မျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့မှု မရှိတာကြောင့် ဖြစ်ပေါ်နေတဲ့ ဥပဒေ ဟာကွက်ကို ပိတ်ဆို့ဖို့နဲ့ သူမကိုပါ အရေးယူပိတ်ဆို့မှုတွေ ချမှတ်အ
ရေးယူပေးဖို့ JFM က အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ဩစတြေးလျနိုင်ငံတွေကို တောင်းဆိုထားပါတယ်။
မင်းအောင်လှိုင်ရဲ့ အဂလိလိုက်စားမှုတွေကနေ သူ့ရဲ့မိသားစုဝင်တွေက စီးပွားရေးလုပ်ငန်းတွေသာ မဟုတ်ပဲ ထိုင်းနိုင်ငံမှာလည်း အိမ်ခြံမြေတွေ ဝယ်
ယူခဲ့ပါသေးတယ်။
အောင်ပြည့်စုံကဘန်ကောက်မြို့က Belle Grand
Rama 9 ကွန်ဒိုမှာ နှစ်ထပ် ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ထိုင်းဘတ်ငွေ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၅၈၁,၀၀၀) နဲ့ ၂၀၁၇ မှာဝယ်ယူခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၂ မှာလည်း အရေးယူပိတ်ဆို့မှု မခံထားရတဲ့ အောင်ပြည့်စုံရဲ့ ဇနီး မျိုးရတနာထိုက်ရဲ့ နာမည်နဲ့ ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး)တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ယာကြီးကိုဝယ်
ယူခဲ့တယ်လို့ JFM က ပြီးခဲ့တဲ့ရက်ကထုတ်ဖော်ထားပါတယ်။
"ထိုသို့ဝယ်ယူရာတွင် နိုင်ငံခြားသားများ မြေပိုင်
ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေအား ရှောင်
လွှဲနိုင်ရန် ထိုအိမ်ခြံမြေဖော်ဆောင်သူ Charn Issara ကုမ္ပဏီနှင့် ဆက်နွှယ်နေသည့် ကြားခံကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ " လို့ JFM ကဆိုပါတယ်။
ဒါကြောင့် ထိုင်း နဲ့ အခြားနိုင်ငံအစိုးရ တွေ အနေနဲ့ မင်းအောင်လှိုင်မိသားစုရဲ့ အကျင့်ပျက်ခြစားမှုတွေကနေ ရရှိလာ တဲ့ငွေကြေးတွေကို သူတို့ရဲ့အာဏာပိုင်နယ်နိမိတ်တွေမှာ ငွေကြေးခဝါချခြင်းမှ တားဆီးဖို့ စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲအရေးယူဖို့ လိုအပ်တယ်လို့ JFM က တိုက်တွန်းထားပါတယ်။
"သိမ်းဆည်းရရှိသည့် ပိုင်ဆိုင်မှုများကို မြန်မာနိုင်ငံတွင် တရားဝင် ဖက်ဒရယ်ဒီမိုကရေစီအစိုးရတစ်
ရပ် ပေါ်ပေါက်လာပြီး၎င်းတို့ထံပြန်လည်လွှဲပြောင်း
ပေးနိုင်သည့်အချိန်အထိ ထိန်းသိမ်းထားသင့်သည်။မင်းအောင်လှိုင်နှင့် ၎င်း၏မိသားစုဝင်များ
သည် ၎င်းတို့၏ အကျင့်ပျက်ခြစားမှုများအတွက် တာဝန်ခံရမည်ဖြစ်သည်။ ယခုအချိန်သည် ၎င်းတို့၏ ပြစ်ဒဏ်မှကင်းလွတ်နေမှုကို အဆုံးသတ်ရမည့် အချိန်ပင်ဖြစ်သည်။" လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

👍24❤17😁3👏1
စစ်အာဏာရှင်တွေဟာ ပြည်သူတွေကိုတန်ဖိုးမထားပဲ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဦးစားပေးတာမို့ အနာဂါတ်မှာကြုံလာမယ့် သဘာဝဘေးအန္တရာယ်တွေကို အကောင်းဆုံးကြိုတင်ကာကွယ်ဆိုရင်တော့ လုပ်ရမယ့်အလုပ်ကအရမ်းထင်သာမြင်သာရှိလှပါတယ်။ အဲတာကတော့ စစ်အာဏာရှင်တွေကိုဖြုတ်ချပြီး ပြည်သူကိုတန်ဖိုးထားတဲ့ရွေးကောက်ခံအစိုးရ ကိုရွေးချယ်တင်မြှောက်ကြဖို့ပဲဖြစ်ပါတယ် ။
အဲလိုမှမဟုတ်ပဲ ခင်ဗျားက အာဏာရှင်တွေအောက်မှာသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိုထိထိရောက်ရောက်လုပ်နိုင်မယ်လို့စိတ်ကူးနေရင်တော့ အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာမယူတက်တဲ့ မိုက်မဲသူပဲဖြစ်ပါလိမ့်မယ်။ဘာကြောင့် ဒီလိုပြောရလဲဆိုရင် အာဏာရှင်တွေက ပြည်သူတွေကို ဘယ်တော့မှ တန်ဖိုးထား
တဲ့သူတွေမဟုတ်တာကြောင့်ဖြစ်ပါတယ် ။
https://www.ludunwayoo.com/opinion-mm/2026/03/29/152644/

LuduNwayOo
သဘာဝဘေး နဲ့ အာဏာရှင် | LuduNwayOo
ကံဆိုးချင်တော့ စစ်အာဏာရှင် ၂ ဦးအောက်မှာ ဖျက်အားကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကြီး နှစ်ခုကို ကျွန်တော်တို့ကြုံခဲ့ရတယ် ။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နဲ့ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးပါ။
👍36❤9🤮2😁1🤬1💯1
သရက်ချောင်းမြို့နယ်က စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ
မတ်-၃၀၊၂၀၂၆။ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာက မူလတန်းကျောင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
KNUအုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ကစယ်ဒို(သရက်ချောင်း)မြို့နယ် သပြူချောင်းကျေးရွာကို မတ်လ ၂၉ရက် ညနေပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်ဖြစ်ပြီး စာသင်ကျောင်းထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြပါတယ်။
လေကြောင်း တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံရှိ၊မရှိ အခြေအနေကို ဖော်ပြမထားလို့ မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
KNUနဲ့ မဟာမိတ်တော်လှန်ရေပူးပေါင်းတပ်တွေဟာ သရက်ချောင်းမြို့နယ်က ဝင်း၀ စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်တပ်ဟာ ဝင်း၀တပ်စခန်း တိုက်ခိုက်ခံရချိန်ကတည်းက သရက်ချောင်းမြို့နယ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို ဝင်း၀စခန်းသိမ်းပိုက်ခံရပြီး နောက်ပိုင်းမှာ လေကြောင်း ဗုံးကြဲတာတွေ ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။
မတ်လ ၁၆ရက်ကလည်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေရဲ့ နေအိမ်နှစ်လုံးပျက်စီးခဲ့ပါတယ်။
မတ်လ ၁၄ရက်ကလည်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ပြည်သူ ၁ဦးသေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းလည် ပျက်စီးခဲ့ပါတယ်။ မတ်လ ၁၃ရက်ကလည်း သရက်ချောင်းမြို့နယ် ဝင်းကဖော်ရွာကို လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု စိုက်ပျိုးရေးခြံ အချို့ ပျက်စီးမှုရှိခဲ့ပါတယ်။
ဝင်း၀တပ်စခန်းတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးမျိုးဆက်လက်ဖော်ဆောင်သွားဖို့ရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်က သတင်းထုတ်ပြန်ထားပြီး ပြည်သူတွေ လေကြောင်းရန် အထူးသတိပြုဖို့ နှိုးဆော်ထားပါတယ်။ စစ်ရေးအရှိန်မြှင့် ဖော်ဆောင်မှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိပေး နှိုးဆော်ချက်တွေကို အပြည့်အ၀ လိုက်နာကြဖို့၊ ပူးပေါင်းပါဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။

🤬28❤6👎3🔥3👏1
(သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာက မူလတန်းကျောင်းကို စစ်တပ်က တိုက်လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU-MTD)
🤬48🔥4👎3❤2👏1
■ဆောင်းပါး
၁၅နှစ်ကြာတပ်ချုပ်အိပ်မက်
လုံးဝပျက်သုန်းသွားတဲ့ ဒုတိယလူစိုးဝင်း
ကဖေး/People's Spring
အာဏာသိမ်းစစ်တပ်ရဲ့ တပ်ချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုဒီနေ့ မနက်ပိုင်းမှာ ခန့်အပ်လိုက်တာကြောင့် တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုတပ်ချုပ်အနေနဲ့ ၁၅နှစ်ကြာ အလုပ်အကြွေးပြုခဲ့တဲ့ဒုတိယဗိုလ်ချုပ်မှူးကြီး စ်ိုးဝင်းရဲ့တပ်ချုပ်အိပ်မက်ပျက်ပြယ်သွားပါပြီ။
မတ်လ ၃၀ရက် နေ့ခင်းပိုင်းမှာ နေပြည်တော်က စစ်တပ်လွှတ်တော်ထဲ သမ္မတရွေးပွဲပြုလုပ်မှာဖြစ်ပြီး မနက်ပိုင်းမှာပဲတပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်း
လဲခန့်အပ် တာဝန်လွှဲတဲ့အခမ်းအနားကို နေပြည်
တော် ဇေယျာသီရိ ဗိမ္မာန်မှာ ပြုလုပ်ခဲ့ပါတယ်။
"ဒုတပ်ချုပ်က လက်ရှိရာထူးပါလွှဲလိုက်ရပြီ။ အ
တိုင်ပင်ခံဥက္ကဌဖြစ်လာမယ်ထင်တယ်။ သူတို့ချင်း အပေးအယူနဲ့ နေရာချပြီးသားတွေ"လို့နေပြည်
တော်သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်အသစ်အဖြစ် မကြာသေးမီကမှကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ခန့်အပ်လက်လွှဲပေးပါတယ်။ဒါကြောင့်စစ်တပ်မှာ စစ်တက္ကသိုလ်ကျောင်းဆင်းဗိုလ် ကမဟုတ်ပဲ အလုပ်သင်ဗိုလ်သင်တန်းဆင်းလာသူ ၊စရဖချုပ် ကနေ တပ်ချုပ် ပထမဆုံးဖြစ်လာသူဖြစ်ပါတယ်။
ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ညှိကွပ်အဖြစ် ဒုဗိုလ်ချုပ်ကြီးကိုကိုဦးတို့ကို ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွေက ဖော်ပြနေကြပါတယ်။
တပ်ချုပ်ရာထူးနဲ့ ထပ်လွဲခဲ့ပြန်တဲ့ဒုတပ်ချုပ်
ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စ်ိုးဝင်းကတော့ ဖေဖော်ဝါရီလ ၃ ရက်မှာ စစ်တပ်က ဖွဲ့စည်းခဲ့
တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ ဥက္ကဌဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
"စစ်တပ်အာဏာလက်မဲ့ဖြစ်သွားတဲ့ ရုပ်သေးရုပ်နေရာပါ"လို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဌရာထူးနေရာအပေါ် နေပြည်တော် သတင်းရင်းမြစ်က သုံးသပ်ပြောကြားပါတယ်။
ဒါအပြင် ဒီမနက်ပြုလုပ်နေတဲ့ စစ်တပ်ရဲ့ ပြည်
သူ့လွှတ်တော်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဒေါက်တာ ကျော်ဆွေကို ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းထားကြပါတယ် ။စစ်အုပ်စုဇာတ်ညွှန်းအတိုင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကဒုသမ္မတအဖြစ်အရွေးခံရပြီး ၊
အမျိုးသားလွှတ်တော်က ရွေးချယ်တယ်ဆိုတဲ့ ဒုသမ္မတလောင်းနဲ့ ယှဥ်ရွေးတာမှာလည်း မင်းအောင်လှိုင်ကိုရွေးတယ်ဆိုပြီးပဲ တပ်ချုပ်ကနေ
သမ္မတအဖြစ် အရေခွံပြောင်းမှာဖြစ်ပါတယ် ။
အဲဒီအတွက် စစ်တပ်ရဲ့အမျိုးသားလွှတ်တော်ကလည်း သတင်းတွေထွက်ခဲ့တဲ့အတိုင်း ဒေါက်တာတူးဂျာနဲ့ ဒေါ်နန်းနီနီအေး တို့ကိုဒုသမ္မတလောင်းတွေအနေနဲ့အမည်စာရင်းတင်သွင်းထားပါတယ်။အဲဒီကနေ ဒေါ်နန်းနီနီအေးတက်လာပြီးမင်းအောင်လှိုင်နဲ့သမ္မတအတွက် အပြိုင်ရွေးတာမှာ မင်းအောင်လှိုင်ကနိုင်တယ်လုပ်မှာပါ။
ဒါပေယ့် ဒုတပ်ချုပ်အနေနဲ့ ၁၅နှစ်ကြာ အလုပ်အကြွေးပြုခဲ့တဲ့ဒုတိယဗိုလ်ချုပ်မှူးကြီးစ်ိုးဝင်းရဲ့အမည်ကတော့ လွှတ်တော်ထဲမှာရော တပ်အသိုင်းအဝိုင်းမှာပါ ပျောက်ရှသွားပါပြီ။ သူဟာ အာဏာရှင်ဟောင်းဦးသန်းရွှေအလွန်မှာ တပ်ချုပ်ဖြစ်လာတဲ့ စစ်ခေါင်းဆောင်ရဲ့ နောက်လိုက်ဒုတပ်ချုပ်အဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ စတင်တာဝန်ယူခဲ့တာပါ။ စစ်ခေါင်းဆောင်တပ်ချုပ်ရာထူးကနေ အနားယူရင် တပ်ချုပ်ဖြစ်ဖို့ သူ့အိပ်မက်ဟာ ဒီနေ့ ၂၀၂၆ မတ်လ ၃၀ရက် မနက်ပိုင်းမှာပဲ နိတ္ထိတန် သွားပြီဖြစ်ပါတယ်။

👍27❤11😁7🤮5👏1😭1
တပ်ချုပ်ရာထူးအပြောင်းအလဲပွဲကပုံနဲ့ ဒုချုပ်စိုးဝင်း တာဝန်ထမ်းဆောင်ခဲ့စဥ်ကပုံ။ဓါတ်ပုံ-စစ်ကောင်စီ
💩32🖕10🤣3😡3🤮2❤1👍1
ဖလမ်းကိုစစ်ကူလာတဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးဝင်းမောင်မောင်မိုင်းထိသေဆုံး
မတ်-၃၀၊၂၀၂၆။ထားမြတ်၊မိုမို/Peoples Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူလာတဲ့ စစ် ကြောင်းမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် မိုင်းထိ သေဆုံးခဲ့တယ်လို့ချင်းဒေသကာကွယ်ရေးတပ် (CDF) CDM စီးယင်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ကလေး နဲ့ တီးတိန်မြို့နယ် လမ်းဆုံ သိုင်းငင်းရွာကနေ ဖလမ်းမြို့ဘက်ကို ဗိုလ်မှုးကြီးဝင်းမောင်မောင် ဦးစီးတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်ကြောင်းကိုမတ် လ ၁၉ ရက်နေ့မှာ တော်လှန်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ဘက်က သူတို့ စက်ပေါက်တဲ့လိုင်းတွေကို ကြားဖြတ်နားထောင်တဲ့အချိန်မှာ အဲဒီနားမှာ သူတို့ရဲ့ စစ်ကြောင်းမှူးဗိုလ်မှူးကြီးတစ်ယောက်ကျသွားတယ်။ထီးလင်းကဆိုလား ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဆိုလား။ဘယ်တပ်ကလည်းဆိုတာတော့ ကျွန်တော်အတိအကျ မသိရသေးဘူး"လို့ အထက် ပါ တာဝန်ရှိသူက စစ်တပ်စစ်ကြောင်းမှူးသေဆုံးတာ ကိုပြောပါတယ်။
ဘေကန်ရွာနဲ့ ဇောင်ကောင်ကြားစစ်ကြောင်းထိုး
လာစဥ် စစ်တပ်စစ်ကြောင်း မိုင်းကွင်းသုံးခုထဲ ရောက်ရှိချိန် တိုက်ခိုက်နိုင်ခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေကို မတ်လ ၄ ရက်ကစပြီး မတ်လ နောက်ဆုံးပတ်အထိ မိုင်းကွင်း ၁၆ ခု နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်းသိရ ပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့
ဖလမ်းမြို့ကို ရဖို့ စစ်တပ်က စစ်ကြောင်းလေးခု သုံးပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဒါပေမယ့်ချင်းတော်လှန်ရေးတပ်တွေရဲ့ခုခံတိုက်ခိုက်မှု
ကြောင့် စစ်တပ်ကသေဆုံး ၊ဒဏ်ရာရသူများပြီး စစ်ကြောင်းတွေရှေ့မရောက်ဖြစ်နေတာပါ။
ဖလမ်းမြို့အပါအဝင် ချင်းမြောက်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံး
အရင်းနဲ့ စစ်တပ်ထိုးစစ်ဆင်နေတာ နှစ်ဝက်နီးပါး ကြာပြီဖြစ်ပါတယ်။
ချင်းပြည်နယ် မြို့နယ် ၉ ခုအနက် ၆မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ချင်းတောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ချင်းမြောက်ပိုင်းကတွန်းဇံ၊ဖလမ်း မြို့
နယ်တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်း
ပိုက်ထားတာဖြစ်ပြီး ပလက်၀မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့နယ်တွေမှာဆိုရင်လည်း စစ်ကောင်စီဟာ မြို့ပေါ် လောက်သာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းမှာ တော် လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်လှုပ်ရှားနေတာဖြစ်ပါတယ်။

❤35👏16👍3🤣3
စစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မိုင်းထိသူတွေကိုသယ်ပြေးနေစဥ်။
ဓါတ်ပုံ-CDF-စီယင်
ဓါတ်ပုံ-CDF-စီယင်
👍47🤣6🥰4👏2😁1
ငါန်းဇွန်မှာ စစ်တပ်ကို မဟာမိတ်အဖွဲ့ကြားဖြတ်တိုက်ခိုက်
မတ်−၃၀၊ ၂၀၂၆။ဟာနာဆန်/People's Spring
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ဘက်မှ ကျွဲဇိမ်ကျေးရွာသို့ ပြန်လာတဲ့ စစ်သားတွေကို တော်လှန်ရေးအင်အားစုတွေက လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်သား (၃) ဦးသေဆုံးပြီး (၅)ဦးခန့် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့
Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
"ကျွဲဇိမ်ရွာမှာက အင်အားငါးဆယ်လောက်နဲ့ တပ်စွဲထားတာပါ။ တိုက်ပွဲကြာချိန်က မိနစ်နှစ်ဆယ်လောက်ပါ။ လက်နက်တော့ မရလိုက်ဘူး"လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
စစ်တပ်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။
အဲဒီ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) - မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း၊ မန္တလေးလူငယ်စစ်ကြောင်း၊ ငါန်းဇွန်မြို့နယ် (ပ.က.ဖ)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ငါန်းဇွန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူရာချီရှိနေပြီး တိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ငါန်းဇွန်မြို့နယ်နဲ့ နယ်မြေချင်းထိဆက်နေတဲ့ မြင်းခြံမြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ အိမ်ခြေရာချီပြာကျပြီး ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

👍38❤9😁1
“တပည့်က တပ်ချုပ်လုပ်တယ်၊ဆရာက သမ္မတလုပ်တယ်၊ ဆရာ-တပည့် ဆက်ဆံရေး ဆက်ရှိ
လိမ့်မယ်” -CDM ဗိုလ်မှူး ကိုနောင်ရိုး
■စစ်တပ်လွှတ်တော်က မင်းအောင်လှိုင် ဒုသမ္မတလောင်းအမည်စာရင်းတင်သွင်း
■ရွေးကောက်ခံအစိုးရကို မဲခိုးတယ်ဆိုပြီးစွပ်စွဲအာဏာသိမ်းခဲ့တာဟာ မင်းအောင်လှိုင်သမ္မတလုပ်ချင်လို့ဆိုတာ ဒီကနေ့ထင်ရှားဟုနိုင်ငံရေးအကဲခတ်သုံးသပ်
မတ်-၃၀၊ ၂၀၂၆။နေ့သစ်/People’s Spring
စစ်တပ်ကို ၁၅နှစ် အုပ်ချုပ်ခဲ့သူ ၂၀၂၁ အာဏာ
သိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့တပ်ချုပ်ရာထူးကို အနီးကပ်လူယုံ ရဲဝင်းဦးကို လွှဲ
ပြောင်းပေးလိုက်ပေမယ့် အာဏာအလုံးစုံက မင်းအောင်လှိုင်ဆီမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေက သုံးသပ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ စစ်တပ်လွှတ်တော်မှာ စစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် ထည့်သွင်းအဆိုပြုခဲ့ပြီး တဖက်မှာလည်း စစ်ခေါင်းဆောင်က တပ်ချုပ်အသစ်ကို သူစိတ်
တိုင်းကျ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ရွေးချယ်ခန့်အပ်ခဲ့တာပါ။စစ်ခေါင်းဆောင်ကိုစစ်တပ်ပြည်
သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်
စားလှယ်အစုအဖွဲ့တွေကနေ ဒုသမ္မတလောင်းတွေ တင်သွင်းရတာပါ။ အစုအဖွဲ့ သုံးခုက တက်လာတဲ့ ဒုတိယသမ္မတလောင်း ၃ဦးကို လွှတ်တော်ကိုယ်
စားလှယ်တွေက မဲပေးရွေးချယ်ရပြီး မဲအများဆုံးရရှိသူက သမ္မတ၊ ဒုတိယက ဒုတိယသမ္မတ(၁)၊ တတိယက ဒုတိယသမ္မတ(၂) တို့ ဖြစ်လာကြမှာပါ။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ ပြည်သူရွေးကောက်ခံ NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ သမ္မတဖြစ်လာမယ်လို့ သတင်းရင်းမြစ်တွေက ယုံကြည်ထားကြပါတယ်။
ပြီးခဲ့တဲ့ ၅နှစ်ကျော်ကြာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထပ်ခါတလဲလဲ ပြောဆိုခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက မဲမသမာမှုရှိလို့ အာဏာထိန်းခဲ့ရပါတယ်ဆိုတာ လိမ်လည်မှုဖြစ်ကြောင်း ဒီနေ့မှာတော့ မဖုံးဖိနိုင်အောင် ပေါ်လာခဲ့ပြီလို့ နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့နေရာ တပ်ချုပ်ရာထူးဆက်ခံဖို့ စိတ်ကြိုက်ရွေးချယ်ခဲ့ပြီး သစ္စာရှိ တပည့်တွေထဲက အကျိုးနွံဆုံး ရဲဝင်းဦးကို ခန့်အပ်ခဲ့တယ်လို့ တပ်မတော်သားအရာရှိဟောင်းတွေက ပြောပါတယ်။
တပ်တွင်းမှာ တပ်မိသားစုတွေက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တပ်ချုပ်ဖြစ်စေလိုကြပြီး OTS ဆင်း ရဲဝင်းဦးကို တပ်ချုပ်ပေးအပ်မှုအပေါ် မကျေနပ်မှုတွေရှိကြတယ်လို့ နေပြည်တော်သတင်းရင်းမြစ်နဲ့ CDM တပ်မတော်သားတချို့က ပြောပါတယ်။
တပ်ချုပ်သစ်ဖြစ်လာတဲ့ ရဲဝင်းဦးဟာ မင်းအောင်
လှိုင် တပ်ရင်းမှူး၊ တိုင်းမှူးဘဝကတည်းက လူရင်းတပည့်ဖြစ်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ယောက္ခမဖြစ်သူ နှစ်ချီ ဆေးရုံတက်ချိန်မှာ ရဲဝင်းဦးတို့ လင်
မယားက အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တာက အခုလိုမျိုး တပ်ချုပ်ဖြစ်လာခြင်းရဲ့ အကြောင်း
ရင်းတစ်ချက်ဖြစ်တယ်လို့ တပ်မတော်အရာရှိကြီးဟောင်းတစ်ဦးက ပြောပါတယ်။
“အဲဒီတစ်နှစ်ခွဲလုံးလုံးက နေ့ရော ညရော၊ သူတို့ လင်မယားက တောက်လျှောက်စောင့်ပေးခဲ့တာ လူယုံပေါ့”လို့ သူက ဆက်ပြောပါတယ်။
အသက် ၆၀ အရွယ်ရဲဝင်းဦး ဟာ တပ်မတော်ကြည်ဗိုလ်သင်တန်းကျောင်း OTS အပတ်စဉ် ( ၇၇ ) ဖြစ်ပါတယ် ။
ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပေမယ့် အာဏာအလုံးစုံက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေက သုံးသပ်ကြပါတယ်။

လိမ့်မယ်”လို့ CDM ဗိုလ်မှူး ကိုနောင်ရိုးက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အချိန်အတိုင်း
အတာတစ်ခုအထိ တပ်ကို နောက်ကွယ်ကနေ ထိန်းချုပ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး တပ်ချုပ်ကိုလည်း သူ့တပည့်ရင်းတွေနဲ့ ဝန်းရံထားတယ်လို့ ကိုနောင်ရိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၅ နှစ် တပ်ချုပ် မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် စိုးဝင်းတို့ အသီးသီးရာထူးစွန့်သွားခဲ့ပြီး တပ်ချုပ်သစ်အဖြစ် ရဲဝင်းဦး၊ ဒုတပ်ချုပ်သစ်အဖြစ် ကျော်စွာလင်းတို့ ဖြစ်လာခဲ့ကာ ညှိကွပ်သစ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ကိုကိုဦး ဖြစ်လာပါတယ်။

🤣37❤12🤔2👍1👎1🖕1😭1
နေပြည်တော်မှာ မတ် ၃၀ မနက်ပိုင်းမှာလုပ်ခဲ့တဲ့
တပ်ချုပ် လွှဲပြောင်းပွဲ။ဓါတ်ပုံ-စစ်ကောင်စီ

👎21🖕19🤬15🤮10💩9❤3🔥1