NUGပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီးတစ်ဦး ခန့်အပ်
မတ်−၃၀၊၂၀၂၆။ People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဦးဌေးငွေကို ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မတ်လ ၃၀ရက်မှာ ကျင်းပတဲ့ CRPH ပုံမှန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ဒုဝန်ကြီး ခန့်အပ်တာဝန်ပေးအပ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေအား ခန့်အပ်တာဝန်ပေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးဌေးငွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း ဖော်ပြပါတယ်။
အစည်းအဝေးကို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
NUG ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနမှာ အရင်က ဒုဝန်ကြီးအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တဦးဖြစ်တဲ့ ခူးထဲဘူး က တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ခူးထဲဖူးနှုတ်ထွက်သွားပြီး ၂၀၂၅ ဒီဇင်ဘာ မှာ ယခင် အလုပ်သမား ဒုဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ ဦးကျော်နီကို ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာပါ။

👍42❤9💩4🥴3🤮1
KIO ၊KNU ၊KNPP ၊CNF ၊NUG ၊CRPHတို့ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEFစတင်ဖွဲ့စည်း
■တော်လှန်ရေးအရှိန်မြှင့်ပြီးအမြန်အောင်ပွဲရယူရန်၊အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လက်တွေ့ ဖော်ဆောင်နိုင်ရန် စစ်ရေး၊နိုင်ငံရေး၊ဖက်ဒရယ်ရေးများဦးဆောင်ရန် ရည်ရွယ်
မတ်-၃၀၊၂၀၂၆။ ထားမြတ်/People’s Spring
အင်းအားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ NUG ၊CRPH တို့ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ
(Steering Council for the Emergence of a Federal Democratic Union–SCEF)”ကိုကန
ဦးဖွဲ့စည်းလိုက်ကြောင်းယနေ့ကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်
ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)
၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ကရင်နီ အမျိုး
သားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဦးဆောင်ကောင်စီကိုဖွဲ့စည်းခဲ့တာလို့သိရပါတယ်။
တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ပြီးအမြန်ဆုံးအောင်ပွဲရယူနိုင်ရန်၊လက်ရှိတော်လှန်ရေးကို အ
ဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီးအသွင်ကူးပြောင်းရေးအစိုး
ရ တရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန် ၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်း
စဉ်များကို လက်တွေ အကောင်အထည်ဖော်နိုင်စေရန်တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော် ဆောင်
ရွက်နိုင်ရန် ရည်ရွယ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEF
ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ် က ဖတ်ကြားခဲ့ပါတယ် ။
ဦးဆောင်ကောင်စီ ကနဦးဖွဲ့စည်းခြင်းနဲ့ ထုတ်ပြန်ကြေညာခြင်းအခမ်းအနားကိုလည်း မတ်လ ၃၀ မှာကျင်းပခဲ့ပြီး KIO ၊ KNU ၊KNPP ၊CNF ၊NUG ၊CRPH တို့ကခေါင်းဆောင်တွေတက်ရောက်ပြီး
မိန့်ခွန်းတွေပြောကြားခဲ့ပါတယ် ။ ဒီတော်လှန်ရေးအဖွဲ့တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း
K3C နဲ့ NUG/PDFအနေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပါတယ် ။ဒါပေမယ့်အခုအခါ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့စနစ်
တကျထပ်မံဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကောင်စီဝင်တိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အာဏာသိမ်းမှုကိုလက်မခံတဲ့ လူငယ်တွေ၊CDMတွေကို လက်ခံကူညီပေးခဲ့ပြီး လက်နက်ဆွဲကိုင်တော်လှန်မယ့်လူငယ်တွေကိုစစ်ပညာသင်ပေးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ် ။ဒါအပြင် အာဏာသိမ်းစစ်တပ်ရဲ့အကြိမ်ကြိမ်ဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေကို လက်မခံပဲ စစ်တပ်ကိုတော်လှန်တိုက်ခိုက်နေကြတဲ့အဖွဲ့တွေဖြစ်တာတွေ့ရပါတယ် ။
"ကျနော်တို့အနှစ်နှစ်အလလကြိုးစားနေကြတဲ့ဟာ အခုအကောင်အထည်ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ ခြေတလှမ်းရှေ့တိုးလာတာပေါ့။ ပြည်
သူလူထုအမြဲတမ်းပြောတယ် NUGက EROတွေကို မစည်းရုံးနိုင်ဘူးဆိုတာ အခုကတော့ တိုင်း
ရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဝင်ပြီးတော့ ဖက်ထရယ်ပြည်
ထောင်စုပေါ်ပေါက်ရေးကို သူတို့ကိုယ်တိုင်ဦး
ဆောင်ပြီးတော့ ၊ဦးရွက်လုပ်ပြီးတော့ ရှေ့တန်းကနေပါဝင်လာတဲ့ သဘောပေါ့။ ဒိတော်လှန်ရေးကြီးကို ကျနော်တို့ နိုင်ငံရေးရော၊ စစ်ရေးရော အနာ
ဂတ်ဖက်ထရယ်တည်ဆောက်ရေးကိုပါ သူတို့တွေက ဦးဆောင်ပြီးတော့ ပဲ့ကိုင်ပေးမှာပေါ့။ ဒါက ကျနော်တို့ မျော်လင့်နေတဲ့ ခြေလှမ်းပေါ့"လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီက ပြောပါတယ်။
ဦးဆောင်ကောင်စီကနဦးဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာတဲ့အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
(KNPP)ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းတွေအသီးသီးပြောကြားခဲ့ပါတယ်။
ဒီနေ့လုပ်တဲ့အခမ်းအနားကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒု ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်း
အရုံး ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း ဒုဥက္ကဌ နဲ့ အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဌ ခူဦးရယ် နဲ့ KSCC, IEC , KNPP ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များ၊ ပြည်

❤39👍17🤮1
ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့် နဲ့ အဖွဲ့ဝင်များ၊ရေးရာကော်မတီ၊ဥက္ကဌများနဲ့ အတွင်းရေးမှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်များ တော်လှန်ရေးခေါင်း
ဆောင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပါတယ်။
သတင်းရင်းမြစ်တဦးရဲ့ အသိပေးချက်အရဦး
ဆောင်ကောင်စီမှာ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ ကို အဖွဲ့ဝင် ၇ဦး ဖွဲ့စည်းထားသလို စစ်အောင်နိုင်ရေး မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ကရင်နီတပ်မတော်(KA)၊ ကရင်အမျိုးသားလွတ်မြောက်
ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ပါဝင်ပါတယ်။
အတွင်းရေးမှူး ဒါရိုက်တာအဖွဲ့ကိုလည်း ၁၂ဦး ပါဝင် ဖွဲ့စည်းထားပြီး အဲဒီအတွင်းရေးမှူး ဒါရိုက်
တာအဖွဲ့ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး အတွက် စုဖွဲ့ထားတာလို့ ဆိုပါတယ်။ ဒါ့အပြင် ၂၄ ဦး ပါတဲ့ ကဏ္ဍအလိုက် အတွင်းရေးမှူးများ စုဖွဲ့မှုလည်း ပါရှိပြီး နိုင်ငံခြားရေး၊ ဖက်ဒရယ်ရေးရာ၊ ဘဏ္ဍာရေး ဆိုင်ရာတွေ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ရေးရာ နဲ့ပတ်သက်ပြီး ဖက်ဒရယ်နိုင်ငံရေး၊ ဖက်ဒရယ်အုပ်ချုပ်ရေး၊ အစိုးရ အရပ်ရပ်အကြား ဆက်ဆံရေး၊ အငြင်းပွားမှုများ ဖြေရှင်းရေး ကိစ္စရပ်တွေ ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ အသိပေးပါတယ်။
မူဝါဒရေးရာအကြံပေးအဖွဲ့ကိုလည်းဖွဲ့စည်းထားရာ ယင်းအဖွဲ့တွင်ပြည်နယ်ဖက်ဒရယ်ယူနစ် နဲ့ တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားပြု ပြည်သူ့ကိုယ်စားပြု ၊ အမျိုးသမီး ကိုယ်စားပြု ကိုယ်စား
လှယ်များ ပါဝင် တယ်လို့ သိရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုး
သားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၁၆ရက် ပြည်ထောင်စုလွှတ်တော် န၀မ အကြိမ် အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ဖြစ်ပေါ်လာရေး ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။
“လက်ရှိကျွန်တော်တို့အားလုံးဝိုင်းဝန်း လုပ်ဆောင်
နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပုံစံလိုမျိုး ဖြစ်မြောက် အကောင်အထည် ပေါ်လာရေးကိုအားသွန် ကြိုးပမ်းကြဖို့ဖြစ်ပါတယ်။ဒီစုဖွဲ့မှုဖြစ်
မြောက်လာဖို့အတွက်တိုင်းရင်းသား လက်နက်
ကိုင် အဖွဲ့အစည်းများနှင့် ကျွန်တော်တို့ အချိန်အများကြီး ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ အဲသည့်ထဲမှာ ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွေလည်း အရေးတကြီး ပါဝင်ခဲ့ပါတယ်။ နွေဦးတော်
လှန်ရေး အင်အားစု တွေနဲ့ တိုင်းရင်းသားတော်
လှန်ရေး အဖွဲ့အစည်းကြီးတွေအကြား မဟာမိတ်ပေါင်းစည်းမှုဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့အားလုံး အားသွန်ကြိုးပမ်းနေကြပါ တယ်။ ဒါ့ကြောင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ကောင်းဖြစ်အောင် ဝိုင်းဝန်း ထမ်းရွက်ကြဖို့ လေး
နက်စွာ တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတကပြောကြားခဲ့တာပါ။
NUG အနေနဲ့ အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ပြီး ကျယ်ပြန့်စွာ ထပ်တိုးလုပ်ဆောင်ဖို့ လုပ်ဆောင်စရာ လုပ်ငန်းစဉ်တွေ ရှိတယ်လို့အသိ
ပေးပါတယ်။
ဒီနေ့ ဒီလိုအချိန်မျိုးမှာ,မှ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ပြတ်ပြတ်သားသား
မလုပ်ဆောင်နိုင်ဘူးဆိုရင်၊ နောင်အချိန်တွေမှာ တော်ရုံမျှော်လင့်နိုင်ဖို့ မလွယ်ကူကြောင်း သတိ
ချပ်ကြဖို့လိုအပ်ကြောင်းလည်း ယာယီသမ္မတက ဦးဆောင်ကောင်စီတရပ် ဖြစ်မြောက်ဖို့ အရေးကြီးတဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။
KIO ခေါင်းဆောင်တဦးဖြစ်တဲ့ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အခုလို ဦးဆောင်ကောင်စီ ဖွဲ့စည်းဖို့ KNU
နဲ့ ကရင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ဒုတိယပတ်မှာ ပြောကြားခဲ့ပါတယ်။
“လက်ရှိတော်လှန်ရေးကိုအောင်မြင်အောင်ကျနော်တို့ဘယ်လိုဆင်နွှဲမလဲဆိုတဲ့ဟာကျနော်တို့ ဦးစား
ပေးပြီးဆွေးနွေးနေတာဖြစ်ပါတယ်”လို့ ဒုဗိုလ်
ချုပ်ကြီး ဂွန်မော်က ဦးဆောင်ကောင်စီဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့တဲ့ အခြေအနေကို ပြောပြပါတယ်။
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာလည်းပြည်
ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အသိပေးခဲ့ပါတယ်။
NUG အနေနဲ့ အားကောင်းခိုင်မာသော တော်လှန်
ရေးဦးဆောင်မှုတခုပေါ်ပေါက်စေဖို့အတွက် အမျိုး
သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။

❤41👍16🤮2🥰1
အရာတော်နယ်ကို စစ်တပ်က စစ်ကြောင်းထိုး ဂျက်ဖိုက်တာနဲ့ဗုံးကြဲလို့ အဘွားအိုအပါအဝင် ပြည်သူ ၂ဦး သေဆုံး
မတ်-၃၀၊၂၀၂၆။မိုမို/People's Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲလို့ အသက်(၇၀)အရွယ် အဘွားအို အပါအဝင် ပြည်သူ ၂ဦးသေဆုံးပြီး ဖမ်းဆီးခံရသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့(မတ်လ ၃၀ရက်) မနက်ပိုင်းက အရာတော်မြို့ပေါ်ကနေ မြို့အနောက်ခြမ်းကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ဟာ ကမ်းဖြူရွာနဲ့ မနောယမကျေးရွာအနီး ရောက်ရှိပြီး အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
"ကမ်းဖြူကနေ အရာတော် ၃၆၉ တပ်ထဲဝင်သွားတယ်။သူတို့လူအင်အားနည်းလို့ အင်အားသွားပို့ တယ်လို့ ထင်တယ်"လို့ အသက်(၃၀)အရွယ် အရာတော်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေပိုင်းမှာ အရာတော်မြောက်ခြမ်းနဲ့ တောင်ခြမ်းက ကျေးရွာတွေကိုလည်း စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။
"ဆေးခန်းကိုကြဲတာ။အဘွားက တော်တော်အသက်ကြီးပြီ။၇၀ ကျော်တယ်။နေမကောင်းလို့ ဆေးခန်းလာပြတာ။ဘောင်းကျက။ဆေးခန်းအကူ အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦး ထိခိုက်ထားတယ်"လို့ အရာတော်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အုန်းရှစ်ကုန်းရွာဗုံးကြဲခံရတဲ့ ဖြစ်စဥ်ကို ပြောပါတယ်။
ဒီကနေ့ဟာ အာဏာသိမ်းစစ်တပ်က နေပြည်တော်မှာ အာဏာခွဲဝေနေချိန်ဖြစ်ပေမယ့် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လူထုကို ခြိမ်းခြောက်သတ်ဖြတ်နေခဲ့တာဖြစ်ပါတယ်။
"တိုက်ဆိုင်မှုမဟုတ်ဘူး။လူထုကို ကြောက်သွားအောင် လိုက်ခြောက်လှန့်နေတာ။အသက်တွေဆုံးရှုံးတယ်။ပြည်သူတွေ ထိခိုက်တယ်။ဒါကို မြင်တဲ့ ပြည်သူတွေ ကြောက်သွားအောင် သူတို့(စစ်တပ်)က လုပ်တာ"လို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
အရာတော်မြို့နယ်နဲ့ ထိစပ်နေပြီးအနောက်ခြမ်းမှာရှိတဲ့ ဘုတလင်မြို့နယ်၊ ငပုယင်းရွာက ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
လူထုနွေဦးက ရရှိခဲ့တဲ့အချက်အလက်တွေအရ ငပယင်းရွာက ဆေးခန်းကို စစ်တပ်က ဒီကနေ့၁၂နာရီ ၅၅မိနစ်မှာ မိတ္ထီလာ ရှမ်းတဲ နဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ဗုံးသုံးကြိမ်ကြဲခဲ့တာကြောင့် ဆေးခန်းလာပြတဲ့ ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၅ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက်ဗုံးကြဲခံရလို့ သေဆုံးထိခိုက်သူတွေကို ကူညီကယ်ဆယ်ရှင်းလင်း နေချိန်မှာ ဂျက်ဖိုက်တာနဲ့ ၄ကြိမ်ထပ်မံဗုံးကြဲခဲ့တာမို့ ပြည်သူ ၁၀ဦး သေဆုံးကာ ၃ ဦးဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့်စုစုပေါင်းသေဆုံးသူ ၁၅ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။

🤬43👎6❤3😁1
စစ်ကိုင်းတိုင်းက သပိတ်အင်အားစုတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ရှောင်တွေ ထောက်ပံ့တာပြုလုပ်
မတ်−၂၉၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့နှိုးဆော်တာနဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၀) မှာလည်း ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ"၊ "ငါတို့မဲမပေးခဲ့" ၊ "အရေးတော်ပုံမုချအောင်ရမည်" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် "ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" စာသားနဲ့ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူတွေကို ဆန်ထောက်ပံ့ပေးခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက ပြည်သူတွေကို နိုင်ငံရေး၊ စစ်ရေးဗဟုသုတ မပြတ်စေဖို့ ဖတ်၊ မှတ်၊ လေ့လာ၊ မျှဝေနိုင်ရန်အတွက် တူမီးတော်လှန်ရေးစာစဉ်တွေ ဖြန့်ဝေခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤26👍10🥰1🤮1