ထီးချိုင့်က စစ်တပ်စစ်ကြောင်းတွေ ကသာနဲ့ အင်းတော်ကို ဦးတည်နေ
မတ်-၃၀၊၂၀၂၆၊ရှိန်း/ People's Spring
စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။
ထီးချိုင့်မြို့နဲ့ဆက်စပ်နေတဲ့ မန္တလေးတိုင်းက တကောင်းမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကြောင်းတွေက ထီးချိုင့်မြို့ဘက်ကို ဝင်ရောက်လာတာကနေ မတ်လ ၁၉ရက်ကစတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။
ထီးချိုင့်မြို့နယ်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ အင်အားအများအပြားဖြည့်ပြီး ဝင်ရောက်လာလို့ တော်လှန်ရေးတပ်တွေစာ မတ်လ၂၈ရက် နေ့လည်ပိုင်းမှာ ဆုတ်ခွာခဲ့တာလို့ သိရပါတယ်။
"မြို့ကို စကစက အရင်ကတည်းကထိန်းချုပ် ထားတာ။ တော်လှန်ရေးတပ်တွေက ဝိုင်းပိတ် ထားတဲ့အနေအထား။ အခုက အမြှောက်ဆင် ထားတဲ့ကုန်းကို စစ်တပ်က ထိုင်သွားလို့ ဆုတ် ပေးလိုက်တာ"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"တကောင်းကို စစ်တပ်က ပြန်ရသွားတော့ အခြေအနေက ရှုပ်ထွေးသွားတယ်။ အထိအခိုက် တွေများမှာစိုးလို့ ဆုတ်ပေးထားပေမယ့် ပြောက်ကျားစစ်ရှိနေတယ်"လို့ ၎င်းက ဆက် ပြောပါတယ်။
ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ စစ်တပ်က မြို့ကို လေကြောင်းကနေ ဗုံးကြဲပြီး မီးရှို့လို့ တော်လှန်ရေးတပ်တွေက ပြန်ဆုတ်ခွာခဲ့ပါတယ်။
မြတောင်ရွာ၊ တကောင်းနီကယ်စက်ရုံအနီးဝန်းကျင်အပါအဝင် မြို့အနီးက ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားခဲ့ပါတယ်။
မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး
ဒေသခံတွေဟာ ၂၀၂၃ နိုဝင်ဘာကတည်းက ယခုထိ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာပါ။
ပြီးခဲ့တဲ့ မတ်လဆန်းက တကောင်းမြို့မှာတိုက် တိုက်ပွဲတွေပြင်းထန်နေစဉ် ထီးချိုင့်မြို့ကို စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လ ၈ရက်ကနေ ၁၀ရက်အတွင်း ကလေးငယ်နဲ့ ကိုရင်အချို့အပါအဝင် ၁၀ဦးသေဆုံးပြီး၂၅ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
" အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတော့ တော်လှန်ရေးတပ်တွေက ရှောင်ပေးရတာ။ စစ်တပ်က စစ်တိုက်တာမဟုတ်ဘူး။ စစ်ရာဇဝတ်မှု ကျူးလွန်ပြီး နယ်မြေတွေ ပြန်ယူတာ"လို့ ထီးချိုင့်မြို့ကနေ တိမ်းရှောင်နေရသူ အရပ်သားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ထီးချ်ိုင့်မြို့ တိုင်းရင်းဆေးရုံနဲ့ ရင်ခွဲတောင်တို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
ရင်ခွဲတောင်ဟာ ထီးချိုင့်အနောက်ဘက်ကနေ ကသာမြို့ကို ဆက်သွယ်ထားတဲ့ ခရိုင်ချင်းဆက် လမ်းမှာရှိပြီး စစ်တပ်စစ်ကြောင်းဟာ ကသာနဲ့အင်းတော်မြို့ကို ဦးတည်နိုင်တယ်လို့ တော်လှန်ရေး တပ်တွေက သုံးသပ်ပါတယ်။
ကသာခရိုင်ထဲမှာ ကသာ၊အင်းတော်၊ ထီးချိုင့်နဲ့ ဗန်းမောက်မြို့နယ်တွေ ပါဝင်ပါတယ်။ တော်လှန်ရေးတပ်တွေဟာ အဲဒီမြို့သုံးမြို့ကို တချိန်တည်းတိုက်ထိုက်ခဲ့ပေမယ့် ကသာနဲ့ အင်းတော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ထီးချိုင့်ကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။
အင်းတော်မြို့ကို PDFတွေနဲ့ မဟာမိတ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားပါတယ်။
ဗန်းမောက်မြို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပါတယ်။
စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။ ကသာမြို့မှာတော့ မတ်လ၂၀ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း မြို့အနီးနားဝန်းကျင်မှာ စစ်ရေးတင်းမာနေပါတယ်။
ကသာမြို့ပေါ်ကို စစ်တပ်က အပြည့်အဝမထိန်းချုပ်နိုင်ပေမယ့် ထိန်းချုပ်နိုင်ပြီလို့ ဝါဒဖြန့်ပြီး ဒေသခံတွေမြို့ထဲပြန်ဝင်လာဖို့ ဖိအားပေးနေပါတယ်။

🤬37❤12👎4🔥2😁2👍1
ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF ဖွဲ့စည်းမှုကို မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ကြိုဆို
မတ်-၃၁၊ ၂၀၂၆။ People’s Spring
တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NUG၊ CRPH တို့ ကနဦးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF ဖွဲ့စည်းမှုကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEFအနေနဲ့ “မူဝါဒ တရပ်တည်း၊ မဟာဗျူဟာ တရပ်တည်း - One policy, one strategy” မူဝါဒနဲ့ လက်ရှိတော်လှန်ရေး အခင်းအကျင်းအရ အရေးတကြီးလိုအပ်လျက်ရှိတဲ့ စုစည်းညီညွတ်မှုကို အကောင်အထည်ဖော်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုတယ်လို့ MIGC က ဖော်ပြပါတယ်။
MIGC ဟာ မန္တလေးဒေသမှ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီး ပါဝင်ရေးဆွဲခဲ့တဲ့ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံအရ ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ယူနစ်အဆင့် ကြားကာလအစိုးရဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်းလည်း ဖော်ပြပါတယ်။
လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းကလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) စုဖွဲ့ပေါ်ပေါက်လာခြင်းကို ထောက်ခံကြိုဆိုတယ်လို့ သူရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။ အခုလို ကမကထပြု စုဖွဲ့ပေါ်ပေါက်လာသည်နှင့်အမျှ အမှန်တကယ်လည်း အလုပ်ဖြစ်စေချင်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အမှန်တကယ် စွမ်းဆောင်ရည်ရှိ၊ အလုပ်ဖြစ်၊ ထိရောက်သလို လွှမ်းခြုံကိုယ်စားပြုမှု အားကောင်းတဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်လာစေရေး မျှော်ရည်ကြောင်း ဒေါက်တာတေဇာစန်းက ရေးသားပါတယ်။ အခုလို စုဖွဲ့မှုကို ကမကထပြုကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ပါဝင်ဖို့ ကျန်ရှိနေသေးတဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အမြန်ဆုံး ပါဝင်လာစေရေးအတွက် ဆက်လက် ကြိုးပမ်းကြမယ်လို့ ယုံကြည်ကြောင်း အထက်ပါလူထုသပိတ်ခေါင်းဆောင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union–SCEF)ကို မတ်လ ၃၀ရက် မနေ့က ကနဦးစတင်ဖွဲ့စည်းခဲ့တာပါ။
တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ဖို့၊ လက်ရှိတော်လှန်ရေးကို အဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီးအသွင်ကူးပြောင်းရေးအစိုးရ တရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး SCEFကို ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

❤31👍15🥰2😁1🤮1
(၄)နှစ်အရွယ်ကလေးငယ် နေမကောင်းလို့ စစ်ကောင်စီရဲ့တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်လို့ ကလေးငယ် သေဆုံး
မတ်-၃၀၊၂၀၂၆/People's Spring
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
မတ်လ ၂၉ ရက်မှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာက (၄)နှစ်အရွယ် မောင်းဖုန်းမြတ်ဟာ ဝမ်းသွားပြီး နေမကောင်းတာကြောင့် အဘွားဖြစ်သူက ကလေးငယ်ကိုခေါ်ပြီး စစ်ကောင်စီရဲ့ သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ရဲ့ ပြင်ပမှာဖွင့်ထားတဲ့ ဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။
အဲ့ဒီနောက် ဆရာဝန်က ကလေးငယ်ကို စစ်ဆေးပြီးနောက် ဆေးရုံကြီးမှာ ဆေးသွားထိုးဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် တိုက်နယ်ဆေးရုံက အခြားဆရာဝန်တွေက ဆေးထိုးပြီးနောက် အိမ်ပြန်စဉ်လမ်းမှာ ကလေးငယ် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
" အကြောင်းက ဆေးခန်းပြတယ်။ ဆေးရုံထဲလွှတ်ပြီးဆေးထိုးခိုင်းတဲ့ပုံစံပါ။ ဆေးရုံရောက်တော့ ဆရာမ တစ်ယောက်က ဆေးထိုးတယ် ကလေးအဖွားက မထိုးဘူးပြောတော့ မထိုးရင် ဆရာပြောလိမ့်မယ်ဆိုပြီးထိုးလိုက်တာ "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး အခြားဆရာဝန်တစ်ဦးက "၁၂ အောက်ကလေး ဘယ်ဆရာဝန်မှ ဆေးမထိုးဘူး လေ။ အဲ့မှာထဲက အဲ့ဆရာဝန်က မှားနေပြီ "လို့ ပြောပါတယ်။
မတ်လ ၃၀ ရက်မှာတော့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ကလိကျွန်းသုဿန်မှာ မီးသဂြိုလ်ခဲ့ကြပါတယ်။
သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်ဟာ လူနာတွေကြည့်ရှုရာမှာ ရိုင်းစိုင်းစွားပြောဆိုတာတွေမကြာခဏလုပ်လေ့ရှိသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ရွာကလူကြီးနည်းနည်းခေါ်ပြီး ဆရာဝန်ဆီသွားပြောပြတော့ဆရာဝန်က အမှုဖွင့်ချင်ဖွင့်၊ တရားစွဲချင်စွဲကြိုက်သလိုလုပ်ဆိုပြီး ခပ်အေးအေးပဲပြန်ပြောလိုက်ပါတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

🤬44❤7🔥3😢3👎1
ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းမှု ကြိုဆိုကြောင်း တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေး ကောင်စီ ထုတ်ပြန်
မတ်-၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုအပေါ် ကြိုဆိုထောက်ခံကြောင်း တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီက မတ်လ ၃၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
မတ်လ (၃၀) ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့ ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ ဦးဆောင်ကောင်စီ ကို ဂုဏ်ယူစွာ ကြိုဆိုထောက်ခံကြောင်း ဖော်ပြကာ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အသိပေးပါတယ်။
“ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် တော်လှန်ရေး အောင်ပွဲ အမြန်ဆုံးရယူရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် ချမှတ် ထားသည့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်နှင့်အတူ မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)၊ စုပေါင်းခေါင်းဆောင်မှု (Collective Leadership) စသည့် မူဝါဒများကိုအခြေခံ၍ လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် လေးနက်စွာဖြင့် ဆန္ဒပြုအပ်ပါသည်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီဟာ တနင်္သာရီတိုင်းမှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေး အင်အားစုများနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ပြည်နယ်/ယူနစ်/EROs၊ ကိုယ်စားပြု၊ ပြည်သူ့ကိုယ်စားပြု နဲ့ အမျိုးသမီးကိုယ်စားပြု စတဲ့ မဏ္ဍိုင်ကြီး ၃ ခုနဲ့ ဖွဲ့စည်းသွားမယ်လို့ ဦးဆောင်ကောင်စီ ခေါင်းဆောင်တွေက ပြောကြားထားပါတယ်။
စိန်ခေါ် မှု အမျိုးမျိုးကြောင့် ကနဦးအနေနဲ့ စတင်ဆွေးနွေးခဲ့ကြတဲ့ NUG၊ KNU၊ KIO၊ KNPP၊ CNF ၅ဖွဲ့နဲ့ CRPH စုစုပေါင်း ၆ဖွဲ့ နဲ့ အစပျိုးတာထွက်ဖို့ ဖြစ်ပေမယ့် မဏ္ဍိုင် ၃ ခု စုံစုံလင်လင် ပါဝင်နိုင်ရေး၊ မဏ္ဍိုင်တစ်ခုစီမှာလည်း ပါသင့်ပါထိုင်သူအားလုံး ပါဝင်ရေးကြိုးစားသွားမယ်လို့ KNPP ဥက္ကဋ္ဌ ခူဦးရယ်က ပြောပြထားပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ" မှာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းအများအပြားနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လူထုကိုယ်စား လှယ်တွေ စုပေါင်းပြီးစုဖွဲ့ လိုက်တာလို့ ပြောပါတယ်။
“ကျနော်တို့ဖွဲစည်းလိုက်တဲ့ "ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ" ဟာ၊ တရားဝင်မှု၊ တာဝန်ခံမှုနဲ့ ညီညွတ်မှုကို အခြေခံတဲ့ မဟာဗျူဟာ ခြေလှမ်းသစ်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို သိစေချင်ပါတယ်။ ဒါဟာ စစ်ရေးအရဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို ရည်ရွယ်သလို၊ နိုင်ငံရေးအရ အမျိုးသားရေး ညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို ရည်ရွယ်ပါတယ်” လို့လည်း ယာယီသမ္မတက ပြောကြားထားပါတယ်။

👍34❤5🥰2😁2
"စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း" ကြွေးကြော်သံနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ
မတ်-၃၁၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်းက "စစ်အာဏာရှင်ကို အလိုမရှိကြောင်း" ၊ "စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း" ကြွေးကြော်သံတွေနဲ့ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့ နှိုးဆော်ခဲ့ပါတယ်။
အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

👍27❤8🥰1👏1🤮1
ဖားကန့်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေ
မတ်−၃၁၊၂၀၂၆။ ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မတ်လ ၃၁ရက် ည ၈နာရီခန့်ကစပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF သတင်းရင်းမြစ်တွေက သတိပေးပါတယ်။
စစ်တပ်က ယူမာကျေးရွာနဲ့ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
" ပြင်းပြင်းထန်ထန်ကိုပစ်နေတာ။ ရှေ့ရက်တွေကဖြစ်ပေမယ့်အခုညလောက် မဆိုးဘူး။ ဒီညဘယ်လိုအိပ်ရမယ်မှန်းမသိတာ"လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးအန္တရာယ်ရှိနေတဲ့အတွက် စိတ်ချလုံခြုံတဲ့နေရာမှာ အိပ်ကြဖို့ KIA၊KPDF သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ မတ်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေငြိမ်သက်နေတာဖြစ်ပါတယ်။
မတ်လ ၄ရက်က တိုက်ပွဲမှာ မွနယစစ်တပ်ဗျူဟာကုန်းကနေပစ်ခတ်တဲ့လက်နက်ကြီးက ကလပ်ကုန်းလမ်းကြားထဲကကို ကျရောက်ပေါက်ကွဲပြီး အသက်(၇၀)ကျော် အဖွားအိုတစ်ဦးနဲ့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးဒဏ်ရာရခဲ့ပါတယ်။
မတ်လ ၃ရက်မနက်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ကလည်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDF က ဖေဖော်ဝါရီလ ၁၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကိုသိမ်းယူနိုင်ခဲ့ပါတယ်။
စစ်တပ်ကဗျူဟာကုန်းကနေ လက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်းဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲပြီး ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ပြန်ဆုတ်ခွာခဲ့ပါတယ်။
လက်ရှိအခြေနေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဖားကန့်ဗျူဟာကုန်းအပါအဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ရမ်းသမ်းပစ်ခတ်နေတာလို့ KIA၊KPDF သတင်းရင်းမြစ်က ပြောပါတယ်။

🤬35👎3🔥3❤1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မတ်လ ၃၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဖက်ဒရယ်ဦးဆောင်ကောင်စီသစ်ကို အီတလီ-မြန်မာချစ်ကြည်ရေးအသင်း ကြိုဆို
စစ်အာဏာသိမ်းမှုကို တွန်းလှန်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ဖွဲ့စည်းတာဟာ မြန်မာနိုင်ငံအတွက်နိုင်ငံရေး အခင်းအကျင်းသစ်တစ်ခု၊ အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့ အီတလီ-မြန်မာချစ်ကြည်ရေး အသင်းက သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ NUG/PDF နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့က အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားကာကွယ်ရေးတပ် (KNU/KNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ/ကရင်နီတပ်မတော်(KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)တို့နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ(SCEF)လို့ နာမည်ပေးထားတဲ့ တပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာမှုကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ အီတလီနိုင်ငံရဲ့ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ လွှတ်တော်အမတ်များ အသင်း ဥက္ကဋ္ဌဟောင်း အယ်လ်ဘာတီနာ ဆိုလီယာနီက NUGနဲ့ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေအကြား စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ရရှိဖို့ သဘောတူညီခဲ့ခြင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ရည်မှန်းချက်တွေမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။
◾️ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ထည်သွင်းမှု မဖြစ်မနေလိုအပ်ဟု KNU ဥက္ကဋ္ဌပြော
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၄ခုစုစုပေါင်း အဖွဲ့ ၆ခုနဲ့ စတင်ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ထည့်သွင်းတာဟာ သရုပ်ပြထည့်သွင်းခြင်းမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု မဖြစ်မနေလိုအပ်လို့ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ SCEFမှာ ပြည်နယ်/ဖက်ဒရယ်ယူနစ်/တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်/ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် စတဲ့ မဏ္ဍိုင်၃ရပ်နဲ့ တည်ဆောက်ခဲ့တာဖြစ်ကြောင်း KNU ဥက္ကဋ္ဌက အသိပေးပြီး အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် ပါဝင်မှု အခြေအနေကို အသိပေးပါတယ်။ အမျိုးသမီးတွေဟာ အမြဲတမ်းတော်လှန်ရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။
◾️ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF ဖွဲ့စည်းမှုကို မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ကြိုဆို
တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NUG၊ CRPH တို့ ကနဦးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF ဖွဲ့စည်းမှုကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEFအနေနဲ့ “မူဝါဒ တရပ်တည်း၊ မဟာဗျူဟာ တရပ်တည်း - One policy, one strategy” မူဝါဒနဲ့ လက်ရှိတော်လှန်ရေး အခင်းအကျင်းအရ အရေးတကြီးလိုအပ်လျက်ရှိတဲ့ စုစည်းညီညွတ်မှုကို အကောင်အထည်ဖော်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုတယ်လို့ MIGC က ဖော်ပြပါတယ်။ တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီကလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုအပေါ် ကြိုဆိုထောက်ခံကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် တော်လှန်ရေး အောင်ပွဲ အမြန်ဆုံးရယူရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် ချမှတ် ထားသည့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်နှင့်အတူ မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)၊ စုပေါင်းခေါင်းဆောင်မှု (Collective Leadership) စသည့် မူဝါဒများကိုအခြေခံ၍ လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် လေးနက်စွာဖြင့် ဆန္ဒပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
◾️နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး အချက် ၉ ချက်ပါ တောင်းဆိုချက် ပြည်တွင်းအင်အားစု PCB ထုတ်ပြန်

👍20❤4🔥2
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB)က ဒီနေ့ မတ်လ ၃၁ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးတို့ ပါဝင်တဲ့ PCB အဖွဲ့က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာ ကြေညာချက်မှာ အချက် ၉ချက်ကို တောင်းဆိုထားပြီး ဒီလို သဘောထား ထုတ်ပြန်တာဟာ အနှစ်သာရရှိပြီး စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်စေဖို့ လို့ဖော်ပြထားပါတယ်။ PCB ရဲ့ ဦးတည်ချက်တွေကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ လက်ရှိ ပဋိပက္ခများဖြေရှင်းဖို့အတွက် ပဋိပက္ခနဲ့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်ရေး၊ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မည့် မိတ်ဖက်များနဲ့ ပူးပေါင်းဆောင်ရွက်ရေး တို့ ဖြစ်တယ်လို့ဆိုပါတယ်။
◾️ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေမြိုင်ကျေးရွာအနီးက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒီနေ့ မတ်လ ၃၁ရက် အစောပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်တွေက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝေါ်လေမြိုင်မြို့အနီးက စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ ထီးသဲလယ် တပ်စခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲက ဖြစ်နေကြဆဲဖြစ်ပြီး အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ပါလိမ့်မယ်လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် ကာမီကာဇေဒရုန်းတွေနဲ့ ပါ ခုခံနေတယ်လို့ ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ တပ်ချုပ် ရာထူးအပြောင်းအလဲဖြစ်ချိန်မှာပဲ ကရင်ပြည်နယ် ၊ ထိုင်း - မြန်မာ နယ်စပ်အနီးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လာတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ တိုက်ပွဲတွေဟာ မြဝတီမြို့ရဲ့ တောင်ဘက် နယ်ခြား သောင်ရင်းမြစ်ဘေး က ဖလူးဒေသ နဲ့ ဝေါ်လေမြို့ ရဲ့ ဗျုဟာကုန်းမှာ မတ်လ ၃၀ ရက်နဲ့ ၃၁ ရက် တို့မှာ ဖြစ်ပွားနေတာပါ။ မြဝတီမြို့ရဲ့တောင်ဘက် ၁၀ မိုင်ကျော်အကွာ မှာရှိတဲ့ ထိုင်းနယ်စပ်အနီးက ဖလူးလေးရွာ ၊ ဖလူးကြီးရွာနဲ့ မင်းလက်ပံရွာတို့မှာ ဒီနေ့ (မတ်လ ၃၁ ရက်) မနက်ပိုင်း ကစတင်ပြီး KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူပေးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
◾️ဖားကန့်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေ
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မတ်လ ၃၁ရက် ည ၈နာရီခန့်ကစပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF သတင်းရင်းမြစ်တွေက သတိပေးပါတယ်။ စစ်တပ်က ယူမာကျေးရွာနဲ့ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က ပြင်းပြင်းထန်ထန်ပစ်နေပြီး ရှေ့ရက်တွေကဖြစ်ပေမယ့် အခုညလောက် မဆိုးဘူးလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးအန္တရာယ်ရှိနေတဲ့အတွက် စိတ်ချလုံခြုံတဲ့နေရာမှာ အိပ်ကြဖို့ KIA၊KPDF သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖားကန့်ဒေသမှာ မတ်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေငြိမ်သက်နေတာဖြစ်ပါတယ်။
◾️သက်ငယ်မုဒိန်းတရားခံပြေးကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက် ဖမ်းဆီး

👍22🔥2❤1
ထိုင်းနိုင်ငံမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသားတစ်ဦးကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက်ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ အသက် ၃၇နှစ်အရွယ် စောကဲလဲဆိုသူ အမျိုးသားက သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက် ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါကြောင့် ထိုင်းအာဏာပိုင်တွေက သတင်းပေးပို့ အကူညီတောင်းခံချက်အရ ရှာဖွေဖမ်းဆီးခဲ့တာလို့ တနင်္သာရီတိုင်းစစ်ဌာနပြန်ကြားရေးက ဒီနေ့ မတ်လ ၃၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ တရားခံပြေးစောကဲလဲဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၅ ဇွန်လလောက်က သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက် ထွက်ပြေးလာခဲ့တာပါ။ မတ်လ ၂၇ ရက်မှာတော့ တနင်္သာရီတိုင်းစစ်ဌာန ထောက်လှမ်းရေးအရာရှိ၊ နည်းဗျူဟာ(၃၅)ထောက်လှမ်းရေးအဖွဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)၊ (၃) ထောက်လှမ်းရေးတာဝန်ခံတွေနဲ့ KNLA တပ်ရင်း(၁၁)၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က တင်္နသာရီမြို့နယ်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးပြီး နောက်တစ်ရက် မတ်လ(၂၈)ရက်မှာပဲ စောကဲလဲနဲ့ သက်သေခံပစ္စည်းတွေကို ထိုင်းမြန်မာနယ်စပ်ကတဆင့် ထိုင်းအာဏာပိုင်တွေဆီ ပြန်လွှဲပေးခဲ့ပါတယ်။
◾️ထီးချိုင့်က စစ်တပ်စစ်ကြောင်းတွေ ကသာနဲ့ အင်းတော်ကို ဦးတည်နေ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီးက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။ ထီးချိုင့်မြို့နဲ့ဆက်စပ်နေတဲ့ မန္တလေးတိုင်းက တကောင်းမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကြောင်းတွေက ထီးချိုင့်မြို့ဘက်ကို ဝင်ရောက်လာတာကနေ မတ်လ ၁၉ရက်ကစတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။ ထီးချိုင့်မြို့နယ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ အင်အားအများအပြားဖြည့်ပြီး ဝင်ရောက်လာလို့ တော်လှန်ရေးတပ်တွေဟာ မတ်လ၂၈ရက် နေ့လည်ပိုင်းမှာ ဆုတ်ခွာခဲ့တာလို့ သိရပါတယ်။
◾️မန္တလေးမှာ စက်သုံးဆီ တန်းစီနေသူတွေကို စစ်အုပ်စု ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေသိမ်း ခြိမ်းခြောက်နေ
မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေတဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေပါရင်သိမ်းကာ ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ယူခွင့်ရဖို့ နာရီပေါင်းများစွာကြာ တန်းစီနေတဲ့ ဆိုင်ကယ်စီးနင်းသူပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ မီးသတ်တွေက လှည့်လည်စစ်ဆေးနေကြောင်း၊ အခြားဆီဘူးအပိုတွေ ယူဆောင်လာတာကို စစ်ဆေးတွေ့ရှိပါက ဆီဖြည့်ခွင့်မပေးဘဲ တန်းစီရာကနေ ဖယ်ရှားတာ၊ ဆီဘူးတွေကို သိမ်းဆည်းတာတွေအပြင် တရားမဝင် စက်သုံးဆီသိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်သွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောပါတယ်။ ဆိုင်ကယ်တွေကို တစ်ကြိမ် ၄လီတာနှူန်းနဲ့ တစ်ပတ်နှစ်ကြိမ် ဝယ်ယူခွင့်ပြုထားပေမဲ့ တရုတ်ဆိုင်ကယ်အများစုဟာ ၂ လီတာကျော်ကျော်ပဲဆံ့တဲ့အတွက် ပြည်သူတွေဟာ ဆိုင်ကယ်ထဲက ဆီလက်ကျန်ကို ရနိုင်သမျှ ရေသန့်ဘူးနဲ့ ထုတ်ယူထားကြတာဖြစ်ကြောင်း၊ အဆိုပါဆီဘူးတွေကို စစ်အုပ်စုက သိမ်းဆည်းကာ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
◾️လုံခြုံရေးမကောင်းတဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း ဆီရှားလို့ ကားသမားတွေ အရဲစွန့်သွားလာနေရ
ရွှေဘို-မန္တလေးလမ်းပိုင်းဟာ လုံခြုံရေးအရ စိတ်မချရသော်လည်း စက်သုံးဆီမလုံလောက်လို့ ကားသမားတွေက အဲဒီလမ်းပိုင်းကို အရဲစွန့်သွားလာနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဖြတ်သန်းသွားလာလို့မရခဲ့တဲ့ ရွှေဘို-မန္တလေးလမ်းပိုင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက မော်တော်ယာဥ်တွေ ပြန်လည်သွားလာခဲ့ကြသော်လည်း လုံခြုံရေးအခြေအနေအရ ကွင်းလမ်းတွေကနေတဆင့် ပြန်ပတ်သွားနေရကြောင်း၊ ယခုအခါ စက်သုံးဆီရှားပါးမှုတွေကြောင့် ကားသမားတွေဟာ လမ်းပိုင်းတိုတဲ့ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်ကပဲ ပြန်လည်သွားလာနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ မော်တော်ယာဥ်အသွားအလာနည်းပါးနေပြီး အခြားကွင်းလမ်းတွေ အသုံးပြုနေသူတွေလည်းရှိကြောင်း၊ အမှတ်(၃)ခရိုင်ချင်းဆက်လမ်းကလည်း တိုက်ပွဲဖြစ်ထားလို့ ယာယီပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ရွှေဘို-လှတောလမ်းပိုင်းကတော့ အခက်အခဲမရှိဘဲ မောင်းနှင်လို့ရပြီး လှတော-ရွာသာကြီး-ဆားတောင်-အုန်းတောလမ်းပိုင်းကတော့ သတိပြုကာ သွားလာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
◾️ပေါင်မြို့နယ်မှာ တောင်သူတွေ ရေတင်စက်နဲ့ အုပ်ကြီးထောက်ခံစာပြ တန်းစီပြီး စက်သုံးဆီဝယ်နေရ

👍20❤6🤬2🔥1😁1
မွန်ပြည်နယ် ၊ပေါင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးတွေနဲ့ စက်သုံးဆီဆိုင်တွေက တောင်သူတွေကို စက်သုံးဆီဝယ်ဖို့ အုပ်ချုပ်ရေးမှူးထောက်ခံစာ အပြင် ရေသွင်းစက်တွေကိုပါ တန်းစီမှ ရောင်းပေးလို့ တောင်သူတွေရေတင်စက်တွေ တန်းစီပြီ ဆီဝယ်ယူနေရပါတယ်။ ရေတင်စက်တွေသယ်လာပြီး တန်းစီဝယ်ယူလည်း ဆီဆိုင်က တောင်သူတစ်ဦး ၊စက်တစ်လုံးကို ၁ လီတာပဲ ရောင်းပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်အကြီးအသေး မခွဲဘဲ ၁ လီတာပဲဝယ်ခွင့်ရတယ်လို့ တောင်သူတွေက ပြောပါတယ်။ အဲလိုတန်းစီပြီးစက်သုံးဆီ ၁ လီတာကို ၇၀၀၀ ကျပ်နဲ့ဝယ်ယူရတာဖြစ်ပြီး အပြင်မှောင်ခိုဈေးကွက်မှာတော့ ၁ လီတာကို ၁၀၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ်အတွင်းဈေးရှိပါတယ်။ တောင်သူတွေဟာ စိုက်ပျိုးရေးအတွက် ရေတင်ဖို့ စက်သုံးဆီဝယ်ရခက်ခဲတာ ၊သွင်းအားစုတွေဈေးကြီးတာ ၊ ဆီဈေးကြီးတာတွေကြောင့် အခက်အခဲကြုံနေကြတယ်လို့ ပြောကြပါတယ်။ ရေသွင်းမရရင် စိုက်ပျိုးသီးနှံတွေ ပျက်စီးမယ့် အန္တရာယ်ကိုလည်းရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။
◾️(၄)နှစ်အရွယ်ကလေးငယ် နေမကောင်းလို့ စစ်ကောင်စီရဲ့တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်လို့ ကလေးငယ် သေဆုံး
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၂၉ ရက်မှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာက (၄)နှစ်အရွယ် မောင်းဖုန်းမြတ်ဟာ ဝမ်းသွားပြီး နေမကောင်းတာကြောင့် အဘွားဖြစ်သူက ကလေးငယ်ကိုခေါ်ပြီး စစ်ကောင်စီရဲ့ သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ရဲ့ ပြင်ပမှာဖွင့်ထားတဲ့ ဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။ အဲ့ဒီနောက် ဆရာဝန်က ကလေးငယ်ကို စစ်ဆေးပြီးနောက် ဆေးရုံကြီးမှာ ဆေးသွားထိုးဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် တိုက်နယ်ဆေးရုံက အခြားဆရာဝန်တွေက ဆေးထိုးပြီးနောက် အိမ်ပြန်စဉ်လမ်းမှာ ကလေးငယ် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၃၀ ရက်မှာတော့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ကလိကျွန်းသုဿန်မှာ မီးသဂြိုလ်ခဲ့ကြပါတယ်။
◾️စစ်ခေါင်းဆောင်သစ်ဆီ ‘၀’တပ် UWSA သဝဏ်လွှာပို့
ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ‘၀’လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ဘာသာနဲ့ရေးသားထားတဲ့ UWSAရဲ့ ဂုဏ်ပြုစာကို ‘၀’ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ်လ ၃၀ရက် မနေ့က မြန်မာဘာသာနဲ့ ပြန်လည်ဖော်ပြခဲ့တာပါ။ ဗိုလ်ချုပ်ကြီး ရဲဝင်ဦး ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်ခြင်းခံရတဲ့အပေါ် ‘ဝ’ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA၊ မြန်မာနိုင်ငံ အထူးဒေသ (၂)၊ ‘ဝ’ပြည်သူ့အစိုးရအဖွဲ့က ဂုဏ်ပြုလွှာပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုကျူးလွန်ပြီး စစ်ရာဇဝတ်ကောင်အဖြစ် နိုင်ငံတကာက ရှုမြင်ခံထားရတဲ့ တပ်ချုပ် ရာထူးက အနားယူသွားသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း UWSA က ချီးကျူးထားတာ တွေ့ရပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

👍27❤7🤬2🔥1😁1