People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍24😁2🔥1
👍355😁3🤬3🖕2🔥1
မင်းတပ်မြို့ကို စစ်တပ် ဗုံးကြဲလို့ကလေးငယ် အပါအဝင် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

ဧပြီ-၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် အရပ်သားပြည်သူအချို့ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မတ် ၃၁ရက် နေ့လည်ပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ကလေး၁ဦးနဲ့ အမျိုးသား ၁ဦးလို့တော့ ကြားတယ် ထိခိုက်တာ။ အခြေအနေ မဆိုးဘူးထင်တာပဲ။ သေချာတော့ မသိရသေးဘူး”လို့ ဒေသခံ သတင်းရင်းမြစ်က ပြည်သူထိခိုက်မှု အခြေအနေကို ပြောပါတယ်။

မင်းတပ်မြို့နယ်ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ အရင်ကလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။

CPU/CPA တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်ကလည်း "သတ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးတိုးတာ လာသတိပေးတာလား ငရဲဝင်းဦး" လို့ မနေ့က မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လာမှု အပြီးမှာ ရေးသားထားပါတယ်။

ပြည်သူကို သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအနေနဲ့ ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲ ဖြစ်ပေမယ့် ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လက်ရှိ ခေါင်းဆောင်သစ် ရဲဝင်းဦးကို တပ်ချုပ်အဖြစ်လွှဲအပ်ပြီး နာရီပိုင်းအကြာ မတ်လ ၃၀ရက် မနက်မှာပဲ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ငပယင်းရွာဆေးခန်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။

မတ်လ ၂၉ရက် ညနေပိုင်းကလည်း ချင်းပြည်နယ် ပလက်၀မြို့နယ် ကြောင်းချောင်းရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးပြီး ကလေး ၂ဦး အပါအဝင် ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ထားပါတယ်။
🤬31👎32🔥2👏2
(မင်းတပ်မြို့တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - HKL-Mindat)
😢26🤬111👎1🔥1👏1