ဆိုင်ကယ်တန်းစီသူတွေ သူ့ခြံရှေ့မထိုင်အောင် ကြိုးတန်းထားစဥ်။ ။ဓာတ်ပုံ-File Video
🤬44❤5🔥3👎1
ကသာမြို့ကဗုံးကြဲခံရတဲ့ကျောင်းကို ကျောင်းထိုင်ဆရာတော် လိုက်လံကြည့်ရှု
ရဲခေါင်/People's Spring
"ရှင်းလို့မလွယ်သေးဘူး ဘုရား၊မီးအရှိန်တွေ ရှိနေသေးတယ်ဘုရား။အခုဝင်လို့ မရသေးဘူး။အပူရှိန်ရှိနေတုန်းပဲ"
စစ်တပ်ဗုံးကြဲခဲ့တဲ့ ကသာမြို့ က မဟာလေးထပ်ကျောင်း ၊ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ အဂ္ဂမဟာဂန္တဝါစက ဦးကုသလ ကို တပည့်၊သံဃာတွေက အပျက်အစီးပုံထဲမဝင်ဖို့ မိန့်ကြားနေတာဖြစ်ပါတယ် ။
ရဟန်းတွေအပါအဝင်အစုလိုက်အပြုံလိုက်စစ်
တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်ခံခဲ့ရတဲ့ပြည်သူတွေအတွက် ရက်လည်တရားနာတာကို မတ်လ ၂၇ ရက်နေ့မှာလုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဆရာတော်ဘုရားကအပျက်အစီး တွေကြားက ကျောင်းတိုက်ထဲကိုတောင်ဝှေးအားပြုပြီး ဦးကုသလ က ဝင်
ကြည့်ချင်နေတာဖြစ်ပါတယ်။
သက်တော် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဦးကုသလဟာ
ကသာမြို့ ၃ ရပ်ကွက်မှာရှိတဲ့ မဟာလေးထပ်ကျောင်းမှာ ကျောင်းထိုင် ဆရာတော် အဖြစ်
သီတင်းသုံးနေတာပါ။
ကျောင်းတိုက်က ကသာမြို့ရဲ့ သမိုင်းဝင် အမွေ အနှစ်တစ်ခုဖြစ်ပြီး ဘာသာရေးဆိုင်ရာ အချက် အချာနေရာအပြင် မာန်လည်ဆရာတော်ဘုရားကြီး တည်ထားခဲ့တဲ့ တာဝတိံသာမဟာစေတီတော် လည်း ကျောင်းတိုက်ဝင်းထဲ ရှိပါတယ်။
ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကသာမြို့ဟာ ရေကြီးရေလျှံလေ့ရှိတာကြောင့် ငါးဧက ကျော်ကျယ်တဲ့ မဟာလေးထပ်ကျောင်းဟာရေဘေးကယ်ဆယ်ရေးစခန်း အဖြစ် အသုံးပြုနိုင်ခဲ့ပါတယ်။
အခုလို ကသာနယ်မှာ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ လည်းမြို့တွင်းနဲ့ မြို့အနီး က ဒေသခံတွေအတွက် စစ်ဘေးရှောင်တွေကိုခိုလှုံခွင့်ပေးတဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့တပတ်ကျော်(မတ်လ ၂၀ ရက်) မနက်ပိုင်းမှာ မဟာလေးထပ်ကျောင်းကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့ပါတယ်။
"ဗုံးကြဲခံရတုန်းက ကျောင်းတိုက်ထဲမှာ ဆရာတော်ကြီး(ဦးကုသလ) နဲ့ သူ့တပည့်ဦးဒေဝိန္ဒ လည်းရှိတယ်။ဦးဒေဝိန္ဒက ကယ်ထုတ်နိုင်သွားတာ"လို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးဒဏ်ကြောင့် သံဃာတော် နဲ့ စစ်ရှောင်ပြည်သူ၊ကလေးငယ်တွေ ၅၀ ကျော် သေဆုံးတယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့ ဒေသခံတွေက အသိပေးပါတယ်။
အလောင်းရှာမရတာ၊မတွေ့တာ နဲ့ တစ်စစီ ဖြစ်သွား ရတဲ့ အခြေအနေတွေကြောင့် သေဆုံးသူအရေ အတွက် အတိအကျ ကိုတော့ စာရင်းမကောက်ယူနိုင်သေးပါဘူး။
ဘုန်ကြီးကျောင်းမှာ ခိုလှုံရင် ဘေးကင်းတယ်လို့ ယူဆကြတဲ့ ဒေသခံ ၁၂၀ ဝန်းကျင်ဟာ လေးထပ်ကျောင်းတိုက် ဗုံးကြဲခံရတဲ့အချိန်ထိ ရှိခဲ့ပါတယ်။
အဲဒီထဲက ဒဏ်ရာရခဲ့တဲ့စစ်ရှောင် ၆၀ ဝန်းကျင်ကို ကသာမြို့အမှတ် ၂ ရဲစခန်း ကို ခေါ်သွားခဲ့ပါတယ်။
ဘုန်းကြီးတွေပါမရှောင် အစုလိုက်အပြုံလိုက်သတ်ပြီးတဲ့နောက်မှာ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်တွေက ဘုန်းကြီးကျောင်းမှာ PDF တွေရှိလို့ သတင်းအမှားဖြန့် ပြန်ပါတယ်။တကယ်တော့ ဘုန်းကြီးကျောင်းဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ ကသာမြို့ပေါ်မှာရှိပြီး ကျောင်းထဲမှာ PDF မရှိပါဘူး ။
ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။ မြို့တွင်းနေ ပြည်သူတွေ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းခဲ့တာရှိပေမယ့် စစ်တပ်က ဒေသခံတွေကို စစ်ရှောင်ခွင့် တားဆီးပိတ်ပင်တာတွေရှိခဲ့ပါတယ်။
၂၀၂၆ နှစ်ဆန်းပိုင်းမှာတော့ တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေမထိခိုက်အောင်မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ပါတယ်။ ဒါကြောင့် ကသာမြို့ နေရာအများစုကို စစ်တပ်က ထိန်းချုပ်ထားပြီး စစ်တပ်ထောက်ခံသူတွေက မြို့ပုံမှန်ဖြစ်နေပြီမို့ အဝေးမှာ စစ်ဘေးရှောင်နေသူတွေ မြို့ကို ပြန်လာနေနိုင်ပြီလို့ လူမှုကွန်ယက်ကတဆင့် မြို့ထဲလူပြန်လာအောင် ခေါ်ခဲ့ကြပါတယ်။
တော်လှန်ရေးအဖွဲ့တွေကတော့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက မြို့နေပြည်သူတွေကို ပြန်ခေါ်တာဟာ ကျန်ဒေသတွေမှာလို စစ်တပ်က တိုက်ပွဲဖြစ်လာရင် ပြည်သူတွေကို လူသားတံတိုင်းလုပ်ချင်လို့ ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။
တော်လှန်ရေးအဖွဲ့တွေသတိပေးခဲ့သလိုမြို့အနီး
ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်လာတဲ့အခါ စစ်တပ်က ပြည်သူတွေကို မြို့အပြင်ပေးမထွက်ပဲလူသားတံတိုင်း တကယ်လုပ်ခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ စစ်ရှောင်တွေအတွက် သက်ဆိုင်တဲ့ မိသားစု ဝင်အကျဥ်းချုံးပြီး မတ်လ ၂၇ ရက်က မဟာလေးထပ်ကျောင်းဝင်းထဲမှာပဲ ရက်လည်အမျှဝေ ခဲ့ကြပါတယ်။
"ကောင်းရာမွန်ရာ ရောက်ကြပါစေ။အခုလို အဖြစ်ဆိုးမျိုး မကြုံပါစေနဲ့တော့ " လို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ မဟာလေးထပ်ကျောင်းတိုက်ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

😢43❤6🔥3🤬1🖕1
Media is too big
VIEW IN TELEGRAM
ကသာမြို့ကဗုံးကြဲခံရတဲ့ကျောင်းကို ကျောင်းထိုင်ဆရာတော် လိုက်လံကြည့်ရှု
😢52🙏4❤2🤣1
အိမ်မဲမြို့က ဆိုင်ကယ်ပစ္စည်းဆိုင်မီးလောင်မှု နှစ်ထပ်တိုက် ၂လုံးဆုံးရှုံး
မတ်-၂၉၊၂၀၂၆။တေဇ/People's Spring
ဧရာဝတီတိုင်း၊ အိမ်မဲမြို့မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပြီး နှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဆိုင်ကယ်နဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မှာလောင်တာမိုလို့ ဘတ္ထရီအိုးတွေပေါက်တာပါ။နှစ်ထပ်တိုက်နှစ်လုံးတော့ပါသွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၂၈ ရက် ည ၈ နာရီကျော်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲသံတွေလည်းကြားရတာကို မီးလောင်မှု ဗီဒီယိုဖိုင်မှာတွေ့မြင်ရပါတယ်။
"ဧရာဝတီတိုင်းအိမ်မဲမြို့မှာဖြစ်သွားတာဘက်ထရီအိုးတွေချည်းသိန်း၄၀၀၀ဖိုးလောက်ပေါက်ကွဲကုန်တာ" လို့ Views of Pathein ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှာ မီးလောင်မှုဗီဒီယိုဖိုင်နဲ့အတူ ရေးသားထားပါတယ်။
မီးလောင်မှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ လူထုနွေဦးအနေနဲ့ သီးသန့်အတည်ပြုနိုင်တာမရှိပါဘူး။
မီးသတ်တပ်ဖွဲ့ကတော့ မီးလောင်မှုကို ၁နာရီခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
(အိမ်မဲမြို့မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ − MFSD)

😢18😱5🤣2❤1👎1
မြောက်ဒဂုံမှာ ဆီတန်းစီတဲ့ အမျိုးသားတစ်ဦး
မူးလဲ
■စက်သုံးဆီဝယ်ယူဖို့တန်းစီရင် အပူရှပ်သူ၊သတိလစ်သူများလာ
မတ်-၂၉၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။
မတ်လ၂၉ ရက်နေ့လည်ပိုင်းမှာဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘုရင့်နောင် လမ်းမပေါ်က Denko ဆီဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲခဲ့တာ ဖြစ်ပါတယ်။
"လိုအပ်သည့်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ပေးပြီး မိသားစုနှင့် ဆက်သွယ်ကာနီးစပ်ရာ ပင်လုံဆေးရုံသို့ ပို့ဆောင်ကူညီ မှု့ပြုခဲ့ပါသည်"လို့ အထက်ပါအသင်းက ထုတ်ပြန်ထားပါတယ်။
ရာသီဥတုပူပြင်းချိန်မှာ ဆီတန်းစီရတာကြောင့် ရန်ကုန်အပါအဝင် မြို့နယ်တော်တော်များများမှာ မူးလဲတာတွေ နဲ့ သေဆုံးမှုဖြစ်တာတွေအထိ ဖြစ်နေတာပါ။
စစ်ကောင်စီက စက်သုံးဆီအခက်အခဲကြောင့် ဆီကို သတ်မှတ်ချက်တွေ အမျိုးမျိုးထုတ်ပြန်ပြီး ရောင်းချနေတာကြောင့် ပြည်သူတွေကြားမှာ အဆင်မပြေမှုတွေကြုံနေကြရတာပါ။
စက်သုံးဆီရရှိဖို့အတွက် ယာဉ်ပိုင်ရှင်တွေက ဆီဆိုင်တွေမှာ ညဘက်ကတည်းက တန်းစီနေကြရပြီး နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြရတာပါ။ဒါအပြင် ယခုနှစ်နွေရာသီဟာ အပူချိန်ပြင်းထန်လာတာကြောင့် ဆီဝယ်ဖို့တန်းစီရင် မူးလဲမှုတွေဒေသအနှံမှာ မကြာခဏဖြစ်လာပါတယ် ။
"အပူချိန်မြင့်တက်သည့် ကာလလည်းဖြစ် အိပ်
ရေးပျက်ခြင်းလည်းများကြသည့်အတွက် အိမ်မှ ဆီတန်းစီရန်စထွက်သည်နှင့် လိုအပ်သည့် ဆေး
ဝါးပစ္စည်းများ၊ဓာတ်ဆားထုပ်များ၊ရေဘူး၊ရှုဆေးဘူးများကို မိမိနှင့်အတူယူဆောင်သွားပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်ပါကမိသားစုနှင့် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်အား မြင်သာသည့်နေရာတွင် ရေးသားထားခြင်းများ ပြုလုပ်သင့်သလို နီးစပ်ရာ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များကို မှတ်သားထားသင့်ပါကြောင်းသတိပေးနှိုးဆော်အပ်ပါသည်" လို့ အေး
ချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက အကြံပြုထားပါတယ်။
အထက်ပါဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒီရက်မှာ စက်သုံးဆီတန်းစီသူတွေကို ပရဟိတအသင်းတွေ နဲ့ နီးစပ်ရာ ပြည်သူတွေက ရေအလှူ၊ အအေးအလှူ ပေးနေကြတာကိုလည်း တွေ့မြင်ရပါတယ်။
မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပိုင်းက ဆီဆိုင်တစ်ဆိုင်မှာ နာရီနဲ့ချီပြီး ဆိုင်ကယ်ဆီဝယ်ယူခွင့်ရဖို့ တန်းစီခဲ့တဲ့ (၆၁)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ညနေ ၄နာရီခွဲလောက်မှာ အိမ်ပြန်ရောက်ချိန် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၅ရက် မနက် ၁၀နာရီကျော်ကလည်း တနင်္သာရီတိုင်းထားဝယ်မြို့မှာ စက်သုံးဆီဝယ်ဖို့ တန်းစီရင်း အသက်(၈၀)ကျော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မူးလဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင်မတ်လ၂၆ရက်ကလည်းရန်ကုန်မြို့၊ကမ္ဘာ
အေးဘုရားလမ်းမပေါ် ဟာမစ်တစ်မှတ်တိုင်အနီးမှာ အဆိုတော် ပက်ထရစ်တင်ထွန်းဆိုသူဟာ ဆီတန်းစီရင်း သူမောင်းလာတဲ့ တက္ကစီယာဥ်ပေါ်မှာပဲ သတိလစ် ကွယ်လွန်ခဲ့ပါသေးတယ်။

😢29❤2🔥2🤣2😱1
"ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ"ကြွေးကြော်သံနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ
မတ်-၂၉၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီကနေ့ (မတ်လ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူအခြေပြုကျောင်းတစ်ကျောင်းမှာ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲပြုလုပ်ကာ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဒေသအတွင်းရှိပြည်သူတွေကို စာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။
မြောင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" နဲ့ "ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ပါဝင်တဲ့ ပန်းဖလက်ကို ဖြန့်ဝေခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုအဖွဲ့ဝင်ကျောင်းသား/သူ လူငယ်တွေနဲ့ တော်လှန်ကျောင်းသူ/သား လူငယ်တွေ တွေ့ဆုံပီး လူငယ်တွေရဲ့ အခွင့်အလမ်းအတွက် အမြင် ဗဟုသုတဖလှယ်ခြင်းနဲ့ သပိတ်လူထုလှုပ်ရှားမှုအကြောင်း မိတ်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤26👍17👏2🤮2🥰1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်၊ GSCB
❤22👍14👏2🤮2🥰1
■ကဗျာ
‘ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ်
ထွက်လာတယ်’
◼️မယ်စုံ
ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်။
ဟုတ်တယ် ငါစားနေရင်း ပဲကိတ်က ငိုတယ်။
ငယ်ငယ်က စားသလိုမျိုး ချိုတာ၊ အိတာပဲမဟုတ်ဘဲ ပဲကိတ်က ဝမ်းနည်းတယ်၊ ကြောက်ရွံ့တယ်။
တခုခုကို လွမ်းစေလို့ ငါစားနေရင်း ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာနေတယ်။
ငါစားနေရင်း ပဲကိတ်က တလှိုက်လှိုက်နဲ့ ဝမ်းနည်းနေတယ်။
ငါ့ကိုပြောတယ်။
ဒီအရသာကို မရတာကြာပြီ။
ဒီ သုံမြှောင့်တုံးပုံစံ ပဲကိတ်ထဲမှာ သတိရမှုတွေ ရှိနေတယ်။
ဒီအရသာကို မရတာကြာပြီ။ အညိုရောင် ပဲအနှစ်တွေကြားမှာ အမှတ်သညာခံစားနဲ့ အိမ်ဝေးမှုအသိ တွေပါတယ်။
ဒီအရသာကို မရတာကြာပြီ။ ထွက်လာတာလည်း ကြာပြီ။
ကိတ်မုန့်နှစ်ခုရဲ့ ဝန်းရံမှုမျိုးရှိတဲ့ နူးညံ့မှုနဲ့ နွေးထွေးမှု အရသာကို မရတာကြာပြီ။ ထွက်လာတာလည်း ကြာပြီ။
ဆယ်စုနှစ်ရဲ့ တဝက်က ထက်ပိုင်းကျိုးအသက်မှာ နောက်ထပ် အစွယ်တခုထပ်ထွက်လာစေတယ်။ ကိတ်သားတွေမှာလည်း အသိဉာဏ်တွေကို နှိုးဆွတဲ့ ဓာတ်တွေပါတယ်။
ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ်ထွက်လာတယ်။
ကုန်သွားတဲ့ ပဲကိတ်လိုပဲ အမှတ်တရတွေကို အသစ်ထပ်ဖန်တီးမရတော့မှာစိုးလို့ ပဲကိတ်က ငိုတယ်။
ကုန်သွားလို့ ပြန်ယူမရတော့သလိုမျိုး ပြန်သွားလို့ မရတော့မှာစိုးပြီး ပဲကိတ်က ငိုတယ်။
တခုခုကို ဆုံးရှုံးပြီဆိုပြီး ငါစားနေရင်း ပဲကိတ်က ငိုတယ်။
ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'မယ်စုံ'
ရေးဖွဲ့တဲ့ “ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်” ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍22😁4❤1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မတ်လ ၂၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြောက်ဒဂုံမှာဆီတန်းစီတဲ့အမျိုးသားတစ်ဦး မူးလဲ
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။ မတ်လ ၂၉ ရက် နေ့လည်ပိုင်းမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘုရင့်နောင် လမ်းမပေါ်က Denko ဆီဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲခဲ့တာ ဖြစ်ပါတယ်။"လိုအပ်သည့်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ပေးပြီး မိသားစုနှင့် ဆက်သွယ်ကာနီးစပ်ရာ ပင်လုံဆေးရုံသို့ ပို့ဆောင်ကူညီ မှု့ပြုခဲ့ပါသည်"လို့ အထက်ပါအသင်းက ထုတ်ပြန်ထားပါတယ်။ ရာသီဥတုပူပြင်းချိန်မှာ ဆီတန်းစီရတာကြောင့် ရန်ကုန်အပါအဝင် မြို့နယ်တော်တော်များများမှာ မူးလဲတာတွေ နဲ့ သေဆုံးမှုဖြစ်တာတွေအထိ ဖြစ်နေတာပါ။
◾️AAက စစ်သုံ့ပန်းမိသားစုဝင်၁၅၂ ဦးကို
ပြန်လွှတ်ပေး
အာရက္ခတပ်တော်(AA)က ၁၀၂၇စစ်ဆင်ရေးမှာ ဖမ်းဆီထိန်းသိမ်းခဲ့တဲ့ သုံ့ပန်းတွေထဲက သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၁၅၂ ဦးကိုထပ်မံလွှတ်ပေးလိုက်တယ်လို့ ရခိုင်သတင်းမြစ်တွေကအတည်ပြုပါတယ်။ မင်းပြားမြို့ကို သိမ်းယူခဲ့တဲ့တိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့သုံ့ပန်းတွေထဲကမိသားစုဝင်တွေကို မတ်လ ၁၀ ရက်မှာ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။တတိယအကြိမ်လွတ်ငြိမ်းခွင့်ပေးတာလို့ ဖော်ပြထားပါတယ်။ပြန်လွှတ်လိုက်တဲ့အထဲမှာကလေးငယ်တွေနဲ့အမျိုးသမီးတွေအများစုပါဝင်တာကို ဒေသအခြေစိုက်သတင်းဌာနဖြစ်တဲ့ Arkan Princess Midea က မတ်လ၂၉ရက်နေ့မှာ သတင်းဓာတ်ပုံတွေဖော်ပြပါတယ်။ကလေးငယ် ၅၄ ဦး၊ အမျိုးသမီး ၅၄ ဦးနဲ့ အမျိုးသား ၄၄ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ မတ်လ ၁၀ရက်နေ့ကသုံ့ပန်းတွေပြန်လွှတ်တဲ့သတင်းကို AAက ထုတ်ပြန်မထားပေမယ့် မတ်လ ၁၄ရက်နေ့က သုံ့ပန်းအချို့ပြန်လွှတ်တဲ့သတင်းကိုတော့ မတ်လ၂၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
◾️ကသာမြို့မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စစ်တပ်ထောက်ခံသူတွေ လှုံ့ဆော်နေ
စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးတွေက လိမ်လည် ဝါဒဖြန့်နေပြီး မြို့တဖက်ကမ်းကျေးရွာတွေကို ဗုံးကြဲဖျက်ဆီးဖို့အထိ စစ်ရာဇဝတ်မှုကျူးလွန်မယ့်ပုံစံ လှုံ့ဆော်နေပါတယ်။ ကသာမြို့အတွင်းက စစ်တပ်နဲ့နီးစပ်တဲ့သူတွေ၊ စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေကနေ အထက်ပါအတိုင်း ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။ ကသာမြို့လှေဆိပ်ဖြစ်တဲ့ ဧရာဝတီမြစ်အရှေ့ပိုင်းမှာ နေသူတွေအားလုံး PDFတွေဖြစ်တယ်လို့ ဆိုပြီး အဲ့ဒီဘက်တကြောလုံးကို အပြောင်သလင်းခါနေအောင်တိုက်ခိုက်ရမယ်လို့ ရေးသားပြောဆိုနေတာတွေ့ရပါတယ်။ဒါကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ကသာမြို့နယ်မှာ မတ်လ ၂၀ရက်ကစပြီး စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင် တွေခိုလှုံနေတဲ့လေးထပ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။ သံဃာတော်အချို့နဲ့အရပ်သား ၈၀ဦးခန့်အထိ သေဆုံးနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရုပ်လောင်းအချို့ကို စစ်တပ်က သုသာန်မှာ မီးရှို့ပြီးအလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
◾️မန္တလေးမှာ စည်ပင်အခွန်အခတွေ တိုးမြှင့် ကောက်ဖို့ စစ်ကောင်စီ စီစဥ်
စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မ တီဟာ လာမယ့် ဧပြီကစပြီး မြို့တွင်းရှိ အခွန်အခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာပါတယ်။ စည်ပင်ရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ဧပြီမှာစတင်မယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ နေအိမ်ပစ္စည်းခွန်၊ အမှိုက်ခွန်၊ မီးခွန်များသာမက ရေဖိုးရေခ၊ လမ်းဘေးဈေးသည်များရဲ့ ဈေးကောက်၊ ဆိုင်ခန်းလခနဲ့ ကား/ဆိုင်ကယ် ရပ်နားခအထိ ကဏ္ဍစုံမှာ အခွန်တိုးမြှင့်ဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့အဝင်ဂိတ်များမှာ ကောက်ခံတဲ့ လမ်းအသုံးပြုခတွေကိုပါ တိုးမြှင့်မယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်တပ်အာဏာသိမ်းထားလို့ တိုင်းပြည်စီးပွားရေးကျဆင်းနေချိန် ကုန်စျေးနှုန်းများကြီးမြင့်နေတဲ့အပြင် စက်သုံးဆီရှားပါးမှုကြောင့်ပါ ပိုမိုကျပ်တည်းလာတာကြောင့် စည်ပင်ရဲ့အခွန်အခတိုးမယ့်ကြေညာချက်ကို ပြည်သူတွေ ဝေဖန်နေကြပါတယ်။
◾️ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင် ညီညွတ်ရင် ချင်းပြည်မှာ စစ်တပ် ကင်းစင်နေလောက်ပြီလို့ CDFဟားခါး တာဝန်ရှိသူပြော
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။ လတ်တလော ချင်းပြည်အတွင်း စစ်ရေးအခြေအနေတွေကို မေးမြန်းရာမှာ ချင်းညီညွတ်ရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အခြေအနေကို အခုလိုပြောပြတာပါ။ CDF ဟားခါးအနေနဲ့လည်း ချင်းမြောက်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီကို ချင်းတော်လှန်ရေးတပ်တွေနဲ့အတူ တိုက်ခိုက်နေကြောင်းလည်း

👍20❤7😁3
ပြောပါတယ်။ စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းနယ်မြေဒေသတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာလို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေရာ ဖလမ်းတိုက်ပွဲမှာ CDF ဟားခါးလည်းပါဝင်တိုက်ခိုက်နေကြောင်း ပြောပြတာဖြစ်ပါတယ်။
◾️မြဝတီတောင်ဘက် DKBA ပိုင် ကျားဖြန့်ရုံထဲ စစ်တပ်ဒရုန်းဗုံးကျ ၊တရုတ်နိုင်ငံသား ၃ ဦးသေဆုံး ၊ ၁၀ ဦးကျော်ဒဏ်ရာရ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် တောင်
ကြားထဲမှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်
မတော် (DKBA)ပိုင်ဆိုင်တဲ့ကျားဖြန့် အဆောက်
အဦးထဲ စစ်တပ်ရဲ့ ဒရုန်းကျမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်
လ၂၆ရက်ညပိုင်းမှာစစ်တပ်နဲ့ဆက်ဆံရေးကောင်း
တဲ့ DKBA ထိန်းချုပ်ထားတဲ့ သုံးထပ်ကွေ့ အ
နောက်ဘက် တောင်ကြားထဲမှာဆောက်လုပ်ထားတဲ့ ကျားဖြန့်ခြံဝင်းထဲကို စစ်တပ်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာလည်း စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးသုံးလုံးဟာ ဖလူးလေးကျေးရွာအပြင် DKBA ထိန်းချုပ်ထားတဲ့ ကျွန်းတောရှေ့ကကျားဖြန့်ခြံဝင်းထဲကိုကျရောက်ပေါက်
ကွဲခဲ့ပါသေးတယ်။ မတ် ၁၃ရက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဖလူး နဲ့ မင်းလက်ပံ လမ်းပိုင်းမှာ DKBA ပိုင်ဆိုင်တဲ့ ကျားဖြန့်လုပ်ငန်းတွေ ၃ ခုထက်မနည်းရှိပြီး အဲ့ဒီလုပ်ငန်းတွေဟာကျေးရွာအတွင်းနဲ့ လမ်းပိုင်းဘေးတွေမှာတည်ဆောက်ထားကြတာပါ။
◾️ဒီးမော့ဆိုက အောင်ချမ်းသာရွာကို စစ်တပ် မီးရှို့ဖျက်ဆီး
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က အောင်ချမ်းသာကျေးရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ငွေတောင်ဆည်အထက်ခြမ်းမှာရှိတဲ့ အောင်ချမ်းသာကျေးရွာကို မတ်လ ၂၈ ရက် နေ့လယ် ၁နာရီဝန်ခန့်က မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ လတ်တလော ဒီးမော့ဆိုမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲ ငြိမ်နေပေမယ့် စစ်တပ်က အထိုင်ချထားတဲ့ နေရာတွေမှာ မြင်ကွင်းရှင်းအောင် မီးရှို့တာလို့ ဒီးမော့ဆိုအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
◾️သုံးလအတွင်း စစ်တပ်လက်ချက်ကြောင် ကျောက်ကြီး ဒေသခံ ၄၀ နီးပါးသေဆုံး
၂၀၂၆ ခုနှစ်ကစပြီး သုံးလအတွင်း ကရင်အမျိုး
သားအစည်းအရုံး KNU တပ်မဟာ ၃နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၃၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ကြီးမြို့နယ်၊ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြား
ရေးလုပ်ငန်းကော်မတီက မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်ကပြည်သူလူထုအပေါ် လေကြောင်းကဗုံးကြဲသလို ၊မြေပြင်ကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်အကြမ်းဖက်မှုတွေပိုလုပ်လာတယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်စပိုင်းကစပြီး စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်းကို မုန်း၊ နတ်သံကွင်းနဲ့ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းဘက်က ဦးတည်စစ်ကြောင်းထိုးတာတွေလုပ်ခဲ့ပါတယ်။
◾️ဟုမ္မလင်းမှာ မိုးသက်လေပြင်းကြောင့်
သစ်ပင်ပိပြီး ခရီးသွားအမျိုးသားတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ မတ်လ ၂၈ ရက် ညနေပိုင်းက မိုးကြီးပြီးလေပြင်းကျချိန် သစ်ပင်လဲကျပိမိလို့ ခရီးသွား အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ ညနေ ၄နာရီခန့်က စတင်ပြီး မိုးရွာပြီး လေပြင်းတိုက်ခတ်နေချိန် ပင်ခုတ်ကျေးရွာလမ်းပေါ် သစ်ပင်လဲကျပြီး သစ်ပင်ပိလို့ ဆိုင်ကယ်စီးအမျိုးသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မနေ့က ညနေပိုင်းမှာ ဟုမ္မလင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့ပါတယ်။ဖားကန့်ဒေသမှာလည်း မတ်လ ၂၈ရက်ညနေပိုင်း မိုးကြီးပြီးလေပြင်းကျလို့ နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
◾️အင်းစိန်ဆေးရုံမှာ ဆေးကုသနေတဲ့ နိုင်ကျဥ်းအပါအဝင် အကျဉ်းသားနှစ်ဦးကို မြို့နယ်ရဲမှူးက ရိုက်နှက်
ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ နာတာရှည် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးနဲ့ အခြားအကျဉ်းသားတစ်ဦးကို မြို့နယ်ရဲမှူးသိန်းဝင်းက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင် Guard Wardမှာ ပုဒ်မ ၅၀(စျ)နဲ့ ထောင်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရပြီး ခါးနာနဲ့ အာရုံကြောညပ်
ဝေဒနာကြောင့် မတ်လ ၁၂ ရက်ကစပြီး ဆေးကုသမှုခံယူနေရတဲ့ နိုင်ကျဥ်းတဦးဆီကို အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်း ရောက်ရှိလာခဲ့ကြောင်း နိုင်ကျဥ်းတွေနဲ့ နီးစပ်သူအချို့ကပြောပါတယ်။
သိန်းဝင်းက နိုင်ကျဥ်အား ဘယ်ကလဲလို့ မေးမြန်းရာ ရန်ကုန်ကလို့ ဖြေလို့ဆိုပြီး ဆဲဆိုကြိမ်းမောင်းကာ မျက်နှာကို ရိုက်နှက်တာ၊ နာတာရှည် ဝေဒနာခံစားနေရတဲ့ ခါးကို ကန်ကျောက်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါ့အပြင် ရဲမှူးဟာ နာတာရှည် ခါးနာဝေဒနာ ခံစားနေရတဲ့ အခြားအကျဥ်းသားတစ်ဦးကိုလည်း ထပ်မံရိုက်နှက် ကန်ကျောက်ခဲတာကြောင့် အဆိုပါနိုင်ကျဥ်းဟာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး

👍19❤6😁3🤬1
ပြန်မထနိုင်တဲ့ အခြေအနေအထိဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
◾️ဟားခါးမှာ လူငယ် ၃ဦးကို သတ်ဖြတ်ပြီး အလောင်းအနီးသေနတ်ထား ဓာတ်ပုံရိုက်ဖြန့်ဝေတဲ့ စစ်တပ်လုပ်ရပ် CDFရှုတ်ချ
ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။ မတ်လ ၂၃ရက်က မိသားစုကိစ္စနဲ့ မြို့အပြင် ထွက်လာတဲ့ ဟားခါးမြို့က လူငယ် ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှု မပြုဘဲ ရိုက်နှက်သတ်ဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။ ဟားခါး GTI ကျောင်းအောက်ရှိ စစ်ကောင်စီရဲ့ လွှတ်တော်ဥက္ကဌသစ် ဦးကောလ်လျန်ထန်းရဲ့ နေအိမ်ဘေးမှာ စစ်ကောင်စီတပ်က လူငယ် ၃ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သတ်ဖြတ်ထားတဲ့ အလောင်းအနီး ရိုင်ဖယ်သေနတ်ကို တမင်အကွက်ဆင်ချထားပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ် တင်ထားခြင်းဖြစ်ကြောင်း CDF ဟားခါးက ထုတ်ပြန်ပါတယ်။ သေဆုံးသွားသော လူငယ်တွေရဲ့ မိသားစုများနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြထားပါတယ်။
◾️ကျဆုံးခဲ့ရသူတွေကိုအောက်မေ့ပြီး တော်
လှန်ရေးပန်းတိုင်အတွက် ပံ့ပိုးကြဖို့ ၊ ညီညွတ်ရေးကြိုးပမ်းဖို့ CDF-KKGတိုက်တွန်း
ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူတွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)
က ကြေညာချက် ထုတ်ပြန်ပါတယ်။ မတ်လ ၁၁ရက်ကနေ ၁၃ရက်အထိ ကျင်းပခဲ့တဲ့ CDF-KKG ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံအပြီး ကြေညာချက်မှာ တော်လှန်ရေးအင်အားစုတွေစည်းလုံးညီညွတ်ဖို့ပြည်သူတွေ တော်လှန်ရေးမှာ ပိုမိုပါဝင်ဖို့ အခုလို နှိုးဆော်ခဲ့တာပါ။
◾️စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူအခြေပြုကျောင်းတစ်ကျောင်းမှာ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲပြုလုပ်ကာ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဒေသအတွင်းရှိပြည်သူတွေကို စာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။
မြောင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" နဲ့ "ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ပါဝင်တဲ့ပန်းဖလက်ကို ဖြန့်ဝေခဲ့ပါတယ်။ရွှေဘို
မြို့နယ်မှာလည်းသပိတ်အင်အားစုအဖွဲ့ဝင်ကျောင်းသား/သူ လူငယ်တွေနဲ့ တော်လှန်ကျောင်း
သူ/သား လူငယ်တွေ တွေ့ဆုံပီး လူငယ်တွေရဲ့ အခွင့်အလမ်းအတွက် အမြင် ဗဟုသုတဖလှယ်ခြင်းနဲ့ သပိတ်လူထုလှုပ်ရှားမှုအကြောင်း မိတ်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

👍25❤4😁2🥰1🤯1