ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်၊ GSCB၊ ဝက်လက်သပိတ်
❤36👍7🤮2🥰1
အမြန်လမ်းမှာ စစ်တပ်ယာဉ်တန်းကို PLA တိုက်ခိုက်
မတ်-၃၀၊၂၀၂၆။မိုမို၊သတိုး/People's Spring
ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းက မည်းသင်းမြိုနယ် ကျော်ကြားကျေးရွာအနီးမှာလုံခြုံရေးကင်းပတ်နေတဲ့ ရဲယာဥ်တန်း ကိို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့ တပ်ချုပ်နဲ့ သမ္မတ ရွေးချယ်ဖို့လုပ်ခဲ့တဲ့ နေပြည်တော်အနီးက မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီး ရန်ကုန်-မန္တလေး
အမြန်လမ်း မိုင်တိုင်အမှတ် (၂၅၃) ဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"လုံခြုံရေး ကင်းပတ်နေတဲ့ရဲယာဥ်တန်းတိုက်ခိုက်ခဲ့တာ။သေဆုံးမှုရှိတယ်။ရန်သူက အင်အားလည်း ဖြည့်နေပါတယ် "လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
အင်အား ၂၀ ဝန်းကျင် နဲ့ ကား လေးစီးပါ ရဲကားယာဉ်တန်းကို မတ်လ ၃၀ နေ့လယ် ၁၂ နာရီ မှာကင်းပုန်းဝပ် နေရာယူကာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့အသိပေးပါတယ်။
ထိတွေ့တိုက်ပွဲ၂၅ မိနစ် နီးပါး ရှိခဲ့ပြီး စစ်ကောင်စီရဲ ၁၀ ဦး သေဆုံးတယ်လို့ ရဲဘော်တွေရဲ့ မျက်မြင်အတည်ပြုချက်ကို PLA က သီးခြားထုတ်ပြန်ပါတယ်။
"ယာဥ်ကြောရှည်တာရယ် အရပ်သားကားတွေဝင်လာတာရယ်ကြောင့်တိုက်ပွဲကလက်နက်ရတဲ့အထိ တိုက်ဖို့ အခြေအနေ မပေးလိုက်ဘူး"လို့ PLA တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ရဲတွေ သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူ
ထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို စစ်တပ်က ရှင်းလင်းရေးလုပ်ဆောင်နေပြီး အင်အားဖြည့်တင်းမှုတွေလုပ်
ဆောင်နေတယ်လို့ PLAက ထုတ်ပြန်ထားပါတယ်။
အမြန်လမ်းက စစ်တပ်ရဲ့လုံခြုံရေးစခန်းတစ်ခုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ က PLAက စီးနင်းတိုက်
ခိုက်ခဲ့ပါသေးတယ်။ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ မိုင်တိုင်(၂၄၃)အနီးက ရတနာမြေကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းဖြစ်ပြီး စီးနင်းတိုက်ခိုက်ချိန်မှာကျည်
အချို့နဲ့ စစ်အသုံးဆောင်တွေ၊ရိက္ခာအချို့ကိုPLA တပ်ဖွဲ့ဝင်တွေကသိမ်းနိုင်ခဲ့ပါတယ်။

👍44❤8🥰3😁2👏1
(စစ်တပ်ကို တိုက်ခိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ရဲဘော်တွေ။ ဓာတ်ပုံ - PLA)
👍40🥰10❤4👏2😁2
■အတွေးအမြင်
မြွေဟောင်းနဲ့အရေခွံသစ်
(နှစ်၆၀ကျော်ကစစ်တပ်ရဲ့နိုင်ငံရေးကစားကွက်)
-ကိုသုညံ ရေးသားသည်။
လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်
တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။
မြွေတွေအရေခွံလဲသလို စစ်တပ်က အာဏာကို နည်းမျိုးစုံနဲ့ သိမ်းလိုက်၊ အခြေအနေမဟန်တော့ရင် ရွေးကောက်ပွဲဆိုတာကို အသုံးချပြီး ယူနီ
ဖောင်းချွတ်ထားတဲ့ သူတို့လူတွေကိုပဲ အာဏာပြန်အပ်လိုက်နဲ့ လုပ်လာခဲ့တာ ရာစုနှစ်တဝက်ကျော်စာ( နှစ် ၆၀ ကျော်) ရှိပါပြီ။
၁၉၅၈ ခုဟာ မြန်မာနိုင်ငံအတွက် ချောက်ထဲစကျခဲ့ရတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရ(စစ်တပ်)ဆိုတဲ့ အမည်နဲ့ ၁၉၅၈ ခုမှာ အာဏာရယူခဲ့ပါတယ်။ မြန်
မာနိုင်ငံဟာ ဒီမိုကရေစီရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့သေးပေမဲ့ စစ်တပ်က နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ဖို့၁၉၅၈ခုနှစ်ကတည်းကလမ်းစရှာခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့အိမ်စောင့်အစိုး
ရ(စစ်တပ်)ဟာ၁၉၆၀ ခု ဧပြီလမှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပါတယ်။ ၁၉၆၀ ရွေးကောက်ပွဲမှာ ဦးနုတို့ ပြည်ထောင်စုပါတီကနိုင်ခဲ့ပေမဲ့ စစ်တပ်က သူတို့စိတ်ကြိုက်မဖြစ်တာနဲ့ ၁၉၆၂ ခု မတ်လ ၂ ရက်
မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်
ရေးကောင်စီ(စစ်တပ်)ဟာ ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်ကိုကြိုတင်ကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာကိုလုယူခဲ့ပါတယ်။
အာဏာလုသူတို့ထုံးစံအတိုင်း အဲ့ဒီအချိန်က သမ္မ
တမန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဦးနုနဲ့ ဝန်ကြီးအချို့အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၁၉၆၂ ခု ဇူလိုင်လ
မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဥက္ကဌအဖြစ်တာဝန်ယူတဲ့ မဆလ လို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ်ပါတီကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
၁၉၇၄ ခု ဇန်နဝါရီ ၃ ရက်မှာ တော်လှန်ရေးကောင်
စီအစိုးရဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ပြီး ရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့ပါတယ်။ ၁၉၆၂ ခု ကနေ ၁၉၇၄ ခု ထိ ၁၂ နှစ်ကြာတော်လှန်ရေးကောင်စီကအုပ်ချုပ်
ခဲ့တာပါ။
အဲ့ဒီကာလအတွင်း ပြည်သူပိုင်သိမ်းတာ၊ ငွေစက္ကူအချို့ တရားမဝင်ကြေညာတာ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလွဲလို့ကျန်ပါတီတွေကိုဖျက်သိမ်း
တာတွေ လုပ်ခဲ့ပါတယ်။၁၉၇၄ ခုမှာတော့မြန်မာ့
ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီစနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။၁၉၇၄ ခု ဖွဲ့စည်းပုံအုပ်ချုပ်
ပုံအခြေခံဥပဒေအရရှိလာမယ့်ပြည်သူ့လွှတ်တော်
အတွက် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံဖို့ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင်စစ်တပ်က အရာရှိကြီးတွေဟာ ယူနီ
ဖောင်းချွတ်ခဲ့ကြပါတယ်။
တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်း ဖြစ်လာခဲ့ပြီး နိုင်ငံ့သမ္မတတာဝန်ကိုပါ ယူခဲ့ပါတယ်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ အလုံပိတ်စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး အစစအရာ
ရာ ချွတ်ခြုံကျခဲ့ရပါတယ်။ ဆန္ဒပြမှုတွေ၊ ဦးသန့်၊ အလုပ်သမား၊ မှိုင်းရာပြည့် စတဲ့အရေးအခင်းတွေ ငွေစက္ကူအချို့ တရားမဝင်ကြေညာတာ လုပ်ခဲ့ပြီး ကျောင်းသား၊အလုပ်သမားတွေကိုရက်ရက်စက်
စက် ဖိနှိပ်ခဲ့ပါတယ်။ သတ်ဖြတ်ခဲ့ကြပါတယ်။
၁၉၈၈ ခု မှာတော့ တနိုင်ငံလုံးပါဝင်တဲ့ လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပါတယ်။ ပြည်သူတွေဟာ စစ်တပ်ရဲ့ တပါတီ အာဏာရှင်စနစ်ကို ဘယ်
လောက် ရွံရှာနေပြီလဲဆိုတာ သက်သေပြခဲ့ပါတယ်။ ၁၉၈၈ ခုမှာ ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ လူထုအရေးတော်ပုံကြောင့် တခန်းရပ်ခဲ့ရပြန်ပါတယ်။ ဦးနေဝင်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်နဲ့ မြန်မာ
နိုင်ငံကို ၁၄ နှစ်တာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၅၈ ခုက စတင်ခဲ့တဲ့ အကျင့်အဟောင်းအတိုင်းပဲ ၁၉၈၈ ခုမှာလည်း ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်တဲ့ စစ်တပ်ဟာအာဏာသိမ်းပြီးနိုင်ငံ
တော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)
ဆိုတဲ့ အမည်သစ်နဲ့ အုပ်ချုပ်ခဲ့ပြန်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ကို တစ်ခဲနက် မဲပေးပြီး စစ်အာဏာရှင်စနစ်ကို ငြင်း
ပယ်ခဲ့ကြပေမယ့် သူတို့ကတော့ အာဏာလွှဲမပေးဘဲ အချိန်ဆွဲခဲ့ကြတယ်။ ၁၉၉၇ ခုမှာတော့ နဝတ ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ နာမည်ပြောင်းခဲ့ပေမယ့် ဒီစစ်တပ်ကလူတွေပဲ ဦးဆောင်ခဲ့တာပါ။
ဘယ်လိုပင် အမည်ပြောင်းပြောင်း ဘယ်စနစ်နဲ့အုပ်ချုပ်တယ်ပြောပြော အုပ်ချုပ်သူ လူတန်းစားကတော့ စစ်တပ်နဲ့ မလွတ်ကင်းခဲ့ပါဘူး။ မြွေတကောင်က သူ့အရေခွံကို သူလဲလိုက်သလိုပါပဲ၊ အတွင်းက ခန္ဓာကိုယ်နဲ့အဆိပ်ကတော့ အတူတူပါပဲ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ နဝတ၊ နအဖ ဆိုတဲ့ အမည်နှစ်မျိုးနဲ့ မြန်မာနိုင်ငံကို ၂၂ နှစ်ကြာ ဖိနှိပ်အုပ်ချုပ်ခဲ့တာပါ။

💩16👍8🔥3❤1
နအဖ ဟာ၂၀၀၈ မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်ကြိုက် ရေးဆွဲပြဌာန်းခဲ့ပါတယ်။အဲ့ဒီ ဖွဲ့စည်း
ပုံအခြေခံဥပဒေဆိုတာကလည်း စစ်တပ်က အာ
ဏာကို ထာဝရ ချုပ်ကိုင်ထားနိုင်ဖို့ စနစ်တကျ ရေးဆွဲထားတဲ့ စာအုပ်စိမ်းကြီးတအုပ်ပါ။ ၂၀၁၀
ခု မှာ စစ်တပ်ဟာ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပြီး သူတို့စိတ်ကြိုက်ဖန်တီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကြံ့ခိုင်ရေးပါတီကို အာဏာလွဲပေးခဲ့ပြီး ဦးသိန်းစိန် အစိုးရဆိုတာ ဖြစ်လာခဲ့တယ်။ ကြံ့ခိုင်ရေးပါတီဟာလည်း စစ်တပ်အရေခွံချွတ်ထားတဲ့ ပါတီတခုပဲ မဟုတ်ပါလား။
၂၀၁၅ ခု ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါဝင်လာခဲ့ပြီး ၁၉၉၀ရွေးကောက်ပွဲကလိုပဲတနိုင်ငံလုံးမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ကာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခု ကနေ ၂၀၂၀ ခု အထိ NLD အစိုးရ တက်လာတဲ့ အချိန်လေးဟာ မြန်မာ့သမိုင်းမှာ စစ်တပ်ရဲ့ ဩဇာအာဏာ အနည်း
ငယ် လျော့ပါးသွားသလိုထင်ရပေမဲ့ တကယ်တမ်း
တော့ အရေးကြီးတဲ့ နေရာတွေမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေက နေရာယူထားဆဲ၊ ၂၅ ရာခိုင်နှုန်းဆိုတဲ့ အခွင့်ထူးခံ လွှတ်တော်ကိုယ်စားလှယ်တွေက ရှိနေဆဲပါပဲ။
၂၀၂၀ ခုမှာ ထပ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေကNLD ကိုထပ်ပြီးအပြတ်အသတ်မဲပေး
လိုက်တဲ့အခါ စစ်တပ်က သူတို့အတွက် နေရာမရှိတော့ဘူးဆိုတာ သိသွားပါတယ်။ အဲဒီအခါမှာတော့ မဲလိမ်တယ် မဲခိုးတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်မှာ တကျော့ပြန် အာဏာသိမ်းခဲ့ပြန်ပါတယ်။
ဒီတခါမှာတော့ ပြည်သူတွေက အရင်လို ငြိမ်မနေတော့ဘဲ လက်နက်ကိုင် တော်လှန်တဲ့အထိ ဖြစ်လာခဲ့တာကြောင့် တိုင်းပြည်ဟာ သွေးချောင်းစီးခဲ့ရပါတယ်။လူပေါင်းသောင်းချီသေကြေပျက်စီးခဲ့ရတာဟာ စစ်တပ်ရဲ့ တနည်းအားဖြင့် မင်းအောင်လှိုင်ရဲ့အာဏာရမ္မက် တခုတည်းကြောင့်ပါပဲ။
အခု ၂၀၂၅ ခု နှစ်ကုန်ပိုင်းမှာ ထပ်လုပ်ခဲ့တဲ့ ရွေး
ကောက်ပွဲဆိုတာကလည်း သမိုင်းဟောင်းကို ပြန်နွှေးတာပါပဲ။ NLD လို ပြည်သူ့ပါတီကို ဖျက်သိမ်း၊ သူတို့နဲ့ အဆင်ပြေမယ့် ပါတီတွေကိုပဲ နေရာပေးပြီး "ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရ" ဆိုတဲ့ အရေခွံကို ပြန်ခြုံဖို့ ကြိုးစားနေကြတာပါ။ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ အစိုးရအဖွဲ့ထဲ ပြန်ဝင်လာမယ်၊ လွှတ်တော်ထဲ ပြန်ထိုင်မယ်။ ဒါဟာ ပြည်သူကို လှည့်စားတဲ့ ဂိမ်းတခုသာ ဖြစ်ပါတယ်။
အခုဆိုရင် ၂၀၂၅ ခု ရွေးကောက်ပွဲအတုကို အခြေ
ခံပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ လွှတ်တော် နှစ်ခုစလုံးမှာ အရန်သင့်ထိုင်နေကြပါပြီ။ မတ်လ ၃၀ ရက်နေ့ကပြုလုပ်တဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတရူး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရေခွံချွတ်ပြီးသမ္မတလောင်းဦးမင်အောင်လှိုင်အဖြစ်အရွေး
ချယ်ခံခဲ့ပါတယ်။ စစ်အရေခွံလဲ အစိုးရတခုအဖြစ် လာမယ့်ရက်ပိုင်းအတွင်းရှိလာတော့မှာဖြစ်ပါတယ်။
ဒီလို အရေခွံလဲဖို့ စစ်တပ်ကြိုးစားတဲ့နေရာမှာ သူတို့ကို ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ရုရှား၊ တရုတ်တို့လို နိုင်ငံတွေကလည်း ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်ကို လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနေကြပါတယ်။
မြွေဟာ အပေါ်ယံ အရေခွံ ဘယ်လောက်ပဲလဲလဲ၊ အတွင်းခန္ဓာကိုယ်ကတော့ အဆိပ်ရှိတဲ့ သတ္တဝါဆိုတာကို ပြည်သူတွေက ကောင်းကောင်း သိနေကြပါပြီ။ နှစ် ၆၀ ကျော်ကြာ ကျင့်သုံးခဲ့တဲ့ စစ်တပ်ရဲ့ အရေခွံလဲတဲ့ ပုံသေနည်းကို မြန်မာပြည်သူတွေဟာ သင်ခန်းစာပေါင်းများစွာ ရခဲ့ပြီးပါပြီ။အရေခွံ
လဲရုံနဲ့ စနစ်တခုက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ တကယ့် အပြောင်းအလဲဆိုတာ စစ်တပ်က နိုင်ငံရေးထဲကနေ လုံးဝထွက်ခွာသွားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်မှသာ ဖြစ်လာမှာပါ။ ။

💩16👍8❤3🔥3🤣2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မတ်လ ၃၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်အာဏာခွဲဝေနေချိန် ဘုတလင်နယ် ဆေးရုံကို ဗုံးကြဲ၊ သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၆ ဦးရှိ
နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က အာဏာခွဲဝေနေချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ငပယင်းရွာက ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသခံတွေက ပြောပါတယ်။ ငပယင်းရွာ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ပြည်သူ ၁၅ဦးရှိလာပြီး ၆ဦးဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။ ငပယင်းရွာက ဆေးခန်းကို စစ်တပ်က ဒီနေ့ နေ့လယ် ၁၂နာရီ ၅၅ မိနစ်မှာ မိတ္ထီလာ ရှမ်းတဲ နဲ့ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဂျက်ဖိုက်တာတွေနဲ့ သုံးကြိမ်ဗုံးကြဲခဲ့တာကြောင့် ဆေးခန်းလာပြတဲ့ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၅ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အဲဒီနောက်ဗုံးကြဲခံရလို့ သေဆုံးထိခိုက်သူတွေကို ကူညီကယ်ဆယ်ရှင်းလင်းနေချိန်မှာ ဂျက်ဖိုက်တာနဲ့ ၄ကြိမ် ထပ်မံဗုံးကြဲခဲ့တာမို့ ပြည်သူ ၁၀ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်စုစုပေါင်းသေဆုံးသူ ၁၅ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိခဲ့တာပါ။
◾️အရာတော်နယ်ကို စစ်တပ်က စစ်ကြောင်းထိုး၊ ဂျက်ဖိုက်တာနဲ့ဗုံးကြဲလို့ အဘွားအိုအပါအဝင် ပြည်သူ ၂ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲလို့ အသက်(၇၀)အရွယ် အဘွားအို အပါအဝင် ပြည်သူ ၂ဦးသေဆုံးပြီး ဖမ်းဆီးခံရသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့(မတ်လ ၃၀ရက်) မနက်ပိုင်းက အရာတော်မြို့ပေါ်ကနေ မြို့အနောက်ခြမ်းကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ဟာ ကမ်းဖြူရွာနဲ့ မနောယမကျေးရွာအနီး ရောက်ရှိပြီး အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာ အရာတော်မြောက်ခြမ်းနဲ့ တောင်ခြမ်းက ကျေးရွာတွေကိုလည်း စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။ စစ်တပ်က ဆေးခန်းကို ဗုံးကြဲခဲ့တာဖြစ်ပြီး နေမကောင်းလို့ ဆေးခန်းလာပြတဲ့ အသက် ၇၀အရွယ် အဘွားအိုတစ်ဦး သေဆုံးကာ ထိခိုက်သူ နှစ်ဦးရှိတယ်လို့ သိရပါတယ်။
◾️K3C၊ NUG၊ CRPHတို့ပူးပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF စတင်ဖွဲ့စည်း
အင်းအားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ NUG ၊CRPH တို့ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union–SCEF)ကိုကနဦးဖွဲ့စည်းလိုက်ကြောင်း ဒီနေ့ ကြေညာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဦးဆောင်ကောင်စီကိုဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ဖို့၊ လက်ရှိတော်လှန်ရေးကို အဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီးအသွင်ကူးပြောင်းရေးအစိုးရ တရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး SCEFကို ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ်က ဖတ်ကြားခဲ့ပါတယ်။ ဦးဆောင်ကောင်စီ ကနဦးဖွဲ့စည်းခြင်းနဲ့ ထုတ်ပြန်ကြေညာခြင်းအခမ်းအနားကိုလည်း မတ်လ ၃၀မှာ ကျင်းပခဲ့ပြီး KIO၊ KNU၊ KNPP၊ CNF၊ NUG၊ CRPH တို့က ခေါင်းဆောင်တွေ တက်ရောက်ပြီးမိန့်ခွန်းတွေပြောကြားခဲ့ပါတယ်။
◾️NUG ပြည်ထဲရေး ဒုဝန်ကြီးတစ်ဦး ခန့်အပ်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေကို ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မတ်လ ၃၀ရက်မှာ ကျင်းပတဲ့ CRPH ပုံမှန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ဒုဝန်ကြီး ခန့်အပ်တာဝန်ပေးအပ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေကို ခန့်အပ်တာဝန်ပေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးဌေးငွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း ဖော်ပြပါတယ်။
◾️တပ်ချုပ်ပြောင်းလဲပေမယ့် အာဏာက မင်းအောင်လှိုင်ဆီမှာ ဆက်ရှိမယ်

👍9🔥8
စစ်တပ်ကို ၁၅နှစ် အုပ်ချုပ်ခဲ့သူ ၂၀၂၁ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့တပ်ချုပ်ရာထူးကို အနီးကပ်လူယုံ ရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်ပေမယ့် အာဏာအလုံးစုံက မင်းအောင်လှိုင်ဆီမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေက သုံးသပ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ စစ်တပ်လွှတ်တော်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် ထည့်သွင်းအဆိုပြုခဲ့ပြီး တဖက်မှာလည်း စစ်ခေါင်းဆောင်က တပ်ချုပ်အသစ်ကို သူစိတ်တိုင်းကျ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ရွေးချယ်ခန့်အပ်ခဲ့တာပါ။ စစ်ခေါင်းဆောင်ကို စစ်တပ်ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေကနေ ဒုသမ္မတလောင်းတွေ တင်သွင်းရတာပါ။ အစုအဖွဲ့ သုံးခုက တက်လာတဲ့ ဒုတိယသမ္မတလောင်း ၃ဦးကို လွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရပြီး မဲအများဆုံးရရှိသူက သမ္မတ၊ ဒုတိယက ဒုတိယသမ္မတ(၁)၊ တတိယက ဒုတိယသမ္မတ(၂) တို့ ဖြစ်လာကြမှာပါ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ ပြည်သူရွေးကောက်ခံ NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ သမ္မတဖြစ်လာမယ်လို့ သတင်းရင်းမြစ်တွေက ယုံကြည်ထားကြပါတယ်။ ပြီးခဲ့တဲ့ ၅နှစ်ကျော်ကြာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထပ်ခါတလဲလဲ ပြောဆိုခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက မဲမသမာမှုရှိလို့ အာဏာထိန်းခဲ့ရပါတယ်ဆိုတာ လိမ်လည်မှုဖြစ်ကြောင်း ဒီနေ့မှာတော့ မဖုံးဖိနိုင်အောင် ပေါ်လာခဲ့ပြီလို့ နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။
◾️ပလက်၀မြို့နယ် စစ်တပ် ဗုံးကြဲမှု ပြည်သူ ၇ဦး သေဆုံး
ချင်းပြည်နယ် ပလက်၀မြို့နယ်က ကြောင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ဦး အပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးတဲ့အပြင် ကလေးငယ် ၂ဦး အပါအဝင် ၄ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ အဲဒီဖြစ်စဥ်အပေါ် ဆွေမျိုးများနဲ့ ထပ်တူဝမ်းနည်းရကြောင်း AA က ဖော်ပြပါတယ်။ AA သိမ်းပိုက်ထားတဲ့ ပလက်၀မြို့နယ် ကြောင်ချောင်းရွာကို စစ်တပ်က မတ်လ ၂၉ရက် မနေ့ ညနေပိုင်းမှာ တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ရော့ကတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ကျေးရွာအနီးမှာ တိုက်ပွဲမရှိဘဲ သူရဲဘောကြောင်စွာ လာရောက်ဗုံးကြဲခြင်းဖြစ်ကြောင်း AAက ထုတ်ပြန်ပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၈နှစ်၊ ၁၀နှစ်၊ ၁၁နှစ်နဲ့ ၁၆နှစ်အရွယ် ကလေးငယ်တွေအပါအဝင် ပြည်သူ ၇ဦး သေဆုံးကာ ၈လသားနဲ့ ၅နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း သေဆုံးထိခိုက်သူတွေရဲ့ အမည်စာရင်းနဲ့တကွ ဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
◾️သရက်ချောင်းမြို့နယ် စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာက မူလတန်းကျောင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ KNUအုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ကစယ်ဒို(သရက်ချောင်း)မြို့နယ် သပြူချောင်းကျေးရွာကို မတ်လ ၂၉ရက် ညနေပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်ဖြစ်ပြီး စာသင်ကျောင်းထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြပါတယ်။ လေကြောင်း တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားလို့ မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
◾️တန့်ဆည်ရဲစခန်းအချုပ်မှာ နိုင်ငံရေးအကျဥ်းသူတစ်ဦး ကွယ်လွန်

🔥12❤4👍1
စစ်ကိုင်းတိုင်း၊ တန့်ဆည်ရဲစခန်းမှာ ၃နှစ်ကျော်ကြာ မတရားဖမ်းဆီးပိတ်လှောင်ခံထားရတဲ့ အသက်(၅၄)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မသက်သက်မာဟာ ဆေးဝါးကုသခွင့်မရဘဲ အချုပ်ခန်းမှာဘဲ ကွယ်လွန်သွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မသက်သက်မာဟာ ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူရဲ့ ဇနီးဖြစ်ပြီး စစ်တပ်က စာရေးဆရာ ရန်ငြိမ်းသူကို လိုက်လံဖမ်းဆီးရာမှာ မတွေ့တဲ့အတွက်ကြောင့် ဇနီးဖြစ်သူ မသက်သက်မာနဲ့ သားဖြစ်သူတို့ကို ဓားစာခံအဖြစ် မတရားဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ စစ်တပ်က မသက်သက်မာကို ပုဒ်မ ၅၀၅(က)၊ ၅၀(ည) နှင့် ၅၂(က) တို့နဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၂၀ နှစ်အထိ အမိန့်ချမှတ်ပြီး တန့်ဆည်ရဲစခန်းအချုပ်မှာ ၃ နှစ်ကျော်ကြာ ပိတ်လှောင်ထားခဲ့တာလို့ PPNM က ဖော်ပြပါတယ်။ မသက်သက်မာဟာ သွေးလေးဘက်နာရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသူဖြစ်ပေမယ့် ရဲစခန်းက ပြင်ပဆေးရုံမှာ ကုသခွင့်ပေးဖို့ လုံးဝငြင်းဆန်ခဲ့သလို အကျဉ်းဦးစီးဝန်ထမ်းတွေဘက်က တန့်ဆည်ကနေ ရွှေဘိုထောင်ကို အကျဉ်းသားပြောင်းရွှေ့ရင် လမ်းခရီးမှာ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့်လို့ဆိုကာ ထောင်မပြောင်းရဲဘဲ အချုပ်ထဲမှာပဲ ဆက်တိုက်ပိတ်လှောင်ထားခဲ့တာဖြစ်ကြောင်း PPNMက အသိပေးပါတယ်။ ရောဂါပြင်းထန်နေတဲ့အချိန်မှာ ဆေးရုံကို ပို့ဆောင်တာမျိုး မရှိဘူးလို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
◾️ဖလမ်းကိုစစ်ကူလာတဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးဝင်းမောင်မောင် မိုင်းထိ သေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် မိုင်းထိ သေဆုံးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (CDF) CDM စီးယင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ကလေး နဲ့ တီးတိန်မြို့နယ် လမ်းဆုံ သိုင်းငင်းရွာကနေ ဖလမ်းမြို့ဘက်ကို ဗိုလ်မှူးကြီးဝင်းမောင်မောင် ဦးစီးတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်ကြောင်းကို မတ်လ ၁၉ ရက်မှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဘေကန်ရွာနဲ့ ဇောင်ကောင်ကြားစစ်ကြောင်းထိုးလာစဥ် စစ်တပ်စစ်ကြောင်း မိုင်းကွင်းသုံးခုထဲ ရောက်ရှိချိန် တိုက်ခိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေကို မတ်လ ၄ ရက်ကစပြီး မတ်လ နောက်ဆုံးပတ်အထိ မိုင်းကွင်း ၁၆ ခု နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
◾️ငါန်းဇွန်မှာ စစ်တပ်ကို မဟာမိတ်အဖွဲ့ ကြားဖြတ်တိုက်ခိုက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦးလောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ဘက်ကနေ ကျွဲဇိမ်ကျေးရွာကို ပြန်လာတဲ့ စစ်သားတွေကို တော်လှန်ရေးအင်အားစုတွေက လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်သား (၃) ဦးသေဆုံးပြီး (၅)ဦးလောက် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger(MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ စစ်တပ်ဟာ ကျွဲဇိမ်ရွာမှာက အင်အားငါးဆယ်လောက်နဲ့ တပ်စွဲထားပြီး အဲဒီတိုက်ခိုက်မှုအတွင်း လက်နက်တော့ မရလိုက်ဘူးလို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
◾️အာသံရိုင်ဖယ်တပ် တိုက်ခိုက်ခံရပြီး ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယ တင်းကြပ်ထား
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယနယ်စပ်အနီး အာသံရိုင်ဖယ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် နယ်စပ်နေရာတွေကို ပိတ်ဆို့ထားလို့ နှစ်ဘက်စလုံးက ဒေသခံတွေ အခက်အခဲကြုံတွေ့နေပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်နယ်နမိတ်ကို အာသံရိုင်ဖယ်တပ်က လုံခြုံရေးယူပြီး အိန္ဒိယဘက်က ကာရံနေစဉ် နာဂလက်နက်ကိုင်တပ်ဖြစ်တဲ့ NSCN-K (YA)က မတ်လ ၂၆ရက် ညနေမှာ တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်း အာသံရိုင်ဖယ်တပ်က သုံးဦး သေဆုံးသွားပါတယ်။ ပန်ဆောင်မြို့ရဲ့ တစ်ဖက်မှာရှိတဲ့ အိန္ဒိယထဲကမြို့ဟာ နန်ပေါင်မြို့ဖြစ်ပါတယ်။ နယ်စပ်ဂိတ်ကို တင်းကြပ်ပြီး ကုန်သွယ်ရေးကန့်သတ်ထားလို့ ဒေသခံတွေ ကုန်ရောင်းကုန်ဝယ်နဲ့ သွားရေးလာရေးအခက်အခဲ ကြုံတွေ့နေတယ်လို့ သတင်းရရှိပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ"၊ "ငါတို့မဲမပေးခဲ့" ၊ "အရေးတော်ပုံမုချအောင်ရမည်" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် "ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" စာသားနဲ့ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့လည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူတွေကို ဆန်ထောက်ပံ့ပေးခဲ့ပါတယ်။

👍20❤7🔥2