရှိတဲ့ ဟွိုင်မဟာဝေါင်နဲ့ မဟာဝမ်တို့မှာ မြန်မာဖက်ခြမ်း တိုက်ပွဲတွေက ကျည်ဆန်တွေ ကျရောက်ခဲ့တာလို့ သိရပါတယ်။
နယ်စပ်စည်းကိုကျော်ပြီး ကျည်ဆန်တွေ ကျလာတ့နောက် ထိုင်းဖက်က မီးခိုးဗုံး လေးလုံးကို သတိ
ပေးတဲ့ အနေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မီးခိုးဗုံးတွေ ပစ်ခတ်တာက မြန်မာစစ်တပ်ကိုရော၊ တော်လှန်ရေး အင်အားစုတွေကိုပါ အသိ
ပေး အကြောင်းကြားတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မိုင်ထရီက ဆိုပါတယ်။
မြန်မာဖက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် နယ်စပ်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ နိုးကြား သတိရှိနေကြဖို့ ထိုင်းအာ
ဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ထိုင်းနယ်စပ်ဖက်ခြမ်း အခြေအနေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲလို့လည်း သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ဖလူး၊မင်းလက်ပံဒေသမှာရော ၊ဝေါလေဗျူဟာမှာပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက
ပြောပါတယ် ။ ဖလူး၊မင်းလက်ပံမှာ စစ်တပ်က စစ်ကြောင်းထိုးဖို့ကြိုးစားလို့တော်လှန်ရေးတပ်တွေကခုခံတိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ၊ဝေါလေဗျူဟာကို တော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တာကြောင့်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ် ။
ကိုးကား-Khaosod

👍31❤9🔥2
ဗကသခေါင်းဆောင်ဟောင်း ကိုဂျိမ်းပြန်
လွတ်မြောက်လာ
ဧပြီ-၁၊၂၀၂၆။သတိုး/People's Spring
စစ်ကောင်စီက မတရားပြစ်ဒဏ် (၈)နှစ်ကျော် ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်ဟောင်း ကိုဂျိမ်း (ခ)လင်းထက်နိုင် ပြန်လည်လွတ်မြောက်လာတယ်လို့ သူရဲ့ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က အသိပေးထားပါတယ်။
"ဂျိမ်း ဒီနေ့ လွတ် လာပါပြီ"လို့ မဖြိုးဖြိုးအောင်က ဒီနေ့ (ဧပြီ ၁)မှာ ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ မျှဝေထားတာပါ။
စစ်တပ်က ကိုဂျိမ်း ကို ၂၀၂၂ ဇွန်လ ၁၈ ရက်က ရန်ကုန်မြို့မှာဖမ်းဆီးခဲ့ပြီး အဲဒီ့နှစ်ဒီဇင်ဘာ ၇ ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် သုံးနှစ်ချခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၃ ဖေဖော်ဝါရီမှာ ဗိုလ်တထောင်တရားရုံးက ပုဒ်မ ၅၂-ခ နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီး ၅၀-ည နဲ့လည်းအမှုဆက်လက်ရင်ဆိုင်နေရသူပါ။

👍35❤6🥰4💩2
ရန်ကုန်မှာ မီးပျက်ချိန်ပိုများလာ
ဧပြီ-၁၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက တစ်ရက် ၈ နာရီ မီးပြတ်မယ်လို့ကြေညာခဲ့ပေမယ့် ဒီရက်ပိုင်းမှာ ၁၂ နာရီအထိ ပြတ်နေတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အရင်က နံနက် ၉နာရီကနေ ည ၉ နာရီကြားကို ၄ နာရီ မီးပေး ၊ ၄ နာရီ မီးပျက်နဲ့ တစ်ရက်ကို ၈နာရီ မီးဖြတ်နေတာပါ။
လက်ရှိမှာတော့ နံနက် ၅ နာရီကနေ ည ၁ နာရီအတွင်း ၄ နာရီခြား တစ်ကြိမ် မီးပေးနေတာကြောင့် တစ်ရက်ကို ၁၂ နာရီ မီးပြတ်နေတာပါ။
စစ်တပ်က သူတို့ရဲ့ တရားမဝင် ရွေးကောက်ပွဲ ကာလမှာ လျှပ်စစ်မီးကို ၂၄ နာရီ အပြည့် ပေးခဲ့ ပေမယ့် စစ်တပ်လွှတ်တော်စတင်ချိန်မှာပဲ အလှည့်ကျစနစ်တွေနဲ့ မီးပေးဖို့ ပြန်လုပ်ဆောင်လာကြတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေရာသီရောက်ရှိချိန်တိုင်း ဓာတ်အားလျော့ကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လျှပ်စစ်မီးအပြည့်အဝမရကြတာပါ။
ဒ့ါအပြင် တချို့ဒေသတွေမှာ မီးမပေးနိုင်တာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့်လို့ စစ်တပ်က ကြေညာချက်ထုတ် ပြန်လေ့ရှိပါတယ်။

🤬32❤6👎3🔥3👍1
ဝက်လက်နဲ့ ခင်ဦးမှာ စစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ (IHL) ဆိုင်ရာသင်တန်းတွေ ကျင်းပပြီးစီး
ဧပြီ ၁ရက်၊ ၂၀၂၆။ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ခင်ဦးမြို့နယ်တွေမှာ အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ဆိုင်ရာ ဆင့်ပွားအသိပညာပေးသင်တန်းတွေကို ကျင်းပပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၆ မတ်လ ဒုတိယအပတ်က ဝက်လက်နဲ့ ခင်ဦးမြို့နယ်တွေမှာ လူ့အခွင့်အရေးအခြေခံမူများ၊ ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအပြင် စစ်အတွင်းရှိ အရပ်သားပြည်သူများ၊ အမျိုးသမီး၊ ကလေးသူငယ်များနဲ့ LGBTIQ+ အစုအဖွဲ့ဝင်များကို အကာအကွယ်ပေးရမယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးပါတယ်။
သင်တန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ၊ LGBTIQ+ အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သင်တန်းကာလအတွင်း လေကြောင်းအန္တရာယ်ကြောင့် နေရာပြောင်းရွှေ့ရခြင်း၊ စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်မားခြင်းနဲ့ နည်းပညာဆိုင်ရာ အကန့်အသတ်တွေ ရှိခဲ့သော်လည်း သင်တန်းသားတွေက တက်ကြွစွာ ပါဝင်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးပါတယ်။
သင်တန်းသားတစ်ဦးက "စစ်ကောင်စီက ဥပဒေချိုးဖောက်နေတိုင်း ကိုယ်တို့က လိုက်ပြီးချိုးဖောက်စရာ မလိုပါဘူး။ လူ့အခွင့်အရေးကို ချိုးဖောက်တာဟာ အင်မတန် သေးသိမ်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သိသွားရတယ်"လို့ သင်တန်းမှာပြောကြားခဲ့တယ်လို့ သိရပါတယ်။
"လူ့အခွင့်အရေးသင်တန်းအပြင် ဂျီနီဗာကွန်ဗင်းရှင်း၊ နိုင်ငံတကာ စစ်ဥပဒေ ဒီသင်တန်းတွေကို
အောက်ခြေ ရဲဘော်တွေထက် ရင်းမူးတွေကိုပါ သင်တန်းပေးစေချင်တယ်"လို့ ဝက်လက်အခြေစိုက် ရဲဘော်တစ်ဦးက ပြောပါတယ်။
ယခုသင်တန်းတွေကို လူ့အခွင့်အရေးတာဝန်ခံတွေ နည်းပြသင်တန်း (ToT) ပေးပြီးနောက် လူထုအတွင်း ပြန်လည်မျှဝေတဲ့ ဆင့်ပွားသင်တန်းတွေအဖြစ် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အသိပညာပေးလုပ်ငန်းစဉ်တွေကို ၂၀၂၄က စတင်ကာ (၃)နှစ်တာ ကာလအတွင်း ဆက်လက်အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

👍34❤8😁1🥴1
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ
ပြီးခဲ့တဲ့ ရိုဟင်ဂျာဂျီနိုဆိုက်အရေးမှာရော ၊ အခုလက်ရှိအချိန်အထိ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ICC(နိုင်ငံတကာရာဇဝတ်ခုံရုံး)ကနေ ဖမ်းဝရမ်းထုတ်ဖို့ အတင်ခံထားရသူဖြစ်သလို အာဂျင်တီးနားခုံရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့သူဖြစ်တာကြောင့် ဒီလိုမျိုး စစ်ရာဇဝတ်သားတစ်ယောက်ကို သမ္မတရာထူး ပေးနိုင်တဲ့ အဆင့်အထိ ဖြစ်လာတာက စစ်တပ် အင်စတီကျူးရှင်းရဲ့ ကျရှုံးမှုကို တွေ့မြင်ရတယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုပါတယ်။
“စစ်တပ်က အထူးသဖြင့် တပ်မတော်က အင်စတီးကျူးရှင်းအနေနဲ့ သူ့ကို မဖယ်ရှားနိုင်ဘူး။ သမ္မတရာထူးပါ ဆက်ပေးရတာကို ကြည့်ရင် ဒီအင်စတီကျူးရှင်းရဲ့ကျရှုံးမှုကို သွားမြင်ရတယ်။ ဒီအင်စတီကျူးရှင်းထဲမှာ ရှိနေတဲ့ ဗိုလ်ချုပ်တွေ၊ နောက် တာဝန်ရှိသူတွေအမှားကိုသိသိရက်နဲ့သူရဲဘော
ကြောင်စွာ ဒါကို ဆက်ပြီးတော့ နေရာပေးတာကို သွားမြင်ရတယ်”လို့ မသဥ္ဇာရွှန်းလဲ့ရည်က ဆက်ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ကာချုပ်ဆိုတဲ့ ရာထူးကနေ အာဏာသိမ်းခဲ့ပြီးရွေးကောက်ပွဲအတုလုပ်ကာ သမ္မတရာထူးနဲ့ ကျူးလွန်ခဲ့တာတွေကို ‘နိုင်ငံတော်တာဝန်အရ လုပ်ဆောင်ချက်’ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖုံးကွယ်ဖို့၊ ဥပဒေကြောင်းအရ လူ
သတ်မှုတွေကို အကာအကွယ်ယူဖို့ သမ္မတဆိုတဲ့ နေရာကို ကြိုးစားတာလို့ပဲ ရှုမြင်ကြောင်း အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်စင်က မှတ်ချက်ပြုပါတယ်။ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးကနေ အနားယူပြပြီး၊ အရပ်သားအသွင်ပြောင်း သမ္မတလုပ်ဖို့ ကြိုးစားတာက နိုင်ငံတကာနဲ့ ပြည်တွင်းမှာ တရားဝင်မှု(Legitimacy)ရဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒါဟာ အရေခွံလဲရုံသက်သက်ပဲလို့ အညာမြေတပ်ပေါင်းစုက ရှုမြင်ကြောင်းလည်း ပြောပါတယ်။
“အားလုံးသိတဲ့ အတိုင်းစစ်အာဏာသိမ်းပြီးနောက်
ပိုင်း ကျနော်တို့ အညာဒေသအပါအဝင် တစ်နိုင်ငံလုံးမှာ ကြုံတွေ့ခဲ့ရတဲ့ ဗုံးကြဲမှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မင်းအောင်လှိုင်ရဲ့ အဓိက ဆုံးဖြတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ သမိုင်းအမည်းစက်တွေပါ”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်တစ်ဦးအနေနဲ့ “ ငါ့တပ်၊ ငါ့အမိန့်” လို့ ဆိုခဲ့ပေမဲ့ အမှားအယွင်းတွေနဲ့ ပြည်သူ့နာကျင်မှုတွေအတွက် တာဝန်ခံရမယ့်အချိန်မှာ ရာထူးပြောင်းလဲပြီး ရှောင်လွှဲဖို့ ကြိုးစားတာဟာ လူကောင်းတယောက်၊စစ်သားကောင်းတယောက်ရဲ့ ရဲ့ စိတ်ဓာတ် မဟုတ်ကြောင်း သူက သုံးသပ်ပါတယ်။
“ပြည်သူတွေအတွက်ကတော့ ရာထူးပြောင်းသွားရုံ နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒီကျူးလွန်မှုတွေအတွက် သေသေချာချာကို တိတိကျကျ ပြန်ပေးဆပ်ရမှာပါ”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/03/17/151513/

LuduNwayOo
ရာထူးပြောင်းလည်း မင်းအောင်လှိုင်နောက် ထပ်ချပ်မကွာလိုက်လာမယ့် အရာတွေ | LuduNwayOo
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး စွန့်လွှတ်တော့မယ့် အရိပ်လက္ခဏာတွေကို ထုတ်ဖော်ပြသလာပါတယ်။
👍35❤6🔥3💩2😁1
မင်းအောင်လှိုင်သမ္မတရာထူးယူမယ့်ကိစ္စ လူ့အခွင့်
အရေးဆိုင်ရာအာဆီယံလွှတ်တော် အမတ်များ ကန့်ကွက်
ဧပြီ-၁၊၂၀၂၆။People's Spring
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာအစိုးရသစ်ရဲ့ သမ္မတအဖြစ် ခန့်အပ်ဖို့ စစ်တပ်ရဲ့ ကြံစည်နေမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။
အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က စစ်တပ်ရဲ့လွှတ်တော်အသစ်မှာ မင်းအောင်လှိုင်ကို ဒုတိယ သမ္မတ တစ်ဦးအဖြစ် မဲပေးရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နောက်တစ်ဆင့် အနေနဲ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ဖို့ လမ်းပွင့်သွားစေတဲ့ အခင်း
အကျင်းလို့လည်း ဆိုနိုင်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဘဝတုန်းက ပြည်
သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးနှိမ်ခဲ့တဲ့ မင်းအောင်လှိုင်သာ သမ္မတ ဖြစ်လာရင် မြန်မာပြည်သူတွေဟာ တူညီတဲ့ အခြေအနေတွေကိုပဲ ဆက်
လက် ကြုံတွေ့ ခံစားနေရလိမ့်မယ်လို့ APHRက သတိပေးခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ စစ်တပ်ယူနီဖောင်း ချွတ်ပြီး သမ္မတရာထူး ရယူဖို့ ကြံစည်နေရင်း တခြားတစ်
ဖက်မှာလည်းဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်
ရေး ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ခြင်းက စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ် APHRက ယူဆထားပါတယ်။ရဲဝင်းဦးဟာအာဏာသိမ်းပြီးနောက်
ပိုင်း အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်
စက်မှုတွေကို ကွပ်ကဲခဲ့သူလည်း ဖြစ်ပါတယ်။
နောက်ပြီး ရဲဝင်းဦးဟာ မင်းအောင်လှိုင်ရဲ့ အနီး
ကပ်ဆုံး မဟာမိတ်တစ်ဦး ဖြစ်နေတာကြောင့် မင်းအောင်လှိုင်ဟာ အရပ်ဖက် အစိုးရ ရာထူးကိုရော၊ စစ်တပ်ကိုပါ ဆက်လက် လွှမ်းမိုး ချုပ်ကိုင်ထားမှာဖြစ်ပြီး သူနဲ့ သူ့အဖွဲ့အစည်းက ကျူးလွန်ခဲ့တဲ့ ဆိုး
ယုတ်တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစရာ မလိုအောင် ဆက်လက် ဖုံးကွယ်ထားလိမ့်မယ်လို့ APHRက ဆိုပါတယ်။
စစ်တပ် ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်း၊ လူထုအပေါ် ဗုံးကြဲပြီး နေရပ်ရွှေ့ပြောင်းမှုတွေအတွက် ဖိအားပေးနေတဲ့ အခြေအနေမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကလည်းလူထုဆန္ဒအမှန်ကိုမထင်ဟပ်ကြောင်းလည်း APHRက ဆိုပါတယ်။
APHRက အာဆီယံ၊ ကုလသမဂ္ဂ (UN)နဲ့ နိုင်ငံ
တကာအသိုက်အဝန်းအနေနဲ့အာဏာသိမ်းစစ်တပ်အပေါ် ဆက်လက်ရှုတ်ချဖို့၊နိုင်ငံတကာလူ့အခွင့်
အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေအပေါ် ဆက်လက် လေးစား လိုက်နာပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး အားထုတ် ကြိုး
ပမ်းမှုတွေကို ဆက်လက် ထောက်ခံပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့နိုင်ငံတကာတုံ့ပြန် ကိုင်
တွယ်မှုတိုင်းဟာမြန်မာပြည်သူတွေရဲ့သဘော
ထားဆန္ဒ၊လူ့အခွင့်အရေး၊ဒီမိုကရေစီ အားထုတ်မှု၊ တရားမျှတမှုတွေကိုအလေးထားပြီးစစ်အာဏာ
ရှင် စနစ်အပေါ် နိုင်ငံတကာ စုစုစည်းစည်း တွန်း
လှန်မှုကို ထင်ဟပ်စေဖို့ လိုအပ်ကြောင်းလည်း APHRရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။
ကိုးကား- APHR

👍40❤2🥰2😁1