PayZillion
154 subscribers
32 photos
5 videos
1 file
30 links
Decoding the Payments Ecosystem
About Payments, Fintech, and Banking

https://payzillion.com
Download Telegram
Day 34 - Payment Disputes များအကြောင်း

ငွေပေးချေသူ customer တွေနဲ့ ရောင်းချသူ merchant တွေကြား transaction နဲ့ ပတ်သတ်ပြီး အငြင်းပွားမှု case တွေဖြစ်တာဟာ dispute ဖြစ်ပါတယ်။ ကတ်နဲ့လား၊ wallet တွေ mobile payment တွေနဲ့လား၊ QR နဲ့ငွေပေးချေတာလား၊ peer to peer ငွေပေးချေတာလား၊ closed-loop payment ပုံစံနဲ့ ငွေချေတာလား opened-loop payment ပုံစံနဲ့လား အစရှိသဖြင့် မတူညီတဲ့ ငွေပေးချေမှု ပုံစံအလိုက် ကိုင်တွယ်ဖြေရှင်းပုံတွေ ကွာခြားမှုရှိမှာ ဖြစ်ပါတယ်။

အငြင်းပွားမှု dispute case တွေ ရှိလာတဲ့အခါ ငွေပေးချေသူ customer တွေအနေနဲ့ အရင်ဆုံး merchant ကို ဆက်သွယ်ပြီး အဆင်မပြေမှုကို ဖြေရှင်းတာက အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။ ကိုယ်ဝယ်ယူထားတဲ့ ဝန်ဆောင်မှုကို အပြည့်အဝ ရမရနဲ့ ရောင်းချထားတဲ့ ပစ္စည်းကို မှန်ကန်စွာ ဝန်ဆောင်မှု ပေးထားမထားကို customer နဲ့ merchant ကသာ သိနိုင်တာမို့ ဖြစ်ပါတယ်။

Customer နဲ့ merchant ကြား ဖြေရှင်းလို့ အဆင်မပြေခဲ့ရင်တော့ ကတ်အသုံးပြု ငွေပေးချေမှုတွေမှာဆိုရင် issuer ဆီကနေတစ်ဆင့် ဆက်လက်ဖြေရှင်းရမှာပါ။ Wallet တွေ၊ QR တွေနဲ့ mobile အသုံးပြု ငွေပေးချေမှုတွေမှာလည်း ကိုယ်ဘယ် mobile payment app ကို အသုံးပြုပြီး ငွေပေးချေသလဲပေါ်မူတည်ပြီး အဲ့ဒီ app ရဲ့ provider ကနေ တစ်ဆင့် ဖြေရှင်းရမှာ ဖြစ်ပါတယ်။

(40-day “Payments Made Simple” series ရဲ့ day 34 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

https://payzillion.com/
https://www.facebook.com/PayZillion/

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
3
Day 35 - Fraud Management အတွက် Risk Rules များ

Digital payment system တွေမှာ ငွေပေးချေမှုတွေ လုံခြုံမှုရှိစေဖို့ building blocks အနေနဲ့ အသုံးပြုလေ့ရှိတဲ့ risk rules တွေကတော့

(၁) Velocity Rules များ
သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ငွေပေးချေမှု ပြုလုပ်တဲ့ အကြိမ်အရေအတွက်ကို check လုပ်တာ ဖြစ်ပါတယ်။
ဥပမာ။ ။ အသုံးပြုသူ တစ်ယောက်တည်းက ၁မိနစ်အတွင်း ၃ကြိမ်ထက်ပိုပြီး ငွေပေးချေမှု ပြုလုပ်ရင် reject လုပ်မယ်၊ ၁နာရီအတွင်း မတူညီတဲ့ ကတ်၅ကတ်နဲ့ ငွေပေးချေရင် block လုပ်မယ် အစရှိသဖြင့် အသုံးပြုတဲ့ အကြိမ်ရေ frequency အပေါ်မှာ မူတည်ပြီး ထိန်းချုပ်ပါတယ်။

(၂) Limit နဲ့ Threshold Rule များ
ငွေပေးချေမှု transaction တစ်ကြောင်းမှာ အများဆုံး အသုံးပြုနိုင်တဲ့ ငွေပမာဏ၊ daily, weekly, monthly မှာ အများဆုံး အသုံးပြုနိုင်တဲ့ ငွေပမာဏတွေကို ကန့်သတ်ထားတာပါ။
ဥပမာ။ ။ ငွေတစ်ခါလွှဲရင် ၃သိန်းထက် မကျော်ရ၊ တစ်နေ့လုံး စုစုပေါင်း ၁၀သိန်းထက် မကျော်ရ အစရှိသဖြင့် သတ်မှတ်ထားတာမျိုးပါ။ သတ်မှတ်ထားတဲ့ ငွေပမာဏထက် ပိုသုံးတဲ့အခါမှာ reject လုပ်မှာ ဖြစ်ပါတယ်။

(၃) List Based Rules များ
Blacklist, whitelist အစရှိသဖြင့် စာရင်းသွင်းထားပြီး transaction လုပ်တဲ့အခါတိုင်းမှာ တိုက်စစ်ပြီး reject သို့မဟုတ် approve လုပ်ပေးတာပါ။
ဥပမာ။ ။ Fraud ဖြစ်ဖူးတဲ့ သို့မဟုတ် ဖြစ်လေ့ရှိတဲ့ email တွေ၊ card BIN (ကတ်နံပါတ်ရဲ့ ထိပ်ဆုံး ၆လုံး/၈လုံး) တွေ အစရှိသဖြင့်ကို blacklist စာရင်းသွင်းထားပြီး ငွေပေးချေမှု ပြုလုပ်တိုင်းမှာ reject လုပ်တာ ဖြစ်ပါတယ်။

(၄) Location နဲ့ Attribute Rules များ
အသုံးပြုသူရဲ့ IP Address၊ နိုင်ငံ၊ merchant category code (MCC) အစရှိတာတွေ အပေါ်တူတည်ပြီး အသုံးပြုခွင့်ကို ကန့်သတ်တာ ဖြစ်ပါတယ်။
ဥပမာ။ ။ အီရန်နိုင်ငံကနေ ဝင်လာတဲ့ ငွေပေးချေမှု transaction အားလုံးကို reject လုပ်မယ်၊ လောင်းကစားနဲ့ ဆက်စပ်တဲ့ gambling merchant တွေ အသုံးပြုတဲ့ MCC code နဲ့ ဝင်လာသမျှ transaction အားလုံးကို reject လုပ်မယ် အစရှိသဖြင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

(40-day “Payments Made Simple” series ရဲ့ day 35 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

https://payzillion.com/
https://www.facebook.com/PayZillion/

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
4
Day 36 - Cardholder Data များ လုံခြုံမှုရှိစေဖို့ PCI DSS အကြောင်း

PCI DSS ကတော့ “Payment Card Industry Data Security Standard” ဖြစ်ပြီး၊ ကတ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေ လုံခြုံမှုရှိစေဖို့ လိုအပ်တဲ့ PCI DSS requirement ၁၂-ချက် ရှိပါတယ်။

(၁) Firewall တွေ၊ network security control တွေ ထားရှိပြီး သေချာစွာ maintain လုပ်ပါ။

(၂) System နဲ့ device အားလုံးမှာ လုံခြုံတဲ့ configuration ကိုပဲ သုံးပါ။ Default ပါလာတဲ့ password အစရှိတာတွေကို ပြောင်းလဲအသုံးပြုပါ။

(၃) System ထဲမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို လုံခြုံစွာထားပါ။ Encryption လုပ်တာတွေ၊ masking လုပ်တာတွေနဲ့ အလွယ်တကူ access မလုပ်နိုင်၊ မမြင်နိုင်အောင် ကာကွယ်ထားပါ။

(၄) Cardholder တွေရဲ့ အချက်အလက်တွေကို network ကနေ ပေးပို့တဲ့အခါမှာ strong cryptography ကို အသုံးပြုပြီး ပေးပို့ပါ။

(၅) System နဲ့ network တွေ အားလုံးကို virus တွေ၊ malware တွေ ရန်ကနေ ကာကွယ်ပါ။

(၆) System နဲ့ software တွေကို secure ဖြစ်အောင် develop လုပ်ပြီး၊ ပုံမှန် maintain လုပ်ပါ။

(၇) System နဲ့ cardholder ရဲ့ အချက်အလက်တွေကို လုပ်ငန်းလိုအပ်ချက်အရ တကယ်သိဖို့ လိုအပ်တဲ့လူကိုပဲ access လုပ်ခွင့်ပေးပါ။ လိုအပ်တဲ့ permission တွေပဲ access ပေးပါ။

(၈) System ကို access လုပ်မယ့် user တိုင်းကို ဘယ်သူဘယ်ဝါလဲဆိုတာ သေချာ identify လုပ်ပြီးမှ အသုံးပြုခွင့်ကို authenticate လုပ်ပါ။

(၉) Cardholder တွေရဲ့ အချက်အလက်တွေ ထားရှိတဲ့ server ခန်းတွေ၊ data center တွေကို လူတိုင်း ဝင်ထွက်လို့ မရအောင် physically ကန့်သတ်ထားပါ။

(၁၀) System နဲ့ cardholder ရဲ့ အချက်အလက်တွေကို access ဝင်ကြည့်တာ၊ သုံးတာ အားလုံးကို log မှတ်ထားပါ။ Monitor လုပ်ပါ။

(၁၁) System တွေနဲ့ network security တွေကို လုံခြုံမှု ရှိမရှိ ပုံမှန် စမ်းသပ်စစ်ဆေးပါ။

(၁၂) Information security နဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေအားလုံး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း policy တွေ၊ အစီအစဉ် program တွေ ချမှတ်ပြီး စဉ်ဆက်မပြတ် ပံ့ပိုးပါ။

(40-day “Payments Made Simple” series ရဲ့ day 36 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

https://payzillion.com/
https://www.facebook.com/PayZillion/

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
3
Day 37 - Payment Orchestration နဲ့ Smart Routing အကြောင်း

Payment orchestration ဆိုတာ payment gateway တွေ၊ processor တွေနဲ့ acquirer ပေါင်းစုံကို universal adapter အနေနဲ့ တစ်နေရာတည်းမှာ စုစည်းချိတ်ဆက်ပေးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ သူ့ရဲ့ အရေးကြီး လုပ်ဆောင်ချက်တစ်ခုကတော့ smart routing လုပ်ပေးတာပါ။ Transaction တိုင်းကို provider တစ်ခုတည်းဆီ ပို့မယ့်အစား အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မယ့် path ကို real-time ရွေးချယ်ပြီး transaction process လုပ်ပေးပါတယ်။ Payment orchestration ကြောင့်

(၁) ကုန်ကျစရိတ်ကို သက်သာပြီး cost optimization ဖြစ်စေပါတယ်။ Currency အမျိုးအစား၊ အသုံးပြုတဲ့ ကတ်အမျိုးအစား အစရှိသဖြင့် အချက်အလက်များ အပေါ်မူတည်ပြီး fee အသက်သာဆုံးဖြစ်မယ့် provider ဆီကနေ transaction ကို process လုပ်ပေးပါတယ်။

(၂) Transaction တွေကို approval ပိုမိုရရှိစေပြီး higher success rate ဖြစ်စေပါတယ်။ ဘယ် ငွေပေးချေမှုပုံစံ၊ ကတ်အမျိုးအစား အစရှိတာတွေကို ဘယ် acquirer ဆီက process လုပ်ရင် approval ပိုရသလဲအပေါ်မူတည်ပြီး transaction တွေကို process လုပ်ပေးပါတယ်။

(၃) ချိတ်ဆက်ထားတဲ့ provider တွေကြောင့် ဖြစ်ရတဲ့ ပြဿနာကို ကိုင်တွယ်ပေးပြီး failover protection လုပ်ပေးပါတယ်။ Provider A က အကြောင်းကြောင်းကြောင့် down သွားတဲ့အခါ transaction ကို provider B ဆီကနေ အလိုအလျောက် ပြောင်းလဲ process လုပ်ပေးပါတယ်။

Payment orchestration ဟာ နေ့စဉ် transaction အများကြီး process လုပ်ရတဲ့ လုပ်ငန်းကြီးတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အသေးစားလုပ်ငန်းတွေ အတွက်တော့ ရင်းနှီးရမယ့် ကုန်ကျစရိတ်နဲ့ နည်းပညာရှုပ်ထွေးမှုတွေကြောင့် မသင့်တော်ပါဘူး။

(40-day “Payments Made Simple” series ရဲ့ day 37 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

https://payzillion.com/
https://www.facebook.com/PayZillion/

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
1
Day 38: Authorization Optimization အတွက် ပြင်ဆင်သင့်သည်များ

ငွေပေးချေမှု success rate တွေတက်လာစေဖို့နဲ့ failure rate တွေကို လျှော့ချနိုင်ဖို့အတွက် authorization optimization ကို လုပ်ကြပါတယ်။ ဒီနေရာမှာ technical ပိုင်းအရရော၊ human error တွေကိုရော စစ်ဆေးပြီး လိုအပ်ချက်တွေကို မှန်ကန်စွာ action ယူရမှာ ဖြစ်ပါတယ်။

(၁) Transaction တွေ decline ဖြစ်တဲ့အခါ တူညီတဲ့ pattern တစ်ခုခုရှိနေသလား သိအောင်လုပ်ပါ။ Failed ဖြစ်သွားတဲ့ အရေအတွက်ကိုပဲ ကြည့်တာထက် ဘယ်နိုင်ငံက၊ ဘယ် merchant ဆီက၊ ဘယ်ငွေပေးချေမှု wallet နဲ့ ကတ်အမျိုးအစားတွေက fail ဖြစ်နေတာလဲ၊ ဘယ်လို pattern မျိုးနဲ့ fail ဖြစ်နေသလဲဆိုတာကို ပုံမှန် စစ်ဆေးသင့်ပါတယ်။

(၂) Failed ဖြစ်ရတဲ့ transaction တိုင်းမှာ မတူညီတဲ့ failure reason code တွေရှိပါတယ်။ အဲ့ဒီ reason code တွေကို ခွဲခြားပြီးတော့ ကြည့်ရပါမယ်။ System error တွေ၊ technical error တွေကြောင့် failed ဖြစ်တာလား၊ insufficient balance လိုမျိုး အသုံးပြုသူရဲ့ လိုအပ်ချက်ကြောင့် failed ဖြစ်တာလား ခွဲခြားသိရပါမယ်။

(၃) Customer ကို ငွေပေးချေမှု နည်းလမ်းမျိုးစုံနဲ့ ပေးချေနိုင်အောင် စီစဉ်ထားပေးပါ။ ငွေပေးချေတဲ့အခါ ကတ်အမျိုးအစား တစ်မျိုးက failed ဖြစ်တဲ့အခါ၊ အခြား ကတ်တစ်ခုနဲ့ ပေးနိုင်တာမျိုး၊ wallet တွေ၊ mobile payment တွေနဲ့ ပြောင်းလဲပေးနိုင်တာမျိုးဖြစ်အောင် payment option တွေ ထည့်ပေးထားမယ်ဆို sale တွေကို မဆုံးရှုံးရတော့ဘူးပေါ့။

(၄) ငွေပေးချေရာမှာ ဝန်ဆောင်မှုပေးမယ့် payment system တွေကို ကိုင်တွယ်မယ့် ဝန်ထမ်းတွေကိုလည်း training သေချာပေးထားဖို့ လိုပါတယ်။ နည်းပညာအပေါ်ပဲ မှီခိုလို့ မရပါဘူး။ သက်ဆိုင်ရာ ဝန်ထမ်းတွေက system တွေကို သေချာနားလည်ပြီး ပြဿနာတွေကို troubleshoot လုပ်နိုင်ဖို့လိုပါတယ်။

(40-day “Payments Made Simple” series ရဲ့ day 38 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

https://payzillion.com/
https://www.facebook.com/PayZillion/

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
2
Day 39 – Payment System ၏ KPI များ တိုင်းတာခြင်း

အခြားလုပ်ငန်းနယ်ပယ်တွေမှာလိုပဲ payment system တွေမှာလည်း Key Performance Indicator (KPI) တွေ အသုံးပြုပြီး performance တွေတိုင်းတာကြပါတယ်။ KPI ရလဒ်ပေါ်မူတည်ပြီး လိုအပ်တဲ့ technical enhancement တွေ၊ operational changes ပြုလုပ်ကြရပါတယ်။ အသုံးပြုသင့်တဲ့ KPIs တွေထဲက ၅ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ငွေပေးချေမှု အောင်မြင်မှုနှုန်း (Authorization Rate)
တွက်နည်း။ ။ (Approved ဖြစ်တဲ့ Transaction ÷ စုစုပေါင်း Transaction) × ၁၀၀
ဥပမာ - အကြိမ် ၁,၀၀၀ မှာ ၈၅၀ အောင်မြင်ရင် ၈၅% အောင်မြင်တာပေါ့။

(၂) စနစ်တည်ငြိမ်မှုနှုန်း (System Availability)
တွက်နည်း။ ။ (System run/up ဖြစ်နေတဲ့ မိနစ် ÷ စုစုပေါင်း ကြာချိန် မိနစ်) × ၁၀၀
ဥပမာ - ၄၃,၂၀၀ မိနစ် (၁လ) မှာ ၄၁,၇၆၀ မိနစ် run နိုင်ရင် uptime ၉၆.၆၇% ပေါ့။

(၃) Chargeback/Dispute တက်နှုန်း (Chargeback/Dispute Ratio)
တွက်နည်း။ ။ (Chargeback အရေအတွက် ÷ Transaction စုစုပေါင်း) × ၁၀၀
ဥပမာ - Transaction ၁၀,၀၀၀ မှာ chargeback အကြောင်း ၅၀ တက်ရင် ၀.၅% ပေါ့။

(၄) အမှန်တကယ်ရောင်းရနှုန်း (Sales Conversion Rate)
တွက်နည်း။ ။ (ဝယ်ယူမှူ အောင်မြင်သူ စုစုပေါင်း ÷ Checkout page ရောက်လာသူ စုစုပေါင်း) × ၁၀၀
ဥပမာ - လူ ၁,၀၀၀ checkout page ကိုရောက်လာပြီး လူ ၂၀၀ ဝယ်သွားရင် ၂၀% ပေါ့။

(၅) Fraud ဖြစ်ပွားမှုနှုန်း (Fraud Rate)
တွက်နည်း။ ။ (Fraud ကြောင့် ဆုံးရှုံးငွေ စုစုပေါင်း ÷ ရောင်းရငွေ စုစုပေါင်း) × ၁၀၀
ဥပမာ - သိန်းတစ်ရာဖိုး ရောင်းရပြီး ၁သိန်းဖိုး ဆုံးရှုံးမှုရှိရင် ၁% ပေါ့။

(40-day “Payments Made Simple” series ရဲ့ day 39 အတွက် ဖြစ်ပါတယ်။ Payments အကြောင်း၊ payment system တွေအကြောင်းကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။)

https://payzillion.com/
https://www.facebook.com/PayZillion/

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
1
Day 40 - Payment System တွေ 99% Uptime ဖြစ်စေဖို့

Payment System တွေဟာ ငွေကြေးဝန်ဆောင်မှုနယ်ပယ် ဖြစ်တာကြောင့် 99.99% uptime ဖြစ်နေအောင် စီစဉ်ထားသင့်ပါတယ်။ ခဏတာ system outages ဖြစ်သွားခဲ့ရင်တောင် အသုံးပြုသူ customer တွေ၊ ချိတ်ဆက်ထားတဲ့ merchant တွေနဲ့ partner တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် လုပ်ဆောင်လေ့ရှိတာတွေကတော့

(၁) System တွေ၊ server တွေ၊ network တွေနဲ့ transaction အခြေအနေတွေကို monitor လုပ် စောင့်ကြည့်ပါတယ်။ Dashboard တွေကနေ system တွေသာမက transaction အရေအတွက်တွေ၊ success rates တွေ၊ error codes တွေ၊ response times တွေ အစရှိသဖြင့် စောင့်ကြည့်ပြီး ပုံမှန်မဟုတ်ဘဲ အခြေအနေတွေကို ချက်ချင်း သိနိုင်အောင် စီစဉ်ထားကြပါတယ်။

(၂) Alerts တွေ၊ thresholds တွေ သတ်မှတ်ထားပြီး ထူးခြားတဲ့ အခြေအနေတွေမှာ ချက်ချင်း သိရအောင် လုပ်ပါတယ်။ System မှာ issuer တစ်ခုခုဖြစ်တာ၊ process တွေ ပုံမှန် အလုပ်မလုပ်တာ၊ decline တွေ အများကြီး တက်လာတာ အစရှိတဲ့ အခြေအနေတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ alert တွေ auto ပို့ပေးနိုင်အောင် စီစဉ်ထားကြပါတယ်။

(၃) Backup system တွေ၊ server တွေ၊ network တွေ ထားရှိတာပါ။ အရေးကြီးတဲ့ system တိုင်းမှာ backups တွေ ရှိကြပါတယ်။ System တွေ၊ server တွေ၊ network တွေ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တဲ့အခါနဲ့ maintenance လုပ်တဲ့အခါတွေမှာ backups system, server, network တွေ အသုံးပြုပြီးတော့ operation ကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်စေပါတယ်။

(၄) သက်ဆိုင်ရာ system တွေ၊ server တွေ၊ network တွေကို ပုံမှန် စစ်ဆေးမှု health checks တွေ လုပ်ပါတယ်။ စစ်ဆေးမှုတွေကြောင့် လက်ရှိဖြစ်နေတဲ့ issue တွေ၊ မကြာခင်မှာ ဖြစ်လာနိုင်တဲ့ issue တွေသာမက maintenance လိုအပ်နေတဲ့ အခြေအနေတွေကိုပါ စောစောစီးစီး သိရပြီး ပြဿနာမဖြစ်ခင် ကြိုတင်ဖြေရှင်းနိုင်စေပါတယ်။

(40-day “Payments Made Simple” series ရဲ့ Day 40 နောက်ဆုံး post ဖြစ်ပါတယ်။ ဒီ series မှာ တိုတိုနဲ့ ဖတ်ရလွယ်ကူအောင် ရေးထားတာရယ်၊ မတူညီတဲ့ ငွေပေးချေမှုပုံစံတွေကို cover ဖြစ်အောင် ရေးထားတာရယ်ကြောင့် payment instrument တစ်ခုချင်းစီအလိုက် ကွာခြားချက်တွေတော့ ရှိပါလိမ့်မယ်။ ဒီ series လေးက အားလုံးအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။)

40-day “Payments Made Simple” series တစ်ခုလုံးကို website မှာလည်း တင်ပေးထားပါတယ်။
https://payzillion.com/
https://www.facebook.com/PayZillion/

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
7
📘 Payments Made Simple စာအုပ် (Free Download) ရပါပြီ 📘
Payments Made Simple_Aung Thu Htet.pdf
1.7 MB
📘 Payments Made Simple စာအုပ် (Free Download) ရပါပြီ 📘

Payment Industry ကို စိတ်ဝင်စားတဲ့၊ စတင်ဝင်ရောက်လာမယ့်လူငယ်တွေအတွက် ရည်ရွယ်ပြီး Cards, QR, Wallets, Mobile Payment‌ တွေအကြောင်း၊ Dispute, Fraud, Compliance နဲ့ ငွေပေးချေမှု နည်းပညာတွေအကြောင်းကို လိုတိုရှင်း မိတ်ဆက်ရေးပေးထားပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာ ဆောင်းပါး (၄၀)၊ ရက် (၄၀) တစ်နေ့တစ်ပုဒ် တင်ပေးခဲ့တာတွေကို စုပြီးတော့ Payments Made Simple စာအုပ်ကို ဖန်တီးထားတာပါ။ ရေးခဲ့တာတွေကို သေချာပြန်စစ်ပြီး အချက်အလက်တွေ ပိုပြီး ပြည့်စုံအောင် ရှင်းလင်းအောင် လိုတာတွေဖြည့်၊ မလိုတာတွေဖြုတ်ပြီး သေချာတည်းဖြတ်ပေးထားပါတယ်။

အကြောင်းအရာ တူရာအလိုက် ဆောင်းပါး (၄၀) ကို အခန်း (၄) ခန်း ဖွဲ့ပေးထားပါတယ်။

အခန်း (၁) - Everyday Fundamentals
အခန်း (၂) - Cards, QR, Wallets & Merchants
အခန်း (၃) - Transaction Understanding
အခန်း (၄) - Banking, Compliance, Operations & Risk

(မာတိကာ အသေးစိတ်ကို ပုံမှာ ထည့်ပေးထားပါတယ်။)

Payment တွေအကြောင်း စတင်လေ့လာမယ့်သူတွေအတွက် အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။

စာအုပ်ကို အခမဲ့ Download ယူနိုင်ပါပြီ။
https://payzillion.com/payments-made-simple-book/
9👍1
PayZillion pinned a file
📘 Payments Made Simple စာအုပ် (Free Download) 📘

🔗 https://payzillion.com/payments-made-simple-book/
2
💳 PayZillion Card Payments Simulator (Beta) ထွက်ပါပြီ..

Card Payments တွေအကြောင်း စိတ်ဝင်စားသူတွေအတွက် 100% Free အသုံးပြုလို့ လေ့လာလို့ရမယ့် Educational Tool ဖြစ်ပါတယ်။

👉 ဒီမှာ စမ်းသုံးလို့ရပါပြီ - https://simulator.payzillion.com

ဘာတွေလုပ်လို့ရမလဲဆိုတော့ -
ATM, POS, E-commerce Transaction တွေကို လက်တွေ့နဲ့ အနီးစပ်ဆုံးတူအောင် စမ်းသပ်လို့ရမယ်။
Transaction တိုင်းရဲ့ နောက်ကွယ်က ISO 8583 Message Flow တွေကို လေ့လာနိုင်မယ်။
စမ်းသပ်ထားတဲ့ Transaction တွေကို Payment Switch တွေမှာလို Transaction History စစ်လို့ရမယ်။
Card Management ရဲ့ လုပ်ဆောင်ချက်နဲ့ သဘောတရားတွေကိုလည်း ကိုယ်တိုင် စမ်းကြည့်လို့ရမယ်။

Web App ဖြစ်လို့ ဖုန်း၊ ကွန်ပျူတာ ရဲ့ Browser ကနေ တန်းသုံးလို့ရပါတယ်။ 100% Free ပါ။ Isolated Test Environment ဖြစ်ပြီး စမ်းသပ်ဖို့ လိုအပ်မယ့် Test Card တွေရော၊ Scenario တွေရော Simulator ထဲမှာ အဆင်သင့် ထည့်ပေးထားပြီးသားပါ။

လောလောဆယ် တင်ပေးထားတာက Beta Version ဖြစ်လို့ Logic ပိုင်းနဲ့ ISO 8583 Message တွေ verify လုပ်ပေးဖို့တွေ ကျန်ပါသေးတယ်။ Enable မလုပ်ပေးထားသေးတဲ့ feature တွေလည်း ရှိပါတယ်။ ဒါပေမယ့် Card Payment System‌ တွေရဲ့ သဘောတရားကို စမ်းသပ်ကြည့်ချင်သူတွေအတွက်ကတော့ လုံလောက်မှုရှိနေပြီမို့ စပြီး စမ်းကြည့်လို့ လေ့လာလို့ရအောင် တင်ပေးလိုက်ပါပြီ။

စမ်းကြည့်ပြီးလို့ တွေ့ရတဲ့ လိုအပ်ချက်တွေ၊ Error တွေ့ကိုလည်း Feedback လာပေးထားလို့ရပါတယ်။

#PayZillion #PaymentSimulator #CardPaymentsSimulator #ISO8583
7🥰1
PayZillion pinned «💳 PayZillion Card Payments Simulator (Beta) ထွက်ပါပြီ.. Card Payments တွေအကြောင်း စိတ်ဝင်စားသူတွေအတွက် 100% Free အသုံးပြုလို့ လေ့လာလို့ရမယ့် Educational Tool ဖြစ်ပါတယ်။ 👉 ဒီမှာ စမ်းသုံးလို့ရပါပြီ - https://simulator.payzillion.com ဘာတွေလုပ်လို့ရမလဲဆိုတော့…»
This media is not supported in your browser
VIEW IN TELEGRAM
Card Payment Transaction တွေ
အလုပ်လုပ်ပုံကို အလွယ်လေ့လာနိုင်ဖို့အတွက်
PayZillion - Educational Card Payment Simulator
(Beta version) ကို Launch လုပ်လိုက်ပါပြီ..

100% Free & Online ဖြစ်တာမို့
ဒီလင့်ခ်ကနေ ဝင်ရောက်စမ်းသပ်လို့ရပါပြီ.. 🚀
👉 https://simulator.payzillion.com

#PayZillion #PaymentSimulator #CardPayments #ISO8583
5
MMQR (MyanmarPay) အကြောင်း
စိတ်ဝင်စားသူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ MMQR ဟာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ MMQR လက်ခံတဲ့ Merchant ဆိုင် အရေအတွက်က ရန်ကုန်မှာ ၂ သိန်းကျော်၊ မန္တလေးမှာ ၁ သိန်းဝန်းကျင်နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာမှာ ၄ သိန်း ၂ သောင်းကျော် ရှိနေပြီလို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်အတွင်း Merchant အရေအတွက် ၇ သိန်းကနေ ၈ သိန်းလောက်အထိ ရှိလာဖို့နဲ့၊ ပါဝင်ချိတ်ဆက်ထားတဲ့ Member (Wallet နဲ့ Bank) ၂၀ ကျော်အထိ တိုးတက်လာဖို့ Estimate လုပ်ထားပါတယ်။

မြန်မာနိုင်ငံလူဦးရေ သန်း ၅၀ ကျော်မှာ သုံးစွဲသူ သန်း ၂၀ ကျော် ရှိနေတယ်လို့ ပြောထားတာကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

ငွေပေးချေမှု Transaction အနေနဲ့ ပျမ်းမျှ တစ်ရက်ကို Transaction အရေအတွက် ၂ သိန်းကျော်နဲ့ တစ်နှစ်အတွင်း Transaction သန်း ၃၀ ကျော် ရှိခဲ့ပါတယ်။ ငွေကြေးပမာဏအားဖြင့် တစ်နှစ်အတွင်း ၁၂ ထရီလီယံ အထိ ရှိခဲ့ပြီး၊ Transaction အောင်မြင်မှုနှုန်း ပျမ်းမျှ ၉၈% ရှိတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး Customer-to-Merchant ငွေပေးချေမှုတွေအပြင်၊ သုံးစွဲသူအချင်းချင်း Peer-to-Peer ငွေပေးချေနိုင်ဖို့နဲ့ နိုင်ငံဖြတ်ကျော် Cross Border Payment တွေပါ ပေးချေနိုင်လာအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။

https://www.facebook.com/share/v/1Cdz9NFbci/
4