Card Payment Ecosystem မှာ ပါဝင်သူများနှင့် အခန်းကဏ္ဍများ
နည်းပညာခေတ်ကို ရောက်လာတာနဲ့အမျှ ငွေပေးချေမှုစနစ်ဟာ ဒစ်ဂျစ်တယ်ပုံစံနဲ့ ပြောင်းလဲလာရင်း ကဒ်ဖြင့်ငွေပေးချေမှု (Card Payments) တွေဟာ နေ့စဉ်ဘဝရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒီလို ကဒ်ဖြင့်ငွေပေးချေမှု ecosystem တစ်ခုလုံးကို ထိန်းသိမ်းထားနိုင်ဖို့ အဓိက ပါဝင်သူ (Key Players) တွေရှိပြီး သူတို့တစ်ဦးချင်းစီမှာ သီးခြားအခန်းကဏ္ဍတွေ ရှိကြပါတယ်။ အဲဒီ ပါဝင်သူတွေရဲ့ တာဝန်နဲ့ လုပ်ဆောင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကဒ်ကိုင်ဆောင်သူ (Cardholder)
ကဒ်ဖြင့်ငွေပေးချေမှု (Card Payment Transaction) တစ်ခုမှာ စတင်လုပ်ဆောင် သူကတော့ ကဒ်ကိုင်ဆောင်သူပါ။ သူတို့က ဘဏ်ကဒ် (Debit Card)၊ အကြွေးဝယ်ကဒ် (Credit Card) ဒါမှမဟုတ် ကြိုတင်ငွေဖြည့်ကဒ် (Prepaid Card) ကို အသုံးပြုပြီး ကုန်ပစ္စည်းဝယ်ယူတာ၊ ဝန်ဆောင်မှုရယူတာတွေ လုပ်ပါတယ်။ ကဒ်ကိုင်ဆောင်သူဟာ ဒီစနစ်ရဲ့ အဓိက အသုံးပြုသူ (End-user) ဖြစ်ပြီး ငွေပေးချေမှု လုပ်ငန်းစဉ်ကို စတင်တဲ့သူလည်း ဖြစ်ပါတယ်။ ငွေပေးချေမှုပြုလုပ်ဖို့အတွက် အသုံးပြုသူဟာ ကဒ်ကို POS စက် (Point of Sale Terminal) မှာ ငွေပေးချေတာ၊ ဒါမှမဟုတ် အွန်လိုင်းမှာ ecommerce အနေဖြင့် ငွေပေးချေတာ၊ ဒါမှမဟုတ် ATM မှာ အသုံးပြုတာ အစရှိသဖြင့် အသုံးပြုကြပါတယ်။
ကဒ်ထုတ်ပေးသူ (Card Issuer)
ကဒ်ထုတ်ပေးသူကတော့ ကဒ်ကိုင်ဆောင်သူကို ကဒ်ထောက်ပံ့ပေးတဲ့ ဘဏ် ဒါမှမဟုတ် ငွေကြေးအဖွဲ့အစည်းတွေပါ။ ဥပမာ - KBZ ၊ AYA ၊ CB ၊ Yoma လို ဘဏ်တွေက ဒီနေရာမှာ ပါဝင်ပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က ကဒ်ကိုင်ဆောင်သူရဲ့ ငွေစာရင်းကို စီမံပေးတာ၊ ကဒ်လုံခြုံမှု (Security) ကို ထိန်းသိမ်းတာ၊ ငွေပေးချေမှုလုပ်ငန်းစဉ်မှာ ငွေထုတ်ပေးဖို့ အတည်ပြုတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အကြွေးဝယ်ကဒ်ဆိုရင် ချေးငွေထောက်ပံ့မှု (Credit Line) ပေးတာလည်း သူတို့ရဲ့ အလုပ်ပါ။ နည်းပညာအရ သူတို့ဟာ Authentication နဲ့ Authorization ဆိုတဲ့ အတည်ပြုခြင်းနဲ့ အသုံးပြုခွင့်ပေးခြင်း လုပ်ငန်းစဉ်တွေမှာ အဓိက တာဝန်ယူ ရပါတယ်။
ကဒ်လက်ခံသူ၊ ဆိုင်ရှင် (Card Acceptor or Merchant)
ကဒ်လက်ခံသူကတော့ ကုန်ပစ္စည်းရောင်းချသူ ဒါမှမဟုတ် ဝန်ဆောင်မှုပေးသူတွေ ဖြစ်ပါတယ်။ စူပါမားကတ်၊ စားသောက်ဆိုင်၊ အွန်လိုင်းစတိုး အစရှိသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ငွေပေးချေမှုကို လက်ခံဖို့ POS စက်၊ QR Code Scanner ဒါမှမဟုတ် Payment Gateway တွေ အသုံးပြုပါတယ်။ နည်းပညာအရ သူတို့ရဲ့ အခန်းကဏ္ဍက Transaction Request ကို စတင်ပြီး ကဒ်အချက်အလက်တွေကို သတ်မှတ်ထားတဲ့ message တွေကနေတစ်ဆင့် စနစ်ထဲကို ပို့လွှတ်ပေးတာပါ။
ကဒ်လက်ခံဘဏ် (Card Acquirer)
ကဒ်လက်ခံဘဏ်ကတော့ ကဒ်လက်ခံသူ၊ ဆိုင်ရှင်တွေကို နည်းပညာနဲ့ ငွေကြေးလုပ်ငန်းစဉ်တွေ ဝန်ဆောင်မှုပေးထားတဲ့ ဘဏ်တွေ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေပါ။ သူတို့က ဆိုင်ရှင်တွေရဲ့ အကောင့်တွေကို စီမံပေးပြီး ငွေပေးချေမှုတွေ ပြီးမြောက်အောင် ဆောင်ရွက်ပေးပါတယ်။ နည်းပညာအရ သူတို့ဟာ Transaction Processing နဲ့ Settlement လုပ်ငန်းစဉ်တွေမှာ အဓိကပါဝင်ပြီး ကဒ်ကွန်ရက် (Card Network) နဲ့ ချိတ်ဆက်ပေးတဲ့ ကြားခံ ဆောင်ရွက်ပေးသူအဖြစ်လည်း လုပ်ဆောင်ပါတယ်။ ဥပမာ - ဆိုင်ရှင်တစ်ယောက်ရဲ့ ငွေပေးချေမှုကို လက်ခံပြီးနောက်မှာ သူ့အကောင့်ထဲကို ငွေထည့်ပေးတာက သူတို့အလုပ်ပါ။
ကဒ်ကွန်ရက် (Card Network)
ကဒ်ကွန်ရက်ကတော့ ငွေပေးချေမှုစနစ်ရဲ့ အဓိက ချိတ်ဆက်ပေးသူပါ။ ဥပမာ - မြန်မာပြည်မှာဆို MPU ကဒ်လို့ခေါ်တဲ့ Myanmar Payment Union ၊ နိုင်ငံတကာမှာဆို Visa၊ Mastercard၊ JCB၊ UnionPay ၊ American Express ၊ Diners Club တို့လို အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကဒ်ထုတ်ပေးသူ (Issuer) နဲ့ ကဒ်လက်ခံဘဏ် (Acquirer) ကြားက ငွေပေးချေမှု အချက်အလက်တွေကို လွှဲပြောင်းပေးပါတယ်။ နည်းပညာအရ သူတို့ရဲ့ အခန်းကဏ္ဍက Payment Authorization၊ Clearing နဲ့ Settlement လုပ်ငန်းစဉ်တွေကို စီမံပေးတာပါ။ ဒါ့အပြင် Transaction တစ်ခုချင်းစီအတွက် စည်းမျဉ်း (Standards) တွေ ချမှတ်ပြီး လုံခြုံရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။
ငွေပေးချေမှု ဝန်ဆောင်မှုပေးသူ (Payment Service Provider)
PSP တွေကတော့ ငွေပေးချေမှုလက်ခံသူ card acceptor တွေနဲ့ ဘဏ်တွေကြားက ချိတ်ဆက်ပေးတဲ့ နည်းပညာကုမ္ပဏီတွေ ဖြစ်ပါတယ်။ ဥပမာ - Stripe၊ PayPal၊ 2C2P၊ Dinger တို့လို ကုမ္ပဏီတွေ ပါဝင်ပါတယ်။ သူတို့ဟာ Payment Gateway၊ Mobile Payment Solution တွေနဲ့ ချိတ်ဆက်ပြီး ငွေပေးချေနိုင်ဖို့ရာ စနစ်ကို ထောက်ပံ့ပေးထားပြီး ငွေပေးချေမှုလုပ်ငန်းစဉ်ကို ချောမွေ့စေပါတယ်။ နည်းပညာအရ သူတို့ရဲ့ အခန်းကဏ္ဍက Transaction Processing၊ Data Encryption နဲ့ Integration တွေကို စီမံပေးတာပါ။

❤1
စည်းမျဉ်းချမှတ်သူ (Regulator)
စည်းမျဉ်းချမှတ်သူကတော့ ဒီစနစ်တစ်ခုလုံးကို ကြီးကြပ်ပြီး တရားဝင်မှု၊ လုံခြုံမှု၊ ပွင့်လင်းမှုရှိအောင် ထိန်းသိမ်းတဲ့ အစိုးရနှင့် အစိုးရမဟုတ်သော ပြင်ပအဖွဲ့အစည်း တွေပါ။ မြန်မာနိုင်ငံမှာဆိုရင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Central Bank of Myanmar) က ဒီနေရာမှာ ပါဝင်ပါတယ်။ သူတို့ဟာ ငွေပေးချေမှုဆိုင်ရာ ဥပဒေတွေ၊ လုံခြုံရေးစံနှုန်းတွေ ချမှတ်ပြီး စနစ်ထဲမှာ ပါဝင်သူအားလုံး လိုက်နာရမယ့် မူဝါဒတွေ ထုတ်ပြန်ပါတယ်။ နည်းပညာအရ သူတို့ရဲ့ အခန်းကဏ္ဍက Compliance နဲ့ Risk Management ကို အာမခံပေးတာပါ။ ကဒ်ဖြင့်ငွေပေးချေမှု ecosystem မှာ ပါဝင်သူများအားလုံးဟာ ထုတ်ဝေတဲ့ကဒ်အမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာ ကဒ်ကွန်ရက်ရဲ့ စည်းမျဉ်းတွေရော၊ အစိုးရအဖွဲ့အစည်း မဟုတ်တဲ့ EMVCo လို၊ PCI DSS တို့လို အဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ လိုက်နာလုပ်ဆောင် ရပါတယ်။
ကဒ်ငွေပေးချေမှု ecosystem ဟာ အဲ့ဒီပါဝင်သူတွေ အချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နေမှသာ အလုပ်လုပ်နိုင်ပါတယ်။ တစ်ဦးချင်းစီမှာ သီးခြားတာဝန် တွေရှိပေမယ့် နည်းပညာနဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ် မူတည်ပြီး အချင်းချင်း ချိတ်ဆက်လည်ပတ်နေတာပါ။ ငွေပေးချေမှု စနစ်မှာ အဆင်ပြေလွယ်ကူမှု၊ လုံခြုံ စိတ်ချရမှုနဲ့ မြန်ဆန်မှုကို ပေးနိုင်ဖို့ အဲ့ဒီပါဝင်သူတွေအားလုံးရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် အရေးပါပါတယ်။

❤2
Payment Card တစ်ခုနဲ့တစ်ခု ဘာကွာသလဲ၊ ကိုယ်နဲ့ကိုက်ညီတဲ့ကဒ် ဘယ်လိုရွေးမလဲ
- ဒစ်ဂျစ်တယ်ခေတ်မှာ ကဒ်တွေဟာ ငွေပေးချေမှုစနစ်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုကြတဲ့ ကဒ်အမျိုးအစား အမျိုးမျိုးထဲကမှ မြန်မာနိုင်ငံမှာလက်ရှိ လျှောက်ထားကိုင်ဆောင် အသုံးပြုနိုင်တဲ့ Credit Card၊ Debit Card၊ Prepaid Card ဆိုတဲ့ သုံးမျိုးကို အဓိကထားပြီး ပြောပြပေးပါမယ်။ ကဒ်ရဲ့ လုပ်ဆောင်ပုံ၊ အကျိုးကျေးဇူးတွေနဲ့ ဘယ်လိုသူတွေအတွက် ဘယ်လိုကဒ်အမျိုး အစားက သင့်တော်သလဲဆိုတာကိုလည်း ပြောပြပေးပါမယ်။
အကြွေးဝယ်ကဒ် (Credit Card)
- Credit Card ဆိုတာ ဘဏ်ဖြစ်စေ ငွေကြေးအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ သုံးစွဲသူ အတွက် ချေးငွေပမာဏ (Credit Limit) သတ်မှတ်ပြီး ထုတ်ပေးထားတဲ့ ကဒ်အမျိုးအစားပါ။ Credit limit သတ်မှတ်ပေးထားပြီး အဲဒီပမာဏကို အရင်ပေးသုံး ထားပြီးမှ သတ်မှတ်ထားတဲ့ အချိန်မှာ ငွေပြန်ဆပ်ရတဲ့ ကဒ်အမျိုးအစားပါ။ အကျိုးကျေးဇူးအားဖြင့် အရေးပေါ်ငွေလိုတဲ့အခါ အသုံးဝင်တယ်။ အွန်လိုင်း ငွေပေးချေမှုတွေကို လွယ်ကူစေတယ်။ ပြီးတော့ Cashback၊ Reward Points နဲ့ ခရီးသွားတဲ့အခါ ရနိုင်တဲ့ အကျိုးခံစားခွင့်တွေ ပေးထားတတ်ပါတယ်။ နောက်ထပ် အားသာချက်ကတော့ ကဒ်ပျောက်သွားပြီး အချိန်မီ ကဒ်ကို မပိတ်နိုင်ခဲ့ရင် အဆိုးဆုံး အခြေအနေဆိုရင်တောင် credit limit ရထားသလောက်သာ ဆုံးရှုံးမှုဖြစ်မှာပါ။
- ဘယ်လိုလူတွေအတွက် သင့်တော်သလဲဆိုရင် အကြွေးဝယ်ကဒ်ဖြစ်တာမို့ ကိုယ်တိုင် ငွေစီမံခန့်ခွဲနိုင်ပြီး ပြန်ဆပ်နိုင်စွမ်းရှိတဲ့သူတွေ၊ အွန်လိုင်းမှာနဲ့ အပြင်မှာ မကြာခဏ စျေးဝယ်တတ်သူတွေ၊ cashback တွေ reward တွေ ရယူလိုသူတွေအတွက် အဆင်ပြေပါတယ်။ အထူးသတိထားရမှာကတော့ အကြွေးဝယ်ကဒ်ဖြစ်တာမို့ သတ်မှတ်ချက်တွေအတိုင်း ငွေပြန်မဆပ်နိုင်ရင် အတိုးတွေ တောက်လျှောက်တက် နေမှာဖြစ်ပြီး နောက်ဆုံးမှာ အကြွေးနွံထဲ နစ်နိုင်ပါတယ်။ အကြွေးဝယ်ကဒ်ဖြစ်တာမို့ ATM စက်တွေမှာ ငွေထုတ်တာမျိုးကို ခွင့်မပြုထားတာ ဖြစ်နိုင်သလို၊ ခွင့်ပြုခဲ့ရင် လည်း ငွေထုတ်ယူခ (Cash Advance Fee) ဆိုပြီး ကောက်ခံရနိုင်ပါတယ်။
ဘဏ်ကဒ် (Debit Card)
- မြန်မာပြည်မှာတော့ များသောအားဖြင့် ဘဏ်ကဒ်၊ ATM ကဒ် အစရှိသဖြင့် ခေါ်တတ်ကြပြီး Debit Card ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင်တော့ သုံးစွဲသူရဲ့ ဘဏ်အကောင့်ထဲက ငွေကို တိုက်ရိုက်ထုတ်ယူသုံးစွဲတဲ့ ကဒ်အမျိုးအစားပါ။ အကျိုးကျေးဇူးအားဖြင့် ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်ထဲကပဲ ငွေထုတ်ယူ သုံးစွဲတာမို့ credit card လိုမျိုး အကြွေးမတင်ဘူး။ ပြီးတော့ ငွေသားမသုံးဘဲ နေရာတော်တော်များများမှာ အလွယ်တကူ ငွေပေးချေလို့ရတယ်။ ATM ကနေ ငွေထုတ်လို့ရတယ်။ အွန်လိုင်းမှာ စျေးဝယ်ဖို့လည်း အသုံးပြုနိုင်တယ်။
- ဘယ်သူတွေအတွက် သင့်တော်သလဲဆိုရင် နေ့စဉ်အသုံးပြုဖို့ ရိုးရှင်းတဲ့ ကဒ်လိုချင်သူ တွေ၊ credit card လိုမျိုး အကြွေးမတင်ချင်သူတွေ၊ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ကဒ်ကို အသုံးပြုချင်သူတွေနဲ့ ဝန်ထမ်းတွေအတွက် လစာငွေ လက်ခံဖို့အတွက် အဆင်ပြေပါတယ်။ သတိပြုရမှာက Credit card လို ငွေကြိုတင် အသုံးပြုခွင့်ရမှာ မဟုတ်လို့ ဘဏ်အကောင့်ထဲမှာ ငွေရှိမှ သုံးလို့ရမှာ ဖြစ်ပါတယ်။ အကယ်၍ ကဒ်ပျောက်သွားခဲ့ရင်လည်း အချိန်မီ ကဒ်ပိတ်နိုင်ဖို့လိုပါတယ်။ ဘဏ်တွေက Daily Limit ၊ Transaction Limit တွေ၊ Fraud Management Tool တွေနဲ့ ကာကွယ်ပေးထားပေမယ့် အခန့်မသင့်ရင် ကိုယ့်အကောင့်ထဲက စုထားတဲ့ ငွေတွေဆုံးရှုံးနိုင်ခြေရှိတာမို့ ကဒ်ပျောက်ဆုံးတဲ့အခါ ပေါ့ပေါ့ဆဆ မနေပဲ အမြန်ဆုံး ကဒ်ကို ပိတ်နိုင်ဖို့ ကြိုးစားရမှာပါ။
ကြိုတင်ငွေဖြည့်ကဒ် (Prepaid Card)
- Prepaid Card ဆိုတာကတော့ ကြိုတင်ငွေဖြည့်ထားပြီး အဲဒီ ပမာဏအတိုင်းပဲ အသုံးပြုလို့ရတဲ့ ကဒ်အမျိုးအစားပါ။ Prepaid card ကို ဘဏ်အကောင့်နဲ့ ချိတ်ဆက်မထားပါ။ ပြီးတော့ Credit card နဲ့ debit card တွေထက်ပိုပြီး အလွယ်တကူ လျှောက်ထားရယူနိုင်ပါတယ်။ အားသာချက်ကတော့ ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်ရလွယ်ကူစေပါတယ်။ ဘဏ်အကောင့် မလိုအပ်ဘူး။ ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်ထားနိုင်တယ်။ ကဒ်ပျောက်ခဲ့ရင်လည်း ကိုယ်ငွေဖြည့်ထားသလောက်သာ အများဆုံး ဆုံးရှုံးမယ်။ Debit card မှာလို ဘဏ်အကောင့်ထဲက ငွေတွေဆုံးရှုံးမှု မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် အွန်လိုင်းမှာ ဂိမ်းဝယ်တာ၊ Subscription ဖြည့်တာတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။ ကလေးတွေအတွက် ပိုက်ဆံသုံးဖို့ ပေးချင်သူတွေ၊ ဘဏ်အကောင့်မရှိသူတွေ၊ အွန်လိုင်းမှာ အသုံးပြုဖို့ ကဒ်လိုချင်သူတွေအတွက် အဆင်အပြေဆုံးကဒ် ဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက prepaid card က ငွေဖြည့်မထားရင် အသုံးမပြုနိုင်ပါဘူး။ Credit card နဲ့ debit card တွေထက်စာရင် တစ်ခါတစ်ရံ အချို့ အွန်လိုင်းဝဘ်ဆိုဒ်တွေမှာလည်း ကိုယ့်ရဲ့ prepaid card ကို လက်မခံတာမျိုး ရှိနိုင်ပါတယ်။
Plastic Card နဲ့ Virtual Card

- ကဒ်အမျိုးအစားတွေကို သိသွားပြီဆိုတော့ ကဒ်တွေကအမြဲတမ်း ပလတ်စတစ်ကဒ် (Plastic Card) အမျိုးအစားနဲ့ ထုတ်ဝေတာ မဟုတ်ဘူး ဆိုတာလည်း သိထားရပါမယ်။ အသုံးများတဲ့ ပုံစံနှစ်မျိုးကတော့ ပလတ်စတစ်ကဒ် (Plastic Card) ရယ်၊ Virtual Card ရယ်ဆိုပြီး ထုတ်ဝေကြပါတယ်။ Plastic card ကတော့ ပုံမှန်နေရာတိုင်းမှာ တွေ့ရတဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ကဒ်အမျိုးအစားပါ။ Virtual card ဆိုတာကတော့ virtual ဆိုတဲ့အတိုင်း ကိုင်တွယ်ထိတွေ့လို့မရပါ။ အွန်လိုင်းမှာ ငွေပေးချေဖို့အတွက် အဓိက ရည်ရွယ်ပြီး ထုတ်ပေးထားတာပါ။ ကဒ်နံပတ်၊ Expiry Date နဲ့ CVV တွေ ကိုပဲ ဒီဂျစ်တယ်နည်းနဲ့ ထုတ်ပေးထားတာပါ။ Virtual ကဒ်ဖြစ်လို့ ထိတွေ့ကိုင်တွယ်လို့ မရတာကလွဲရင် အခြေခံအားဖြင့်တော့ plastic card တွေနဲ့ လုပ်ဆောင်ပုံ အတူတူပဲ ဖြစ်ပါတယ်။ ဘယ်သူ့တွေနဲ့ သင့်တော်မလဲဆိုရင် အွန်လိုင်းမှာ မကြာခဏ ဈေးဝယ်သူတွေ၊ အပြင်မှာ ကဒ်ကိုင်ဆောင် အသုံးပြုဖို့ မလိုအပ်သူတွေအတွက် သင့်တော်ပါတယ်။
- ကဒ်တွေဟာ နည်းပညာရဲ့ အကူအညီနဲ့ ငွေပေးချေမှုကို လွယ်ကူမြန်ဆန်စေတဲ့ ကိရိယာတွေ ဖြစ်ပါတယ်။ Credit Card၊ Debit Card၊ Prepaid Card တွေမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိသလို Physical နဲ့ Virtual ပုံစံတွေနဲ့လည်း မိမိလိုအပ်သလို လျှောက်ထားကိုင်ဆောင်နိုင်ပါတယ်။ ဒီလောက်ဆိုရင် ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ သုံးစွဲမှုပုံစံပေါ်မူတည်ပြီး ကိုက်ညီတဲ့ ကဒ်အမျိုးအစားကို ရွေးချယ်သုံးစွဲ နိုင်ဖို့ အထောက်အကူပြုလောက်ပါပြီ။

Payment Card တစ်ခုရဲ့ ဖွဲ့စည်းပုံ Layout နဲ့ လုပ်ဆောင်ချက်များ
- ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှုကဒ်တွေဟာ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်လာပါတယ်။ ကဒ်တွေကို ဆိုင်တွေမှာ၊ အွန်လိုင်းမှာ၊ ATM စက်တွေမှာ အသုံးပြုနေကြပြီး Credit Card၊ Debit Card၊ Prepaid Card စတဲ့ အမျိုးအစားတွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ ငွေပေးချေမှုကဒ်တစ်ခုရဲ့ ဖွဲ့စည်းပုံ (Layout) နဲ့ လုပ်ဆောင်ချက် (Functionality) တွေကို ပြောပြသွားမှာပါ။ ငွေပေးချေမှုကဒ်တစ်ခု မှာ ပါဝင်တဲ့ အစိတ်အပိုင်း တစ်ခုချင်းစီမှာ သီးခြား လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ကဒ်ရဲ့ အရှေ့ဘက်၊ အနောက်ဘက်၊ နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အောက်မှာ ခွဲပြီး ရှင်းပြထားပါတယ်။
ကဒ်ရှေ့ဘက် (Front Side)
၁) ကဒ်နံပါတ် (Card Number)
- ကဒ်ရဲ့ အဓိကအချက်အလက်ဖြစ်ပြီး များသောအားဖြင့် နံပါတ် ၁၆ လုံး ပါတဲ့ ဂဏန်းတွဲပါ။ ဒီဂဏန်းတွေမှာ ရှေ့ဆုံးက ဂဏန်း၆လုံး သို့မဟုတ် ၈လုံးဟာ BIN (Bank Identification Number) ဖြစ်ပြီး ထုတ်ဝေတဲ့ ကဒ်အမျိုးစားနဲ့ဘဏ်ကို ခွဲခြား သတ်မှတ်ဖို့ အသုံးပြုပါတယ်။ ဥပမာ - မြန်မာပြည်မှာ ထုတ်ဝေတဲ့ MPU ကဒ်တွေမှာဆိုရင် 95 နဲ့ စပါတယ်။ နိုင်ငံတကာသုံး ငွေပေးချေမှုကဒ်တွေမှာဆိုရင် လည်း ယေဘုယျအားဖြင့် 4 နဲ့စရင် Visa ၊ 5 နဲ့စရင် Mastercard ၊ 3 နဲ့ စရင် JCB ၊ 6 နဲ့ စရင် UPI ဆိုပြီး ခွဲခြားလို့ရပါတယ်။ ကဒ်နံပတ်ပေါ်မူတည်ပြီးတော့ card brand ကိုသာမကဘဲ ဘယ်ဘဏ်ကထုတ်တာလဲ၊ credit card လား၊ debit card လား၊ credit card မှာဆိုရင် entry level card လား၊ VIP ကဒ်လား၊ plastic card လား၊ virtual card လား အစရှိသဖြင့်အထိ ခွဲခြားလို့ရနိုင်ပါတယ်။
၂) ကဒ်ကိုင်ဆောင်သူရဲ့ နာမည် (Cardholder Name)
- ကဒ်ကိုင်ဆောင်သူရဲ့ နာမည်ကို ဖော်ပြထားပြီး ဒါက ကဒ်ကို ဘယ်သူပိုင်လဲဆိုတာ ခွဲခြားဖို့ အသုံးပြုပါတယ်။ ကုမ္ပဏီတွေအတွက် ထုတ်ဝေပေးထားတဲ့ corporate ကဒ်တွေမှာဆို ကဒ်ကိုင်ဆောင်သူနာမည်အပြင် ကုမ္ပဏီနာမည်ကိုပါ ရိုက်နှိပ်ထားတာ မျိုးလည်းရှိနိုင်ပါတယ်။ အချို့ကဒ်များမှာတော့ ထုတ်ဝေတဲ့ issuer နဲ့ ရည်ရွယ်ချက် ပေါ်မူတည်ပြီး နာမည်မရိုက်နှိပ်ပဲ ထုတ်ဝေတာမျိုးလည်း ရှိနိုင်ပါတယ်။
၃) ကဒ်သက်တမ်း (Expiration Date)
- ကဒ်ကို ဘယ်အချိန်ထိ သုံးလို့ရမလဲဆိုတာကို Month နဲ့ Year (MM/YY သို့မဟုတ် MM/YYYY) ပုံစံနဲ့ ဖော်ပြထားပါတယ်။ (ဥပမာ - 03/28 သို့ 03/2028)။ ကဒ်လုံခြုံရေးအတွက် အရေးကြီးအချက်အလက်ဖြစ်ပြီး သက်တမ်းကုန်တဲ့အထိပဲ ကဒ်ကို အသုံးပြုလို့ရမှာပါ။ ကဒ်ထုတ်ဝေတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ကဒ်သက်တမ်းကို ၂နှစ်၊ ၃နှစ်၊ ၅နှစ် အစရှိသဖြင့် ထုတ်ဝေကြပါတယ်။
၄) ကဒ်ကွန်ရက် အမှတ်တံဆိပ် (Card Network Logo)
- MPU ၊ Visa ၊ Mastercard ၊ JCB ၊ UnionPay လို ကဒ်ကွန်ရက်ရဲ့ လိုဂိုကို ဖော်ပြထားပြီး ဒါက ကဒ်ကို ဘယ်ကဒ်ကွန်ရက်က ထောက်ပံ့ပေးထားသလဲဆိုတာ ပြပါတယ်။ ကဒ်ကွန်ရက်ကို ဖော်ပြတာမှာ ကွန်ရက်တစ်မျိုးတည်းမှာပဲ အသုံးပြုနိုင်တဲ့ ကဒ် (Single-Branded Card) ဆိုရင် ကွန်ရက်လိုဂိုတစ်မျိုးပဲပါမှာပါ။ ကွန်ရက် တစ်မျိုးတက်ပိုပြီး အသုံးပြုနိုင်တဲ့ကဒ် (Co-Branded သို့မဟုတ် Dual-Branded Card) တွေမှာတော့ အသုံးပြုနိုင်တဲ့ ကွန်ရက်လိုဂို တစ်မျိုးထက်ပိုပြီး ရိုက်နှိပ်ထားတာ တွေ့ရမှာပါ။ ဥပမာ - မြန်မာပြည်က ဘဏ်တွေမှာဆို MPU နဲ့ JCB ၊ MPU နဲ့ UPI ဆိုပြီး Co-Branded အနေနဲ့ရော၊ Single branded ကဒ် အနေနဲ့ပါ ထုတ်ဝေကြပါတယ်။
၅။ EMV Chip (Smart Chip)
- ကဒ်ရဲ့ အဓိက နည်းပညာအစိတ်အပိုင်းဖြစ်ပြီး ဒေတာသိမ်းဆည်းဖို့ အသုံးပြုတဲ့ Microchip ပါ။ ယေဘုယျအားဖြင့် EMV စံနှုန်းနဲ့ ဖန်တီးထားပြီး ငွေပေးချေမှုမှာ Authentication နဲ့ Encryption တွေ လုပ်ဆောင်ဖို့ အသုံးပြုပါတယ်။
ကဒ်နောက်ဘက် (Back Side)
၆။ Magnetic Stripe
- ကဒ်ရဲ့ နောက်ဘက်မှာ အနက်ရောင် အစင်းကြောင်းတစ်ခု ပါပါတယ်။ ဒါက ကဒ်အချက်အလက်တွေကို သံလိုက်နည်းနဲ့ သိမ်းဆည်းထားတာပါ။ ဒီဘက်ခေတ်မှာ EMV Chip နည်းပညာကို အဓိကသုံးပြီး Magnetic Stripe ကိုတော့ အရန်အနေနဲ့ပဲ ထည့်ထားတာများပါတယ်။
၇။ CVV ကုဒ် (Card Verification Value)
- ကဒ်နောက်ဘက်မှာ ဂဏန်း ၃ လုံး ဒါမှမဟုတ် ၄ လုံး ရိုက်နှိပ်ထားတာ ပါပါတယ်။ (ဥပမာ - 123 သို့မဟုတ် 1234)။ အဲ့ဒါကို CVV လို့ခေါ်ပြီး Chip ဒါမှမဟုတ် Magnetic Stripe ထဲမှာ မသိမ်းထားဘဲ ကဒ်ပေါ်မှာပဲ ရိုက်နှိပ်ထားပြီး အွန်လိုင်းမှာ ငွေပေးချေတဲ့အခါ လုံခြုံရေးအတွက် အသုံးပြုရတဲ့ လျှိုဝှက်ကုဒ်ဖြစ်ပါတယ်။ အခြားသူတွေကို ပေးမသိရ၊ မပြရပါ။
၈။ လက်မှတ်စာကြောင်း (Signature Strip)
- ကဒ်ကိုင်ဆောင်သူရဲ့ လက်မှတ်ထိုးဖို့ နေရာတစ်ခု ပါတယ်။ ဒါက ဆိုင်တွေမှာ ငွေပေးချေတဲ့အခါ အထောက်အထား စစ်ဆေးဖို့ အသုံးပြုပါတယ်။
၉။ ဘဏ်ဆက်သွယ်ရန် အချက်အလက် (Bank Contact Info)
- ကဒ်ထုတ်ပေးတဲ့ ဘဏ်ရဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် ဝက်ဘ်ဆိုက်ကို ဖော်ပြထားပြီး ပြဿနာရှိရင် ဆက်သွယ်ဖို့ အသုံးပြုရမှာပါ။
၁၀။ NFC Antenna (Contactless Capability)

- တချို့ကဒ်တွေမှာ NFC (Near Field Communication) Antenna ထည့်သွင်းထားပြီး Contactless ငွေပေးချေမှုကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက ရေဒီယိုလှိုင်းနဲ့ ဒေတာပို့လွှတ်တာမို့ POS စက်မှာ ကပ်လိုက်ရုံ၊ တို့ထိရုံနဲ့ ငွေပေးချေလို့ရပါတယ်။ POS စက်ရဲ့ ကဒ်ဖတ်တဲ့နေရာကို chip ထည့်ပေးစရာ မလိုတော့ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
- ငွေပေးချေမှုကဒ်တစ်ခုရဲ့ ဖွဲ့စည်းပုံဟာ ရိုးရှင်းပေမယ့် နောက်ကွယ်မှာ နည်းပညာ ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ၊ တည်ဆောက်မှုတွေ အများကြီး ပါဝင်ပါတယ်။ EMV Chip၊ NFC၊ CVV လို အချက်တွေက ကဒ်ကို လုံခြုံပြီး အသုံးပြုရ လွယ်ကူစေတဲ့ အဓိကအရာတွေ ဖြစ်ပါတယ်။ ငွေပေးချေမှုကဒ်တွေရဲ့ ပုံစံနဲ့ လုပ်ဆောင်ချက်ကို သိထားရင် ကဒ်တွေကို လုံခြုံစွာ အသုံးပြုနိုင်ဖို့နဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အထောက်အကူပြုမှာပါ။