ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုသပိတ်၊ GSCB
👍34🥰8❤2🤮2😁1
တကယ်တော့ ငလျင်ဒဏ်သင့်ခဲ့ရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်နာလန်ထူရေးဟာ လမ်းတံတားတွေ၊အဆောက်အဦတွေ ပြန်ပြင်တာ၊ အသစ်ပြန်ဆောက်တာထက် မလျော့တဲ့ အရေး
ကြီးမှုမျိုး ရှိသင့်ပါတယ်။
ဒါပေမယ့် အခုချိန်ထိ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ စိတ်ပိုင်းဆိုင်ရာ အကြံပေးပညာရှင်တွေ၊ နှစ်သိမ့်ဆွေးနွေးပေးမယ့် အစီအစဉ်တွေကို ရပ်ကွက်တွေအထိ ထဲထဲဝင်ဝင်ရောက်အောင် ထိထိရောက် လုပ်ပေးနေတာမျိုးက မရှိသလောက်ပါပဲ။ ရုပ်ပိုင်းဆိုင်ရာပျက်စီးတာတွေကိုပဲ အနည်းကျဥ်း ကူညီရုံ၊ စာရင်းကောက်ရုံ၊ ပြုပြင်ပေးရုံလောက်သာ တွေ့ရပါတယ်။
မန္တလေးမြို့ကြီးဟာအခုအချိန်ထိရုပ်ပိုင်းရော စိတ်ပိုင်းပါ ဒဏ်ရာတွေ မကျက်သေးပါဘူး။ စစ်ကောင်စီက ငလျင်ဒဏ်ကပြန်လည်ထူထောင်ရေးကို လုံလောက်အောင် မလုပ်ပေးနိုင်တာကြောင့်ပြည်သူတွေဟာ အခက်အခဲမျိုးစုံကြားကိုယ်ထူကိုယ်ထလုပ်ခဲ့ကြရပါတယ် ။အခုချိန်ထိ အပျက်အစီးတွေကို စနစ်တကျမရှင်းလင်းနိုင်သေးတာလည်းရှိနေဆဲပါ ။
https://www.ludunwayoo.com/opinion-mm/2026/03/23/152027/

LuduNwayOo
ငလျင်ကြီးက ပေးခဲ့တဲ့ စိတ်ဒဏ်ရာများ | LuduNwayOo
လွန်ခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့လယ်ခင်းကို အခုချိန်ထိ မေ့လို့မရသေးပါဘူး ။ အဲဒီအချိန်က ကျနော်ဟာ အိမ်ရဲ့ ထမင်းစားပွဲမှာ ထိုင်နေတုန်း "ဝေါကနဲ" ဆိုတဲ့ မြည်ဟိန်းသံကြီး ထွက်ပေါ်လာပါတယ် ။
👍25🥰2😢2🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မတ်လ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်ကိုင်းပြတ်ရွေ့သဘာ၀အရ နောက်ဆက်တွဲ ဘေးအန္တရာယ်သတိပြု နေထိုင်ဖို့ အပြန်အလှန် ဖေးမစောင့်ရှောက်ဖို့ NUG မေတ္တာရပ်ခံ
စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။ လူဦးရေ ထောင်ချီအသက်ဆုံးရှုံးခဲ့ရတဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင် တနှစ်ပြည့် ကြေညာချက်မှာ အခုလို မေတ္တာရပ်ခံခဲ့တာပါ။ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်သူများအားလုံးနဲ့အတူ ထပ်တူထပ်မျှ အထူး ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြပါတယ်။တဖက်မှာ စစ်အုပ်စုအနေနဲ့ ငလျင်ဘေးကြုံနေရချိန်မှာပင် လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ ဘေးသင့်ပြည်သူတွေ ဒုက္ခနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ နိုင်ငံတကာက ပေးပို့တဲ့ ရှာဖွေကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း၊ ဘေးသင့်ပြည်သူများအပေါ် ခွဲခြား ဖယ်ကြဉ်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ဒုက္ခရောက် ခဲ့ရကြောင်း ဖော်ပြပါတယ်။
◾️ငလျင်ဘေးသင့်ပြည်သူတွေ လောင်စာဆီနဲ့ စားနပ်ရိက္ခာပြတ်တောက်မှုဒဏ်တွေပါ ထပ်ဆင့်ခံစားနေရ
စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။ WFPရဲ့ နောက်ဆုံးစောင့်ကြည့်ချက်အရ စစ်ကိုင်းငလျင်ကြီးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက မိသားစုတွေဟာ အခြေအနေ ပြန်ကောင်းဖို့ ကြိုးစားနေရတုန်းပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေမှာ အိမ်ထောင်စု ခြောက်ခုမှာ တစ်စုက စားနပ်ရိက္ခာ အခက်အခဲကို အပြင်းအထန် ရင်ဆိုင်နေရသလို တနေ့စာ တနေ့ ဖြေရှင်းနေရပြီး နောက်ထပ် ဘယ်လို အခက်အခဲမျိုးကိုမှ ထပ်ပြီးတောင့်ခံနိုင်စွမ်းမရှိတော့ပါဘူးလို့ ဖော်ပြပါတယ်။ ငလျင်ဒဏ်ကနေ အနိုင်နိုင် ပြန်ရုန်းထနေရတဲ့ သူတွေဟာ အခု ကမ္ဘာ့အခြေအနေတွေကြောင့် နောက်ထပ် ရိုက်ခတ်မှုတစ်ခုကို အဆိုးရွားဆုံး အချိန်မှာ ထပ်ကြုံနေရတာလို့ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ဒန်ဖို့က ပြောပါတယ်။
◾️မြ၀တီဒေသမှာ ရာမတီးအမည်နဲ့ မြို့နယ်သစ်တစ်ခု KNU တိုးချဲ့ဖွဲ့စည်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေမှာ မြို့နယ်အသစ်တခု ထပ်မံဖွဲ့စည်းလိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အမည်ကို ရာမတီးမြို့နယ်လို့ အမည်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။ KNU အနေနဲ့ ခရိုင် ၇ခု၊ တပ်မဟာ ၇ခု ရှိပြီး ခရိုင်တွေမှာ မြို့နယ်တွေ ဖွဲ့စည်းထားပါတယ်။ KNU ရဲ့ အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြို့နယ်တွေကိုလည်း သီးခြားအမည်ပေး ဖွဲ့စည်းထားတာပါ။ KNU ဒူးပလာယာခရိုင်မှာဆိုရင် အရင်က ဝင်းရေးမြို့နယ်၊ နို့တကောမြို့နယ်၊ ကျုံဒိုးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်စတဲ့ မြို့နယ်လေးခုရှိပြီး အခု ရာမတီးအမည်နဲ့ မြို့နယ်ထပ်တိုးဖွဲ့စည်းခဲ့တာပါ။ အခု မြို့နယ်အသစ်စုဖွဲ့မှုမှာ ပါဝင်တဲ့ဒေသတွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ဒေသတွေ ပါဝင်ပါတယ်။ ရာမတီး မြို့နယ် ပထမအကြိမ် ကွန်ကရက်မှာ ကိုယ်စားလှယ် ၁၉၅ဦး ပါဝင် ရွေးကောက်ခံခဲ့ရာ မြို့နယ်အမြဲတမ်း ကော်မတီဝင် ၃၁ဦး ရွေးကောက်တင်မြှောက်ခံရပြီး အဲဒီထဲကမှ ဥက္ကဋ္ဌအဖြစ် ပဒိုစောဖာတယား ၊ ဒုဥက္ကဋ္ဌအဖြစ် ဒု-ဗိုလ်မှူးကြီး စောကိုကို (ခ)စောဒါဘော အတွင်းရေးမှူးအဖြစ် ပဒိုစောဟဲခု၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုနော်အဲ့ထူးစေ တို့ တာဝန်ယူကာ တရားသူကြီးမှာ ပဒိုစောအဲ့ကော်သော ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
◾️ထိုင်း-မြန်မာနယ်စပ်အနီးက ဖလူးကြီးရွာ ဗုံးကြဲခံရပြီး မီးလောင်

👍16❤2🔥2😁1
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း က ဖလူးကြီးကျေးရွာ ကို စစ်ကောင်စီတပ်က ဒီနေ့ (မတ်လ ၂၈ ရက် ) နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် နေအိမ် ၁၀လုံးကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။ ဒီနေ့ နေ့လယ်် ၁၂ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဖလူးကြီးကျေးရွာ၊ အမှတ်(၂)ရပ်ကွက် ဘောလုံးကွင်းအနောက်ဘက်ခြမ်းက နေအိမ် ၁၅ လုံးခန့် မီးလောင်သွားပြီး လူသူထိခိုက်မှု မရှိဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ မြ၀တီမြို့တောင်ဘက်မှာရှိတဲ့ ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့်လေးကေကော်၊ဖလူးလေး၊မင်းလက်ပံ၊ ဖလူးကြီး စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေအများအပြားဟာ နေရပ်စွန့်ခွာထွက်ပြေးနေရသလို ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၁၈ ရက်ကလည်း စစ်ဘေးရှောင်တွေနေထိုင်တဲ့ ပလောတပို့စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် စစ်ရှောင်တစ်ဦးသေဆုံးခဲ့ပါတယ်။
◾️အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂၀ ရက် ၁၁နာရီဝန်းကျင်က ကသာမြို့၊ရပ်ကွက်(၃)က လေးထပ်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစု သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၇ရက်က ရက်လည်မှာ အမျှဝေပြီးပျက်စီးခဲ့တဲ့ ကျောင်းဆောင်ကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။ လေးထပ်ကျောင်းဆရာဘုရားကြီးနဲ့ တပည့်ဦးဒေဝိန္ဒက ထိခိုက်ဒဏ်ရာ မစိုးရိမ်ရခဲ့ပေမယ့် ကျောင်းက ဆရာတော်တစ်ပါးက ဦးခေါင်းပြတ်ထွက် ပျံလွန်တော်မူခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကသာမြို့က ဘုန်ကြီးတစ်ပါးက မိန့်ကြားပါတယ်။ လေးထပ်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ သံဃာနဲ့ပြည်သူ ၅၀ကျော်ရဲ့ ရုပ်အလောင်းတွေကို မထုတ်နိုင်ခဲ့ဘဲ အဲဒီနေရာမှာပဲ သဂြိုလ်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ မြေပြင်မှာရှိနေသူအချို့က ပြောထားပါတယ်။
◾️ညောင်လေးပင်ဒေသခံတချို့ကို စစ်တပ် ဆက်ဖမ်းထား
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာက ဒေသခံတချို့ကို စစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ စစ်တပ် ဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေထဲက တချို့ ကျန်နေခဲ့တယ်လို့ သိရကြောင်း ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နဲ့ ကျောင်းကုန်းရွာတွေကို စစ်တပ်ရဲ့တပ်မ ၇၇ ဦးဆောင်တဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းတွေက စစ်ကြောင်းလေးကြောင်းခွဲရောက်လာခဲ့တာပါ။ ပြည်သူ ၃၀၀ ကျော်ကိုဖမ်းဆီးပြီးတော့ ၃၀ ဝန်းကျင်ကို သတ်ဖြတ်သွားတယ်လို့ အမျိုးသားညညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
◾️CDMသူနာပြုကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို PDF ပစ်ခတ်
ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ်မှာ ပျူစောထီးတစ်ဦးကို ဖမ်းဆီးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။ အဲဒီပျူစောထီးဟာ အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ မောင်ဆန်းဆိုသူဖြစ်ပြီး သူဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ မတ်လ ၂၀ရက် ညပိုင်းမှာ မောင်ဆန်းဆိုတဲ့ ပျူစောထီးကို သူ့ရဲ့ နေအိမ်ကို သွားရောက်ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ် ဖမ်းဆီးရာ ကျည်ထိမှန် သေဆုံးသွားတာလို့ သာယာဝတီခရိုင်တပ်ရင်းက ထုတ်ပြန်ပါတယ်။ မောင်ဆန်းနဲ့ အတူ ထွက်ပြေးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ မောင်ဆန်းဟာ စစ်ကောင်စီတပ်ရဲ့ အမာခံ ထောက်တိုင်ဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီ ၁၆ရက်က CDM သူနာပြု ဆရာမ မမေဇွန်မိုးကို အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာ အခြေစိုက် ခမရ(၆) တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့အတူ မုဒိမ်းကျင့် သတ်ဖြတ်ရာမှာ ကျူးလွန်ခဲ့သူ ဖြစ်ကြောင်း တပ်ရင်း(၃၈၀၂) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မောင်ဆန်းဟာ မမှန်မကန် သတင်းပေးပြီး ပြည်သူတွေကို ဖမ်းဆီးခိုင်းတာ၊ လူငယ်တွေကို စစ်တပ်နဲ့အတူ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေလို့ အခုလို အရေးယူတာလို့ ဖော်ပြထားပါတယ်။
◾️အရာရှိဟောင်းနဲ့ ပျူတစ်ဦးကို နတ်မောက်ဂဠုန် PDF ဖမ်းဆီး

👍17❤6🔥1
မကွေးတိုင်း၊ နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ ပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်နေတဲ့ အရာရှိဟောင်းတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ကို ဖမ်းဆီးရမိကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။ မြို့သစ်မြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲရာမှာ ပတ်သက်နေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဦးအောင်သိုက်ဆိုသူကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်က နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာအနီးရှိ ရွှေနတ်ကယ်တောင် ဘုရားကြီးအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း နတ်မောက်မြို့နယ်၊ သရက်ချဉ်ကျေးရွာက ပျူစောထီးဇော်နိုင်ဝင်းဆိုသူကို စိုင်ကောင်းကျေးရွာအနီးမှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ ကိုအောင်ဒင်က ပြောပါတယ်။
◾️ကျောမြို့မှာ ပျူစောထီးတစ်ဦးကို မြိုင်ပကဖ ဖမ်းမိ
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့မှာ ပျူစောထီးတစ်ဦးကို ဖမ်းမိတယ်လို့ မြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။ ကျောမြို့ လျှပ်စစ်ရုံးနဲ့ ကြားစခန်း အကြားမှာ ဒီကနေ့(မတ်လ ၂၈ ရက်)က ဖမ်းမိခဲ့တာဖြစ်ပြီး လက်နက်ငယ်တစ်လက်နဲ့ ခဲယမ်းအချို့ ပါရှိတယ်လို့ ဆိုပါတယ်။ ဖမ်းမိတဲ့ ပျူစောထီးပြည်ဖြိုးအောင်ကို စစ်ဆေးနေဆဲ ဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတိုင်း စိစစ်ပြီး အပြစ်ပေးမယ်လို့ ဆိုပါတယ်။ ကျောမြို့မှာ စစ်တပ်နဲ့ စစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအင်အား ၁၂၀ဝန်းကျင် ရှိပါတယ်။
ကျောမြို့စစ်ကောင်စီ ရဲစခန်းနဲ့ ပုလဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်းဒေါင့်ကျေးရွာအနီးရှိတဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃)မှာ အခိုင်မာတပ်စွဲထားတယ်လို့ သိရပါတယ်။
◾️အမြန်လမ်းမှာ အိမ်စီးကား မှောက်ပြီး သုံးဦးသေဆုံး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ သံဃာတော်တစ်ပါး၊ အမျိုးသား သုံး ဦးနဲ့ အမျိုးသမီး တစ် ဦး စုစုပေါင်း ငါးဦးလိုက်ပါလာတဲ့အိမ်စီးကားဟာ အမြန်လမ်းမှာဒီနေ့ မနက် ၆ နာရီခန့်မှာ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ သံဃာတော်နဲ့ အမျိုးသား ၂ဦး စုစုပေါင်း သုံးဦး သေဆုံးပြီး ကျန်နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရသွားပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ်ကလေး တစ်ဦးလည်းပါဝင်ပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ကျောင်းသား/သူ လူငယ်တွေက "တပ်မတော်နေ့မဟုတ်ဘူးတော်လှန်ရေးနေ့"၊ "ဖက်ဆစ်ကို မြေလှန်..ဒို့..တော်လှန်ရေးအောင်လံ" စာသားပါ လက်ကမ်းစာစောင်တွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး တော်လှန်ရေးနေ့ အထိမ်းအမှတ် တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း သပိတ်အင်အားစုနဲ့ ဆန္ဒပြတော်လှန်ပြည်သူတွေက "အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်" စာသားကိုင်စွဲပြီးတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း တော်လှန်ရေးမှာ ပြည်သူတွေပါဝင်တာ ပြန်အားကောင်းလာစေဖို့နဲ့ ပြည်သူတွေရဲ့ ဘဝအမောတွေ ပြေပျောက်စေဖို့ ဝက်လက်သပိတ်ကော်မတီဟာ တော်လှန်ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စည်းရုံးရေး ပြုလုပ်ခဲ့ပါတယ်။

👍23❤4🔥1