People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဖလမ်းကိုစစ်ကူလာတဲ့ စစ်​ကြောင်းမှူး ဗိုလ်မှူးကြီးဝင်း​​မောင်​မောင်မိုင်းထိ​သေဆုံး

မတ်-၃၀၊၂၀၂၆။ထားမြတ်၊မိုမို/Peoples Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူလာတဲ့ စစ် ကြောင်းမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် မိုင်းထိ သေဆုံးခဲ့တယ်လို့ချင်းဒေသကာကွယ်ရေးတပ် (CDF) CDM စီးယင်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ကလေး နဲ့ တီးတိန်မြို့နယ် လမ်းဆုံ သိုင်းငင်းရွာကနေ ဖလမ်းမြို့ဘက်ကို ဗိုလ်မှုးကြီးဝင်းမောင်မောင် ဦးစီးတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်ကြောင်းကို​မတ် လ ၁၉ ရက်နေ့မှာ ​​တော်လှန်​ရေးတပ်​တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်တို့ဘက်က သူတို့ စက်ပေါက်တဲ့လိုင်းတွေကို ကြားဖြတ်နားထောင်တဲ့အချိန်မှာ အဲဒီနားမှာ သူတို့ရဲ့ စစ်ကြောင်းမှူးဗိုလ်မှူးကြီးတစ်ယောက်ကျသွားတယ်။ထီးလင်းကဆိုလား ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဆိုလား။ဘယ်တပ်ကလည်းဆိုတာတော့ ကျွန်တော်အတိအကျ မသိရသေးဘူး"လို့ အထက် ပါ တာဝန်ရှိသူက စစ်တပ်စစ်ကြောင်းမှူးသေဆုံးတာ ကို​ပြောပါတယ်။

ဘေကန်ရွာနဲ့ ဇောင်ကောင်ကြားစစ်ကြောင်းထိုး
လာစဥ် စစ်တပ်စစ်ကြောင်း မိုင်းကွင်းသုံးခုထဲ ရောက်ရှိချိန် တိုက်ခိုက်နိုင်ခဲ့တာလို့လည်း သူက ဆက်​ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေကို မတ်လ ၄ ရက်ကစပြီး မတ်လ နောက်ဆုံးပတ်အထိ မိုင်းကွင်း ၁၆ ခု နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်းသိရ ပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့
ဖလမ်းမြို့ကို ရဖို့ စစ်တပ်က စစ်ကြောင်းလေးခု သုံးပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဒါ​ပေမယ့်ချင်း​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​
ကြောင့် စစ်တပ်က​သေဆုံး ၊ဒဏ်ရာရသူများ​ပြီး စစ်​ကြောင်း​တွေ​ရှေ့မ​ရောက်ဖြစ်​နေတာပါ။

ဖလမ်းမြို့အပါအဝင် ချင်းမြောက်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံး
အရင်းနဲ့ စစ်တပ်ထိုးစစ်ဆင်နေတာ နှစ်ဝက်နီးပါး ကြာပြီဖြစ်ပါတယ်။

ချင်းပြည်နယ် မြို့နယ် ၉ ခုအနက် ၆မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ချင်းတောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ချင်းမြောက်ပိုင်းကတွန်းဇံ၊ဖလမ်း မြို့
နယ်တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်း
ပိုက်ထားတာဖြစ်ပြီး ပလက်၀မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့နယ်တွေမှာဆိုရင်လည်း စစ်ကောင်စီဟာ မြို့ပေါ် လောက်သာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းမှာ တော် လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်လှုပ်ရှားနေတာဖြစ်ပါတယ်။
35👏16👍3🤣3
စစ်တပ်စစ်​ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက် မိုင်းထိသူ​တွေကိုသယ်​​ပြေး​နေစဥ်။
ဓါတ်ပုံ-CDF-စီယင်
👍47🤣6🥰4👏2😁1
ငါန်းဇွန်မှာ စစ်တပ်ကို မဟာမိတ်အဖွဲ့ကြားဖြတ်တိုက်ခိုက်

မတ်−၃၀၊ ၂၀၂၆။ဟာနာဆန်/People's Spring

​မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

​ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ဘက်မှ ကျွဲဇိမ်ကျေးရွာသို့ ပြန်လာတဲ့ စစ်သားတွေကို တော်လှန်ရေးအင်အားစုတွေက လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

​အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်သား (၃) ဦးသေဆုံးပြီး (၅)ဦးခန့် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့
Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

"ကျွဲဇိမ်ရွာမှာက အင်အားငါးဆယ်လောက်နဲ့ တပ်စွဲထားတာပါ။ တိုက်ပွဲကြာချိန်က မိနစ်နှစ်ဆယ်လောက်ပါ။ လက်နက်တော့ မရလိုက်ဘူး"လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

စစ်တပ်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

​အဲဒီ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) - မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း၊ မန္တလေးလူငယ်စစ်ကြောင်း၊ ငါန်းဇွန်မြို့နယ် (ပ.က.ဖ)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ငါန်းဇွန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူရာချီရှိနေပြီး တိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ငါန်းဇွန်မြို့နယ်နဲ့ နယ်မြေချင်းထိဆက်နေတဲ့ မြင်းခြံမြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ အိမ်ခြေရာချီပြာကျပြီး ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
👍389😁1
(MBT တပ်ဖွဲ့ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-MBT)
👍377😁1
“တပည့်က တပ်ချုပ်လုပ်တယ်၊​ဆရာက သမ္မတလုပ်တယ်၊ ဆရာ-တပည့် ဆက်ဆံရေး ဆက်ရှိ
လိမ့်မယ်” -CDM ဗိုလ်မှူး ကိုနောင်ရိုး

■စစ်တပ်လွှတ်တော်က မင်းအောင်လှိုင် ဒုသမ္မတလောင်းအမည်စာရင်းတင်သွင်း

■​ရွေး​ကောက်ခံအစိုးရကို မဲခိုးတယ်ဆိုပြီးစွပ်စွဲအာဏာသိမ်းခဲ့တာဟာ မင်း​အောင်လှိုင်သမ္မတလုပ်ချင်လို့ဆိုတာ ဒီ​က​နေ့​ထင်ရှားဟုနိုင်ငံ​ရေးအကဲခတ်​သုံးသပ်

မတ်-၃၀၊ ၂၀၂၆။​နေ့သစ်/People’s Spring

စစ်တပ်ကို ၁၅နှစ် အုပ်ချုပ်ခဲ့သူ ၂၀၂၁ အာဏာ
သိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့တပ်ချုပ်ရာထူးကို အနီးကပ်လူယုံ ရဲဝင်းဦးကို လွှဲ
ပြောင်းပေးလိုက်ပေမယ့် အာဏာအလုံးစုံက မင်းအောင်လှိုင်ဆီမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေက သုံးသပ်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ စစ်တပ်လွှတ်တော်မှာ စစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် ထည့်သွင်းအဆိုပြုခဲ့ပြီး တဖက်မှာလည်း စစ်ခေါင်းဆောင်က တပ်ချုပ်အသစ်ကို သူစိတ်
တိုင်းကျ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ရွေးချယ်ခန့်အပ်ခဲ့တာပါ။စစ်ခေါင်းဆောင်ကိုစစ်တပ်ပြည်
သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်
စားလှယ်အစုအဖွဲ့တွေကနေ ဒုသမ္မတလောင်းတွေ တင်သွင်းရတာပါ။ အစုအဖွဲ့ သုံးခုက တက်လာတဲ့ ဒုတိယသမ္မတလောင်း ၃ဦးကို လွှတ်တော်ကိုယ်
စားလှယ်တွေက မဲပေးရွေးချယ်ရပြီး မဲအများဆုံးရရှိသူက သမ္မတ၊ ဒုတိယက ဒုတိယသမ္မတ(၁)၊ တတိယက ဒုတိယသမ္မတ(၂) တို့ ဖြစ်လာကြမှာပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ ပြည်သူရွေးကောက်ခံ NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ သမ္မတဖြစ်လာမယ်လို့ သတင်းရင်းမြစ်တွေက ယုံကြည်ထားကြပါတယ်။

ပြီးခဲ့တဲ့ ၅နှစ်ကျော်ကြာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထပ်ခါတလဲလဲ ပြောဆိုခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ​မှာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက မဲမသမာမှုရှိလို့ အာဏာထိန်းခဲ့ရပါတယ်ဆိုတာ လိမ်လည်မှုဖြစ်ကြောင်း ဒီနေ့မှာတော့ မဖုံးဖိနိုင်အောင် ပေါ်လာခဲ့ပြီလို့ နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့နေရာ တပ်ချုပ်ရာထူးဆက်ခံဖို့ စိတ်ကြိုက်ရွေးချယ်ခဲ့ပြီး သစ္စာရှိ တပည့်တွေထဲက အကျိုးနွံဆုံး ရဲဝင်းဦးကို ခန့်အပ်ခဲ့တယ်လို့ တပ်မတော်သားအရာရှိဟောင်းတွေက ပြောပါတယ်။

တပ်တွင်းမှာ တပ်မိသားစုတွေက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တပ်ချုပ်ဖြစ်စေလိုကြပြီး OTS ဆင်း ရဲဝင်းဦးကို တပ်ချုပ်ပေးအပ်မှုအပေါ် မကျေနပ်မှုတွေရှိကြတယ်လို့ နေပြည်တော်သတင်းရင်းမြစ်နဲ့ CDM တပ်မတော်သားတချို့က ပြောပါတယ်။

တပ်ချုပ်သစ်ဖြစ်လာတဲ့ ရဲဝင်းဦးဟာ မင်းအောင်
လှိုင် တပ်ရင်းမှူး၊ တိုင်းမှူးဘဝကတည်းက လူရင်းတပည့်ဖြစ်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ယောက္ခမဖြစ်သူ နှစ်ချီ ဆေးရုံတက်ချိန်မှာ ရဲဝင်းဦးတို့ လင်
မယားက အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တာက အခုလိုမျိုး တပ်ချုပ်ဖြစ်လာခြင်းရဲ့ အကြောင်း
ရင်းတစ်ချက်ဖြစ်တယ်လို့ တပ်မတော်အရာရှိကြီးဟောင်းတစ်ဦးက ပြောပါတယ်။

“အဲဒီတစ်နှစ်ခွဲလုံးလုံးက နေ့ရော ညရော၊ သူတို့ လင်မယားက တောက်လျှောက်စောင့်ပေးခဲ့တာ လူယုံပေါ့”လို့ သူက ဆက်ပြောပါတယ်။

အသက် ၆၀ အရွယ်ရဲဝင်းဦး ဟာ တပ်မတော်ကြည်ဗိုလ်သင်တန်းကျောင်း OTS အပတ်စဉ် ( ၇၇ ) ဖြစ်ပါတယ် ။

ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပေမယ့် အာဏာအလုံးစုံက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေက သုံးသပ်ကြပါတယ်။

“တပည့်က တပ်ချုပ်လုပ်တယ်၊​ဆရာက သမ္မတလုပ်တယ်၊ ဆရာ-တပည့် ဆက်ဆံရေး ဆက်ရှိ
လိမ့်မယ်”လို့ CDM ဗိုလ်မှူး ကိုနောင်ရိုးက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အချိန်အတိုင်း
အတာတစ်ခုအထိ တပ်ကို နောက်ကွယ်ကနေ ထိန်းချုပ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး တပ်ချုပ်ကိုလည်း သူ့တပည့်ရင်းတွေနဲ့ ဝန်းရံထားတယ်လို့ ကိုနောင်ရိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ် တပ်ချုပ် မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် စိုးဝင်းတို့ အသီးသီးရာထူးစွန့်သွားခဲ့ပြီး တပ်ချုပ်သစ်အဖြစ် ရဲဝင်းဦး၊ ဒုတပ်ချုပ်သစ်အဖြစ် ကျော်စွာလင်းတို့ ဖြစ်လာခဲ့ကာ ညှိကွပ်သစ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ကိုကိုဦး ဖြစ်လာပါတယ်။
🤣3712🤔2👍1👎1🖕1😭1
နေပြည်​တော်မှာ မတ် ၃၀ မနက်ပိုင်းမှာလုပ်ခဲ့တဲ့
တပ်ချုပ်​ လွှဲ​ပြောင်းပွဲ။ဓါတ်ပုံ-စစ်​ကောင်စီ
👎21🖕19🤬15🤮10💩93🔥1
ပလက်၀မြို့နယ် စစ်တပ် လေကြောင်းဗုံးကြဲမှု ကလေးငယ် ၄ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံး

▪️တိုက်ပွဲမရှိဘဲ သူရဲဘော်ကြောင်စွာ လာရောက် ဗုံးကြဲခြင်းဟု AA ထုတ်ပြန်

မတ်-၃၀၊ ၂၀၂၆။People’s Spring

ချင်းပြည်နယ် ပလက်၀မြို့နယ်က ကြောင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ဦး အပါအဝင် ပြည်သူ ၇ဦးသေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၄ဦး ဒဏ်ရာရတဲ့အပေါ် ၊ ဆွေမျိုးများနဲ့ ထပ်တူဝမ်းနည်းရတကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

AA သိမ်းပိုက်ထားတဲ့ ပလက်၀မြို့နယ် ကြောင်ချောင်းရွာကို စစ်တပ်က မတ်လ ၂၉ရက် ညနေပိုင်းမှာ တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ရော့ကတ်နဲ့ တိုက်ခိုက်တာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ကျေးရွာအနီးမှာ တိုက်ပွဲမရှိဘဲ သူရဲဘော်ကြောင်စွာ လာရောက်ဗုံးကြဲခြင်းဖြစ်ကြောင်း AAက ထုတ်ပြန်ပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၈နှစ်၊ ၁၀နှစ်၊ ၁၁နှစ်နဲ့ ၁၆နှစ်အရွယ် ကလေးငယ်တွေအပါအဝင် ပြည်သူ ၇ဦး သေဆုံးကာ ၈လသားနဲ့ ၅နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ၄ဦး ဒဏ်ရာရခဲ့ကြောင်း သေဆုံးထိခိုက်သူတွေရဲ့ အမည်စာရင်းနဲ့တကွ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရဟု အသိပေးပါတယ်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေတဲ့ စစ်ကော်မရှင်ဟာ AAနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အကျအဆုံးအထိအခိုက် များစွာ ရင်ဆိုင်ရတိုင်း စစ်ဘက်နဲ့ မဆိုင်တဲ့ စစ်ရေး ပစ်မှတ် မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းက အလစ်ချောင်း ဗုံးကြဲတိုက်ခိုက်တဲ့ လုပ်ရပ်ကို လက်ရဲဇက်ရဲ ကျူးလွန်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ စစ်ကော်မရှင်ရဲ့အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသော ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း အသိပေးပါတယ်။
🤬35👎85🔥2🤣2🖕1
🤬27😭7👎5🔥2🤣1
စစ်တပ်က တပ်ချုပ်အပြောင်းအလဲနဲ့ လွှတ်တော်ခေါ်နေချိန်မှာ ဒီပဲယင်းက ဆေးခန်းကို အကြိမ်ကြိမ်ဗုံးကြဲ၊ ပြည်သူ သေဆုံးမှုရှိ

မတ်−၃၀၊၂၀၂၆၊ရှိန်း/ People's Spring

စစ်တပ်က တပ်ချုပ်အပြောင်းအလဲနဲ့ အစိုးရအသစ်ဖွဲ့ဖို့ဆိုပြီး နေပြည်တော်မှာ လွှတ်တော်ခေါ်ချိန်မှာ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် ငပဲယင်းကျေးရွာက ပြည်သူ့ဆေးခန်းကို အကြိမ်ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရာ ပြည်သူအထိခိုက်ကျဆုံးရှိတယ်လို့ ကနဦးသတင်းသိရပါတယ်။

မတ်လ၃၀ ရက် ဒီနေ့မနက် ၁၀နာရီခွဲခန့်မှာ ငပဲယင်းရွာက ဆေးခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီမှာ ဆေးရုံတက် နေတဲ့လူတွေလည်းရှိတော့အထိခိုက်များတယ်လို့ သိရတယ်။အတိအကျတော့ မသိရသေးဘူး။ဒီနေ့လည်ပိုင်းမှာ ဖုန်းလိုင်းတချို့လည်း ပြတ်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆေးခန်းကို ဗုံးကြဲပြီးနောက် ဒေသခံတွေက ရှင်းလင်းရေးပြုလုပ်ချိန် နေ့လည်၂နာရီခွဲမှာ နောက်ထပ် ၂ကြိမ် ထပ်မံဗုံးကြဲခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ သိရပါတယ်။

မတ်လ၂၆ရက် နေ့ကလည်း စစ်တပ်က ရေဦးနဲ့ဒီပဲယင်းမြို့နယ်အစပ်က ကျေးရွာတွေကို လေကြေလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့‌တယ်လို့ သိရပါတယ်။
😡36🤬86👎5👏1🤣1
(၂၀၁၉မှာ ​လေ​ကြောင်းတိုက်ခိုက်မှု ပျံသန်း​လေကျင့်​နေ​တဲ့ စစ်​လေယာဥ် ၂ စီး။ ဓါတ်ပုံ-AFP)
🤬39👎5🤣3🖕2👏1
အာသံရိုင်ဖယ်တပ် တိုက်ခိုက်ခံရပြီး ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယ တင်းကြပ်ထား

မတ်-၃၀၊ ၂၀၂၆။ အိမ်သွင်/People's Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယနယ်စပ်အနီး အာသံရိုင်ဖယ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် နယ်စပ်နေရာတွေကို ပိတ်ဆို့ထားလို့ နှစ်ဘက်စလုံးက ဒေသခံ‌တွေ အခက်အခဲကြုံတွေ့နေပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်နယ်နမိတ်ကို အာသံရိုင်ဖယ်တပ်က လုံခြုံရေးယူပြီး အိန္ဒိယဘက်က ကာရံနေစဉ် နာဂလက်နက်ကိုင်တပ်ဖြစ်တဲ့ NSCN-K (YA)က မတ်လ ၂၆ရက် ညနေမှာ တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်း အာသံရိုင်ဖယ်တပ်က သုံးဦး သေဆုံးသွားပါတယ်။

" နယ်စပ်ကို အိန္ဒိယဘက်က အဝင်အထွက် တော်တော် ကြပ်ပစ်လိုက်တယ်။ ကုန်အဝင်အထွက်လည်း မလွယ်တော့ဘူး။ ပိတ်ထားသလိုကို ဖြစ်နေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပန်ဆောင်မြို့ရဲ့ တစ်ဖက်မှာရှိတဲ့ အိန္ဒိယထဲကမြို့ဟာ နန်ပေါင်မြို့ဖြစ်ပါတယ်။ နယ်စပ်ဂိတ်ကို တင်းကြပ်ပြီး ကုန်သွယ်ရေးကန့်သတ်ထားလို့ ဒေသခံတွေ ကုန်ရောင်းကုန်ဝယ်နဲ့ သွားရေးလာရေးအခက်အခဲ ကြုံတွေ့နေတယ်လို့ သတင်းရရှိပါတယ်။

ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ နန်းယွန်းမြို့နယ်အတွင်းမှာ တည်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်(Arunachal Pradesh)နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ သမိုင်းဝင်လီဒိုလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။

ပန်ဆောင်မြို့က မြန်မာ-အိန္ဒိယနယ်စပ်တလျှောက် ခြံစည်းရိုးကာရံမှုကို အိန္ဒိယဘက်က ၂၀၂၅ နှစ်ကုန်ပိုင်းကနေ စတင်ခဲ့တာပါ။ ဒေသခံတွေက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့သလို နာဂအရပ်ဖက်အဖွဲ့တွေကလည်း ကန့်ကွက်ခဲ့ကြပါတယ်။ အိန္ဒိယအစိုးရက အာသံရိုင်ဖယ်တပ်ကို လုံခြုံရေးယူခိုင်းပြီး အတင်းအကြပ်ကာနေတယ် ဒေသခံက ပြောပါတယ်။ စစ်ကောင်စီအရာရှိတွေ ဦးဆောင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကလည်း အိန္ဒိယအစိုးရကို မလွန်ဆန်နိုင်ဘဲ နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့တွေရှိနေပါတယ်။ NSCN-K(YA)တပ်ဖွဲ့ဟာ အာသံတပ်ကို အိန္ဒိယနိုင်ငံဘက်ခြမ်းမှာလည်း တိုက်ခိုက်လေ့ရှိပြီး အိန္ဒိယကလည်း မြန်မာပိုင်နက်ထဲအထိဝင်ပြီး NSCNတပ်တွေကို တိုက်ခိုက်လေ့ရှိပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို ပြီးခဲ့တဲ့၂၀၂၅ခုနှစ် အောက်တိုဘာ ၂၀ရက် ညမှာ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ NSCN(K-YA)အဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ Piyong Konyak (ပီယောင်းကွန်းရက်) ရဲ့ သားနဲ့ မြေးဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ NSCN(K-YA)အဖွဲ့က အိန္ဒိယနိုင်ငံဖက်ခြမ်းမှာ အာသံတပ်ကို ဦးတည်ပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုအပြီးမှာ အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယာယီပိတ်ခဲ့ဖူးပါတယ်။
👍276👎2🥰2👏2🤬1😢1
(မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်ဂိတ်အနီး ဘုတ်တိုင်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
🔥18👍8👎2
နေပြည်တော်မှာ စစ်တပ်က အာဏာခွဲဝေနေချိန် ဘုတလင်က ဆေးရုံကိုဗုံးကြဲလို့ သေဆုံးထိခိုက်မှုများပြား

■ကိုယ်ဝန်​ဆောင်နဲ့ က​လေးငယ်​တွေ​ပါ သေဆုံးထခိုက်

မတ် ၃၀၊ ၂၀၂၆ ဟာနာဆန်/People's Spring

နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က အာဏာခွဲဝေနေချိန်စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပယင်းရွာက ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၀ ရက် နေ့လယ် ၁ နာရီခန့်က တံတားဦးနဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်ဝာာ နှစ်စီးနဲ့ ဘုတလင်မြို့နယ် အနောက်
မြောက်ခြမ်းမှာရှိတဲ့ ငပယင်းရွာက ဆေးရုံကို ဗုံးကြဲခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်နေချိန် ထပ်မံဗုံးကြဲခဲ့တာကြောင့် ပြည်သူထိခိုက်သေဆုံးမှုများကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဆေးရုံကိုကြဲသွားတာ။ မီးလောင်ဗုံးတွေနဲ့ပါ ကြဲသွားတာ။ ထပ်ပြီးကြဲနေဆဲဖြစ်တဲ့အတွက် သွားလို့မရဘူးဖြစ်နေတယ်။"လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့သိရပြီး အသေးစိတ်မသိရသေးပါဘူး။

"ထိတဲ့သူများတယ်။ထပ်ကြဲလို့ ဘယ်သူမှမသွားရဲဘူးဖြစ်နေတာ"လို့ဒေသခံတစ်ဦးကပြောပါတယ်။

ငပယင်းရွာ စစ်သူကြီး မဟာဗန္ဓုလ ရဲ့ဇာတိရွာဖြစ်တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

"အဲဒီမှာ ဆေးရုံတက် နေတဲ့လူတွေလည်းရှိတော့အထိခိုက်များတယ်လို့ သိရတယ်။အတိအကျတော့ မသိရသေးဘူး။ဒီနေ့လည်ပိုင်းမှာ ဖုန်းလိုင်းတချို့လည်း ပြတ်နေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ကနေပြည်တော်မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က သမ္မတလုပ်မှာမို့ သူ့တပည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လွှဲ​ပြောင်းခန့်အပ်ပြီး ၊စစ်တပ်လွှတ်​တော်မှာ ဒုသမ္မတ​တွေ​ကြေညာ​နေတာဖြစ်ပါတယ် ။
🤬517👎3👏1🤮1🤣1
15😢9🤬4🔥1