ဒါ့အပြင် သင့်တင့်မျှတတဲ့ နိုင်ငံရေးပတ်ဝန်းကျင် ဖန်တီးကာ ပဋိပက္ခနဲ့ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ခြင်း အားဖြင့်သာ တိုင်းပြည်ရဲ့ အရင်းခံပြဿနာနဲ့ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ညှိနှိုင်းရေးအဖွဲ့ PCBက ထုတ်ပြန်ပါတယ်။
Political Coordination Body - PCBအဖွဲ့ပါဝင်သူတွေဟာ ၂၀၂၄ စက်တင်ဘာတုန်းကလည်း ငွေဆောင်ကမ်းခြေမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးဆိုင်ရာသုံးသပ်ဆွေးနွေးပွဲ(ငွေဆောင်)လို့ ခေါင်းစဉ်တပ်ထားတဲ့ ပြည်တွင်းကနိုင်ငံရေးအင်အားစုတွေရဲ့ဆွေးနွေးပွဲလို့ဆိုကာ သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ငွေဆောင်သဘောတူညီချက် (၇)ချက်ဆိုပြီး ထွက်ပေါ်လာပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် (၇)ချက်ဆိုပြီး ထွက်ပေါ်လာတာပါ။ နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးလွှတ်ပေးဖို့ နဲ့ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်တန့်ဖို့ လိုအပ်တယ် လို့သဘောတူညီချက်မှာ ပါဝင်ခဲ့ပေမယ့် စစ်ကောင်စီက လက်မခံဘဲ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုလုပ်လာခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ ဒေါ်အောင်းဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတောင်းဆိုသူတွေကို မတရားဖမ်းဆီးသတ်ဖြတ်နေချိန်မှာ ငွေဆောင်ကမ်းခြေသွားပြီး နိုင်ငံရေးစကားနိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်ရတဲ့အပေါ် ပြည်သူတွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။
အဲဒီနောက် ကလောဆွေးနွေးပွဲဆိုပြီး ထပ်မံပြုလုပ်ဖို့ စီစဉ်ရာ စစ်ကောင်စီရဲ့ တားဆီးခြင်း ခံရပါတယ်။
PCBအဖွဲ့မှာ SNLDပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စိုင်းညွှန့်လွင်နဲ့ ၈၈မျိုးဆက်က ကိုမြအေးတို့ ဦးဆောင်ဖွဲ့စည်းထားပါတယ်။
"အဲဒီ့ တောင်းဆိုချက်တွေ အကြမ်းဖက်စစ်တပ်ကို အသွင်ပြောင်းထားတဲ့ ရုပ်သေးအစိုးရဆိုတာကြီးက ဘာတခုမှ လုပ်ပေးမှာမဟုတ်ပါဘူး။ အဲဒီ့လို မလုပ်ပေးရင် ဘာဆက်လုပ်ကြမလဲဆိုတာကိုပါ ထပ်စဉ်းစားထားကြဖို့ လိုမယ်ထင်ပါတယ်။"လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက PCB အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပြုပါတယ်။

❤26👍19🥰2👏2🔥1😱1🤣1
ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ထည်သွင်းမှု မဖြစ်မနေလိုအပ်ဟု KNU ဥက္ကဋ္ဌပြော
မတ်−၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၄ခုစုစုပေါင်း အဖွဲ့ ၆ခုနဲ့ စတင်ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် ထည့်သွင်းတာဟာ သရုပ်ပြထည့်သွင်းခြင်းမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု မဖြစ်မနေလိုအပ်လို့ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
KNU၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေနဲ့ NUG၊ CRPH တို့ဟာ တော်လှန်ရေးအရှိန်မြှင့်တင်ဖို့ စစ်ရေးအတူပူးပေါင်းကွပ်ကဲဖို့ စစ်အာဏာရှင်စနစ်ဖယ်ရှားဖို့ စတာတွေအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ SCDF ကို မတ်လ ၃၁ရက်မှာ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီကောင်စီမှာ ပြည်နယ်/ဖက်ဒရယ်ယူနစ်/တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်/ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် စတဲ့ မဏ္ဍိုင်၃ရပ်နဲ့ တည်ဆောက်ခဲ့တာဖြစ်ကြောင်း KNU ဥက္ကဋ္ဌက အသိပေးပြီး အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် ပါဝင်မှု အခြေအနေကို အခုလို အသိပေးပါတယ်။
“ဒီမဏ္ဍိုင်ကို သရုပ်ပြ ထည့်သွင်းခြင်းမဟုတ်ပါဘူး။အစဉ်တစိုက်မှားယွင်းပျက်ကွက်ခဲ့တဲ့ အခြေအနေတခုကို ပြန်လည်မှန်ကန်စေခြင်းဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
အမျိုးသမီးတွေဟာ အမြဲတမ်းတော်လှန်ရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။
“ခေါင်းဆောင်များအဖြစ် စီမံခန့်ခွဲသူများအဖြစ် လူထုကို ထောက်ပံ့ပေးသူများအဖြစ် လူမှုအသိုင်းအ၀ိုင်းကို ထိန်းသိမ်းထားသူများအဖြစ် ပါဝင်ခဲ့ကြပါတယ်။သို့သော် ဦးဆောင်မှု အဆင့်မှာတော့ သူတို့ရဲ့ အခန်းကဏ္ဍ ကို လုံလောက်စွာ အသိအမှတ်ပြုခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒီတကြိမ်မှာ ၎င်းတို့ကို မဏ္ဍိုင်တခုအဖြစ် သတ်မှတ်ခြင်းဟာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီမှာ မဖြစ်မနေ ပါဝင်ရမယ့် အဓိက အချက်တချက် ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။ “ လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။
မဏ္ဍိုင်သုံးခုလုံးဟာ သဘောတရား သင်္ကေတများသာ မဟုတ်ဘဲ အဲဒီ မဏ္ဍိုင်သုံးခုလုံးဟာ လှုပ်ရှားမှု အတွင်း ရှိနေတဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်၀တ္တရားတို့ရဲ့ အခြေအနေမှန်ကို ထင်ဟပ်စေကြောင်း၊ ဒါ့အပြင် ဆုံးဖြတ်ချက် အတူတကွ ချမှတ် တာ၊ ဆွေးနွေးညှိနှိုင်းတာ၊ တာဝန်ခံမှု ရှိစေဖို့ လိုအပ်တဲ့ ဖွဲ့စည်းပုံ စတာတွေ ဖန်တီးပေးကြောင်း KNU ဥက္ကဋ္ဌက ပြောပါတယ်။
“အခုအချိန်မှာ မပါလာသေးတဲ့ အမျိုးသမီးများကိုလည်း ပြောလိုပါတယ်။ အမျိုးသမီးများရဲ့ ဦးဆောင်မှုမှာ ပါဝင်နေဖို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ပြည့်စုံတဲ့ ပါဝင်မှုကို ကျနော်တို့ ကြိုဆိုပါတယ်” လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ပြည်သူလူထုကို ကောင်စီနဲ့ပတ်သက်ပြီးသတင်းစကား ပြောကြားရာမှာလည်း အခု ဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ ပြည်သူတွေရဲ့ ကောင်စီဖြစ်တယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။ ပြည်သူတွေရဲ့ သွေးချွေး မျှော်လင့်ချက်ကြောင့် ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တာလို့လည်း ရှင်းပြပါတယ်။
KNPP ဥက္ကဋ္ဌ ခူဦးရယ်ကလည်း အခု ကောင်စီဖွဲ့စည်းမှုကို NUG၊ CRPH၊ KIO၊ KNU၊ KNPP၊ CNF ခြောက်ဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် ပါဝင်သင့်သူတွေ ပါဝင်နိုင်ရေး နှစ်လအတွင်း ကြိုးစားဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

❤40👍15🥰1🤮1
မန္တလေးမှာ စက်သုံးဆီ တန်းစီနေသူတွေကို စစ်အုပ်စု ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေသိမ်းခြိမ်းခြောက်နေ
မတ်-၃၁၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေတဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေပါရင်သိမ်းကာ ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ယူခွင့်ရဖို့ နာရီပေါင်းများစွာကြာ တန်းစီနေတဲ့ ဆိုင်ကယ်စီးနင်းသူပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ မီးသတ်တွေက လှည့်လည်စစ်ဆေးနေကြောင်း၊ အခြားဆီဘူးအပိုတွေ ယူဆောင်လာတာကို စစ်ဆေးတွေ့ရှိပါက ဆီဖြည့်ခွင့်မပေးဘဲ တန်းစီရာကနေ ဖယ်ရှားတာ၊ ဆီဘူးတွေကို သိမ်းဆည်းတာတွေအပြင် တရားမဝင် စက်သုံးဆီသိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်သွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောပါတယ်။
"မိရင် ဆီဘူးပါသိမ်းပြီး ဆီထည့်ခွင့်မပေးဘဲ နှင်ထုတ်တာ။ တန်းနေတဲ့ အပြင်ကို ထွက်ခိုင်းတာ။ လူကိုလည်း ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းမှာတဲ့"လို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တွေကို တစ်ကြိမ် ၄လီတာနှူန်းနဲ့ တစ်ပတ်နှစ်ကြိမ် ဝယ်ယူခွင့်ပြုထားပေမဲ့ တရုတ်ဆိုင်ကယ်အများစုဟာ ၂ လီတာကျော်ကျော်ပဲဆံ့တဲ့အတွက် ပြည်သူတွေဟာ ဆိုင်ကယ်ထဲက ဆီလက်ကျန်ကို ရနိုင်သမျှ ရေသန့်ဘူးနဲ့ ထုတ်ယူထားကြတာဖြစ်ကြောင်း၊ အဆိုပါဆီဘူးတွေကို စစ်အုပ်စုက သိမ်းဆည်းကာ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ကလည်း မန္တလေးမြို့ရှိ ၇၈ လမ်း၊ လမ်း ၄၀နဲ့ ၄၁ လမ်းအနီးရှိ Regency စက်သုံးဆီဆိုင်တွင် ဆိုင်ကယ်သမားအချို့ရဲ့ ဓာတ်ဆီဘူးတွေကို စစ်အုပ်စုက သိမ်းဆည်းသွားကြောင်း သိရပါတယ်။
မန္တလေးမြို့မှာ အပူချိန်တွေ မြင့်တက်နေတဲ့ကြားကနေ ဆိုင်ကယ်သမားတွေဟာ စက်သုံးဆီရဖို့ တစ်နေကုန်နီးပါးတန်းစီဝယ်ယူနေရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆီတန်းစီခဲ့သူ အမျိုးသမီးကြီးတစ်ဦး ကွယ်လွန်ခဲ့ပါသေးတယ်။

🤬37👍10❤5👎2🔥2🤣1
( စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီနေသော ဆိုင်ကယ်များအား ဝင်ရောက်စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
💩18🤬12👎6👍5🖕4❤2🔥2
စစ်ခေါင်းဆောင်သစ်ထံ ၀တပ် UWSA သဝဏ်လွှာပို့
မတ်−၃၁၊ ၂၀၂၆။ ဟန်နွေ/People’s Spring
ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။
တရုတ်ဘာသာနဲ့ရေးသားထားတဲ့ UWSAရဲ့ ဂုဏ်ပြုစာကို ဗမာဘာသာနဲ့ ပြန်လည်ဖော်ပြခဲ့တာပါ။
ဗိုလ်ချုပ်ကြီး ရဲဝင်ဦးအား ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်ခြင်းခံရတဲ့အပေါ် "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA, မြန်မာနိုင်ငံ အထူးဒေသ (၂)၊ "ဝ" ပြည်သူ့အစိုးရအဖွဲ့မှ ဂုဏ်ပြုလွှာပေးပို့ခဲ့တယ်လို့ ဖော်ပြထားတာပါ။
ရာထူးကအနားယူသွားတဲ့ မင်းအောင်လှိုင်ကိုလည်း UWSA ကချီးကျူးထားတာတွေ့ရပါတယ်။
အရေးကြီးတဲ့ တာဝန်တွေကိုအောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်တွေကို ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့ ကြောင်း၊ စစ်ကောင်စီခေါင်းဆောင်သစ် ရဲဝင်းဦးကို နွေးထွေးပြီး စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုကြောင်း ၀တပ်ဖွဲ့ရဲ့ စာမှာ ပါရှိတယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်သစ်ရဲ့ ဦးဆောင်မှုအောက်မှာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံရဲ့ ရေရှည်တည်ငြိမ်မှု၊ ကြွယ်၀ ချမ်းသာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ၀တပ်ဖွဲ့က ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။
"ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပါစေ၊ တာဝန်များတွင် အောင်မြင်ပါစေ၊ ဆက်လက်၍ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်" လို့ လည်း ထုတ်ပြန်ချက်နောက်ဆုံးမှာ ပါရှိတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၁၅ နှစ်တိုင် ရယူထားတဲ့တပ်ချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နေရာကို မတ်လ ၃၀ရက်မှာ ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တာပါ။ ပြည်သူလူထုကို လေကြောင်း ၊လက်နက်ကြီး ဒရုန်း တိုက်ခိုက်မှုတွေ ဆက်တိုက် အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ဒေသအသီးသီးမှာ ပြည်သူလူထု အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
အခု စစ်ခေါင်းဆောင်သစ်ကို ဂုဏ်ပြုကြောင်း ဖော်ပြခဲ့တဲ့ ၀တပ် UWSAဟာ သူတို့ အနေနဲ့ ဘက်မလိုက်ရေးမူကိုကျင့်သုံးကြောင်း အသိပေးထုတ်ပြန်ထားပေမယ့် စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေ ပြုလုပ်တာ၊ စစ်ကောင်စီ လုပ်တဲ့ ပွဲတွေတက်ရောက်တာ ရှိခဲ့ပါတယ်။

😁31🤮21❤7🖕5🤬3😡3👎1💩1🥱1
ပြည်သူလူထုကိုငါးနှစ်ကြာသတ်ဖြတ်ပြီး နေပြည်တော်မှာ ဒီနေ့ မြန်မြိုင်ဆိုင်ဆိုင်ပြုလုပ်နေသည့် နိုင်ငံတော်အဆင့်ရာထူးတွေအလုအယက် ခန့်အပ်တာဝန်ပေးအနေချိန်မှာ စစ်သူကြီးမဟာဗန္ဓုလ၏ ဇာတိ ဘုတလင်မြို့နယ်၊ငပယင်းရွာတွင် ဒေသခံတွေ ငိုပွဲဆင်နေကြရသည်။
ငပယင်းရွာက ဘုတလင်မြို့နှင့်ငါးမိုင်ခန့်အကွာမှာရှိသည်။ငပယင်းရွာဆေးခန်းတွင်အရပ်သားအချို့ဆေးကုသမှုခံယူနေစဉ်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲပြီးရော့ကတ်ဖြင့်ပါပစ်ခတ်သွားခြင်းဖြစ်သည်။ အမျိုးသမီးသုံးဦး၊ အမျိုးသားနှစ်ဦးသေဆုံးပြီး အားလုံးအရပ်သားများဖြစ်သည်ဟု ဒေသခံများကပြောသည်။ဒေသခံအချို့က သေဆုံးသူ ၁၅ ဦးအထိရှိကြောင်းပြောကြသည်။
“ စစ်တပ်က ဘယ်ကောင်တက်တက် ရက်စက်မှာပဲ။ကျနော်တို့က ပိုပြီး ဂရုတစိုက်နေမှရမယ်” လို့ဘုလင်မြို့ခံတဦးကပြောသည်။
https://www.ludunwayoo.com/feature-mm/2026/03/31/152793/?fbclid=IwdGRzaAQ4bi1jbGNrBDhuKWV4dG4DYWVtAjExAHNydGMGYXBwX2lkDDM1MDY4NTUzMTcyOAABHg1_HncdCSmAgttVcV1g9Cmfu24KWjw3aQx0tRCzetz-FGODXn2tmqvjLoEh_aem_1PpPvE3TE1_fZoqniGd8gQ

LuduNwayOo
တပ်ချုပ်သစ်ရဲ့ ပထမဆုံးလူသတ်ပွဲ | LuduNwayOo
ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထဲဓားရှည်တစ်ချောင်းရောက်လာသည်။ ဓားအိမ်ပါသည့် ထိုဓားကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးကဆုပ်ကိုင်လိုက်သည်ချက်ချင်းဆိုသလိုဗိုလ်ချုပ်မှူးကြီးလက်ထဲပြန်ကမ်းပေးလိုက်သည်။
😡27🤬14😢4💩4❤2👍2👎2
စစ်တပ်လွှတ်တော်စတင်တဲ့လ ၊ လေယာဥ်ဆီအပါ
အဝင် စက်သုံးဆီတွေ ရှားပါးတဲ့ လဟာ မြန်မာ
နိုင်ငံမှာ စစ်တပ်က ပြည်သူတွေကိုဗုံးကြဲသတ်
ဖြတ်မှု အများဆုံး လ ဖြစ်လာပါတယ်။
စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ရွေးကောက်ပွဲကနေ
စစ်ယူနီဖောင်းချွတ် တိုက်ပုံပြောင်းဝတ်ပြီးလွှတ်တော်ရောက်လာသူတွေ ၊ စစ်တပ်မွေးထားတဲ့ပါတီတွေက ပုဂ္ဂိုလ်တွေ ၊တစ်မတ်သားခွဲတမ်းအရ စစ်ယူနီဖောင်းတွေဝတ်ပြီး လွှတ်တော်တက်သူတွေနဲ့ မတ်လ ၁၆ ရက်မှာ စစ်တပ်လွှတ်တော်စတင်ခဲ့ပါတယ် ။ စစ်တပ် လွှတ်တော်ကနေ ၂၀၁၁ တုန်းကလိုပဲ စစ်သားတွေကနေ အရပ်သားယူနီဖောင်းပြောင်းဝတ်ပြီး ကမ္ဘာနဲ့ မြန်မာပြည်သူတွေကိုမျက်လှည်ပြဖို့ စစ်ရာဇဝတ်မှုတွေကနေကိုယ်လွှတ်ရုန်းပြီးတော့ အာဏာသိမ်းမှုအောင်မြင်ဖို့ စစ်တပ်ကစိတ်ကူးယဥ်နေပါတယ် ။ဒီအခြေအနေကိုအာဏာ
ရှင်နိုင်ငံတွေဖြစ်တဲ့ တရုတ် ၊ရုရှား ၊ဘယ်လာရုဇ် အပါအဝင် နိုင်ငံအချို့က စစ်တပ်ကိုကောင်ချီးပေး အသိအမှတ်ပြုပေးဖို့စောင့်နေကြတာပါတ။
ဒါပေမယ့် အာဏာသိမ်းစစ်အုပ်စုကပဲ မတရားလုယူထားတဲ့အာဏာကို ဘယ်လက်ကနေ ညာလက်ပြောင်းယူဖို့ ပြင်နေချိိန်မှာတောင် သူတို့ရဲ့ ပင်ကိုယ်ရုပ်ကိုထပ်မံပြသနေပါတော့တယ် ။ အဲတာကတော့ နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုအားကောင်းတဲ့ဒေသတွေကို စစ်တပ်က ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး လေယာဥ်အုပ်တွေနဲ့
ဗုံးကြဲသတ်ဖြတ်တာဖြစ်ပါတယ် ။
https://youtu.be/B6ZI3QDqp2M?si=gqB0gqwDEt932rgR

YouTube
နေပြည်တော် မျက်လှည့်ပြပွဲ နောက်ကွယ်ကလူသတ်ပွဲများ | People's Spring
နေပြည်တော် မျက်လှည့်ပြပွဲ နောက်ကွယ်ကလူသတ်ပွဲများ
နေ့သစ်/People's Spring
စစ်တပ်လွှတ်တော်စတင်တဲ့လ ၊ လေယာဉ်ဆီအပါအဝင် စက်သုံးဆီတွေ ရှားပါးတဲ့ လဟာ မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူတွေကိုဗုံးကြဲသတ်ဖြတ်မှု အများဆုံး လ ဖြစ်လာပါတယ်။
စစ်တပ်စိတ်တိုင်းကျစီစဉ်ခဲ့တဲ…

🤬38❤5👎3👍2😁2💩2
အီရန်စစ်ပွဲအတွက် အာရပ်နိုင်ငံတွေ
ငွေကြေးစိုက်ထုတ်ပေးဖို့ ထရမ့်လိုလား
မတ်-၃၁၊၂၀၂၆။People's Spring
အီရန်စစ်ပွဲအတွက်မဟာမိတ်နိုင်ငံတွေက ငွေကြေး ဝိုင်းဝန်းစိုက်ထုတ်ပေးတာမျိုးသမ္မတ ဒေါ်နယ်လ်ထရမ့်က လိုလားနေကြောင်း အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။
မတ်လ ၃၀ ရက်နေ့မှာ အိမ်ဖြူတော် ပြောရေးဆို
ခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ထရမ့်ဟာမဟာမိတ်အာရပ်နိုင်ငံတွေကိုအီရန်စစ်ပွဲအ
တွက် ကုန်ကျစရိတ်တွေ ဝိုင်းဝန်း ပံ့ပိုးပေးရေး တောင်းဆိုဖို့ စိတ်ဝင်စားနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
အာရပ်နိုင်ငံတွေက လက်ရှိစစ်ပွဲမှာ အမေရိကန်ကို စစ်စရိတ် ဝိုင်းကူနိုင်ခြေ ရှိသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး လီယာဗစ်က သူ့အနေနဲ့ သမ္မတ ထရမ့်ကို ကျော်ပြီး ဒီကိစ္စကို မဖြေချင်ကြောင်း၊ ဒါပေ
မဲ့ သမ္မတရဲ့ စိတ်ထဲမှာ ဒီအကြောင်းကို သေချာ စိတ်ဝင်စားနေပြီးသားလို့တော့ သူယူဆကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဒီကိစ္စဟာ သမ္မတ ထရမ့်ရဲ့ စိတ်ကူးတစ်ခု ဖြစ်ပြီး နောက်ပိုင်းကျရင်တော့ သမ္မတဆီကနေ ပိုပြီး စုံစုံလင်လင် ကြားခွင့်ရမယ်လို့ သူထင်ကြောင်း လီယာဗစ်က ပြောပါတယ်။
လီယာဗစ်ကအီရန်အစိုးရဟာအမေရိကန်နဲ့ ဆွေး
နွေးမှုတွေ မရှိပါဘူးလို့ လူသိရှင်ကြား ငြင်းဆိုနေပေမယ့် နောက်ကွယ်မှာတော့ စစ်ရပ်စဲရေးအတွက် အမေရိကန်ဖက်က တောင်းဆိုထားမှု တချို့ကို လိုက်လျော လက်ခံထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောက်ကွယ်က ဆွေးနွေးပွဲတွေအကြောင်း အမေရိကန်က ပြောတဲ့အခါ သတင်းမှားတွေပါလို့ အီရန်ကငြင်းဆိုတာကိုအားလုံးသိထားပြီးဖြစ်ကြောင်း
၊ ဒါပေမဲ့ လက်တွေ့မှာတော့ ညှိနှိုင်းမှုတွေက အ
ဆင်ပြေပြေ ရှေ့ဆက်နေကြောင်း၊ နောက်ကွယ်က ဆွေးနွေးမှုတွေနဲ့ လူသိရှင်ကြား ငြင်းဆိုမှုတွေက တိုက်ရိုက် အချိုးမကျကြောင်း လီယာဗစ်က ပြောကြားသွားပါတယ်။
ထရမ့်ကတော့ အီရန်အနေနဲ့ ဆွေးနွေးမှုတွေကနေ အဖြေတစ်ခုခု ထွက်ပေါ်လာအောင် ကြိုးစားဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပြီး သဘောတူညီမှု မရခဲ့ဘူး ဆိုရင်တော့ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အ
ခြေခံ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အီရန်ကတော့ ကြားခံ နိုင်ငံတွေကနေတဆင့် ပေးပို့ထားတဲ့ အမေရိကန်ရဲ့ စစ်ရပ်စဲရေး တောင်း
ဆိုချက်တွေက လက်တွေ့မကျသလို လက်ခံနိုင်စရာလည်း မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
ကိုးကား- Reuters

👍35😁6❤2💩1
ထိုင်းမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက်ဖမ်းဆီး
မတ်-၃၁၊ ၂၀၂၆။ ဇော်ရမ်း/People's Spring
ထိုင်းနိုင်ငံမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့အမျိုးသားကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက်ပူးပေါင်းမှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ အသက် ၃၇နှစ်အရွယ် စောကဲလဲဆိုသူအမျိုးသားက သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးသွားတာကို ထိုင်းအာဏာပိုင်တွေက သတင်းပေးပို့ အကူညီတောင်းခံချက်အရ ရှာဖွေဖမ်းဆီးခဲ့တာလို့ တနင်္သာရီတိုင်းစစ်ဌာနပြန်ကြားရေးက ဒီနေ့ မတ်လ ၃၁ရက်မှာသတင်းထုတ်ပြန်ပါတယ်။
စောကဲလဲဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လခန့်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့မှာ တနင်္သာရီတိုင်းစစ်ဌာန ထောက်လှမ်းရေးအရာရှိ၊ နည်းဗျူဟာ(၃၅)ထောက်လှမ်းရေးအဖွဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)/(၃) ထောက်လှမ်းရေးတာဝန်ခံတွေနဲ့ KNLA တပ်ရင်း(၁၁)၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က တင်္နသာရီမြို့နယ်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
မတ်လ(၂၈)ရက်မှာတော့ စောကဲလဲနဲ့ သက်သေခံပစ္စည်းတွေကို ထိုင်းမြန်မာနယ်စပ်ကတဆင့် ထိုင်းအာဏာပိုင်တွေထံ ပြန်လွှဲပေးခဲ့ပါတယ်။ ပြန်လွှဲပေးတဲ့အစီအစဉ်ကို တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲဘော်စတား၊ အမှတ်(၃၅)နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ ကရင်အမျိုးသားအစည်းအရုံး KNU မြို့နယ်ရဲမှူးတို့က ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
တနင်္သာရီတိုင်းဟာ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်ရေးအားကောင်းတဲ့ဒေသဖြစ်ပါတယ်။ မြေပြင်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို ထိုင်း-မြန်မာနယ်စပ် ဒေသတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

👍23❤22👏1😁1