မနေ့က ဒိုက်ဦးနဲ့ ပြွန်တာဆာကြားမှာ DEMU နဲ့ ထွန်စက် တိုက်တဲ့ ဖြစ်စဉ်လေး ဖြစ်တာ တွေ့လိုက်ရတယ်။ ဘာကို သွားသတိရမိလဲ ဆိုတော့ အမြန်လမ်းတွေ ပေါ်ကာစ လမ်းပေါ် ဆိုင်ကယ်တက်မောင်းတဲ့ ကိစ္စတွေ ဖြစ်လို့ ခဏခဏ တိုက်၊ ခဏခဏ သေကြတဲ့ ဖြစ်စဉ်တွေ ပြန်သတိရမိတယ်။
အဲ့ဒီတုန်းကလည်း အမြန်လမ်းပေါ် လှည်းတွေ ဖြတ်မောင်း၊ ဆိုင်ကယ်တွေ တက်မောင်းတာ ခဏခဏ ကြုံရတယ်။ ခုထိလည်း မကြာခဏ တွေ့နေရဆဲပဲ။ နေ့ဘက် မြင်သာထင်သာရှိချိန်ဆို ရှောင်ဖို့ လွယ်ပေမယ့် ညဘက် ဆိုရင် ရှောင်ဖို့ တိမ်းဖို့ အလွန်ခက်မယ်။ သာမန်ဆို ကိစ္စ မရှိပေမယ့် ခရီးသည်တွေ ပါလာတဲ့ ဘက်စ်ကားမျိုးဆိုရင်...အခန့်မသင့်ရင် ကားပေါ်ပါလာတဲ့သူတွေ အကုန် သေသွားနိုင်တယ်။
ခုလည်း DEMU ရထားတွေဆိုတာက ရပ်ရမယ့် ဘူတာမှာ အရှိန် ခဏလျှော့မောင်းတာကလွဲရင် ကျန်တဲ့ အချိန်ပိုင်းမှာ သူ့သတ်မှတ်ထားတဲ့ မိုင်နှိုင်း အတိုင်း မောင်းမှာပဲ။ ရုတ်တရက် ဒါမျိုး တွေ့လာရင် သူ့အတွက် ချက်ချင်း ရပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရထားလမ်းဘေး နေကြသူတွေဆိုရင်...ဘယ်ချိန်က ဘယ်ရထားဖြတ်ချိန်ဆိုတာမျိုးလောက်တော့ ယေဘူယျ သိထားသင့်တယ်လို့ မြင်တယ်။ ခုလို ထွန်စက်မျိုးနဲ့ အမြန်ရထားလာချိန် ဖြတ်ကူးတာမျိုးကြတော့...မဖြစ်သင့်တာတွေ ဖြစ်ကုန်ရောပေါ့။တချို့ စည်းကမ်းတွေက မလိုက်နာရင် အသက်ပါ ပျောက်တယ်ဆိုတာ ဒီလိုမျိုး ဖြစ်ရပ်တွေကို ပြောတာ ဖြစ်မယ်။
(နရီမိုး)

👍383❤62😢12🥴2👎1
တစ်ချို့...တစ်ချို့တွေက...သမ္မတကြီးရဲ့ ပြည်ပ ခရီးစဉ်တွေကို တရားဝင်ထောက်ခံမှု ရဖို့လောက် ကြိုးစားအားထုတ်တယ်လို့လည်း ပြောကြတယ်။ တချို့တွေကလည်း MoU အဆင့်အတန်းကို ဘယ်လို၊ ဘယ်ညာ ဆိုပြီး ပြောကြတယ်။
ပြီးခဲ့တဲ့ ၅ နှစ်မှာ ပြည်တွင်း နိုင်ငံရေး အခြေအနေအရ ဖွဲ့စည်းပုံ မဖျက်ဘဲ ပုံစံတစ်မျိုးနဲ့ ကျော်ဖြတ်ခဲ့ကြတယ်။ ကမ္ဘာ့နိုင်ငံရေးစနစ်အရ တပ်မတော်အုပ်ချုပ်တဲ့ နိုင်ငံ၊ တနည်းအားဖြင့် အာဏာသိမ်းတာမျိုးကို ဘယ်နိုင်ငံမှ လိုလိုလားလား မရှိသလို တပ်မတော် ကိုယ်၌ကကိုယ် ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ အာဏာထိန်း အဆင့်ပဲ လုပ်ခဲ့တယ်။ ဒါ့ကြောင့်လည်း နစက ဆိုတဲ့ အစိုးရအဖွဲ့မှာ နိုင်ငံရေးပါတီခေါင်းဆောက်တွေ ပါသလို အရပ်ဖက် ပညာရှင်တွေကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ရတယ်။
ပြောချင်တာက...ဒီဘက်ခေတ်မှာ နိုင်ငံတစ်နိုင်ငံကို ထောက်ခံခြင်း ၊ မထောက်ခံခြင်းဆိုတာက အုပ်ချုပ်တဲ့ နိုင်ငံရေး စနစ်ထက် ဒီနိုင်ငံက ကိုယ့်လူလား၊ သူ့လူလား ဆိုတာတွေ ဆုံးဖြတ်ကြတာ ပိုများတယ်။ ထိုင်းမှာ အာဏာ ခဏခဏ သိမ်းလည်း အမေရိကန်နဲ့ တခြား ဥရောပ နိုင်ငံတွေက ဆန်ရှင် လုပ်တာ ရှိဖူးလို့လား။ ဒါက အမြင်သာဆုံး ဥပမာကို နှိုင်းယှဉ်ပြတာ။ ထိုင်းက တစ်ခု ကောင်းတာက တရုတ်နဲ့လည်း နယ်နမိတ် မထိစပ်သလို အမေရိကန်နဲ့လည်း အဝေးကြီး။ ဒီတော့လည်း ဝါးပင် ဒီပလိုမေစီတွေက အလုပ်ဖြစ်တာပေါ့။
အပေါ်က စာကို ပြန်ဆက်ရရင်...နောက်ကွယ်က အာဂျင်တာနဲ့ အာဆီယံ ဆိုတဲ့ အဖွဲ့အစည်းက မြန်မာ့နိုင်ငံရေးမှာ ဟိုလူလွှတ်ပေးရမယ်။ ဒီလူတွေနဲ့ တွေ့ဆုံမှ All inclusive ဖြစ်မယ် ဆိုပြီး သတ်မှတ်တာတွေက အရေးမှ မပါဘဲ။ ဆိုပါစို့...ဒေါ်စု လွှတ်ပေးရမယ် ဆိုတာက လွှတ်ပေးရုံနဲ့ မှမပြီးဘဲ။ အချိန်တန်ရင် ...NLD ကို ရွေးကောက်ပွဲ ဝင်ခွင့်ပြန်ပေးဆိုတာတွေ ထပ်လာဦးမယ်။ လက်ရှိ EU တို့ ၊ UK တို့ ဆိုတာကလည်း ဒီနိုင်ငံမှာ သူတို့ ကြိုးဆွဲရာကမယ့် အစိုးရ ရှိနေဖို့က အရေးကြီးတယ်။ ဒါတောင် ၂၀၁၇ မှာ ဘင်္ဂလီ အရေးအခင်း ဖြစ်တော့ ဒေါ်စုကို ချီးမြှင့်ထားတဲ့ ကနေဒါနိုင်ငံသားဆုတွေ ပြန်ရုပ်သိမ်းတာပဲ မဟုတ်လား။ ခု လက်ရှိ တရုတ်ကို မကောင်းပြောနေတဲ့ နီပေါတွေ ၂၀၁၇ ဘင်အရေးနောက်ပိုင်း NLD အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီက ဘယ်ဘက်ယိမ်းသွားသလဲ ဆိုတာ လေ့လာကြည့်ကြစေချင်တယ်။
ဒီလို အနေအထားတွေနဲ့ ဒီလို အခင်းအကျင်းတွေ ရှိနေတဲ့ အစိုးရက သူ့အစိုးရအဖွဲ့နဲ့ သူ့နိုင်ငံအတွက် ပြည်ပ ခရီးစဉ်တွေ ထွက်ရတာပေါ့။ ဒီလို ထွက်ဖို့ ဆိုတာကလည်း ဖိတ်ခေါ်တဲ့ နိုင်ငံက လိုလိုလားလား ရှိဦးမှ။ ဒီနေရာမှာ MoU အနေအထားလည်း တချက်ပြောချင်တယ်။ MoU ဆိုတာ ကနဦး သဘောတူညီချက် ဖြစ်လို့ အရေးမပါဘူးလို့ ပြောချင်တဲ့သူတွေကို မေးချင်တာက...တရားဝင် မင်္ဂလာဆောင်ထားမှပဲ...တရားဝင် ပွဲတက်လို့ရမှာပေါ့။ MoU က ဒီသဘောပါပဲ။ နောက်တဆင့်အတွက် လုပ်ကြရတဲ့ အနေအထားပါ။ နိုင်ငံရေး၊ စီးပွားရေးမှာ အဆင့်ကျော်လို့မရတဲ့ Protocol တွေ ရှိတာပဲ မဟုတ်ဘူးလားပေါ့။
ခု သမ္မတကြီးရဲ့ ပြည်ပခရီးစဉ်တွေကလည်း ကျွဲကူးရေပါ လုပ်ငန်းစဉ်တွေလို့ ပြောလို့ရတယ်။ တဖက်က နိုင်ငံရေးအရ သံခင်း တမံခင်းတွေ ခိုင်မာဖို့ ကြိုးစားသလို တစ်ဖက်ကလည်း B t B တွေ နဲ့ P t P တွေ အားကောင်းဖို့ ကြိုးစားနေတဲ့ အခင်းအကျင်းမျိုးပါ။ B t B အားကောင်းရင် Investment ဝင်မယ်။ Investment ဝင်ရင် တိုင်းပြည်စီးပွားရေး ချောင်လည်မယ်။ ခုလက်ရှိကတော့ Proposal တွေ ခင်းပြီး Promotion ဆင်းနေတဲ့ သဘောပေါ့။ အားလို့ သွားနေတာမှမဟုတ်ဘဲလေနော့။

👍355❤70😎3👏2🥴2✍1👎1
တိုင်းပြည်ကို စီးပွားရေး ပြန်ကောင်းစေချင်တယ်။ ပြည်ပရဲ့ Investment တွေ များများ ဝင်စေချင်တယ်။ ဒီလို ဝင်ဖို့အတွက်ကြတော့လည်း ကိုယ်တွေ တိုင်းပြည်မှာ ecosystem တွေ ပြည့်စုံနေမှ ဖြစ်မယ်။ ပိုပြီး သတိထားကြတာက လုံခြုံရေးအခြေအနေပဲ။ လုံခြုံရေးမှ မတည်ငြိမ်ရင် ဘယ်လောက် ရေခံမြေခံကောင်းပြီး အမြတ်ရနိုင်တယ်ဆိုဆို...ဘယ်နိုင်ငံကမှ Investment လာလုပ်မယ် မထင်ဘူး။ Risk များလွန်းတယ်ပေါ့။
ခုလက်ရှိ ရည်ရွယ်ထားတဲ့ ထားဝယ်ရယ်၊ တရုတ်ရဲ့ CMEC ရယ်၊ အိန္ဒိယရဲ့ ကုလားတန်ဘက်စုံ စီမံကိန်းတွေ အောင်မြင်ဖို့ဆိုတာ...ဒီနယ်မြေတွေက အစိုးရလက်အောက်မှာ ရှိ၊ မရှိ ဆိုတာနဲ့ ဘယ်လောက် နယ်မြေအေးချမ်းသလဲ ဆိုတာကပဲ အဆုံးအဖြတ်ပေးသွားမယ် ထင်တယ်။ CMEC အတွက်က ရှမ်းမြောက်နဲ့ ရခိုင် အခြေအနေရယ်၊ မြစ်ဆုံအောင်မြင်ဖို့ကလည်း KIA ရဲ့ ကဖျက်ကယက်ရယ်၊ ထားဝယ်အတွက်ကလည်း KNU ရယ်...ဆိုတဲ့အနေအထားမှာ ဆွေးနွေးမှာလား၊ အပြတ်တိုက်ကြမလား ။ ဒါပဲ ရှိတာပဲ။
Investment က ထင်သလောက် မဝင်ဘူး။ တိုင်းပြည်စီးပွားရေးက မျှော်လင့်သလောက် မလည်ပတ်နိုင်သေးဘူးဆိုရင် ....အရေးပါတဲ့ ထုတ်ကုန်တွေမှာပဲ ရင်းနှီးမြုပ်နှံရဦးမယ်.။ ဆိုတော့....တချို့အရာတွေ ပိတ်ထားဦးမှာပဲ ။ ဥပမာ ပြည်ပကနေ ကားတင်သွင်းခွင့်တွေ ပြုမှာ မဟုတ်ဘူး။ သူက စက်သုံးဆီရော၊ တင်သွင်းတာကအစ ဒေါ်လာတွေ သုံးကြရတာကိုး။ ကားတင်သွင်းခွင့်တွေမပြုသေးတော့ ...နှစ် ၂၀ လောက် သက်တမ်းရှိမယ့် Honda Fit မျိုးတောင် သိန်း ထောင်ဂဏန်းလောက် သုံးနေရတာမျိုး ကြုံကြရဦးမယ်။
ခက်တာက...ကိုယ်ထောက်ခံတဲ့ အစိုးရ လက်ထက်...ရန်ကုန်မှာ စာရင်းစစ်လည်း မခံနိုင်။ ကျောင်းကားအမည်ပေါက်လည်း ဘယ်သူမှန်းမသိ။ ဘဏ်ကနေ ၅ ဘီလီယံလောက် ချေးတာတောင် ပိုင်ရှင်မပေါ်၊ ကျိုက်ထီးရိုးက ဝါးသေနတ်တွေကြောင့် စစ်ဖြစ်တာလို့ ပြောလို့ပြော၊ ပြည်နယ်အားကစားကွင်းကို အဂတိလိုက်စားတာတောင်အရေးမယူနိုင်တဲ့ အစိုးရ၊ လွှတ်တော် ဆေးသုတ်ခက ဆောက်တာထက်တောင် စာရိတ်များလို့ အုတ်အော်သောင်းနင်းဖြစ်ချိန်တုန်းက....မှိန်းခံခဲ့ကြတဲ့ နီပေါတွေက....
ခုကြမှ....အစိုးရပြုတ်ကျပြီးရော...ဘာလာလာ ဆန်ရှင်လုပ်ဖို့ တောင်းဆို၊ နိုင်ငံတကာ လုပ်ငန်းရှင်တွေ မြန်မာပြည်ထဲက ထွက်ဖို့ တိုက်တွန်းနေကြတော့လည်း ...ဒီလောက်ခက်ခဲတာ ဆန်းတော့ မဆန်းဘူး။ ပြီးတော့....နိုင်ငံတကာကို ဆန်ရှင်လုပ်ဖို့လည်း တောင်းဆို၊ ဘဏ်လုပ်ငန်းမှန်သမျှ ပိတ်ဆို့ဖို့ကြိုးစား၊ နယ်စပ်ကုန်စည်မရောက်အောင် လမ်းတွေပိတ် ၊ အခွန်ကောက်၊ စစ်တွေ ဖြစ်၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေလည်း နိုင်ငံထဲက ထွက်ဖို့ ပြောနေကြတဲ့သူတွေက....မင်းတို့ အစိုးရ လက်ထက် ကုန်ဈေးနှုန်းတွေကြီးတာတွေ့လား ဆိုတော့.....သူတို့ ဦးနှောက်ကို ဘယ်လို နားလည်ရမလဲတောင် မသိတော့။
ခုပဲ ကြည့်...ချင်း ပဒက်တွေ ဖျက်ဆီးခဲ့တဲ့ တာဝါတိုင်တွေကို ပြည်မကနေ အဆင့်ဆင့် သယ်ပြီး ဖုန်းလိုင်းရအောင် အစိုးရက ထောင်ပေးနေရပြီ။ ဒီ ၅ နှစ်အတွင်း...တိုင်းပြည်ကို နည်းပေါင်းစုံ ဖျက်ခဲ့ကြတဲ့ သူတွေကြားမှာ ...အများကြီး မျှော်လင့်လို့ မရသေးတာတော့ အမှန်ပဲ။ ဖျက်စီးဖို့ လွယ်တယ် ဆိုပေမယ့် တည်ဆောက်ဖို့အတွက်ကြတော့ အချိန်တွေ ယူကြရဦးမယ် ထင်တယ်။

👍431❤86🥴6👏3👎2🤬1
❝ မေတ္တာရဲ့ အစွမ်းသတ္တိ ❞
°°°°°°°°°°°°°°°°°°°°°°°°°°
မေတ္တာစိတ် ကိန်းအောင်းနေတဲ့အချိန်မှာ
သူတစ်ပါး ချမ်းသာသည်ဖြစ်စေ၊
မချမ်းသာသည်ဖြစ်စေ ကိုယ့်ရဲ့စိတ်သန္တာန်ဟာ
အရင်ဆုံး အေးချမ်းသွားပါတယ်။
ကိုယ်က သူတစ်ပါးကို ဒေါသမထွက်ဘူး၊
မနာလိုမဖြစ်ဘူး၊ ကောင်းစေချင်တဲ့
စိတ်လေးထားလိုက်တာနဲ့ ကိုယ့်စိတ်မှာ
ချက်ချင်းဆိုသလို ကြည်လင်ချမ်းသာမှုကို လက်ငင်းခံစားရပါတယ်။
နေ့စဉ်ဘဝမှာ အလွယ်ကူဆုံး
မေတ္တာပွားနည်းကတော့
ကိုယ်နဲ့ ထိတွေ့ဆက်ဆံရတဲ့ သူတွေအပေါ်မှာ အပြစ်မမြင်ဘဲ နားလည်ခွင့်လွှတ်ပေးခြင်းပါပဲ။ လူတစ်ယောက်ကို ကြည့်တဲ့အခါ
သူ့ရဲ့ဆိုးကွက်တွေကိုချည်း ရှာမကြည့်ဘဲ၊
"သူလည်း ငါ့လိုပဲ ဆင်းရဲကင်းပြီး
ချမ်းသာချင်တဲ့သူပါလား" လို့ အမှန်အတိုင်း
ရှုမြင်သုံးသပ်လိုက်တာနဲ့ ကိုယ့်စိတ်ထဲက
အမုန်းတရားတွေ အလိုလို
ပျောက်ကွယ်သွားပါတယ်။
ဒါဟာ လက်တွေ့အကျဆုံး မေတ္တာပွားနည်းပါပဲ။
ဒါကြောင့် အထူးတလည် အချိန်ပေး
နေရာယူစရာမလိုဘဲ သွားရင်းလာရင်း၊ လုပ်ကိုင်ပြောဆိုရင်းနဲ့ သူတစ်ပါးအပေါ် နားလည်ပေးခြင်း၊ အပြစ်မရှာခြင်းဆိုတဲ့
စိတ်ထားလေးကို အမြဲသတိကပ်ပြီး
မွေးမြူခြင်းအားဖြင့် အလွယ်ကူဆုံးနဲ့
အထိရောက်ဆုံး မေတ္တာပွားနိုင်ပါတယ်။
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ

🙏356❤53👍13👏2
NLD ပါတီက ချီးထုပ်ပါတီလို့ ပြောလို့ရတယ်။ တနေ့က ကျရောက်တဲ့ ကမ္ဘာ့ဒီမိုကရေစီနေ့မှာ NLD ဗဟိုအလုပ်အမှုဆောင်တွေဘက်က နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း လိုအပ်တယ်လို့ ပြောလာကြတယ်။
------
ဒီမိုကရေစီမှာ အမြင်မတူတာ အဆန်းမှမဟုတ်တာ။ ဒီတော့ နိုင်ငံရေးမှာလည်း အမြင်ကွဲပြားမှုတွေရှိကြတာပဲ။ ဒါက ကမ္ဘ့ာနိုင်ငံတိုင်း လိုလိုမှာ ရှိကြတယ်။ ဒီလို ရှိလာတဲ့အခါ အေးအေးချမ်းချမ်း ဥပဒေနဲ့အညီ ဆွေးနွေးကြတာပါပဲ။ ဥပမာ ဘေးအိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်း လိုပေါ့။ ဘယ်သူကမှတော့ ကိုယ်အာဏာမရတာနဲ့ ဆန်ရှင်လုပ်ပေးပါ။ တိုင်းပြည်ဖျက်စီးရေး လုပ်ကြကွာလို့ တိုက်တွန်းတာ မတွေ့ရဘူး။
------
ဆွေးနွေးရေးကို လိုအပ်တယ်ဆိုတာကိုတော့ ဘယ်သူကမှ မငြင်းဘူး။ဒါပေမယ့် မေးစရာရှိလာတာက....ဒီဆွေးနွေးရေးလမ်းကြောင်းကို ဘာကြောင့် အခုမှ ပြန်ရှာလာကြတာလဲ ဆိုတဲ့ မေးခွန်းပဲ။ ပြီးခဲ့တဲ့ နှစ်တွေမှာ နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေးညှိနှိုင်းရေးနဲ့ ဖြေရှင်းဖို့ထက် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းဘက်ကို နိုင်ငံရေးအရ သူတို့ကိုယ်တိုင်ပဲ တွန်းအားအားပေးခဲ့ကြတာ မဟုတ်ဘူးလားပေါ့။
-----
“သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး” ဆိုတဲ့ စကားလုံးတွေ၊ အပြီးသတ် တိုက်ပွဲ၊ လှည်းနေလှေအောင်း မြင်းဇောင်း မကျန်ဆိုတဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးနောက်မှာ၊ စစ်အစိုးရပြိုလဲ တဲ့အထိ တိုက်ခိုက်မယ် ဆိုတဲ့ False Hope တွေကို တွင်တွင် ကြွေးကြော်လာခဲ့ကြပြီးကာမှ “တွေ့ဆုံဆွေးနွေးရေး လိုအပ်တယ်”လို့ ပြန်ပြောလာတာက....
လွန်ခဲ့တဲ့ငါးနှစ်အတွင်း သေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ အသက်တွေကို ဘယ်လိုစံနှုန်း တွေနဲ့ တိုင်းတာ ခဲ့ကြတာလဲ။ ဒီ ၅ နှစ်အတွင်း မိသားစုတွေ ပျက်စီးခဲ့ရတာတွေ၊ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတာတွေ၊ စီးပွားရေးနဲ့ လူမှုဘဝတွေ ပြိုလဲခဲ့ရတာတွေကို ဘယ်လို ပြန်လည်ကုစားကြမှာတဲ့လဲ။ ယုံစားပြီး CDM လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေရဲ့ ဘဝရှင်သန် ရေးဆိုတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ ဒီကြားထဲ ....Non-CDM ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရတာ၊ အနိုင်ကျင့်ခံရတာ၊ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေကိုရော ဘယ်လို တာဝန်ယူကြမလဲ။
------
နိုင်ငံရေးအရ အားပေးမြှောက်စားခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အားကြီးလာသလို နယ်မြေတိုင်းမှာ အသွင်မတူကြတဲ့ LPDF တွေကြောင့် ဒီနယ်မြေတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာ တွေကိုရော ဘယ်လိုထိန်းကျောင်းကြမှာတဲ့လဲ။ ဆိုပါစို့...ဥပမာ“လက်နက်ကိုင်လမ်းစဉ်” ကို နိုင်ငံရေးဖြေရှင်းချက်တစ်ခုအဖြစ် နဲ့ ယုံကြည်ပြီး လိုက်ပါသွားခဲ့ကြတဲ့ လူငယ်တွေရဲ့ ဘဝတွေ ၊ ပြိုလဲသွားကြတဲ့ လူငယ်တွေရဲ့ အနာဂတ်တွေအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ။
------
နိုင်ငံရေးခေါင်းဆောင်တွေကတော့ မရှက်တဲ့ မျက်နှာ၊ နိုင်ငံရေးစကားတစ်ခွန်းနဲ့ လမ်းကြောင်းပြောင်းနိုင်တယ်ဆိုပေမယ့်......တောထဲရောက်သွားတဲ့ လူငယ်တွေကတော့ သူတို့ဘဝတွေကို အလွယ်တကူ ပြန်ပြောင်းလို့မရနိုင်တော့ဘူး။ စစ်ပွဲကြောင့် မိသားစုဝင်တစ်ယောက် သေဆုံးသွားတဲ့အခါမှာလည်း “ဆွေးနွေးရေးလိုအပ်တယ်” ဆိုတဲ့ စကားတစ်ခွန်းနဲ့ အသက်ပြန်ရှင်လာမှာ မဟုတ်တော့ဘူး။ ဒီ ၅ နှစ်အတွင်းမှာ တော်လှန်ရေးကိုလမ်းပြပြီး လုပ်စားခဲ့ကြသူတွေလည်း ချမ်းသာပြီးရောပေါ့။ ခုချိန်ကြမှ....နိုင်ငံရေးက ဆွေးနွေးစရာပါလို့ ထုတ်ပြန်လာတာကတော့ အတော်လေး မျက်နှာပြောင်ရာကျတယ်။ တကယ်တော့ NLD ပါတီဆိုတာ ချီးထုပ် ပါတီလို့ ပြောရင်လည်း လွန်မယ် မထင်ဘူး။ အသက်တွေ၊ ဘဝတွေ ချနင်းပြီး ပြေးပေါက်မရှိကာကြမှ ...တွေ့ဆုံဆွေနွေးရေး လမ်းကြောင်းက လိုအပ်တယ်တဲ့လား။

👍457❤84🙏11🥴7🤬5👎1😐1
ကယန်းပြည်သစ်ပါတီရဲ့ မနေ့က ထုတ်ပြန်ချက်ကို ဖတ်ကြည့်ရင်.... ပထမဆုံး မေးရမယ့်မေးခွန်းက....
နိုင်ငံရေးပါတီတစ်ခုက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းတစ်ခု မဟုတ်ဘဲ နယ်မြေတစ်ခုမှာ “ဘယ်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ရ” ဆိုပြီး အမိန့်ပေးပိုင်ခွင့် ရှိသလားပေါ့။
-----
ပုံမှန်ဆိုရင် ....ပါတီတစ်ခုက သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ မူဝါဒနဲ့ တောင်းဆိုချက်တွေကို ထုတ်ပြန်နိုင်ခွင့် ရှိတယ်ဆိုပေမယ့် အဲဒီထုတ်ပြန်ချက်က အခြားအဖွဲ့အစည်းတွေ၊ ပြည်သူတွေအပေါ် တရားဝင်အမိန့်အာဏာ ဖြစ်လာဖို့ဆိုရင်... သက်ဆိုင်ရာ ဥပဒေအရ အာဏာအပ်နှင်းခံထားရဖို့ တော့...လိုတာပေါ့။ အနည်းဆုံးတော့ ဒီနိုင်ငံမှာ ကျင့်သုံးတဲ့ ဖွဲ့စည်းပုံ ဥပဒေနဲ့ ညီဖို့တော့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့မှာ နယ်မြေကို ထိန်းချုပ်ထားနိုင်လို့ ကြေညာချက် ထုတ်တာက တစ်မျိုး၊ နိုင်ငံတော်ဥပဒေအရ အဲဒီနယ်မြေကို အုပ်ချုပ်ပိုင်ခွင့်ရှိတာက တစ်မျိုး၊ သက်ရောက်ပုံခြင်း မတူဘူး။
-----
စိတ်ဝင်စားဖို့ကောင်းတာက ၂၀၂၄ နိုဝင်ဘာ ၂၈ ရက် Stakeholders အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အပိုင်းပဲ။ ဒီလို သဘောတူညီချက်တစ်ခု ရှိခဲ့တယ်ဆိုရင်လည်း ဆက်စပ်မေးရမှာက ....ဘယ်သူတွေက သဘောတူခဲ့တာလဲ။ ဘယ်ဥပဒေအောက်မှာ သဘောတူခဲ့တာလဲ။ အဲဒီသဘောတူညီချက်မှာ ဘယ်အာဏာပိုင်အဖွဲ့အစည်းက ခွင့်ပြုခဲ့တာလဲ ဆိုပြီး မေးရမယ်။ ကြည့်ရတာ ...နိုင်ငံတော်အာဏာကို မိဘအမွေခွဲသလို ဆုံးဖြတ်ခဲ့ကြပုံရတယ်။
------
ဒီနေရာမှာ ရှေ့သွားနောက်လိုက်မညီတာက နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ့်ပါတီရဲ့ အုပ်ချုပ်ရေးစနစ်၊ လုံခြုံရေးနဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ထုတ်ဖော်ပြောဆိုခွင့် ရှိပေမယ့် .... “သဘောထားထုတ်ပြန်ခြင်း” နဲ့ “တရားဝင်အမိန့်ပေးခြင်း” ဆိုတာတောင် ကွဲကွဲပြားပြား နားလည်ကြပုံမရဘူး။ နိုင်ငံရေးပါတီတစ်ခုက.... ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖွဲ့ခွင့်ရလာခဲ့ရင်တောင် အုပ်ချုပ်ရေးအာဏာက ပါတီရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူး။ သူတို့ ပြောနေတဲ့ ဘယ်သူမှ မလာရ၊ ဘယ်အဖွဲ့အစည်းမှ မအုပ်ချုပ်ရ...ဆိုတဲ့ အုပ်ချုပ်ရေးအမိန့်ပေးစနစ်အာဏာဆိုတာက ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေကတစ်ဆင့် ကျင့်သုံးရတယ်ဆိုတာ ....နားလည်ဖို့တော့ ကောင်းတာပေါ့။ တကယ်တော့ နားမလည်လို့တော့ မဟုတ်တန်ရာဘူး။ မိုက်ကြခွဲတာလို့ ပြောရင် ပိုပြီးမှန်မလားပဲ။
------
ကြည့်ရတာ...နယ်မြေကို ထိန်းချုပ်ခွင့်ရတာနဲ့ အုပ်ချုပ်ခွင့်တန်းရသွားတယ်လို့ မြင်နေကြပုံရတယ်။ အဲ့လောက် လွယ်နေရင် ....၂၀၀၈ ခြေဥပါ နယ်မြေသတ်မှတ်ချက်တွေက အလကား ဖြစ်ကုန်မှာပေါ့။

👍344❤58✍3🥴3👎1😎1
ရခိုင်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ ဒရုန်းစစ်ဆင်ရေးတွေ မြင်လာရတယ်။ ဒီနေရာမှာ မမြင်ရတာကြာပြီလို့ ပြောရတာက ...အစိုးရအနေနဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် ဆိုတဲ့ မြို့ ၃ မြို့ကို ကာရင်း၊ တဖက်မှာလည်း ဧရာဝတီတိုင်းအစပ်က ကပစ နယ်မြေ၊ အမ်း-ပဒါန်း နယ်မြေတွေကို ခံစစ်အသွင်နဲ့ ရှိနေခဲ့ရာကနေ စစ်တွေအစပ် ပုဏ္ဏားကျွန်းဘက်ကို ထိုးစစ်တွေ စတင်ခဲ့ရာမှာ ပြောခဲ့သလို ဒရုန်းစစ်ဆင်ရေးတွေ စသုံးလာခဲ့တာ ခပ်စိတ်စိတ် မြင်လာရတယ်။
စစ်ဆင်ရေးက တပတ်သာသာ ရှိသေးလို့ လွှမ်းခြုံ သုံးသပ်ဖို့တော့ အတော်လေး ခက်နေသေးတယ်။ ဘာလို့လည်း ဆိုတော့ ရှေ့မှာ ကာကာဆာဝါရဲ့ ခရီးစဉ် ရှိထားနှင့်လို့ပါ။ ဒီနေရာမှာ တခု ချွင်းချက် တွေးရမှာက အချက် ၂ ချက်တည်းပါ။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိအားပေးရုံလား၊ တကယ်ပဲ ရခိုင် တောင်ပိုင်းကို ခြေကုပ်ရနိုင်ဖို့ ကြိုးစား လာပြီလား ဆိုတဲ့ မေးခွန်း ပါ။ ဒါက အစိုးရနဲ့ တပ်မတော်မှပဲ တိကျတဲ့ အဖြေ ရှိပါလိမ့်မယ်။
ဘယ်ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင်ဆင်...ရလာမယ့် အကျိုးတရားက တစ်ခုတည်းပါပဲ။ တပ်မတော် စစ်နိုင်ရင် ငြိမ်းချမ်းရေး အရွေ့ရှိမယ်။ တနည်းအားဖြင့် နယ်မြေ ထိန်းနိုင်ရင် CMEC အတွက် အလားအလာကောင်းမယ်ပေါ့။ ရှမ်းမြောက်အရေး ယတိမပြတ်သေးသလို CMEC ဖြတ်မယ့် အမ်းကလည်း အစိုးရ ထိန်းချုပ်နယ်မြေ ဖြစ်ဖို့လည်း မဖြစ်မနေ အရေးကြီးတာမျိုးပါ။ လူပိန်းနည်းနဲ့ တွေးတွေး....ငါတို့က ၁၃ မြို့နယ်လောက်သိမ်းထားတာပဲ၊ ဆွေးနွေးစရာ မလိုသေးဘူးလို့ပဲ AA ဘက်က ယေဘူယျ တွေးကြမှာပါ။ ဒါ့ကြောင့်လည်း အနည်းဆုံး ရခိုင်တောင်ဘက်ခြမ်းက မြို့တွေပြန်ရမှ ငြိမ်းချမ်းရေးက စကားပြောလို့ ကောင်းမယ် ထင်ပါတယ်။
ဒီနေရာမှာ AA ဘက်ကိုလည်း မလိုက်၊ တပ်မတော်ဘက်ကိုလည်း မလိုက်ဘဲ ဖြစ်သင့်၊ ဖြစ်ထိုက်တာကို ရွေးချယ် ဆုံးဖြတ်ရမယ်ဆိုရင်....စားပွဲဝိုင်းပေါ် တက်တာက လူမသေ၊ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်မယ်လို့ပဲ ပြောရမှာပါ။ ဘာလို့လဲ ဆိုတော့ ....တပ်မတော်က ထုတ်ပြန်လာတဲ့ ရခိုင်ထိုးစစ် ဒရုန်းစစ်ဆင်ရေးကိုကြည့်ရင်....ထိုးစစ်စတဲ့ လမ်းကြောင်း တစ်လျှောက် အကောင်းတိုင်း ကျန်ဖို့ အခွင့်အရေး နည်းပါ့မယ်။ ဒါတွေက အချိန်နှောင်းမှ စားပွဲဝိုင်းပေါ် တက်လာရင်....ပြန်လည်ထူထောင်ရေးက အတော်လေးခက်ပါ့မယ်။ ဦးနှောက်မပါတဲ့ ရခိုင် စာရေးဆရာတွေက မြှောက်ပြောနေလည်း ပကတိ အရှိတရားတော့ မကင်းကွာဖို့ လိုပါတယ်။ ပြီးတော့ တပ်မတော်ရဲ့ ရခိုင် ထိုးစစ်က စစ်မျက်နှာ အစုံ ဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းကို ထိုးစစ်စတယ် ဆိုပေမယ့် ဂွ ဘက်မှာလည်း Navy တွေ အထိုင်ချပြီး လေကြောင်းတိုက်ခိုက်မှုပါ စဉ်ဆက်မပြတ် လုပ်နေခဲ့တာပါ။ ဒီတော့ မေးစရာက တပ်ရဲ့ လေကြောင်းကို ဘာနဲ့ ကာမလဲ ဆိုတဲ့ ပြဿနာပါ။
AA ဘက်ကကြည့်ရင်...အမ်း-ပဒါန်း၊ ဂွ၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ စသဖြင့် ခံစစ် ဧရိယာ ကျယ်တယ်လို့ပဲ ပြောလို့ရတယ်။ နယ်မြေသိမ်းနိုင်ပေမယ့် ထိန်းဖို့ ခက်တယ်ဆိုတာ ဒါတွေက ဥပမာပါ။ ဒါ့ကြောင့်လည်း AA က လူမျိုးစုံ ပေါ်တာဆွဲပြီး ဒီလပ်ထဲ ထည့်နေခဲ့တာပါ။ အရင်တခါက ရေးဖူးသလို ကျောက်ဖြူကနေ စနဲ နဲ့ မအီ ထိန်းနိုင်ရင်...သံတွဲနဲ့ ဂွက ရဖို့ များသွားပါပြီ။ သံတွဲနဲ့ ဂွ ရရင်...တောင်ကုတ်ကလည်း မျှော်လို့ရပါပြီ။ ဘာလို့လဲ ဆိုတော့...မြေပြင်ထိုးစစ်က ပုဏ္ဏားကျွန်းမှာ ဆိုင်ထားကြလို့ပါ။
လက်ရှိ ရခိုင် ထိုးစစ်အနေအထားကို သုံးသပ်ကြည့်ရင်....ရှမ်းမြောက်မှာ အနားရထားတဲ့ တပ်မ တွေက ရခိုင်ကို စစ်ကြိုက် စစ်ဆင်နိုင်စွမ်းရှိပါတယ်။ တစ်ခုရှိတာက ဆိုခဲ့သလို....ရည်ရွယ်ချက်က ဘာလဲ ဆိုတာကိုပဲ စောင့်ကြည့်သွားရမှာပါ။ ကိုယ်တွေလူကြီးတွေဆီမှာ သူ့ပလန်နဲ့သူ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီတိုင်းဆက်သွားရင်တော့...ရခိုင်မှာ AA လည်းကုန်မယ်။ ကျန်တာလည်း ပြာပုံ ဖြစ်မယ့် သဘောပါ။ လက်ရှိ ထုတ်ပြန်သမျှ Video ဖိုင်တွေထဲမှာ AA သေတာနဲ့ ပြေးရတာပဲ တွေ့ရမယ် မဟုတ်လား။

👍553❤112👏8🥴6😐2👎1😍1
"ဥပုသ်စောင့်တာ ဘာအကျိုးရှိသလဲ"
ဥပုသ် တစ်နေ့ စောင့်သုံးရတဲ့ ကုသိုလ်ရဲ့ တန်ဖိုးဟာ ကမ္ဘာပေါ်မှာ ရှိသမျှ ရွှေငွေ ကျောက်သံ ပတ္တမြား အစရှိတဲ့ ရတနာတွေရဲ့ တန်ဖိုးထက် သာလွန်ပါတယ်တဲ့။ ကမ္ဘာပေါ်မှာ ရှိသမျှ ရွှေငွေ ကျောက်သံ ပတ္တမြား အစရှိတဲ့ ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ် တစ်နေ့ စောင့်သုံးရတဲ့ ကုသိုလ်ကို ဆယ့်ခြောက်စိတ် စိတ်ရင် တစ်စိတ်ကိုမျှ မမီနိုင်လို့ပါပဲတဲ့။ စဉ်းစားကြည့်ပေါ့။ လူ့စည်းစိမ်ထက် အဆပေါင်းများစွာ သာလွန်တဲ့ နတ်စည်းစိမ်ကိုတောင် ဥပုသ်တစ်နေ့ စောင့်သုံးတဲ့ ကုသိုလ်က အလွယ်ကလေး ပေးနိုင်တယ်ပေါ့။ တကယ်တော့ နတ်စည်းစိမ်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် လူ့စည်းစိမ်ဆိုတာ ချမ်းသာတယ်လို့တောင် ပြောလို့ မရတော့ဘူးပေါ့။ ချမ်းသာစာရင်းတောင် မဝင်တော့ဘူး ဖြစ်တယ်ပေါ့။
နတ်သဘင်အစည်းအဝေးတစ်ခုမှာ သိကြားမင်းကြီးက ပြောသတဲ့။ သူ့လို သိကြားမင်းဆိုတဲ့ နတ်ချမ်းသာစည်းစိမ်ကြီးကို လိုချင်ရင် ဥပုသ်စောင့်သုံးပါတဲ့။ အဲ့ဒါကို မြတ်စွာဘုရားက သိကြားမင်း ပြောတဲ့စကားဟာ မပြည့်စုံဘူးတဲ့။ တကယ်ပြောရမှာက ရဟန္တာပုဂ္ဂိုလ်က ငါ့လို ရဟန္တာ ဖြစ်ချင်ရင် ဥပုသ်စောင့်သုံးပါလို့ ပြောရမှာတဲ့။ ဘာလို့လဲဆိုရင် ဥပုသ်စောင့်သုံးတဲ့ကုသိုလ်က သိကြားမင်းစည်းစိမ်၊ အင်မတန် ကြီးကျယ်တဲ့ နတ်စည်းစိမ်ချမ်းသာတွေကို ရစေရုံတင်မကဘူး။ ရဟန္တာတောင် ဖြစ်စေနိုင်လို့ပဲ ဖြစ်တယ်ပေါ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

🙏347❤28👍9😍2
မနေ့က မြန်မာနိုင်ငံဆိုရင်ရာ ကုန်သည်အသင်းအဖွဲ့ချုပ် ဥက္ကဌ ကို မြန်မာအစိုးရ ဘက်က ပြည်နှင်ဒဏ်ပေးလိုက်တယ်။
ဒါနဲ့ပတ်သက်ပြီး RFA မှာ လုပ်ဖူးတဲ့ သတင်းသမား တစ်ယောက်က...ပြေလည်ချင်တော့လည်း လိုက်လျောရတာပဲ လို့ ရေးတာ တွေ့ရတယ်။
ဒီလို တွေးခေါ်ပုံအဆင့်နဲ့ ဘယ်လို သတင်းသမား ဖြစ်လာတာလဲ ဆိုတာ ခံစားကြည့်လို့တောင်မရဘူး။
မနေ့က ဖြစ်စဉ်ကိုပဲ ကြည့်ရင်...နှစ်နိုင်ငံကြားမှာ ဆက်သွယ်ရေး ချန်နယ်တွေ ပွင့်နေတာ၊ ရှိနေတာ မြင်ရလိမ့်မယ်။ အမေရိကန်ဘက်ကကြည့်ရင်...တရားဝင် အစိုးရခြင်း မဟုတ်သော်ငြား ဒီလိုအဆင့်အထိရောက်အောင် မြန်မာဘက်က ဘယ်သူတွေကို ဘယ်လောက် ထိတွေ့ ဆက်ဆံခဲ့ကြမယ် ထင်လဲ။
နောက်....မြန်မာကို လုံးလုံးလျားလျား ပစ်ပယ်ထားတာထက် ထိတွေ့ဆက်ဆံရေးမူက ပိုအလုပ်ဖြစ်နိုင်တယ်ဆိုတာ သူတို့အနေနဲ့ မသိနိုင်စရာ အကြောင်းတော့ မရှိဘူး။ သေချာတာကတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးက နည်းနည်းလေး တိုးတက်ရင်ကို တချို့စီးပွားရေး လုပ်ငန်းတွေ လုပ်လို့ ကောင်းပြီ။ နိုင်ငံရေးဆိုတာကတော့ အပေးအယူတော့ ရှိကြတာပဲ။ ကိုယ်တွေ ဘာရလိုက်သလဲ၊ ဘာရခဲ့သလဲ ဆိုတာ သာမန်လူတွေ သိနိုင်၊ မြင်နိုင်တာ မှမဟုတ်။ အနည်းဆုံးတော့ တရားဝင် အစိုးရဆီပဲ ထိတွေ့ဆက်ဆံ တောင်းဆို ညှိနှိုင်းရတာပဲ မဟုတ်လား။ Legitimacy ဆို ဒါမျိုးပြောတာပါ။

👍339❤66🥴6😍2