People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
( စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီနေသော ဆိုင်ကယ်များအား ဝင်ရောက်စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
💩18🤬12👎6👍5🖕42🔥2
စစ်ခေါင်းဆောင်သစ်ထံ ၀တပ် UWSA သဝဏ်လွှာပို့

မတ်−၃၁၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

တရုတ်ဘာသာနဲ့ရေးသားထားတဲ့ UWSAရဲ့ ဂုဏ်ပြုစာကို ဗမာဘာသာနဲ့ ပြန်လည်ဖော်ပြခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ရဲဝင်ဦးအား ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်ခြင်းခံရတဲ့အပေါ် "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA, မြန်မာနိုင်ငံ အထူးဒေသ (၂)၊ "ဝ" ပြည်သူ့အစိုးရအဖွဲ့မှ ဂုဏ်ပြုလွှာပေးပို့ခဲ့တယ်လို့ ဖော်ပြထားတာပါ။

ရာထူးကအနားယူသွားတဲ့ မင်းအောင်လှိုင်ကိုလည်း UWSA ကချီးကျူးထားတာတွေ့ရပါတယ်။

အရေးကြီးတဲ့ တာဝန်တွေကိုအောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်တွေကို ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့ ကြောင်း၊ စစ်ကောင်စီခေါင်းဆောင်သစ် ရဲဝင်းဦးကို နွေးထွေးပြီး စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုကြောင်း ၀တပ်ဖွဲ့ရဲ့ စာမှာ ပါရှိတယ်လို့ဆိုပါတယ်။

စစ်ခေါင်းဆောင်သစ်ရဲ့ ဦးဆောင်မှုအောက်မှာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံရဲ့ ရေရှည်တည်ငြိမ်မှု၊ ကြွယ်၀ ချမ်းသာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ၀တပ်ဖွဲ့က ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။

"ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပါစေ၊ တာဝန်များတွင် အောင်မြင်ပါစေ၊ ဆက်လက်၍ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်" လို့ လည်း ထုတ်ပြန်ချက်နောက်ဆုံးမှာ ပါရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၁၅ နှစ်တိုင် ရယူထားတဲ့တပ်ချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နေရာကို မတ်လ ၃၀ရက်မှာ ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တာပါ။ ပြည်သူလူထုကို လေကြောင်း ၊လက်နက်ကြီး ဒရုန်း တိုက်ခိုက်မှုတွေ ဆက်တိုက် အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ဒေသအသီးသီးမှာ ပြည်သူလူထု အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

အခု စစ်ခေါင်းဆောင်သစ်ကို ဂုဏ်ပြုကြောင်း ဖော်ပြခဲ့တဲ့ ၀တပ် UWSAဟာ သူတို့ အနေနဲ့ ဘက်မလိုက်ရေးမူကိုကျင့်သုံးကြောင်း အသိပေးထုတ်ပြန်ထားပေမယ့် စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေ ပြုလုပ်တာ၊ စစ်ကောင်စီ လုပ်တဲ့ ပွဲတွေတက်ရောက်တာ ရှိခဲ့ပါတယ်။
😁31🤮217🖕5🤬3😡3👎1💩1🥱1
(အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က စစ်ခေါင်းဆောင်သစ် ရဲဝင်းဦးကို တာဝန်လွှဲပြောင်းပေးနေစဉ်။ ဓာတ်ပုံ − MOI)
🤬22🖕20🤮9😡4💩32👎1🔥1🥱1
ပြည်သူလူထုကိုငါးနှစ်ကြာသတ်ဖြတ်ပြီး နေပြည်တော်မှာ ဒီနေ့ မြန်မြိုင်ဆိုင်ဆိုင်ပြုလုပ်နေသည့် နိုင်ငံတော်အဆင့်ရာထူး‌တွေအလုအယက် ခန့်အပ်တာဝန်ပေးအနေချိန်မှာ စစ်သူကြီးမဟာဗန္ဓုလ၏ ဇာတိ ဘုတလင်မြို့နယ်၊ငပယင်းရွာတွင် ဒေသခံတွေ ငိုပွဲဆင်နေကြရသည်။

ငပယင်းရွာက ဘုတလင်မြို့နှင့်ငါးမိုင်ခန့်အကွာမှာရှိသည်။ငပယင်းရွာဆေးခန်းတွင်အရပ်သားအချို့ဆေးကုသမှုခံယူနေစဉ်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲပြီးရော့ကတ်ဖြင့်ပါပစ်ခတ်သွားခြင်းဖြစ်သည်။ အမျိုးသမီးသုံးဦး၊ အမျိုးသားနှစ်ဦးသေဆုံးပြီး အားလုံးအရပ်သားများဖြစ်သည်ဟု ဒေသခံများကပြောသည်။​ဒေသခံအချို့က ​သေဆုံးသူ ၁၅ ဦးအထိရှိ​ကြောင်း​ပြောကြသည်။

“ စစ်တပ်က ဘယ်ကောင်တက်တက် ရက်စက်မှာပဲ။ကျနော်တို့က ပိုပြီး ဂရုတစိုက်နေမှရမယ်” လို့ဘုလင်မြို့ခံတဦးကပြောသည်။


https://www.ludunwayoo.com/feature-mm/2026/03/31/152793/?fbclid=IwdGRzaAQ4bi1jbGNrBDhuKWV4dG4DYWVtAjExAHNydGMGYXBwX2lkDDM1MDY4NTUzMTcyOAABHg1_HncdCSmAgttVcV1g9Cmfu24KWjw3aQx0tRCzetz-FGODXn2tmqvjLoEh_aem_1PpPvE3TE1_fZoqniGd8gQ
😡27🤬14😢4💩42👍2👎2
စစ်တပ်လွှတ်​တော်စတင်တဲ့လ ၊​ လေယာဥ်ဆီအပါ
အဝင် စက်သုံးဆီ​တွေ ရှားပါးတဲ့ လဟာ မြန်မာ
နိုင်ငံမှာ​ စစ်တပ်က ပြည်သူ​တွေကိုဗုံးကြဲသတ်
ဖြတ်မှု အများဆုံး လ ဖြစ်လာပါတယ်။

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့​ရွေး​ကောက်ပွဲက​နေ
စစ်ယူနီ​ဖောင်း​​ချွတ် တိုက်ပုံ​ပြောင်းဝတ်ပြီးလွှတ်​တော်​ရောက်လာသူ​တွေ ၊ စစ်တပ်​မွေးထားတဲ့ပါတီ​တွေက ပုဂ္ဂိုလ်​တွေ ၊တစ်မတ်သားခွဲတမ်းအရ စစ်ယူနီ​ဖောင်း​တွေဝတ်ပြီး လွှတ်​တော်တက်သူ​တွေနဲ့ မတ်လ ၁၆ ရက်မှာ စစ်တပ်လွှတ်​တော်စတင်ခဲ့ပါတယ် ။ စစ်တပ် လွှတ်​တော်က​နေ ၂၀၁၁ တုန်းကလိုပဲ စစ်သား​တွေက​နေ အရပ်သားယူနီ​ဖောင်း​ပြောင်းဝတ်ပြီး​ ကမ္ဘာနဲ့ မြန်မာပြည်သူ​တွေကိုမျက်လှည်ပြဖို့ စစ်ရာဇဝတ်မှု​တွေက​နေကိုယ်လွှတ်ရုန်းပြီး​တော့ အာဏာသိမ်းမှု​အောင်မြင်ဖို့ စစ်တပ်ကစိတ်ကူးယဥ်​နေပါတယ် ။ဒီအ​ခြေအ​နေကိုအာဏာ
ရှင်နိုင်ငံ​တွေဖြစ်တဲ့ တရုတ် ၊ရုရှား ၊ဘယ်လာရုဇ် အပါအဝင် နိုင်ငံအချို့က စစ်တပ်ကို​ကောင်ချီး​ပေး အသိအမှတ်ပြု​ပေးဖို့​စောင့်​နေကြတာပါတ။

ဒါ​ပေမယ့် အာဏာသိမ်းစစ်အုပ်စုကပဲ မတရားလုယူထားတဲ့အာဏာကို ဘယ်လက်က​နေ ညာလက်​ပြောင်းယူဖို့ ပြင်​နေချိိန်မှာ​တောင် သူတို့ရဲ့ ပင်ကိုယ်ရုပ်ကိုထပ်မံပြသ​နေပါ​တော့တယ် ။ အဲတာက​​တော့ နိုင်ငံတစ်ဝန်း ခုခံ​တော်လှန်မှုအား​ကောင်းတဲ့​ဒေသ​တွေကို စစ်တပ်က ပြည်သူ​တွေကိုပါ ပစ်မှတ်ထားပြီး ​လေယာဥ်အုပ်တွေနဲ့
ဗုံးကြဲသတ်ဖြတ်တာဖြစ်ပါတယ် ။


https://youtu.be/B6ZI3QDqp2M?si=gqB0gqwDEt932rgR
🤬385👎3👍2😁2💩2
အီရန်စစ်ပွဲအတွက် အာရပ်နိုင်ငံတွေ
ငွေကြေးစိုက်ထုတ်ပေးဖို့ ထရမ့်လိုလား

မတ်-၃၁၊၂၀၂၆။People's Spring

အီရန်စစ်ပွဲအတွက်မဟာမိတ်နိုင်ငံတွေက ငွေကြေး ဝိုင်းဝန်းစိုက်ထုတ်ပေးတာမျိုးသမ္မတ ဒေါ်နယ်လ်ထရမ့်က လိုလားနေကြောင်း အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ အိမ်ဖြူတော် ပြောရေးဆို
ခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ထရမ့်ဟာမဟာမိတ်အာရပ်နိုင်ငံတွေကိုအီရန်စစ်ပွဲအ
တွက် ကုန်ကျစရိတ်တွေ ဝိုင်းဝန်း ပံ့ပိုးပေးရေး တောင်းဆိုဖို့ စိတ်ဝင်စားနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အာရပ်နိုင်ငံတွေက လက်ရှိစစ်ပွဲမှာ အမေရိကန်ကို စစ်စရိတ် ဝိုင်းကူနိုင်ခြေ ရှိသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး လီယာဗစ်က သူ့အနေနဲ့ သမ္မတ ထရမ့်ကို ကျော်ပြီး ဒီကိစ္စကို မဖြေချင်ကြောင်း၊ ဒါပေ
မဲ့ သမ္မတရဲ့ စိတ်ထဲမှာ ဒီအကြောင်းကို သေချာ စိတ်ဝင်စားနေပြီးသားလို့တော့ သူယူဆကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒီကိစ္စဟာ သမ္မတ ထရမ့်ရဲ့ စိတ်ကူးတစ်ခု ဖြစ်ပြီး နောက်ပိုင်းကျရင်တော့ သမ္မတဆီကနေ ပိုပြီး စုံစုံလင်လင် ကြားခွင့်ရမယ်လို့ သူထင်ကြောင်း လီယာဗစ်က ပြောပါတယ်။

လီယာဗစ်ကအီရန်အစိုးရဟာအမေရိကန်နဲ့ ဆွေး
နွေးမှုတွေ မရှိပါဘူးလို့ လူသိရှင်ကြား ငြင်းဆိုနေပေမယ့် နောက်ကွယ်မှာတော့ စစ်ရပ်စဲရေးအတွက် အမေရိကန်ဖက်က တောင်းဆိုထားမှု တချို့ကို လိုက်လျော လက်ခံထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်ကွယ်က ဆွေးနွေးပွဲတွေအကြောင်း အမေရိကန်က ပြောတဲ့အခါ သတင်းမှားတွေပါလို့ အီရန်ကငြင်းဆိုတာကိုအားလုံးသိထားပြီးဖြစ်ကြောင်း
၊ ဒါပေမဲ့ လက်တွေ့မှာတော့ ညှိနှိုင်းမှုတွေက အ
ဆင်ပြေပြေ ရှေ့ဆက်နေကြောင်း၊ နောက်ကွယ်က ဆွေးနွေးမှုတွေနဲ့ လူသိရှင်ကြား ငြင်းဆိုမှုတွေက တိုက်ရိုက် အချိုးမကျကြောင်း လီယာဗစ်က ပြောကြားသွားပါတယ်။

ထရမ့်ကတော့ အီရန်အနေနဲ့ ဆွေးနွေးမှုတွေကနေ အဖြေတစ်ခုခု ထွက်ပေါ်လာအောင် ကြိုးစားဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပြီး သဘောတူညီမှု မရခဲ့ဘူး ဆိုရင်တော့ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အ
ခြေခံ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အီရန်ကတော့ ကြားခံ နိုင်ငံတွေကနေတဆင့် ပေးပို့ထားတဲ့ အမေရိကန်ရဲ့ စစ်ရပ်စဲရေး တောင်း
ဆိုချက်တွေက လက်တွေ့မကျသလို လက်ခံနိုင်စရာလည်း မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ကိုးကား- Reuters
👍35😁62💩1
ဓါတ်ပုံ-AFP
👍24😁2
ထိုင်းမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက်ဖမ်းဆီး

‌မတ်-၃၁၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

ထိုင်းနိုင်ငံမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့အမျိုးသားကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက်ပူးပေါင်းမှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ အသက် ၃၇နှစ်အရွယ် စောကဲလဲဆိုသူအမျိုးသားက သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးသွားတာကို ထိုင်းအာဏာပိုင်တွေက သတင်းပေးပို့ အကူညီတောင်းခံချက်အရ ရှာဖွေဖမ်းဆီးခဲ့တာလို့ တနင်္သာရီတိုင်းစစ်ဌာနပြန်ကြားရေးက ဒီနေ့ မတ်လ ၃၁ရက်မှာသတင်းထုတ်ပြန်ပါတယ်။

စောကဲလဲဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လခန့်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့မှာ တနင်္သာရီတိုင်းစစ်ဌာန ထောက်လှမ်းရေးအရာရှိ၊ နည်းဗျူဟာ(၃၅)ထောက်လှမ်းရေးအဖွဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)/(၃) ထောက်လှမ်းရေးတာဝန်ခံတွေနဲ့ KNLA တပ်ရင်း(၁၁)၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က တင်္နသာရီမြို့နယ်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မတ်လ(၂၈)ရက်မှာ‌‌တော့ စောကဲလဲနဲ့ သက်သေခံပစ္စည်းတွေကို ထိုင်းမြန်မာနယ်စပ်ကတဆင့် ထိုင်းအာဏာပိုင်တွေထံ ပြန်လွှဲပေးခဲ့ပါတယ်။ ပြန်လွှဲပေးတဲ့အစီအစဉ်ကို တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲ‌ဘော်စတား၊ အမှတ်(၃၅)နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ ကရင်အမျိုးသားအစည်းအရုံး KNU မြို့နယ်ရဲမှူးတို့က ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဟာ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်ရေးအားကောင်းတဲ့ဒေသဖြစ်ပါတယ်။ မြေပြင်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို ထိုင်း-မြန်မာနယ်စပ် ဒေသတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။
👍2322👏1😁1
ဓာတ်ပုံ - တနင်္သာရီတိုင်းစစ်ဌာန
👍43👏4🥰3😁2
မြန်မာ-ထိုင်းနယ်စပ်မှာ တစ်ခုတည်းကျန်နေတဲ့ ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်

‌မတ်-၃၁၊၂၀၂၆။နော်/People's Spring

မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေမြိုင်ကျေးရွာအနီးက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒီကနေ့ မတ်လ ၃၁ရက် အစောပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝေါ်လေမြိုင်မြို့အနီးက စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ ထီးသဲလယ် တပ်စခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

" တိုက်ပွဲက ဖြစ်နေကြတုန်းပဲ။အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ပါလိမ့်မယ်"လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် ကာမီကာဇေဒရုန်းတွေနဲ့ ပါ ခုခံနေတယ်လို့ ပြောပါတယ်။

"ဒီနေ့တစ်နေကုန်နီးပါး လေယာဥ်လာလိုက်၊ ဒရုန်းတွေလာလိုက်ပဲ အဆက်မပြတ် အသံတွေကြားနေရတယ် "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိနေပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးပါဘူး။

တဖက်မှာလည်း ဝေါ်လေဗျူဟာကုန်းတပ်စခန်းက တပ်ဖွဲ့ဝင်တွေကို စစ်ကူပေးဖို့နဲ့ မြဝတီမြို့တောင်ဘက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့အတွက် စစ်တပ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းမှာ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပေမယ့်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် မင်းလက်ပံနဲ့ ဖလူးကျေးရွာအနီးမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဝေါ်လေဗျူဟာကုန်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်ကစပြီး တိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ ဝေါလေမြိုင်မြို့က စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းဟာ ဝေါလေမြို့ရဲ့တောင်ဘက်မှာရှိပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တ​​လျှောက်မှာရှိတဲ့ စစ်တပ်စခန်း​တွေကို ၂၀၂၅ ဧပြီကစပြီ ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ်။

မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ရင် ဖလူးကနေ - ဝေါ်လေထိ စစ်တပ်ကင်းစင်သွားမှာလည်းဖြစ်ပါတယ်။
👏3217👍10🥰2😁2🤣1
(ဝေါလေဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကော်ဘရာတပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ - Cobra Column)
39👍17🔥1🥰1👏1😁1🫡1
ပေါင်မြို့နယ်မှာ ​တောင်သူ​တွေရေတင်စက်နဲ့အုပ်ကြီး​ထောက်ခံစာပြ တန်းစီပြီးစက်သုံးဆီဝယ်​နေရ

မတ်-၃၁၊၂၀၂၆။​နေ့သစ်/People's Spring

မွန်ပြည်နယ် ၊​ပေါင်မြို့နယ်မှာ စစ်​ကောင်စီလက်​အောက်ခံအုပ်ချုပ်​ရေးမှူး​တွေနဲ့ စက်သုံးဆီဆိုင်​တွေက ​တောင်သူ​တွေကို စက်သုံးဆီဝယ်ဖို့ အုပ်ချုပ်​ရေးမှူး​ထောက်ခံစာ အပြင် ​ရေသွင်းစက်​တွေကိုပါတန်းစီမှ​​ရောင်း​ပေးလို့ ​တောင်သူ​တွေ​ရေတင်စက်​တွေ တန်းစီပြီ ဆီဝယ်ယူ​နေရပါတယ်။

​ရေတင်စက်​တွေသယ်လာပြီး တန်းစီဝယ်ယူလည်းဆီဆိုင်က ​တောင်သူတဦး ၊စက်တစ်လုံးကို ၁ လီတာပဲ​ရောင်း​ပေးတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ စက်အကြီးအ​သေး မခွဲပဲ ၁ လီတာပဲဝယ်
ခွင့်ရတယ်လို့​တောင်သူ​တွေက​ပြောပါတယ်။

"ဒူရင်း၊ ဖရဲခြံ ဆိုတဲ့ အုပ်ကြီးလက်မှတ်လေး လဲ ၂၀၀၀ နဲ့ ယူသွားရပါဦမယ်။စက်နဲ့ အုပ်ကြီး လက်မှတ်မပါရင် ဆီတန်ခွင့်မရပါဘူး"လို့​ဒေသခံ​တောင်သူတဦးက​ပြောပါတယ်။

အဲလိုတန်းစီပြီးစက်သုံးဆီ ၁ လီတာကို ၇၀၀၀ ကျပ်နဲ့ဝယ်ယူရတာဖြစ်ပြီး အပြင်​မှောင်ခို​​ဈေးကွက်မှာ​တော့ ၁ လီတာကို ၁၀၀၀၀ ကျပ်က​နေ ၁၂၀၀၀ ကျပ်အတွင်း​ဈေးရှိပါတယ်။ ​​တောင်သူ​တွေဟာစိုက်ပျိုး​​ရေးအတွက်​ရေတင်ဖို့စက်သုံးဆီဝယ်ရခက်ခဲတာ ၊သွင်းအားစု​တွေ​ဈေးကြီးတာ ၊ ဆီ​ဈေးကြီးတာ​တွေ​ကြောင့်အခက်အခဲကြုံ​နေကြတယ်လို့ ​ပြောကြပါတယ်။​ရေသွင်းမရရင် စိုက်ပျိုးသီးနှံ​တွေ ပျက်စီးမယ့် အန္တရာယ်ကိုလည်းရင်ဆိုင်​နေရတယ်လို့​ပြောကြပါတယ်။

အီရန်စစ်ပွဲ​ကြောင့်ကမ္ဘာတစ်​ဝန်းစက်သုံးဆီ အခက်အခဲကြုံ​နေတာမှာ စစ်​ကောင်စီရဲ့ မကြာ
ခဏ​ပြောင်း​နေတဲ့ဆီဝယ်ရတဲ့ပုံံ ၊ ​ဈေးကြီးပြီးအနည်းငယ်သာ​ရောင်း​ပေးမှု ၊ လာဘ်​စားမှု​ စတာ​တွေ​ကြောင့်ပြည်သူ​တွေ ဆီဝယ်ဖို့ ပိုခက်ခဲ​နေတယ်လို့ ပြည်သူ​တွေက​ပြောပါတယ်။
🤬26😱126😁1
ပေါင်မြို့နယ်မှာ စက်သုံးဆီဝယ်ဖို့ ​တောင်သူ​တွေ ​ရေတင်စက်​တွေကိုပြပြီး တန်းစီ​နေကြရစဥ်။ဓါတ်ပုံ-​နေ့သစ်
🤬21😱163🔥2😁2
ထီးချိုင့်က စစ်တပ်စစ်ကြောင်းတွေ ကသာနဲ့ အင်းတော်ကို ဦးတည်နေ

မတ်-၃၀၊၂၀၂၆၊ရှိန်း/ People's Spring

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့အနီက တော်လှန်ရေးတပ်‌တွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းတွေဟာ ကသာနဲ့ အင်းတော်မြို့ကို ဦးတည်နေပါတယ်။

ထီးချိုင့်မြို့နဲ့ဆက်စပ်နေတဲ့ မန္တလေးတိုင်းက တကောင်းမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကြောင်းတွေက ထီးချိုင့်မြို့ဘက်ကို ဝင်ရောက်လာတာကနေ မတ်လ ၁၉ရက်ကစတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ထီးချိုင့်မြို့နယ်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ အင်အားအများအပြားဖြည့်ပြီး ဝင်ရောက်လာလို့ တော်လှန်ရေးတပ်တွေစာ မတ်လ၂၈ရက် နေ့လည်ပိုင်းမှာ ဆုတ်ခွာခဲ့တာလို့ သိရပါတယ်။

"မြို့ကို စကစက အရင်ကတည်းကထိန်းချုပ် ထားတာ။ တော်လှန်ရေးတပ်တွေက ဝိုင်းပိတ် ထားတဲ့အနေအထား။ အခုက အမြှောက်ဆင် ထားတဲ့ကုန်းကို စစ်တပ်က ထိုင်သွားလို့ ဆုတ် ပေးလိုက်တာ"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"တကောင်းကို စစ်တပ်က ပြန်ရသွားတော့ အခြေအနေက ရှုပ်ထွေးသွားတယ်။ အထိအခိုက် တွေများမှာစိုးလို့ ဆုတ်ပေးထားပေမယ့် ပြောက်ကျားစစ်ရှိနေတယ်"လို့ ၎င်းက ဆက် ပြောပါတယ်။

ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ စစ်တပ်က မြို့ကို လေကြောင်းကနေ ဗုံးကြဲပြီး မီးရှို့လို့ တော်လှန်ရေးတပ်တွေက ပြန်ဆုတ်ခွာခဲ့ပါတယ်။

မြ‌တောင်ရွာ၊ တကောင်းနီကယ်စက်ရုံအနီးဝန်းကျင်အပါအဝင် မြို့အနီးက ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားခဲ့ပါတယ်။

မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး
ဒေသခံတွေဟာ ၂၀၂၃ နိုဝင်ဘာကတည်းက ယခုထိ နေရပ်စွန့်ခွာတိမ်းရှောင်‌နေကြရတာပါ။

ပြီးခဲ့တဲ့ မတ်လဆန်းက တကောင်းမြို့မှာတိုက် တိုက်ပွဲတွေပြင်းထန်‌နေစဉ် ထီးချိုင့်မြို့ကို စစ်တပ်က လေကြောင်းကနေ မကြာခဏ‌ဗုံးကြဲခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လ ၈ရက်ကနေ ၁၀ရက်အတွင်း ကလေးငယ်နဲ့ ကိုရင်အချို့အပါအဝင် ၁၀ဦးသေဆုံးပြီး၂၅ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

" အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတော့ တော်လှန်ရေးတပ်တွေက ရှောင်ပေးရတာ။ စစ်တပ်က စစ်တိုက်တာမဟုတ်ဘူး။ စစ်ရာဇဝတ်မှု ကျူးလွန်ပြီး နယ်မြေတွေ ပြန်ယူတာ"လို့ ထီးချိုင့်မြို့ကနေ တိမ်းရှောင်နေရသူ အရပ်သားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ထီးချ်ိုင့်မြို့ တိုင်းရင်းဆေးရုံနဲ့ ရင်ခွဲတောင်တို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

ရင်ခွဲတောင်ဟာ ထီးချိုင့်အနောက်ဘက်ကနေ ကသာမြို့ကို ဆက်သွယ်ထားတဲ့ ခရိုင်ချင်းဆက် လမ်းမှာရှိပြီး စစ်တပ်စစ်ကြောင်းဟာ ကသာနဲ့အင်းတော်မြို့ကို ဦးတည်နိုင်တယ်လို့ တော်လှန်ရေး တပ်တွေက သုံးသပ်ပါတယ်။

ကသာခရိုင်ထဲမှာ ကသာ၊အင်းတော်၊ ထီးချိုင့်နဲ့ ဗန်းမောက်မြို့နယ်တွေ ပါဝင်ပါတယ်။ တော်လှန်ရေးတပ်တွေဟာ အဲဒီမြို့သုံးမြို့ကို တချိန်တည်းတိုက်ထိုက်ခဲ့ပေမယ့် ကသာနဲ့ အင်းတော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ထီးချိုင့်ကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။

အင်းတော်မြို့ကို PDFတွေနဲ့ မဟာမိတ်တွေက ၂၀၂၅ ဧပြီ ၇ရက်မှာ သိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ ထိန်းချုပ်ထားပါတယ်။

ဗန်းမောက်မြို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပါတယ်။

စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။ ကသာမြို့မှာတော့ မတ်လ၂၀ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိလည်း မြို့အနီးနားဝန်းကျင်မှာ စစ်ရေးတင်းမာနေပါတယ်။

ကသာမြို့ပေါ်ကို စစ်တပ်က အပြည့်အဝမထိန်းချုပ်နိုင်ပေမယ့် ထိန်းချုပ်နိုင်ပြီလို့ ဝါဒဖြန့်ပြီး ဒေသခံတွေမြို့ထဲပြန်ဝင်လာဖို့ ဖိအားပေးနေပါတယ်။
🤬3712👎4🔥2😁2👍1