■အတွေးအမြင်
သဘာဝဘေး နဲ့ အာဏာရှင်
ဒီပ/People's Spring
ကံဆိုးချင်တော့ စစ်အာဏာရှင် ၂ ဦးအောက်မှာ ဖျက်အားကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကြီး နှစ်ခုကို ကျွန်တော်တို့ကြုံခဲ့ရတယ် ။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နဲ့ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးပါ ။
ဒီဘေး နှစ်ခုမှာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိလိုက်ရတာက အာဏာရှင်တွေဟာ သူတို့အာဏာလက်မလွတ်ရရေးပဲ ဂရုစိုက်ပြီး ပြည်သူတွေရဲ့ အသက်ကို ပရွက်ဆိပ်လောက်တောင် တန်ဖိုးမထားဖူးဆိုတာကိုပါ ။
၂၀၀၈ မေလ ၂ ရက် ၊၃ ရက်မှတိုက်ခတ်ခဲ့တဲ့
နာဂစ်ဆိုင်ကလုန်းမုန်းတိုင်းကို စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မိုးဇလကညွန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က မုန်တိုင်းကြီးဖြစ်လာပြီးမြန်မာနိုင်ငံဦးတည်တိုက်ခတ်နိုင်တာကို အသိပေး ပေမယ့် ပြည်သူတွေသိအောင်ကြိုတင်ထုတ်ပြန်ခွင့်မပေးခဲ့ပါဘူး ။ မုန်တိုင်းလာမှာကိုတောင်ကြိုတင်ကြေညာအသိပေးခွင့်မပြုတာမို့ ကြိုတင်ကာကွယ်ရေးဆိုတာက ဝေလာဝေးပါ။အဲဒီအချိန်မှာ စစ်အုပ်စုရဲ့ ဦးစားပေးက စစ်တပ်စိတ်တိုင်း
ကျ ရေးဆွဲထားတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဟန်ပြလူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုဖို့ပဲဖြစ်ပါတယ် ။
တစ်နာရီလေတိုက်နှုန်း မိုင် ၁၀၀ ကျော်နှုန်းနဲ့တိုက်ခတ်ခဲ့တဲ့မုန်တိုင်းနဲ့ မုန်တိုင်းဒီရေတွေကြောင့်
ပြည်သူတစ်သိန်းကျော်သေဆုံးပြီး သန်းပေါင်းများစွာဘဝတွေပျက်ခဲ့ရပါတယ် ။ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတကာအကူအညီတွေကို အချိန်မီခွင့်မပြုတာကြောင့် ပြည်သူတွေရဲ့ အဖိုးတန်အသက်တွေ ပိုဆုံးရှုံးခဲ့ရပါတယ် ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်ချုပ်ရာထူးပေးခဲ့တဲ့
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ၂၀၂၅ မတ် ၂၈ ရက်မှာလှူပ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ သူ့ရဲ့အစွမ်းအစကိုထပြပါတယ် ။ သူ့အစွမ်းအစ ဆိုတာဘာမှမလုပ်တက်တာပါ ။ စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရရှိရာ နေပြည်တော်အပါအဝင် မန္တလေး၊စစ်ကိုင်းမြို့တွေမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ကြီးမားလွန်းလှတဲ့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာတဲ့အခါ
အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ပြည်သူတွေကို အချိန်မီကယ်တင်ဖို့ ဘာမှမစီမံပေးနိုင်ခဲ့ပါဘူး။ဒါကြောင့် မီးသတ်တပ်ဖွဲ့တွေ ၊လူမှုကူညီရေးအသင်းတွေ ၊ပြည်သူတွေဟာရှိတဲ့ ပစ္စည်းကရိယာတွေနဲ့ အဆောက်အအုံတွေအောက်က ပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့်အနည်းငယ်ကိုသာကယ်တင်နိုင်ခဲ့ပါတယ်။
ကြီးမားတဲ့သဘာဝဘေးတွေနဲ့ကြုံရင် နိုင်ငံတကာမှာစစ်တပ်ကထွက်လာပြီး ကူညီပေမယ့် မင်းအောင်လှိုင်က စစ်သားတွေကို ကူညီခွင့်မပေးပါဘူး ။ ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကနောင်ချိုမြို့၊စစ်ကိုု်းတိုင်းနဲ့ ကရင်နီပြည်တွေကိုပါ ဗုံးသွားကြဲခိုင်းခဲ့ပါသေးတယ် ။
မင်းအောင်လှိုင်က ဆရာထက်သာတာတစ်ခုက နိုင်ငံတကာအကူအညီတွေလာပေးကြဖို့ သန်းရွှေထက်စောစော အကူအညီတောင်းတာတစ်ခုပါ ။ဒါပေမယ့်ကယ်ဆယ်ရေးအဖွဲ့အများစုကို စစ်အုပ်စုကနေပြည်တော်ကို ဦးစားပေးလုပ်ခိုင်းသလို စစ်ကိုင်းကိုကျော်ပြီးသွားရောက်ကူညီခွင့်မပေးပဲ အကန့်အသတ်မျိုးစုံကြားကလုပ်ခွင့်ပေးခဲ့တာပါ။ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီကြပေမယ့် အချိန်နှောင်းခဲ့တာကြောင်းတိုက်အောက်တွေမှာပိတ်မိနေတဲ့ ပြည်သူအနည်းငယ်ကိုပဲကယ်တင်နိုင်ခဲ့တာပါ။
စစ်တပ်က စစ်ကိုင်းငလျင်မှာ အာရုံစိုက်ပြီးလုပ်ခဲ့တာက အာဏာသိမ်းမှုကြောင့်နိုင်ငံတကာကဖယ်ကျဥ်ထားတဲ့အခြေအနေမှာ မြေငလျင်ကိုအကြောင်းပြုပြီး စစ်အုပ်စုကို ထိတွေ့ဆက်ဆံလာဖို့ နိုင်ငံရေးအရ အမြတ်ထုတ်တာရယ် ၊ နိုင်ငံတကာကအကူအညီတွေကို စစ်အုပ်စုအတွက် ရသလောက်ယူဖို့ရယ် ၊ငလျင်ကြောင့်သေဆုံးဒဏ်ရာရသူအရေအတွက်တွေကို လိမ်လည်ဖို့ရယ်ကိုပဲအထူးအာရုံစိုက်လုပ်ခဲ့တာတွေ့ခဲ့ရပါတယ် ။
စစ်အုပ်စုနဲ့ စစ်တပ်ထောက်ခံသူတွေ ကတော့မြေငလျင်ကြီးက ဖျက်အားပြင်းလို့ လူသေဆုံးပျက်စီးမှုများခဲ့တာ စစ်ကောင်စီမှာ အပြစ်မရှိဘူးလို့ ခုခံကြပါတယ် ။အဲလိုမြင်နေရင် အခုပြောပြမှာကို စက္ကန့်နည်းနည်းပေးဆက်ဖတ်ပေးပါ။
မြေငလျင်က ဘယ်တော့လှုပ်မယ်ဆိုတာကြိုမသိပေမယ့် စစ်ကိုင်းငလျင်ကြောပေါ်ဖင်ခွထိုင်ထားတဲ့မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေလှုပ်လာနိုင်တယ်ဆိုတာ နှစ်ပေါင်းများစွာကတည်းကကြိုတင်သတိပေးခဲ့ကြပါတယ် ။ စစ်ကိုင်းပြတ်ရွေ့ကိုစတွေ့ခဲ့တဲ့ဒေါက်တာဝင်းဆွေ ကစပြီး ၊ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၊အထပ်မြင့်အဆောက်အအုံပညာရှင် ဦးသန်းမြင့်၊ ငလျင်ပညာရှင် ဦးစိုးသူရထွန်း ၊ဒေါက်တာမျိုးသန့် စတဲ့ပညာရှင်တွေက အစောကြီးကတည်းကကြိုတင်သတိပေးခဲ့ကြပါတယ်။ ဒါကြောင့် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာ မြေငလျင်ကြိုတင်ကာကွယ်ရေးမူဝါဒတွေရော၊ အစီအမံတွေရော၊ ရုပ်ဝတ္ထုပြင်ဆင်မှုတွေရောကို စနစ်တကျလုပ်ခဲ့တာပါ ။ကျွန်တော့ကိုအကြီးအကျယ်ဒေါသထွက်စေတာက မင်းအောင်လှိုင်က အာဏာသိမ်းပြီး ငလျင်ကြိုတင်ကာကွယ်ရေးအစီအမံအားလုံးကိုဖျက်ဆီးပစ်တာပါ။

❤19👍15🤮1
အရပ်သားအစိုးရလက်ထက်မှာ အမျိုးသားအ
ဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးစီမံချက်ကို ၂၀၁၇ ခုနှစ်ကစတင်ရေးဆွဲပြုစုပြီး ၂၀၁၉ မှာ မူဝါဒထုတ်ပြန်ခဲ့ပါတယ်။ မြေငလျင်ဘေးကြီးကြုံလာရင် အဖိုးတန်လူ့အသက်တွေပျက်စီးဆုံးရှုံးမှူနည်းပါးအောင် ဘယ်လိုတုံ့
ပြန်မလဲ ၊ဘယ်လိုပညာပေးမလဲ၊ဘယ်လို ကြိုတင်
လေ့ကျင့်မလဲစတာတွေအသေးစိပ်ပါဝင်ပါတယ် ။
ငလျင်ကြီး လှုပ်ပြီးရင် ပထမဆုံး ၂၄ နာရီ ဘယ်
လို အသက်တွေကယ်မလဲ ၊ ပထမဆုံး ၇၂ နာရီဘယ်လိုလုပ်မလဲ ၊ပထမဆုံး ၇ ရက်ကို ဘယ်လိုတုံ့ပြန်ပြီး ပြည်သူ့အသက်တွေကယ်တင်မလဲဆိုတာအသေးစိပ်ပါဝင်တာပါ။
ပြီးတော့ဒါတွေဟာ စာရွက်ပေါ်က စီမံချက်တွေမဟုတ်ပဲ လက်တွေ့ဇာတ်တိုက်လေ့ကျင့်တာ၊ပြည်သူတွေကို ပညာပေးတဲ့ အဆင့်ထိရောက်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့်စစ်ခေါင်းဆောင်တွေအာဏာ
သိမ်းပြီးနောက်မှာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်မဲ့ အစီအမံတွေ၊ အရင်းအမြစ်တွေမှာ အမှိုက်ပုံးထဲရောက်ကုန်ပါတော့တယ် ။
ဒါအပြင်ရွေးကောက်ခံအရပ်သားအစိုးရကသဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်သမိုင်းတလျှောက်ပထမဆုံးအကြိမ်ခေတ်မီကယ်ဆယ်ရေး ရဟတ်ယာဥ်တစ်စီးဝယ်ပေးခဲ့ပါတယ်။ သဘာဝဘေးအရေးပေါ်ကယ်ဆယ်ရေးရဟတ်ယာဥ်ကို စစ်အုပ်စုကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုပုဒ်မတပ်ပြီး တရားစွဲဖို့အသုံးပြုခဲ့ပါတယ်။ ပြည်သူ့အတွက်ဝယ်ထားတဲ့ ရဟတ်ယာဥ်ကိုစစ်အုပ်စုကသိမ်းယူသွားပါတယ် ။ ၂၀၂၄ စက်တင်ဘာလမှာ ရေကြီးတုန်းကရော ၊အခု စစ်ကိုင်းငလျင်ဘေးမှာရော အဲဒီရဟတ်ယာဥ်ဟာပေါ်မလာပဲပျောက်သွားပါတယ် ။
အလားတူ အရပ်သားအစိုးရက သဘာဝဘေး
အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်ရံပုံငွေ ကျပ်ဘီလီယံ ၄၀၀ ကျော်လျာထားခဲ့ပါတယ် ။ စစ်ကောင်စီက ဒီငွေတွေထဲကကျန်ငွေတွအားလုံးကိုသိမ်းယူပြီးစစ်တပ်နဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေ ၊ တိုင်းနဲ့ပြည်နယ်ကစစ်ကောင်စီ အဖွဲ့ဝင်တွေကို ခွဲဝေပေးခဲ့ပါတယ်။
ပိုဆိုးတာကတော့၂၀၂၄ စက်တင်ဘာလရေဘေးမှာရော ၊ ငလျင်ဘေးမှာပါ စစ်တပ်ရဲ့ ရဟတ်ယာဥ် ၊လေယာဥ်တွေကို အသုံးပြုပြီး ပြည်သူ့အသက်ကယ်တာ ဟန်ဆောင်ပန်ဆောင်တောင် တကြိမ်မှမရှိခဲ့ပါဘူး ။
ဒါကြောင့်အချိန်မီကယ်တင်နိုင်ရင် အသက်ရှင်လွတ်မြောက်နိုင်မယ့် အဖိုးတန်လူအသက်များစွာသေဆုံးခဲ့ရပါတယ် ။အရေးပေါ်ကယ်ဆယ်ရေးတူတူတူတန်တန်မလုပ်သလို ၊ပြန်လည်ထူထောင်ရေးကိုရောလုပ်လားဆိုတော့ ငလျင်သင့်ပြည်သူတွေက နိုင်ငံတကာကပေးတယ်ဆိုတဲ့အကူအညီတွေဘယ်ရောက်ကုန်လဲဆိုတာကိုသိချင်နေကြတာပါ ။
ငလျင်သင့်ပြည်သူအများစုဟာ ပြန်လည်ထူထောင်ရေးကို ကိုယ့်အားကိုယ်ကိုးလုပ်ခဲ့ရတာပါ။တချို့ ပြန်လည်ထူထောင်ရေးမလုပ်နိုင်သူအများအပြားလည်းရှိနေဆဲဖြစ်ပါတယ်။
စစ်ကိုင်းငလျင်မှာ လက်တွေ့ထိထိရောက်ရောက်မကူညီပဲ နိုင်ငံရေးအမြတ်ထုတ်၊ အကူအညီပစ္စည်းတွေကို မောင်ပိုင်းစီးခဲ့တဲ့ စစ်တပ် နဲ့ မြန်မာနိုင်ငံမှာ ပုံရိပ်မကောင်းလို့ ငလျင်ကူညီတယ်ဆိုပြီး ပီအာလုပ်ခဲ့တဲ့တရုတ်အစိုးရတို့လောက်သာ အမြတ်ထွက်ခဲ့တာပါ ။
ဒါကြောင့်စစ်အာဏာရှင်တွေဟာ ပြည်သူတွေကိုတန်ဖိုးမထားပဲ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဦးစားပေးတာမို့ အနာဂါတ်မှာကြုံလာမယ့် သဘာဝဘေးအန္တရာယ်တွေကို အကောင်းဆုံးကြိုတင်ကာကွယ်ဆိုရင်တော့ လုပ်ရမယ့်အလုပ်ကအရမ်းထင်သာမြင်သာရှိလှပါတယ်။ အဲတာကတော့ စစ်အာဏာရှင်တွေကိုဖြုတ်ချပြီး ပြည်သူကိုတန်ဖိုးထားတဲ့ရွေးကောက်ခံအစိုးရ ကိုရွေးချယ်တင်မြှောက်ကြဖို့ပဲဖြစ်ပါတယ် ။
အဲလိုမှမဟုတ်ပဲ ခင်ဗျားက အာဏာရှင်တွေအောက်မှာသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကိုထိထိရောက်ရောက်လုပ်နိုင်မယ်လို့စိတ်ကူးနေရင်တော့ အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာမယူတက်တဲ့ မိုက်မဲသူပဲဖြစ်ပါလိမ့်မယ်။ဘာကြောင့် ဒီလိုပြောရလဲဆိုရင် အာဏာရှင်တွေက ပြည်သူတွေကို ဘယ်တော့မှ တန်ဖိုးထားတဲ့သူတွေမဟုတ်တာကြောင့်ဖြစ်ပါတယ် ။ ။

👍24❤6🤮1
ဖားကန့်မှာမိုးသက်လေပြင်းကျ နေအိမ်တွေ ပျက်စီး
မတ်-၂၈၊၂၀၂၆။ဇော်ရမ်း/People's Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ ညနေပိုင်း
က မိုးကြီးပြီးလေပြင်းကျလို့ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။
မတ်လ ၂၈ရက်ညနေ ၄နာရီခန့်ကစတင်ပြီး ဆိုင်းတောင်ကျေးရွာအပါအဝင် ဖားကန့်မြို့အနီးမှာ မိုးကြီးပြီးလေပြင်းကျတာပါ။
"အပျက်အစီးတွေအရမ်းများတယ်။မိုးလည်းသည်းတယ်။ လေလည်းပြင်းတယ်။ တနေကုန်နေပူပြီးမှ ဖြစ်တာ။ တခါတည်း ရှင်းလင်းရေးလုပ်နေတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေအိမ်ပျက်စီးမှုတွေရှိပြီး အသေးစိတ်စာရင်းကို မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ရန်ကုန်နဲ့ တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ ကချင်
ပြည်နယ်နဲ့ နေပြည်တော်မှာ မိုးသက်လေပြင်းကျပြီး မိုးသီးတွေလည်းကြွေလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
နိုင်ငံအနှံ့မှာနွေရာသီကာလ လေထုမတည်ငြိမ်နဲ့ဖြစ်စဥ်ကြောင့် နေရာကွက်မိုးကြီးတာတွေ၊ လေ
ပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေတာတွေဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သတိပေးချက်တွေရှိနေပါတယ်။

😱16😢12👍5😁2
ကျဆုံးခဲ့ရသူတွေကိုအောက်မေ့ပြီး တော်လှန်ရေးပန်းတိုင်အတွက် ပံ့ပိုးကြဖို့ ၊ ညီညွတ်ရေးကြိုးပမ်းဖို့ CDF-KKGတိုက်တွန်း
▪️နွေဦးပြည်သူ့တော်လှန်ရေး (၅)နှစ်အတွင်း CDF-KKG ရဲဘော် ၉၂ဦး ကျဆုံး၊ ၂၀၀ကျော် ဒဏ်ရာရ
မတ်-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူများအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။
မတ်လ ၁၁ရက်ကနေ ၁၃ရက်အထိ ကျင်းပခဲ့တဲ့ CDF-KKG ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံအပြီး ကြေညာချက်မှာ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်ဖို့ ပြည်သူတွေ တော်လှန်ရေးမှာ ပိုမိုပါဝင်ဖို့ အခုလို နှိုးဆော်ခဲ့တာပါ။
" ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ အရွယ် ရောက်ပြီးသူအားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် မိမိတို့ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးကြီး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ စစ်မှုထမ်းတာဝန်၌ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း နှိုးဆော်ပါသည်"လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် CDF-KKGအနေနဲ့ တော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးကို အစဉ်လိုလားကြောင်း ဖော်ပြပါတယ်။
တော်လှန်ရေးအင်အားစု အချင်းအချင်းအကြား သဘောထား ကွဲလွဲမှုနဲ့ သွေးထွက်သံယိုဖြစ်မှုများကို လုံးဝ မလိုလားကြောင်း ထုတ်ပြန်ခဲ့ပြီး ဘုံရန်သူကို တိုက်ဖျက်အောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်ရေး ကြိုးပမ်း ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းထားပါတယ်။
CDF-KKGဟာ နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်ခဲ့ပြီး နောင်မှာလည်း ဘုံရည်မှန်းချက်တူတဲ့ အင်အားစုအားလုံးနဲ့ ချိတ်ဆက်လက်တွဲဖို့ အမြဲအဆင်သင့်ရှိတယ်လို့ အသိပေးပါတယ်။
တော်လှန်ရေး (၅)နှစ်တာအတွင်း CDF-KKG ရဲဘော် ထိခိုက်ကျဆုံးခဲ့ရမှု အခြေအနေတွေကိုလည်း အသိပေးဖော်ပြထားပါတယ်။၅ နှစ်တာ ကာလအတွင်းတွင် CDF-KKG မှ ရဲဘော်ရဲမေ (၉၂) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ စုစုပေါင်း ၂၀၀ ကျော်ပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
" တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြ ကုန်သော အာဇာနည် အပေါင်းကို အစဉ်အောက့်မေ့လျက် ဂုဏ်ပြုဦးညွတ်အလေးပြုပါ ကြောင်း ဖော်ပြအပ်ပါသည်” လို့ CDF-KKGက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် အမည်ခံ အစိုးရ ဖွဲ့စည်းတာ၊ နိုင်ငံတကာနဲ့ ပြည်တွင်းမျက်နှာစာမှာ တရားဝင်မှု ရရေး မသမာမှု နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေတာတွေစတဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်မှု မှန်သမျှတရားဝင်မှု မရှိတဲ့ အပြင် လူထုဆန္ဒနဲ့ ဆန့်ကျင်ကြောင်း ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှုမှန်သမျှကို CDF-KKG မှ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
အခု ကျင်းပခဲ့တဲ့ CDF-KKG ညီလာခံမှာ ဗဟိုကော်မတီဝင် များ၊ တပ်ရင်း (၇)ရင်းမှ ကိုယ်စားလှယ်များ၊ ရပ်ရွာလူထုကိုယ်စားပြု ကိုယ်စားလှယ်များနဲ့ လေ့လာသူများ တက် ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
CDF-KKG တပ်ဖွဲ့ဟာ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းလူမျိုးများ အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ရည်ရွယ်ပြီး ၂၀၂၁ ဇူလိုင် ၁ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကလေး-ကဘော်-ဂန့်ဂေါ ဒေသ မှာ အခြေပြု လှုပ်ရှား နေတာဖြစ်သလို အခြားဒေသ တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲပေါင်း ရာချီ ပါဝင်ခဲ့ပြီး စခန်းသိမ်းအောင်မြင်မှုတွေလည်းရရှိထားပါတယ်။ ကလေး-ကဘော်-ဂန့်ဂေါဒေသ လွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံး စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ပြီး ပြည်သူလူထု တရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

❤25👍19🫡3🥰1🤮1
(ချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF-KKG)
❤22👍5🫡3🥰1🤮1
“မနေ့ကဘာဖြစ်ခဲ့လဲ”
မနေ့က(မတ်လ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်ကိုင်းပြတ်ရွေ့သဘာ၀အရ နောက်ဆက်တွဲ ဘေးအန္တရာယ်သတိပြု နေထိုင်ဖို့ အပြန်အလှန် ဖေးမစောင့်ရှောက်ဖို့ NUG မေတ္တာရပ်ခံ
စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။ လူဦးရေ ထောင်ချီအသက်ဆုံးရှုံးခဲ့ရတဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင် တနှစ်ပြည့် ကြေညာချက်မှာ အခုလို မေတ္တာရပ်ခံခဲ့တာပါ။ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်သူများအားလုံးနဲ့အတူ ထပ်တူထပ်မျှ အထူး ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြပါတယ်။တဖက်မှာ စစ်အုပ်စုအနေနဲ့ ငလျင်ဘေးကြုံနေရချိန်မှာပင် လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ ဘေးသင့်ပြည်သူတွေ ဒုက္ခနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ နိုင်ငံတကာက ပေးပို့တဲ့ ရှာဖွေကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း၊ ဘေးသင့်ပြည်သူများအပေါ် ခွဲခြား ဖယ်ကြဉ်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ဒုက္ခရောက် ခဲ့ရကြောင်း ဖော်ပြပါတယ်။
◾️ငလျင်ဘေးသင့်ပြည်သူတွေ လောင်စာဆီနဲ့ စားနပ်ရိက္ခာပြတ်တောက်မှုဒဏ်တွေပါ ထပ်ဆင့်ခံစားနေရ
စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။ WFPရဲ့ နောက်ဆုံးစောင့်ကြည့်ချက်အရ စစ်ကိုင်းငလျင်ကြီးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက မိသားစုတွေဟာ အခြေအနေ ပြန်ကောင်းဖို့ ကြိုးစားနေရတုန်းပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေမှာ အိမ်ထောင်စု ခြောက်ခုမှာ တစ်စုက စားနပ်ရိက္ခာ အခက်အခဲကို အပြင်းအထန် ရင်ဆိုင်နေရသလို တနေ့စာ တနေ့ ဖြေရှင်းနေရပြီး နောက်ထပ် ဘယ်လို အခက်အခဲမျိုးကိုမှ ထပ်ပြီးတောင့်ခံနိုင်စွမ်းမရှိတော့ပါဘူးလို့ ဖော်ပြပါတယ်။ ငလျင်ဒဏ်ကနေ အနိုင်နိုင် ပြန်ရုန်းထနေရတဲ့ သူတွေဟာ အခု ကမ္ဘာ့အခြေအနေတွေကြောင့် နောက်ထပ် ရိုက်ခတ်မှုတစ်ခုကို အဆိုးရွားဆုံး အချိန်မှာ ထပ်ကြုံနေရတာလို့ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ဒန်ဖို့က ပြောပါတယ်။
◾️မြ၀တီဒေသမှာ ရာမတီးအမည်နဲ့ မြို့နယ်သစ်တစ်ခု KNU တိုးချဲ့ဖွဲ့စည်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေမှာ မြို့နယ်အသစ်တခု ထပ်မံဖွဲ့စည်းလိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အမည်ကို ရာမတီးမြို့နယ်လို့ အမည်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။ KNU အနေနဲ့ ခရိုင် ၇ခု၊ တပ်မဟာ ၇ခု ရှိပြီး ခရိုင်တွေမှာ မြို့နယ်တွေ ဖွဲ့စည်းထားပါတယ်။ KNU ရဲ့ အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြို့နယ်တွေကိုလည်း သီးခြားအမည်ပေး ဖွဲ့စည်းထားတာပါ။ KNU ဒူးပလာယာခရိုင်မှာဆိုရင် အရင်က ဝင်းရေးမြို့နယ်၊ နို့တကောမြို့နယ်၊ ကျုံဒိုးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်စတဲ့ မြို့နယ်လေးခုရှိပြီး အခု ရာမတီးအမည်နဲ့ မြို့နယ်ထပ်တိုးဖွဲ့စည်းခဲ့တာပါ။ အခု မြို့နယ်အသစ်စုဖွဲ့မှုမှာ ပါဝင်တဲ့ဒေသတွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ဒေသတွေ ပါဝင်ပါတယ်။ ရာမတီး မြို့နယ် ပထမအကြိမ် ကွန်ကရက်မှာ ကိုယ်စားလှယ် ၁၉၅ဦး ပါဝင် ရွေးကောက်ခံခဲ့ရာ မြို့နယ်အမြဲတမ်း ကော်မတီဝင် ၃၁ဦး ရွေးကောက်တင်မြှောက်ခံရပြီး အဲဒီထဲကမှ ဥက္ကဋ္ဌအဖြစ် ပဒိုစောဖာတယား ၊ ဒုဥက္ကဋ္ဌအဖြစ် ဒု-ဗိုလ်မှူးကြီး စောကိုကို (ခ)စောဒါဘော အတွင်းရေးမှူးအဖြစ် ပဒိုစောဟဲခု၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုနော်အဲ့ထူးစေ တို့ တာဝန်ယူကာ တရားသူကြီးမှာ ပဒိုစောအဲ့ကော်သော ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
◾️ထိုင်း-မြန်မာနယ်စပ်အနီးက ဖလူးကြီးရွာ ဗုံးကြဲခံရပြီး မီးလောင်
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း က ဖလူးကြီးကျေးရွာ ကို စစ်ကောင်စီတပ်က ဒီနေ့ (မတ်လ ၂၈ ရက် ) နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် နေအိမ် ၁၀လုံးကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ ဒီနေ့ နေ့လယ်် ၁၂ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဖလူးကြီးကျေးရွာ၊ အမှတ်(၂)ရပ်ကွက် ဘောလုံးကွင်းအနောက်ဘက်ခြမ်းက နေအိမ် ၁၅ လုံးခန့် မီးလောင်သွားပြီး လူသူထိခိုက်မှု မရှိဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ မြ၀တီမြို့တောင်ဘက်မှာရှိတဲ့ ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား

❤14🤮3