စစ်ကိုင်းပြတ်ရွေ့သဘာ၀အရ နောက်ဆက်တွဲ ဘေးအန္တရာယ်သတိပြု နေထိုင်ဖို့ အပြန်အလှန် ဖေးမစောင့်ရှောက်ဖို့ NUG မေတ္တာရပ်ခံ
မတ်-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
လူဦးရေ ထောင်ချီအသက်ဆုံးရှုံးခဲ့ရတဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင် တနှစ်ပြည့် ကြေညာချက်မှာ အခုလို မေတ္တာရပ်ခံခဲ့တာပါ။ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်သူများအားလုံးနဲ့အတူ ထပ်တူထပ်မျှ အထူး ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြပါတယ်။
အင်အား ရစ်ခ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတို့မှာ ပြည်သူ ၄၀၀၀ ကျော် သေဆုံးကာ ၃၆၀၀ ကျော်ဒဏ်ရာရပြီး ၃၅၀ ကျော် ပျောက်ဆုံးကာ နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ရပါတယ်။
အဲဒီ သဘာဝဘေးအန္တရာယ်ဟာ နိုင်ငံသူ၊ နိုင်ငံသားများ ခေတ်ဆိုး၊ စနစ်ဆိုးများ ကြားမှ ရုန်းကန်နေရတဲ့ အချိန်အတောအတွင်း ကျရောက်ခဲ့ခြင်းဖြစ်လို့ ပြည်သူတို့ရဲ့ သောက ဗျာပါဒကို ပိုမိုကြီးထွားကာ ပြည်သူများအပေါ် နှစ်ထပ်ကွမ်း ဒုက္ခဖြစ်စေခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါပေမဲ့ ဘေးဒုက္ခများကြားမှပင် တစ်ဦးပေါ်တစ်ဦး ရိုင်းပင်းကူညီကြသော မြန်မာပြည်သူတို့ရဲ့ "လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိတ်ဓာတ်" နဲ့ "ခိုင်မာသော ဇွဲသတ္တိ" တို့ဟာ ညီညွတ်ရေးရဲ့ ပြယုဂ် အဖြစ် ထင်ရှားခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
NUG အနေနဲ့ လည်း ငလျင်ဘေး ကယ်ဆယ်ကူညီဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ "ထိုးစစ်ခေတ္တရပ်စဲရေး" ကို ကြေညာ ခဲ့ပြီး "ပြည်သူမှ ပြည်သူသို့ အစီအမံ" ဖြင့် ငလျင်ဘေးအရေးပေါ်တုံ့ပြန်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်တွေနဲ့ ချိတ်ဆက်ကာ မြို့နယ်ပေါင်း (၄၆) မြို့နယ်ရှိ အိမ်ထောင်စု နှစ်သောင်းကျော် ကို ငွေကျပ် သန်းပေါင်း ၆ထောင်ကျော် အသုံးပြု ပံ့ပိုးပေးခဲ့သလို ပျက်စီးသွားတဲ့ အဆောက်အအုံ လမ်းတံတား စတဲ့ အခြေခံ အဆောက်အဦ တွေ ပြုပြင်တာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်ထူထောင်ပေးတာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုများကို လုပ်ဆောင်တာ တွေ ပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။ အထူးသဖြင့် မတရားမှုနဲ့ သဘာဝဘေးဒဏ် နှစ်ရပ်လုံးကို ခါးစည်းခံနေရသော စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးနယ်မြေများရှိ ဘေးဒဏ်သင့်ပြည်သူများထံသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီရောက်ရှိနိုင်ရေးအတွက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနဲ့ ဟန်ချက်ညီညီ ပူးပေါင်းကာ ကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
တဖက်မှာ စစ်အုပ်စုအနေနဲ့ ငလျင်ဘေးကြုံနေရချိန်မှာပင် လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ ဘေးသင့်ပြည်သူတွေ ဒုက္ခနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ နိုင်ငံတကာက ပေးပို့တဲ့ ရှာဖွေကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း၊ ဘေးသင့်ပြည်သူများအပေါ် ခွဲခြား ဖယ်ကြဉ်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ဒုက္ခရောက် ခဲ့ရကြောင်း ဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်တွင် စံချိန်စံညွှန်းမမီသော အထပ်မြင့်အဆောက်အအုံများအား ခွင့်ပြုခဲ့တာ၊ အရေးပေါ်တုံ့ပြန်ရေးစနစ် များ အားနည်းတာနဲ့ နိုင်ငံတကာအကူအညီများကို ကန့်သတ်ခွဲခြားတာ တို့ကြောင့် ပြည်သူတွေ မလိုလားအပ်တဲ့ ဆုံးရှုံးမှုများနဲ့ ပိုကြီးမားတဲ့ဒုက္ခတွေ ရင်ဆိုင်ခဲ့ရတာလို့လည်း NUGက သုံးသပ်ထားပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ကဏ္ဍဟာ အဲဒီ နိုင်ငံရဲ့ တရားမျှတသော နိုင်ငံရေးစနစ်ပေါ်တွင် မှီတည်နေလို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုဖြစ်ရပ်ကို သင်ခန်းစာယူကာ နောင်တစ်ချိန်တွင် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ရုံမျှမက၊ ပြည်သူတို့ရဲ့ ဘဝလုံခြုံမှုကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်သွားမယ်လို့ ကတိပြုကြောင်းလည်း ထုတ်ပြန်ပါတယ်။

👍43❤10🥰2🤮1
ကျောမြို့မှာ ပျူစောထီးတစ်ဦးကို မြိုင်ပကဖ ဖမ်းမိ
မတ်-၂၈ ၊ ၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့မှာ ပျူစောထီးတစ်ဦးကို ဖမ်းမိတယ်လို့ မြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။
ကျောမြို့ လျှပ်စစ်ရုံးနဲ့ ကြားစခန်း အကြားမှာ ဒီကနေ့(မတ်လ ၂၈ ရက်)က ဖမ်းမိခဲ့တာဖြစ်ပြီး လက်နက်ငယ်တစ်လက်နဲ့ ခဲယမ်းအချို့ ပါရှိတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ကင်းလှည့်ရင်းမိတာ။လျှပ်စစ်ရုံးနဲ့ ကြားစခန်းအကြားက မီတာ ၁၂၀၀ကျော်ကွာတယ်။ ကြားစခန်းဆိုတာက ဥမင်လှိုဏ်ခေါင်းဖောက်ရင်းကြာတော့ ပစ္စည်းအစုတ်တွေ ထားတဲ့နေရာမျိုး"လို့ အထက်ပါတာဝန်ရှိသူက ဖမ်းမိတဲ့ ဖြစ်စဥ်ကိုရှင်းပြပါတယ်။
ဖမ်းမိတဲ့ ပျူစောထီးပြည်ဖြိုးအောင်ကို စစ်ဆေးနေဆဲ ဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတိုင်း စိစစ်ပြီး အပြစ်ပေးမယ်လို့ ဆိုပါတယ်။
ကျောမြို့မှာ စစ်တပ်နဲ့ စစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအင်အား ၁၂၀ဝန်းကျင် ရှိပါတယ်။
ကျောမြို့စစ်ကောင်စီ ရဲစခန်းနဲ့ ပုလဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်းဒေါင့်ကျေးရွာအနီးရှိတဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃)မှာ အခိုင်မာတပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောမြို့မှာရှိတဲ့ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းသိမ်းတိုက်ပွဲတွေ ရှိခဲ့ဖူးပါတယ်။

👍35❤7🥰2🥴2👏1
တမူးခရိုင်အမှတ်(၂)တပ်ရင်း အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်း
မတ်-၂၈၊ ၂၀၂၆။ ဇော်ရမ်း/People's Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊အမှတ်( ၁ )စစ်ဒေသ၊ တမူးခရိုင်အမှတ်(၂)တပ်ရင်းက အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ (၂၇) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအဖြစ်တပ်သားသစ် ၉၃ ဦး သင်တန်းဆင်းခဲ့တာဖြစ်ပြီး အခမ်းအနားအောင်မြင်ခဲ့တယ်လို့ တမူးခရိုင်အမှတ်(၂)တပ်ရင်းက ဒီနေ့ မတ်လ ၂၈ရက် ညနေမှာ သတင်းထုတ်ပြန်ပါတယ်။
တမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ရင်းရှိပါတယ်။မကြာသေးမီကလည်း တမူးခရိုင်ထဲက PDFတပ်ရင်းတွေကို ပြည်သူလူထုက လှူဒါန်းတဲ့ ငွေတွေနဲ့ ကားတစ်စီးစီအပြင် ကျည်ကာနဲ့ Equipment တွေ တမူးခရိုငfကွပ်ကဲရေးက ပေးအပ်တပ်ဆင်ပေးခဲ့ပါတယ်။ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေကိုလည်း NUGကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသရဲ့ ကွပ်ကဲမှုအောက်ကိုရောက်ရှိဖို့ ကြိုးပမ်းနေတာရှိပြီး တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)ဟာ အမှတ်(၁)စစ်ဒေသရဲ့ ကွပ်ကဲမှုကို မတ်လ ၂၀ရက်မှာ ခံယူခဲ့ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ လက်ရှိမှာ ကလေး-တမူး အာရှလမ်းမှာ စစ်ရေးတင်းမာနေပါတယ်။ ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ တမူးခရိုင်၊အမှတ်(၂)တပ်ရင်းက ပြီးခဲ့တဲ့၂၀၂၅ ဒီဇင်ဘာ ၂၉ရက်က ပြုလုပ်ခဲ့တဲ့ တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

👍31❤11👏4🔥2🥰2🫡1
စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကသာမြို့ မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က သေဆုံးသူတွေအတွက် အမျှဝေပေး
မတ်-၂၈၊၂၀၂၆။မိုမို/People's Spring
စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူဆယ်နဲ့ချီ သေဆုံးသွားရတဲ့ စစ်ကိုင်းတိုင်း၊ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းဖြစ်စဥ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က အမျှဝေပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၀ ရက် ၁၁နာရီဝန်းကျင်က ကသာမြို့၊ရပ်ကွက်(၃)က လေးထပ်ကျောင်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစု သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၇ရက်က ရက်လည်မှာ အမျှဝေပြီးပျက်စီးခဲ့တဲ့ ကျောင်းဆောင်ကို ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
"လေးထပ်ကျောင်းဆရာဘုရားကြီးနဲ့ တပည့်ဦးဒေဝိန္ဒ က ထိခိုက်ဒဏ်ရာ မစိုးရိမ်ရခဲ့တယ်။ဒါပေမယ့် ကျောင်းက ဆရာတော်တစ်ပါးက ဦးခေါင်းပြတ်ထွက် ပျံလွန်တော်မူခဲ့တယ်"လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ကသာမြို့က ဘုန်ကြီးတစ်ပါးက မိန့်ကြားပါတယ်။
လေးထပ်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ သံဃာနဲ့ပြည်သူ ၅၀ကျော်ရဲ့ ရုပ်အလောင်းတွေကို မထုတ်နိုင်ခဲ့ဘဲ အဲဒီနေရာမှာပဲ သဂြိုလ်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ မြေပြင်မှာရှိနေသူအချို့က ပြောထားပါတယ်။
ဒဏ်ရာရတဲ့ပြည်သူ ၆၀ခန့်ကို ကသာမြို့အမှတ်(၂)ရဲစခန်းကို စစ်တပ်က သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။
အဲဒါကြောင့် မြို့တွင်းနေပြည်သူတွေအနေနဲ့ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းခဲ့တာရှိပေမယ့် စစ်တပ်က ဒေသခံတွေကို မြို့တွင်းကထွက်ခွင့် တားဆီးပိတ်ပင်တာတွေရှိခဲ့ပါတယ်။
ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံရင် ဘေးကင်းတယ်လို့ ယူဆကြပေမယ့် စစ်တပ်ဟာ မတ်လ ၂၀ ရက်မှာ လေးထပ်ကျောင်းကို ဗုံးကြဲခဲ့တာကြောင့် အဲဒီမှာရှိတဲ့ စစ်ရှောင်ပြည်သူ ၁၀၀ ထက်မနည်းထိခိုက်သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေလည်းဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဗုံးကြဲတာတွေရှိနေဆဲလို့ သိရပါတယ်။
"ကသာမြို့မှာ ကျန်ရှိနေသူများ ကိုယ့်ကိုယ်ကို တန် ဖိုးထားတယ်ဆိုရင် ကသာမြို့ထဲကနေ အပြီးထွက်ပေးကြပါ။ အကြမ်းဖက်စစ်တပ်ဟာ စစ်ရှောင်တွေရှိနေမှန်း သိသိကြီးနဲ့ ရက်ရက်စက်စက်ကို လေယာဥ်နဲ့ ဗုံးကြဲ သတ်ဖြတ်ပြခဲ့ပါတယ်။ တိုက်ပွဲကလည်း ရှေ့ဆက်ပြီး မြို့ရဲ့ နေရာအနှံ့အပြား ပြင်းထန်လာဖို့ရှိပါတယ်"လို့ ကသာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်တွန်းထားပါတယ်။
ကသာမြို့မှာ စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း အခြေစိုက်ထားပြီး မြေပေါ်ရပ်ကွက် ၁၁ ခုရှိကာ မြို့ပေါ်ရပ်ကွက်တွေကလွဲလို့ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။

👍39❤7🙏3🥰2🔥1🤮1
(မဟာလေးထပ်ကျောင်းထိုင်ဆရာတော်က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေအတွက် အမျှဝေပေးနေမှုကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေဝ)
👍38🙏14😢5🤮2🔥1🥰1