People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကျောမြို့မှာ ပျူစောထီးတစ်ဦးကို မြိုင်ပကဖ ဖမ်းမိ

မတ်-၂၈ ၊ ၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့မှာ ပျူစောထီးတစ်ဦးကို ဖမ်းမိတယ်လို့ မြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ကျောမြို့ လျှပ်စစ်ရုံးနဲ့ ကြားစခန်း အကြားမှာ ဒီကနေ့(မတ်လ ၂၈ ရက်)က ဖမ်းမိခဲ့တာဖြစ်ပြီး လက်နက်ငယ်တစ်လက်နဲ့ ခဲယမ်းအချို့ ပါရှိတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ကင်းလှည့်ရင်းမိတာ။လျှပ်စစ်ရုံးနဲ့ ကြားစခန်းအကြားက မီတာ ၁၂၀၀ကျော်ကွာတယ်။ ကြားစခန်းဆိုတာက ဥမင်လှိုဏ်ခေါင်းဖောက်ရင်းကြာတော့ ပစ္စည်းအစုတ်တွေ ထားတဲ့နေရာမျိုး"လို့ အထက်ပါတာဝန်ရှိသူက ဖမ်းမိတဲ့ ဖြစ်စဥ်ကိုရှင်းပြပါတယ်။

ဖမ်းမိတဲ့ ပျူစောထီးပြည်ဖြိုးအောင်ကို စစ်ဆေးနေဆဲ ဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတိုင်း စိစစ်ပြီး အပြစ်ပေးမယ်လို့ ဆိုပါတယ်။

ကျောမြို့မှာ စစ်တပ်နဲ့ စစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအင်အား ၁၂၀ဝန်းကျင် ရှိပါတယ်။

ကျောမြို့စစ်ကောင်စီ ရဲစခန်းနဲ့ ပုလဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်းဒေါင့်ကျေးရွာအနီးရှိတဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃)မှာ အခိုင်မာတပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောမြို့မှာရှိတဲ့ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းသိမ်းတိုက်ပွဲတွေ ရှိခဲ့ဖူးပါတယ်။
👍357🥰2🥴2👏1
(မြိုင် ပကဖဖမ်းမိထားတဲ့ ပျူစောထီးကို တွေ့ရစဉ်။ ဓာတ်ပုံ - မြိုင် ပကဖ)
👏37👍8🥰2🥴1
တမူးခရိုင်အမှတ်(၂)တပ်ရင်း အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်း

မတ်-၂၈၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊အမှတ်( ၁ )စစ်ဒေသ၊ တမူးခရိုင်အမှတ်(၂)တပ်ရင်းက အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ (၂၇) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအဖြစ်တပ်သားသစ် ၉၃ ဦး သင်တန်းဆင်းခဲ့တာဖြစ်ပြီး အခမ်းအနားအောင်မြင်ခဲ့တယ်လို့ တမူးခရိုင်အမှတ်(၂)တပ်ရင်းက ဒီနေ့ မတ်လ ၂၈ရက် ညနေမှာ သတင်းထုတ်ပြန်ပါတယ်။

တမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ရင်းရှိပါတယ်။မကြာသေးမီကလည်း တမူးခရိုင်ထဲက PDFတပ်ရင်းတွေကို ပြည်သူလူထုက လှူဒါန်း‌တဲ့ ငွေတွေနဲ့ ကားတစ်စီးစီအပြင် ကျည်ကာနဲ့ Equipment တွေ တမူးခရိုငfကွပ်ကဲ​ရေးက ပေးအပ်တပ်ဆင်ပေးခဲ့ပါတယ်။ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေကိုလည်း NUGကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသရဲ့ ကွပ်ကဲမှုအောက်ကိုရောက်ရှိဖို့ ကြိုးပမ်းနေတာရှိပြီး တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)ဟာ အမှတ်(၁)စစ်ဒေသရဲ့ ကွပ်ကဲမှုကို မတ်လ ၂၀ရက်မှာ ခံယူခဲ့ပါတယ်။

အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ လက်ရှိမှာ ကလေး-တမူး အာရှလမ်းမှာ စစ်ရေးတင်းမာနေပါတယ်။ ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ တမူးခရိုင်၊အမှတ်(၂)တပ်ရင်းက ပြီးခဲ့တဲ့၂၀၂၅ ဒီဇင်ဘာ ၂၉ရက်က ပြုလုပ်ခဲ့တဲ့ တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
👍3111👏4🔥2🥰2🫡1
34👍12🥰3🔥1😁1🫡1
👍358🥰6🫡2🔥1😁1
စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး

မတ်-၂၈၊၂၀၂၆။မိုမို/People's Spring

စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၀ ရက် ၁၁နာရီဝန်းကျင်က ကသာမြို့၊ရပ်ကွက်(၃)က လေးထပ်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစု သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၇ရက်က ရက်လည်မှာ အမျှဝေပြီးပျက်စီးခဲ့တဲ့ ကျောင်းဆောင်ကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

"လေးထပ်ကျောင်းဆရာဘုရားကြီးနဲ့ တပည့်ဦးဒေဝိန္ဒ က ထိခိုက်ဒဏ်ရာ မစိုးရိမ်ရခဲ့တယ်။ဒါပေမယ့် ကျောင်းက ဆရာတော်တစ်ပါးက ဦးခေါင်းပြတ်ထွက် ပျံလွန်တော်မူခဲ့တယ်"လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကသာမြို့က ဘုန်ကြီးတစ်ပါးက မိန့်ကြားပါတယ်။

လေးထပ်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ သံဃာနဲ့ပြည်သူ ၅၀ကျော်ရဲ့ ရုပ်အလောင်းတွေကို မထုတ်နိုင်ခဲ့ဘဲ အဲဒီနေရာမှာပဲ သဂြိုလ်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ မြေပြင်မှာရှိနေသူအချို့က ပြောထားပါတယ်။

ဒဏ်ရာရတဲ့ပြည်သူ ၆၀ခန့်ကို ကသာမြို့အမှတ်(၂)ရဲစခန်းကို စစ်တပ်က သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။

အဲဒါကြောင့် မြို့တွင်းနေပြည်သူတွေအနေနဲ့ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းခဲ့တာရှိပေမယ့် စစ်တပ်က ဒေသခံတွေကို မြို့တွင်းကထွက်ခွင့် တားဆီးပိတ်ပင်တာတွေရှိခဲ့ပါတယ်။

ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံရင် ဘေးကင်းတယ်လို့ ယူဆကြပေမယ့် စစ်တပ်ဟာ မတ်လ ၂၀ ရက်မှာ လေးထပ်ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် အဲဒီမှာရှိတဲ့ စစ်ရှောင်ပြည်သူ ၁၀၀ ထက်မနည်းထိခိုက်သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေလည်းဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဗုံးကြဲတာတွေရှိနေဆဲလို့ သိရပါတယ်။

"ကသာမြို့မှာ ကျန်ရှိနေသူများ ကိုယ့်ကိုယ်ကို တန် ဖိုးထားတယ်ဆိုရင် ကသာမြို့ထဲကနေ အပြီးထွက်ပေးကြပါ။ အကြမ်းဖက်စစ်တပ်ဟာ စစ်ရှောင်တွေရှိနေမှန်း သိသိကြီးနဲ့ ရက်ရက်စက်စက်ကို လေယာဥ်နဲ့ ဗုံးကြဲ သတ်ဖြတ်ပြခဲ့ပါတယ်။ တိုက်ပွဲကလည်း ရှေ့ဆက်ပြီး မြို့ရဲ့ နေရာအနှံ့အပြား ပြင်းထန်လာဖို့ရှိပါတယ်"လို့ ကသာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်တွန်းထားပါတယ်။

ကသာမြို့မှာ စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း အခြေစိုက်ထားပြီး မြေပေါ်ရပ်ကွက် ၁၁ ခုရှိကာ မြို့ပေါ်ရပ်ကွက်တွေကလွဲလို့ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။
👍397🙏3🥰2🔥1🤮1
(မဟာလေးထပ်ကျောင်းထိုင်ဆရာ​တော်က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေအတွက် အမျှဝေပေးနေမှုကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေဝ)
👍38🙏14😢5🤮2🔥1🥰1
စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်

မတ်-၂၈၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၈)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ကျောင်းသား/သူ လူငယ်တွေက "တပ်မတော်နေ့မဟုတ်ဘူးတော်လှန်ရေးနေ့"၊ "ဖက်ဆစ်ကို မြေလှန်..ဒို့..တော်လှန်ရေးအောင်လံ" စာသားပါ လက်ကမ်းစာစောင်တွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အလားတူ ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး တော်လှန်ရေးနေ့ အထိမ်းအမှတ် တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက တော်လှန်ရုပ်ရှင်ပြသရင်း ပြည်သူလူထုကို ခွန်အားပေးစကားပြောကြားတာ ဒေသခံတော်လှန်လူငယ်တွေနဲ့အတူ သွေးသစ္စာ၊ ဒေါင်းကတဲ့နေ့၊ ရောင်နီသီချင်းတွေ သီဆို ကပြဖျော်ဖြေကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း သပိ​တ်​အင်အားစုနဲ့ ဆန္ဒပြတော်လှန်ပြည်သူတွေက "အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်" စာသားကိုင်ဆွဲပြီးတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း တော်လှန်ရေးမှာ ပြည်သူတွေပါဝင်တာ ပြန်အားကောင်းလာစေဖို့နဲ့ ပြည်သူတွေရဲ့ ဘဝအမောတွေ ပြေပျောက်စေဖို့ ဝက်လက်သပိတ်ကော်မတီဟာ တော်လှန်ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စည်းရုံးရေး ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ခရီး ကြာရှည်လာတာနဲ့အမျှ ပြည်သူတွေပါဝင်တာ အားနည်းလာပြီး စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်လို့ ပြည်သူတွေ နေ့စဉ်နဲ့အမျှ ကြောက်ရွံ့ ထိတ်လန့်နေကြရတာကြောင့် အခုလို ဖျော်ဖြေတာလို့ ဝက်လက်သပိတ်အင်အားစုက ဆိုပါတယ်။

ဝက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ ကျေးရွာ ပအဖ၊ ပကဖ တာဝန်ခံတွေနဲ့ ကျေးရွာပညာရေးတာဝန်ခံတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
👍316🤮2🥰1👏1🙏1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုသပိတ်၊ GSCB
👍34🥰82🤮2😁1