နရီမိုး
35.8K subscribers
3.32K photos
135 videos
104 links
Download Telegram
မနေ့က Iphone နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ရုပ်သံလေး တွေ့လိုက်ရတယ်။ လက်ရှိ နောက်ဆုံးပေါ် latest ဖုန်း ဖြစ်တဲ့ Iphone 18 ကို အခွန်မပါသေးဘဲနဲ့ကို သိန်း ၉၀ လောက် ခေါ်ရောင်းနေတဲ့ ကိစ္စအကြောင်း ရုပ်သံ ပိုင်ရှင်က ပြောထားတယ်။


မူရင်းဈေးက အမေရိကန်ဒေါ်လာ ၁၂၀၀ ပတ်ဝန်းကျင်၊ အနီးစပ်ဆုံး ထိုင်း မှာတောင် ဘတ် 57000 အနေအထားမှာ 256 G လောက်တောင် မူရင်းဈေးထက် သိန်း ၂၀ လောက် ခွာပြီး ဈေးတင်ရိုက်နေတာက သိပ်တော့ အဆင်မပြေလှဘူးပေါ့။


ဒါက‌ တကယ်တော့ ဖုန်းလောကမှာ ဖြစ်ပျက်နေတဲ့ ကိစ္စ။
အခွန်တွေနဲ့ ထည့်ပေါင်းရင် သိန်း ၁၀၀ ပတ်ခြာလည် လောက် တင်ရိုက်မယ့် သဘောပဲ။ မြန်မာနိုင်ငံမှာက တန်ဖိုးမြင့်ဖုန်း ကိုင်ဖို့နဲ့ ခုလို Latest ဖုန်းကို ကိုင်ဖို့ဆိုတာ ပိုက်ဆံ အရမ်းရှိနေမှပဲရမယ်။ လူတန်းစား ရွေးတဲ့ ဖုန်းလို့လည်း ပြောလို့ရတယ်။ တကယ့်တကယ် သူဌေးတွေနဲ့ Iphone Brand ကို ခရေဇီ ကျတဲ့သူတွေကတော့ သိန်း ၂၀ အမြတ်ပေးရလည်း အကြောင်း မဟုတ်ဘူး ဆိုပေမယ့် တကယ့် User သမားတွေအတွက်ကျတော့ ဒုက္ခ ရောက်ရတယ်။

ဖုန်းနဲ့ဆက်စပ်ပြီး တွေးမိတာက ကား လောကလည်း ဒီတိုင်းပဲ။ မြန်မာနိုင်ငံမှာ SKD လုပ်နေတဲ့ ဆူဇူကီး ကားရဲ့ Showroom တရားဝင်ပေါက်ဈေးက သိန်း ၁၀၀၀ ကျော်ပဲ။ ဈေးကွက်ထဲမှာ လက်ရှိ သွားရှာရင် ၂၀၀၀ ကျော်နဲ့ ၃၀၀၀ နား ကပ်နေလိမ့်မယ်။ နဂိုကတည်းက ချမ်းသာသူတွေအတွက်တော့ မပြောလိုပေမယ့် တကယ်သုံးမယ့် User တွေအတွက်ကျတော့ ဒါက နည်းလမ်း မကျနေဘူး။ လွှတ်တော်ထဲမှာ ဝန်ကြီးဖြေသွားသလို ဈေးကွက်ကို အစိုးရအနေနဲ့ ထိန်းချုပ်လို့ မရဘူးဆိုပေမယ့် ဒီလို မဖြစ်သင့်တဲ့ ဈေးကွက်ကြီးက တရားဝင်လိုလို ပေါ်ပေါက်နေတာကြီးက ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ပဲ မြင်မိတယ်။


(နရီမိုး)
👍609106😢13😐6👏3🥴2🤝2👎1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏40735👍10🥰4👏4
“လူ့ဘ၀မှာကျေနပ်စရာများ”
ဘ၀မှာ ကျေနပ်စရာတွေဆိုတာ တခြားဟာတွေကို
ပြောတာမဟုတ်ဘူး၊ငါးပါးသီလ ရှိရင်လည်း ကျေနပ်စရာ ကောင်းတယ်၊၊

ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမှု
ရတာလည်း ကျေနပ်စရာ ကောင်းတယ်၊

တရားဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမှု
ရတာလည်း ကျေနပ်စရာကောင်းတယ်၊

သံဃာဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမှု
ရတာလည်း ကျေနပ်စရာကောင်းတယ်။

ကိုယ့်သီလကို ကိုယ် ဆင်ခြင်ပြီးတော့ ကြည်နူးမှု
ရတာလည်း ကျေနပ်စရာကောင်းတယ်၊၊

ဘ၀မှာ ကျေနပ်စရာတွေက ကျေနပ်စရာ(၅)မျိုး ။

မြတ်စွာဘုရားက အဲဒီအချက်အလက်တွေနဲ့ ပြည့်စုံရင် နောက်ဘ၀တွက် မစိုးရိမ်နဲ့တော့ စိုးရိမ်စရာ မရှိတော့ဘူး။ ငရဲ မရှိတော့ဘူး။ တိရစ္ဆာန်ဖြစ်ဖို့ မရှိတော့ဘူး။

အခက်အခဲကြုံတိုင်း အခက်အခဲကြုံသည်ဖြစ်စေ၊
မကြုံသည်ဖြစ်စေ ကိုယ့်ဘ၀မှာ အမှတ်ရနေရမှာကတော့ မြတ်စွာဘုရားပဲ။

ဘုရားရဲ့ဂုဏ်တော်တွေကို အမှတ်ရလိုက်ပါ၊ ဘုရားကို အာရုံပြုပြီးတော့ နှလုံးသွင်းဆင်ခြင်နေပါ။ တရားကို အာရုံပြုပြီးတော့ဘနှလုံးသွင်းဆင်ခြင်နေပါ။

ဒေါသကင်းတဲ့အကျင့်၊ကောင်းမြတ်တဲ့အကျင့်၊မေတ္တာတွေ ပွားပါ။ ပွားလို့ ရှိရင် အဲ့ဒါတွေဟာ နတ်ပြည်ရောက်ဖို့ရာအတွက်၊ကောင်းရာသုဂတိ ရောက်ဖို့ရာအတွက် ဖြစ်ပါလိမ့်မယ်။

ကိုယ့်မှာလှူ စရာတွေ ရှိရင် ကုသိုလ်ရှာတဲ့ ပုဂ္ဂိုလ် ဆိုလို့ ရှိရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီးတော့ ကိလေသာ ငြိမ်းအောင်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို လှူ လိုက်ပါ။ အဲဒီအလှူဟာ အင်မတန်မှ ကြီးကျယ် ကျယ်ပြန့်တဲ့ အကျိုးတရားတွေ ယူဆောင်လာပါလိမ့်မယ်။

ငါးပါးသီလပြည့်စုံတယ်၊
ဘုရားဂုဏ်ကို အာရုံပြုနိုင်တယ်၊
တရားဂုဏ်ကို အာရုံပြုနိုင်တယ်၊
သံဃာဂုဏ်ကို အာရုံပြုပြီး လှူ နိုင်တန်းနိုင်တယ်
ကျေနပ်စရာကြီးပေါ့။

ဘ၀မှာ ကျေနပ်စရာကောင်းတဲ့ အချက်တွေရလာပြီဆိုရင် ငါတို့ဟာ တကယ့် အရတော်တဲ့လူဘ၀ရပြီဆိုပြီးတော့ ကိုယ်စီကိုယ်စီ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာ ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
🙏42042👍11🔥2👏1
နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာ အဓိက Key Point တွေ ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်ကတည်းက ကျော်မိုးထွန်းဟာ ထုတ်ပယ်ခံထားရတဲ့ ဝန်ထမ်းဖြစ်တယ်။ နိုင်ငံပိုင်ပစ္စည်းနဲ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့သလို NUG/CRPH နဲ့ပါ ဆက်နွယ်မှု ရှိတယ်။ အရေးအကြီးဆုံးကတော့ မြန်မာအစိုးရနဲ့ နိုင်ငံအတွက် ကိုယ်စားပြုခွင့်မရှိဘဲ UN စင်မြင့်ကို အသုံးချနေတဲ့အပေါ်မှာ ပြည်တွင်း Mandate လည်း မရှိတော့တဲ့အတွက် ကိုယ်စားပြုခွင့်မပြုသင့်တော့ဘူးဆိုပြီး အချိန်ကိုက် တောင်းဆိုထုတ်ပြန်လာခဲ့တယ်။
-----
ဒါက ဘယ်အပေါ်မှာ Effect ရှိလာမလဲဆိုတော့…၂၀၂၁ ခုနှစ်ကည်းက ကိုယ်စား ပြုခွင့်နဲ့ ပတ်သက်ပြီး အထောက်အထားနှစ်စုံရှိနေတဲ့အနေအထားကနေ…လာမယ့် ကိုယ်စားပြုခွင့်ကော်မတီအသစ်ကနေ ဆုံးဖြတ်ချက်မတိုင်ခင်မှာ အစိုးရဘက်ကနေ တရားဝင်မှုနဲ့ သံခင်းတမန်ခင်းကနေ ကြိုးစားလာတဲ့သဘောလို့ပဲ ပြောရမယ်။
-----
နိုင်ငံခြားရေးရဲ့ထုတ်ပြန်ချက်မှာ…အမေရိကန်ဒေါ်လာ ၂.၇၆ သန်းနဲ့ ယူရို ၃၈၂၃၃.၆၂ ကိစ္စကလည်း ကျော်မိုးထွန်းအနေနဲ့ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်လာတယ်။ တကယ်လို့…အစိုးရဘက်ကနေ သက်သေခံစာရွက်စာတမ်း၊ ဘဏ်စာရင်းတွေကို ထုတ်ပြ နိုင်ခဲ့ရင်တော့…နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိတော့သူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား နဲ့ အလွဲသုံးစားလုပ်တဲ့ အခြေအနေကို နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းက ပိုပြီး သတိပြုမိကြလိမ့်မယ်ထင်တယ်။
-----
နောက်ထပ်ထူးခြားချက်က …အင်တာပိုလ်အထိပါ ချိတ်ဆက်ပြီး အရေးယူသွားဖို့ ကြိုးစားသွားမယ်ဆိုပြီး ထုတ်ပြန်ထားတယ်။ ဒီနေရာမှာ နိုင်ငံတကာက ကျော်မိုးထွန်းကို ဖမ်းနိုင်ခြင်း၊ ဖမ်းပြခြင်းထက်…နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းမှာ ကျော်မိုးထွန်းက မြန်မာနိုင်ငံအစိုးရ အလိုရှိနေတဲ့ တရားခံဆိုတဲ့ ပုံရိပ်မျိုး တည်ဆောက်လိုက်တာလို့ ပြောရင် ပိုပြီး မှန်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ်…UNGA ဘက်ကနေ မြန်မာနိုင်ငံကိုယ်စားပြုကို ဆုံးဖြတ်ချက်မချဘဲ အရင်လို Defer လုပ်သွားမလား၊ မြန်မာဘက်က တင်သွင်းအဆိုပြု ချက်တွေကို အလေးထားဆုံးဖြတ်ပေးသွားမလားတဲ့ အားပြိုင်မှုတစ်ခုကတော့ အဆင့် တစ်ခုကို တက်လာခဲ့တယ်လို့ပဲ ပြောရမှာပဲ။

(နရီမိုး)
👍45592👎2🔥2😍2🥴1
တခါတလေ ....တဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်က အံ့အားသင့်စရာ ကောင်းတယ်။ ဥပမာ ကျော်မိုးထွန်း ကိစ္စပဲ ကြည့်ပေါ့။ နိုင်ငံခြားရေးက တရားဝင် ထုတ်မပြန်လာခင်အထိ တခြား ပုဂ္ဂိုလ်တွေကနေ ကျော်မိုးထွန်းရဲ့ ငွေကြေး အရှုပ်အရှင်း ကိစ္စတွေ ရှင်းပြဖို့ တောင်းဆိုနေခဲ့ပြီးသားမဟုတ်ဘူးလားပေါ့လေ။


ဒီနေရာမှာ ၂၀၂၁ အာဏာထိန်း ဖြစ်စဉ်ကို ပြန်ပြီး သတိရမိစေတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၁ ပတ်လောက်အလိုမှာ မှန်မှန် ကန်ကန် လုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မီဒီယာကတဆင့် တိုက်တွန်းခဲ့ဖူးတယ်။ မဲ မသမာမှု ဖြစ်လာချိန်မှာ အာဏာထိန်းတာတွေ ခဏနောက်ထား...ဒီပြဿနာတွေ အရင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်။ တချို့ကလည်း ဒါက UEC မှာပဲ တာဝန်ရှိတယ်လို့ အကြောင်းပြတယ်။ တပ်မတော်အနေနဲ့ UEC ကို တောင်းဆိုတဲ့ နေရာမှာ фဖြေရှင်းပေးဖို့ ဆိုတာထက် မိတ္တူကူးခွင့်တောင် မပေးနိုင်ဘူး ဆိုပြီး ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်။ ပိုပြီး ရုပ်အပေါက်ဆုံးက ရွေးကောက်ပွဲ ကျင်းပမယ့် ၂ ရက်အလိုထိ မဲစာရင်းစာရွက်တွေ ရိုက်နှိပ်နေတုန်းပဲ။ UEC အနေနဲ့ လဝက စာရင်းကို အခြေခံရင် ဘာကိစ္စ မဲပေးစာရွက်တွေ ထပ်ရိုက်ဖို့ လိုဦးမလဲ။ ဒါတွေက မဖြစ်မနေ စဉ်းစားရမယ့် အချက်တွေပဲ။

တပ်မတော်က အာဏာမထိန်းခင်အထိ တတိယအကြိမ်လွှတ်တော်ခေါ်တာ ရပ်ပြီး ဒီပြဿနာတွေ အရင်ရှင်းပေးဖို့ပဲ တောင်းဆိုခဲ့တာ တွေ့ရလိမ့်မယ်။ ဒီနေရာမှာ နီပေါတွေ ပြောသလို အာဏာထိန်း/သိမ်းချင်ရင် ဘာမှ အကြောင်းပြနေစရာတောင်မလိုဘူး။ ပထမဆုံး UEC ကို တောင်းဆိုတယ်။ မရတဲ့အခါ အထူးလွှတ်တော်က သွားဖို့ ကြိုးစားတယ်။ နောက်တဆင့် စာချွန်လွှာက ၊ နောက်ဆုံး ကိုယ်ရေးစာတွေကတဆင့် အဆင့်ဆင့် လုပ်ထုံး လုပ်နည်းနဲ့ အညီ တောင်းဆိုခဲ့တာ တွေ့ရလိမ့်မယ်။ အထူးလွှတ်တော် ခေါ်ဖို့ တောင်းဆိုတာကို ကိုဗစ်အကြောင်းပြပြီး ငြင်းတဲ့ လွှတ်တော်ကြီးက တတိယအကြိမ် လွှတ်တော် ခေါ်ဖို့အတွက်ကြ အားကြိုးမာန်တက် လုပ်ပြန်ရော။ ပြောချင်တာက တပ်မတော်ဘက်ကနေ တိုင်းသိပြည်သိ ဒီပြဿနာ ဖြေရှင်းဖို့ တောင်းဆိုတာကို ဘာကြောင့် ပျက်ကွက်ရသလဲ ဆိုတဲ့ မေးခွန်းပါ။ တပ်မတော် စွပ်စွဲချက်က အမှားကြီးပါ ဆိုပြီး တနိုင်ငံလုံးကို ချပြခွင့်ရတဲ့ အခွင့်အရေးကို ဘာကြောင့် NLD က ခေါင်းရှောင်သွားခဲ့သလဲပေါ့။


ခု ကျော်မိုးထွန်းရဲ့ ၂.၇၆ သန်း ကိစ္စကလည်း ဒီလို အလားတူ ကိစ္စပါပဲ။ ဒီပြဿနာက ကမ္ဘာကျော် ဖြစ်နေတာတောင် ဖြေရှင်းပေးဖို့ ဘယ်သူကမှ တောင်းဆိုတာ မတွေ့ရဘူး။ Bank of America မှာ အပ်နှံထားတဲ့ ပြည်သူပိုင် နိုင်ငံတော်ငွေကို သုံးစွဲထားတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်းသင့်တယ်လို့ ဘယ်သူကမှ မယူဆကြတာ ဝမ်းနည်းစရာ ကိစ္စပဲ။

တချို့ကိစ္စတွေက Action ယူခဲ့လို့သာ တပ်မတော်ကို အပြစ်ပြောကြပေမယ့် Action မတိုင်ခင်က ဖြစ်ရပ်တွေကို အရူးကွက်နင်းပြီး မဝေဖန်ရဲ၊ မပြောရဲ၊ မဆိုရဲခဲ့ကြတာက ခုလို အခြေအနေမျိုး ဖြစ်သွားစေခဲ့တာပဲ။ ခု ကျော်မိုးထွန်း ကိစ္စပဲကြည့်။ နီပေါ ဘက်က ဘယ်ပညာရှင်တွေကမှ မဝေဖန်ရဲကြဘူး။ ဖြေရှင်းပေးသင့်တယ် ဆိုတဲ့ ရိုးရိုးသားသား အမြင်တောင် သူတို့မှာ မရှိကြဘူး။



(နရီမိုး)
👍52292🫡6👎2🤬2🥴2
မောင်ဆူးလှည်း ရေးတာလေး ဖတ်ရတော့ လွန်ခဲ့တဲ့ နှစ်များဆီက ဘုရားထီးတင်ပွဲ တစ်ခုကို ပြန်သတိရမိတယ်။

အဲ့ဒီတုန်းကလည်း မိုးရွာဖို့ ရာခိုင်နှုန်းသတ်မှတ်တာက ရွာရန်ရွာနှုန်း ၈၉ အထိရှိတယ်။ ပြည်ပ ခရီးစဉ်ဖြစ်လို့ နတ်တင်တာ၊ ပူဇော်ပသတာမျိုးလည်း မလုပ်နိုင်ခဲ့ဖူးပေါ့။

တစ်ခုရှိတာက ဒီခရီးစဉ်မှာ ...သီတဂူ ဆရာတော်ကြီးအပါအဝင်၊ ကျောက်မဲ ဆရာတော်၊ အရှင်ဆေကိန္ဒနဲ့ ပဋိကတ် ၃ ပုံဆောင် ဆရာတော်တို့ လည်း ရှိနေခဲ့တယ်။ ဒီလောက်ကြိုးစားပမ်းစားလုပ်ထားရတဲ့ အခမ်းအနား၊ မြန်မာလို အချိန်ရွှေ့ဖို့ကလည်း မဖြစ်တဲ့ အခြေအနေမှာ သီတဂူ ဆရာတော်ဘုရား မိန့်တာ တစ်ခု နားထဲ ကြားနေဆဲပဲ။

"ကောင်းတာလုပ်ချိန်မှာ အကြီးအကဲ တွေရဲ့ ဘုန်း ဆိုတာ ရှိပါတယ်။ စိတ်မပူကြနဲ့" ဆိုတာပါပဲ။

ဒီဖြစ်စဉ်လေးကို မေ့မေ့ပျောက်ပျောက် ရှိသွားခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ် ဘုရားထီးတင်ပွဲမှာလည်း ဒီလိုအလားတူ ကိစ္စ တစ်ခု ထပ်ဖြစ်ခဲ့သေးတယ်။ ဆိုတော့....နိုင်ငံတော် ဥသျှောင် တစ်ယောက်ရဲ့ ဘုန်းကံ ဆိုတာ မယုံကြည်လို့ မရတဲ့ အနေအထား ဖြစ်သွားတယ်။



သမ္မတကြီးရဲ့ ခမာ ခရီးစဉ်မှာလည်း မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်မိချိန်...မိုးဘယ်လောက်ရွာရွာ သမ္မတကြီး ရောက်ရင် ကပ်ပြီး မိုးက တိတ်သွားတယ် ဆိုတာလေး ပြောဖြစ်ကြတယ်။ ဘာရယ်မဟုတ်...မောင်ဆူးလှည်း ရေးလာတော့ လူတစ်ယောက်ရဲ့ ဘုန်းကံ၊ အတိတ်ကံက သွားတုလို့ မရတဲ့ အခြေအနေမျိုး သတိရမိတယ်။ မြင်ခဲ့ကြဖူးမှာပါ။ ၂၀၂၁ အလွန်ကာလမှာ သီတဂူ ဆရာတော်ကို အသေဆိုးနဲ့ သေပါစေဆိုပြီး ကျိန်ဆဲခဲ့တဲ့ အမျိုးသမီး ....အသတ်ခံရတဲ့ ကိစ္စလေး။



(နရီမိုး)
👍48696👏11🥴6🙏4👎1🥰1🤔1😍1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏43622👍9👏6😍2
လောကမှာ ငွေအကြွေးတင်ရင် ပြန်ဆပ်ရသလို
ကံတရားရဲ့အကြွေးဟာလည်း ဘယ်လောက်ပဲဝေးဝေး
မလွဲမသေ ပြန်ဆပ်ကြရတာ။



ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏493👍36274
မနေ့က ဒိုက်ဦးနဲ့ ပြွန်တာဆာကြားမှာ DEMU နဲ့ ထွန်စက် တိုက်တဲ့ ဖြစ်စဉ်လေး ဖြစ်တာ တွေ့လိုက်ရတယ်။ ဘာကို သွားသတိရမိလဲ ဆိုတော့ အမြန်လမ်းတွေ ပေါ်ကာစ လမ်းပေါ် ဆိုင်ကယ်တက်မောင်းတဲ့ ကိစ္စတွေ ဖြစ်လို့ ခဏခဏ တိုက်၊ ခဏခဏ သေကြတဲ့ ဖြစ်စဉ်တွေ ပြန်သတိရမိတယ်။


အဲ့ဒီတုန်းကလည်း အမြန်လမ်းပေါ် လှည်းတွေ ဖြတ်မောင်း၊ ဆိုင်ကယ်တွေ တက်မောင်းတာ ခဏခဏ ကြုံရတယ်။ ခုထိလည်း မကြာခဏ တွေ့နေရဆဲပဲ။ နေ့ဘက် မြင်သာထင်သာရှိချိန်ဆို ရှောင်ဖို့ လွယ်ပေမယ့် ညဘက် ဆိုရင် ရှောင်ဖို့ တိမ်းဖို့ အလွန်ခက်မယ်။ သာမန်ဆို ကိစ္စ မရှိပေမယ့် ခရီးသည်တွေ ပါလာတဲ့ ဘက်စ်ကားမျိုးဆိုရင်...အခန့်မသင့်ရင် ကားပေါ်ပါလာတဲ့သူတွေ အကုန် သေသွားနိုင်တယ်။


ခုလည်း DEMU ရထားတွေဆိုတာက ရပ်ရမယ့် ဘူတာမှာ အရှိန် ခဏလျှော့မောင်းတာကလွဲရင် ကျန်တဲ့ အချိန်ပိုင်းမှာ သူ့သတ်မှတ်ထားတဲ့ မိုင်နှိုင်း အတိုင်း မောင်းမှာပဲ။ ရုတ်တရက် ဒါမျိုး တွေ့လာရင် သူ့အတွက် ချက်ချင်း ရပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရထားလမ်းဘေး နေကြသူတွေဆိုရင်...ဘယ်ချိန်က ဘယ်ရထားဖြတ်ချိန်ဆိုတာမျိုးလောက်တော့ ယေဘူယျ သိထားသင့်တယ်လို့ မြင်တယ်။ ခုလို ထွန်စက်မျိုးနဲ့ အမြန်ရထားလာချိန် ဖြတ်ကူးတာမျိုးကြတော့...မဖြစ်သင့်တာတွေ ဖြစ်ကုန်ရောပေါ့။တချို့ စည်းကမ်းတွေက မလိုက်နာရင် အသက်ပါ ပျောက်တယ်ဆိုတာ ဒီလိုမျိုး ဖြစ်ရပ်တွေကို ပြောတာ ဖြစ်မယ်။


(နရီမိုး)
👍37561😢10🥴2👎1
တစ်ချို့...တစ်ချို့တွေက...သမ္မတကြီးရဲ့ ပြည်ပ ခရီးစဉ်တွေကို တရားဝင်ထောက်ခံမှု ရဖို့လောက် ကြိုးစားအားထုတ်တယ်လို့လည်း ပြောကြတယ်။ တချို့တွေကလည်း MoU အဆင့်အတန်းကို ဘယ်လို၊ ဘယ်ညာ ဆိုပြီး ပြောကြတယ်။


ပြီးခဲ့တဲ့ ၅ နှစ်မှာ ပြည်တွင်း နိုင်ငံရေး အခြေအနေအရ ဖွဲ့စည်းပုံ မဖျက်ဘဲ ပုံစံတစ်မျိုးနဲ့ ကျော်ဖြတ်ခဲ့ကြတယ်။ ကမ္ဘာ့နိုင်ငံရေးစနစ်အရ တပ်မတော်အုပ်ချုပ်တဲ့ နိုင်ငံ၊ တနည်းအားဖြင့် အာဏာသိမ်းတာမျိုးကို ဘယ်နိုင်ငံမှ လိုလိုလားလား မရှိသလို တပ်မတော် ကိုယ်၌ကကိုယ် ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ အာဏာထိန်း အဆင့်ပဲ လုပ်ခဲ့တယ်။ ဒါ့ကြောင့်လည်း နစက ဆိုတဲ့ အစိုးရအဖွဲ့မှာ နိုင်ငံရေးပါတီခေါင်းဆောက်တွေ ပါသလို အရပ်ဖက် ပညာရှင်တွေကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ရတယ်။

ပြောချင်တာက...ဒီဘက်ခေတ်မှာ နိုင်ငံတစ်နိုင်ငံကို ထောက်ခံခြင်း ၊ မထောက်ခံခြင်းဆိုတာက အုပ်ချုပ်တဲ့ နိုင်ငံရေး စနစ်ထက် ဒီနိုင်ငံက ကိုယ့်လူလား၊ သူ့လူလား ဆိုတာတွေ ဆုံးဖြတ်ကြတာ ပိုများတယ်။ ထိုင်းမှာ အာဏာ ခဏခဏ သိမ်းလည်း အမေရိကန်နဲ့ တခြား ဥရောပ နိုင်ငံတွေက ဆန်ရှင် လုပ်တာ ရှိဖူးလို့လား။ ဒါက အမြင်သာဆုံး ဥပမာကို နှိုင်းယှဉ်ပြတာ။ ထိုင်းက တစ်ခု ကောင်းတာက တရုတ်နဲ့လည်း နယ်နမိတ် မထိစပ်သလို အမေရိကန်နဲ့လည်း အဝေးကြီး။ ဒီတော့လည်း ဝါးပင် ဒီပလိုမေစီတွေက အလုပ်ဖြစ်တာပေါ့။


အပေါ်က စာကို ပြန်ဆက်ရရင်...နောက်ကွယ်က အာဂျင်တာနဲ့ အာဆီယံ ဆိုတဲ့ အဖွဲ့အစည်းက မြန်မာ့နိုင်ငံရေးမှာ ဟိုလူလွှတ်ပေးရမယ်။ ဒီလူတွေနဲ့ တွေ့ဆုံမှ All inclusive ဖြစ်မယ် ဆိုပြီး သတ်မှတ်တာတွေက အရေးမှ မပါဘဲ။ ‌ဆိုပါစို့...ဒေါ်စု လွှတ်ပေးရမယ် ဆိုတာက လွှတ်ပေးရုံနဲ့ မှမပြီးဘဲ။ အချိန်တန်ရင် ...NLD ကို ရွေးကောက်ပွဲ ဝင်ခွင့်ပြန်ပေးဆိုတာတွေ ထပ်လာဦးမယ်။ လက်ရှိ EU တို့ ၊ UK တို့ ဆိုတာကလည်း ဒီနိုင်ငံမှာ သူတို့ ကြိုးဆွဲရာကမယ့် အစိုးရ ရှိနေဖို့က အရေးကြီးတယ်။ ဒါတောင် ၂၀၁၇ မှာ ဘင်္ဂလီ အရေးအခင်း ဖြစ်တော့ ဒေါ်စုကို ချီးမြှင့်ထားတဲ့ ကနေဒါနိုင်ငံသားဆုတွေ ပြန်ရုပ်သိမ်းတာပဲ မဟုတ်လား။ ခု လက်ရှိ တရုတ်ကို မကောင်းပြောနေတဲ့ နီပေါတွေ ၂၀၁၇ ဘင်အရေးနောက်ပိုင်း NLD အစိုးရရဲ့ နိုင်ငံခြားရေး ပေါ်လစီက ဘယ်ဘက်ယိမ်းသွားသလဲ ဆိုတာ လေ့လာကြည့်ကြစေချင်တယ်။


ဒီ‌လို အနေအထားတွေနဲ့ ဒီလို အခင်းအကျင်းတွေ ရှိနေတဲ့ အစိုးရက သူ့အစိုးရအဖွဲ့နဲ့ သူ့နိုင်ငံအတွက် ပြည်ပ ခရီးစဉ်တွေ ထွက်ရတာပေါ့။ ဒီလို ထွက်ဖို့ ဆိုတာကလည်း ဖိတ်ခေါ်တဲ့ နိုင်ငံက လိုလိုလားလား ရှိဦးမှ။ ဒီနေရာမှာ MoU အနေအထားလည်း တချက်ပြောချင်တယ်။ MoU ဆိုတာ ကနဦး သဘောတူညီချက် ဖြစ်လို့ အရေးမပါဘူးလို့ ပြောချင်တဲ့သူတွေကို မေးချင်တာက...တရားဝင် မင်္ဂလာဆောင်ထားမှပဲ...တရားဝင် ပွဲတက်လို့ရမှာပေါ့။ MoU က ဒီသဘောပါပဲ။ နောက်တဆင့်အတွက် လုပ်ကြရတဲ့ အနေအထားပါ။ နိုင်ငံရေး၊ စီးပွားရေးမှာ အဆင့်ကျော်လို့မရတဲ့ Protocol တွေ ရှိတာပဲ မဟုတ်ဘူးလားပေါ့။


ခု သမ္မတကြီးရဲ့ ပြည်ပခရီးစဉ်တွေကလည်း ကျွဲကူးရေပါ လုပ်ငန်းစဉ်တွေလို့ ပြောလို့ရတယ်။ တဖက်က နိုင်ငံရေးအရ သံခင်း တမံခင်းတွေ ခိုင်မာဖို့ ကြိုးစားသလို တစ်ဖက်ကလည်း B t B တွေ နဲ့ P t P တွေ အားကောင်းဖို့ ကြိုးစားနေတဲ့ အခင်းအကျင်းမျိုးပါ။ B t B အားကောင်းရင် Investment ဝင်မယ်။ Investment ဝင်ရင် တိုင်းပြည်စီးပွားရေး ချောင်လည်မယ်။ ခုလက်ရှိကတော့ Proposal တွေ ခင်းပြီး Promotion ဆင်းနေတဲ့ သဘောပေါ့။ အားလို့ သွားနေတာမှမဟုတ်ဘဲလေနော့။



(နရီမိုး)
👍34867👏2🥴2😎21👎1
တိုင်းပြည်ကို စီးပွားရေး ပြန်ကောင်းစေချင်တယ်။ ပြည်ပရဲ့ Investment တွေ များများ ဝင်စေချင်တယ်။ ဒီလို ဝင်ဖို့အတွက်ကြတော့လည်း ကိုယ်တွေ တိုင်းပြည်မှာ ecosystem တွေ ပြည့်စုံနေမှ ဖြစ်မယ်။ ပိုပြီး သတိထားကြတာက လုံခြုံရေးအခြေအနေပဲ။ လုံခြုံရေးမှ မတည်ငြိမ်ရင် ဘယ်လောက် ရေခံမြေခံကောင်းပြီး အမြတ်ရနိုင်တယ်ဆိုဆို...ဘယ်နိုင်ငံကမှ Investment လာလုပ်မယ် မထင်ဘူး။ Risk များလွန်းတယ်ပေါ့။


ခုလက်ရှိ ရည်ရွယ်ထားတဲ့ ထားဝယ်ရယ်၊ တရုတ်ရဲ့ CMEC ရယ်၊ အိန္ဒိယရဲ့ ကုလားတန်ဘက်စုံ စီမံကိန်းတွေ အောင်မြင်ဖို့ဆိုတာ...ဒီနယ်မြေတွေက အစိုးရလက်အောက်မှာ ရှိ၊ မရှိ ဆိုတာနဲ့ ဘယ်လောက် နယ်မြေအေးချမ်းသလဲ ဆိုတာကပဲ အဆုံးအဖြတ်ပေးသွားမယ် ထင်တယ်။ CMEC အတွက်က ရှမ်းမြောက်နဲ့ ရခိုင် အခြေအနေရယ်၊ မြစ်ဆုံအောင်မြင်ဖို့ကလည်း KIA ရဲ့ ကဖျက်ကယက်ရယ်၊ ထားဝယ်အတွက်ကလည်း KNU ရယ်...ဆိုတဲ့အနေအထားမှာ ဆွေးနွေးမှာလား၊ အပြတ်တိုက်ကြမလား ။ ဒါပဲ ရှိတာပဲ။

Investment က ထင်သလောက် မဝင်ဘူး။ တိုင်းပြည်စီးပွားရေးက မျှော်လင့်သလောက် မလည်ပတ်နိုင်သေးဘူးဆိုရင် ....အရေးပါတဲ့ ထုတ်ကုန်တွေမှာပဲ ရင်းနှီးမြုပ်နှံရဦးမယ်.။ ဆိုတော့....တချို့အရာတွေ ပိတ်ထားဦးမှာပဲ ။ ဥပမာ ပြည်ပကနေ ကားတင်သွင်းခွင့်တွေ ပြုမှာ မဟုတ်ဘူး။ သူက စက်သုံးဆီရော၊ တင်သွင်းတာကအစ ဒေါ်လာတွေ သုံးကြရတာကိုး။ ကားတင်သွင်းခွင့်တွေမပြုသေးတော့ ...နှစ် ၂၀ လောက် သက်တမ်းရှိမယ့် Honda Fit မျိုးတောင် သိန်း ထောင်ဂဏန်းလောက် သုံးနေရတာမျိုး ကြုံကြရဦးမယ်။


ခက်တာက...ကိုယ်ထောက်ခံတဲ့ အစိုးရ လက်ထက်...ရန်ကုန်မှာ စာရင်းစစ်လည်း မခံနိုင်။ ကျောင်းကားအမည်ပေါက်လည်း ဘယ်သူမှန်းမသိ။ ဘဏ်ကနေ ၅ ဘီလီယံလောက် ချေးတာတောင် ပိုင်ရှင်မပေါ်၊ ကျိုက်ထီးရိုးက ဝါးသေနတ်တွေကြောင့် စစ်ဖြစ်တာလို့ ပြောလို့ပြော၊ ပြည်နယ်အားကစားကွင်းကို အဂတိလိုက်စားတာ‌တောင်အရေးမယူနိုင်တဲ့ အစိုးရ၊ လွှတ်တော် ဆေးသုတ်ခက ဆောက်တာထက်တောင် စာရိတ်များလို့ အုတ်အော်သောင်းနင်းဖြစ်ချိန်တုန်းက....မှိန်းခံခဲ့ကြတဲ့ နီပေါတွေက....

ခုကြမှ....အစိုးရပြုတ်ကျပြီးရော...ဘာလာလာ ဆန်ရှင်လုပ်ဖို့ တောင်းဆို၊ နိုင်ငံတကာ လုပ်ငန်းရှင်တွေ မြန်မာပြည်ထဲက ထွက်ဖို့ တိုက်တွန်းနေကြတော့လည်း ...ဒီလောက်ခက်ခဲတာ ဆန်းတော့ မဆန်းဘူး။ ပြီးတော့....နိုင်ငံတကာကို ဆန်ရှင်လုပ်ဖို့လည်း တောင်းဆို၊ ဘဏ်လုပ်ငန်းမှန်သမျှ ပိတ်ဆို့ဖို့ကြိုးစား၊ နယ်စပ်ကုန်စည်မရောက်အောင် လမ်းတွေပိတ် ၊ အခွန်ကောက်၊ စစ်တွေ ဖြစ်၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေလည်း နိုင်ငံထဲက ထွက်ဖို့ ပြောနေကြတဲ့သူတွေက....မင်းတို့ အစိုးရ လက်ထက် ကုန်ဈေးနှုန်းတွေကြီးတာတွေ့လား ဆိုတော့.....သူတို့ ဦးနှောက်ကို ဘယ်လို နားလည်ရမလဲတောင် မသိတော့။


ခုပဲ ကြည့်...ချင်း ပဒက်တွေ ဖျက်ဆီးခဲ့တဲ့ တာဝါတိုင်တွေကို ပြည်မကနေ အဆင့်ဆင့် သယ်ပြီး ဖုန်းလိုင်းရအောင် အစိုးရက ထောင်ပေးနေရပြီ။ ဒီ ၅ နှစ်အတွင်း...တိုင်းပြည်ကို နည်းပေါင်းစုံ ဖျက်ခဲ့ကြတဲ့ သူတွေကြားမှာ ...အများကြီး မျှော်လင့်လို့ မရသေးတာတော့ အမှန်ပဲ။ ဖျက်စီးဖို့ လွယ်တယ် ဆိုပေမယ့် တည်ဆောက်ဖို့အတွက်ကြတော့ အချိန်တွေ ယူကြရဦးမယ် ထင်တယ်။


(နရီမိုး)
👍42384🥴6👏3👎2🤬1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏38627👍7👏5
❝ မေတ္တာရဲ့ အစွမ်းသတ္တိ ❞
°°°°°°°°°°°°°°°°°°°°°°°°°°

မေတ္တာစိတ် ကိန်းအောင်းနေတဲ့အချိန်မှာ
သူတစ်ပါး ချမ်းသာသည်ဖြစ်စေ၊
မချမ်းသာသည်ဖြစ်စေ ကိုယ့်ရဲ့စိတ်သန္တာန်ဟာ
အရင်ဆုံး အေးချမ်းသွားပါတယ်။
ကိုယ်က သူတစ်ပါးကို ဒေါသမထွက်ဘူး၊
မနာလိုမဖြစ်ဘူး၊ ကောင်းစေချင်တဲ့
စိတ်လေးထားလိုက်တာနဲ့ ကိုယ့်စိတ်မှာ
ချက်ချင်းဆိုသလို ကြည်လင်ချမ်းသာမှုကို လက်ငင်းခံစားရပါတယ်။

နေ့စဉ်ဘဝမှာ အလွယ်ကူဆုံး
မေတ္တာပွားနည်းကတော့
ကိုယ်နဲ့ ထိတွေ့ဆက်ဆံရတဲ့ သူတွေအပေါ်မှာ အပြစ်မမြင်ဘဲ နားလည်ခွင့်လွှတ်ပေးခြင်းပါပဲ။ လူတစ်ယောက်ကို ကြည့်တဲ့အခါ
သူ့ရဲ့ဆိုးကွက်တွေကိုချည်း ရှာမကြည့်ဘဲ၊
"သူလည်း ငါ့လိုပဲ ဆင်းရဲကင်းပြီး
ချမ်းသာချင်တဲ့သူပါလား" လို့ အမှန်အတိုင်း
ရှုမြင်သုံးသပ်လိုက်တာနဲ့ ကိုယ့်စိတ်ထဲက
အမုန်းတရားတွေ အလိုလို
ပျောက်ကွယ်သွားပါတယ်။
ဒါဟာ လက်တွေ့အကျဆုံး မေတ္တာပွားနည်းပါပဲ။

ဒါကြောင့် အထူးတလည် အချိန်ပေး
နေရာယူစရာမလိုဘဲ သွားရင်းလာရင်း၊ လုပ်ကိုင်ပြောဆိုရင်းနဲ့ သူတစ်ပါးအပေါ် နားလည်ပေးခြင်း၊ အပြစ်မရှာခြင်းဆိုတဲ့
စိတ်ထားလေးကို အမြဲသတိကပ်ပြီး
မွေးမြူခြင်းအားဖြင့် အလွယ်ကူဆုံးနဲ့
အထိရောက်ဆုံး မေတ္တာပွားနိုင်ပါတယ်။

ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏33949👍13👏2
NLD ပါတီက ချီးထုပ်ပါတီလို့ ပြောလို့ရတယ်။ တနေ့က ကျရောက်တဲ့ ကမ္ဘာ့ဒီမိုကရေစီနေ့မှာ NLD ဗဟိုအလုပ်အမှုဆောင်တွေဘက်က နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း လိုအပ်တယ်လို့ ပြောလာကြတယ်။

------
ဒီမိုကရေစီမှာ အမြင်မတူတာ အဆန်းမှမဟုတ်တာ။ ဒီတော့ နိုင်ငံရေးမှာလည်း အမြင်ကွဲပြားမှုတွေရှိကြတာပဲ။ ဒါက ကမ္ဘ့ာနိုင်ငံတိုင်း လိုလိုမှာ ရှိကြတယ်။ ဒီလို ရှိလာတဲ့အခါ အေးအေးချမ်းချမ်း ဥပဒေနဲ့အညီ ဆွေးနွေးကြတာပါပဲ။ ဥပမာ ဘေးအိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်း လိုပေါ့။ ဘယ်သူကမှတော့ ကိုယ်အာဏာမရတာနဲ့ ဆန်ရှင်လုပ်ပေးပါ။ တိုင်းပြည်ဖျက်စီးရေး လုပ်ကြကွာလို့ တိုက်တွန်းတာ မတွေ့ရဘူး။

------

ဆွေးနွေးရေးကို လိုအပ်တယ်ဆိုတာကိုတော့ ဘယ်သူကမှ မငြင်းဘူး။ဒါပေမယ့် မေးစရာရှိလာတာက....ဒီဆွေးနွေးရေးလမ်းကြောင်းကို ဘာကြောင့် အခုမှ ပြန်ရှာလာကြတာလဲ ဆိုတဲ့ မေးခွန်းပဲ။ ပြီးခဲ့တဲ့ နှစ်တွေမှာ နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေးညှိနှိုင်းရေးနဲ့ ဖြေရှင်းဖို့ထက် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းဘက်ကို နိုင်ငံရေးအရ သူတို့ကိုယ်တိုင်ပဲ တွန်းအားအားပေးခဲ့ကြတာ မဟုတ်ဘူးလားပေါ့။

-----

“သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး” ဆိုတဲ့ စကားလုံးတွေ၊ အပြီးသတ် တိုက်ပွဲ၊ ‌လှည်းနေလှေအောင်း မြင်းဇောင်း မကျန်ဆိုတဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးနောက်မှာ၊ စစ်အစိုးရပြိုလဲ တဲ့အထိ တိုက်ခိုက်မယ် ဆိုတဲ့ False Hope တွေကို တွင်တွင် ကြွေးကြော်လာခဲ့ကြပြီးကာမှ “တွေ့ဆုံဆွေးနွေးရေး လိုအပ်တယ်”လို့ ပြန်ပြောလာတာက....

လွန်ခဲ့တဲ့ငါးနှစ်အတွင်း သေဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ အသက်တွေကို ဘယ်လိုစံနှုန်း‌ တွေနဲ့ တိုင်းတာ ခဲ့ကြတာလဲ။ ဒီ ၅ နှစ်အတွင်း မိသားစုတွေ ပျက်စီးခဲ့ရတာတွေ၊ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတာတွေ၊ စီးပွားရေးနဲ့ လူမှုဘဝတွေ ပြိုလဲခဲ့ရတာတွေကို ဘယ်လို ပြန်လည်ကုစားကြမှာတဲ့လဲ။ ယုံစားပြီး CDM လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေရဲ့ ဘဝရှင်သန်‌ ရေးဆိုတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ ဒီကြားထဲ ....Non-CDM ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရတာ၊ အနိုင်ကျင့်ခံရတာ၊ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေကိုရော ဘယ်လို တာဝန်ယူကြမလဲ။

------

နိုင်ငံရေးအရ အားပေးမြှောက်စားခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အားကြီးလာသလို နယ်မြေတိုင်းမှာ အသွင်မတူကြတဲ့ LPDF တွေကြောင့် ဒီနယ်မြေတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာ‌ တွေကိုရော ဘယ်လိုထိန်းကျောင်းကြမှာတဲ့လဲ။ ဆိုပါစို့...ဥပမာ“လက်နက်ကိုင်လမ်းစဉ်” ကို နိုင်ငံရေးဖြေရှင်းချက်တစ်ခုအဖြစ် နဲ့ ယုံကြည်ပြီး လိုက်ပါသွားခဲ့ကြတဲ့ လူငယ်တွေရဲ့ ဘဝတွေ ၊ ပြိုလဲသွားကြတဲ့ လူငယ်တွေရဲ့ အနာဂတ်တွေအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ။

------

နိုင်ငံရေးခေါင်းဆောင်တွေကတော့ မရှက်တဲ့ မျက်နှာ၊ နိုင်ငံရေးစကားတစ်ခွန်းနဲ့ လမ်းကြောင်းပြောင်းနိုင်တယ်ဆိုပေမယ့်......တောထဲရောက်သွားတဲ့ လူငယ်တွေကတော့ သူတို့ဘဝတွေကို အလွယ်တကူ ပြန်ပြောင်းလို့မရနိုင်တော့ဘူး။ စစ်ပွဲကြောင့် မိသားစုဝင်တစ်ယောက် သေဆုံးသွားတဲ့အခါမှာလည်း “ဆွေးနွေးရေးလိုအပ်တယ်” ဆိုတဲ့ စကားတစ်ခွန်းနဲ့ အသက်ပြန်ရှင်လာမှာ မဟုတ်တော့ဘူး။ ဒီ ၅ နှစ်အတွင်းမှာ တော်လှန်ရေးကိုလမ်းပြပြီး လုပ်စားခဲ့ကြသူတွေလည်း ချမ်းသာပြီးရောပေါ့။ ခုချိန်ကြမှ....နိုင်ငံရေးက ဆွေးနွေးစရာပါလို့ ထုတ်ပြန်လာတာ‌ကတော့ အတော်လေး မျက်နှာပြောင်ရာကျတယ်။ တကယ်တော့ NLD ပါတီဆိုတာ ချီးထုပ် ပါတီလို့ ပြောရင်လည်း လွန်မယ် မထင်ဘူး။ အသက်တွေ၊ ဘဝတွေ ချနင်းပြီး ပြေးပေါက်မရှိကာကြမှ ...တွေ့ဆုံဆွေနွေးရေး လမ်းကြောင်းက လိုအပ်တယ်တဲ့လား။



(နရီမိုး)
👍43077🙏11🥴7🤬5👎1😐1
ကယန်းပြည်သစ်ပါတီရဲ့ မနေ့က ထုတ်ပြန်ချက်ကို ဖတ်ကြည့်ရင်.... ပထမဆုံး မေးရမယ့်မေးခွန်းက....
နိုင်ငံရေးပါတီတစ်ခုက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းတစ်ခု မဟုတ်ဘဲ နယ်မြေတစ်ခုမှာ “ဘယ်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ရ” ဆိုပြီး အမိန့်ပေးပိုင်ခွင့် ရှိသလားပေါ့။

-----

ပုံမှန်ဆိုရင် ....ပါတီတစ်ခုက သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ မူဝါဒနဲ့ တောင်းဆိုချက်တွေကို ထုတ်ပြန်နိုင်ခွင့် ရှိတယ်ဆိုပေမယ့် အဲဒီထုတ်ပြန်ချက်က အခြားအဖွဲ့အစည်းတွေ၊ ပြည်သူတွေအပေါ် တရားဝင်အမိန့်အာဏာ ဖြစ်လာဖို့ဆိုရင်... သက်ဆိုင်ရာ ဥပဒေအရ အာဏာအပ်နှင်းခံထားရဖို့‌ တော့...လိုတာပေါ့။ အနည်းဆုံးတော့ ဒီနိုင်ငံမှာ ကျင့်သုံးတဲ့ ဖွဲ့စည်းပုံ ဥပဒေနဲ့ ညီဖို့တော့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့မှာ နယ်မြေကို ထိန်းချုပ်ထားနိုင်လို့ ကြေညာချက် ထုတ်တာက တစ်မျိုး၊ နိုင်ငံတော်ဥပဒေအရ အဲဒီနယ်မြေကို အုပ်ချုပ်ပိုင်ခွင့်ရှိတာက တစ်မျိုး၊ သက်ရောက်ပုံခြင်း မတူဘူး။

-----

စိတ်ဝင်စားဖို့ကောင်းတာက ၂၀၂၄ နိုဝင်ဘာ ၂၈ ရက် Stakeholders အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အပိုင်းပဲ။ ဒီလို သဘောတူညီချက်တစ်ခု ရှိခဲ့တယ်ဆိုရင်လည်း ဆက်စပ်မေးရမှာက ....ဘယ်သူတွေက သဘောတူခဲ့တာလဲ။ ဘယ်ဥပဒေအောက်မှာ သဘောတူခဲ့တာလဲ။ အဲဒီသဘောတူညီချက်မှာ ဘယ်အာဏာပိုင်အဖွဲ့အစည်းက ခွင့်ပြုခဲ့တာလဲ ဆိုပြီး မေးရမယ်။ ကြည့်ရတာ ...နိုင်ငံတော်အာဏာကို မိဘအမွေခွဲသလို ဆုံးဖြတ်ခဲ့ကြပုံရတယ်။

------

ဒီနေရာမှာ ရှေ့သွားနောက်လိုက်မညီတာက နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ့်ပါတီရဲ့ အုပ်ချုပ်ရေးစနစ်၊ လုံခြုံရေးနဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ထုတ်ဖော်ပြောဆိုခွင့် ရှိပေမယ့် .... “သဘောထားထုတ်ပြန်ခြင်း” နဲ့ “တရားဝင်အမိန့်ပေးခြင်း” ဆိုတာတောင် ကွဲကွဲပြားပြား နားလည်ကြပုံမရဘူး။ နိုင်ငံရေးပါတီတစ်ခုက.... ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖွဲ့ခွင့်ရလာခဲ့ရင်တောင် အုပ်ချုပ်ရေးအာဏာက ပါတီရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူး။ သူတို့ ပြောနေတဲ့ ဘယ်သူမှ မလာရ၊ ဘယ်အဖွဲ့အစည်းမှ မအုပ်ချုပ်ရ...ဆိုတဲ့ အုပ်ချုပ်ရေးအမိန့်‌ပေးစနစ်အာဏာဆိုတာက ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေကတစ်ဆင့် ကျင့်သုံးရတယ်ဆိုတာ ....နားလည်ဖို့တော့ ကောင်းတာပေါ့။ တကယ်တော့ နားမလည်လို့တော့ မဟုတ်တန်ရာဘူး။ မိုက်ကြခွဲတာလို့ ပြောရင် ပိုပြီးမှန်မလားပဲ။

------

ကြည့်ရတာ...နယ်မြေကို ထိန်းချုပ်ခွင့်ရတာနဲ့ အုပ်ချုပ်ခွင့်တန်းရသွားတယ်လို့ မြင်နေကြပုံရတယ်။ အဲ့လောက် လွယ်နေရင် ....၂၀၀၈ ခြေဥပါ နယ်မြေသတ်မှတ်ချက်တွေက အလကား ဖြစ်ကုန်မှာပေါ့။


(နရီမိုး)
👍312533🥴3👎1😎1
ရခိုင်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ ဒရုန်းစစ်ဆင်ရေးတွေ မြင်လာရတယ်။ ဒီနေရာမှာ မမြင်ရတာကြာပြီလို့ ပြောရတာက ...အစိုးရအနေနဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် ဆိုတဲ့ မြို့ ၃ မြို့ကို ကာရင်း၊ တဖက်မှာလည်း ဧရာဝတီတိုင်းအစပ်က ကပစ နယ်မြေ၊ အမ်း-ပဒါန်း နယ်မြေတွေကို ခံစစ်အသွင်နဲ့ ရှိနေခဲ့ရာကနေ စစ်တွေအစပ် ပုဏ္ဏားကျွန်းဘက်ကို ထိုးစစ်တွေ စတင်ခဲ့ရာမှာ ပြောခဲ့သလို ဒရုန်းစစ်ဆင်ရေးတွေ စသုံးလာခဲ့တာ ခပ်စိတ်စိတ် မြင်လာရတယ်။


စစ်ဆင်ရေးက တပတ်သာသာ ရှိသေးလို့ လွှမ်းခြုံ သုံးသပ်ဖို့တော့ အတော်လေး ခက်နေသေးတယ်။ ဘာလို့လည်း ဆိုတော့ ရှေ့မှာ ကာကာဆာဝါရဲ့ ခရီးစဉ် ရှိထားနှင့်လို့ပါ။ ဒီနေရာမှာ တခု ချွင်းချက် တွေးရမှာက အချက် ၂ ချက်တည်းပါ။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိအားပေးရုံလား၊ တကယ်ပဲ ရခိုင် တောင်ပိုင်းကို ခြေကုပ်ရနိုင်ဖို့ ကြိုးစား လာပြီလား ဆိုတဲ့ မေးခွန်း ပါ။ ဒါက အစိုးရနဲ့ တပ်မတော်မှပဲ တိကျတဲ့ အဖြေ ရှိပါလိမ့်မယ်။


ဘယ်ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင်ဆင်...ရလာမယ့် အကျိုးတရားက တစ်ခုတည်းပါပဲ။ တပ်မတော် စစ်နိုင်ရင် ငြိမ်းချမ်းရေး အရွေ့ရှိမယ်။ တနည်းအားဖြင့် နယ်မြေ ထိန်းနိုင်ရင် CMEC အတွက် အလားအလာကောင်းမယ်ပေါ့။ ရှမ်းမြောက်အရေး ယတိမပြတ်သေးသလို CMEC ဖြတ်မယ့် အမ်းကလည်း အစိုးရ ထိန်းချုပ်နယ်မြေ ဖြစ်ဖို့လည်း မဖြစ်မနေ အရေးကြီးတာမျိုးပါ။ လူပိန်းနည်းနဲ့ တွေးတွေး....ငါတို့က ၁၃ မြို့နယ်လောက်သိမ်းထားတာပဲ၊ ဆွေးနွေးစရာ မလိုသေးဘူးလို့ပဲ AA ဘက်က ယေဘူယျ တွေးကြမှာပါ။ ဒါ့ကြောင့်လည်း အနည်းဆုံး ရခိုင်တောင်ဘက်ခြမ်းက မြို့တွေပြန်ရမှ ငြိမ်းချမ်းရေးက စကားပြောလို့ ကောင်းမယ် ထင်ပါတယ်။


ဒီနေရာမှာ AA ဘက်ကိုလည်း မလိုက်၊ တပ်မတော်ဘက်ကိုလည်း မလိုက်ဘဲ ဖြစ်သင့်၊ ဖြစ်ထိုက်တာကို ရွေးချယ် ဆုံးဖြတ်ရမယ်ဆိုရင်....စားပွဲဝိုင်းပေါ် တက်တာက လူမသေ၊ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်မယ်လို့ပဲ ပြောရမှာပါ။ ဘာလို့လဲ ဆိုတော့ ....တပ်မတော်က ထုတ်ပြန်လာတဲ့ ရခိုင်ထိုးစစ် ဒရုန်းစစ်ဆင်ရေးကိုကြည့်ရင်....ထိုးစစ်စတဲ့ လမ်းကြောင်း တစ်လျှောက် အကောင်းတိုင်း ကျန်ဖို့ အခွင့်အရေး နည်းပါ့မယ်။ ဒါတွေက အချိန်နှောင်းမှ စားပွဲဝိုင်းပေါ် တက်လာရင်....ပြန်လည်ထူထောင်ရေးက အတော်လေးခက်ပါ့မယ်။ ဦးနှောက်မပါတဲ့ ရခိုင် စာရေးဆရာတွေက မြှောက်ပြောနေလည်း ပကတိ အရှိတရားတော့ မကင်းကွာဖို့ လိုပါတယ်။ ပြီးတော့ တပ်မတော်ရဲ့ ရခိုင် ထိုးစစ်က စစ်မျက်နှာ အစုံ ဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းကို ထိုးစစ်စတယ် ဆိုပေမယ့် ဂွ ဘက်မှာလည်း Navy တွေ အထိုင်ချပြီး လေကြောင်းတိုက်ခိုက်မှုပါ စဉ်ဆက်မပြတ် လုပ်နေခဲ့တာပါ။ ဒီတော့ မေးစရာက တပ်ရဲ့ လေကြောင်းကို ဘာနဲ့ ကာမလဲ ဆိုတဲ့ ပြဿနာပါ။


AA ဘက်ကကြည့်ရင်...အမ်း-ပဒါန်း၊ ဂွ၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ စသဖြင့် ခံစစ် ဧရိယာ ကျယ်တယ်လို့ပဲ ပြောလို့ရတယ်။ နယ်မြေသိမ်းနိုင်ပေမယ့် ထိန်းဖို့ ခက်တယ်ဆိုတာ ဒါတွေက ဥပမာပါ။ ဒါ့ကြောင့်လည်း AA က လူမျိုးစုံ ပေါ်တာဆွဲပြီး ဒီလပ်ထဲ ထည့်နေခဲ့တာပါ။ အရင်တခါက ရေးဖူးသလို ကျောက်ဖြူကနေ စနဲ နဲ့ မအီ ထိန်းနိုင်ရင်...သံတွဲနဲ့ ဂွက ရဖို့ များသွားပါပြီ။ သံတွဲနဲ့ ဂွ ရရင်...တောင်ကုတ်ကလည်း မျှော်လို့ရပါပြီ။ ဘာလို့လဲ ဆိုတော့...မြေပြင်ထိုးစစ်က ပုဏ္ဏားကျွန်းမှာ ဆိုင်ထားကြလို့ပါ။


လက်ရှိ ရခိုင် ထိုးစစ်အနေအထားကို သုံးသပ်ကြည့်ရင်....ရှမ်းမြောက်မှာ အနားရထားတဲ့ တပ်မ တွေက ရခိုင်ကို စစ်ကြိုက် စစ်ဆင်နိုင်စွမ်းရှိပါတယ်။ တစ်ခုရှိတာက ဆိုခဲ့သလို....ရည်ရွယ်ချက်က ဘာလဲ ဆိုတာကိုပဲ စောင့်ကြည့်သွားရမှာပါ။ ကိုယ်တွေလူကြီး‌တွေဆီမှာ သူ့ပလန်နဲ့သူ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီတိုင်းဆက်သွားရင်တော့...ရခိုင်မှာ AA လည်းကုန်မယ်။ ကျန်တာလည်း ပြာပုံ ဖြစ်မယ့် သဘောပါ။ လက်ရှိ ထုတ်ပြန်သမျှ Video ဖိုင်တွေထဲမှာ AA သေတာနဲ့ ပြေးရတာပဲ တွေ့ရမယ် မဟုတ်လား။



(နရီမိုး)
👍492103🥴6👏5😐2👎1