မင်းအောင်လှိုင်ရဲ့ အဂတိလိုက်စားမှုကနေ မိသား
စုဝင်တွေ အကျိုးအမြတ်များစွာရခဲ့ကြောင်းJFM ဖော်ထုတ်
မတ်-၂၉၊၂၀၂၆။တေဇ/People's Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဂတိလိုက်စားမှုတွေကနေ သူ့ရဲ့ မိသားစုဝင်တွေက အကျိုးအမြတ်တွေ များစွာရရှိခဲ့တဲ့ အကြောင်းကို Justice For Myanmar-JFM က အချက်
အလက်တွေနဲ့ ဖော်ထုတ်လိုက်ပါတယ်။
"မင်းအောင်လှိုင်သည် မြန်မာပြည်သူလူထု၏ ပိုင်ဆိုင်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လွတ်ကင်းစွာဖြင့် အကြီးအကျယ် ခိုးယူနေသည့် အကျင့်ပျက်ခြစားမှုယန္တရားကြီး၏ အထွတ်အ
ထိပ်တွင် ရှိနေသူဖြစ်သည်။ စစ်တပ်ခေါင်းဆောင်အဖြစ်ရှိနေခြင်း၊ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနှင့် အကြမ်းဖက်စစ်အုပ်စု တည်ထောင်ခဲ့ခြင်းတို့မှတဆင့် မင်းအောင်လှိုင်သည် အဂတိ
လိုက်စားမှုမှ ရရှိလာသော အကျိုးအမြတ်များကို ၎င်း၏သားသမီးများထံသို့ စီးဆင်းစေခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေခဲ့သည်။" လို့ JFMရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံက ၂၀၁၇ မှာ A&M Mahar ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အစား
အသောက်နဲ့ဆေးဝါးဌာန (FDA) နဲ့ အခွန်ရှင်းလင်းရေးဆိုင်ရာလုပ်ငန်းတွေကိုဇနီးဖြစ်သူ မျိုးရတနာထိုက်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။
ဒါ့အပြင် ချောင်းသာမှာ အကြီးဆုံးအပန်းဖြေစခန်းလို့ နာမည်ကြီးတဲ့ Azura Beach Resort ကိုလည်းပိုင်ဆိုင်ပြီး လက်ရှိအချိန်အထိ သရုပ်
ဆောင်တွေအပါအဝင် ဆယ်လီတွေက အဲဒီ
Resort အကြောင်း ကြော်ငြာတွေပြုလုပ်ပေးနေပါတယ်။
အဲဒီ့ Resort နေရာက မြေဧရိယာ ၂၂ ဒသမ ၄၂ ဧကကျယ်ပြီး အပန်းဖြေစခန်းဆောက်လုပ်ဖို့ Sky One Construction ကုမ္ပဏီကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရမဖြစ်ခင် ကာလမှာ အလောတကြီး လုပ်ပိုင်ခွင့်ပေးခဲ့တာလို့ JFM ကဆိုပါတယ်။
"Sky One Construction ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ အောင်ပြည့်စုံနှင့် မင်းအောင်
လှိုင် မိသားစု၏ရင်းနှီးသော စီးပွားရေးလုပ်ဖော်
ကိုင်ဖက်တစ်ဦးဖြစ်သည့် မောင်မောင်နိုင်တို့က ပိုင်ဆိုင်သည်။" လို့ JFM ကဖော်ပြထားပါတယ်။
အောင်ပြည့်စုံက အဲဒီ့ပိုင်ဆိုင်မှုတွေအပြင် ဆောက်
လုပ်ရေးပစ္စည်းတွေ ရောင်းချတဲ့ Bhone Myat Pyae Sone Trading ကုမ္ပဏီနဲ့ ကုန်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Nyein Chan Pyae Sone Manufacturing & Trading ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါတယ်။
အဲဒီ့အပြင် အောင်ပြည့်စုံရဲ့ ကိုယ်ပိုင်စီမံကိန်းတွေဖြစ်တဲ့Yangon Gallery နဲ့Yangon Restaurant
တို့ကို ပြည်သူ့ရင်ပြင်အတွင်းမှာ ဖွင့်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ (YCDC) ကို စျေးကွက်တန်ဖိုးထက် အလွန်နည်းပါးသော ငှားရမ်းခကိုသာ ပေးချေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ့စားသောက်ဆိုင်မှာ YCDC နဲ့ စာချုပ်ပါ အ
ချက်အလက် တွေကိုချိုးဖောက်ပြီး အရက်သေစာ
တွေကို ပေါ်ပေါ်ထင်ထင်ရောင်းချခဲ့ပေမယ့် အရေး
ယူမှုတော့ မရှိခဲ့ပါဘူးလို့ JFM ကထောက်ပြထားပါတယ်။
အောင်ပြည့်စုံရဲ့ မိန်းမ မျိုးရတနာထိုက်ကလည်း အာဏာမသိမ်းခင်ကတည်းက ဖျော်ဖြေရေးကုမ္ပဏီ Stellet Seven ကိုတည်ထောင်ပြီး နိုင်ငံတကာအလှမယ်ရွေးချယ်ပွဲတွေ အပါအဝင် ဖျော်ဖြေရေးနဲ့ပတ်သက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်ကတော့ စစ်တပ်ရဲ့အဓိကလုပ်ငန်း ဆက်သွယ်ရေး Mytel ကုမ္ပဏီအတွက် တာဝါတိုင် တည်ဆောက်ရေးကနေ အကျိုးအမြတ်ရယူဖို့ ၂၀၁၆ မှာ Pinnacle Asia ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ အာဏာ
သိမ်းပြီးနောက်ပိုင်းမှာတော့ ခင်သီရိသက်မွန်က အဲဒီ့ကုမ္ပဏီကနေ နှုတ်ထွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီ့ကုမ္ပဏီအပြင် မီဒီယာထုတ်လုပ်ရေး လုပ်ငန်းဖြစ်တဲ့ Seventh Sense ထုတ်လုပ်ရေးကို တည်
ထောင်ခဲ့ပြီး အနုပညာနယ်ပယ်မှာ ဝါဒဖြန့်ချိမှုတွေနဲ့ စိုးမိုးခြယ်လှယ်မှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီ့ကုမ္ပဏီအပြင် အဆင့်မြင့်အားကစားရုံလုပ်
ငန်းတွေလုပ်ဆောင်တဲ့ One Fitness (ယခင်က Everfit ) ကုမ္ပဏီကိုတည်ထောင်ထားတယ်လို့လည်းသိရပါတယ်။
အထက်မှာပါတဲ့ မင်းအောင်လှိုင်ရဲ့ မိသားစုပိုင် ကုမ္ပဏီအားလုံးကို ၂၀၂၆ မတ်လကုန်အထိ မှတ်
ပုံတင်ထားတယ်လို့ JFM ကဖော်ပြထားပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ မတ်လမှာ အမေရိကန်နိုင်ငံက မင်းအောင်လှိုင် နဲ့ သားသမီးတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
"အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် ဖခင်ဖြစ်သူ၏ ရာထူးအာဏာနှင့် ဆိုးရွားသော လွှမ်းမိုးချုပ်ကိုင်မှုများမှ တိုက်ရိုက်အကျိုးအမြတ်ဖြစ်
ထွန်းသည့် စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသည်” လို့ အမေရိကန်က မှတ်ချက်ပြုခဲ့တယ်လို့ JFM ကဆိုပါတယ်။
အဲဒိ့အချိန်က မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ A & M Mahar ၊Sky One Construction ၊ The Yangon Restaurant၊ The Yangon Gallery၊ Everfit (since renamed One Wellness) နဲ့ Seventh Sense တို့ကို အရေးယူပိတ်ဆို့မှုခံခဲ့ရတာပါ။
အဲဒီ့အချိန်က အောင်ပြည့်စုံရဲ့ဇနီးမျိုးရတနာထိုက်ကအရေးယူမှူစာရင်းမှာမပါဝင်ခဲ့သလိုသူမရဲ့ ကုမ္ပ
ဏီတွေလည်း ဒဏ်ခတ်ပိတ်ဆို့တာမခံခဲ့ရပါဘူး။

❤19👍18🤬4😁2💯2
မျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့မှု မရှိတာကြောင့် ဖြစ်ပေါ်နေတဲ့ ဥပဒေ ဟာကွက်ကို ပိတ်ဆို့ဖို့နဲ့ သူမကိုပါ အရေးယူပိတ်ဆို့မှုတွေ ချမှတ်အ
ရေးယူပေးဖို့ JFM က အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ဩစတြေးလျနိုင်ငံတွေကို တောင်းဆိုထားပါတယ်။
မင်းအောင်လှိုင်ရဲ့ အဂလိလိုက်စားမှုတွေကနေ သူ့ရဲ့မိသားစုဝင်တွေက စီးပွားရေးလုပ်ငန်းတွေသာ မဟုတ်ပဲ ထိုင်းနိုင်ငံမှာလည်း အိမ်ခြံမြေတွေ ဝယ်
ယူခဲ့ပါသေးတယ်။
အောင်ပြည့်စုံကဘန်ကောက်မြို့က Belle Grand
Rama 9 ကွန်ဒိုမှာ နှစ်ထပ် ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ထိုင်းဘတ်ငွေ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၅၈၁,၀၀၀) နဲ့ ၂၀၁၇ မှာဝယ်ယူခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၂ မှာလည်း အရေးယူပိတ်ဆို့မှု မခံထားရတဲ့ အောင်ပြည့်စုံရဲ့ ဇနီး မျိုးရတနာထိုက်ရဲ့ နာမည်နဲ့ ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး)တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ယာကြီးကိုဝယ်
ယူခဲ့တယ်လို့ JFM က ပြီးခဲ့တဲ့ရက်ကထုတ်ဖော်ထားပါတယ်။
"ထိုသို့ဝယ်ယူရာတွင် နိုင်ငံခြားသားများ မြေပိုင်
ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေအား ရှောင်
လွှဲနိုင်ရန် ထိုအိမ်ခြံမြေဖော်ဆောင်သူ Charn Issara ကုမ္ပဏီနှင့် ဆက်နွှယ်နေသည့် ကြားခံကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ " လို့ JFM ကဆိုပါတယ်။
ဒါကြောင့် ထိုင်း နဲ့ အခြားနိုင်ငံအစိုးရ တွေ အနေနဲ့ မင်းအောင်လှိုင်မိသားစုရဲ့ အကျင့်ပျက်ခြစားမှုတွေကနေ ရရှိလာ တဲ့ငွေကြေးတွေကို သူတို့ရဲ့အာဏာပိုင်နယ်နိမိတ်တွေမှာ ငွေကြေးခဝါချခြင်းမှ တားဆီးဖို့ စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲအရေးယူဖို့ လိုအပ်တယ်လို့ JFM က တိုက်တွန်းထားပါတယ်။
"သိမ်းဆည်းရရှိသည့် ပိုင်ဆိုင်မှုများကို မြန်မာနိုင်ငံတွင် တရားဝင် ဖက်ဒရယ်ဒီမိုကရေစီအစိုးရတစ်
ရပ် ပေါ်ပေါက်လာပြီး၎င်းတို့ထံပြန်လည်လွှဲပြောင်း
ပေးနိုင်သည့်အချိန်အထိ ထိန်းသိမ်းထားသင့်သည်။မင်းအောင်လှိုင်နှင့် ၎င်း၏မိသားစုဝင်များ
သည် ၎င်းတို့၏ အကျင့်ပျက်ခြစားမှုများအတွက် တာဝန်ခံရမည်ဖြစ်သည်။ ယခုအချိန်သည် ၎င်းတို့၏ ပြစ်ဒဏ်မှကင်းလွတ်နေမှုကို အဆုံးသတ်ရမည့် အချိန်ပင်ဖြစ်သည်။" လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

👍24❤17😁3👏1
စစ်အာဏာရှင်တွေဟာ ပြည်သူတွေကိုတန်ဖိုးမထားပဲ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဦးစားပေးတာမို့ အနာဂါတ်မှာကြုံလာမယ့် သဘာဝဘေးအန္တရာယ်တွေကို အကောင်းဆုံးကြိုတင်ကာကွယ်ဆိုရင်တော့ လုပ်ရမယ့်အလုပ်ကအရမ်းထင်သာမြင်သာရှိလှပါတယ်။ အဲတာကတော့ စစ်အာဏာရှင်တွေကိုဖြုတ်ချပြီး ပြည်သူကိုတန်ဖိုးထားတဲ့ရွေးကောက်ခံအစိုးရ ကိုရွေးချယ်တင်မြှောက်ကြဖို့ပဲဖြစ်ပါတယ် ။
အဲလိုမှမဟုတ်ပဲ ခင်ဗျားက အာဏာရှင်တွေအောက်မှာသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိုထိထိရောက်ရောက်လုပ်နိုင်မယ်လို့စိတ်ကူးနေရင်တော့ အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာမယူတက်တဲ့ မိုက်မဲသူပဲဖြစ်ပါလိမ့်မယ်။ဘာကြောင့် ဒီလိုပြောရလဲဆိုရင် အာဏာရှင်တွေက ပြည်သူတွေကို ဘယ်တော့မှ တန်ဖိုးထား
တဲ့သူတွေမဟုတ်တာကြောင့်ဖြစ်ပါတယ် ။
https://www.ludunwayoo.com/opinion-mm/2026/03/29/152644/

LuduNwayOo
သဘာဝဘေး နဲ့ အာဏာရှင် | LuduNwayOo
ကံဆိုးချင်တော့ စစ်အာဏာရှင် ၂ ဦးအောက်မှာ ဖျက်အားကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကြီး နှစ်ခုကို ကျွန်တော်တို့ကြုံခဲ့ရတယ် ။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နဲ့ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးပါ။
👍36❤9🤮2😁1🤬1💯1
သရက်ချောင်းမြို့နယ်က စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ
မတ်-၃၀၊၂၀၂၆။ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာက မူလတန်းကျောင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
KNUအုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ကစယ်ဒို(သရက်ချောင်း)မြို့နယ် သပြူချောင်းကျေးရွာကို မတ်လ ၂၉ရက် ညနေပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်ဖြစ်ပြီး စာသင်ကျောင်းထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြပါတယ်။
လေကြောင်း တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံရှိ၊မရှိ အခြေအနေကို ဖော်ပြမထားလို့ မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
KNUနဲ့ မဟာမိတ်တော်လှန်ရေပူးပေါင်းတပ်တွေဟာ သရက်ချောင်းမြို့နယ်က ဝင်း၀ စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်တပ်ဟာ ဝင်း၀တပ်စခန်း တိုက်ခိုက်ခံရချိန်ကတည်းက သရက်ချောင်းမြို့နယ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို ဝင်း၀စခန်းသိမ်းပိုက်ခံရပြီး နောက်ပိုင်းမှာ လေကြောင်း ဗုံးကြဲတာတွေ ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။
မတ်လ ၁၆ရက်ကလည်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေရဲ့ နေအိမ်နှစ်လုံးပျက်စီးခဲ့ပါတယ်။
မတ်လ ၁၄ရက်ကလည်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ ပြည်သူ ၁ဦးသေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းလည် ပျက်စီးခဲ့ပါတယ်။ မတ်လ ၁၃ရက်ကလည်း သရက်ချောင်းမြို့နယ် ဝင်းကဖော်ရွာကို လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု စိုက်ပျိုးရေးခြံ အချို့ ပျက်စီးမှုရှိခဲ့ပါတယ်။
ဝင်း၀တပ်စခန်းတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးမျိုးဆက်လက်ဖော်ဆောင်သွားဖို့ရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်က သတင်းထုတ်ပြန်ထားပြီး ပြည်သူတွေ လေကြောင်းရန် အထူးသတိပြုဖို့ နှိုးဆော်ထားပါတယ်။ စစ်ရေးအရှိန်မြှင့် ဖော်ဆောင်မှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိပေး နှိုးဆော်ချက်တွေကို အပြည့်အ၀ လိုက်နာကြဖို့၊ ပူးပေါင်းပါဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။

🤬28❤6👎3🔥3👏1
(သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာက မူလတန်းကျောင်းကို စစ်တပ်က တိုက်လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU-MTD)
🤬48🔥4👎3❤2👏1
■ဆောင်းပါး
၁၅နှစ်ကြာတပ်ချုပ်အိပ်မက်
လုံးဝပျက်သုန်းသွားတဲ့ ဒုတိယလူစိုးဝင်း
ကဖေး/People's Spring
အာဏာသိမ်းစစ်တပ်ရဲ့ တပ်ချုပ်အသစ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုဒီနေ့ မနက်ပိုင်းမှာ ခန့်အပ်လိုက်တာကြောင့် တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုတပ်ချုပ်အနေနဲ့ ၁၅နှစ်ကြာ အလုပ်အကြွေးပြုခဲ့တဲ့ဒုတိယဗိုလ်ချုပ်မှူးကြီး စ်ိုးဝင်းရဲ့တပ်ချုပ်အိပ်မက်ပျက်ပြယ်သွားပါပြီ။
မတ်လ ၃၀ရက် နေ့ခင်းပိုင်းမှာ နေပြည်တော်က စစ်တပ်လွှတ်တော်ထဲ သမ္မတရွေးပွဲပြုလုပ်မှာဖြစ်ပြီး မနက်ပိုင်းမှာပဲတပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်း
လဲခန့်အပ် တာဝန်လွှဲတဲ့အခမ်းအနားကို နေပြည်
တော် ဇေယျာသီရိ ဗိမ္မာန်မှာ ပြုလုပ်ခဲ့ပါတယ်။
"ဒုတပ်ချုပ်က လက်ရှိရာထူးပါလွှဲလိုက်ရပြီ။ အ
တိုင်ပင်ခံဥက္ကဌဖြစ်လာမယ်ထင်တယ်။ သူတို့ချင်း အပေးအယူနဲ့ နေရာချပြီးသားတွေ"လို့နေပြည်
တော်သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်အသစ်အဖြစ် မကြာသေးမီကမှကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ခန့်အပ်လက်လွှဲပေးပါတယ်။ဒါကြောင့်စစ်တပ်မှာ စစ်တက္ကသိုလ်ကျောင်းဆင်းဗိုလ် ကမဟုတ်ပဲ အလုပ်သင်ဗိုလ်သင်တန်းဆင်းလာသူ ၊စရဖချုပ် ကနေ တပ်ချုပ် ပထမဆုံးဖြစ်လာသူဖြစ်ပါတယ်။
ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ညှိကွပ်အဖြစ် ဒုဗိုလ်ချုပ်ကြီးကိုကိုဦးတို့ကို ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွေက ဖော်ပြနေကြပါတယ်။
တပ်ချုပ်ရာထူးနဲ့ ထပ်လွဲခဲ့ပြန်တဲ့ဒုတပ်ချုပ်
ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စ်ိုးဝင်းကတော့ ဖေဖော်ဝါရီလ ၃ ရက်မှာ စစ်တပ်က ဖွဲ့စည်းခဲ့
တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ ဥက္ကဌဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
"စစ်တပ်အာဏာလက်မဲ့ဖြစ်သွားတဲ့ ရုပ်သေးရုပ်နေရာပါ"လို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဌရာထူးနေရာအပေါ် နေပြည်တော် သတင်းရင်းမြစ်က သုံးသပ်ပြောကြားပါတယ်။
ဒါအပြင် ဒီမနက်ပြုလုပ်နေတဲ့ စစ်တပ်ရဲ့ ပြည်
သူ့လွှတ်တော်ကဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဒေါက်တာ ကျော်ဆွေကို ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းထားကြပါတယ် ။စစ်အုပ်စုဇာတ်ညွှန်းအတိုင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကဒုသမ္မတအဖြစ်အရွေးခံရပြီး ၊
အမျိုးသားလွှတ်တော်က ရွေးချယ်တယ်ဆိုတဲ့ ဒုသမ္မတလောင်းနဲ့ ယှဥ်ရွေးတာမှာလည်း မင်းအောင်လှိုင်ကိုရွေးတယ်ဆိုပြီးပဲ တပ်ချုပ်ကနေ
သမ္မတအဖြစ် အရေခွံပြောင်းမှာဖြစ်ပါတယ် ။
အဲဒီအတွက် စစ်တပ်ရဲ့အမျိုးသားလွှတ်တော်ကလည်း သတင်းတွေထွက်ခဲ့တဲ့အတိုင်း ဒေါက်တာတူးဂျာနဲ့ ဒေါ်နန်းနီနီအေး တို့ကိုဒုသမ္မတလောင်းတွေအနေနဲ့အမည်စာရင်းတင်သွင်းထားပါတယ်။အဲဒီကနေ ဒေါ်နန်းနီနီအေးတက်လာပြီးမင်းအောင်လှိုင်နဲ့သမ္မတအတွက် အပြိုင်ရွေးတာမှာ မင်းအောင်လှိုင်ကနိုင်တယ်လုပ်မှာပါ။
ဒါပေယ့် ဒုတပ်ချုပ်အနေနဲ့ ၁၅နှစ်ကြာ အလုပ်အကြွေးပြုခဲ့တဲ့ဒုတိယဗိုလ်ချုပ်မှူးကြီးစ်ိုးဝင်းရဲ့အမည်ကတော့ လွှတ်တော်ထဲမှာရော တပ်အသိုင်းအဝိုင်းမှာပါ ပျောက်ရှသွားပါပြီ။ သူဟာ အာဏာရှင်ဟောင်းဦးသန်းရွှေအလွန်မှာ တပ်ချုပ်ဖြစ်လာတဲ့ စစ်ခေါင်းဆောင်ရဲ့ နောက်လိုက်ဒုတပ်ချုပ်အဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ စတင်တာဝန်ယူခဲ့တာပါ။ စစ်ခေါင်းဆောင်တပ်ချုပ်ရာထူးကနေ အနားယူရင် တပ်ချုပ်ဖြစ်ဖို့ သူ့အိပ်မက်ဟာ ဒီနေ့ ၂၀၂၆ မတ်လ ၃၀ရက် မနက်ပိုင်းမှာပဲ နိတ္ထိတန် သွားပြီဖြစ်ပါတယ်။

👍27❤11😁7🤮5👏1😭1
တပ်ချုပ်ရာထူးအပြောင်းအလဲပွဲကပုံနဲ့ ဒုချုပ်စိုးဝင်း တာဝန်ထမ်းဆောင်ခဲ့စဥ်ကပုံ။ဓါတ်ပုံ-စစ်ကောင်စီ
💩32🖕10🤣3😡3🤮2❤1👍1