People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍30🔥2
■အ​တွေးအမြင်

သဘာဝ​ဘေး နဲ့ အာဏာရှင်

ဒီပ/People's Spring

ကံဆိုးချင်​တော့ စစ်အာဏာရှင် ၂ ဦး​အောက်မှာ ဖျက်အားကြီးမားတဲ့သဘာဝ​ဘေးအန္တရာယ်ကြီး နှစ်ခုကို ကျွန်​တော်တို့ကြုံခဲ့ရတယ် ။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နဲ့ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးပါ ။

ဒီ​ဘေး နှစ်ခုမှာ ကျွန်​တော်တို့ ရှင်းရှင်းလင်းလင်းသိလိုက်ရတာက အာဏာရှင်​တွေဟာ သူတို့အာဏာလက်မလွတ်ရ​ရေးပဲ ဂရုစိုက်ပြီး ပြည်သူ​တွေရဲ့ အသက်ကို ပရွက်ဆိပ်​လောက်​တောင် တန်ဖိုးမထားဖူးဆိုတာကိုပါ ။

၂၀၀၈ ​မေလ ၂ ရက် ၊၃ ရက်မှတိုက်ခတ်ခဲ့တဲ့
နာဂစ်ဆိုင်ကလုန်းမုန်းတိုင်းကို စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေဟာ မိုးဇလကညွန်ကြား​ရေးမှူးချုပ် ဦးထွန်းလွင်က မုန်တိုင်းကြီးဖြစ်လာပြီးမြန်မာနိုင်ငံဦးတည်တိုက်ခတ်နိုင်တာကို အသိ​ပေး ​ပေမယ့် ပြည်သူ​တွေသိ​အောင်ကြိုတင်ထုတ်ပြန်ခွင့်မ​ပေးခဲ့ပါဘူး ။ မုန်တိုင်းလာမှာကို​တောင်​ကြိုတင်​ကြေညာအသိ​ပေးခွင့်မပြုတာမို့ ကြိုတင်ကာကွယ်​ရေးဆိုတာက ​ဝေလာ​ဝေးပါ။အဲဒီအချိန်မှာ စစ်အုပ်စုရဲ့ ဦးစား​ပေးက စစ်တပ်စိတ်တိုင်း
ကျ ​ရေးဆွဲထားတဲ့၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ဟန်ပြလူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုဖို့ပဲဖြစ်ပါတယ် ။

တစ်နာရီ​လေတိုက်နှုန်း မိုင် ၁၀၀ ​ကျော်နှုန်းနဲ့တိုက်ခတ်ခဲ့တဲ့မုန်တိုင်းနဲ့ မုန်တိုင်းဒီ​ရေ​တွေ​ကြောင့်
ပြည်သူတစ်သိန်း​ကျော်​သေဆုံးပြီး သန်း​ပေါင်းများစွာဘဝ​တွေပျက်ခဲ့ရပါတယ် ။ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေက နိုင်ငံတကာအကူအညီ​တွေကို အချိန်မီခွင့်မပြုတာ​ကြောင့် ပြည်သူ​တွေရဲ့ အဖိုးတန်အသက်​တွေ ပိုဆုံးရှုံးခဲ့ရပါတယ် ။

ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ တပ်ချုပ်ရာထူး​ပေးခဲ့တဲ့
အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကလည်း ၂၀၂၅ မတ် ၂၈ ရက်မှာလှူပ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ သူ့ရဲ့အစွမ်းအစကိုထပြပါတယ် ။ သူ့အစွမ်းအစ ဆိုတာဘာမှမလုပ်တက်တာပါ ။ စစ်တပ်ရဲ့ အုပ်ချုပ်​ရေးယန္တရား​တွေ ရရှိရာ ​နေပြည်​တော်အပါအဝင် မန္တ​လေး၊စစ်ကိုင်းမြို့​တွေမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ကြီးမားလွန်းလှတဲ့ ပျက်စီးဆုံးရှုံးမှု​တွေဖြစ်လာတဲ့အခါ
အပျက်အစီးပုံ​တွေ​​အောက်မှာ ပိတ်မိ​နေတဲ့ပြည်သူ​တွေကို အချိန်မီကယ်တင်ဖို့ ဘာမှမစီမံ​ပေးနိုင်ခဲ့ပါဘူး။ဒါ​ကြောင့် မီးသတ်တပ်ဖွဲ့​တွေ ၊လူမှုကူညီ​ရေးအသင်း​တွေ ၊ပြည်သူ​တွေဟာရှိတဲ့ ပစ္စည်းကရိယာ​တွေနဲ့ အ​ဆောက်အအုံ​တွေ​အောက်က ပိတ်မိ​နေတဲ့ပြည်သူ​တွေကိုကယ်ထုတ်ဖို့ကြိုးစားခဲ့​ပေမယ့်အနည်းငယ်ကိုသာကယ်တင်နိုင်ခဲ့ပါတယ်။

ကြီးမားတဲ့သဘာဝ​ဘေး​တွေနဲ့ကြုံရင် နိုင်ငံတကာမှာစစ်တပ်ကထွက်လာပြီး ကူညီ​ပေမယ့် မင်း​အောင်လှိုင်က စစ်သား​တွေကို ကူညီခွင့်မ​ပေးပါဘူး ။ ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာ ရှမ်းပြည်နယ်​မြောက်ပိုင်း က​နောင်ချိုမြို့၊စစ်ကိုု်းတိုင်းနဲ့ ကရင်နီပြည်​တွေကိုပါ ဗုံးသွားကြဲခိုင်းခဲ့ပါ​သေးတယ် ။

မင်း​အောင်လှိုင်က ဆရာထက်သာတာတစ်ခုက နိုင်ငံတကာအကူအညီ​တွေလာ​ပေးကြဖို့ သန်း​ရွှေထက်​စော​စော အကူအညီ​တောင်းတာတစ်ခုပါ ။ဒါ​ပေမယ့်ကယ်ဆယ်​ရေးအဖွဲ့အများစုကို စစ်အုပ်စုက​နေပြည်​​တော်ကို ဦးစား​ပေးလုပ်ခိုင်းသလို စစ်ကိုင်းကို​ကျော်ပြီးသွား​ရောက်ကူညီခွင့်မ​ပေးပဲ အကန့်အသတ်မျိုးစုံကြားကလုပ်ခွင့်​ပေးခဲ့တာပါ။ နိုင်ငံတကာက ကယ်ဆယ်​ရေးအဖွဲ့​တွေ လာ​ရောက်ကူညီကြ​ပေမယ့် အချိန်​နှောင်းခဲ့တာ​ကြောင်းတိုက်​အောက်​တွေမှာပိတ်မိ​နေတဲ့ ပြည်သူအနည်းငယ်ကိုပဲကယ်တင်နိုင်ခဲ့တာပါ။

စစ်တပ်က စစ်ကိုင်းငလျင်မှာ အာရုံစိုက်ပြီးလုပ်ခဲ့တာက အာဏာသိမ်းမှု​ကြောင့်နိုင်ငံတကာကဖယ်ကျဥ်ထားတဲ့အ​ခြေအ​နေမှာ ​မြေငလျင်ကိုအ​ကြောင်းပြုပြီး စစ်အုပ်စုကို ထိ​တွေ့ဆက်ဆံလာဖို့ နိုင်ငံ​ရေးအရ အမြတ်ထုတ်တာရယ် ၊ နိုင်ငံတကာကအကူအညီ​တွေကို စစ်အုပ်စုအတွက် ရသ​လောက်ယူဖို့ရယ် ၊ငလျင်​ကြောင့်​သေဆုံးဒဏ်ရာရသူအ​ရေအတွက်​တွေကို လိမ်လည်ဖို့ရယ်ကိုပဲအထူးအာရုံစိုက်လုပ်ခဲ့တာ​တွေ့ခဲ့ရပါတယ် ။

စစ်အုပ်စုနဲ့ စစ်တပ်​ထောက်ခံသူ​တွေ က​တော့​မြေငလျင်ကြီးက ဖျက်အားပြင်းလို့ လူ​သေဆုံးပျက်စီးမှုများခဲ့တာ စစ်​ကောင်စီမှာ အပြစ်မရှိဘူးလို့ ခုခံကြပါတယ် ။အဲလိုမြင်​နေရင် အခု​ပြောပြမှာကို စက္ကန့်နည်းနည်း​ပေးဆက်ဖတ်​ပေးပါ။ ​

မြေငလျင်က ဘယ်​တော့လှုပ်မယ်ဆိုတာကြိုမသိ​ပေမယ့် စစ်ကိုင်းငလျင်​ကြော​ပေါ်ဖင်ခွထိုင်ထားတဲ့မြန်မာနိုင်ငံမှာ ငလျင်ကြီး​တွေလှုပ်လာနိုင်တယ်ဆိုတာ နှစ်​ပေါင်းများစွာကတည်းကကြိုတင်သတိ​ပေးခဲ့ကြပါတယ် ။​ စစ်ကိုင်းပြတ်​ရွေ့ကိုစ​တွေ့ခဲ့တဲ့​ဒေါက်တာဝင်း​ဆွေ ကစပြီး ၊ မိုး​လေဝသပညာရှင် ဒေါက်တာထွန်းလွင်၊အထပ်မြင့်အ​ဆောက်အအုံပညာရှင် ဦးသန်းမြင့်၊ ငလျင်ပညာရှင် ဦးစိုးသူရထွန်း ၊​ဒေါက်တာမျိုးသန့် စတဲ့ပညာရှင်​တွေက အ​စောကြီးကတည်းကကြိုတင်သတိ​ပေးခဲ့ကြပါတယ်။ ဒါ​ကြောင့် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာ ​မြေငလျင်ကြိုတင်ကာကွယ်​ရေးမူဝါဒ​တွေ​ရော၊ အစီအမံ​တွေ​ရော၊ ရုပ်ဝတ္ထုပြင်ဆင်မှု​တွေ​ရောကို စနစ်တကျလုပ်ခဲ့တာပါ ။ကျွန်​တော့ကိုအကြီးအကျယ်​ဒေါသထွက်​စေတာက မင်း​အောင်လှိုင်က အာဏာသိမ်းပြီး ငလျင်ကြိုတင်ကာကွယ်​ရေးအစီအမံအားလုံးကိုဖျက်ဆီးပစ်တာပါ။
19👍15🤮1
အရပ်သားအစိုးရလက်ထက်မှာ အမျိုးသားအ
ဆင့် ငလျင်​ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်​ရေးနဲ့ တုံ့ပြန်​ရေးစီမံချက်ကို ၂၀၁၇ ခုနှစ်ကစတင်​ရေးဆွဲပြုစုပြီး ၂၀၁၉ မှာ မူဝါဒထုတ်ပြန်ခဲ့ပါတယ်။ ​မြေငလျင်​ဘေးကြီးကြုံလာရင် အဖိုးတန်လူ့အသက်​တွေပျက်စီးဆုံးရှုံးမှူနည်းပါး​အောင် ဘယ်လိုတုံ့
ပြန်မလဲ ၊ဘယ်လိုပညာ​ပေးမလဲ၊ဘယ်လို ကြိုတင်​
လေ့ကျင့်မလဲစတာ​တွေအ​သေးစိပ်ပါဝင်ပါတယ် ။

ငလျင်ကြီး လှုပ်ပြီးရင် ပထမဆုံး ၂၄ နာရီ ဘယ်
လို အသက်​တွေကယ်မလဲ ၊ ပထမဆုံး ၇၂ နာရီဘယ်လိုလုပ်မလဲ ၊ပထမဆုံး ၇ ရက်ကို ဘယ်လိုတုံ့ပြန်ပြီး ပြည်သူ့အသက်​တွေကယ်တင်မလဲဆိုတာအ​သေးစိပ်ပါဝင်တာပါ။

ပြီး​တော့ဒါ​တွေဟာ စာရွက်​ပေါ်က စီမံချက်​တွေမဟုတ်ပဲ ​လက်​တွေ့​ဇာတ်တိုက်​လေ့ကျင့်တာ၊ပြည်သူ​တွေကို ပညာ​ပေးတဲ့ အဆင့်ထိ​ရောက်​ခဲ့ပြီဖြစ်ပါတယ်။ဒါ​ပေမယ့်စစ်​ခေါင်း​ဆောင်​တွေအာဏာ
သိမ်းပြီး​နောက်မှာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်မဲ့ အစီအမံ​တွေ၊ အရင်းအမြစ်​တွေမှာ အမှိုက်ပုံးထဲ​ရောက်ကုန်ပါ​တော့တယ် ။

ဒါအပြင်ရွေး​ကောက်ခံအရပ်သားအစိုးရကသဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေးအတွက်သမိုင်းတ​လျှောက်ပထမဆုံးအကြိမ်​ခေတ်မီကယ်ဆယ်​ရေး ​ရဟတ်ယာဥ်တစ်စီးဝယ်​ပေးခဲ့ပါတယ်။ သဘာဝ​ဘေးအ​ရေး​ပေါ်ကယ်ဆယ်​ရေးရဟတ်ယာဥ်ကို စစ်အုပ်စုကနိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည် နဲ့ နိုင်ငံ​တော်သမ္မတ ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှု​ပုဒ်မတပ်ပြီး တရားစွဲဖို့အသုံးပြုခဲ့ပါတယ်။ ပြည်သူ့အတွက်ဝယ်ထားတဲ့ ရဟတ်ယာဥ်ကိုစစ်အုပ်စုကသိမ်းယူသွားပါတယ် ။ ၂၀၂၄ ​ စက်တင်ဘာလမှာ ရေကြီးတုန်းက​ရော ၊အခု စစ်ကိုင်းငလျင်​ဘေးမှာ​ရော အဲဒီရဟတ်ယာဥ်ဟာ​ပေါ်မလာပဲ​ပျောက်သွားပါတယ် ။

အလားတူ အရပ်သားအစိုးရက သဘာဝ​ဘေး
အန္တရာယ်ကြိုတင်ကာကွယ်​ရေးအတွက် အ​ရေး​ပေါ်ရံပုံ​ငွေ ကျပ်ဘီလီယံ ၄၀၀ ​ကျော်လျာထားခဲ့ပါတယ် ။ စစ်​ကောင်စီက ဒီ​ငွေ​တွေထဲကကျန်​ငွေတွအားလုံးကိုသိမ်းယူပြီးစစ်တပ်နဲ့ နီးစပ်တဲ့လုပ်ငန်းရှင်​တွေ ၊ တိုင်းနဲ့ပြည်နယ်ကစစ်​ကောင်စီ အဖွဲ့ဝင်​တွေကို ခွဲ​​ဝေ​ပေးခဲ့ပါတယ်။

ပိုဆိုးတာက​တော့၂၀၂၄ စက်တင်ဘာလရေ​ဘေးမှာ​ရော ၊ ငလျင်​ဘေးမှာပါ စစ်တပ်ရဲ့ ရဟတ်ယာဥ် ၊​လေယာဥ်​တွေကို အသုံးပြုပြီး ပြည်သူ့အသက်ကယ်တာ ဟန်​ဆောင်ပန်​ဆောင်​တောင် တကြိမ်မှမရှိခဲ့ပါဘူး ။

ဒါ​ကြောင့်အချိန်မီကယ်တင်နိုင်ရင် အသက်ရှင်လွတ်​မြောက်နိုင်မယ့် အဖိုးတန်လူအသက်များစွာ​သေဆုံးခဲ့ရပါတယ် ။အ​ရေး​ပေါ်ကယ်ဆယ်​ရေးတူတူတူတန်တန်မလုပ်သလို ၊ပြန်လည်ထူ​ထောင်​ရေးကို​ရောလုပ်လားဆို​တော့ ငလျင်သင့်ပြည်သူ​တွေက နိုင်ငံတကာက​ပေးတယ်ဆိုတဲ့အကူအညီ​တွေဘယ်​ရောက်ကုန်လဲဆိုတာကိုသိချင်​နေကြတာပါ ။
ငလျင်သင့်ပြည်သူအများစုဟာ ပြန်လည်ထူ​ထောင်​ရေးကို ကိုယ့်အားကိုယ်ကိုးလုပ်ခဲ့ရတာပါ။တချို့ ပြန်လည်ထူ​ထောင်​ရေးမလုပ်နိုင်သူအများအပြားလည်းရှိ​နေဆဲဖြစ်ပါတယ်။

စစ်ကိုင်းငလျင်မှာ လက်​တွေ့ထိထိ​ရောက်​​​ရောက်မကူညီပဲ နိုင်ငံ​ရေးအမြတ်ထုတ်၊ အကူအညီပစ္စည်း​တွေကို ​မောင်ပိုင်းစီးခဲ့တဲ့ စစ်တပ် နဲ့ မြန်မာနိုင်ငံမှာ ပုံရိပ်မ​ကောင်းလို့ ငလျင်ကူညီတယ်ဆိုပြီး ပီအာလုပ်ခဲ့တဲ့တရုတ်အစိုးရတို့​လောက်သာ အမြတ်ထွက်ခဲ့တာပါ ။

ဒါ​ကြောင့်စစ်အာဏာရှင်​တွေဟာ ပြည်သူ​တွေကိုတန်ဖိုးမထားပဲ သူတို့အာဏာတည်မြဲ​ရေးကိုပဲ အမြဲဦးစား​ပေးတာမို့ အနာဂါတ်မှာကြုံလာမယ့် သဘာဝ​ဘေးအန္တရာယ်​တွေကို အ​ကောင်းဆုံးကြိုတင်ကာကွယ်ဆိုရင်​တော့ လုပ်ရမယ့်အလုပ်ကအရမ်းထင်သာမြင်သာရှိလှပါတယ်။ အဲတာက​တော့ စစ်အာဏာရှင်​တွေကိုဖြုတ်ချပြီး ပြည်သူကိုတန်ဖိုးထားတဲ့​ရွေး​ကောက်ခံအစိုးရ ကို​ရွေးချယ်တင်​မြှောက်ကြဖို့ပဲဖြစ်ပါတယ် ။

အဲလိုမှမဟုတ်ပဲ ခင်ဗျားက အာဏာရှင်​တွေ​အောက်မှာသဘာဝ​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးကိုထိထိ​ရောက်​ရောက်လုပ်နိုင်မယ်လို့စိတ်ကူး​နေရင်​တော့ အတိတ်က ဖြစ်ရပ်​တွေကို သင်ခန်းစာမယူတက်တဲ့ မိုက်မဲသူပဲဖြစ်ပါလိမ့်မယ်။ဘာ​ကြောင့် ဒီလို​ပြောရလဲဆိုရင် အာဏာရှင်​တွေက ပြည်သူ​တွေကို ဘယ်​တော့မှ တန်ဖိုးထားတဲ့သူ​တွေမဟုတ်တာ​ကြောင့်ဖြစ်ပါတယ် ။ ။
👍246🤮1
This media is not supported in your browser
VIEW IN TELEGRAM
👍182🤮1
ဖားကန့်မှာမိုးသက်​လေပြင်းကျ နေအိမ်တွေ ပျက်စီး

မတ်-၂၈၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီနေ့ ညနေပိုင်း
က မိုးကြီးပြီးလေပြင်းကျလို့ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။

မတ်လ ၂၈ရက်ညနေ ၄နာရီခန့်ကစတင်ပြီး ဆိုင်းတောင်ကျေးရွာအပါအဝင် ဖားကန့်မြို့အနီးမှာ မိုးကြီးပြီးလေပြင်းကျတာပါ။

"အပျက်အစီးတွေအရမ်းများတယ်။မိုးလည်းသည်းတယ်။ လေလည်းပြင်းတယ်။ တနေကုန်နေပူပြီးမှ ဖြစ်တာ။ တခါတည်း ရှင်းလင်းရေးလုပ်နေတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နေအိမ်ပျက်စီးမှုတွေရှိပြီး အသေးစိတ်စာရင်းကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ရန်ကုန်နဲ့ တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ ကချင်
ပြည်နယ်နဲ့ နေပြည်တော်မှာ မိုးသက်လေပြင်းကျပြီး မိုးသီးတွေလည်းကြွေလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

နိုင်ငံအနှံ့မှာနွေရာသီကာလ လေထုမတည်ငြိမ်နဲ့ဖြစ်စဥ်ကြောင့် နေရာကွက်မိုးကြီးတာတွေ၊ လေ
ပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေတာတွေဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သတိပေးချက်တွေရှိနေပါတယ်။
😱16😢12👍5😁2
ဓါတ်ပုံ - Kyaw Kyaw Aung/FB
👍22😢15😁21
ကျဆုံးခဲ့ရသူတွေကိုအောက်မေ့ပြီး တော်လှန်ရေးပန်းတိုင်အတွက် ပံ့ပိုးကြဖို့ ၊ ညီညွတ်ရေးကြိုးပမ်းဖို့ CDF-KKGတိုက်တွန်း

▪️နွေဦးပြည်သူ့တော်လှန်ရေး (၅)နှစ်အတွင်း CDF-KKG ရဲဘော် ၉၂ဦး ကျဆုံး၊ ၂၀၀ကျော် ဒဏ်ရာရ

မတ်-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူများအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

မတ်လ ၁၁ရက်ကနေ ၁၃ရက်အထိ ကျင်းပခဲ့တဲ့ CDF-KKG ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံအပြီး ကြေညာချက်မှာ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်ဖို့ ပြည်သူတွေ တော်လှန်ရေးမှာ ပိုမိုပါဝင်ဖို့ အခုလို နှိုးဆော်ခဲ့တာပါ။

" ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ အရွယ် ရောက်ပြီးသူအားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် မိမိတို့ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးကြီး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ စစ်မှုထမ်းတာဝန်၌ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း နှိုးဆော်ပါသည်"လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် CDF-KKGအနေနဲ့ တော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးကို အစဉ်လိုလားကြောင်း ဖော်ပြပါတယ်။

တော်လှန်ရေးအင်အားစု အချင်းအချင်းအကြား သဘောထား ကွဲလွဲမှုနဲ့ သွေးထွက်သံယိုဖြစ်မှုများကို လုံးဝ မလိုလားကြောင်း ထုတ်ပြန်ခဲ့ပြီး ဘုံရန်သူကို တိုက်ဖျက်အောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်ရေး ကြိုးပမ်း ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းထားပါတယ်။

CDF-KKGဟာ နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်ခဲ့ပြီး နောင်မှာလည်း ဘုံရည်မှန်းချက်တူတဲ့ အင်အားစုအားလုံးနဲ့ ချိတ်ဆက်လက်တွဲဖို့ အမြဲအဆင်သင့်ရှိတယ်လို့ အသိပေးပါတယ်။

တော်လှန်ရေး (၅)နှစ်တာအတွင်း CDF-KKG ရဲဘော် ထိခိုက်ကျဆုံးခဲ့ရမှု အခြေအနေတွေကိုလည်း အသိပေးဖော်ပြထားပါတယ်။၅ နှစ်တာ ကာလအတွင်းတွင် CDF-KKG မှ ရဲဘော်ရဲမေ (၉၂) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ စုစုပေါင်း ၂၀၀ ကျော်ပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

" တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြ ကုန်သော အာဇာနည် အပေါင်းကို အစဉ်အောက့်မေ့လျက် ဂုဏ်ပြုဦးညွတ်အလေးပြုပါ ကြောင်း ဖော်ပြအပ်ပါသည်” လို့ CDF-KKGက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် အမည်ခံ အစိုးရ ဖွဲ့စည်းတာ၊ နိုင်ငံတကာနဲ့ ပြည်တွင်းမျက်နှာစာမှာ တရားဝင်မှု ရရေး မသမာမှု နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေတာတွေစတဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်မှု မှန်သမျှတရားဝင်မှု မရှိတဲ့ အပြင် လူထုဆန္ဒနဲ့ ဆန့်ကျင်ကြောင်း ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှုမှန်သမျှကို CDF-KKG မှ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

အခု ကျင်းပခဲ့တဲ့ CDF-KKG ညီလာခံမှာ ဗဟိုကော်မတီဝင် များ၊ တပ်ရင်း (၇)ရင်းမှ ကိုယ်စားလှယ်များ၊ ရပ်ရွာလူထုကိုယ်စားပြု ကိုယ်စားလှယ်များနဲ့ လေ့လာသူများ တက် ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

CDF-KKG တပ်ဖွဲ့ဟာ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းလူမျိုးများ အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ရည်ရွယ်ပြီး ၂၀၂၁ ဇူလိုင် ၁ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကလေး-ကဘော်-ဂန့်ဂေါ ဒေသ မှာ အခြေပြု လှုပ်ရှား နေတာဖြစ်သလို အခြားဒေသ တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲပေါင်း ရာချီ ပါဝင်ခဲ့ပြီး စခန်းသိမ်းအောင်မြင်မှုတွေလည်းရရှိထားပါတယ်။ ကလေး-ကဘော်-ဂန့်ဂေါဒေသ လွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံး စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ပြီး ပြည်သူလူထု တရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
25👍19🫡3🥰1🤮1
28👍6🫡3🥰1🤮1