OCTOPUS (ရေဘဝဲ) 🐙
6.32K subscribers
1.21K photos
94 videos
341 links
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
https://www.facebook.com/octopusyangon?mibextid=ZbWKwL
Download Telegram
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း 📜

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့မှပူးပေါင်းတင်ဆက်သည့်
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞ တွင် ဆုရရှိခဲ့သော Team 595 နှင့် T 360အား ဤမှတ်တမ်းတင်လွှာများဖြင့် ဂုဏ်ပြုအပ်ပါသည်။

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#MOWYCA #OCTOPUS #ရေဘဝဲ
“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မယ့် သံမဏိဓား”

အကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အကြမ်းဖက်လုပ်ရပ်များစွာကို ကျူးလွန်နေပြီး ထောင်တွင်းအကြမ်းဖက်မှုတွေကိုလည်း ဆိုးရွားစွာ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားများဖြစ်တဲ့ ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် အပါအဝင် (၄)ဦးကို သေဒဏ်ချမှတ်ထားပြီး ကြိုးမိန့်ပေးမည်ဟူသော သတင်းစကားများလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။ ကျွန်တော်တို့တွေဟာ တစ်ယောက်ထိရင် နှစ်ယောက်တက်မယ်ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ ရဲဘော်တွေကိုထိရင် ငြိမ်ခံနေမှာ မဟုတ်ကြောင်း၊ ကျွန်တော်တို့ကို သွေးတိုးစမ်းရင် ခွေးမျိုးကန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနဲ့ ကျွန်တော်တို့တွေဟာ ထောင်ထဲမှာပဲဖြစ်ဖြစ် ထောင်အပြင်မှာပဲဖြစ်ဖြစ် အားလုံးဟာ အကျဉ်းသားတွေပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့လက်တွေဟာ အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိလိုဓားသွားတွေဖြစ်ကြောင်းကို Youth Scout for Democracy(YSD) မှ scout တာဝန်ယူကာ စစ်အာဏာရှင်ဆန့်ကျင်းရေးရန်ကုန်အင်အားစု (AJAY) မှ ဒီကနေ့ ဇွန်လ(၁၈)ရက်၌ ရန်ကုန်မြို့တစ်နေရာတွင် ဆန္ဒပြ ကြွေးကြော်ခဲ့ကြသည်။

ဇွန်လ (၁၈)ရက် ၊ ရန်ကုန်မြို့

#GSCB #AJAY
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#OCTOPUS #ရေဘဝဲ
Freedom From FEAR 🙏
June -19 လူထုလှုပ်ရှားမှု

ပြည်သူလူထုခေါင်း‌ဆောင်‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နှင့် တိုက်ပွဲဝင်ရဲဘော်အပေါင်းတို့အတွက် ကျနော်တို့ ပြည်သူတွေဟာ သွေးမအေးသေးကြောင်း၊ မတရားပုဒ်မတွေနဲ့ အဖမ်းဆီးထိန်းသိမ်းခံ ရဲဘော်တွေနဲ့ အတူရှိနေကြောင်း၊ တစ်တိုင်းပြည်လုံးဟာ တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေတဲ့ ရဲရဲနီနှင်းဆီတြွေဖစ်ကြောင်း အကြမ်းဖက်စစ်အုပ်စုအပါအဝင် တစ်ကမ္ဘာလုံးကို ရဲဝင့် ထင်ရှားစွာ ပြသကြတဲ့ Campaign လှုပ်ရှားမှုကို "စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)"မှ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ပါသည်။

#AungSanSuuKyi
#AJAY
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#OCTOPUS #ရေဘဝဲ