OCTOPUS (ရေဘဝဲ) 🐙
5.93K subscribers
1.17K photos
90 videos
327 links
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
https://www.facebook.com/octopusyangon?mibextid=ZbWKwL
Download Telegram
စစ်ကောင်စီရဲ့ ရန်ကုန်မြို့အဖမ်းအဆီးတွေကြားက
လူသစ်စုဆောင်းနေတဲ့ ရေဘဝဲ 🐙

မေး _ ဒီရက်ပိုင်း ရန်ကုန်မြို့မှာ စစ်ကောင်စီဘက်နေ ဧည့်စစ် ရင်းနဲ့ သပိတ်လူငယ်တွေ ဖမ်းဆီးခံနေရတာလို့ သတင်းတွေရရှိထားပါတယ်၊အဲ့လိုအခြေအနေမှာ ရေဘဝဲအနေနဲ့ လူသစ်ခေါ်တာဟာ ဘာကြောင့်ပါလဲ -

ဖြေ _ မှန်ပါတယ်အစ်ကို၊ဒီရက်ပိုင်းမှာ သပိတ်ရဲဘော်တွေဧည့်စစ် ရင်းနဲ့ ခွေးဆွဲခံရတဲ့သတင်းညီမတို့ကြားမိပါတယ်ရှင်၊ညီမတို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) နဲ့ ဆက်စပ်မှုမရှိပေမယ့်ဓမ္မဘက်ကဘယ်သူခွေးဆွဲခံရခံရ စိတ်မကောင်းဖြစ်ရပါတယ်ရှင်။ညီမတို့အတွက် ဒါဟာတွန်းအားတစ်ခုဖြစ်စေပါတယ်။
နောက်တစ်ခုက ဒီရက်ပိုင်းဖက်ဆစ်သူပုန်တပ်ဘက်က မြေပြင်သပိတ်ရဲဘော်တွေကို အဖမ်းအဆီးစီမံချက်ဗျူဟာတွေဟာ ညီမတို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) အပေါ်လုံးဝသက်ရောက်မှုမရှိပါဘူးရှင်။ သက်ရောက်မှုမရှိရတဲ့အကြောင်းအရင်းကတော့ ညီမတို့ရဲ့ ဖွဲ့စည်းပုံ၊စည်းကမ်းလိုက်နာမှုနှင့် စည်းလုံးမှုတွေကြောင့် အခုထိလုံခြုံဘေးကင်းလျက်ရှိနေတယ်လို့ ထင်မြင်မိပါတယ်ရှင်။
အဖွဲ့ဝင်သစ်တွေခေါ်တာကတော့ (၄) လပိုင်းလောက်တည်းက အစီအစဉ်ဆွဲထားတာဖြစ်ပြီး အခု (၆)လပိုင်းအတွင်း အဖွဲ့ဝင်သစ်ခေါ်ဖို့ဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေပဲရှိရှိ ရန်ကုန်ပြည်သူလူထုအတွက် ညီမတို့အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဖော်ဆောင်နေတာဖြစ်ပါတယ်ရှင်။

မေး _ အဖွဲ့ဝင်သစ်ခေါ်တဲ့အခါ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ခေါ်ပါသလဲ -

ဖြေ _ အဓိကက အချိန်ပေးနိုင်မှုပေါ့နော်။ညီမတို့က အကြမ်းမဖက် မြေပြင်သပိတ်မှောက်လှုပ်ရှားမှုတွေကို အဓိက ဆောင်ရွက်နေတယ်ဆိုပေမယ့် တော်လှန်ရေးကာလ လူငယ်၊ ပညာရေးပိုင်းဆိုင်ရာတွေမှာပါ တတ်အားသ၍ပါဝင်လုပ်ဆောင်နေတော့ တစ်ပတ်မှာ (၅) ရက်အချိန်ပေးနိုင်တဲ့ ဘာသာလူမျိုးမရွေး၊ LGBTQ မရွေး၊ တော်လှန်ရေးသစ္စာရှိရုံနဲ့ ပါဝင်နိုင်မှာဖြစ်ပါတယ်ရှင်။

မေး _ လာလျှောက်တဲ့အထဲမှာ စစ်ကောင်စီဘက်က သတင်းပေးတွေပါခဲ့ရင်ရော ဘယ်လိုစီစစ်လဲ၊ဖြေလို့ရရင်ဖြေပေးစေလိုပါတယ်

ဖြေ _ စီစစ်မှုအတိအကျကိုတော့ လုံခြုံရေးဆိုင်ရာအရဖြေကြားပေးဖို့အဆင်မပြေပါဘူးရှင်။
အခြေခံအားဖြင့်တော့ ရေးဖြေအင်တာဗျူး၊နှုတ်ဖြေအင်တာဗျူးကအစ၊ တော်လှန်ရေးနဲ့ပက်သက်တဲ့ဗဟုသုတ သမိုင်း၊ ထောက်လှမ်းရေးဆိုင်ရာ စာမေးပွဲမျိူးစုံကို အဆင့်ဆင့် ရက်အတော်ကြာဖြေကြားမှုပြီးမှ ညီမတို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဝင်အဖြစ် သတ်မှတ်ပါတယ်ရှင်

မေး _ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ရေဘဝဲ အဖွဲ့ဝင်ဖို့အတွက် ဘယ်ကနေလျှောက်ထားရမလဲ

ဖြေ _ တယ်လီဂရမ်
https://t.me/OCTOPUSmailbox
ကနေဆက်သွယ်လျှောက်ထားနိုင်ပါတယ်ရှင်။
အခုလိုဆက်သွယ်မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

#OCTOPUS #ရေဘဝဲ
Forwarded from Y.S.D Scout Channel
နွေဦး တော်လှန် ရေးအတွင်း မြိုပြ ပြောက်ကျားရဲဘော်များ၏ လိုအပ်ချက်များကိုတစ်ဖက်တစ်လမ်းမှဖြည့်ဆည်းနိုင်ရန်အတွက် YGN Donations YouTube Channel လေးကိုတည်ထောင်ပြီး အလှူငွေများရရှိလာဖိုကြိုးစားမှု လေးတစ်ခုရှိနေပါတယ်။
ဒီကြိုးစားမှုလေးအကောင်အထည်ဖော်ဖိုဆိုတာကလည်း ပြည်သူအများ၏အကူအညီမပါပဲ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် YGN Donations Youtube Channel လေးကို Subscribe လုပ်ခြင်းအားဖြင့် အားဖြည့်ကူညီ ပေးကြဖို မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
ဒီ Channel လေးထဲမှာ သုတ ၊ ရသ စာအုပ်များမှစာပေများကို အဆင်သင့်နား ထောင်နိုင်ရန် ကြိုးစားတင်ဆက်ထားပြီး နောက်ထပ်အသစ်အသစ်သော စာအုပ်စာပေများနှင့် အခြားသောအစီအစဥ်များကိုလည်း ထပ်မံတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် တော်လှန်ရေးကြီးအတွက်ကူညီအားဖြည့်ရင်း သုတရသစုံလင်စွာရရှိစေမယ့် Channel လေးကို အခုပဲ Subscribe လုပ်ပြီး ဗီဒီယို လေးတွေနားထောင်ကြဖိုဖိတ်ခေါ်ပါတယ်ခင်ဗျာ
YGN Donations Channel ==> https://youtube.com/c/YGNDonationsChannel
📌“အတွေးအခေါ်တော်လှန်ရေး” အကြောင်း အဓိကထားဆွေးနွေးကြတဲ့ လူ‌ငယ်အများစုပါဝင်စုဖွဲ့ထားတဲ့ People Dialogue ဆိုတဲ့ Telegram Private Group နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တော်လှန်ရေးမှာပါဝင်နေကြသူမည်သူမဆို ဒီ Group ကို ဝင်ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ထားပြီး NLD, CRPH, NUG, NUCC နဲ့ EAO/ERO မှ အဖွဲ့ဝင်များလည်း လာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ကြောင်း People Dialogue မှ တာဝန်ရှိသူ Admin တစ်ဦးမှ ပြောကြားထားပါသေးတယ်။

🖇Private Group Link
https://t.me/+MqLxGn-0POQwYzU9
အကြမ်းဖက်စစ်ကောင်စီတပ်များ ဝန်းရံပိတ်ဆို့ဖမ်းဆီးနေ သည့်ကြားက ရန်ကုန်မြို့တွင်း တစ်နေရာတွင် ကျောင်းသားလူငယ်များမှစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

"အုံကြွပုန်ကန် ပြည်သူ့အသံ" စာတန်းပါ ဘန်နာအားကိုင်စွဲကာ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)မှဦးဆောင်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Labour Alliance အဖွဲ့ဝင် (CTUM) ၊ဗမာ့လူငယ်ကွန်ရက် (BamaYouth Network)၊စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)၊ပညာနန်းတော်ကိုယ်ပိုင်​ကျောင်း ကျောင်းသားများသမဂ္ဂ၊LGBT Community Yangonနှင့် ရန်ကုန်မြို့ရှိတော်လှန်လူငယ်များစုပေါင်း၍ အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အားစနစ်တကျအောင်မြင်စွာဆင်နွှဲခဲ့ကြသည်။

အဆိုပါသပိတ်တွင် "မတရားဖမ်းဆီးအကြမ်းဖက် ထိန်းသိမ်းခံထားရသောနိုင်ငံ​ရေး အကျဉ်းသားများအားခြွင်းချက်မရှိပြန်လွှတ်ပေးရန်"နှင့် မတရားကြိုးပေးသတ်ခံခဲ့ရသည့်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့စကားဖြစ်သော "ငါတို့ရဲ့ ခန္ဓာကိုယ်သာသတ်လို့ရမယ် ငါတို့ရဲ့ ယုံကြည်မှုတွေ ရပ်တည်ချက်တွေက ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး"အစရှိသည့်ကြွေးကြော်သံများအားကြွေးကြော်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်သည့် ည ၈နာရီတိုင်းသံပုံးများပြန်လည်တီးကြရန်၊ စစ်ကောင်စီအစိုးရအားလက်မခံကြောင်းရတဲ့နည်းဖြင့်ဆန့်ကျင်ကြရန်၊စစ်ကောင်စီနှင့်ပက်သက်သမျှထောက်တိုင် လူပုဂ္ဂိုလ်များအားလူ့ဘောင်အသိုင်းအဝိုင်းမှဖယ်ကျဉ်ကြရန်ပြည်သူလူထုအားလှုံ့ဆော်ပြောကြား၍"နိုင်ငံပျောက်သူ"ဇာတ်လမ်းတိုထဲမှ"အရှူံးမပေးမချင်း ငါတို့နိုင်တယ်"စာသားပါဘန်နာအားနောက်ခံဘန်နာအဖြစ်ကိုင်ဆွဲကာYouth Scout For Democray(YSD)၏Scout အကူအညီဖြင့် အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အားပြည်သူလူထုနဲ့အတူတစ်သားတည်းအောင်မြင်စွာဆင်နွှဲနိုင်ခဲ့ကြသည်။

၂၅ရက်၊ဇွန်လ၊၂၀၂၂ ခုနှစ်

#OCTOPUS #ရေဘဝဲ
“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ”

မနက်ဖြန် ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ရက်ဆိုရင် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တာ (၄၆) နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသား ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်တွေဆီက မဆလ တစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ထောင်နှစ်ကြိမ် ကျခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ဇွန်လ (၂၆) ရက်နေ့မှာ မဆလ စစ်အာဏာရှင်တို့က ကြိုးပေးကွပ်မျက်ခဲ့ကြပါတယ်။
စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူပေါင်းများစွာကို မတရား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ကြတာ အားလုံးအသိပါပဲ။ အဲ့ဒီလို ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားပေါင်းများစွာအနက် ဆလိုင်းတင်မောင်ဦးဟာ တစ်ဦးတည်းသော ကြိုးပေးကွပ်မျက်ခံရတဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်ပါတယ်။
ဆလိုင်းတင်မောင်ဦးဟာ နောက်ဆုံးအချိန် ကြိုးစင်ပေါ်မှာတောင် “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ” လို့ သမိုင်းဝင် ကြွေးကြော်စကား ကို ရဲရဲတောက် ပြောကြားခဲ့ပါတယ်။
လက်ရှိကာလမှာလည်း အကြမ်းဖက် စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူပေါင်းများစွာကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းတာတွေ၊ စစ်ရာဇဝတ်မှုပေါင်းများစွာကို တရစပ် ကျူးလွန်လျက်ရှိပါတယ်။ ထို့အပြင် တိုက်ပွဲဝင်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင် အကျဉ်းသား ၁၀၀ ကျော်တို့ရဲ့ အသက်ကို အကြမ်းဖက် စစ်ခွေးခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ တရားဝင်မှုအတွက် အလျော်အစားလုပ်ဖို့ ကြိုးစားနေပါတယ်။
ဒီလို အကြမ်းဖက် စစ်အုပ်စုရဲ့ ဖိနှပ်မှုတွေကြားက ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြီးဟာ ပြည်သူတစ်ရပ်လုံးရဲ့ တော်လှန်ရေးကြီး ဖြစ်သလို စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြတ်ဖြတ်ကြတဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံးက သွေးမအေးပဲ၊ သွေးမကွဲပဲ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ် တည်ဆောက်နိုင်တဲ့အထိ ဆက်တိုက် အားစိုက်ပြီး နည်းနာပေါင်းစုံနဲ့ တော်လှန်ကြဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကျောင်းသားခေါင်းဆောင် အာဇာနည် ဆလိုင်းတင်မောင်ဦးကို လေးစား၊ ဂုဏ်ပြု၊ အောက်မေ့ပြီး ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓါတ်ကို အစဉ် နှလုံးသွင်းလို့ တော်လှန်ရေးပန်းတိုင်ရောက်သည် အထိ ဆက်လက်တိုက်ပွဲကြပါစို့ဗျာ

#GSCB
#OCTOPUS #ရေဘဝဲ
ယုဇနဥယျာဉ်မြို့တော်

၁၀ လမ်း (အေ) အောက်ဘလောက် တိုက်(၁၆)ဖြစ်စဉ်မှာ သတင်းကတောက်လျှောက်တက်လာတယ်။

ဝင်ဖမ်းဖို့ စဆော်ဩတာက အဲ့ဒီကရာအိမ်မှူးလုပ်တဲ့ ဗလကြီး(ခ) အောင်ကျော်မင်းတဲ့၊ သူက ဘယ်သူမှထွက်မကြည့်နဲ့ ဓာတ်ပုံလည်းမရိုက်နဲ့ ငလမဟာတွေဆိုပြီး ကြိမ်းသေးတာတဲ့။

ခုန်ချတဲ့ရဲဘော်လေးတစ်ယောက်က ကျဆုံးသွားတယ်။ ထွက်ပြေးတဲ့ ရဲဘော်တစ်ယောက်လေးကိုဖမ်းတာ ၁၂ လမ်း(အေ)က ရွှေပိုးကုန်စုံဆိုင်ပိုင်ရှင်နဲ့ဗလကြီးဆိုတဲ့ လမ်းလူကြီးကောင်တဲ့။တကယ်ဖမ်းကြ ရိုက်ကြတာက ဘီးကျဲ ဆိုတဲ့ ရပ်ကွက်ချဉ်ဖတ်တစ်ကောင်ရယ်၊ အရက်ဆိုင်ပိုင်ရှင် အောင်လေး ဆိုတဲ့ ဘဲရယ်တဲ့။ ဒါဆိုရင် တကယ့်အဓိက တရားခံက (၄) ယောက်ပေါ့။ ဗလကြီး (ခေါ်) အောင်ကျော်မင်းရယ်၊ ရွှေပိုး ကုန်စုံဆိုင်ပိုင်ရှင်ရယ်၊ဘီးကျဲဆိုတဲ့ငတိရယ်၊အရက်ဆိုင်ပိုင်ရှင် အောင်လေး ရယ်ပေါ့။

ထားပါတော့။ ဒီလူတွေက မဟုတ်တရုတ်တွေအော်လို့၊ အိမ်ဖောက်သူလိုလို သူခိုးလိုလို ရိုက်ပြေးသူ လိုလို အော်လို့ ရဲဘော်လေး ကို ဝိုင်းဖမ်းကြ ရိုက်ကြတယ် မိသွားတယ်ပေါ့။ ဟိုက ”ကျနော့်ကိုသာ -တ်လိုက်ကြပါတော့” ဗျာလို့ နာနာကျည်းကျည်းနဲ့ပြောရှာတယ်တဲ့။

အဲ့လိုဟာမျိုး ကိုယ့်နား ကိုယ့်ရပ်ကွက်မှာ ဖြစ်လာပြီဆိုပါတော့။ မသိချင်ယောင်ဆောင်နေပေးမယ်ဆိုရင်တောင် ကျေးဇူးကြီးလှပါပြီပဲ။ မြို့ပြစစ်ဆင်ရေးတွေ အားကောင်းစဉ်အချိန်တုန်းက လှိုင်သာယာမှာ လုပ်စရာရှိတာလေးလုပ်ပြီး ပြန်ထွက်လာတဲ့ ယူဂျီရဲဘော်လေးတွေကို ကျူးတွေက လမ်းပိတ်ပြီးဝိုင်းဖမ်းဖို့ လုပ်သေးတယ်။ ၂ ခါတောင်မှ။ ဟိုကလေးတွေမှာ လန ပါတာသိမှကြောက်ပြီး လမ်းဖွင့်ပေးတာ။ ပစ်မိပြန်ရင်လည်း ပြည်သူကို -တ်တယ် ဘာညာ လာဦးမယ်။ မ-တ်ရင်တောင် လန နဲ့ခြိမ်းခြောက်ပါတယ် လုပ်ဦးမှာ။ အဲ့ဒီကျူးတွေကိုပဲ မင်းအောင်လှိုင်က ဘူဒိုဇာနဲ့ကလော်ပြီး နယ်နှင်တော့ ဟိုပို့ပါဦး ဒီပို့ပါဦး ကူပါဦး လုပ်ကြတဲ့အခါမှာ ကူကြပံ့ကြတဲ့ ငွေတွေထဲမှာ အဲ့ဒီကလေးတွေရဲ့ ပိုက်ဆံတွေ ပါခဲ့သေးတာပေါ့။ လောကကြီးဖြစ်ပုံများနှယ် ပြောလို့တောင်မကောင်းပါဘူး။

သိပ်မကြာပါဘူး။ ၁၉ နှစ်ပဲရှိသေးတဲ့ ကလေးတစ်ယောက် မိုင်းစမ်းရင်း ပေါင်ပါပြတ်သွားသေးတယ်။ အဲ့ကလေးကိုလည်း မကယ်လိုက်နိုင်ဘူး။ နှလုံးလှလူမိုက်ကြီးတွေပေါပါတယ် ဆိုတဲ့ လှိုင်သာယာမြို့မှာ ခုတော့ တောကြောင်တွေက ဆိုင်ကယ်တဝီဝီနဲ့ဓားတွေ တုတ်တွေနဲ့ လူကောင်းသူကောင်းတွေကို ခြိမ်းခြောက်လိုက်စစ်ဆေးလိုက်လုပ်လို့၊ လောက်တွေဘောမတွေနဲ့ဒလန်တွေက လူမိုက် အခြံအရံတွေနဲ့ တိုင်းခမ်းလှည့်လည်လို့ပဲ။ ကိုယ့်မျက်စိရှေ့ခါးပိုက်နှိုက်နေ အနုကြမ်းစီးနေတာလဲ မပြောရဲတဲ့ အခြေအနေကိုရောက်နေပြီလေ။

မြို့ပြမှာ သပိတ်မရှိတော့ဘူး။ ယူဂျီလှုပ်ရှားမှု မရှိတော့ဘူးဆိုရင် နယ်တွေကို ပိုဖိလိမ့်မယ်။ နယ် ကို အင်နဲ့အားနဲ့အဖိခံရမယ် ။ မသက်ဆိုင်သေးတဲ့ နယ်တွေကလည်း နေသာသလို နေကြမယ် ဆိုရင် မြို့ကိုတက်သိမ်းမယ် ဆိုတဲ့ အိပ်မက်က မြောင်းထဲရောက်ပြီပဲ။ မြို့ပေါ်မှာ စခတွေ လုံးဝထိန်းချုပ်ထားတော့မယ်။ လွန်ခဲ့တဲ့ နှစ်လအတွင်းမြို့ကြီးတွေမှာ ဆက်နေလို့ကို မရတော့လို့ ရှောင်ကြရတဲ့ ယူဂျိအဖွဲ့တွေ မနည်းလှတော့ဘူး။ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ တော်လှန်ရေးကျ အောင်မြင်ချင်လိုက်ကြတာ.. သူတို့အပြင် မရှိဘူး။ အနေမပျက် အစားမပျက် အသွားမပျက်။

ဟိုတစ်ရက်က ဆို လှိုင်က အဆောင်ပိုင်ရှင်တစ်ယောက်က တိုင်လို့ ယူဂျီကလေး ၄ ယောက် ကို စခတွေက လာဖမ်းသေးတယ်။ အဲ့ဒီရက်တွေက ယူဂျီကွန်ရက်တွေ ရက်ဆက်ဆိုသလို အဖမ်းခံ ဝင်စီးခံခဲ့ရတာ။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့မှာ သားဖြစ်သူ ပီဒက်ရဲဘော်လေးကို မမိလို့ သက်ကြီးရွယ်အို အမေအပါအဝင် တမိသားစုလုံးကိုဖမ်းတာ တွေ့လိုက်ရဲ့မဟုတ်လား။ နောက်ဖြစ်စဉ်တခုမှာ သားကိုမမိလို့ အဖေကို ဖမ်းသွားတယ်.. ၄ ရက်အကြာမှာ အလောင်းလာယူခိုင်းတယ်။ ဒါတွေက လူမညီရင် အနှေးနဲ့အမြန်လူတိုင်းခံရနိုင်တာနော်။

သူတို့ဖက်ကို ပင်းနေလို့လည်း သက်သာတယ် မထင်နဲ့ဦး။ စခနဲ့ ရခ မူးပြီး ရန်ဖြစ်ရာက စခတွေက ရဲစခန်းကို လက်နက်ကြီးနဲ့ပါထုတော့ စခန်းဝင်းရှေ့က အိမ်ကိုထိ အိမ်ထဲနေတဲ့ ထွေအုပ်ဝန်ထမ်းရော သူ့မိန်းမ စာရေးမရောသူ့သမီး တိကုဆရာဝန်မရော သေပါရောလား။ သူတို့မှာ စည်းမရှိဘူးနော်။ စစ်ကိုင်းနဲ့မကွေးမှာ စခနဲ့ပျူတွေ မီးရှို့-တ်ဖြတ်နေတာ အနီတွေချည်း သီးသန့်လို့ထင်နေလား။ နီသော စိမ်းသော နားမလည်ဘူး ရှူးတိုက်ပေးတာနဲ့ အကုန်လုပ်တာမို့လို့... သူတို့ကို အစိမ်းတွေကပါပြန်ချကုန်ကြတာ။

မြို့ပေါ်မှာ သာမန်တိုက်ခိုက်မှုတစ်ခု လုပ်ဖို့တောင်မှာ သိန်းကို ဆယ်နဲ့ရာနဲ့ချီရင်းရတယ်။ တန်ဖိုးဖြတ်မရတဲ့အသက်တွေကို ရင်းရတယ်။ သပိတ်တစ်ခုလုပ်ဖို့အတွက် အသက်တွေ ဘဝတွေကို ရင်းရတယ်။မိသားစုတွေကို ရင်းရတယ်။ မစ်ရှင်တခု မပြီးခင် နဲ့ ပြီးသွားတဲ့အခါတွေမှာ ရဲဘော်တွေဟာ ကြွက်တွေလိုပဲ။ ဘယ်ချိန် ဘယ်သူ့လက်ချက်နဲ့ အသက်ထွက်မယ် မသိရတဲ့အပြင် ထာဝစဉ် သတိနဲ့ အကြောက်တရားနဲ့ ကိုယ်ယောင်ဖျောက်လို့ အစားအနေ ဆင်းရဲနုံချာစွာ နေကြရတယ်။ အဆင်မပြေလို့ မိသားရင် စစ်ကြောရေးငရဲခန်းကို ဖြတ်ရရင် မစ်ရှင်မှာကတည်းက ကျဆုံးသွားရင် ကောင်းသား လို့ တွေးမိကြတဲ့ထိဖြစ်ရဦးမှာ။
တတ်နိုင်သမျှ ကူကြ ပူကြ ပါမှ အဆင်ပြေမှာ။ ကိုယ့်မိသားစုတစ်ခုတည်းကွက်အေးနေတာနဲ့ ဒီနွေက မပူပါဘူး မလုပ်စေချင်ဘူး။ တခါတည်းပြောလိုက်ဦးမယ်။ ဒလန်ဆိုတာ သေချာလို့၊သူတို့လုပ်ရပ်ကြောင့် ထိခိုက်သွားတာသေချာလို့ သူတို့တရားသူတို့စီရင်တဲ့အခါကျရင် ပြည်သူကို ထိခိုက်ပါတယ်လို့အော်မယ်ကြံထားသူတွေ ခုဖြစ်ရပ်ကို သတိရကြ။

မူရင်းတင်သူထံမှတဆင့် ကူးယူဖော်ပြပါသည်။

#OCTOPUS #ရေဘဝဲ