OCTOPUS (ရေဘဝဲ) 🐙
6.32K subscribers
1.21K photos
94 videos
341 links
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
https://www.facebook.com/octopusyangon?mibextid=ZbWKwL
Download Telegram
☑️ဂျပန်နိုင်ငံထုတ်သတင်းစာမျက်နှာထက်က " ရေဘဝဲ "

သတင်းဝက်ဘ်ဆိုက်လင့် -
https://www.tokyo-np.co.jp/article/335685?rct=main

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#TokyoShinbun #NHK #YangonStrike
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
💙နိုင်ငံကျော် လေးဖြူအတွက်
နိုင်ငံတော် လူမှုရေးပြစ်ဒဏ် 🚫

အရင်ဆုံးတိုတိုတုတ်တုတ်နဲ့ထိထိမိမိပြောရရင်
နွေဦးတော်လှန်ရေးကာလမှာ Boycott ဆိုတာ စစ်တပ်ကိုငွေကြေးစီးဆင်းစေမဲ့ ထုတ်ကုန်နဲ့ ဆက်စပ်အရင်းအမြစ်တွေ (သက်မဲ့) ကိုမရောင်းချ၊ မသုံးစွဲပဲ သပိတ်မှောက်တာ။

Social punishment ဆိုတာ စစ်တပ်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ သူတို့ရဲ့အကျိုးစီးပွားကို ချီးမြှောက်အားပေး၊ ပူးပေါင်းဆောင်ရွက်တဲ့သူတွေ (သက်ရှိ) ကို လူမှုရေးအရ ပြစ်ဒဏ်ခတ် ရှောင်ကျဥ်တာ။

တိုတိုတုတ်တုတ်ဆိုပေမဲ့ Boycott နဲ့ Social punishment ဟာ ရှည်လျားတဲ့သမိုင်းအရ ဗုဒ္ဓခေတ်ကတည်းကရှိခဲ့ကြပြီး လောကီရော လောကုတ္တရာ အတွက်ပါလေးနက်တယ်လို့ဆိုရမယ်။

ဥပမာ - မြန်မာဘီယာကို ဘာလို့ Boycott လဲ
စစ်တပ်ထုတ်ကုန်မို့လို့၊ ဘီယာရောင်းရတဲ့ငွေ ဟာ စစ်တပ်ဆီရောက်မယ် အဲ့ငွေနဲ့ လူထုကိုအကြမ်းဖက်ဖို့ လက်နက်ကိရိယာနဲ့ဆက်စပ်တွေဝယ်မှာမို့လို့ဆိုတဲ့အကြောင်းတရားတွေကြောင့်ဖြစ်သလို

ယုန်လေးကို ဘာလို့ Social punishment လဲ
စစ်တပ်ကအာဏာမသိမ်းခင် လပိုင်းအလိုမှာ တေးသရုပ်ဖော်အခါတော်ပေးလုပ်လို့၊ တစ်နိုင်ငံလုံးသပိတ်ဆင်နွှဲတဲ့အခါမှာလည်း လူထုအကြိုက်အလိုက်သင့် စစ်တပ်ကိုဆန့်ကျင်ပြခဲ့ပြီး အကြမ်းဖက်ဖြိုခွင်းပြီးတော့မှ စစ်တပ်ပွဲမှာ သီချင်းလိုက်ဆိုပေးလို့၊ ဆိတ်ဂွေးစိလို ဟိုဘက်ကပ်ဒီဘက်ကပ်လုပ်လို့၊ နိုင်ငံရေးစကားနဲ့ဆို သပ်သျှိုသွေးခွဲတွေကို ချီးမြှောက်အားပေးလို့စတဲ့အကြောင်းတရားတွေကြောင့်ပဲဖြစ်ပါတယ်။

စစ်တပ်အုပ်ချုပ်နေတဲ့ဒေသတွေမှာရှိတဲ့ အနုပညာရှင်၊ ဖျော်ဖြေတင်ဆက်သူတချို့ဟာ သူတို့ဝါသနာနဲ့ ကျွမ်းကျင်ရာ အနုပညာအလုပ်တွေကို လုံးဝရပ်နားထားတာရှိကြသလို၊ ဝမ်းရေးအတွက်ဖြစ်စေ၊ ဝါသနာနဲ့ကျွမ်းကျင်မှုအရဖြစ်စေ အကြောင်းတရားအမျိုးမျိုးကြောင့် လှုပ်ရှားနေကြသူတွေလည်း ထုနဲ့ဒေးပါ။ဒါဟာ သူတို့ရဲ့အခွင့်အရေးဖြစ်ပါတယ်။

စစ်တပ်အုပ်ချုပ်ရာဒေသတွေမှာရှိတဲ့ အနုပညာ လှုပ်ရှားနေကြသူတွေကို Boycott နဲ့ Social punishment မလုပ်ခင် သူတို့ဟာ စစ်တပ်နဲ့ဆက်စပ်ထုတ်ကုန်တွေကို ရောင်းအားမြင့်အောင် အားပေးချီးမြှောက်နေသလား၊ စစ်တပ်စပွန်ဆာလုပ်ပေးတဲ့လုပ်ငန်းတွေမှာ အနုပညာအရပါဝင်ပတ်သက်မှုရှိနေလား၊ စစ်တပ်ကို ချီးမြှောက်တဲ့သူတွေနဲ့ တစုတဝေးထဲအတူတူလှုပ်ရှားနေသလား၊ တော်လှန်ရေးအတွက် သွယ်ဝိုက်ပြီးထောက်ပံ့အားပေးနေလား ဒါမှမဟုတ်လှောင်ပြောင်နေသလား စတာတွေကို ကျွန်မတို့အနေနဲ့ အဆင့်ဆင့်ခွဲခြားသုံးသပ်ပြီးမှ Boycott နဲ့ Social punishment လုပ်ရပါမယ်။

ဒါဆို လေးဖြူကို ဘာလို့ Social punishment လုပ်ရတာလဲ ???

ပကတိအရှိတရားအရ နိုင်ငံတော်တဝှမ်းတော်လှန်ရေးတိုက်ပွဲတွေဆင်နွှဲနေကြသလို စစ်တပ်ကပုံစံအမျိုးမျိုးနဲ့ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေ ကြောင့် စစ်ဘေးရှောင်တွေအများအပြားရှိနေပါတယ်။

တစ်ဖက်မှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် လူထုဒုက္ခရောက်နေကြတဲ့အချိန်မှာ နိုင်ငံကျော်အနုပညာရှင် တယောက်အနေနဲ့ လက်ရှိအခြေအနေတွေကိုသတိမမူဘဲ တမင်တကာဖြစ်စေ တိုက်ဆိုင်မှုဖြစ်စေ "Boycott (BC) ဆိုတာဘာလဲ၊ A-Z လည်းနားမလည်ဘူးဗျာ" ဆိုတာဟာ လူထုကိုလှောင်ပြောင်တာ၊ နိုင်ငံတော်ရဲ့ပကတိအရှိတရားနဲ့ တော်လှန်သံတွေကို မျက်ကွယ်ပြုတာပဲဖြစ်ပါတယ်။လူငယ်စကားအရပြောရရင် ရုပ်ပေါက်ပါတယ်။

သူ့ပါသာ ဖျော်ဖြေတင်ဆက်ပြီး ပြန်သွားရင် အခြေအနေကဒီလိုဖြစ်လာစရာမရှိပါဘူး။ သူ့ကိုဘယ်သူကမှလည်းမမေးပဲ ယုန်ကလေးနှာစေးနေတယ် နိုင်ငံရေးနဲ့ပတ်သက်တာဘာမှမသိပါဘူးဆိုပြီး ပြောချင်ပေမဲ့ စကားရဲ့ရည်ရွယ်ရာဟာ ခနဲ့တဲ့ဘက်ကိုဦးတည်သွားစေခဲ့တာပါ။

ဒီလိုအခြေအနေနဲ့ ဒီလိုပုဂ္ဂိုလ်ကို အထက်ပါအကြောင်းတရားတွေကြောင့် ကျွန်မတို့အနေနဲ့ ပြတ်ပြတ်သားသား Social punishment လူမှုရေးပြစ်ဒဏ်ခတ်ရပါမယ်။စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုပြောသလို လူထုအားကို ဘယ်မအေ-ိုးကမှ တားလို့မရပါဘူးရှင်။

အနုပညာမှာ ဘယ်လောက်တော်တော် လူဆိုတာတော်ပြီးရင် လူကောင်းဖြစ်ဖို့လည်းလိုပါတယ်။ လူထုကိုမတောင်းပန်မခြင်း သူ့ရဲ့ဖျော်ဖြေပွဲတွေကို ရှောင်ကျဥ်ပြီး လူ့အသိုင်းအဝိုင်းကနေ ဖယ်ထုတ်ဒဏ်ခတ်ရပါမယ်။

လေးဖြူအနေနဲ့လည်း ကိုယ့်စကားကို ကိုယ်တာဝန်ယူ တာဝန်ခံဖို့ နိုင်ငံတော်ရဲ့ပကတိအရှိတရားကိုရှေးရှုပြီးလူထုကိုအမြန်ဆုံးတောင်းပန်ဖို့ ကျွန်မတို့အနေနဲ့တိုက်တွန်းလိုက်ရပါတယ်။

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#SocialPunishment #LayPhyu #လေးဖြူ
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့်
လှုံ့ဆော်လှုပ်ရှားမှုများပြုလုပ်

ပြည်သူ့တော်လှန်ရေး အင်အားစုများမှ “ကျောင်းသားရာချီ သတ်ဖြတ်ခံရသည့် ဆဲဗင်းဂျူလိုင် ” လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဂျူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည်။

၂၀၂၄၊ ဂျူလိုင် ၇ရက်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#7July
#ဆဲဗင်းဂျူလိုင်
#whatshappeningnowinmyanmar
#လှုပ်ရှားမှု
#အထွေထွေအကျပ်အတည်းဖြေရှင်းရေး
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
💙Boycott ဆိုင်ဆိုရင် မစားဘူး
ဒီလောက်တော့ လိုက်နာရမယ်
- ဒေါ်အောင်ဆန်းစုကြည်

၂၀၂၂ ခုနှစ်အတွင်း တရားရုံးချိန်းတခုတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က သူမအတွက် ပြင်သစ်ပေါင်မုန့် Croissant တဗူး ဝယ်သွားခဲ့သည်။

အဆိုပါ ပေါင်မုန့်အား နေပြည်တော်တွင် ဖွင့်လှစ်ထားသော ပေါင်မုန့်ဆိုင်တခုမှ ဝယ်လာခြင်းဖြစ်ကြောင်း သူ့ရှေ့နေအဖွဲ့ကပြောသောအခါ ဒေါ်အောင်ဆန်းစုကြည်မှ "အဲ့ဆိုင်က BC (Boycott) ဆိုင်လား၊ BC ဆိုင်ဆိုရင် မစားဘူး။ ဒီလောက်တော့ လိုက်နာရမည်" ဟုပြန်ပြောခဲ့သည်ဆို၏။

ရှေ့နေ့အဖွဲ့က အဆိုပါဆိုင်သည် BC စာရင်းတွင်
မပါဝင်ကြောင်းပြောသောအခါမှ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါပေါင်မုန့်ဗူးအားယူသွားခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများမှ စစ်တပ်ထုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် ဆော်ဩထားပြီး Boycott ကုန်ပစ္စည်းစာရင်းများအား အမျိုးသားညီညွှတ်ရေးအစိုးရ ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်များနှင့် အောက်ပါ မိုဘိုင်းအက်ပ်တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။

Way Way Nay မိုဘိုင်းအက်ပ် -
https://apkpure.net/way-way-nay/com.mysporttv.live.boycott_military

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#AungSanSuuKyi #အောင်ဆန်းစုကြည်
#Boycott
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
💙နိုင်ငံတကာတရားရုံး၊ ဥရောပ သမဂ္ဂတို့အနီးတွင် "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှု ရေဘဝဲပြုလုပ်

ယနေ့ နယ်သာလန်နိုင်ငံ ဟိတ်ဂ်မြို့ရှိ ကမ္ဘာ့ခုံရုံး (ICJ) ၊အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နှင့် ဥရောပ သမဂ္ဂ (EU) တို့အနီးတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းပါအင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

စစ်တပ်မှကျူးလွန်နေသည့် အကြမ်းဖက်စစ်ရာဇဝတ်မှုမှတ်တမ်းများအား ကမ္ဘာ့ခုံရုံးမှ အထူးအလေးအနက်ထားအရေးယူရန်၊ လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုများနှင့် ရန်ကုန်ရှိမိဘပြည်သူများအားလုံး ရန်ကုန်တွင်ပြန်ဆုံကြစေရန် နှင့် ရေဘဝဲ၏ ဆောင်ပုဒ်တခုဖြစ်သော ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကြရန် ရည်ရွယ်၍ "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုအား ရန်ကုန်မှ နယ်သာလန်ရှိကမ္ဘာ့ခုံရုံးသို့ ဆောင်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုအား ရေဘဝဲမှ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ခြေရင်းတွင် စတင်ခဲ့ပြီး မြို့လယ်ရှိအထင်ကရနေရာများ၌ လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။ထိုလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့ကြသော ရေဘဝဲရဲဘော် အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၂) ဦးကို စစ်တပ်မှ အကျဥ်းထောင်များတွင်ဖမ်းဆီးချုပ်နှောင်ထားသည်။

ဇူလိုင် ၁၃ ရက်၊ ၂၀၂၄ ခုနှစ်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ICC #ICJ #EU
#ရန်ကုန်မှာပြန်ဆုံမယ်
#GOAT #OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
အာဇာနည်နေ့ လှုပ်ရှားမှု
(ဟွန်းတီး၊ ဥသြဆွဲ၊ သတိဆွဲအလေးပြု၊ ချီတက်ဂါရဝပြု)

- အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ

အခုချိန်က “ဖက်ဆစ်အခက်-လူထုအချက်” အခြေအနေပါ။ ဖက်ဆစ် အကြမ်းဖက်အုပ်စုဟာ ဒင်းတို့သမိုင်းတလျှောက် အခက်ခဲဆုံးနဲ့ အကြပ်တည်းဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒင်းတို့ “ပြိုမှတ်” (Tipping Point) ကို ရောက်နေပါပြီ။ ပြိုမှတ်ကနေ ဆုံးမှတ် (Ending Point) ထိ ရောက်အောင် ဆက်တွန်းကြဖို့ကတော့ ပြည်သူလူထုတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ကြီးပါပဲ။ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ညီညာဖြဖြ ရုန်းကန်အုံကြွနိုင်မလဲဆိုတာကို မူတည်မှာပဲ။

အခုလာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းပြည်ပြုခေါင်းဆောင်ကြီးများ ကျဆုံးခဲဲ့ရတဲ့ (၇၇) နှစ်မြောက် “အာဇာနည်နေ့” ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ကဲ့သို့ တိုင်းပြည်နဲ့လူထုအတွက် မိမိအသက်ကို ပေးဆပ်သွားကြတဲ့ အခြားသော အာဇာနည်ပုဂ္ဂိုလ်ကြီးများစွာလည်း မြန်မာပြည်မှာ ရှိပါတယ်။

အာဇာနည်စိတ်ဓာတ်၊ အာဇာနည်သွေးလို့ ပြောရင် တိုင်းပြည်နဲ့ လူထုအတွက် ရဲရင့်ပြောင်မြောက်စွာ အကျိုးပြုခြင်း၊ စွန့်လွတ်စွန့်စားခြင်း၊ မတရားမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အသက်နဲ့ ခန္ဓာကိုပင် ပေးဆပ်ခြင်း အစရှိတဲ့ အဓိပ္ပာယ်မွန်များကို တန်းပြီး နားလည်မြင်ယောင်ကြမှာ ဖြစ်ပါတယ်။

မြန်မာပြည်တော်လှန်ရေးရဲ့ အခုအခြေအနေကလည်း အဆုံးသတ်တိုက်ပွဲကို အာဇာနည်စိတ်၊ အာဇာနည်သွေးအပြည့်နဲ့ မော်ကွန်းရေးထိုးကြရမယ့် အချိန်ဖြစ်ပါတယ်။ တလှိုင်းပြီး တလှိုင်း တက်လာတဲ့ စစ်ရေးတိုက်ပွဲအရှိန်တွေနဲ့အတူ လူထုတိုက်ပွဲတွေကိုလည်း အစွမ်းကုန် အရှိန်တိုးမြှင့် ဖော်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်။ တက်စုံဖွင့် ရွက်ကုန်လွှင့်ကြဖို့ပါပဲ။

လာမယ့် ဇူလိုင် (၁၉) အာဇာနည်နေ့မှာ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဘာတွေ ဆောင်ရွက်ကြမလဲဆိုတာ အထူးတောင် ပြောပြနေစရာ မလိုပါဘူး။ ဂုဏ်ပြုအပ်တဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြုခြင်းကလည်း မဂ်လာတပါးပေပဲ။ ယခင့် ယခင် နှစ်များမှာ အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြတဲ့အတိုင်း အဲ့ဒီနေ့ မနက် (၁၀ နာရီ ၃၇ မိနစ်) အချိန်မှာ ကား၊ ဆိုင်ကယ်ပေါ် ရောက်နေကြသူတွေက ဟွန်းတီးကြမယ်ဗျာ။ အိမ်ထဲ ဆိုင်ထဲ ရောက်နေသူတွေက မတ်တပ်ရပ်၊ သတိဆွဲ အလေးပြုကြမယ်ဗျာ။ အခြေအနေပေးတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့ဆီကို ချီတက်ပြီး ဂါရဝ ပြုကြမယ်ဗျာ။

လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်တိုက်ပွဲကိုလည်း အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြပါစို့ခင်ဗျား။

ပြည်သူအပေါင်း မျှော်ရည်တဲ့ အဆုံးသတ်ပန်းတိုင်ကို ပြည်သူအားလုံး ပါဝင်တဲ့ လူထုတိုက်ပွဲ၊ လူထု အထွေထွေ အုံကြွမှုကြီးနဲ့သာလျှင် စောလျင်စွာ ရောက်ရှိ၊ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

အရေးတော်ပုံ အောင်ရမည်။

#အာဇာနည်နေ့လှုပ်ရှားမှု
#အဆုံးသတ်တိုက်ပွဲကိုအာဇာနည်တွေသွေးနဲ့ရေးထိုးကြ
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
This media is not supported in your browser
VIEW IN TELEGRAM
💎ပတ္တမြားမြေသို့အပြန် (ရုပ်သံ)
အောင်စည်အောင်မောင်းသံ သောသောညံ

မူရင်းမျှဝေသူထံမှတဆင့် ကူးယူဖော်ပြသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#မိုးကုတ်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
💎 နတ်ပေးကနေ (ငါးထောင်) ထောက်
ရေဘဝဲတွေဆီအရောက်

ရန်ကုန်လူထုနှင့်အတူ လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှု
သပိတ်တိုက်ပွဲများ ဆင်နွှဲနေသည့် ရေဘဝဲများကို NUGPay မှတဆင့် ထောက်ပို့နိုင်ပါပြီ။

#Yangonstrikes #ရန်ကုန် #ထောက်ပို့
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
❝ ပြည်တော်ဝင်မယ် ❞ အခါတော်ပေး စာတန်းအား ရေဘဝဲချိတ်ဆွဲ

သြဂုတ် ၁ ရက်၊ ရန်ကုန်

ရန်ကုန်မြို့တွင် ရေဘဝဲ (ပြည်သူ့အကျိူးပြု လူငယ်အဖွဲ့အစည်း)မှ " ပြည်တော်ဝင်မယ် " စာသားအားတော်လှန်ရေးအလံပေါ်တွင်ရေးချယ် ချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ရန်ကုန်လူထုနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲလျက်ရှိကြသော ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် ဟန်ချက်ညီညီလှုပ်ရှားနေကြသည့် တနိုင်ငံလုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တသားတည်းရှိနေကြောင်း နှင့် နယ်မြေဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးရဲဘော်များ၊ စစ်ဘေးရှောင်များ၊ နိုင်ငံရေးအကျဥ်းသားများအားလုံး အခါတော်ချိန်ရောက်ပြီဖြစ်၍ ပြည်တော်ဝင်ကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်းရည်ရွယ်ကာ အဆိုပါလှုပ်ရှားမှုအားပြုလုပ်ခြင်းဖြစ်သည်။

အေဝမ်းဆရာညှာ၏ ပြည်တော်ဝင် သီချင်းစာသားအတိုင်းပင် " အောင်စည်ရွှမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ "

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ပြည်တော်ဝင် #မန္တလေး #ရန်ကုန်
#YangonStrike #OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
💙၈ လေးလုံးအထိမ်းအမှတ်လှုပ်ရှားမှု 🔴

(၃၆)နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန်သပိတ်အင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)အမြစ်ဖြတ်ရေး လူထု လှုပ်ရှားမှုပြုလုပ်

၂၀၂၄၊ ဩဂုတ် ၆

ရန်ကုန်သပိတ်အင်အားစုများက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ တွင် "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း"၊ "The Future of Our Nation is in Our hand"၊ "ရပ်တန့်၍မရ" စာသားပါ ဘန်နာများ ကိုင်စွဲပြီး ရန်သူ့ဖိနှိပ်မှုများ တင်းကျပ်ထားသည့်ကြားမှ ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)အမြစ်ဖြတ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#၈၈၈၈
#WhatsHappeningInMyanmar
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
💎 #ရှစ်လေးလုံးမှသည်ရန်ကုန်မှာပြန်ဆုံမည်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#၈၈၈၈
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်
အညာစစ်ရှောင်များအတွက် ထမင်းတနပ်

သြဂုတ် ၈၊ ၂၀၂၄

ယနေ့ကျရောက်သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ အညာဒေသမှ စစ်ဘေးရှောင်ပြည်သူများအတွက် အာဟာရဒါန ထမင်းတနပ်စာ ထောက်ပို့မျှဝေခဲ့ပါသည်။

ဤသို့ အာဟာရဒါနကျွေးမွေးရန် လစဥ်ထောက်ပို့ပေးပါသော လကုန်ငါးထောင် ထောက်ပို့ပြည်သူတယောက်စီတိုင်းအား ကျေးဇူးတင်ရှိပါသည်။

" ရှစ်လေးလုံးမှသည် ရန်ကုန်မှာပြန်ဆုံမည်။ "

ဓါတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#၈၈၈၈ #စစ်ဘေးရှောင်
#ရှစ်လေးလုံးမှသည်ရန်ကုန်မှာပြန်ဆုံမည်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
💙သပြေညိုနဲ့ကြို (တေးဂီတရုပ်သံ)

" ပြည်ဗဟိုရ် အောင်လံလွှင့်ချီ
ညီစေနော် တောင်ပံဖွင့်မည်
ရောင်နီဖြာ နွေကြိုပန်းတွေ
ကမ်းလင့်ကာကြို "

တေးရေး - တင်ထွန်းနိုင်
တေးဆို - အညတရ ဒုရဲဘော်
သံစဉ် - မွန်အောင်

Music Producer - DNS
Music Arrangement - Daniel Saw, Mon Aung
Backing Vocals - Nyo Mie Mie Htun & Friends, Danny, Ah Pan, Mon Aung
Sound Engineer - Annonymous, Danny
Supported by CSC(Citizens Support Center)
Music Video edited by PVTV(Public Voice Television)

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#သပြေညိုနဲ့ကြို
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
💙ရန်ကုန်သူ၊ ရန်ကုန်သား၊ ဆယ့်နှစ်မျဥ်းစောင်းများရှင် 🔴

တိုက်တွန်းနှိုးဆော်ချက်အပြည့်အစုံ - https://st.deepthought.industries/UFnyA3

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#စစ်ဘေးရှောင် #ရန်ကုန်
#YangonStrike #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
စာမေးပွဲ ဖြေကြမယ် 🐙
ဘယ်သူတွေ ဘဲဥမကွဲ ဆရာကြီးဖြစ်မလဲ

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
ကမ်ပိန်းတော့ ကမ်ပိန်း
လူထုဦးဆောင်မဲ့ အုပ်ကြီးကမ်ပိန်း 🟡

မေး။ ။ ဘယ်လိုပါဝင်ရမလဲ
ဖြေ။ ။ အုပ်ကြီးတွေရဲ့ သတင်းအချက်အလက်ပေးရုံပဲ

အုပ်ကြီးကမ်ပိန်း သတင်းပေးရန် တယ်လီဂရမ် -
t.me/OakGyiCampaignBot

ရပ်ရွာရဲ့အရိပ်ကိုခိုပြီး ရပ်ရွာကိုဒုက္ခပြန်ပေးနေတဲ့ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ကြမယ်။ အာခံကြမယ်၊ ဆန့်ကျင်ကြမယ် ပြီးတော့ လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ကြမယ်။

အခုဆို ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့တွေကနေ ဒီလို ဆိုးသွမ်း သောင်းကျန်းနေတဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ အချက်အလက်တွေကို စာရင်းကောက်ယူနေပါပြီ။

တယ်လီဂရမ်ကနေတဆင့် လွယ်လွယ်ကူကူ သတင်းပေးလို့ရတာမို့ အခုဘဲ ကိုယ့်ရပ်ရွာထဲက စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေအကြောင်း သတင်းပေးပို့ကြဖို့ တိုက်တွန်းအပ်ပါတယ်။

" ရပ်ကျေးအာဏာရှင်တွေကို ဆန့်ကျင်အာခံကြ "

#အုပ်ကြီးကမ်ပိန်း
#OakGyiCampaign
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
⭐️ ရှမ်းပြည်မြောက်ပိုင်းမှသည် မန္တလေးသို့
နေ့ချင်းပြန် ခရီးစဥ် (ရုပ်သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး၏ စာမျက်နှာ
မှတဆင့် ကူးယူဖော်ပြသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ပြည်တော်ဝင်မယ် #MDYPDF
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
သားသမီးတွေကို မိဘတွေကစိတ်ပူရာကနေ ...
မိဘတွေကို သားသမီးတွေကစိတ်ပူရ

၃၅ နှစ်အောက် မြို့တွင်းနယ်တွင်းမှာကျန်နေခဲ့တဲ့ လူငယ်တွေကို စစ်မှုထမ်းဥပဒေအမည်ခံ အဓမ္မစစ်သားစုဆောင်းခဲ့ကြပြီးနောက် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အမည်ခံပြီး ၃၅နှစ်ကနေ ၆၅ နှစ်အတွင်း လူလတ်၊ လူကြီးပိုင်းတွေကို အဓမ္မစုဆောင်းဖို့ စစ်တပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းစီစဥ်နေပါပြီ။

ခေါင်းစဥ်အမည်နာမတွေ ဘယ်လိုပေးပေး
ရှေ့တန်းပို့မှာမဟုတ်ဘူးဆိုပြီး မတည်နိုင်တဲ့ကတိတွေဘယ်လိုလိုပေးပေး လက်တွေ့မှာတော့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ လူသားဒိုင်းအဖြစ်အသုံးချဖို့ပါပဲ။

အရင်က သားသမီးတွေကိုစိတ်ပူပြီး အိမ်စောစောပြန်ဖို့၊ လွတ်မြောက်ဒေသမှာစစ်သင်တန်းသွားတက်ဖို့၊ ရရာနည်းလမ်းနဲ့ ပြည်ပထွက်ခွာဖို့ တဖွဖွပြောခဲ့တဲ့ အိမ်ကမိဘလူကြီးတွေကို ဘယ်အချိန်စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေလာခေါ်မလဲဆိုတာ ရင်တထိတ်ထိတ် စိုးရိမ်နေရပါတယ်။

စစ်တပ်ကကြိုးဆွဲနေတဲ့အစီအစဥ်ကို ကြိုးဆွဲတဲ့အတိုင်း အသုံးတော်ခံမဲ့သူတွေကတော့ အိမ်ထောင်စုစာရင်းမှတ်တမ်းတွေကိုင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဖြစ်ပါတယ်။တချို့မြို့နယ်တွေမှာ အစည်းအဝေးခေါ်ပြီး အိမ်ထိစာရင်းကောက်ပေမဲ့ တချို့မြို့နယ်တွေမှာတော့ ဘာမှအသိမပေးပဲ သူတို့မှာရှိနေတဲ့ အိမ်ထောင်စုမှတ်တမ်းအတိုင်း စာရင်းထည့်ပေးလိုက်တာမျိုးတွေရှိပါတယ်။

သားသမီးတွေကို မိဘတွေကစိတ်ပူရာကနေ
မိဘတွေကို သားသမီးတွေကစိတ်ပူရမဲ့အခြေအနေပါပဲ။

ဒီလိုအခြေအနေတွေကို ငုံ့မခံပဲတုန့်ပြန်ဖို့ ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့တွေက အုပ်ကြီးကမ်ပိန်းလုပ်ဆောင်နေပါတယ်။တိတိကျကျ မြန်မြန်ဆန်ဆန် သတင်းပေးပို့ဖို့ပဲလိုပါတယ်။

အုပ်ကြီးကမ်ပိန်း သတင်းပေးရန် တယ်လီဂရမ် -
t.me/OakGyiCampaignBot

လုံးဝအုပ်ချုပ်ခွင့်မရစေရ။

#အုပ်ကြီးကမ်ပိန်း #OakGyiCampaign
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
⚡️တ‌သွေးတည်း တသားတည်း
မြောက်ပိုင်းမဟာမိတ်တပ်များနှင့်အတူ ❤️

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#westandwith_tnla
#china
#china_shameonyou
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
This media is not supported in your browser
VIEW IN TELEGRAM
✈️ကောင်းကင်ကြီးကိုပိတ် 🚫 (ရုပ်၊သံ)

The Sky - Kyar Pauk
Edit - Aung Naing Soe
Demo Version

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#TheSky #KyarPauk #BMC
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM