Card Payments Professional (eBook) စာအုပ် Pre-Order မှာယူရမယ့်နေရာကတော့...
https://payzillion.com/product/cardpaymentsprofessional-ebook-preorder/
ငွေပေးချေမှုအတွက်ကတော့ Card Payments စာအုပ်ဖြစ်တာမို့ စာအုပ်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် နိုင်ငံတကာ Card Payments တွေဖြစ်တဲ့ Visa ၊ Mastercard တွေနဲ့ ငွေပေးချေနိုင်အောင် စီစဉ်ထားပါတယ်။ Payment Processing လုပ်ဖို့အတွက် အသုံးပြုထားတာကတော့ Stripe Payment Gateway ပဲ ဖြစ်ပါတယ်။ အကယ်၍ Local Payments တွေနဲ့ပဲ ငွေချေချင်တယ်ဆိုရင်လည်း Checkout လုပ်တဲ့အခါမှာ KBZPay QR ၊ KBZ Bank Account နဲ့ AYA Bank Account တွေကနေ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ငွေချေလို့ရအောင် စီစဉ်ပေးထားပါတယ်။

❤1
💳 နိုင်ငံတကာသုံး Visa ၊ Mastercard တွေ အွန်လိုင်းမှာ စျေးဝယ်တဲ့အခါ ဘယ်လိုအလုပ်လုပ်သလဲ
အွန်လိုင်းမှာ ကဒ်တွေနဲ့ ငွေချေတဲ့အခါ 3D Secure လို့ ခေါ်တဲ့နည်းပညာကို အသုံးပြုကြပါတယ်။ တော်တော်များများ နားလည်ထားတာကတော့ အွန်လိုင်းမှာ ကဒ်နဲ့ငွေချေတဲ့အခါ လုံခြုံမှုအတွက် OTP code ကို အသုံးပြုပြီး စျေးဝယ်ရတယ်ဆိုတာပါ။ အဲ့ဒါ 3D Secure နည်းပညာကို အသုံးပြုထားလို့ပါ။
3D Secure ဆိုတာကတော့ E-commerce စျေးဝယ်တာတွေမှာ ကဒ်အသုံးပြုငွေပေးချေမှုတွေအတွက် လုံခြုံရေးနည်းပညာဖြစ်ပါတယ်။ Visa ၊ Mastercard ၊ JCB ၊ UPI လို major card brand တွေအားလုံးက 3D Secure နည်းပညာရဲ့ စံသတ်မှတ်ချက်အတိုင်း အလုပ်လုပ်ပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတကာသုံးငွေပေးချေမှု ကဒ်တွေမှာ E-commerce Payment အတွက် အသုံးပြုထားတဲ့ နည်းပညာ၊ လုပ်ဆောင်ပုံနဲ့ စနစ်တည်ဆောက်မှုတွေက အတူတူပဲဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ စျေးဝယ်သူ (Cardholder) က E-commerce App မှာ Checkout လုပ်တဲ့အခါ ကဒ်နံပါတ်၊ Expiry Date နဲ့ CVV တွေကို ရိုက်ထည့်ရပါတယ်။ အဲ့ဒီနောက် ကဒ်ထုတ်ဝေသူ (Issuer) က အသုံးပြုသူရဲ့ ဖုန်း သို့မဟုတ် email ကို OTP (One-Time Password) ကို ပို့ပေးပါတယ်။ အသုံးပြုသူအနေနဲ့ OTP code ကို E-commerce App ထဲမှာ မှန်ကန်စွာရိုက်ထည့်ပေးနိုင်တော့မှ ငွေပေးချေမှု အောင်မြင်မှာ ဖြစ်ပါတယ်။ အခုဖော်ပြပေးခဲ့တာကတော့ ပုံမှန် နိုင်ငံတကာသုံးငွေပေးချေကဒ်တွေရဲ့ E-commerce ငွေပေးချေမှုတစ်ခုမှာ အလုပ်လုပ်ပုံပါ။
အခုနောက်ပိုင်းမှာ 3D Secure နည်းပညာမှာ အရင်လို အမြဲတမ်း OTP ရိုက်ထည့်ပေးစရာမလိုတော့တဲ့ Frictionless နည်းပညာကို အသုံးပြုလာကြပါပြီ။ လူအများစုစိတ်ထဲမှာတေ့ OTP မလိုတော့ဘူးဆိုရင် ကဒ်တွေက လုံခြုံပါတော့မလားဆိုပြီး စိုးရိမ်သွားကြမှာပါပဲ။ အရင်လို OTP တွေ ရိုက်ထည့်နေစရာ မလိုတော့ဘဲ ကဒ်နံပါတ်၊ Expiry Date နဲ့ CVV ကို မှန်ကန်စွာဖြည့်ပေးလိုက်တာနဲ့ ငွေပေးချေမှုအောင်မြင်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ငွေပေးချေမှု တစ်ခုမှာ အဆင့်တွေ အများကြီးနဲ့ အသုံးပြုသူတွေကို အချိန်ကုန်၊ အလုပ်ရှုပ်အောင် မလုပ်တော့ပါဘူး။ လွယ်ကူသွားအောင် အဆင့်တွေ့ လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။
နားလည်လွယ်အောင် ပြောရရင် 3DS Frictionless နည်းပညာက 3DS OTP နည်းပညာကို အဆင့်မြှင့်လိုက်တဲ့ ပိုပြီး အဆင့်မြင့်သွားတဲ့ လုံခြုံရေးနည်းပညာပါ။ အဲ့ဒါကို Risk-Based Authentication (RBA) လုပ်တယ်လို့ ခေါ်ပါတယ်။ အသုံးပြုသူအတွက် မလိုအပ်တဲ့ အဆင့်တွေကို ဖြုတ်လိုက်ပြီး Issuer တွေ၊ Acquirer တွေနဲ့ Card Network တွေဘက်မှာတော့ စစ်ဆေးတဲ့ အလုပ်တွေ ပိုလုပ်ပေးထားတာပါ။ အသုံးပြုသူရဲ့ အချက်အလက်၊ သုံးစွဲမှုပုံစံ၊ တည်နေရာ အစရှိသဖြင့် အချက်အလက်တွေပေါ် အခြေခံပြီး နောက်ကွယ်မှာ ကဒ်ပိုင်ရှင်က အသုံးပြုနေသလား၊ အခြားတစ်ယောက်ယောက်က ခိုးယူအသုံးပြုနေတာ ဖြစ်နိုင်သလားဆိုတာကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး Cardholder မှန်ကန်ကြောင်း အတည်ပြုနိုင်တော့မှ ငွေပေးချေမှု လုပ်ဆောင်ခွင့်ပြုတာပါ။
အကယ်၍ သံသယရှိစရာ အခြေအနေတစ်ခုခုကို တွေ့ရှိရတယ်ဆိုရင် 3D Secure Flow အဟောင်းကို Downgrade ဆင်းပြီး OTP တောင်းတာမျိုးဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုနဲ့ အတည်ပြုဖို့ Verification လုပ်တာမျိုးဖြစ်စေ၊ အသုံးပြုမှုကို ငြင်းပယ်လိုက်တာ (Reject) ဖြစ်စေ ဖြစ်သွားမှာပါ။ နောက်ပြီး နိုင်ငံတကာငွေပေးချေကဒ်တွေမှာ သုံးစွဲသူတွေအပေါ် အပြည့်အဝ ကာကွယ်ပေးထားလို့ တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ရင်တောင် Dispute case ဖွင့်ပြီး ငွေပြန်တောင်းလို့ရပါတယ်။ ကိုယ်ဘက်ကသာ မှန်ပါစေ၊ ငွေကြေးဆုံးရှံးနိုင်ခြေ အလွန်နည်းပါတယ်။
အဲ့ဒီတော့ ခြုံငုံပြောရရင် OTP နဲ့ ငွေပေးချေမှု နည်းပညာသည် 3D Secure version 1 ဖြစ်ပါတယ်။ Frictionless Authentication လုပ်ပေးတဲ့၊ OTP မလိုတော့တဲ့ နည်းပညာကတော့ 3D Secure version 2 ဖြစ်ပါတယ်။ 3DS2 မှာ တော့ OTP ထက် Risk-Based Authentication ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ ဒီလောက်ဆိုရင်တော့ Visa ၊ Mastercard ၊ JCB ၊ CUP လို နိုင်ငံတကာငွေပေးချေကဒ်တွေမှာ E-commerce ငွေပေးချေမှုတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သဘောတရားအားဖြင့် သိသွားလောက်ပါပြီ။ ကဒ်ကိုင်ဆောင်သူတွေ နားလည်လွယ်မဲ့ပုံစံနဲ့ ရေးထားတာမို့ အသေးစိတ်နောက်ကွယ်က အလုပ်လုပ်ပုံတွေတော့ မထည့်ထားပါဘူး။ အသုံးပြုသူတစ်ယောက်အနေနဲ့ ပါဝင်ပတ်သတ်ရတဲ့ အပိုင်းလေးကိုပဲ ဆွဲထုတ်ပြီး ရေးပါတယ်။ နောက်ရက်ကျရင်တော့ ပြည်တွင်းထုတ် MPU ကဒ်တွေမှာရော 3D Secure စနစ်ကိုပဲ အသုံးပြုထားသလား၊ အသုံးပြုထားတယ်ဆိုရင် ငွေပေးချေတဲ့အခါမှာ နိုင်ငံတကာသုံးကဒ်တွေနဲ့ ဘာလို့မတူဘူးလဲဆိုတာကို ဆက်ပြီးရေးပေးပါမယ်။

❤1👍1
💳 MPU ကဒ်တွေဟာ အွန်လိုင်းမှာ စျေးဝယ်တဲ့အခါ နိုင်ငံတကာသုံး ငွေပေးချေကဒ်တွေနဲ့ မတူပါဘူး
မနေ့က နိုင်ငံတကာငွေပေးချေကဒ်တွေရဲ့ E-commerce စနစ်တွေမှာ အသုံးပြုထားတဲ့ လုံခြုံရေး Standard ဖြစ်တဲ့ 3D Secure ရဲ့ အလုပ်လုပ်ပုံကို ပြောခဲ့ပါတယ်။ ဒီနေ့ MPU ကဒ်တွေရဲ့ အလုပ်လုပ်ပုံကို ဆက်ပြောပေးပါမယ်။ MPU က လက်ရှိအချိန်မှာ နိုင်ငံတကာမှာ စံသတ်မှတ်အသုံးပြုနေကြတဲ့ 3D Secure Protocol အတိုင်း တည်ဆောက်ထားတာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် MPU ကဒ်တွေလက်ခံဖို့အတွက် e-commerce စနစ်တွေ ချိတ်ဆက်ရာမှာရော၊ ကဒ်အသုံးပြု ငွေပေးချေရာမှာပါ Visa ၊ Mastercard တွေလို နိုင်ငံတကာငွေပေးချေကဒ်တွေနဲ့ မတူပါဘူး။
သာမာန်အားဖြင့် Visa ၊ Mastercard ပဲ သုံးသုံး MPU ကဒ်ပဲသုံးသုံး အွန်လိုင်းမှာ ငွေချေတဲ့အခါ ဖုန်း သို့မဟုတ် အီးမေးလ်ကနေ OTP ကုဒ်ရပါတယ်။ အသုံးပြုသူက E-commerce app မှာ OTP ကို ရိုက်ထည့်ပေးတာ မှန်သွားရင် ငွေပေးချေမှု အောင်မြင်ပါတယ်။ အတူတူပါပဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဖုန်းထဲမှာ အရင်သုံးထားဖူးတဲ့ အွန်လိုင်းငွေပေးချေမှုတွေရဲ့ OTP အဝင်တွေကို ပြန်စစ်ကြည့်ပါ။ Visa ၊ Mastercard လို ကဒ်တွေနဲ့ ငွေချေတဲ့အခါမှာ OTP ကုဒ်ကို ကဒ်ထုတ်ပေးထားတဲ့ ဘဏ်ကနေ ပို့ပေးတာဖြစ်ပါတယ်။ Card Network တွေကနေ ပို့ပေးတာ မဟုတ်ပါ။ MPU ကဒ်ရဲ့ OTP တွေကိုတော့ MPU ကနေ တိုက်ရိုက်ပို့ပေးတာပါ။ ဒီနေရာမှာ မြင်နိုင်တာက နိုင်ငံတကာသုံးငွေပေးချေမှု ကဒ်တွေမှာ OTP verification အတွက် ကဒ်ထုတ်ပေးသူ Issuer က တာဝန်ယူထားရတာဖြစ်ပြီး၊ MPU ကဒ်တွေအတွက်ကတော့ OTP verification အတွက် MPU ကိုယ်တိုင်က စစ်ဆေးအတည်ပြုပေးထားတာကို တွေ့ရမှာပါ။
ဒါပေမယ့် မြန်မာဘဏ်တွေက ထုတ်ပေးထားတဲ့ JCB ၊ UPI ကဒ်တွေနဲ့ အသုံးပြုတဲ့အခါမှာလည်း နိုင်ငံတကာသုံးကဒ်တွေဖြစ်ပေမယ့် OTP ကို MPU က ပို့ပေးတာပဲ မဟုတ်ဘူးလား။ အဲ့ဒါဆို JCB ၊ UPI ကဒ်တွေကရော MPU လိုပဲ နိုင်ငံတကာ စံသတ်မှတ်အသုံးပြုထားတဲ့ 3D Secure Protocol ကို အသုံးမပြုထားလို့လားလို့ ထင်မိစရာပါပဲ။ အဲ့ဒါဘာကြောင့်လဲဆိုတော့ အဲ့ဒီကဒ်တွေက ပြည်တွင်းက MPU ကဒ်လက်ခံတဲ့ e-commerce app တွေမှာဆိုရင် MPU Card Network ကနေ processing လုပ်တာမို့ MPU ရဲ့ အလုပ်လုပ်ပုံအတိုင်းသွားပါတယ်။ JCB ၊ UPI Card Network ကို ဖြတ်သန်းပြီး အသုံးပြုတဲ့ နိုင်ငံတကာ e-commerce app တွေမှာဆိုရင်တော့ နိုင်ငံတကာမှာ စံသတ်မှတ်အသုံးပြုတဲ့ 3D Secure Protocol အတိုင်းပဲ အလုပ်လုပ်ပါတယ်။ အဲ့ဒီ MPU-JCB / MPU-UPI Co-Brand ကဒ်တွေနဲ့ နိုင်ငံခြား e-commerce app တွေမှာ အသုံးပြုတဲ့အခါမှာ OTP ကို Issuer ဆီကနေ ပို့ပေးမှာဖြစ်ပြီး၊ ပြည်တွင်းမှာ app တွေမှာ အသုံးပြုတဲ့အခါမှာတော့ MPU ကနေ OTP ကို လက်ခံရရှိမှာပါ။ ဒါက နားလည်လွယ်အောင် ပြောတာပါ။ ပိုပြီး တိတိကျကျပြောရရင် ပြည်တွင်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားကပဲဖြစ်ဖြစ် MPU Card Brand Logo ကို မြင်ပြီး ငွေချေတာဆိုရင် MPU ရဲ့ပုံစံအတိုင်း အလုပ်လုပ်ပါတယ်၊ JCB ၊ UPI Card Brand Logo ကို မြင်ပြီး ငွေချေတာဆိုရင် နိုင်ငံတကာ စံသတ်မှတ်ထားတဲ့ 3D Secure Protocol အတိုင်း အလုပ်လုပ်ပါမယ်။ ဒါကို ဘာလို့ ထပ်ပြောနေသလဲဆိုတော့ ပြည်တွင်းက e-commerce ကုန်သည်တွေမှာ MPU ကဒ်လက်ခံတဲ့ ကုန်သည်တွေရှိသလို၊ JCB ၊ UPI ကဒ်ကို MPU Network ကို မဖြတ်ဘဲ JCB ၊ UPI Card Network တွေနဲ့ ငွေပေးချေမှုလက်ခံတဲ့ ကုန်သည်တွေလည်းရှိတာမို့လို့ ဖြစ်ပါတယ်။
နောက်တစ်ခုက MPU ရဲ့ e-commerce စနစ်မှာ ကဒ်အသုံးပြုသူတွေဟာ အွန်လိုင်းမှာ စျေးဝယ်နိုင်ဖို့ရာ MPU ကဒ်တွေကို MPU ရဲ့ e-commerce portal မှာ လျှောက်ထားပြီးမှ အသုံးပြုရပါတယ်။ နိုင်ငံတကာသုံးကဒ်တွေမှာတော့ အဲ့ဒီလို e-commerce အသုံးပြုဖို့ သီးသန့် လျှောက်ထားစရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီအကြောင်းကို “MPU အကြောင်း၊ MPU ကဒ်တွေအကြောင်း” ခေါင်းစဉ်နဲ့ ရေးပေးထားတာရှိပါတယ်။ “https://payzillion.com/about-myanmar-payment-union-mpu” မှာ ဖတ်လို့ရပါတယ်။ နောက်ထပ် MPU နဲ့ နိုင်ငံခြားကဒ်တွေနဲ မတူညီတာတစ်ခုကတော့ MPU မှာ Frictionless Authentication ပုံစံနဲ့ အလုပ်လုပ်တာ မရှိသေးပါဘူး။ E-commerce ငွေပေးချေမှုတိုင်းအတွက် OTP ကို မဖြစ်မနေ အသုံးပြုရပါတယ်။

👍1
ဒါဆိုရင်တော့ MPU ကဒ်တွေနဲ့ အခြားကဒ်တွေ အွန်လိုင်မှာစျေးဝယ်တဲ့အခါ အလုပ်လုပ်ပုံ ကွာခြားတာကို ရှင်းရှင်းလင်းလင်း ဖြစ်သွားလောက်ပါပြီ။ MPU ကဒ်တွေနဲ့ နိုင်ငံခြားကဒ်တွေ အလုပ်လုပ်ပုံမတူညီတာကြောင့်၊ နိုင်ငံတကာသုံး 3D Secure Protocol ကို အသုံးမပြုထားတာကြောင့် MPU ဟာ လုံခြုံမှုမရှိဘူး၊ မကောင်းဘူးလို့တော့ မထင်စေချင်ပါဘူး။ MPU ရဲ့ e-commerce စနစ်မှာလည်း သူ့ဟာနဲ့သူ အားသာချက်တွေရှိပြီး သုံးစွဲသူတွေ အဆင်ပြေပြေ အွန်လိုင်းမှာ စျေးဝယ်နိုင်အောင် စနစ်ကို ထောက်ပံ့ပေးထားနိုင်တာကို မေ့မထားသင့်ပါဘူး။ မတူကွဲပြားမှုတွေကို ပြောပြတာက စနစ်တွေကို လက်တွေ့ ကိုင်တွယ်ထိတွေ့ရတဲ့အခါ မတူတာကို မတူဘူးလို့ပဲ သိထားမှ အကောင်းဆုံး အသုံးပြုနိုင်၊ ကိုင်တွယ်ထိန်းချုပ်နိုင်မှာမို့လို့ ဖြစ်ပါတယ်။ ကဒ်ကိုင်ဆောင်သူတွေ နားလည်လွယ်မဲ့ပုံစံနဲ့ ရေးထားတာမို့ ကဒ်အသုံးပြုသူတွေနဲ့ ပတ်သတ်တဲ့ အပိုင်းလေးကိုပဲ ရေးပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
❤2
Secured နဲ့ Unsecured Credit Card တွေရဲ့ ကွာခြားချက်
Credit card တွေကို အဓိကအားဖြင့် Secured Credit Card နဲ့ Unsecured Credit Card ဆိုပြီး နှစ်မျိုးခွဲပါတယ်။ Secured Card လျှောက်ထားတဲ့အခါ ဘဏ်စာရင်းအကောင့်တစ်ခုဖွင့်ပြီး ငွေပမာဏတစ်ခုကို အာမခံငွေ security deposit အနေနဲ့ ထားရပါတယ်။ အဲ့ဒီငွေကို သတ်မှတ်ကာတစ်ခုအထိ အသုံးမပြုဘဲ ထည့်ထားပေးရပါတယ်။ ဒီတော့ ဘဏ်အတွက် ငွေကြေးဆုံးရှုံးနိုင်မှု credit risk နည်းသွားတဲ့အတွက် ဘဏ်ကလည်း ကဒ်ကို အလွယ်တကူ ထုတ်ပေးပါလိမ့်မယ်။
Unsecured Card ဆိုတာကတော့ ဘဏ်စုငွေထည့်ပေးထားဖို့ မလိုအပ်ဘဲ ကိုယ့်ရဲ့ ဝင်ငွေ income နဲ့ အကြွေးရယူထားမှု၊ သုံးစွဲထားမှုမှတ်တမ်း credit history တွေကိုကြည့်ပြီး ဘဏ်က ကဒ်ထုတ်ပေးတာ ဖြစ်ပါတယ်။ ကဒ်ရဖို့အတွက် ဘဏ်က သတ်မှတ်ထားတဲ့ ဝင်ငွေတစ်ခု ရှိရပါမယ်။ ဝင်ငွေလမ်းကြောင်းနဲ့ အထောက်အထား ပြနိုင်ရပါမယ်။ Credit history ကောင်းကောင်းလည်း ရှိရပါမယ်။ အဲ့ဒီအချက်အလက်တွေပေါ်မူတည်ပြီး ဘဏ်က ကဒ်ကို ထုတ်ပေးပါတယ်။

💳 Credit Card အမျိုးအစားတွေနဲ့ Tier Level များ
Credit card တွေမှာ အဆင့်အတန်း tier level တွေ ခွဲထားပါတယ်။ ပထမဆုံး Standard သို့မဟုတ် Silver ကဒ်တွေရှိပြီး၊ အဲ့ဒီနောက်မှာ Gold ကဒ်၊ Platinum Card၊ Diamond Card နဲ့ အမြင့်ဆုံးအနေနဲ့ Black Card ဆိုပြီး သတ်မှတ်ကြလေ့ရှိပါတယ်။ ကဒ်ကွန်ရက် (Card Network) ပေါ်မူတည်ပြီး အခေါ်အဝေါ်ကွဲပြားနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ အဲ့ဒီအတိုင်း သတ်မှတ်ပါတယ်။
Standard ကဒ် တွေမှာ နှစ်စဉ်ကြေး (Annual Fee) က နည်းပါတယ်။ မြန်မာနိုင်ငံမှာတော့ Standard ကဒ်တွေအတွက် နှစ်စဉ်ကြေး ၂၀,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်လောက်ထိ ကောက်ခံကြပါတယ်။ Gold ကဒ်အတွက်ကိုတော့ နှစ်စဉ်ကြေး ၅၀,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ်လောက်ထိ ကောက်ခံကြပါတယ်။၊ Platinum ကဒ်တွေအတွက်တော့ နှစ်စဉ်ကြေး ၁၀၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်အထိ ကောက်ခံကြပါတယ်။ ကဒ် level မြင့်လေလေ ကဒ်တန်ဖိုး ပိုများလေလေပါပဲ။ ပြီးတော့ ကဒ်အပေါ် ခွင့်ပြုပေးနိုင်တဲ့ အကြွေးသုံးစွဲခွင့်ပမာဏ (Credit Limit) ကလည်း ပိုများလေလေပါပဲ။ ဝင်ငွေများတဲ့သူတွေအနေနဲ့ level ပိုမြင့်တဲ့ ကဒ်ကို လျှောက်ထားအသုံးပြုရမှာဖြစ်ပါတယ်။ ဘဏ်ပေါ်မူတည်ပြီး ကဒ်လျှောက်ထားခ Joining Fee လိုအခြားဝန်ဆောင်ခတွေလည်း ပေးရတာမျိုး ရှိနိုင်ပါတယ်။ အခါအားလျော်စွာ ဘဏ်တွေက promotion အစီအစဉ်တွေနဲ့ ကဒ်ထုတ်ပေးတာတွေရှိတတ်လို့ အဲ့ဒီလို ပွဲတွေမှာ ကဒ်လျှောက်ထားမယ်ဆိုရင်တော့ ဝန်ဆောင်ခ ကင်းလွတ်ခွင့်တွေ၊ နှစ်စဉ်ကြေး သက်သာခွင့်တွေ ရတတ်ပါတယ်။
ဒီနေရာမှာ level မြင့်တဲ့ Credit card တွေမှာ နှစ်စဉ်ကြေးပိုများတာနဲ့ ထိုက်တန်အောင် ခံစားခွင့်တွေ လည်း ပိုပြီးရရှိမှာ ဖြစ်တာကို သိထားရပါမယ်။ သက်ဆိုင်ရာဘဏ်က လုပ်ပေးတဲ့ခံစားခွင့်တွေရှိသလို၊ ကဒ်ကွန်ရက် ဖြစ်တဲ့ Visa၊ Mastercard၊ JCB၊ UPI၊ MPU တို့ကနေ စီစဉ်ပေးထားတာတွေလည်းရှိပါတယ်။ Airport lounge access ရနိုင်တာ၊ hotel booking တွေမှာ discount ပိုရတာ। concierge service၊ travel insurance၊ cashback rates တွေ၊ အခမဲ့ gift တွေနဲ့ exclusive event တွေကို ဖိတ်ကြားတာတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ကဒ်လျှောက်ထားတဲ့အခါမှာ အဲ့ဒီကဒ်အတွက် ခံစားခွင့်ဘာတွေရှိမလဲဆိုတာကို ဘဏ်ကို သေချာမေးကြည့်သင့်ပါတယ်။ Annual fee ပိုပေးရတာကလွဲပြီး ကဒ်တွေက တစ်ခုနဲ့တစ်ခု အကျိုးခံစားခွင့် အတူတူပဲတော့ မဖြစ်သင့်ဘူးမလား။ မိမိကဒ်လျှောက်ထားတဲ့ ဘဏ်ခွဲတွေမှာ resource လိုအပ်ချက်ကြောင့် တစ်ခါတစ်ရံ သေချာအဖြေမပေးနိုင်တာမျိုး ရှိတတ်လို့ အဲ့ဒီအခါမျိုးမှာ ကဒ်ဌာနလိုမျိုးကို ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံမေးလို့ရနိုင်ပါတယ်။ သတိပြုရမှာက ကိုယ်လျှောက်ထားမယ့် ကဒ်ရဲ့ level မြင့်လေလေ လျှောက်ထားဖို့အတွက် လိုအပ်တဲ့ ဝင်ငွေသတ်မှတ်ချက်က ပိုပြီး များလေလေ ဖြစ်ပါတယ်။
Card brand အလိုက် အကျိုးခံစားခွင့်တွေကို စိတ်ဝင်စားရင် ကြည့်လို့ရအောင် link တွေကို ထည့်ပေးထားပါတယ်။
https://myanmar.visa.com/en_mm/visa-offers-and-perks/
https://www.global.jcb/en/consumers/platinum/index.html
https://www.unionpayintl.com/cardholderServ/serviceCenter/merchant?language=en
ဒီလောက်ဆိုရင်တော့ မတူညီတဲ့ credit card level တွေ အကြောင်းနဲ့ အကျိုးခံစားခွင့်အကြောင်း သိသွားလောက်ပါပြီ။ ဒီတော့ ကိုယ်က ကဒ်အမြင့် ကိုင်ထားတာဆိုရင် သာမာန်ငွေချေဖို့သက်သက်ပဲ မဟုတ်ဘဲ အခမဲ့ရနိုင်တဲ့ ခံစားခွင့်တွေနဲ့ လျှော့စျေး (Discount) ခံစားခွင့်တွေကိုလည်း အကျိုးရှိရှိ အသုံးချဖို့ awareness ရသွားမယ်လို့ ယုံကြည်ပါတယ်။

💳 Credit Card ဒီလိုလျှောက်ပါ
အကြွေးဝယ်ကဒ် (Credit Card) လျှောက်ထားမယ်ဆိုရင် သိထားရမှာက credit card သည် ချေးငွေ (Loan) အမျိုးအစားဖြစ်တာကြောင့် ပုံမှန် ဘဏ်ကတ် (Debit Card) တွေလို ချက်ချင်း မရပါဘူး။ ဘဏ်ကို ကတ်လျှောက်ပြီးတဲ့နောက် ဘဏ်က လိုအပ်တာတွေ စစ်ဆေးပြီးမှသာ ထုတ်ပေးမှာဖြစ်လို့ ကတ်လျှောက်ထားပြီး တစ်ပတ်ကနေ တစ်လလောက်အထိ စောင့်ဖို့ လိုအပ်နိုင်ပါတယ်။
အဲ့ဒီတော့ ကတ်လျှောက်ထားမယ်ဆိုရင် ပထမဆုံး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရပါမယ်။ ကိုယ်က ဝန်ထမ်းဆိုရင် ဓာတ်ပုံတစ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အလုပ်ထောက်ခံစာ၊ လစာဖြတ်ပိုင်း၊ Bank Statement အစရှိတာတွေ လိုအပ်တတ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများဆိုရင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ Bank Statement၊ ကုမ္ပဏီလိုင်စင်၊ ကုမ္ပဏီဝင်ငွေအထောက်အထား အစရှိတာတွေ လိုအပ်တတ်ပါတယ်။ မိမိကို ထောက်ခံပေးမယ့် အာမခံပေးသူ (Guarantor) လည်း လိုအပ်မှာဖြစ်ပြီး ထောက်ခံပေးသူရဲ့ ဓာတ်ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ဝင်ငွေအထောက်အထား အစရှိတာတွေလည်း လိုအပ်နိုင်ပါတယ်။ ဒီနေရာမှာ ဘဏ်နဲ့ ကိုယ်နဲ့ ပတ်သတ်မှု (Relationship) ပေါ်မူတည်ပြီး အထောက်အထား ကင်းလွတ်ခွင့်တွေ၊ အာမခံပေးသူ ကင်းလွတ်ခွင့်တွေ ရတတ်ပါတယ်။ ကိုယ်လျှောက်ထားမယ့် ဘဏ်အပေါ်မူတည်ပြီး စာရွက်စာတမ်းတွေ ပိုပြီး လိုအပ်တာမျိုးလည်း ရှိနိုင်သလို၊ ဖော်ပြထားသလောက် မလိုအပ်တာမျိုးလည်းရှိနိုင်ပါတယ်။ အကယ်၍ ကိုယ်က ဝင်ငွေဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ အထောက်အထားတွေလည်း ဘဏ်ကို မပေးချင်ဘူး သို့မဟုတ် ပေးဖို့အဆင်မပြေဘူးဆိုရင်တော့ ဘဏ်စုငွေတစ်ခုထည့်ထားရပြီး အဲ့ဒီစုငွေပမာဏအပေါ်မှာ အကြွေးသုံးစွဲခွင့် (Credit Limit) သတ်မှတ်ပေးတဲ့ Secured Credit Card ကို လျှောက်ထားသင့်ပါတယ်။
လျှောက်ထားတဲ့အခါမှာ မိမိလျှောက်ထားမယ့် ဘဏ်ပေါ်မူတည်ပြီး အင်တာနက်ပေါ်က လျှောက်ထားလို့ရတာဖြစ်နိုင်သလို၊ သက်ဆိုင်ရာဘဏ်မှာ လူကိုယ်တိုင်သွားပြီး လျှောက်ထားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘဏ်က သတ်မှတ်ထားတဲ့ လျှောက်လွှာဖောင်ကို ဖြည့်ပေးရမှာဖြစ်ပြီး၊ လိုအပ်တဲ့ အထောက်အထား စာရွက်စာတမ်းတွေကို တင်ပြပေးရမှာဖြစ်ပါတယ်။
လျှောက်လွှာတင်ပြီးသွားရင်တော့ ဘဏ်က တစ်ပတ်ကနေ နှစ်ပတ်လောက် အချိန်ယူပြီး စစ်ဆေးပါတယ်။ ဒီကာလအတွင်းမှာ သက်ဆိုင်ရာ ဘဏ်ကဝန်ထမ်း ကိုယ့်ဆီနဲ့ ကိုယ်အလုပ်လုပ်တဲ့ ကုမ္ပဏီဆီ၊ ထောက်ခံပေးထားတဲ့ အာမခံပေးသူ (Guarantor)ဆီကို ဖုန်းဆက်ပြီး အချက်အလက်အတည်ပြုတာ၊ လိုအပ်တာတွေ မေးမြန်းတာမျိုးတွေ ရှိနိုင်ပါတယ်။ ပြီးတော့ ဘဏ်မှာ ချေးငွေရယူဖူးသလား၊ ပုံမှန်ပြန်ဆပ်တတ်တဲ့ အကျင့်ရှိသလား၊ အခြားဘဏ် သို့မဟုတ် ချေးငွေလုပ်ငန်းတွေကနေရော အကြွေးရယူဖူးသလား၊ credit history ကောင်းရှိရဲ့လား အစရှိတာတွေကို ဘဏ်မှာရှိတဲ့အချက်အလက်တွေနဲ့ရော၊ Credit Bureau မှာရှိတဲ့ အချက်အလက်တွေနဲ့ပါ တိုက်ဆိုင်စစ်ဆေးပါလိမ့်မယ်။ လိုအပ်တာတွေအားလုံး အတည်ပြုပြီးရင်တော့ ကတ်ထုတ်ပေးမယ်၊ မထုတ်ပေးဘူး၊ အကြွေးသုံးစွဲခွင့်ပမာဏ (Credit Limit) ဘယ်လောက်ပေးမလဲ အစရှိသဖြင့် ဆုံးဖြတ်ချက်တွေချပါတယ်။
အဲ့ဒီနောက်မှာတော့ credit card ကို ထုတ်ပေးမှာဖြစ်ပြီး ဘဏ်ကနေ ကိုယ့်ဆီကို ပို့ပေးတာမျိုးရှိသလို၊ ကိုယ်တိုင်သွားယူရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကတ်ရတဲ့အခါ ဘဏ်က ဖုန်းဆက်ပြီးဖြစ်စေ၊ SMS ကနေဖြစ်စေ တစ်နည်းနည်းနဲ့ ဆက်သွယ်ပြီး အကြာင်းကြားပေးပါလိမ့်မယ်။ မြန်မာပြည်က ဘဏ်တွေမှာတော့ ကိုယ်တိုင်ဘဏ်မှာ သွားထုတ်ရတာမျိုးပဲ ဖြစ်လေ့ရှိပါတယ်။ ကဒ်ရပြီးတဲ့အခါ ဘဏ်မှာတစ်ခါတည်းဖြစ်စေ၊ ဘဏ်ရဲ့ call center၊ card center တွေကို ဖုန်းဆက်ပြီးဖြစ်စေ ကတ်ကို activate လုပ်ခိုင်းဖို့ လိုအပ်တတ်ပါတယ်။ ကတ်လျှောက်ထားသူလက်ထဲ ကတ်မရောက်ခင် အခြားသူများ ခိုးယူသုံးစွဲမလို့ မရအောင် လျှောက်ထားသူလက်ထဲ ကတ်ရောက်တော့မှ activation လုပ်ပေးတတ်ကြတာမို့ပါ။
အဲ့ဒီနောက်မှာတော့ ကိုယ်ကတ်လျှောက်ထားတဲ့ဘဏ်ရဲ့ နီးစပ်ရာ ATM မှာဖြစ်စေ၊ Online banking app ကနေဖြစ်စေ ကတ်အတွက် PIN တစ်ခု သတ်မှတ်ပေးဖို့လို့ပါတယ်။ ကတ်ရတဲ့အခါမှာတုန်းက PIN ပါ တစ်ခါတည်း ရထားတယ်ဆိုရင်လည်း PIN အသစ် ပြောင်းပေးရပါမယ်။ ကတ်ကိုလည်း activate လုပ်ပြီးပြီ၊ PIN အသစ်လည်း သတ်မှတ်ပြီးပြီဆိုရင်တော့ စတင်အသုံးပြုလို့ရပါပြီ။ များသောအားဖြင့် ကတ်လျှောက်ထားသူတွေ ဖြစ်တတ်တာကတော့ ကတ်ကို activate လုပ်ဖို့ ဘဏ်ကို မဆက်သွယ်ဘဲ ငွေပေးချေမိတာတာနဲ့ activate လုပ်ပြီးသော်လည်း PIN အသစ် မသတ်မှတ်ပဲ သုံးဖို့ ကြိုးစားမိတာ ဖြစ်ပါတယ်။ သတိထားသင့်ပါတယ်။ ငွေချေဖို့ စျေးဆိုင်ကောင်တာ ရောက်တဲ့အခါကျမှ ငွေသားကလည်း ပါမလာဘူး၊ ကတ်ကလည်း သုံးမရဘူးဆိုရင် တော်တော်လေး စိတ်ကသိကအောက် ဖြစ်ရမယ်မို့လား။ ဒီလောက်ဆိုရင်တော့ credit card လျှောက်ထားတဲ့အခါမှာ လိုအပ်တဲ့အချက်အလက်တွေ၊ လျှောက်ထားရတဲ့ အဆင့်တွေနဲ့၊ ကတ်ရတဲ့အခါမှာ သတိထားရမယ့် အချက်တွေကို သိသွားလောက်ပါပြီ။ အဆင်ပြေကြမယ်လို့ ယုံကြည်ပါတယ်။

💳 Credit Card အကြွေးမတင်ဘဲသုံးနည်း
Credit card အသုံးပြုတဲ့အခါမှာ အရေးအကြီးဆုံး ရွှေစည်းမျဉ်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လစဉ်ငွေစာရင်းရှင်းတမ်း (Monthly Statement) ရပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့ နောက်ဆုံးပေးသွင်းရမယ့်ရက် မတိုင်ခင် သုံးထားသမျှ အပြည့်ပြန်ဆပ်ရမယ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ လစဉ်ငွေစာရင်းရှင်းတမ်းမှာ ၃သိန်း ပေါ်နေတယ်ဆိုပါစို့။ အဲ့ဒီ ၃သိန်းကျပ်ကို နောက်ဆုံးပေးသွင်းရမယ့် ရက်မတိုင်ခင် အပြည့်အဝ ပြန်သွင်းပေးလိုက်ပါ။ အဲ့ဒါဆိုရင် ဘဏ်ကို အတိုး (Interest) အပါအဝင် မည်သည့် အဖိုးအခမှ ပေးစရာမလိုတော့ပါဘူ။ အကယ်၍ လောလောဆယ် အပြည့်မပေးသွင်းနိုင်သေးတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အနည်းဆုံးပေးသွင်းရမယ့် ငွေပမာဏ (Minimum Payment) ကို ပေးသွင်းဖို့လိုပါတယ်။ အဲ့ဒါဆိုရင်တော့ လက်ကျန်ငွေပမာဏအပေါ်မှာ အတိုးပေးရမှာဖြစ်ပေမယ့် ပြဿနာကြီးကြီးမားမားမရှိသေးပါ။ အကယ်၍ အနည်းဆုံးပေးသွင်းရမယ့် ငွေပမာဏ (Minimum Payment) ကိုပါ ပြည့်မီအောင် မပေးသွင်းနိုင်ခဲ့ဘူးဆိုရင်တော့ မိမိရဲ့ credit history ကို ထိခိုက်မှာဖြစ်သလို ဘဏ်က ကောက်ခံမယ့် အတိုးနှုန်းအပြင် အခြားသော ဒဏ်ကြေးငွေတွေကိုပါ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။
နောက်ပြီး credit card ကို အသုံးပြုတဲ့အခါမှာ ကိုယ်ရထားတဲ့ အကြွေးသုံးစွဲခွင့်ပမာဏ (Credit Limit) ကို အကုန် မသုံးသင့်ပါ။ ဘယ်တော့မှ ကိုယ်ရရှိထားတဲ့ သုံးစွဲခွင့်ပမာဏရဲ့ ၃၀% ထက်ပိုပြီး အသုံးမပြုပါနဲ့။ ဥပမာ ကိုယ်ရထားတဲ့ သုံးစွဲခွင့်ပမာဏက ၁၀ သိန်းကျပ်ဆိုရင် ၃ သိန်းထက် ပိုပြီး အသုံးမပြုပါနဲ့။ အကယ်၍ အဲ့ဒီလိုလည်း မဖြစ်နိုင်ဘူး၊ မဖြစ်မနေ သုံးစရာရှိတဲ့ အခြေအနေမျိုးရှိခဲ့ရင်တော့ မိမိလစဉ်ဝင်ငွေထက် ဘယ်သောအခါမှ ပိုပြီး အသုံးမပြုပါနဲ။ ဥပမာ ကိုယ်က လစဉ် ၁၀ သိန်း ဝင်ငွေရှိတယ်ဆိုပါစို့။ Credit card မှာက လစာရဲ့ တစ်ဆခွဲ (၁၅ သိန်း) သို့မဟုတ် နှစ်ဆ (သိန်း၂၀) သုံးစွဲခွင့်ရထားတယ်ဆိုပါစို့၊ credit card ကို အများဆုံး ၁၀သိန်းထက် ပိုပြီး အသုံးမပြုပါနဲ့။ မိမိဝင်ငွေထက် ပိုပြီး အသုံးပြုမိလေလေ၊ ပြန်ဆပ်နိုင်ဖို့ ပိုပြီး ခက်ခဲလေလေပါပဲ။ အဲ့ဒီလို ပြန်မဆပ်နိုင်တဲ့အခါမှာ ဘဏ်က လစဉ်ကောက်ခံမယ့် အတိုးနှုန်း (Interest) အပြင်၊ ဒဏ်ကြေး (Penalty Fee) တွေ၊ နောက်ကျကြေး (Late Fee) တွေပါ ပါလာတော့မှာမို့ အကြွေးနွံထဲ နစ်သွားတတ်ပါတယ်။
နောက်တစ်ချက်က Credit card ကို အသုံးပြုတဲ့အခါမှာ စျေးဝယ်ဖို့နဲ့ အွန်လိုင်းမှာ ငွေပေးချေတာတွေအတွက်ပဲ အသုံးပြုပါ။ ATM ကနေငွေသားထုတ်ယူတာမျိုး၊ Cash advance ထုတ်ယူတာမျိုးတွေကို ဖြစ်နိုင်ရင် မလုပ်ပါနဲ့။ Credit card ကနေ ငွေသားထုတ်ယူတာကို cash advance လို့ခေါ်ပါတယ်။ Credit card တွေမှာ ငွေသားထုတ်ယူတဲ့ အသုံးပြုမှုတွေအတွက် ငွေထုတ်ယူခကောက်ခံခြင်း၊ အတိုးကင်းလွတ်ခွင့်ကာလ မပေးခြင်း အစရှိတာတွေ လုပ်ထားလေ့ရှိပါတယ်။ ဒါကြောင့် credit card နဲ့ ငွေသားထုတ်ယူမယ်ဆိုရင် အရေးပေါ် အခြေအနေမျိုးမှာသာ ငွေသားထုတ်ယူပါ။ အသုံးပြုပြီးတာနဲ့ ချက်ချင်း သို့မဟုတ် ရက်ပိုင်းအတွင်း ငွေသားထုတ်ယူထားတဲ့ ပမာဏအတိုင်း အပြည့် ငွေပြန်သွင်းပါ၊ လစဉ်ငွေစာရင်းရှင်းတမ်း (Monthly Statement) ရတဲ့အထိ မစောင့်ပါနဲ့။ ငွေသားထုတ်ယူမှုအတွက် အတိုးကင်းလွတ်ခွင့်ကာလ မရှိပါ၊ ထုတ်ယူတဲ့ နေ့ကစပြီး အတိုးပေးရမှာ ဖြစ်ပါတယ်။
နောက်ဆုံးအရေးကြီးတဲ့တစ်ချက်က ကိုယ် credit card ရယူထားတဲ့ ဘဏ်မှာ လစဉ်ဘဏ်ငွေစာရင်းထဲက အလိုအလျောက် ငွေနှုတ်ယူပြီး credit card အသုံးပြုမှုအတွက် ငွေပေးသွင်းလို့ရတဲ့ ဝန်ဆောင်မှုရှိရင် အဲ့ဒီ ဝန်ဆောင်မှုကို ရယူထားသင့်ပါတယ်။ နောက်တစ်နည်းက credit card အသုံးပြုမှုအတွက် ငွေပြန်သွင်းဖို့ ဖုန်းထဲက ပြက္ခဒိန်မှာ မှတ်ထားပါ။ အဲ့ဒါဆို အချိန်မှန် alert ရနေမှာမို့ မေ့ပြီး ငွေမသွင်းမိမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ Credit card ဆိုတာ အပိုငွေမဟုတ်သလို သုံးပြီးတာနဲ့ ပြန်ပေးရမယ်ဆိုတာ အမြဲတမ်း သတိရပါ။
ဒီလောက်ဆိုရင်တော့ credit card ကို အကြွေးကင်းကင်းနဲ့ အသုံးပြုနိုင်ဖို့၊ အဲ့ဒီလို အသုံးမပြုနိုင်ရင်တောင် ဘဏ်ကို ပေးဆောင်ရမယ့် အဖိုးအခတွေ အနည်းဆုံးဖြစ်စေဖို့၊ အကြွေးနွံထဲမနစ်သွားရလေအောင် ထိန်သိမ်းနိုင်ဖို့နဲ့ credit history ကောင်းတွေ တည်ဆောက်နိုင်ဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်မှာ Credit Bureau လည်းရှိနေပြီမို့ အခုကတည်းက credit card ကို ကောင်းမွန်စွာ အသုံးပြုပြီး credit history ကောင်းတွေကို တည်ဆောက်ထားမယ်ဆိုရင် နောက်တစ်ချိန်မှာ ပြန်ပြီး အသုံးဝင်လာပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

💳 Digital Wallet vs Banking App vs Card ဘာကို သုံးရမလဲ
ဒီနေ့ခေတ်မှာ digital wallet တွေ၊ internet/mobile banking app တွေနဲ့ ငွေပေးချေမှုကတ်တွေ အစရှိသဖြင့် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်း အမျိုးမျိုးပေါ်လာတာမို့ ကိုယ်နဲ့ ဘယ်ငွေပေးချေမှုနည်းလမ်းက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားစရာ၊ ရွေးချယ်စရာ ဖြစ်လာပါတယ်။ အကောင်းဆုံးအဖြေကတော့ ကိုယ်ရဲ့နေထိုင်ပုံ၊ ငွေကြေးသုံးစွဲပုံနဲ့ စီမံခန့်ခွဲမှုအပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်ပါတယ်။
၁) လူတိုင်းအတွက် Digital Wallet App
ပထမဆုံးအနေနဲ့ ကိုယ်က ဒီဂျစ်တယ်ငွေပေးချေမှုကို စတင်အသုံးပြုမယ့်သူဖြစ်စေ၊ ဘဏ်နဲ့ အနည်းငယ်ဝေးတဲ့ နေရာဒေသမှာ နေထိုင်တဲ့သူဖြစ်စေ ဆိုရင်တော့ digital wallet တစ်မျိုးမျိုးကို စတင် အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ - KBZ Pay လို၊ WavePay လို၊ AYA Pay လို wallet တစ်မျိုးမျိုးကို စတင်အသုံးပြုကြည့်ပါ။ Digital wallet အများစုမှာ P2P လို့ခေါ်တဲ့ အချင်းချင်း ငွေလွှဲလို့ရတာ၊ ငွေလွှဲလက်ခံတာ၊ အေးဂျင့်ကနေတစ်ဆင့် ငွေထုတ်တာတွေလုပ်လို့ရတာမို့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အချင်းချင်း ငွေလွှဲဖို့ရာ အဆင်ပြေလွယ်ကူစေပါတယ်။ ဒါ့အပြင် ATM ကနေ ငွေထုတ်လို့ရနိုင်ပါတယ်။ ပြီးတော့ အင်တာနက်မှာ စျေးဝယ်တဲ့အခါ ငွေပေးချေတာ၊ ဖုန်းဘေလ်ဖြည့်တာ၊ မီတာဆောင်တာ၊ အင်တာနက်နဲ့ ရုပ်သံလိုင်းတွေအတွက် လစဉ်ကြေးပေးသွင်းတာ၊ အာမခံပရီမီယံကြေး ပေးသွင်းတာ အစရှိသဖြင့် ငွေပေးချေမှု အများစုအတွက် အလွယ်တကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Digital wallet တွေ အသုံးပြုတဲ့အခါ လူအများစုအတွက် အဆင်ပြေစေတာ တစ်ခုက ဘဏ်ငွေစာရင်းအကောင့် မရှိလည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းက စပြီး မြန်မာပြည်မှာ MMQR ဆိုတဲ့ QR Standard ကလည်း စပြီး အသက်ဝင်လာပြီမို့ wallet တစ်မျိုး ကိုယ့်ဆီမှာရှိထားရင် wallet နဲ့ ငွေပေးချေမှု လက်ခံနိုင်တဲ့ စျေးဆိုင်တိုင်းမှာ ငွေပေးချေလို့ရလာပါပြီ။ အရင်လို ထွက်သမျှ wallet တွေ အကုန်လုံး ဖုန်းထဲ ထည့်ထားစရာ မလိုတော့ပါဘူး။ ကိုယ်အဆင်အပြေဆုံးဖြစ်မယ့် wallet တစ်ခု၊ နှစ်ခုလောက် ဖုန်းထဲ ထည့်ထားရင် နေရာတော်တော်များများမှာ ငွေပေးချေလို့ရမှာ ဖြစ်ပါတယ်။
၂) ဘဏ်စာရင်းရှိသူတိုင်းအတွက် Debit Card
အကယ်၍ ကိုယ်က ဘဏ်ငွေစာရင်းအကောင့်ရှိတာဖြစ်စေ၊ မြို့ကြီးတွေမှာ နေထိုင်တာဖြစ်စေ ဆိုရင်တော့ debit card ကို လျှောက်ထား အသုံးပြုသင့်ပါတယ်။ ဒီနေ့ခေတ်မှာ မြို့ပေါ်က စျေးဆိုင်ကြီးတော်တော်များများနဲ့ စားသောက်ဆိုင်ကြီးများမှာ ကတ်နဲ့ ငွေပေးချေတာကို လက်ခံကြတာမို့ debit card ရှိထားရင် အရင်လို ငွေသားတစ်ထပ်ကြီး သယ်မနေရတာ့ဘဲ နေရာတော်တော်များများမှာ အလွယ်တကူ ငွေပေးချေနိုင်စေမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရမှာကိုလည်း စိတ်ပူစရာမလိုတော့ပါ။ အကယ်၍ ကတ်ပျောက်သွားခဲ့ရင်တောင် ဘဏ်ကို ဖုန်းဆက်ပြီးဖြစ်စေ၊ mobile banking app ကနေ ဖြစ်စေ ကတ်ကို အခြားသူတွေ အသုံးပြုလို့ မရအောင် စီမံလို့ရပါတယ်။
ကတ်ကိုင်ဆောင်တဲ့အခါမှာလည်း ကိုယ်က ပြည်တွင်းမှာပဲ အသုံးပြုမှာဆို MPU debit card ကို အသုံးပြုနိုင်သလို၊ နိုင်ငံခြား ငွေပေးချေမှုတွေ ပြုလုပ်ချင်တာဆိုရင်တော့ JCB၊ UPI၊ Mastercard အစရှိသဖြင့် လျှောက်ထား အသုံးပြုနိုင်ပါတယ်။ နောက်ပြီး နိုင်ငံတစ်ကာ ecommerce ဝဘ်ဆိုဒ်တွေကနေ စျေးဝယ်ချင်တဲ့သူတွေအတွက်လည်း ငွေပေးချေဖို့ အသုံးပြုနိုင်တာမို့ အများကြီး အဆင်ပြေလွယ်ကူစေမှာ ဖြစ်ပါတယ်။
၃) ဘဏ်ငွေစာရင်းကို ထိန်းချုပ်ဖို့အတွက် Banking App
နောက်ထပ်တစ်ခုကတော့ Internet/Mobile banking တွေကို လျှောက်ထားအသုံးပြုတာပါ။ ကိုယ်က ဘဏ်စာရင်းအကောင့် ရှိထားတဲ့သူဆိုရင် internet banking နဲ့ mobile banking ကို မဖြစ်မနေ လျှောက်ထား အသုံးပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းထဲမှာ သက်ဆိုင်ရာဘဏ်ရဲ့ mobile banking app ရှိထားရုံနဲ့ မိမိဘဏ်ငွေစာရင်ထဲက ငွေအဝင်အထွက် အားလုံးကို ဘယ်အချိန်ဖြစ်ဖြစ် စစ်ဆေးကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နိုင်တာကြောင့် ငွေကြေးစီမံခန့်ခွဲဖို့အတွက် လွယ်ကူသွားစေပါတယ်။ နောက်ပြီး မိသားစုတွေ၊ မိတ်တွေတွေကိုလည်း အလွယ်တကူ ငွေလွှဲလို့၊ ငွေလွှဲလက်ခံလို့ ရနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ digital wallet တွေမှာလိုပဲ ဖုန်းငွေဖြည့်တာတွေ၊ လစဉ်ကြေးပေးဆောင်တာတွေကိုလည်း အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၄) အသုံးစားရိတ် ထိန်းချုပ်ဖို့တွက် Prepaid Card
နောက်တစ်ခုကတော့ Prepaid card ပါ။ Prepaid card ကိုတော့ ဘယ်လိုလူတွေအတွက် သင့်တော်မလဲဆိုရင် debit card လို ဘဏ်ငွေစုစာရင်းအကောင့်ထဲက ငွေကို တိုက်ရိုက်မသုံးချင်တဲ့သူတွေ၊ ငွေကြေးအသုံးစရိတ်ကို limit ကန့်သတ်ပြီး အသုံးပြုလိုသူတွေနဲ့ ဘဏ်ငွေစာရင်းအကောင့် မရှိသူတွေအတွက် သင့်တော်ပါတယ်။ Debit card မှာဆိုရင် ဘဏ်ငွေစာရင်းအကောင့်ထဲက ငွေကို တိုက်ရိုက်သုံးစွဲတာဖြစ်လို့ အကယ်၍ ကတ်ပျောက်သွားတာမျိုးဖြစ်ခဲ့ရင်၊ အချိန်မီ ကတ်ကိုလည်း မပိတ်နိုင်ခဲ့ရင် ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲက ငွေတွေ ဆုံးရှုံးနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ Prepaid card မှာတော့ ကြိုတင်ငွေဖြည့်ထားသလောက်ပဲ အသုံးပြုနိုင်တဲ့ ကတ်အမျိုးအစားဖြစ်တာမို့ ကတ်ပျောက်ဆုံးမှုကြောင့် ဆုံးရှုံးမှုဖြစ်ခဲ့ရင်တောင် ကတ်ထဲမှာ ငွေဖြည့်ထားသလောက်ပဲ ဆုံးရှုံးမှာဖြစ်ပါတယ်။
Prepaid card ရဲ့ နောက်ထပ် အသုံးဝင်ပုံတစ်ခုက ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်ချင်တဲ့သူတွေအနေနဲ့ prepaid card ထဲကို လစဉ်ဘယ်လောက်သုံးမယ်ဆိုပြီး ကိုယ်အသုံးပြုမယ့် ပမာဏပဲ ထည့်ထားပြီး အသုံးပြုတဲ့အခါ debit card မှာလို ဘဏ်ငွေစာရင်းထဲမှာ ထည့်ထားသမျှ အသုံးမပြုဖြစ်တော့ဘဲ ငွေကို ပိုပြီး ချွေတာသုံးစွဲနိုင်ဖို့ အထောက်အကူ ဖြစ်စေတာပါ။
၅) စျေးဝယ်ရတာ၊ ခရီးသွားရတာ ကြိုက်သူတွေအတွက် Credit Card
နောက်ဆုံးတစ်ခုကတော့ credit card ပါ။ Credit card ကတော့ မကြာခဏ ခရီးထွက်လေ့ရှိသူတွေ၊ အွန်လိုင်းမှာ စျေးဝယ်ရတာကို ကြိုက်နှစ်သက်သူတွေ၊ Reward Point တွေ၊ Cashback တွေ၊ ကတ်အတွက် အထူးခံစားခွင့်တွေ လိုချင်တဲ့သူတွေ၊ Credit History တည်ဆောက်လိုသူတွေအတွက် ဖြစ်ပါတယ်။ ပြည်တွင်းသီးသန့် အသုံးပြုတဲ့ MPU ကတ်ဖြစ်စေ၊ နိုင်ငံတကာ အသုံးပြုလို့ရတဲ့ Visa၊ Mastercard၊ UPI၊ JCB အစရှိသဖြင့် ကိုယ်နှစ်သက်ရာကို ကိုင်ဆောင်နိုင်ပါတယ်။
Credit Card တွေမှာ အားသာချက်အနေနဲ့ ဘဏ်ကပေးထားတဲ့ အကြွေးဝယ်ခွင့်သတ်မှတ်ချက် (Credit Limit) ပေါ်မူတည်ပြီး အသုံးပြုရတဲ့ ကတ်ဖြစ်လို့ ကတ်မတော်တဆပျောက်ဆုံးလို့ဖြစ်စေ၊ လိမ်လည်မှု (Fraud) တစ်ခုခုဖြစ်စေ ကြုံရတဲ့အခါမျိုးမှာ ကိုယ့်အိတ်ကပ်ထဲက ငွေကို တိုက်ရိုက်ဆုံးရှုံးတာ မဟုတ်လို့ အခြားသော ကတ်အမျိုးအစားတွေထက် စိတ်ချမ်းသာရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်ပိုက်ဆံမဟုတ်လို့ ဖြစ်ချင်တာဖြစ်ပါစေဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ အငြင်းပွားမှုတွေ၊ Fraud တွေ ဖြစ်တဲ့အခါမျိုးမှာ ကိုယ့်ဘက်က မှန်နေရင် လုံးဝ ဆုံးရှုံးစရာမရှိပါ။ ယာယီအားဖြင့် ကိုယ့်အိတ်ထဲက ငွေကို စိုက်ထားပြီး လိမ်လည်ခံရတဲ့ ငွေကို ပြန်ရဖို့ စောင့်ရတာထက်၊ ဘဏ်ကငွေနဲ့ စောင့်ရတာက ပိုပြီး စိတ်သက်သာမယ်မလား။
နောက်ထပ် အားသာချက်တစ်ခုက credit card ဆိုတဲ့အတိုင်း အသုံးပြုသမျှဟာ ဘဏ်ကငွေနဲ့ ဝယ်တာဖြစ်ပြီး ကိုယ်က လကုန်လို့ စာရင်းရှင်းတမ်းရတော့မှ ငွေပြန်သွင်းရမှာဖြစ်ပါတယ်။ ကိုယ်သုံးထားသမျှကို အချိန်မှန် အပြည့်အဝ ငွေပြန်သွင်းနေသ၍ နှစ်စဉ်ကြေးတစ်ခုကလွဲပြီး ဘဏ်ကို ဘာအဖိုးအခမှ ပေးစရာမလိုဘဲ အမြဲတမ်း အသုံးပြုနိုင်စေမှာမို့ တစ်ခုခုအသုံးပြုစရာရှိရင် လကုန်လစာထုတ်ရက်မှ ဝယ်မယ်ဆိုပြီး စောင့်နေစရာ မလိုတော့ပဲ ဝယ်ယူဖို့ အဆင်ပြေစေပါတယ်။ သတိပြုရမှာက credit card ကို အသုံးပြုတဲ့အခါမှာ အချိန်မှန် ကိုယ်အသုံးပြုထားသမျှကို အပြည့်အဝ ငွေပြန်သွင်းဖို့နဲ့ ကိုယ်ပြန်ဆပ်နိုင်တဲ့ ပမာဏကိုပဲ ချင့်ချိန်သုံးစွဲမယ်ဆိုရင် ရပါပြီ။
ဒီလောက်ဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီမယ့် ငွေပေးချေမှုနည်းစနစ်ကို ရွေးချယ်ဖို့ လွယ်ကူသွားလောက်ပါပြီ။ နောက်ဆုံးအနေနဲ့ အရေးကြီးတာတစ်ခုက ကိုယ်က ဘယ်နည်းလမ်းကို ရွေးချယ်အသုံးပြုဖြစ်ဖြစ် လုံခြုံရေးကို ဦးစားပေးရမှာပါ။ ဒီဂျစ်တယ်ငွေပေးချေမှုနည်းစနစ်တွေ၊ app တွေကို အသုံးပြုရာမှာ PIN၊ Password တွေ သေချာသတ်မှတ်ထားဖို့၊ Face login တွေ၊ Fingerprint login တွေ သတ်မှတ်ထားဖို့နဲ့၊ PIN Number တွေ၊ Password တွေ၊ ကတ်နံပါတ်တွေ၊ CVV တွေကို လုံခြုံအောင်ထားဖို့၊ Two-Factor Authentication သုံးဖို့၊ Transaction History တွေကို ပုံမှန်စစ်ဆေးဖို့ စတာတွေက အခြေခံလုပ်ဆောင်ရမယ့် လုံခြုံရေးလိုအပ်ချက်တွေ ဖြစ်တာမို့ မမေ့မလျော့ဘဲ သေချာဂရုတစိုက် လုံခြုံအောင်လုပ်ဆောင်ဖို လိုအပ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

Your FREE payments lab is launching soon. Get ready to experiment. 🧪
The Card Payments Simulator is coming to PayZillion.com!
Simulate real-world ATM, POS, and E-commerce transaction scenarios. Then, instantly dive deep into the complete backend record—from high-level transaction logs to the raw, decoded ISO 8583 messages.
It's the ultimate FREE tool for learning how payments really flow.
#Payments #Fintech #ISO8583 #PaymentsTech #ComingSoon

❤4🥰1
This media is not supported in your browser
VIEW IN TELEGRAM
Here’s a quick look of PayZillion FREE Card Payments Simulator! 💳
Watch how an ATM transaction actually happens 👀
#Payments #Fintech #ISO8583 #PaymentsTech #ComingSoon
Watch how an ATM transaction actually happens 👀
#Payments #Fintech #ISO8583 #PaymentsTech #ComingSoon
❤3👍2🥰1
Media is too big
VIEW IN TELEGRAM
Ever wonder what happens behind the scenes when you swipe your card? 💳
FREE payment simulator dropping soon - see ATM, POS & e-commerce in action!
Coming very soon 👀
#Fintech #Payments #CardPayments #ISO8583 #ATM #POS #Ecommerce

❤2👏2
၂၀၂၅ ခုနှစ် ကုန်ဖို့ တစ်လခွဲပဲလိုတော့တာဆိုတော့ နှစ်မကုန်ခင် "Payments Made Simple" လို့ အမည်ပေးထားတဲ့ 40-day series လေးကို တစ်နေ့တစ်ပုဒ်ရေးပြီး တင်ပေးဖို့ စီစဉ်ထားပါတယ်။ Page မှာရော website မှာရော မနက်ဖြန်ကနေစပြီး တင်ပေးပါမယ်။ အရင် content တွေကနေ ထူခြားတာကတော့ ဒီတစ်ခါမှာ digital dayments တွေအကြောင်းကို ထိထိမိမိနဲ့ တိုတိုရှင်းရှင်းနဲ့ ရေးပေးထားမှာ ဖြစ်ပါတယ်။
နောက်ထပ် update သတင်းနှစ်ခုပေးဖို့ ရှိတာကတော့ Educational Card Payments Simulator ကို launch လုပ်ဖို့ရယ်၊ Card Payment Professional စာအုပ်ကို 2nd edition ထုတ်ပေးဖို့ရယ်ပါ။ ဒီနှစ်ခုလည်း ၂၀၂၅ မကုန်ခင် ရပါမယ်။
Simulator က educational simulator ဖြစ်ပါတယ်။ Simulator ကို သုံးပြီး ATM ၊ POS ၊ Ecommerce terminal/app တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို system point of view ကနေရော end-user တစ်ယောက်လိုပါ experience လုပ်လို့ရမှာပါ။ End-to-end transaction flow တွေ၊ authorization transaction record တွေနဲ့ back-end log (ISO 8583) တွေကို transaction တစ်ခုချင်းစီအလိုက် နောက်ကွယ်က သက်ဆိုင်ရာ system တွေမှာ စစ်ရသလို experience ရအောင် စီစဉ်ထားပါတယ်။ Simulator က အားလုံးကို totally FREE ပေးသုံးပါမယ်။
Card Payments Professional စာအုပ်အတွက်ကတော့ 1st edition တုန်းက ထုတ်ပေးလိုက်တဲ့အချိန်တုန်းက ထပ်ထည့်ချင်တဲ့ content တွေ ရှိသေးသလို၊ မူလ content outline မှာ ထည့်ထားပေမယ့် စိတ်တိုင်းမကျလို့ ချန်ထားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာ စာအုပ်ကို ပိုပြီး ပြည့်စုံအောင်၊ ပိုပြီး အသုံးဝင်အောင် restructure နဲ့ upgrade သေချာ လုပ်ပေးထားပါတယ်။ စာအုပ်က 2nd edition မှာလည်း e-book ပဲရဦးမှာဖြစ်ပြီး ၄၈,၀၀၀ ကျပ် (12 USD) နဲ့ ရောင်းပေးပါမယ်။ အထူးအစီအစဉ်အနေနဲ့ 1st edition မှာ ဝယ်ယူထားသူတိုင်းကို 2nd edition မှာ အခမဲ့ email ကနေ စာအုပ်ပို့ပေးဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီအတွက် ဘာမှလုပ်ဖို့မလို့ပါဘူး။ အရင်ဝယ်တုန်းက order မှာပါတဲ့ email အတိုင်းပဲ ပို့ပေးမှာဖြစ်လို့ စာအုပ် ready ဖြစ်တာနဲ့ email ရပါလိမ့်မယ်။ အခုမှ ဝယ်မယ့်သူတွေကတော့ 2nd edition ထွက်တဲ့အခါကျ ကြေညာပေးပါမယ်။

❤4