ညောင်လေးပင် ရေတွင်းကုန်း ဒေသခံတချို့ကို စစ်တပ် ဆက်လက်ဖမ်းဆီးထား
မတ်-၂၈၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ၊ ရေတွင်းကုန်းကျေးရွာက ဒေသခံတချို့ကို စစ်တပ်က ဆက်
လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
"စစ်ကြောင်းထိုးလာပြီး ကျေးရွာထဲကိုတော့ ရွာ
သူရွာသားတွေအကုန်လုံးဖမ်းဆီးထားတယ်။တချို့တစ်ဝက်ပြန်လွတ်သွားတယ်။ ပြီးတော့မှ အခုဆိုရင်တော့ ၁၅ ယောက်အထဲမှာ ဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေလည်း ကျန်နေခဲ့တယ်လို့ သိရတယ်" ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နဲ့ ကျောင်းကုန်းရွာတွေကို စစ်တပ်ရဲ့
တပ်မ ၇၇ ဦးဆောင်တဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းတွေက စစ်
ကြောင်းလေးကြောင်းခွဲရောက်လာခဲ့တာပါ။
ပြည်သူ ၃၀၀ ကျော်ကိုဖမ်းဆီးပြီးတော့ ၃၀ခန်ကို ကျော်ကိုသတ်ဖြတ်သွားတယ်လို့ အမျိုးသားညညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာကြောင့်ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ဦးဝန်ကျင် သေဆုံးခဲ့တယ်လို့ ရုပ်သံမှတ်တမ်းနဲ့တကွဖော်ပြထားပါတယ်။
ပြည်သူတွေကိုဓါးစာခံအဖြစ်ဖမ်းဆီးထားတဲ့ စစ်
တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ပြီး ပြည်သူ ၃၀၀ ကျော်ကိုကယ်တင်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာ စစ်တပ်ကသေဆုံးထိခိုက်သူများခဲ့လို PDF နဲ့ KNLA တပ်ဖွဲ့ဝင်ဆယ်ဦးကျော်ကျဆုံးခဲ့ပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ ရေတွင်းကုန်းရွာအတွင်းမှာ တပ်စွဲအထိုင်ချထားဆဲဖြစ်တယ်လို့ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"လက်ရှိ စစ်ကောင်စီဘက်က တချို့ ကင်းပုန်းထိုးတာတွေ အထိုင်ရှိသေးတယ်။ ဆက်ပြီးရှေ့ဆက်ထပ်တိုးရှိတယ်"လို့ ပြောပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့်ရေ
တွင်းကုန်း ၊ကျောင်းကုန်း၊ အင်းပရိ ၊ဒလဆိပ် ၊ဝက်ချဲ ၊အင်ကုန်း စတဲ့ရွာတွေက ဒေသခံ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာဖြစ်ပါတယ်။
ညောင်လေးပင်ဒေသဟာ ကရင်အမျိုးသားအ
စည်းအရုံး KNU တပ်မဟာ ၃ နယ်မြေလည်းဖြစ်ပါတယ်။KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်မှာ ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းစတဲ့ မြို့နယ် သုံးခုပါဝင်ပါတယ်။

🤬36😡6❤3👎2👍1🔥1
မြ၀တီဒေသမှာ ရာမတီးအမည်နဲ့ မြို့နယ်သစ်တစ်ခု KNU တိုးချဲ့ဖွဲ့စည်း
ကော်ဘရာစစ်ဆင်ရေးမှူး ဒုဗိုလ်မှူးကြီးစောဒါဘောက မြို့နယ်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူ
မတ်-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေမှာ မြို့နယ်အသစ်တခု ထပ်မံဖွဲ့စည်းလိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အမည်ကိုရာမတီးမြို့နယ်လို့ အမည်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။
KNU အနေနဲ့ ခရိုင် ၇ခု၊ တပ်မဟာ ၇ခု ရှိပြီး ခရိုင်တွေမှာ မြို့နယ်တွေ ဖွဲ့စည်းထားပါတယ်။ KNU ရဲ့ အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြို့နယ်တွေကိုလည်း သီးခြားအမည်ပေးဖွဲ့စည်းထားတာပါ။ KNU ဒူးပလာယာခရိုင်မှာဆိုရင် အရင်က ဝင်းရေးမြို့နယ်၊ နို့တကောမြို့နယ်၊ ကျုံဒိုးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်စတဲ့ မြို့နယ်လေးခုရှိပြီး အခု ရာမတီးအမည်နဲ့ မြို့နယ်ထပ်တိုးဖွဲ့စည်းခဲ့တာပါ။
အခု မြို့နယ်အသစ်စုဖွဲ့မှုမှာ ပါဝင်တဲ့ဒေသတွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)ပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ဒေသတွေ ပါဝင်ပါတယ်။
အဲဒီဒေသဟာ မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အစပ်က ဒေသတွေဖြစ်ပါတယ်။
ဒူးပလာယာခရိုင်ရှိ နယ်မြေအကျယ်အဝန်းနဲ့ နယ်နိမိတ် သတ်မှတ်ချက်များအရ ဒေါနအရှေ့ခြမ်းဖြစ်တဲ့ နို့ဖိုးအုပ်စု၊ မြဝတီမြို့မအုပ်စု၊ ဖလူးအုပ်စု၊ သေ့ဘောဘိုး အုပ်စု၊ ဆုံဆည်းမြိုင်အုပ်စု၊ မောခီးအုပ်စုနဲ့ စုကလိအုပ်စု စသည့်ဒေသတွေမှာ ဒူးပလာယာခရိုင်က မြို့နယ်အသစ် ထပ်မံဖွဲ့စည်းအုပ်ချုပ်ဖို့ လိုအပ်လို့ ရာမတီးမြို့နယ်အမည်ဖြင့် ဖေဖော်ဝါရီ ၂၈ရက်မှာ ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်ပြန်ပါတယ်။
အဲဒီ ရာမတီးမြို့နယ်ရဲ့ ပထမအကြိမ်မြို့နယ် ညီလာခံကိုမတ်လ ၂၃ရက်ကစ၍ ၃ရက် ကျင်းပခဲ့ရာ မြို့နယ်အတွင်း ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ကျေးရွာအုပ်စု ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တယ်လို့ အသိပေးပါတယ်။
ရာမတီး မြို့နယ် ပထမအကြိမ် ကွန်ကရက်မှာ ကိုယ်စားလှယ် ၁၉၅ဦး ပါဝင် ရွေးကောက်ခံခဲ့ရာ မြို့နယ်အမြဲတမ်း ကော်မတီဝင် ၃၁ဦး ရွေးကောက်တင်မြှောက်ခံရပြီး အဲဒီထဲကမှ ဥက္ကဋ္ဌအဖြစ် ပဒိုစောဖာတယား ၊ ဒုဥက္ကဋ္ဌအဖြစ် ဒု-ဗိုလ်မှူးကြီး စောကိုကို (ခ)စောဒါဘော အတွင်းရေးမှူးအဖြစ် ပဒိုစောဟဲခု၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုနော်အဲ့ထူးစေ တို့ တာဝန်ယူကာ တရားသူကြီးမှာ ပဒိုစောအဲ့ကော်သော ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကျန်းမာရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးဌာန၊ ပညာရေးနဲ့ ယဥ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နဲ့ ဘဏ္ဍာရေးဌာန၊ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ စတဲ့ ဌာနဆိုင်ရာ ဌာနမှူးတွေ ခန့်အပ်တာဝန်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
တရားစီရင်ရေး ကော်မတီနဲ့ နိုင်ငံရေး၊ စည်းရုံးရေး ကော်မတီတို့ရဲ့ ဌာနမှူးတွေ ခန့်အပ်တာဝန်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။ နိုင်ငံရေး နဲ့ စည်းရုံးရေး ကော်မတီရဲ့ ကြီးကြပ်မှုအောက်တွင် ရှိသော လုပ်ငန်း ကော်မတီ (၈) ခုဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ပညာပေး၊ စည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်း ကော်မတီ၊ သုတေသန လုပ်ငန်း ကော်မတီ၊ မှတ်တမ်း/ မော်ကွန်းထိန်း လုပ်ငန်း ကော်မတီ၊ ပြည်သူ့ဆက်ဆံရေး၊ သတင်းနဲ့ ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ K.W.O - ကရင်အမျိုးသမီးအစည်းအရုံး၊ K.Y.O - ကရင်လူငယ်အစည်းအရုံး၊ F.T.U.K - ကော်သူးလေ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် စတဲ့ ကော်မတီ ဥက္ကဋ္ဌ များခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

👍39❤11🥰1🤮1
(ဒူးပလာယာခရိုင်၊ ရာမတီးမြို့နယ်ရဲ့ ပထမအကြိမ် ဆွေးနွေးနေစဉ်။ ဓာတ်ပုံ - KNU)
❤22👍10💩4🥰1
■ကဗျာ
"အလွမ်း"
◼️Sarah
နေ့အိပ်မက်တွေက ခြောက်သွေ့ပြီး ညအိပ်မက်တွေဟာ ရှည်လျားလွန်းတယ်
ခနခနမက်တဲ့ အဖြစ်အပျက်တွေ
လန့်နိုးတဲ့အခါ မျက်ရည်တွေ
ဝေဝါးတဲ့မြင်ကွင်းထဲက နောက်လှည့်ထွက်ခဲ့မိတယ်
တရက်နှစ်ရက်မက ရက်ပေါင်းများစွာလိုလို
ပြတင်းပေါက်ကမြင်ရတဲ့ အလင်းရောင်တွေငေးမျှော်ကြည့်ရင်း
အတွေးတွေပြန့်ကြဲနေလိုက်တာ
ခြေသံပေါင်းများစွာ ဒီအခန်းထဲဝင်ရောက်ဖူးတယ်
ရယ်သံတွေ သီချင်းသံတွေ မျက်ရည်တွေနဲ့ ထွေးပွေ့ထားခဲ့ဖူးကြတယ်
အဆင်မသင့်တဲ့အခါ အသဲကွဲရတာပဲ
ခြောက်သွေ့လွန်းတဲ့နှုတ်ခမ်းတွေအတွက် ဖြေဆေးမရှိဘူး
ဘာကိုလိုချင်ပြီး ဘာကိုရယူချင်မှန်းမသိအောင်
ဘာမှ မဖြစ်ချင်တော့တာ
ဒါဟာ အနက်ရောင်ချောက်ကမ်းပါးများလား
အတောင်ချိုးခံထားရတဲ့ ငှက်တွေလို
ကိုယ့်အသိုက်ကိုယ်ပြန်ဖို့ပဲ တောင့်တမိတယ်
ဆန္ဒရဲ့ ဆန့်ကျင်ဘက်အရပ်ဟာ စိတ်ကို နာကျင်စေတယ်
သက်ဆိုးရှည်ဖို့ ရှင်ကျန်ရစ်ခဲ့တဲ့ ဘဝတွေ
ဘယ်လိုဖြစ်ဖြစ် ရှေ့ဆက်ကြ
ဒီမျိုးစေ့ရဲ့ အချိုးအကွေ့မှာ
မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်
ဆန္ဒတွေရှိသလောက်ဆို ဟေ့ လူကြီး
ခင်ဗျားနဲ့တွေ့ချင်သေးတယ်
အခုမဟုတ်လဲ နောက်များမှပေါ့…
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'Sarah'
ရေးဖွဲ့တဲ့ “အလွမ်း” ကဗျာကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍21❤4🤮1
စစ်ကိုင်းငလျင်ကြီးကြောင့် အဖိုးတန်လူ့အသက်ပေါင်းများစွာသေဆုံးခဲ့ရတာကိုတွေးမိလိုက်တိုင်း ကျွန်တော့စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခုဖြစ်ပေါ်လာပါတယ် ။ ဝမ်နည်းကြေကွဲမှု နဲ့ ဒေါသတို့ပါ။
ငလျင်ကြီးမတိုင်ခင်ကတည်းက အာဏာလုစစ်အုပ်စုဘေးကြောင့် ဘက်ပေါင်းစုံကြပ်တည်းနေတဲ့ပြည်သူတွေဟာ ငလျင်ကြီးမှာ ပြည်သူထောင်ပေါင်းမျာစွာသေဆုံးခဲ့ရသလို ရုပ်ဝတ္ထုဆုံးရှုံးပျက်စီးမှုကလည်းကြီးမားလွန်းတဲ့အတွက် ဝမ်းနည်းကြေကွဲရပါတယ်။
တချိန်တည်းမှာ အရင်အစိုးရတွေ (အထူးသဖြင့်ရွေးကောက်ခံအရပ်သားအစိုးရ) ၊ပညာရှင်တွေက မြေငလျင်ကြိုတင်ကာကွယ်ရေးအတွက် လုပ်ခဲ့တာတွေအားလုံးကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကဖျက်ဆီးပစ်တာကြောင့် အဖိုးတန်လူ့အသက်တွေ အများကြီးဆုံးရှုံးခဲ့ရတာကြောင့်အာဏာသိမ်းစစ်ကောင်စီအပေါ် အမျက်ဒေါသလည်းထွက်တာပါ။ တိုက်အောက်တွေမှာပိမိနေတဲ့ပြည်သူတွေကိုအချိန်မိကယ်ထုတ်ဖို့ စစ်ကောင်စီဟာစိတ်မဝင်စားပဲ ဗုံးကြဲဖို့ နဲ့ ငလျင်ဘေးကို နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက်ပဲ အလျင်အမြန် အားထုတ်ခဲ့တာပါ။ဒါကြောင့်မသေသင့်ပဲ ပြည်သူ တွေအများကြီးထပ်မံသေဆုံးရတာက ဘယ်လိုမှခွင့်လွတ်ပေးလို့မရတဲ့ရာဇဝတ်မှုကြီးပါ။
https://www.ludunwayoo.com/opinion-mm/2025/04/17/118241/

LuduNwayOo
စစ်ကိုင်းငလျင်ကြီးအတွက် ပြန်ပေးဆပ်ရမယ့် စစ်ကောင်စီ | LuduNwayOo
စစ်ကိုင်းငလျင်ကြီးကြောင့် အဖိုးတန်လူ့အသက်ပေါင်းများစွာသေဆုံးခဲ့ရတာကိုတွေးမိလိုက်တိုင်း ကျွန်တော့စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခုဖြစ်ပေါ်လာပါတယ် ။ ဝမ်နည်းကြေကွဲမှု နဲ့ ဒေါသတို့ပါ။
😢27❤5👍4🔥3💩2
■ဝတ္ထုတို
“အချစ်ဟာ သက်တမ်းကုန်ရက်စွဲရှိလား”
◼️ချန်းမီ
သူတို့အရက်ဝိုင်းကို သတိထားမိတာက ဟင်္သာတထွန်းရင်၊ လွှမ်းမိုး သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးဆွေးမြည့်မြည့်ဆိုနေတတ်တဲ့ အဲ့ဒီကောင်ကြောင့်ပဲ။ ဘာဓာတ်လဲတော့မသိဘူးဗျာ ဒီဘက် ကျနော်တို့တပ်စိတ်ရဲ့အရက်ဝိုင်းကနေကြားရင် အကုန်လုံးဆူညံသံတိတ်ပြီး နားထောင်မိတဲ့အထိပဲ။ သူတို့နဲ့တဝိုင်းတည်းတော့ မသောက်ဖြစ်ဘူး။ သူတို့က အပေါ်ကို လက်နက်လာသယ်ပြီးအပြန် ကျနော်တို့တာဝန်ကျတဲ့နယ်မြေမှာ ခဏနားရင်း ရှေ့တန်းလိုက်လာတဲ့အဖွဲ့တွေ။ သူတို့အရက်ဝိုင်းသိမ်းသွားတိုင်း သူကအေးဆေးပဲ တချက်ကလေးသောက်ပုံမပေါ်တဲ့အထိ ပိရိတယ်။
တရက် ကျနော်တို့နဲ့ သူတို့ တဝိုင်းတည်းသောက်ဖို့ကြုံလာတယ်။ သူကနှစ်ပြန်ကျော်ပဲထုပ်ကလေးပဲ စားနေပြီး အရက်မသောက်ဘူး။ မေးလိုက်တော့မှ သူကအရက်မသောက်ဘူးတဲ့။ အရှိန်နည်းနည်းလေးရလာတော့မှ သူ့ဘော်ဒါတွေက အဆိုတော်ကြီး လုပ်ပါအုံးဗျာ ဝိုင်းကခြောက်ကပ်နေပြီ ဆိုတော့ သူက ချောင်းတွေဘာတွေဟန့်ပြီး သူ့သူငယ်ချင်းတောင်းတဲ့ ကံ့ကော်မြို့တော် သီချင်း စပြီးဆိုတယ်။ နေနိုင်ရက်သူရေ မွှေးပါစေတဲ့။ အားလုံး အရက်ထည့်ထားတဲ့ 79mm ဗုံးသီးခွံအပိတ်ကို ကိုင်ရင်း နားထောင်နေမိတယ်။
အကုန်လုံးရဲ့ အရက်ခွက်တွေထဲ အရက်ဖြည့်ပြီးချိန် သီချင်းနာမည်မပြောဘဲ သူ့ဘာသာတပုဒ် ထဆိုတယ်။ ကျနော်ကိုယ်တိုင်လည်း နားရည်ဝဖူးတဲ့ အမေ့အသည်းမှပြောစကား ဆိုတဲ့သီချင်းပါပဲ။ တလျှောက်လုံးဆိုလာတာ ငြိမ်ပြီးနားထောင်နေရင်း သီချင်းထဲက စကားပြောနေရာကို သူထည့်ပြောလိုက်တော့ ကျနော့်စိတ်ထဲ ရီချင်သလိုဖြစ်သွားတယ်။ ကျန်တဲ့သူတွေက တကယ်ကိုမုဒ်ဝင်နေသလို အတည်အခန့်ကြီးနားထောင်နေတော့ အားနာပြီးငြိမ်နေလိုက်တယ်။ သီချင်းလည်းပြီးရော သူထသွားပြီး အရက်ဝိုင်းနဲ့မနီးမဝေးနေရာက သူ့တဲမှာ ဆေးလိပ်ဖွာရင် းထိုင်နေတယ်။
ဘာနေနေပါလေ ဒီကောင်အဆိုကောင်းတာကိုတော့ တကယ်ကို လက်ခံမိပါတယ်။ နည်းနည်းလေးအရှိန်တက်လာပြီး စကားတွေကောင်းလာတော့ သူတို့ထဲကတယောက်က သူ့အကြောင်းပြောလာတယ်။ ကျနော်တို့ အောက်ဘက်ကို အမြန်ပြန်ချင်ပြီ။ အဲ့ဒီကောင်က လုံးဝမပြန်ချင်တော့ဘူးလုပ်နေတာတဲ့။ ဘာလဲ ကျနော်တို့တပ်ရင်းမှာ နေချင်လို့တဲ့လားလို့ စသလိုနောက်သလိုပြောလိုက်တော့ မဟုတ်ဘူးဗျ ဒီကောင့်မိန်းမက သူ့အကိုဝမ်းကွဲနဲ့ ယူသွားလို့လေ အဲ့ဒါကြောင့် ရင်းကို မပြန်ချင်တာ။ ကျနော်တို့တက်လာတာလဲ ကြာပြီလေ။ အပေါ်ရောက်တော့ လက်နက်မရခင် သင်တန်းပြန်ယူရသေးတယ်။ ပြန်လာတဲ့လမ်းမှာကလည်းကြာနေတာနဲ့ ၆ လနီးပါး ဖြစ်နေပြီဗျ။ ခင်ဗျားတို့ဘက်ရောက်လို့ ဖုန်းလိုင်းရမှ ဖုန်းဆက်ကြတော့ သူ့မိန်းမကိုယ်တိုင်က ပြောသွားတာ။ သူ့အကိုဝမ်းကွဲကလည်း တပ်ရင်းကပဲ အခုသူ့မိန်းမကလဲ အဲ့ဒီမှာဆိုတော့ မပြန်ချင်တော့တာတဲ့။ ကျနော်လည်း ထပ်ပြီး မမေးချင်တော့တာနဲ့ တခြားအကြောင်းပြောပြီး စကားစဖြတ်လိုက်တယ်။ ဆက်သောက်နေရင်း ခုနကသူ့ရဲ့သီချင်းထဲကစကားပြော ‘သား လူလေး ဘယ်နားနာသွားသေးလဲ’ ဆိုတာရယ်၊ ‘နေနိုင်ရက်သူရေ မွှေးပါစေ’ ‘နွေရက်တွေ ရှောင်ဖယ်ပြေးဖို့ရာလည်း မြေရယ်မရှိခဲ့လေတော့’ ဆိုတဲ့ ဆွေးဆွေးမြည့်မြည့် သူ့အသံကြီးနားထဲပြန်ဝင်လာပြီး ဟာတာတာဖြစ်သွားတယ်။
သူတို့ထဲက တယောက်က ကျနော်နဲ့စကားတွေပြောရင်းမေးရင်း သူနဲ့နေ့နံတူတယ်ဆိုပြီး သူ့ဆီမှာသိုင်းပြီးပါတ်ထားတဲ့ စလွယ်ချည်ကြိုး ကျနော့်ကို လက်ဆောင်ပေးတယ်။ တုတ်ပြီး၊ ဓားပြီးတယ်တဲ့။ သူတို့ကတော့ ဘယ်လိုစောင့်ထိန်းရတယ်ဆိုတာတွေ ပြောပြပါတယ်။ သူ့ကျောတွေ၊ ပေါင်တွေ ဓားနဲ့ခုတ်ပြပြီးမှ ကျနော့ကိုပေးတာ။ ကျောရော ပေါင်ရော သွေးတွေစို့နေပေမယ့် ဘာမှမပြောလိုက်ဘူး။ သူလည်း သတိထားမိပုံပါပဲ။ ကျနော်တို့က လိုက်နာရမယ့်ဟာတွေ မစောင့်စည်းနိုင်လို့သာ စလွယ်က တကယ်စွမ်းတာတဲ့။ သူတို့ဆီက ပျူခေါင်းဆောင်တယောက်ဆို သူတို့မိုင်းခွဲတာ ကားက လေပေါ်လန်ပြီး ပြန်ကျတာတောင် အဲ့ဒီကောင်က ဘာမှမဖြစ်ဘူးဆိုပဲ။ သူတို့ဆီမှာ ဒီစလွယ်ကြိုးကွင်းပါတ်ထားပြီးရင် မနက်အစောအိပ်ယာနှိုးတဲ့အခါ ဓားနဲ့ခုတ်နှိုးတာလို့တော့ ပြောတာပဲ။ ကျနော်အယုံအကြည်မရှိပေမယ့် သူ့ရဲ့ကိုယ့်အပေါ် ယုံကြည်ခင်မင်မှုကို တန်ဖိုးထားလို့ ယူပြီးဝတ်ထားလိုက်တယ်။ ဓားနဲ့ခုတ်နှိုးတယ်ဆိုတာလည်း ပြောပြီးရော ပြာပြာသလဲ ကြိုပြောရသေးတယ်။ ဟရောင်တွေ ငါလည်းမင်းတို့ပြောတဲ့စည်းကမ်းတွေ မလိုက်နာနိုင်သေးဘူး ငါ့ကိုမစမ်းကြည့်ကြနဲ့နော်ဆိုပြီး ကြိုပိတ်ထားရတယ်။ အဲ့ဒါကြီးဝတ်ထားပြီး ထိုင်နေရတာ ဘယ်အချိန်မူးမူးနဲ့ သူ့စလွယ်ကြိုး စွမ်းကြောင်းလာစမ်းမလဲလို့ ကြောက်နေရတာနဲ့ သိပ်မလုံခြုံသလိုတောင် ဖြစ်နေတယ်။
တအားမူးလာကြပြီး ဝိုင်းသိမ်းခါနီး အဆိုတော်ကြီး လုပ်ပါအုံးဟဆိုတော့ အရက်ဝိုင်းဆီမလာဘဲ သူ့တဲကနေ တပုဒ်ဆိုပြတယ်။
*လူဖြစ်လာရဘဝထဲ သူချစ်တာမှ မရဘဲ အမြဲဆွေးနေလိုက်တာ အသည်းကလေး လေတိုက်တာတောင် မခံနိုင်တဲ့အခြေ
အချစ်ဆုံးရေ အချစ်ဆုံးတွေလို့ဆိုတဲ့စကားကို မေ့ပြီးပြောသွားတာလား ပြောပြီးမေ့သွားတာလား ထားပါတော့လေ*

❤16👍8🤮1
သီချင်းပြီးသွားတဲ့အထိ ကျနော်အရက်ခွက်ကို ကိုင်ထားမိတုန်းပဲ။ ဘာမှမဆိုင်ဘဲ အသားလွတ်ကြီး အသည်းကွဲသွားသလိုပဲဗျာ။ ဖုန်းထဲသီချင်းတွေရှိပေမယ့် အားသွင်းရမလွယ်တာရယ် သီချင်းနားထောင်ဖို့ အာရုံမရှိတာရယ်နဲ့ သီချင်းနားမထောင်ဖြစ်တာလည်း ကြာပြီ။ သူဆိုသွားတဲ့သီချင်းကို ကြားဖူးပေမယ့် ဘယ်သူဆိုပြီး သီချင်းနာမည်ဘာမှန်း မသိပါဘူး။ သူ့ဆီလည်း ထသွားပြီးလည်း မမေးမိဘူး။ နောက်တော့မှ ရှာကြည့်တော့ မိုးမခအလွမ်း တဲ့။ အမျိုးသမီးအဆိုတော်တယောက်ဆိုထားတာ။ ဒါမျိုးတွေ နားမထောင်တာလည်း ကြာပါပြီ။
ဒီအဖြစ်အပျက်ဟာ တော်လှန်ရေးရဲ့ အစောပိုင်းကာလက အဖြစ်အပျက်တခုဖြစ်ပြီး တော်လှန်ရေးရဲဘော်တယောက်က ပြန်ပြောပြလို့ ကျမသိခဲ့ရတယ်။ ဒါတွေဟာ ကျမတို့ကိုချစ်တဲ့သူတွေ တခါတလေ ချစ်လို့ပဲ ကျီစယ်သွားတယ်လို့ပဲ အောက်မေ့ပါတယ်။ ဒါဟာ တယောက်ယောက်ရဲ့ အမှားတွေပါလို့လည်း အပြန်အလှန်အပြစ်မဖို့လိုပါဘူး။ အသင့်စားထုတ်ကုန်တွေလို အချစ်ဟာ သက်တမ်းကုန်ဆုံးရက်တွေ ရှိလာတဲ့သဘောပါပဲလို့ ဖြည့်တွေးလိုက်ပါတယ်။ ပြောခဲ့ပြီးတဲ့ စကားတွေကြောင့်ပဲဖြစ်ဖြစ်၊ မပြောဖြစ်လိုက်တဲ့ စကားတွေကြောင့်ပဲဖြစ်ဖြစ် နာကျင်စရာတွေကို ဆက်ပြီးမသယ်ပိုးသွားချင်ဘူး။ အချစ်ဟာ သက်တမ်းလွန် ကုန်ဆုံးရက်ရှိလို့ပဲဖြစ်ဖြစ်၊ ကိုယ်မဟုတ်တဲ့တခြားသူအပေါ် ရီဝေထွေပြားပြီး အလည်လွန်တတ်လို့ပဲဖြစ်ဖြစ် ခွင့်မတောင်းပေမယ့်လည်း ခွင့်ပြုပါတယ်လို့သာ ဖြေသိမ့်ကြရုံ။ ။
(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'ချန်းမီ'
ရေးဖွဲ့တဲ့ “အချစ်ဟာ သက်တမ်းကုန်ရက်စွဲရှိလား”
ဝတ္ထုတိုကို People's Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍26❤6🤮1
စစ်ကိုင်းပြတ်ရွေ့သဘာ၀အရ နောက်ဆက်တွဲ ဘေးအန္တရာယ်သတိပြု နေထိုင်ဖို့ အပြန်အလှန် ဖေးမစောင့်ရှောက်ဖို့ NUG မေတ္တာရပ်ခံ
မတ်-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
လူဦးရေ ထောင်ချီအသက်ဆုံးရှုံးခဲ့ရတဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင် တနှစ်ပြည့် ကြေညာချက်မှာ အခုလို မေတ္တာရပ်ခံခဲ့တာပါ။ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၊ အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်သူများအားလုံးနဲ့အတူ ထပ်တူထပ်မျှ အထူး ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြပါတယ်။
အင်အား ရစ်ခ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတို့မှာ ပြည်သူ ၄၀၀၀ ကျော် သေဆုံးကာ ၃၆၀၀ ကျော်ဒဏ်ရာရပြီး ၃၅၀ ကျော် ပျောက်ဆုံးကာ နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ရပါတယ်။
အဲဒီ သဘာဝဘေးအန္တရာယ်ဟာ နိုင်ငံသူ၊ နိုင်ငံသားများ ခေတ်ဆိုး၊ စနစ်ဆိုးများ ကြားမှ ရုန်းကန်နေရတဲ့ အချိန်အတောအတွင်း ကျရောက်ခဲ့ခြင်းဖြစ်လို့ ပြည်သူတို့ရဲ့ သောက ဗျာပါဒကို ပိုမိုကြီးထွားကာ ပြည်သူများအပေါ် နှစ်ထပ်ကွမ်း ဒုက္ခဖြစ်စေခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါပေမဲ့ ဘေးဒုက္ခများကြားမှပင် တစ်ဦးပေါ်တစ်ဦး ရိုင်းပင်းကူညီကြသော မြန်မာပြည်သူတို့ရဲ့ "လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိတ်ဓာတ်" နဲ့ "ခိုင်မာသော ဇွဲသတ္တိ" တို့ဟာ ညီညွတ်ရေးရဲ့ ပြယုဂ် အဖြစ် ထင်ရှားခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
NUG အနေနဲ့ လည်း ငလျင်ဘေး ကယ်ဆယ်ကူညီဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ "ထိုးစစ်ခေတ္တရပ်စဲရေး" ကို ကြေညာ ခဲ့ပြီး "ပြည်သူမှ ပြည်သူသို့ အစီအမံ" ဖြင့် ငလျင်ဘေးအရေးပေါ်တုံ့ပြန်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်တွေနဲ့ ချိတ်ဆက်ကာ မြို့နယ်ပေါင်း (၄၆) မြို့နယ်ရှိ အိမ်ထောင်စု နှစ်သောင်းကျော် ကို ငွေကျပ် သန်းပေါင်း ၆ထောင်ကျော် အသုံးပြု ပံ့ပိုးပေးခဲ့သလို ပျက်စီးသွားတဲ့ အဆောက်အအုံ လမ်းတံတား စတဲ့ အခြေခံ အဆောက်အဦ တွေ ပြုပြင်တာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်ထူထောင်ပေးတာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုများကို လုပ်ဆောင်တာ တွေ ပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။ အထူးသဖြင့် မတရားမှုနဲ့ သဘာဝဘေးဒဏ် နှစ်ရပ်လုံးကို ခါးစည်းခံနေရသော စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးနယ်မြေများရှိ ဘေးဒဏ်သင့်ပြည်သူများထံသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီရောက်ရှိနိုင်ရေးအတွက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနဲ့ ဟန်ချက်ညီညီ ပူးပေါင်းကာ ကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
တဖက်မှာ စစ်အုပ်စုအနေနဲ့ ငလျင်ဘေးကြုံနေရချိန်မှာပင် လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ ဘေးသင့်ပြည်သူတွေ ဒုက္ခနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ နိုင်ငံတကာက ပေးပို့တဲ့ ရှာဖွေကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း၊ ဘေးသင့်ပြည်သူများအပေါ် ခွဲခြား ဖယ်ကြဉ်မှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ဒုက္ခရောက် ခဲ့ရကြောင်း ဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်တွင် စံချိန်စံညွှန်းမမီသော အထပ်မြင့်အဆောက်အအုံများအား ခွင့်ပြုခဲ့တာ၊ အရေးပေါ်တုံ့ပြန်ရေးစနစ် များ အားနည်းတာနဲ့ နိုင်ငံတကာအကူအညီများကို ကန့်သတ်ခွဲခြားတာ တို့ကြောင့် ပြည်သူတွေ မလိုလားအပ်တဲ့ ဆုံးရှုံးမှုများနဲ့ ပိုကြီးမားတဲ့ဒုက္ခတွေ ရင်ဆိုင်ခဲ့ရတာလို့လည်း NUGက သုံးသပ်ထားပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ကဏ္ဍဟာ အဲဒီ နိုင်ငံရဲ့ တရားမျှတသော နိုင်ငံရေးစနစ်ပေါ်တွင် မှီတည်နေလို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုဖြစ်ရပ်ကို သင်ခန်းစာယူကာ နောင်တစ်ချိန်တွင် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ရုံမျှမက၊ ပြည်သူတို့ရဲ့ ဘဝလုံခြုံမှုကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်သွားမယ်လို့ ကတိပြုကြောင်းလည်း ထုတ်ပြန်ပါတယ်။

👍43❤10🥰2🤮1
ကျောမြို့မှာ ပျူစောထီးတစ်ဦးကို မြိုင်ပကဖ ဖမ်းမိ
မတ်-၂၈ ၊ ၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့မှာ ပျူစောထီးတစ်ဦးကို ဖမ်းမိတယ်လို့ မြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။
ကျောမြို့ လျှပ်စစ်ရုံးနဲ့ ကြားစခန်း အကြားမှာ ဒီကနေ့(မတ်လ ၂၈ ရက်)က ဖမ်းမိခဲ့တာဖြစ်ပြီး လက်နက်ငယ်တစ်လက်နဲ့ ခဲယမ်းအချို့ ပါရှိတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ကင်းလှည့်ရင်းမိတာ။လျှပ်စစ်ရုံးနဲ့ ကြားစခန်းအကြားက မီတာ ၁၂၀၀ကျော်ကွာတယ်။ ကြားစခန်းဆိုတာက ဥမင်လှိုဏ်ခေါင်းဖောက်ရင်းကြာတော့ ပစ္စည်းအစုတ်တွေ ထားတဲ့နေရာမျိုး"လို့ အထက်ပါတာဝန်ရှိသူက ဖမ်းမိတဲ့ ဖြစ်စဥ်ကိုရှင်းပြပါတယ်။
ဖမ်းမိတဲ့ ပျူစောထီးပြည်ဖြိုးအောင်ကို စစ်ဆေးနေဆဲ ဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတိုင်း စိစစ်ပြီး အပြစ်ပေးမယ်လို့ ဆိုပါတယ်။
ကျောမြို့မှာ စစ်တပ်နဲ့ စစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအင်အား ၁၂၀ဝန်းကျင် ရှိပါတယ်။
ကျောမြို့စစ်ကောင်စီ ရဲစခန်းနဲ့ ပုလဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်းဒေါင့်ကျေးရွာအနီးရှိတဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃)မှာ အခိုင်မာတပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောမြို့မှာရှိတဲ့ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းသိမ်းတိုက်ပွဲတွေ ရှိခဲ့ဖူးပါတယ်။

👍35❤7🥰2🥴2👏1