အရာတော်နယ်ကို စစ်တပ်က စစ်ကြောင်းထိုး ဂျက်ဖိုက်တာနဲ့ဗုံးကြဲလို့ အဘွားအိုအပါအဝင် ပြည်သူ ၂ဦး သေဆုံး
မတ်-၃၀၊၂၀၂၆။မိုမို/People's Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲလို့ အသက်(၇၀)အရွယ် အဘွားအို အပါအဝင် ပြည်သူ ၂ဦးသေဆုံးပြီး ဖမ်းဆီးခံရသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့(မတ်လ ၃၀ရက်) မနက်ပိုင်းက အရာတော်မြို့ပေါ်ကနေ မြို့အနောက်ခြမ်းကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ဟာ ကမ်းဖြူရွာနဲ့ မနောယမကျေးရွာအနီး ရောက်ရှိပြီး အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
"ကမ်းဖြူကနေ အရာတော် ၃၆၉ တပ်ထဲဝင်သွားတယ်။သူတို့လူအင်အားနည်းလို့ အင်အားသွားပို့ တယ်လို့ ထင်တယ်"လို့ အသက်(၃၀)အရွယ် အရာတော်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေပိုင်းမှာ အရာတော်မြောက်ခြမ်းနဲ့ တောင်ခြမ်းက ကျေးရွာတွေကိုလည်း စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။
"ဆေးခန်းကိုကြဲတာ။အဘွားက တော်တော်အသက်ကြီးပြီ။၇၀ ကျော်တယ်။နေမကောင်းလို့ ဆေးခန်းလာပြတာ။ဘောင်းကျက။ဆေးခန်းအကူ အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦး ထိခိုက်ထားတယ်"လို့ အရာတော်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အုန်းရှစ်ကုန်းရွာဗုံးကြဲခံရတဲ့ ဖြစ်စဥ်ကို ပြောပါတယ်။
ဒီကနေ့ဟာ အာဏာသိမ်းစစ်တပ်က နေပြည်တော်မှာ အာဏာခွဲဝေနေချိန်ဖြစ်ပေမယ့် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လူထုကို ခြိမ်းခြောက်သတ်ဖြတ်နေခဲ့တာဖြစ်ပါတယ်။
"တိုက်ဆိုင်မှုမဟုတ်ဘူး။လူထုကို ကြောက်သွားအောင် လိုက်ခြောက်လှန့်နေတာ။အသက်တွေဆုံးရှုံးတယ်။ပြည်သူတွေ ထိခိုက်တယ်။ဒါကို မြင်တဲ့ ပြည်သူတွေ ကြောက်သွားအောင် သူတို့(စစ်တပ်)က လုပ်တာ"လို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
အရာတော်မြို့နယ်နဲ့ ထိစပ်နေပြီးအနောက်ခြမ်းမှာရှိတဲ့ ဘုတလင်မြို့နယ်၊ ငပုယင်းရွာက ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
လူထုနွေဦးက ရရှိခဲ့တဲ့အချက်အလက်တွေအရ ငပယင်းရွာက ဆေးခန်းကို စစ်တပ်က ဒီကနေ့၁၂နာရီ ၅၅မိနစ်မှာ မိတ္ထီလာ ရှမ်းတဲ နဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးသုံးကြိမ်ကြဲခဲ့တာကြောင့် ဆေးခန်းလာပြတဲ့ ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၅ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက်ဗုံးကြဲခံရလို့ သေဆုံးထိခိုက်သူတွေကို ကူညီကယ်ဆယ်ရှင်းလင်း နေချိန်မှာ ဂျက်ဖိုက်တာနဲ့ ၄ကြိမ်ထပ်မံဗုံးကြဲခဲ့တာမို့ ပြည်သူ ၁၀ဦး သေဆုံးကာ ၃ ဦးဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့်စုစုပေါင်းသေဆုံးသူ ၁၅ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။

🤬43👎6❤3😁1
စစ်ကိုင်းတိုင်းက သပိတ်အင်အားစုတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ရှောင်တွေ ထောက်ပံ့တာပြုလုပ်
မတ်−၂၉၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့နှိုးဆော်တာနဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၀) မှာလည်း ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ"၊ "ငါတို့မဲမပေးခဲ့" ၊ "အရေးတော်ပုံမုချအောင်ရမည်" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် "ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" စာသားနဲ့ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူတွေကို ဆန်ထောက်ပံ့ပေးခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက ပြည်သူတွေကို နိုင်ငံရေး၊ စစ်ရေးဗဟုသုတ မပြတ်စေဖို့ ဖတ်၊ မှတ်၊ လေ့လာ၊ မျှဝေနိုင်ရန်အတွက် တူမီးတော်လှန်ရေးစာစဉ်တွေ ဖြန့်ဝေခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤26👍10🥰1🤮1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်၊ GSCB၊ ဝက်လက်သပိတ်
❤36👍7🤮2🥰1
အမြန်လမ်းမှာ စစ်တပ်ယာဉ်တန်းကို PLA တိုက်ခိုက်
မတ်-၃၀၊၂၀၂၆။မိုမို၊သတိုး/People's Spring
ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းက မည်းသင်းမြိုနယ် ကျော်ကြားကျေးရွာအနီးမှာလုံခြုံရေးကင်းပတ်နေတဲ့ ရဲယာဥ်တန်း ကိို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့ တပ်ချုပ်နဲ့ သမ္မတ ရွေးချယ်ဖို့လုပ်ခဲ့တဲ့ နေပြည်တော်အနီးက မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီး ရန်ကုန်-မန္တလေး
အမြန်လမ်း မိုင်တိုင်အမှတ် (၂၅၃) ဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"လုံခြုံရေး ကင်းပတ်နေတဲ့ရဲယာဥ်တန်းတိုက်ခိုက်ခဲ့တာ။သေဆုံးမှုရှိတယ်။ရန်သူက အင်အားလည်း ဖြည့်နေပါတယ် "လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
အင်အား ၂၀ ဝန်းကျင် နဲ့ ကား လေးစီးပါ ရဲကားယာဉ်တန်းကို မတ်လ ၃၀ နေ့လယ် ၁၂ နာရီ မှာကင်းပုန်းဝပ် နေရာယူကာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့အသိပေးပါတယ်။
ထိတွေ့တိုက်ပွဲ၂၅ မိနစ် နီးပါး ရှိခဲ့ပြီး စစ်ကောင်စီရဲ ၁၀ ဦး သေဆုံးတယ်လို့ ရဲဘော်တွေရဲ့ မျက်မြင်အတည်ပြုချက်ကို PLA က သီးခြားထုတ်ပြန်ပါတယ်။
"ယာဥ်ကြောရှည်တာရယ် အရပ်သားကားတွေဝင်လာတာရယ်ကြောင့်တိုက်ပွဲကလက်နက်ရတဲ့အထိ တိုက်ဖို့ အခြေအနေ မပေးလိုက်ဘူး"လို့ PLA တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ရဲတွေ သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူ
ထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို စစ်တပ်က ရှင်းလင်းရေးလုပ်ဆောင်နေပြီး အင်အားဖြည့်တင်းမှုတွေလုပ်
ဆောင်နေတယ်လို့ PLAက ထုတ်ပြန်ထားပါတယ်။
အမြန်လမ်းက စစ်တပ်ရဲ့လုံခြုံရေးစခန်းတစ်ခုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ က PLAက စီးနင်းတိုက်
ခိုက်ခဲ့ပါသေးတယ်။ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ မိုင်တိုင်(၂၄၃)အနီးက ရတနာမြေကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းဖြစ်ပြီး စီးနင်းတိုက်ခိုက်ချိန်မှာကျည်
အချို့နဲ့ စစ်အသုံးဆောင်တွေ၊ရိက္ခာအချို့ကိုPLA တပ်ဖွဲ့ဝင်တွေကသိမ်းနိုင်ခဲ့ပါတယ်။

👍44❤8🥰3😁2👏1
(စစ်တပ်ကို တိုက်ခိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ရဲဘော်တွေ။ ဓာတ်ပုံ - PLA)
👍40🥰10❤4👏2😁2
■အတွေးအမြင်
မြွေဟောင်းနဲ့အရေခွံသစ်
(နှစ်၆၀ကျော်ကစစ်တပ်ရဲ့နိုင်ငံရေးကစားကွက်)
-ကိုသုညံ ရေးသားသည်။
လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်
တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။
မြွေတွေအရေခွံလဲသလို စစ်တပ်က အာဏာကို နည်းမျိုးစုံနဲ့ သိမ်းလိုက်၊ အခြေအနေမဟန်တော့ရင် ရွေးကောက်ပွဲဆိုတာကို အသုံးချပြီး ယူနီ
ဖောင်းချွတ်ထားတဲ့ သူတို့လူတွေကိုပဲ အာဏာပြန်အပ်လိုက်နဲ့ လုပ်လာခဲ့တာ ရာစုနှစ်တဝက်ကျော်စာ( နှစ် ၆၀ ကျော်) ရှိပါပြီ။
၁၉၅၈ ခုဟာ မြန်မာနိုင်ငံအတွက် ချောက်ထဲစကျခဲ့ရတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရ(စစ်တပ်)ဆိုတဲ့ အမည်နဲ့ ၁၉၅၈ ခုမှာ အာဏာရယူခဲ့ပါတယ်။ မြန်
မာနိုင်ငံဟာ ဒီမိုကရေစီရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့သေးပေမဲ့ စစ်တပ်က နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ဖို့၁၉၅၈ခုနှစ်ကတည်းကလမ်းစရှာခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့အိမ်စောင့်အစိုး
ရ(စစ်တပ်)ဟာ၁၉၆၀ ခု ဧပြီလမှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပါတယ်။ ၁၉၆၀ ရွေးကောက်ပွဲမှာ ဦးနုတို့ ပြည်ထောင်စုပါတီကနိုင်ခဲ့ပေမဲ့ စစ်တပ်က သူတို့စိတ်ကြိုက်မဖြစ်တာနဲ့ ၁၉၆၂ ခု မတ်လ ၂ ရက်
မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်
ရေးကောင်စီ(စစ်တပ်)ဟာ ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်ကိုကြိုတင်ကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာကိုလုယူခဲ့ပါတယ်။
အာဏာလုသူတို့ထုံးစံအတိုင်း အဲ့ဒီအချိန်က သမ္မ
တမန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဦးနုနဲ့ ဝန်ကြီးအချို့အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၁၉၆၂ ခု ဇူလိုင်လ
မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဥက္ကဌအဖြစ်တာဝန်ယူတဲ့ မဆလ လို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ်ပါတီကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
၁၉၇၄ ခု ဇန်နဝါရီ ၃ ရက်မှာ တော်လှန်ရေးကောင်
စီအစိုးရဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ပြီး ရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့ပါတယ်။ ၁၉၆၂ ခု ကနေ ၁၉၇၄ ခု ထိ ၁၂ နှစ်ကြာတော်လှန်ရေးကောင်စီကအုပ်ချုပ်
ခဲ့တာပါ။
အဲ့ဒီကာလအတွင်း ပြည်သူပိုင်သိမ်းတာ၊ ငွေစက္ကူအချို့ တရားမဝင်ကြေညာတာ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလွဲလို့ကျန်ပါတီတွေကိုဖျက်သိမ်း
တာတွေ လုပ်ခဲ့ပါတယ်။၁၉၇၄ ခုမှာတော့မြန်မာ့
ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီစနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။၁၉၇၄ ခု ဖွဲ့စည်းပုံအုပ်ချုပ်
ပုံအခြေခံဥပဒေအရရှိလာမယ့်ပြည်သူ့လွှတ်တော်
အတွက် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံဖို့ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင်စစ်တပ်က အရာရှိကြီးတွေဟာ ယူနီ
ဖောင်းချွတ်ခဲ့ကြပါတယ်။
တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်း ဖြစ်လာခဲ့ပြီး နိုင်ငံ့သမ္မတတာဝန်ကိုပါ ယူခဲ့ပါတယ်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ အလုံပိတ်စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး အစစအရာ
ရာ ချွတ်ခြုံကျခဲ့ရပါတယ်။ ဆန္ဒပြမှုတွေ၊ ဦးသန့်၊ အလုပ်သမား၊ မှိုင်းရာပြည့် စတဲ့အရေးအခင်းတွေ ငွေစက္ကူအချို့ တရားမဝင်ကြေညာတာ လုပ်ခဲ့ပြီး ကျောင်းသား၊အလုပ်သမားတွေကိုရက်ရက်စက်
စက် ဖိနှိပ်ခဲ့ပါတယ်။ သတ်ဖြတ်ခဲ့ကြပါတယ်။
၁၉၈၈ ခု မှာတော့ တနိုင်ငံလုံးပါဝင်တဲ့ လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပါတယ်။ ပြည်သူတွေဟာ စစ်တပ်ရဲ့ တပါတီ အာဏာရှင်စနစ်ကို ဘယ်
လောက် ရွံရှာနေပြီလဲဆိုတာ သက်သေပြခဲ့ပါတယ်။ ၁၉၈၈ ခုမှာ ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ လူထုအရေးတော်ပုံကြောင့် တခန်းရပ်ခဲ့ရပြန်ပါတယ်။ ဦးနေဝင်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်နဲ့ မြန်မာ
နိုင်ငံကို ၁၄ နှစ်တာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၅၈ ခုက စတင်ခဲ့တဲ့ အကျင့်အဟောင်းအတိုင်းပဲ ၁၉၈၈ ခုမှာလည်း ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်တဲ့ စစ်တပ်ဟာအာဏာသိမ်းပြီးနိုင်ငံ
တော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)
ဆိုတဲ့ အမည်သစ်နဲ့ အုပ်ချုပ်ခဲ့ပြန်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ကို တစ်ခဲနက် မဲပေးပြီး စစ်အာဏာရှင်စနစ်ကို ငြင်း
ပယ်ခဲ့ကြပေမယ့် သူတို့ကတော့ အာဏာလွှဲမပေးဘဲ အချိန်ဆွဲခဲ့ကြတယ်။ ၁၉၉၇ ခုမှာတော့ နဝတ ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ နာမည်ပြောင်းခဲ့ပေမယ့် ဒီစစ်တပ်ကလူတွေပဲ ဦးဆောင်ခဲ့တာပါ။
ဘယ်လိုပင် အမည်ပြောင်းပြောင်း ဘယ်စနစ်နဲ့အုပ်ချုပ်တယ်ပြောပြော အုပ်ချုပ်သူ လူတန်းစားကတော့ စစ်တပ်နဲ့ မလွတ်ကင်းခဲ့ပါဘူး။ မြွေတကောင်က သူ့အရေခွံကို သူလဲလိုက်သလိုပါပဲ၊ အတွင်းက ခန္ဓာကိုယ်နဲ့အဆိပ်ကတော့ အတူတူပါပဲ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ နဝတ၊ နအဖ ဆိုတဲ့ အမည်နှစ်မျိုးနဲ့ မြန်မာနိုင်ငံကို ၂၂ နှစ်ကြာ ဖိနှိပ်အုပ်ချုပ်ခဲ့တာပါ။

💩16👍8🔥3❤1
နအဖ ဟာ၂၀၀၈ မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်ကြိုက် ရေးဆွဲပြဌာန်းခဲ့ပါတယ်။အဲ့ဒီ ဖွဲ့စည်း
ပုံအခြေခံဥပဒေဆိုတာကလည်း စစ်တပ်က အာ
ဏာကို ထာဝရ ချုပ်ကိုင်ထားနိုင်ဖို့ စနစ်တကျ ရေးဆွဲထားတဲ့ စာအုပ်စိမ်းကြီးတအုပ်ပါ။ ၂၀၁၀
ခု မှာ စစ်တပ်ဟာ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပြီး သူတို့စိတ်ကြိုက်ဖန်တီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကြံ့ခိုင်ရေးပါတီကို အာဏာလွဲပေးခဲ့ပြီး ဦးသိန်းစိန် အစိုးရဆိုတာ ဖြစ်လာခဲ့တယ်။ ကြံ့ခိုင်ရေးပါတီဟာလည်း စစ်တပ်အရေခွံချွတ်ထားတဲ့ ပါတီတခုပဲ မဟုတ်ပါလား။
၂၀၁၅ ခု ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါဝင်လာခဲ့ပြီး ၁၉၉၀ရွေးကောက်ပွဲကလိုပဲတနိုင်ငံလုံးမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ကာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခု ကနေ ၂၀၂၀ ခု အထိ NLD အစိုးရ တက်လာတဲ့ အချိန်လေးဟာ မြန်မာ့သမိုင်းမှာ စစ်တပ်ရဲ့ ဩဇာအာဏာ အနည်း
ငယ် လျော့ပါးသွားသလိုထင်ရပေမဲ့ တကယ်တမ်း
တော့ အရေးကြီးတဲ့ နေရာတွေမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေက နေရာယူထားဆဲ၊ ၂၅ ရာခိုင်နှုန်းဆိုတဲ့ အခွင့်ထူးခံ လွှတ်တော်ကိုယ်စားလှယ်တွေက ရှိနေဆဲပါပဲ။
၂၀၂၀ ခုမှာ ထပ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေကNLD ကိုထပ်ပြီးအပြတ်အသတ်မဲပေး
လိုက်တဲ့အခါ စစ်တပ်က သူတို့အတွက် နေရာမရှိတော့ဘူးဆိုတာ သိသွားပါတယ်။ အဲဒီအခါမှာတော့ မဲလိမ်တယ် မဲခိုးတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်မှာ တကျော့ပြန် အာဏာသိမ်းခဲ့ပြန်ပါတယ်။
ဒီတခါမှာတော့ ပြည်သူတွေက အရင်လို ငြိမ်မနေတော့ဘဲ လက်နက်ကိုင် တော်လှန်တဲ့အထိ ဖြစ်လာခဲ့တာကြောင့် တိုင်းပြည်ဟာ သွေးချောင်းစီးခဲ့ရပါတယ်။လူပေါင်းသောင်းချီသေကြေပျက်စီးခဲ့ရတာဟာ စစ်တပ်ရဲ့ တနည်းအားဖြင့် မင်းအောင်လှိုင်ရဲ့အာဏာရမ္မက် တခုတည်းကြောင့်ပါပဲ။
အခု ၂၀၂၅ ခု နှစ်ကုန်ပိုင်းမှာ ထပ်လုပ်ခဲ့တဲ့ ရွေး
ကောက်ပွဲဆိုတာကလည်း သမိုင်းဟောင်းကို ပြန်နွှေးတာပါပဲ။ NLD လို ပြည်သူ့ပါတီကို ဖျက်သိမ်း၊ သူတို့နဲ့ အဆင်ပြေမယ့် ပါတီတွေကိုပဲ နေရာပေးပြီး "ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရ" ဆိုတဲ့ အရေခွံကို ပြန်ခြုံဖို့ ကြိုးစားနေကြတာပါ။ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ အစိုးရအဖွဲ့ထဲ ပြန်ဝင်လာမယ်၊ လွှတ်တော်ထဲ ပြန်ထိုင်မယ်။ ဒါဟာ ပြည်သူကို လှည့်စားတဲ့ ဂိမ်းတခုသာ ဖြစ်ပါတယ်။
အခုဆိုရင် ၂၀၂၅ ခု ရွေးကောက်ပွဲအတုကို အခြေ
ခံပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ လွှတ်တော် နှစ်ခုစလုံးမှာ အရန်သင့်ထိုင်နေကြပါပြီ။ မတ်လ ၃၀ ရက်နေ့ကပြုလုပ်တဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတရူး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရေခွံချွတ်ပြီးသမ္မတလောင်းဦးမင်အောင်လှိုင်အဖြစ်အရွေး
ချယ်ခံခဲ့ပါတယ်။ စစ်အရေခွံလဲ အစိုးရတခုအဖြစ် လာမယ့်ရက်ပိုင်းအတွင်းရှိလာတော့မှာဖြစ်ပါတယ်။
ဒီလို အရေခွံလဲဖို့ စစ်တပ်ကြိုးစားတဲ့နေရာမှာ သူတို့ကို ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ရုရှား၊ တရုတ်တို့လို နိုင်ငံတွေကလည်း ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်ကို လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနေကြပါတယ်။
မြွေဟာ အပေါ်ယံ အရေခွံ ဘယ်လောက်ပဲလဲလဲ၊ အတွင်းခန္ဓာကိုယ်ကတော့ အဆိပ်ရှိတဲ့ သတ္တဝါဆိုတာကို ပြည်သူတွေက ကောင်းကောင်း သိနေကြပါပြီ။ နှစ် ၆၀ ကျော်ကြာ ကျင့်သုံးခဲ့တဲ့ စစ်တပ်ရဲ့ အရေခွံလဲတဲ့ ပုံသေနည်းကို မြန်မာပြည်သူတွေဟာ သင်ခန်းစာပေါင်းများစွာ ရခဲ့ပြီးပါပြီ။အရေခွံ
လဲရုံနဲ့ စနစ်တခုက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ တကယ့် အပြောင်းအလဲဆိုတာ စစ်တပ်က နိုင်ငံရေးထဲကနေ လုံးဝထွက်ခွာသွားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်မှသာ ဖြစ်လာမှာပါ။ ။

💩16👍8❤3🔥3🤣2