People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အာသံရိုင်ဖယ်တပ် တိုက်ခိုက်ခံရပြီး ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယ တင်းကြပ်ထား

မတ်-၃၀၊ ၂၀၂၆။ အိမ်သွင်/People's Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယနယ်စပ်အနီး အာသံရိုင်ဖယ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် နယ်စပ်နေရာတွေကို ပိတ်ဆို့ထားလို့ နှစ်ဘက်စလုံးက ဒေသခံ‌တွေ အခက်အခဲကြုံတွေ့နေပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်နယ်နမိတ်ကို အာသံရိုင်ဖယ်တပ်က လုံခြုံရေးယူပြီး အိန္ဒိယဘက်က ကာရံနေစဉ် နာဂလက်နက်ကိုင်တပ်ဖြစ်တဲ့ NSCN-K (YA)က မတ်လ ၂၆ရက် ညနေမှာ တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်း အာသံရိုင်ဖယ်တပ်က သုံးဦး သေဆုံးသွားပါတယ်။

" နယ်စပ်ကို အိန္ဒိယဘက်က အဝင်အထွက် တော်တော် ကြပ်ပစ်လိုက်တယ်။ ကုန်အဝင်အထွက်လည်း မလွယ်တော့ဘူး။ ပိတ်ထားသလိုကို ဖြစ်နေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပန်ဆောင်မြို့ရဲ့ တစ်ဖက်မှာရှိတဲ့ အိန္ဒိယထဲကမြို့ဟာ နန်ပေါင်မြို့ဖြစ်ပါတယ်။ နယ်စပ်ဂိတ်ကို တင်းကြပ်ပြီး ကုန်သွယ်ရေးကန့်သတ်ထားလို့ ဒေသခံတွေ ကုန်ရောင်းကုန်ဝယ်နဲ့ သွားရေးလာရေးအခက်အခဲ ကြုံတွေ့နေတယ်လို့ သတင်းရရှိပါတယ်။

ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ နန်းယွန်းမြို့နယ်အတွင်းမှာ တည်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်(Arunachal Pradesh)နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ သမိုင်းဝင်လီဒိုလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။

ပန်ဆောင်မြို့က မြန်မာ-အိန္ဒိယနယ်စပ်တလျှောက် ခြံစည်းရိုးကာရံမှုကို အိန္ဒိယဘက်က ၂၀၂၅ နှစ်ကုန်ပိုင်းကနေ စတင်ခဲ့တာပါ။ ဒေသခံတွေက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့သလို နာဂအရပ်ဖက်အဖွဲ့တွေကလည်း ကန့်ကွက်ခဲ့ကြပါတယ်။ အိန္ဒိယအစိုးရက အာသံရိုင်ဖယ်တပ်ကို လုံခြုံရေးယူခိုင်းပြီး အတင်းအကြပ်ကာနေတယ် ဒေသခံက ပြောပါတယ်။ စစ်ကောင်စီအရာရှိတွေ ဦးဆောင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကလည်း အိန္ဒိယအစိုးရကို မလွန်ဆန်နိုင်ဘဲ နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့တွေရှိနေပါတယ်။ NSCN-K(YA)တပ်ဖွဲ့ဟာ အာသံတပ်ကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှာလည်း တိုက်ခိုက်လေ့ရှိပြီး အိန္ဒိယကလည်း မြန်မာပိုင်နက်ထဲအထိဝင်ပြီး NSCNတပ်တွေကို တိုက်ခိုက်လေ့ရှိပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို ပြီးခဲ့တဲ့၂၀၂၅ခုနှစ် အောက်တိုဘာ ၂၀ရက် ညမှာ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ NSCN(K-YA)အဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ Piyong Konyak (ပီယောင်းကွန်းရက်) ရဲ့ သားနဲ့ မြေးဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ NSCN(K-YA)အဖွဲ့က အိန္ဒိယနိုင်ငံဖက်ခြမ်းမှာ အာသံတပ်ကို ဦးတည်ပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုအပြီးမှာ အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယာယီပိတ်ခဲ့ဖူးပါတယ်။
👍276👎2🥰2👏2🤬1😢1
(မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်ဂိတ်အနီး ဘုတ်တိုင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
🔥18👍8👎2
နေပြည်တော်မှာ စစ်တပ်က အာဏာခွဲဝေနေချိန် ဘုတလင်က ဆေးရုံကိုဗုံးကြဲလို့ သေဆုံးထိခိုက်မှုများပြား

■ကိုယ်ဝန်​ဆောင်နဲ့ က​လေးငယ်​တွေ​ပါ သေဆုံးထခိုက်

မတ် ၃၀၊ ၂၀၂၆ ဟာနာဆန်/People's Spring

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က အာဏာခွဲဝေနေချိန်စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပယင်းရွာက ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၀ ရက် နေ့လယ် ၁ နာရီခန့်က တံတားဦးနဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်ဝာာ နှစ်စီးနဲ့ ဘုတလင်မြို့နယ် အနောက်
မြောက်ခြမ်းမှာရှိတဲ့ ငပယင်းရွာက ဆေးရုံကို ဗုံးကြဲခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်နေချိန် ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူထိခိုက်သေဆုံးမှုများကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဆေးရုံကိုကြဲသွားတာ။ မီးလောင်ဗုံးတွေနဲ့ပါ ကြဲသွားတာ။ ထပ်ပြီးကြဲနေဆဲဖြစ်တဲ့အတွက် သွားလို့မရဘူးဖြစ်နေတယ်။"လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့သိရပြီး အသေးစိတ်မသိရသေးပါဘူး။

"ထိတဲ့သူများတယ်။ထပ်ကြဲလို့ ဘယ်သူမှမသွားရဲဘူးဖြစ်နေတာ"လို့ဒေသခံတစ်ဦးကပြောပါတယ်။

ငပယင်းရွာ စစ်သူကြီး မဟာဗန္ဓုလ ရဲ့ဇာတိရွာဖြစ်တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

"အဲဒီမှာ ဆေးရုံတက် နေတဲ့လူတွေလည်းရှိတော့အထိခိုက်များတယ်လို့ သိရတယ်။အတိအကျတော့ မသိရသေးဘူး။ဒီနေ့လည်ပိုင်းမှာ ဖုန်းလိုင်းတချို့လည်း ပြတ်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ကနေပြည်တော်မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က သမ္မတလုပ်မှာမို့ သူ့တပည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲ​ပြောင်းခန့်အပ်ပြီး ၊စစ်တပ်လွှတ်​တော်မှာ ဒုသမ္မတ​တွေ​ကြေညာ​နေတာဖြစ်ပါတယ် ။
🤬517👎3👏1🤮1🤣1
15😢9🤬4🔥1
အော်ပရေတာဆိုင်တွေမှာ တန်းစီနေရပြန်တဲ့ ပြည်သူတွေ

မတ်-၃၀၊၂၀၂၆။တေဇ/People's Spring

ရန်ကုန်မြို့က ဖုန်းအော်ပရေတာဆိုင်တွေမှာ ဆင်းမ်ကတ်ဝယ်သူတွေနဲ့ e SIM လျှောက်သူတွေ များပြားနေပြီး တန်းစီစနစ်နဲ့ ဝယ်ယူနေကြရပါတယ်။

စစ်ကောင်စီက မတ်လဆန်းကစတင်ကာ ဗဟိုမိုဘိုင်းပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR ) စတင်တော့မယ်လို့ ကြေညာထားပြီး မိုဘိုင်းဖုန်းတွေကို အခွန်ပေးအခွန်ပေးဆောင်စရာမလိုဖို့အတွက် မတ်လ ၃၁ ရက် နောက်ဆုံးထားကာ ဆင်းမ်ကတ်ထည့် အသုံးပြုထားဖို့ခြိမ်းခြောက်ထားတာပါ။

တကယ်လို့ ဆင်းမ်ကတ်ထည့်သုံးထားတာမရှိရင် ဧပြီ ၁ရက်ကစပြီး မိုင်ဘိုင်ဖုန်းတွေအတွက် ဒဏ်ကြေးငွေပေးဆောင်ရမယ်လို့ စစ်ကောင်စီက ‌ခြိမ်းခြောက်ထားတာပါ။

ဒါကြောင့် ပြည်သူတွေက ကြောက်လန့်တကြားနဲ့ ဖုန်းဆင်းမ်ကတ်တွေ e SIM တွေကို တန်းစီဝယ်ယူနေကြရတာပါ။

အဲဒီကြေညာချက်ကို မတ်လ ၅ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစပိုင်းမှာ အွန်လိုင်းကနေ e SIM ပြောင်းလို့ရပေမယ့် နောက်ပိုင်းမှာ အော်ပရေတာတွေရဲ့ ဆာဗာတွေကျနေတာကြောင့် ဆိုင်တွေမှာ အလုအယက်ဝယ်ယူနေကြတာပါ။

မြန်မာပလာဇာမှာရှိတဲ့ MPT ၊ ATOM နဲ့ U9 ကောင်တာတွေမှာ ဆင်းမ်ကတ်ဝယ်ယူဖို့နဲ့ e SIM ဝယ်ယူသူတွေ နေ့စဉ် ရာနဲ့ချီပြီး လာရောက်ဝယ်ယူနေတယ်လို့ အော်ပရေတာ ဝန်ထမ်းတစ်ဦးက‌ ပြောပါတယ်။

ATOMဆိုင်မှာဆိုရင် e SIM ပြောင်းလဲပေးဖို့ ပစ္စည်းပြတ်သွားတယ်လို့ မတ်လ ၂၉ ရက်မှာဝန်ထမ်းတစ်ဦးက လာရောက်ဝယ်ယူသူတွေကို ရှင်းပြနေပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ စီမံမှု အလွဲအမှားတွေကြောင့်ပြည်သူတွေက ပစ္စည်းဝယ်ယူဖို့ ငွေထုတ်ဖို့ စက်သုံးဆီဝယ်ဖို့စတဲ့ အကြောင်းအရာအမျိုးမျိုးနဲ့ တန်းစီဝယ်ယူနေကြရတာပါ။
😢22🤬163😡3🔥2🤔2👍1
ဓာတ်ပုံ - PS
👎24👍4🔥3😭2😡2
👎15🔥3😭2
NUGပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှာ ဒုဝန်ကြီးတစ်ဦး ခန့်အပ်

မတ်−၃၀၊၂၀၂၆။ People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဦးဌေးငွေကို ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ ၃၀ရက်မှာ ကျင်းပတဲ့ CRPH ပုံမှန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ဒုဝန်ကြီး ခန့်အပ်တာဝန်ပေးအပ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေအား ခန့်အပ်တာဝန်ပေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးဌေးငွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း ဖော်ပြပါတယ်။

အစည်းအဝေးကို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

NUG ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနမှာ အရင်က ဒုဝန်ကြီးအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တဦးဖြစ်တဲ့ ခူးထဲဘူး က တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ခူးထဲဖူးနှုတ်ထွက်သွားပြီး ၂၀၂၅ ဒီဇင်ဘာ မှာ ယခင် အလုပ်သမား ဒုဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ ဦးကျော်နီကို ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာပါ။
👍429💩4🥴3🤮1
(NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးငွေ။ ဓာတ်ပုံ − CJ)
🥰40👍19💩53🥴2
KIO ၊KNU ၊KNPP ၊CNF ၊NUG ၊CRPHတို့ပူး​ပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEFစတင်ဖွဲ့စည်း

■တော်လှန်ရေးအရှိန်မြှင့်ပြီးအမြန်အောင်ပွဲရယူရန်၊အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လက်တွေ့ ဖော်ဆောင်နိုင်ရန် စစ်ရေး၊နိုင်ငံရေး၊ဖက်ဒရယ်ရေးများဦးဆောင်ရန် ရည်ရွယ်

မတ်-၃၀၊၂၀၂၆။ ထားမြတ်/People’s Spring

အင်းအားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​​တွေအပါအဝင် ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ NUG ၊CRPH တို့ပူး​ပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ
(Steering Council for the Emergence of a Federal Democratic Union–SCEF)”ကိုကန
ဦးဖွဲ့စည်းလိုက်ကြောင်းယ​နေ့​ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်
ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)
၊ ကချင်လွတ်လပ်​ရေးအဖွဲ့( KIO)၊ကရင်နီ အမျိုး
သားတိုးတက်​ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ ဦး​ဆောင်​ကောင်စီကိုဖွဲ့စည်းခဲ့တာလို့သိရပါတယ်။

တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ပြီးအမြန်ဆုံးအောင်ပွဲရယူနိုင်ရန်၊လက်ရှိတော်လှန်ရေးကို အ
ဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီးအသွင်ကူးပြောင်းရေးအစိုး
ရ တရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန် ၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်း
စဉ်များကို လက်တွေ အကောင်အထည်ဖော်နိုင်စေရန်တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော် ဆောင်
ရွက်နိုင်ရန် ရည်ရွယ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEF
ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ် က ဖတ်ကြားခဲ့ပါတယ် ။

ဦးဆောင်ကောင်စီ ကနဦးဖွဲ့စည်းခြင်းနဲ့ ထုတ်ပြန်​ကြေညာခြင်းအခမ်းအနားကိုလည်း မတ်လ ၃၀ မှာကျင်းပခဲ့ပြီး KIO ၊ KNU ၊KNPP ၊CNF ၊NUG ၊CRPH တို့က​ခေါင်း​ဆောင်​တွေတက်​ရောက်ပြီး
မိန့်ခွန်း​တွေ​ပြောကြားခဲ့ပါတယ် ။ ဒီ​တော်လှန်​ရေးအဖွဲ့​တွေဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း
K3C နဲ့ NUG/PDFအ​နေနဲ့ စစ်​ရေးပူး​ပေါင်း​ဆောင်ရွက်မှု​တွေပြုလုပ်ခဲ့ပါတယ် ။ဒါ​ပေမယ့်အခုအခါ ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​​ထောင်ဖို့စနစ်
တကျထပ်မံဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ​

ကောင်စီဝင်တိုင်းရင်းသား​တော်လှန်​ရေးတပ်​တွေဟာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်အာဏာသိမ်းမှုကိုလက်မခံတဲ့ လူငယ်​တွေ၊CDM​တွေကို လက်ခံကူညီ​ပေးခဲ့ပြီး လက်နက်ဆွဲကိုင်​တော်လှန်မယ့်လူငယ်​တွေကိုစစ်ပညာသင်​ပေးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ် ။ဒါအပြင် အာဏာသိမ်းစစ်တပ်ရဲ့အကြိမ်ကြိမ်​ဆွေး​နွေးဖို့ ဖိတ်​ခေါ်မှု​တွေကို လက်မခံပဲ စစ်တပ်ကို​တော်လှန်တိုက်ခိုက်​နေကြတဲ့အဖွဲ့​တွေဖြစ်တာ​တွေ့ရပါတယ် ။

"ကျနော်တို့အနှစ်နှစ်အလလကြိုးစားနေကြတဲ့ဟာ အခုအကောင်အထည်ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ ခြေတလှမ်းရှေ့တိုးလာတာပေါ့။ ပြည်
သူလူထုအမြဲတမ်းပြောတယ် NUGက EROတွေကို မစည်းရုံးနိုင်ဘူးဆိုတာ အခုကတော့ တိုင်း
ရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဝင်ပြီးတော့ ဖက်ထရယ်ပြည်
ထောင်စုပေါ်ပေါက်ရေးကို သူတို့ကိုယ်တိုင်ဦး
ဆောင်ပြီးတော့ ၊ဦးရွက်လုပ်ပြီးတော့ ရှေ့တန်းကနေပါဝင်လာတဲ့ သဘောပေါ့။ ဒိတော်လှန်ရေးကြီးကို ကျနော်တို့ နိုင်ငံရေးရော၊ စစ်ရေးရော အနာ
ဂတ်ဖက်ထရယ်တည်ဆောက်ရေးကိုပါ သူတို့တွေက ဦးဆောင်ပြီးတော့ ပဲ့ကိုင်ပေးမှာပေါ့။ ဒါက ကျနော်တို့ မျော်လင့်နေတဲ့ ခြေလှမ်းပေါ့"လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီက ပြောပါတယ်။

ဦး​ဆောင်​ကောင်စီကနဦးဖွဲ့စည်း​ကြောင်းထုတ်ပြန်​ကြေညာတဲ့အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
(KNPP)ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်း​တွေအသီးသီးပြောကြားခဲ့ပါတယ်။

ဒီ​နေ့လုပ်တဲ့အခမ်းအနားကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒု ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်း
အရုံး ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်း ဒုဥက္ကဌ နဲ့ အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဌ ခူဦးရယ် နဲ့ KSCC, IEC , KNPP ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များ၊ ပြည်
39👍17🤮1
ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့် နဲ့ အဖွဲ့ဝင်များ၊ရေးရာကော်မတီ၊ဥက္ကဌများနဲ့ အတွင်းရေးမှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်များ တော်လှန်ရေးခေါင်း
ဆောင်​တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်​တွေတက်ရောက်ခဲ့ကြပါတယ်။

သတင်းရင်းမြစ်တဦးရဲ့ အသိပေးချက်အရဦး
ဆောင်ကောင်စီမှာ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ ကို အဖွဲ့ဝင် ၇ဦး ဖွဲ့စည်းထားသလို စစ်အောင်နိုင်ရေး မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ကရင်နီတပ်မတော်(KA)၊ ကရင်အမျိုးသားလွတ်မြောက်
ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ပါဝင်ပါတယ်။

အတွင်းရေးမှူး ဒါရိုက်တာအဖွဲ့ကိုလည်း ၁၂ဦး ပါဝင် ဖွဲ့စည်းထားပြီး အဲဒီအတွင်းရေးမှူး ဒါရိုက်
တာအဖွဲ့ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး အတွက် စုဖွဲ့ထားတာလို့ ဆိုပါတယ်။ ဒါ့အပြင် ၂၄ ဦး ပါတဲ့ ကဏ္ဍအလိုက် အတွင်းရေးမှူးများ စုဖွဲ့မှုလည်း ပါရှိပြီး နိုင်ငံခြားရေး၊ ဖက်ဒရယ်ရေးရာ၊ ဘဏ္ဍာရေး ဆိုင်ရာတွေ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ရေးရာ နဲ့ပတ်သက်ပြီး ဖက်ဒရယ်နိုင်ငံရေး၊ ဖက်ဒရယ်အုပ်ချုပ်ရေး၊ အစိုးရ အရပ်ရပ်အကြား ဆက်ဆံရေး၊ အငြင်းပွားမှုများ ဖြေရှင်းရေး ကိစ္စရပ်တွေ ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ အသိပေးပါတယ်။

မူဝါဒရေးရာအကြံပေးအဖွဲ့ကိုလည်းဖွဲ့စည်းထားရာ ယင်းအဖွဲ့တွင်ပြည်နယ်ဖက်ဒရယ်ယူနစ် နဲ့ တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားပြု ပြည်သူ့ကိုယ်စားပြု ၊ အမျိုးသမီး ကိုယ်စားပြု ကိုယ်စား
လှယ်များ ပါဝင် တယ်လို့ သိရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုး
သားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၁၆ရက် ပြည်ထောင်စုလွှတ်တော် န၀မ အကြိမ် အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ဖြစ်ပေါ်လာရေး ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။

“လက်ရှိကျွန်တော်တို့အားလုံးဝိုင်းဝန်း လုပ်ဆောင်
နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပုံစံလိုမျိုး ဖြစ်မြောက် အကောင်အထည် ပေါ်လာရေးကိုအားသွန် ကြိုးပမ်းကြဖို့ဖြစ်ပါတယ်။ဒီစုဖွဲ့မှုဖြစ်
မြောက်လာဖို့အတွက်တိုင်းရင်းသား လက်နက်
ကိုင် အဖွဲ့အစည်းများနှင့် ကျွန်တော်တို့ အချိန်အများကြီး ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ အဲသည့်ထဲမှာ ယုံကြည်မှု တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွေလည်း အရေးတကြီး ပါဝင်ခဲ့ပါတယ်။ နွေဦးတော်
လှန်ရေး အင်အားစု တွေနဲ့ တိုင်းရင်းသားတော်
လှန်ရေး အဖွဲ့အစည်းကြီးတွေအကြား မဟာမိတ်ပေါင်းစည်းမှုဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့အားလုံး အားသွန်ကြိုးပမ်းနေကြပါ တယ်။ ဒါ့ကြောင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ကောင်းဖြစ်အောင် ဝိုင်းဝန်း ထမ်းရွက်ကြဖို့ လေး
နက်စွာ တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတကပြောကြားခဲ့တာပါ။

NUG အနေနဲ့ အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ပြီး ကျယ်ပြန့်စွာ ထပ်တိုးလုပ်ဆောင်ဖို့ လုပ်ဆောင်စရာ လုပ်ငန်းစဉ်တွေ ရှိတယ်လို့အသိ
ပေးပါတယ်။

ဒီနေ့ ဒီလိုအချိန်မျိုးမှာ,မှ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ပြတ်ပြတ်သားသား
မလုပ်ဆောင်နိုင်ဘူးဆိုရင်၊ နောင်အချိန်တွေမှာ တော်ရုံမျှော်လင့်နိုင်ဖို့ မလွယ်ကူကြောင်း သတိ
ချပ်ကြဖို့လိုအပ်ကြောင်းလည်း ယာယီသမ္မတက ဦးဆောင်ကောင်စီတရပ် ဖြစ်မြောက်ဖို့ အရေးကြီးတဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။

KIO ခေါင်းဆောင်တဦးဖြစ်တဲ့ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အခုလို ဦးဆောင်ကောင်စီ ဖွဲ့စည်းဖို့ KNU
နဲ့ ကရင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသား အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ဒုတိယပတ်မှာ ပြောကြားခဲ့ပါတယ်။

“လက်ရှိတော်လှန်ရေးကိုအောင်မြင်အောင်ကျနော်တို့ဘယ်လိုဆင်နွှဲမလဲဆိုတဲ့ဟာကျနော်တို့ ဦးစား
ပေးပြီးဆွေးနွေးနေတာဖြစ်ပါတယ်”လို့ ဒုဗိုလ်
ချုပ်ကြီး ဂွန်မော်က ဦးဆောင်ကောင်စီဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့တဲ့ အခြေအနေကို ပြောပြပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာလည်းပြည်
ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

NUG အနေနဲ့ အားကောင်းခိုင်မာသော တော်လှန်
ရေးဦးဆောင်မှုတခုပေါ်ပေါက်စေဖို့အတွက် အမျိုး
သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။
41👍16🤮2🥰1