ကျော်ဖြတ်မှ ဖြစ်မယ်ဆိုတာနဲ့ ဆက်ပြီးလိုက်ခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ပဲ့ကိုင်ကို တထစ်ချ မယုံချင်သေးဘူး။ ကျနော့်မှာ လူတိုင်းကို လုံးဝ လွယ်လွယ် ယုံကြည်တာမျိုးလည်း အားမသာဘူး။ ခုလို အပြောအဆိုနဲ့ လုပ်ရပ်တွေပါ မြင်နေရတဲ့ သောင်စိုက်နေတဲ့ လှေထဲမှာတော့ ပိုဆိုးတာပေါ့လေ။ ထားပါ။
ဒီလိုနဲ့ “လှေထဲကရေတွေကို ခပ်ထုတ်လိုက်ပါဦးလား”လို့ ကျနော်ပြောလိုက်ပေမယ့်
"ရပါတယ် ရောက်တော့မှာ" ဆိုတာကိုပဲ ပဲ့ကိုင်က ထပ်ပြောသေးတယ်။
လှေဝမ်းဗိုက်မှာ လိုက်လာတဲ့ ကိုယ့်ရဲဘော်က "ရေက လှေပေါ်မှာကို ကျနော့်ခြေမျက်စိမြုပ်နေပြီလို့ပြောမှ၊ ရေခပ်ထုတ်ဖို့ကို သဘောတူသွားတယ်။ လှေဦးကလူက ဆင်းပြီး ခပ်ထုတ်တယ်။ ခုနှစ်မိနစ်လောက် ဆက်တိုက် ရေခပ်ထုတ်တာတောင် လှေထဲကရေက လျော့သွားတယ်လို့ မထင်မိဘူး။ “ရေကလျော့မသွားဘူးနော်၊ ဗိုက်များပေါက်နေသလား”လို့ ကိုယ့်ရဲဘော်ကလည်း ပြောလိုက်မိသေးတယ်။
အဲ့ဒီအချိန်မှ ပဲ့ကိုင်က ဆင်းလာပြီး လှေကိုစောင်းငဲ့ပြီး ရေကိုပတ်ထုတ်တယ်။ အဲ့ဒီမှာတင် ဆယ်မိနစ်လောက်ကြာသွားတယ်။ ခင်ဗျားတို့အဆင်မပြေရင် နောက်တစင်းထပ်ခေါ်ပြီး ခွဲတင်ကြရင် ပိုအဆင်ပြေမယ် ကျနော်အကြံပြုသေးတယ်။ ဒါပေမယ့် လက်မခံဘူး။ ရတယ် ရွေ့မယ်ပေါ့။
အဲ့ဒီမှာ လရောင်က မှောင်နေတယ်။ သဲသောင်တွေပေါ်မှာ တံငါအိမ်တချို့ရဲ့ မီးရောင်တွေက ပျောက်ကြား ပြောက်ကျားနဲ့။ ငါမသေသေးဘူး ရေကူးတတ်တယ်လို့ ပြောချင်ပေမယ့် ရေကူးတတ်လည်း ရေနစ်တတ်တဲ့မြစ်ပြင်ကျယ်ထဲမှာ။ ကြယ်ကလေးတွေ မှိတ်တုပ်မှိတ်တုပ် လင်းပုံဟာ ဒီနေ့မှ ပိုအားကိုးစရာလိုပါပဲ။
လှေသာ ရေထဲမှာ တကယ် နစ်မြုပ်သွားရင် ငါတို့သေကြမှာပဲပေါ့။ ဘာမဟုတ်တဲ့အရာတဲ့ သေသွားကြမှာပဲပေါ့။ အဲ့သလို ဘာမဟုတ်တဲ့ဆိုပေမယ့် ဖြစ်နိုင်ချေအရာရာကိုတွေးရင်း အဆုံးထိရောက်ဖို့ လိုက်လာလိုက်ရတယ်။ မြို့ပြမှာ ပြောက်ကျားသဘောမျိုးနေခဲ့တုန်းကစိတ်ကို ပြန်ရောက်လာလေ နှလုံးခုန်နှုန်းတွေ ပိုမြန်လာ လေလေပဲ။ အချိန်တွေ မြန်မြန်ကုန်သွားပါစေ၊ ကမ်းမြန်မြန်ကပ်ပါစေလို့ တွေးရင်းလိုက်လာတယ်။
(၄)
အညာဆောင်းညရဲ့ ခပ်မှောင်မှောင်နဲ့ မြစ်ပြင်ထဲ။
သေနိုင်တာပဲ သေသွားရင် မသေခင် လို့ တွေးမိချိန်မှာ ကိုယ်ချစ်ခဲ့တဲ့သူ၊ ကိုယ့်ကိုယ်ချစ်ကြတဲ့ ပတ်သက်ရာကို ပြန်တွေးလိုက်မိသေးတယ်။ စိတ်သက်သာ ရလိုရငြား။
လှေဆိပ်ကပ်တော့ ည ၇:၄၈။
ကမ်းစပ်ရောက်တော့ ကျနော်တို့စီးလာတဲ့လှေထဲကရေတွေကိုကြည့်ပြီး လှေသမားတွေကို လှေရှင်တွေက ဆူပါလေရော။ “မင်းတို့ဧည့်သည်တွေကို ဒီလိုမလုပ်ရဘူးလေကွာ။ မသေဘဲ ရောက်လာလို့ တော်သေးတာ။”လို့ တတွတ်တွတ်နဲ့ ဒေါသတကြီးပြောနေရှာတယ်။ သူပြောမှ ကိုယ်လည်း စိတ်ပူနေတဲ့ ဒေါသအလုံးကြီးကျသွားတယ်။ ဒီလိုကောင်တွေနဲ့ အတူမသေတော့ဘဲ ကမ်းစပ်ရောက်လာခဲ့လို့။
အညာဒေသတနေရာ
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'Loon Nyi'ရေးဖွဲ့တဲ့ “ငါမသေသေးဘူး ရေကူးတတ်တယ်လို့ ပြောချင်ပေမယ့် ရေကူးတတ်လည်း ရေနစ်တတ်တဲ့မြစ်ပြင်ကျယ်ထဲမှာ" ရသစာတမ်းငယ်ကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
Log in or sign up to view
See posts, photos and more on Facebook.
🥰18👍9❤6🤮1
ကသာမြို့မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စစ်တပ်ထောက်ခံသူတွေ လှုံ့ဆော်နေ
မတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးတွေက လိမ်လည် ဝါဒဖြန့်နေပြီး မြို့တဖက်ကမ်းကျေးရွာတွေကို ဗုံးကြဲဖျက်ဆီးဖို့အထိ စစ်ရာဇဝတ်မှုကျူးလွန်မယ့်ပုံစံ လှုံ့ဆော်နေပါတယ်။
ကသာမြို့အတွင်းက စစ်တပ်နဲ့နီးစပ်တဲ့သူတွေ၊ စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေကနေ အထက်ပါအတိုင်း ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။
ကသာမြို့လှေဆိပ်ဖြစ်တဲ့ ဧရာဝတီမြစ်အရှေ့ပိုင်းမှာ နေသူတွေအားလုံး PDFတွေဖြစ်တယ်လို့ ဆိုပြီး အဲ့ဒီဘက်တကြောလုံးကို အပြောင်သလင်းခါနေအောင်တိုက်ခိုက်ရမယ်လို့ ရေးသားပြောဆိုနေတာတွေ့ရပါတယ်။ဒါကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
" မြစ်အရှေ့ပိုင်းကလည်း သာမာန်ပြည်သူတွေပါပဲ။ စစ်တပ်ကို မထောက်ခံတာနဲ့ပဲ ပတ်ရမ်းနေတာမျိုးဖြစ်နေတယ်။ လေကြောင်းကနေလည်းအမှန်တကယ်ကြဲတာ။ တစ်နေ့လုံးကိုပစ်မှတ်ထားလာတဲ့ထိတော့ မယုတ်မာပါနဲ့"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကသာမြို့နယ်မှာ မတ်လ ၂၀ရက်ကစပြီး စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင် တွေခိုလှုံနေတဲ့လေးထပ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။
သံဃာတော်အချို့နဲ့အရပ်သား ၈၀ဦးခန့်အထိ သေဆုံးနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရုပ်လောင်းအချို့ကို စစ်တပ်က သုသာန်မှာ မီးရှို့ပြီးအလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း ကသာမြို့ဘေးပတ်ဝန်းကျင်ကရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို စစ်တပ်က ဗုံးကြဲခဲ့ပါတယ်။မတ်လ၂၅ရက် ညနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်ထုံးကြီးရွာတိုက်နယ်ဆေးရုံကို စစ်ကောင်စီကဗုံးကြဲ ဖျက်ဆီးခဲ့ပါတယ်။
မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုပြီး ဝါဒဖြန့်နေတဲ့သတင်းတွေကို မယုံကြည်ကြဖို့နဲ့ လုံခြုံရေးအန္တရာယ်ကိုသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။
တိုက်ပွဲခတ္တငြိမ်သက်နေစဉ် စစ်တပ်ထောက်ခံသူအချို့နဲ့ ကသာသူ၊ကသာသားတွေ အများဆုံးရှိတဲ့ Food In Katha ဂရုမှာ စစ်ကောင်စီ ဝါဒဖြန့်ချီရေးအဖွဲ့တွေက ကသာမြို့ကြီးစည်နေသယောင်နဲ့ မြို့ထဲပြန်လာနေထိုင်ဖို့ ခေါ်နေတာကိုတွေ့နေရပြီး ဒါဟာ လှည့်ကွက်တစ်ခုဖြစ်ကြောင်း Indaw Revolution -IRက သတိပေးထားပါတယ်။
" စကမဘက်က ပြည်သူတွေကို ခေါ်ပြီး လူသားဒိုင်းလုပ်တာပါ။ အခုတော့ ပြန်ဝင်သွားတဲ့ပြည်သူတွေနေတဲ့ ဘုန်းကြီးကျောင်းကို ပြည်သူတွေရှိနေမှန်းသိသိရက်နဲ့ စစ်တပ်ဘက်ကဗုံးကြဲလို့ ဘုန်းကြီးတွေနဲ့ ပြည်သူ ၅၀နဲ့အထက်လည်း သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ပြီးတော့လည်း အခုကျန်နေခဲ့တဲ့ပြည်သူတွေကိုလည်း စစ်တပ်ဘက်က ထွက်ခွင့်မပေးဘဲ ပိတ်ထားလိုက်ပါပြီ။ ထွက်ရင် ပစ်သ-တ်မယ်လို့ခြိမ်းခြောက်ထားတယ်လို့ ကြားနေရပါတယ်။ ပြီးတော့လည်း အခု တစ်မြို့လုံးကို ဗုံးပတ်ကြဲနေတာ ၁၀ ရက်လောက်ရှိပါပြီ။ အိမ်တွေ၊ ဆေးရုံတွေ၊ တခြား သာသနိကအဆောက်ဦးတွေလည်း မီးလောင်ပါတယ်" လို့ ဒေသတွင်းတော်လှန်ရေးသတင်းတွေဖော်ပြနေတဲ့ Indaw Revolution -IRက ဒီနေ့မတ်လ၂၉ရက်နေ့မှာ ရေးသားထားပါတယ်။
"အင်းတော်မြို့ကိုတော်လှန်ရေးတပ်တွေ အပြီးသတ် မသိမ်းပိုက်နိုင် သေးချိန်က ဖြစ်ရပ်နဲ့ ဥပမာပေးပြီး သတိပေးထားပါတယ်။
" အင်းတော်မြို့သိမ်းတုန်းကလည်း အတူတူပါပဲ။ မြို့မဘုန်းကြီးကျောင်းထဲ ဝင်ရောက်ခုံလှုံတဲ့ ပြည်သူ ၁၀၀၀ကျော်လောက်ကို စစ်တပ်က ၈လလောက်နီးပါး ပိတ်ထားပြီး လူသားဒိုင်းလုပ်ခဲ့ပါတယ်။ အဲ့တုန်းကဆို ပိတ်မိနေတဲ့သူတွေ ၄၀ကျော်လောက်ဟာ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ပြီးတော့လည်း ပြည်သူ၊လူထုကို ရိက္ခာတွေအငတ်ထားပြီး တချို့အမျိုးသမီးတွေကို အစားအသောက်နဲ့မျှားပြီး လိင်အမြတ်ထုတ်တာတွေလုပ်ခဲ့ပါတယ်။ နောက်ဆုံးမြို့ကို တလရတပ်တွေရခါနီးမှာတော့ အဲ့ဒီဘုန်းကြီးကျောင်းကို ပြည်သူတွေရှိတာ သိသိရက်နဲ့ တမင်ဗုံးကြဲချခဲ့လို့ Non-CDMဆရာမတွေ ၄ယောက်လောက်သေဆုံးခဲ့ပြီး ကျန်တဲ့ပြည်သူတွေကတော့ လက်မတင်လေးတင် လွတ်မြောက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့အင်းတော်မြို့နဲ့ လက်ရှိစစ်ရေးတင်းမာနေတဲ့ ထီးချိုင့်မြို့တို့ဟာ ကသာမြို့နဲ့ဆက်စပ်နေပါတယ်။
ကသာမြို့ပေါ်ကို စစ်တပ်ကထိန်းချုပ်နိုင်ဖို့ကြိုးစားနေဆဲဖြစ် တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးပါတယ်။
လက်ရှိမှာ စစ်တပ်က မြို့ခံတွေကို ထွက်ခွင့်မပေးတဲ့အတွက် စိုးရိမ်နေရတယ်လို့ မန္တလေးမြို့ကိုရောက်နေတဲ့ ကသာမြို့ခံတစ်ဦးကပြောပါတယ်။ ဒေသခံတွေဟာပိတ်မိနေသူတွေရဲ့ ဓာတ်ပုံတွေကို တင်ပြီး လူမှုကွန်ရက်ကတဆင့် အဆက်အသွယ်ရအောင် ကြိုးစားနေကြဆဲဖြစ်ပါတယ်။
ကသာမြို့ပေါ်က မြောက်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းအချို့ကသံဃာတော်တွေဟာ စစ်ကောင်စီတပ်ထံ ခွင့်တောင်းပြီး မန္တလေးမြို့ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတယ်လို့သိရပါတယ်။

🤬42❤4🤮4👎2
(မတ်လ ၂၀ ရက်က စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ လေးထပ်ဘုန်းကြီးကျောင်းမှ အဆောက်အအုံတစ်ခု။ ဓာတ်ပုံ- Indaw Revolution-IR)
🤬35❤3👎1🔥1
■အတွေးအမြင်
ရေနဲ့လည်းပက်လို့၊ ကြိုးတွေလည်းတားလို့
Scorpio/People's Spring
မနက်က ထုံးစံအတိုင်း မျက်စိနှစ်လုံးပွင့်လို့ Tiktok ဖွင့်ကြည့်ချိန် အံ့အားသင့်စရာ ဗွီဒီယိုတစ်ပုဒ်တွေ့ပါတယ်။ မန္တလေးမြို့၊ အရှေ့မြို့ပတ်လမ်း BOC ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာပါတဲ့။ ဒီကာလထုံးစံအတိုင်း စက်သုံးဆီတွေ တန်းစီရပါတယ်။ BOC ဆီဆိုင်မှာလည်း ဆိုင်ကယ်တွေ တန်းစီကြတယ်။ အဲဒီလိုတန်းစီတဲ့အခါ ဆိုင်ကယ်တွေဟာ တိုက်ကြီးတာကြီးတွေ ဝင်းခြံကျယ်ကြီးတွေရှိတဲ့ ၃၇ လမ်းထဲပါ ဆင်းစီရတော့တယ်။
မန္တလေးရဲ့ မတ်လကုန်ပိုင်းရာသီဥတု တော်တော်ကိုပူပါတယ်။ဆိုင်ကယ်တွေဟာ ၃၇ လမ်းကြားထဲ တန်းစီကြတဲ့အခါ သစ်ပင်အရိပ်ကောင်းတဲ့နေရာတစ်ခုတွေ့တော့ ဝင်နားကြတာပေါ့။ ပူတာကိုး။ အဲဒီမှာ ခြံရှင်က ထွက်ပြီးပြောပါတော့တယ်။သူ့အပင်တွေပျက်စီးမှာစိုးလို့တဲ့။ဝင်မထိုင်ကြပါနဲ့တဲ့။
ခြံရှင်ဟာသစ်ပင်တွေ အလှပျက်မှာစိုးလို့ဆိုပြီး သူ့ခြံရှေ့ပလက်ဖောင်းကိုမဝင်နဲ့ဆိုတဲ့သဘောနဲ့ ကြိုးတားလိုက်ပါတယ်။ တားရုံတင်မကပါဘူး။ သူ့ခြံရှေ့လူတွေထိုင်မှာစိုးလို့ဆိုပြီးရေတွေပါဖြန်းလိုက်
ပါတယ်။
ဒီနေရာမှာ ဆိုင်ကယ်တွေရဲ့ စက်သုံးဆီဝယ်ယူရတဲ့အနေအထား ပြောပါရစေ။ ဆိုင်ကယ်တွေဟာ အခုဆိုရင် တစ်ပတ်ကို လေးလီတာနှစ်ကြိမ်ပဲ ဝယ်
ယူခွင့်ရပါတော့တယ်။ အများစုက တရုတ်ဘီးတွေပါ။ တရုတ်ဘီးတွေဟာ နှစ်လီတာသာသာပဲဆန့်ပါတယ်။အဲဒီနှစ်လီတာရဖို့ ဆိုင်ကယ်သမားလေးတွေဟာ နေပူကြီးထဲ နေကုန်အောင်တန်းစီကြရပါတယ်။
ဆိုင်ကယ်သမားတွေထဲ ဝယ်ရောင်းသမား မပါဘူးလားလို့ ခြံကြီးရှင်က မေးနိုင်ပါတယ်။ ဟုတ်ပြီ။ မိတ်ဆွေ တစ်ခုပဲစဥ်းစာကြည့်။ တစ်လီတာ ၄၅၀၀ ကျပ်ဝန်းကျင်ထုတ်စျေး။ ပြန်ရောင်းတော့ တစ်သောင်းနှစ်ထောင်။ တစ်လီတာ ၇၅၀၀ မြတ်ပါတယ်။ နှစ်လီတာဆိုတစ်သောင်းခွဲ။ မိတ်ဆွေ ငွေတစ်သောင်းခွဲပေးမယ် နေပူထဲတစ်နေကုန်သွားရပ်ဆို ရပ်နိုင်ပါသလား။ သူ့ခွဲတမ်းရတဲ့ဆီ သူဘာသာရောင်းချင်တဲ့စျေးရောင်းမှာပေါ့။
အခုဆို လိုင်စင်မဲ့ဆိုင်ကယ်တွေ ဆီဆိုင်တွေမှာ ဝယ်ယူခွင့် မရှိတော့ပါဘူး။ အပြင်ကနေ တစ်လီတာဘူးတစ်သောင်းနှစ်ထောင်နဲ့ ပေးဝယ်သုံးနေရပါတယ်။ပန်းရံလေးတွေ၊ဆေးသုတ်လေးတွေ၊ နေ့
စားအလုပ်သမားလေးတွေ ဒုက္ခတွေရောက်လိုက်ကြတာ။
ခြံကြီးရှင်ကို ပြောချင်တာက မိတ်ဆွေရဲ့တိုက်နဲ့ခြံကို ဆိုင်ကယ်သမားတွေထဲကပန်းရံတွေလက်
သမားတွေနဲ့ တည်ဆောက်ခဲ့တာပါ။ မိတ်ဆွေစားနေတဲ့ဆန်ကို ဆိုင်ကယ်သမားတွေထဲကပဲ စိုက်ပျိုးခဲ့ကြတာပါ။ မိတ်ဆွေရဲ့အောက်ခြေလုပ်ငန်းတွေကို ဒီဆိုင်ကယ်သမားလူတန်းစားကပဲ လုပ်ပေးခဲ့ရတာပါ။
အာဏာသိမ်းကာလ ၅ နှစ်ကျော်ခဲ့ပြီ။ ကြားထဲမှာလည်း ငလျင်အပါအဝင် ကပ်ဘေးအမျိုးမျိုးကို စုံနေအောင် ခံနေကြရတယ်။ ပြည်သူတွေခမျာ အာဏာရှင်ပေးတဲ့ဒုက္ခအပြင် အမျိုးစုံသော ဒုက္ခတွေ ရင်ဆိုင်နေကြရတယ်။ ပြီးခဲ့တဲ့နှစ်ကတင် စစ်ကိုင်းငလျင်ဒဏ်ကြောင့်ပြည်သူတွေရဲ့စိတ်ဒဏ်ရာတွေ မကျက်သေးခင်မှာပဲ အခုလိုဒုက္ခတွေက ထပ်
ဆင့်ပိနေခဲ့တယ်။
ခြံတစ်ခြံပိုင်တဲ့သူရဲ့လုပ်ရပ်နဲ့တော့ မန္တလေးဟာ ပြောင်းလဲသွားပြီလားလို့တော့ ပြောလို့ဘယ်ရလိမ့်မလဲ။ မန္တလေးမြို့က လမ်းတွေပေါ်မှာ ကားပေါ်မှာ စက်သုံးဆီဘူးလေးတွေတင်ရင်း ဆီပြတ်တဲ့သူတွေကို လိုက်ဝေတဲ့ကားတွေရှိပါတယ်။ ဆီပြတ်လာတဲ့ဆိုင်ကယ်လေးတွေကို ကြိုးနဲ့ဆွဲပေးတာ၊ ခြေနဲ့ကန်ပြီးတွန်းပေးတာတွေလည်း မန္တလေးညနေခင်းတွေမှာ များမှများပါ။
နောက်ပြီး ဆိုင်ကယ်တန်းစီနေတဲ့သူတွေ ကိုယ့်အိမ်ရှေ့ရောက်လာရင် အမောပြေသောက်ဖို့ ရေသန့်ဘူးကြီးတွေချပေးထားတာတွေ၊ ဓာတ်ဆားရည်နဲ့ အချိုရည်ဘူး၊ ရေသန့်ဘူးတွေ လိုက်ဝေနေတာတွေ အများကြီးပါ။
တနေ့ကပဲ မန္တလေးမြို့က အသက် ၆၁ အရွယ် အမျိုးသမီးကြီးတစ်ဦး နေကုန်ဆီတန်းပြီးအပြန် အိမ်အရောက်မူးလဲကျပြီး အသက်ပါ ပါသွားခဲ့ပါတယ်။ဆီနှစ်လီတာအတွက်ပေးလိုက်ရတဲ့အသက်
တစ်ချောင်း တန်ပါရဲ့လား။ရန်ကုန်၊ ထားဝယ် အစ
ရှိတဲ့ဒေသတွေမှာလည်း ဆီတန်းရင်း မူးလဲကျတာတွေ၊ အသက်ပျောက်တာတွေ တွေ့လာရပါပြီ။.
သစ်ပင်အရိပ်တွန့်တိုသူကိုတွေ့တော့ မန္တလေးမြို့မှာ သစ်ပင်ဒါယကာကြီးကို သတိရမိတယ်။
မန္တလေးမြို့ထဲမှာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေကို မြင်ဖူးကြမှာပါ။ ကုက္ကို၊ တမာ၊ ထနောင်း၊ မည်စည်၊ ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင်တွေပါ။ အဲဒီဘက် ဖြတ်လိုက်တာနဲ့ အေးမြသွားတာ မန္တလေးသူ မန္တလေးသားတွေ ခံစားဖူးကြမှာပါ။ အဲဒီသစ်ပင်ကြီးတွေကို စိုက်ခဲ့သူက ဦးငွေတဲ့။ ဦးငွေဆိုလို့ သူဌေးသူကြွယ်ကြီးများ မထင်လိုက်ပါနဲ့ဦး။ ရပ်တကာလှည့် ခြေတိုအောင်နင်းရတဲ့ ဆိုက်ကားသမားကြီးပါ။ သူစိုက်ခဲ့လို့ မန္တလေးမြို့ ငစ်ပင်သစ်တောတွေနဲ့ စိမ်းစိုနေခဲ့တာပါ။
ဦးငွေအကြောင်းကိုကွယ်လွန်သွားပြီဖြစ်တဲ့ သ
တင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာက "လူသာဓုခေါ် နတ်သာဓုခေါ် ပုဂ္ဂိုလ်ကြီး" ဆောင်းပါးနဲ့ ရေးသားဂုဏ်ပြုခဲ့ဖူးပြီး အဆိုပါဆောင်းပါးပါတဲ့ မန္တလေးသူမန္တလေးများစာအုပ်အမှာထဲမှာ ဒီလိုမှတ်ချက်ပြုခဲ့ဖူးပါတယ်။

❤30👍14🤔2🤮1
"အလှူဆိုတာ ငွေကြေးဓနရှိကြမှ လုပ်နိုင်တယ်လို့ အများအားဖြင့် ယုံကြည်ကြတယ်လေ။ ဆိုက်
ကားသမားကြီး ဦးငွေကတော့ ငွေကြေးမရှိပေမယ့် စေတနာတွေ၊ မေတ္တာတွေ၊ သဒ္ဓါတရားတွေရှိပါတယ်။ ဒါကြောင့် သူက ပူအိုက်တဲ့ မန္တလေးမှာ အေးမြတဲ့ အရိပ်အာဝါသတွေပေးမယ့် သစ်ပင်တွေကိုစိုက်ပြီး လှူခဲ့တယ်။ တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ သတ္တဝါအပေါင်း ဆင်းရဲကြောင်းတဲ့။ ဟစ်တလာတို့ ဘုန်းမီးနေလထွန်းပတော့ ဥရောပတစ်တိုက်လုံး မီးလောင်ပြာကျပြီး လူတွေ အနန္တ သေကျေဒုက္ခရောက်ခဲ့ရတယ်။ လူ့လောကဆိုတာ ဒီလိုပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ချင်ရင် ပေါ်ပေါက်လာတာပဲ။ဦးငွေလိုဘယ်လောက်ဆင်းရဲဆင်းရဲ၊ ဘယ်
လောက်ခွန်အားမဲ့မဲ့ မေတ္တာစေတနာကောင်းမွန်ဖြူစင်ရင် လူတွေအများကြီးကို ချမ်းသာသုခရအောင် လုပ်နိုင်တာပဲဆိုပြီး ဒီလိုသူတော်စင်ကြီးအကြောင်းကိုလည်း ရေးသားမော်ကွန်းတင်ခဲ့တာပါလို့ ရေးသားခဲ့ပါတယ်။
ကုသိုလ်ဆိုတာ အလှူမဏ္ဍပ်ကြီးတွေနဲ့ ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူမှ အလှူမခေါ်ပါဘူး။ မိမိအိမ်ရှေ့မှာ နေပူဒဏ်ခံနေရတဲ့သူကို အရိပ်လေးတစ်ခု မျှဝေလိုက်တာဟာလည်း ကြီးမားတဲ့ အလှူပါပဲ။
ပြီးတော့ ကမ္ဘာ့ကပ်ရောဂါကိုဗစ် နဲ့ စစ်တပ်အာ
ဏာသိမ်းလို့ ဘေးပေါင်းစုံနေတဲ့နိုင်ငံမှာ တကယ်ကပြည်သူတွေအချင်းချင်းစာနာ နာလည်းပြီး ကူညီကြရမှာပါ။အီရန်စစ်ပွဲဂယက် ကမ္ဘာ့နိုင်ငံအများစု စက်သုံးဆီအခက်တွေ့နေကြပေမယ့်
မြန်မာနိုင်ငံမှာတော့ အာဏာလုစစ်အုပ်စုရဲ့ တလွဲစီမံမှုတွေကြောင့် ပြည်သူတွေဟာ ဆီရဖို့တန်းစီရင် အသက်ပေးနေရတဲ့အခြေအနေဖြစ်ပါတယ် ။ဒီအခြေအနေမှာ ပြည်သူအချင်းချင်း နိုင်ရာလေးတွေဖေးမကူညီကြရမှာပါ ။ အဲလိုမှ မဟုတ်ပဲ တစ်ကိုယ်ရေစာ ရေတိုအဆင်ပြေဖို့တစ်ခုတည်းအတွက်ဆိုရင် စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့ နိုင်ငံတစ်ဝန်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုအားနားဖို့လိုပါတယ် ။စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ လူငယ်တွေက အသက်ပေးတွန်းလှန်နေချိန်မှာ ကျွန်တော်တို့က စစ်ဖိနပ်အောက်မှာအကြောက်တရားနဲ့ တစ်ကိုယ်ရေစာ အဆင်ပြေဖို့လုပ်နေတာကို ယှဥ်ကြည့်ရင် ရှက်ဖို့ကောင်းလှပါတယ်။
ခြံရှင်ကိုလည်း အတော်လေးသနားမိပါတယ်။ ကိုယ့်အိမ်ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အလှူတစ်ခု ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်အရာကို ရေနဲ့ပက်သတဲ့။ ကြိုးနဲ့တားသတဲ့။ သြော် ဖြစ်ပုံများ...

👍36❤6🤬3🤮1
ဆိုင်ကယ်တန်းစီသူတွေ သူ့ခြံရှေ့မထိုင်အောင် ကြိုးတန်းထားစဥ်။ ။ဓာတ်ပုံ-File Video
🤬44❤5🔥3👎1
ကသာမြို့ကဗုံးကြဲခံရတဲ့ကျောင်းကို ကျောင်းထိုင်ဆရာတော် လိုက်လံကြည့်ရှု
ရဲခေါင်/People's Spring
"ရှင်းလို့မလွယ်သေးဘူး ဘုရား၊မီးအရှိန်တွေ ရှိနေသေးတယ်ဘုရား။အခုဝင်လို့ မရသေးဘူး။အပူရှိန်ရှိနေတုန်းပဲ"
စစ်တပ်ဗုံးကြဲခဲ့တဲ့ ကသာမြို့ က မဟာလေးထပ်ကျောင်း ၊ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ အဂ္ဂမဟာဂန္တဝါစက ဦးကုသလ ကို တပည့်၊သံဃာတွေက အပျက်အစီးပုံထဲမဝင်ဖို့ မိန့်ကြားနေတာဖြစ်ပါတယ် ။
ရဟန်းတွေအပါအဝင်အစုလိုက်အပြုံလိုက်စစ်
တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်ခံခဲ့ရတဲ့ပြည်သူတွေအတွက် ရက်လည်တရားနာတာကို မတ်လ ၂၇ ရက်နေ့မှာလုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဆရာတော်ဘုရားကအပျက်အစီး တွေကြားက ကျောင်းတိုက်ထဲကိုတောင်ဝှေးအားပြုပြီး ဦးကုသလ က ဝင်
ကြည့်ချင်နေတာဖြစ်ပါတယ်။
သက်တော် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဦးကုသလဟာ
ကသာမြို့ ၃ ရပ်ကွက်မှာရှိတဲ့ မဟာလေးထပ်ကျောင်းမှာ ကျောင်းထိုင် ဆရာတော် အဖြစ်
သီတင်းသုံးနေတာပါ။
ကျောင်းတိုက်က ကသာမြို့ရဲ့ သမိုင်းဝင် အမွေ အနှစ်တစ်ခုဖြစ်ပြီး ဘာသာရေးဆိုင်ရာ အချက် အချာနေရာအပြင် မာန်လည်ဆရာတော်ဘုရားကြီး တည်ထားခဲ့တဲ့ တာဝတိံသာမဟာစေတီတော် လည်း ကျောင်းတိုက်ဝင်းထဲ ရှိပါတယ်။
ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကသာမြို့ဟာ ရေကြီးရေလျှံလေ့ရှိတာကြောင့် ငါးဧက ကျော်ကျယ်တဲ့ မဟာလေးထပ်ကျောင်းဟာရေဘေးကယ်ဆယ်ရေးစခန်း အဖြစ် အသုံးပြုနိုင်ခဲ့ပါတယ်။
အခုလို ကသာနယ်မှာ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ လည်းမြို့တွင်းနဲ့ မြို့အနီး က ဒေသခံတွေအတွက် စစ်ဘေးရှောင်တွေကိုခိုလှုံခွင့်ပေးတဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့တပတ်ကျော်(မတ်လ ၂၀ ရက်) မနက်ပိုင်းမှာ မဟာလေးထပ်ကျောင်းကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့ပါတယ်။
"ဗုံးကြဲခံရတုန်းက ကျောင်းတိုက်ထဲမှာ ဆရာတော်ကြီး(ဦးကုသလ) နဲ့ သူ့တပည့်ဦးဒေဝိန္ဒ လည်းရှိတယ်။ဦးဒေဝိန္ဒက ကယ်ထုတ်နိုင်သွားတာ"လို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးဒဏ်ကြောင့် သံဃာတော် နဲ့ စစ်ရှောင်ပြည်သူ၊ကလေးငယ်တွေ ၅၀ ကျော် သေဆုံးတယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့ ဒေသခံတွေက အသိပေးပါတယ်။
အလောင်းရှာမရတာ၊မတွေ့တာ နဲ့ တစ်စစီ ဖြစ်သွား ရတဲ့ အခြေအနေတွေကြောင့် သေဆုံးသူအရေ အတွက် အတိအကျ ကိုတော့ စာရင်းမကောက်ယူနိုင်သေးပါဘူး။
ဘုန်ကြီးကျောင်းမှာ ခိုလှုံရင် ဘေးကင်းတယ်လို့ ယူဆကြတဲ့ ဒေသခံ ၁၂၀ ဝန်းကျင်ဟာ လေးထပ်ကျောင်းတိုက် ဗုံးကြဲခံရတဲ့အချိန်ထိ ရှိခဲ့ပါတယ်။
အဲဒီထဲက ဒဏ်ရာရခဲ့တဲ့စစ်ရှောင် ၆၀ ဝန်းကျင်ကို ကသာမြို့အမှတ် ၂ ရဲစခန်း ကို ခေါ်သွားခဲ့ပါတယ်။
ဘုန်းကြီးတွေပါမရှောင် အစုလိုက်အပြုံလိုက်သတ်ပြီးတဲ့နောက်မှာ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်တွေက ဘုန်းကြီးကျောင်းမှာ PDF တွေရှိလို့ သတင်းအမှားဖြန့် ပြန်ပါတယ်။တကယ်တော့ ဘုန်းကြီးကျောင်းဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ ကသာမြို့ပေါ်မှာရှိပြီး ကျောင်းထဲမှာ PDF မရှိပါဘူး ။
ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။ မြို့တွင်းနေ ပြည်သူတွေ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းခဲ့တာရှိပေမယ့် စစ်တပ်က ဒေသခံတွေကို စစ်ရှောင်ခွင့် တားဆီးပိတ်ပင်တာတွေရှိခဲ့ပါတယ်။
၂၀၂၆ နှစ်ဆန်းပိုင်းမှာတော့ တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေမထိခိုက်အောင်မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ပါတယ်။ ဒါကြောင့် ကသာမြို့ နေရာအများစုကို စစ်တပ်က ထိန်းချုပ်ထားပြီး စစ်တပ်ထောက်ခံသူတွေက မြို့ပုံမှန်ဖြစ်နေပြီမို့ အဝေးမှာ စစ်ဘေးရှောင်နေသူတွေ မြို့ကို ပြန်လာနေနိုင်ပြီလို့ လူမှုကွန်ယက်ကတဆင့် မြို့ထဲလူပြန်လာအောင် ခေါ်ခဲ့ကြပါတယ်။
တော်လှန်ရေးအဖွဲ့တွေကတော့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက မြို့နေပြည်သူတွေကို ပြန်ခေါ်တာဟာ ကျန်ဒေသတွေမှာလို စစ်တပ်က တိုက်ပွဲဖြစ်လာရင် ပြည်သူတွေကို လူသားတံတိုင်းလုပ်ချင်လို့ ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။
တော်လှန်ရေးအဖွဲ့တွေသတိပေးခဲ့သလိုမြို့အနီး
ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်လာတဲ့အခါ စစ်တပ်က ပြည်သူတွေကို မြို့အပြင်ပေးမထွက်ပဲလူသားတံတိုင်း တကယ်လုပ်ခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ စစ်ရှောင်တွေအတွက် သက်ဆိုင်တဲ့ မိသားစု ဝင်အကျဥ်းချုံးပြီး မတ်လ ၂၇ ရက်က မဟာလေးထပ်ကျောင်းဝင်းထဲမှာပဲ ရက်လည်အမျှဝေ ခဲ့ကြပါတယ်။
"ကောင်းရာမွန်ရာ ရောက်ကြပါစေ။အခုလို အဖြစ်ဆိုးမျိုး မကြုံပါစေနဲ့တော့ " လို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ မဟာလေးထပ်ကျောင်းတိုက်ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

😢43❤6🔥3🤬1🖕1
Media is too big
VIEW IN TELEGRAM
ကသာမြို့ကဗုံးကြဲခံရတဲ့ကျောင်းကို ကျောင်းထိုင်ဆရာတော် လိုက်လံကြည့်ရှု
😢52🙏4❤2🤣1
အိမ်မဲမြို့က ဆိုင်ကယ်ပစ္စည်းဆိုင်မီးလောင်မှု နှစ်ထပ်တိုက် ၂လုံးဆုံးရှုံး
မတ်-၂၉၊၂၀၂၆။တေဇ/People's Spring
ဧရာဝတီတိုင်း၊ အိမ်မဲမြို့မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပြီး နှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဆိုင်ကယ်နဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မှာလောင်တာမိုလို့ ဘတ္ထရီအိုးတွေပေါက်တာပါ။နှစ်ထပ်တိုက်နှစ်လုံးတော့ပါသွားတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၂၈ ရက် ည ၈ နာရီကျော်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲသံတွေလည်းကြားရတာကို မီးလောင်မှု ဗီဒီယိုဖိုင်မှာတွေ့မြင်ရပါတယ်။
"ဧရာဝတီတိုင်းအိမ်မဲမြို့မှာဖြစ်သွားတာဘက်ထရီအိုးတွေချည်းသိန်း၄၀၀၀ဖိုးလောက်ပေါက်ကွဲကုန်တာ" လို့ Views of Pathein ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှာ မီးလောင်မှုဗီဒီယိုဖိုင်နဲ့အတူ ရေးသားထားပါတယ်။
မီးလောင်မှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ လူထုနွေဦးအနေနဲ့ သီးသန့်အတည်ပြုနိုင်တာမရှိပါဘူး။
မီးသတ်တပ်ဖွဲ့ကတော့ မီးလောင်မှုကို ၁နာရီခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
(အိမ်မဲမြို့မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင် မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ − MFSD)

😢18😱5🤣2❤1👎1
မြောက်ဒဂုံမှာ ဆီတန်းစီတဲ့ အမျိုးသားတစ်ဦး
မူးလဲ
■စက်သုံးဆီဝယ်ယူဖို့တန်းစီရင် အပူရှပ်သူ၊သတိလစ်သူများလာ
မတ်-၂၉၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။
မတ်လ၂၉ ရက်နေ့လည်ပိုင်းမှာဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘုရင့်နောင် လမ်းမပေါ်က Denko ဆီဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲခဲ့တာ ဖြစ်ပါတယ်။
"လိုအပ်သည့်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ပေးပြီး မိသားစုနှင့် ဆက်သွယ်ကာနီးစပ်ရာ ပင်လုံဆေးရုံသို့ ပို့ဆောင်ကူညီ မှု့ပြုခဲ့ပါသည်"လို့ အထက်ပါအသင်းက ထုတ်ပြန်ထားပါတယ်။
ရာသီဥတုပူပြင်းချိန်မှာ ဆီတန်းစီရတာကြောင့် ရန်ကုန်အပါအဝင် မြို့နယ်တော်တော်များများမှာ မူးလဲတာတွေ နဲ့ သေဆုံးမှုဖြစ်တာတွေအထိ ဖြစ်နေတာပါ။
စစ်ကောင်စီက စက်သုံးဆီအခက်အခဲကြောင့် ဆီကို သတ်မှတ်ချက်တွေ အမျိုးမျိုးထုတ်ပြန်ပြီး ရောင်းချနေတာကြောင့် ပြည်သူတွေကြားမှာ အဆင်မပြေမှုတွေကြုံနေကြရတာပါ။
စက်သုံးဆီရရှိဖို့အတွက် ယာဉ်ပိုင်ရှင်တွေက ဆီဆိုင်တွေမှာ ညဘက်ကတည်းက တန်းစီနေကြရပြီး နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြရတာပါ။ဒါအပြင် ယခုနှစ်နွေရာသီဟာ အပူချိန်ပြင်းထန်လာတာကြောင့် ဆီဝယ်ဖို့တန်းစီရင် မူးလဲမှုတွေဒေသအနှံမှာ မကြာခဏဖြစ်လာပါတယ် ။
"အပူချိန်မြင့်တက်သည့် ကာလလည်းဖြစ် အိပ်
ရေးပျက်ခြင်းလည်းများကြသည့်အတွက် အိမ်မှ ဆီတန်းစီရန်စထွက်သည်နှင့် လိုအပ်သည့် ဆေး
ဝါးပစ္စည်းများ၊ဓာတ်ဆားထုပ်များ၊ရေဘူး၊ရှုဆေးဘူးများကို မိမိနှင့်အတူယူဆောင်သွားပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်ပါကမိသားစုနှင့် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်အား မြင်သာသည့်နေရာတွင် ရေးသားထားခြင်းများ ပြုလုပ်သင့်သလို နီးစပ်ရာ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များကို မှတ်သားထားသင့်ပါကြောင်းသတိပေးနှိုးဆော်အပ်ပါသည်" လို့ အေး
ချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက အကြံပြုထားပါတယ်။
အထက်ပါဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒီရက်မှာ စက်သုံးဆီတန်းစီသူတွေကို ပရဟိတအသင်းတွေ နဲ့ နီးစပ်ရာ ပြည်သူတွေက ရေအလှူ၊ အအေးအလှူ ပေးနေကြတာကိုလည်း တွေ့မြင်ရပါတယ်။
မတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပိုင်းက ဆီဆိုင်တစ်ဆိုင်မှာ နာရီနဲ့ချီပြီး ဆိုင်ကယ်ဆီဝယ်ယူခွင့်ရဖို့ တန်းစီခဲ့တဲ့ (၆၁)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ ညနေ ၄နာရီခွဲလောက်မှာ အိမ်ပြန်ရောက်ချိန် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၅ရက် မနက် ၁၀နာရီကျော်ကလည်း တနင်္သာရီတိုင်းထားဝယ်မြို့မှာ စက်သုံးဆီဝယ်ဖို့ တန်းစီရင်း အသက်(၈၀)ကျော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မူးလဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင်မတ်လ၂၆ရက်ကလည်းရန်ကုန်မြို့၊ကမ္ဘာ
အေးဘုရားလမ်းမပေါ် ဟာမစ်တစ်မှတ်တိုင်အနီးမှာ အဆိုတော် ပက်ထရစ်တင်ထွန်းဆိုသူဟာ ဆီတန်းစီရင်း သူမောင်းလာတဲ့ တက္ကစီယာဥ်ပေါ်မှာပဲ သတိလစ် ကွယ်လွန်ခဲ့ပါသေးတယ်။

😢29❤2🔥2🤣2😱1
"ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ"ကြွေးကြော်သံနဲ့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ
မတ်-၂၉၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီကနေ့ (မတ်လ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူအခြေပြုကျောင်းတစ်ကျောင်းမှာ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲပြုလုပ်ကာ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဒေသအတွင်းရှိပြည်သူတွေကို စာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။
မြောင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" နဲ့ "ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ပါဝင်တဲ့ ပန်းဖလက်ကို ဖြန့်ဝေခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုအဖွဲ့ဝင်ကျောင်းသား/သူ လူငယ်တွေနဲ့ တော်လှန်ကျောင်းသူ/သား လူငယ်တွေ တွေ့ဆုံပီး လူငယ်တွေရဲ့ အခွင့်အလမ်းအတွက် အမြင် ဗဟုသုတဖလှယ်ခြင်းနဲ့ သပိတ်လူထုလှုပ်ရှားမှုအကြောင်း မိတ်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤26👍17👏2🤮2🥰1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်၊ GSCB
❤22👍14👏2🤮2🥰1