NUG နဲ့ SRF အကွဲအပြဲက တော်တော်လေးကြီးတာ မြင်ရတယ်။ LPDF တွေကို အင်အားနဲ့ ဖိပြီး ဩဇာခံခိုင်းတယ်။ သဘောကတော့ NUG ရဲ့ CoC အောက်ကို ဝင်ခိုင်းတဲ့ သဘောပဲ။
တကယ်တော့ မြန်မာပြည်ရဲ့ ပဋိပက္ခအရေးက ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ လက်နက်ကိုင်မှန်သမျှမှာ NLD ကို ထောက်ခံကြရင်းနဲ့ NUG ပေါ်လာချိန်မှာလည်း ဆက်ပြီး လက်နက်ကိုင်ခဲ့ကြတာလို့ ပြောလို့ရတယ်။ ထူးခြားတာက အချိန်တဖြည်းဖြည်းကြာလာတဲ့အခါ NUG ကို အစိုးရ တစ်ရပ်လို့ သဘောထားတာ မမြင်ရသလို LPDF တွေအနေနဲ့ ကိုယ့်ဒေသ တဝိုက်မှသာ အခွန်ကောက်နေရင်း သာယာလာတာမျိုးလည်း မြင်ရတယ်။
ဥပမာ- မတ္တရာတဝိုက်ကနေ မန္တလေး တက်သိမ်းမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက မတ္တရာနားက ရွှေတွင်းတွေနဲ့တက် တိုင်ပက်သွားသလို ကြားထဲက အညာဒူဘိုင်းတို့လို့ လိုင်းပေါ်မှာ ဟိုးလေတကြော်ကြော် ဖြစ်ခဲ့တာတွေကို အနှစ်ချုပ်လိုက်ရင် ...လက်နက်ကိုင်ပြီး စီးပွားရှာကြတာကို ကိုယ်စီ နှစ်သက်သွားတဲ့ သဘောရှိတယ်။ ဒါ့ကြောင့်လည်း ပုလဲ ယင်းမာပင် တဝိုက်မှာ ဗိုလ်နဂါးနဲ့ NUG ကြား အဝေ မတည့်တာတွေ ရှိလာသလို ဂန့်ဂေါက လက်နက်ကိုင် အချင်းချင်း ပစ်ခတ်မှုဆိုတာကလည်း ဒီလို အကျိုးစီးပွား ပွတ်တိုက်မှုတွေ အခြေခံကြတာ မြင်လာရတယ်။
တဖက်မှာ နစက အစိုးရနေ ရွေးကောက်ခံ အစိုးရ ပုံစံ ပြောင်းသွားသလို တရားဝင်မှုအရ နိုင်ငံတကာက တဖြည်းဖြည်း လက်ခံလာချိန်၊ နေဝင်စပြုလာတဲ့ NUG အနေနဲ့ ဟန်ပြ ဖက်ဒရယ် ချာတာတွေ ချပြပြီး လက်နက်ကိုင်အင်အားစုတွေ ပါလာဖို့ NSPNC နဲ့အပြိုင်ကြိုးစားလာတာလည်း မြင်ရတယ်။ ခက်တာက....စုဖွဲ့ထားတဲ့ ဒီအစုအဖွဲ့မှာ KNU ကလည်း အဆွယ်မရှိတော့ဘူး။ KNDF ဆိုတာကလည်း ကယားထဲက မြို့တွေ တောက်လျှောက်လက်လွှတ်နေခဲ့ရတာ။ ယုတ်စွအဆုံး ဗမာ အညာ LPDF တွေနဲ့ မောင်ဇွဲတို့လို လက်နက်ကိုင်တွေတောင် NUG ရဲ့ CoC ထဲ မဝင်ချင်မှတော့၊ AA ထွန်းမြတ်နိုင်က ပူးပေါင်းလိမ့်မယ်လို့ ဘယ်လို ယုံကြည်နေကြလည်းတော့ မသိ။
သူတို့တော်လှန်ရေးက လည်တော့လည်တယ်။ အပတ်မပြည့်ဘူးဆိုသလိုပဲ။ ကြားထဲက နိုင်ငံရေးမသိတဲ့သူငယ်တွေတော့ ထပ်သေကြရဦးမယ့်သဘောပဲ။
(နရီမိုး)

👍254❤60🥴3👎1🥰1
Taste ပြိုင်ပွဲတွေကို နိုင်ငံတော်အဆင့် လုပ်လာတာ မြင်တော့ ဝမ်းသာရတယ်။ တခြားနိုင်ငံတွေဆိုရင်လည်း သူတို့ရဲ့ ရိုးရာ အစားအစာတွေကို Soft power ဖြစ်တဲ့ အနုပညာတွေကနေ ကမ္ဘာကို ထိုးဖောက်ကြတာ မြင်နိုင်တာပဲ။ ကိုယ်တွေနိုင်ငံမှာ စားနေတဲ့ ကင်ချီတို့ ၊ ဆိုဂျူး တို့ဆိုတာက ဒီအနုပညာဇာတ်လမ်းတွေကနေ ထိုးဖောက်သွားခဲ့တာပါပဲ။
နိုင်ငံတစ်နိုင်ငံကို နိုင်ငံတကာက သိဖို့ ဆိုတာ ခရီးသွား ကဏ္ဍတွေ တိုးတက်ဖို့က သိပ်အရေးကြီးတယ်။ တစ်ဖက်မှာ အနုပညာဇာတ်လမ်းတွေကနေ ရည်ရွယ်ချက်ရှိရှိ ထိုးဖောက်ကြတာလည်း ရှိတယ်။ ဥပမာ ကိုးရီးယားရဲ့ ပညာရေးကို ပညာပေးတဲ့ ဇာတ်ကားတွေ၊ ကိုးရီးယား စစ်တပ်ထဲမှာ စားဖိုမှူးဆိုတဲ့ ဇာတ်ဝင်ခန်းတွေက Propaganda လို့ ဆိုရမယ်။
"ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး" ဆိုတဲ့အပိုင်းမှာ ခရီးသွားလူဦးရေ များပြားရေးသက်သက်နဲ့ ဝင်ငွေရရှိရေး ဆိုတဲ့ ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ.....
"ကိုယ့်နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာမှုနဲ့ ဒေသခံ တွေရဲ့ ဧည့်ဝတ်ပျူငှာမှု အရည်အသွေးတွေကို ဂုဏ်သိက္ခာရှိရှိ ထိန်းသိမ်းပြသနိုင်ဖို့" ပိုအရေးကြီးတယ်လို့ မြင်တယ်။ ဒါတွေကို နည်းမျိုးစုံနဲ့ ပြသနိုင်ဖို့ သိပ်အရေးကြီးတယ်။
ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုတာ.... အစိုးရ၊ ပညာရှင်၊ လုပ်ငန်းရှင်နဲ့ ပြည်သူလူထု ဆိုတဲ့ လေးပွင့်ဆိုင် ယန္တရားတွေက တက်ညီလက်ညီနဲ့ ပညာရပ်ဆိုင်ရာ သုတေသန တွေကို အခြေခံတဲ့ Responsible Tourism Policy တစ်ခုကို ပုံဖော်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ရေရှည်တည်တံ့ပြီး ကမ္ဘာ့အဆင့်မီ ဂုဏ်သိက္ခာရှိတဲ့ လမ်းကြောင်းကို ရောက်လာနိုင်လိမ့်မယ်။
ခရီးသွားလုပ်ငန်းဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဝင်ငွေ တိုးတက်စေတဲ့ ကဏ္ဍတစ်ခုဖြစ်သလို နိုင်ငံရဲ့ အမျိုးသားပုံရိပ် (National Image)၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ လူမှုအသိုက်အဝန်းတန်ဖိုး တွေကို နိုင်ငံတကာရောက်အောင် ချပြပေးနိုင်စွမ်းရှိတဲ့နနိုင်ငံတကာဆက်ဆံရေးကဏ္ဍတစ်ခုလည်း ဖြစ်လို့ သိပ်အရေးကြီးတယ်။
ဆိုတော့....ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ ခရီးသွားဦးရေ တိုးပွားလာမှုကို အောင်မြင်မှုတစ်ခုလို့ မတိုင်းတာသင့်ဘဲ ခရီးသွား တွေရဲ့အတွေ့အကြုံ၊ အရည်အသွေး၊ ဒေသခံ တွေရဲ့ အကျိုးခံစားခွင့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့ရေးအတွက်ပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။
ဒီဘက်ခေတ်မှာ ပိုအရေးကြီးလာတဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးချနိုင်မှုတွေ၊ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုစနစ်တွေ၊ လုံခြုံရေးနဲ့ ခရီးသွားယုံကြည်မှု တည်ဆောက်ရေး တွေကို အရေးပေးဆောင်ရွက်နိုင်မှပဲ ခရီးသွား ကဏ္ဍက အောင်မြင် လာမယ့် သဘောရှိတယ်။

👍260❤45🥴3🥰2👎1
◾ Myanmar Now က စစ်တပ်ထိန်းချုပ်တဲ့ လွှတ်တော်အမတ်တွေအတွက် လစာ သိန်း ၁ သောင်းလောက် ကုန်နိုင်တယ်ဆိုပြီး အစဖော်လာတော့လည်း လွန်လေပြီးသော အတိတ်မှာ NLD အစိုးရ တာဝန်ယူကာလတုန်းက စာရင်းအင်းတွေ ပြန်သတိရမိတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရမည်းသင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းတော့…NLD ပါတီနိုင်ရင် အဂတိကင်းတဲ့ အစိုးရ ဖြစ်အောင် လုပ်ပြမယ်ဆိုပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ တာလေး ပြန်သတိရမိတယ်။
-----
◾ NLD လက်ထက်မှာ အဂတိကင်းစင်သလား၊ မကင်းစင်သလားဆိုတာ အဲ့ဒီခေတ်က အချက်အလက်တွေကို ပြန်ချိန်ထိုးစဉ်းစားကြည့်ပေါ့။ ဥပမာဆိုပါစို့… အဲကွန်း ၂ ကောင်အား တစ်လုံး တန်ဖိုး ၈ သိန်းလောက်ပေါက်ချိန်မှာ ၂၅၇ သိန်း၊ တီဗီတစ်လုံးကို သိန်း ၁၀၀၊ အမှိုက်လှဲ ကား တစ်စီးကို သိန်း ၂၀၀၀၊ ပလပ်စတစ်ထိုင်ခုံတစ်လုံးအတွက် ၇ သောင်း၊ တိုင်းဒေသကြီး ရန်ပုံငွေ သန်း ၉၀၀ ကို စာရင်းစစ်မခံနိုင်ဘူး။ သိန်း ၅၆၀ တန် အမှိုက်သိမ်းကားက သိန်း ၁၅၆၀ ဖြစ်၊ ကိုးကင်းတန်ချိန် နှစ်တန်ကျော် ဖမ်းမိပေမယ့် နောက်တစ်နေ့ သကြားဖြစ်သွားတဲ့ ကိစ္စတွေ။ သိန်း နှစ်ရာကျော်တန် လူကူးတံတားက သိန်း ၄၀၀၀ စာရင်းပြ၊ ဆီဘောက်ဆာကားကနေ ရေကားဖြစ်သွားတဲ့ အမှုတွေ၊ ဆင်ဆာမီးပွိုင့်တစ်လုံး ကို သိန်းတစ်ထောင်ပြပြီး မီးပွိုင့် ၁၁ ခုအတွက် သိန်း ၁၁၀၀၀ စုန်းစုန်းမြုပ်သွားတဲ့ ကိစ္စတွေ၊ ရန်ကုန်တိုင်းအတွက် ကောင်းကင်ဓာတ်ပုံရိုက်ခ သိန်းပေါင်း တစ်သောင်းခွဲ၊ ရန်ကုန်တိုင်းအတွက်ပဲ ရေတွင်း ၂၇ တွင်းစာအတွက် သိန်းပေါင်း ၄၀၅၀ ၊ မင်္ဂလာဈေး ပြန်ဆောက်ဖို့ အရည်အသွေးစစ်ခက သိန်း ၆ သောင်း ၆ ထောင်၊ ဖြိုးမင်းသိန်း ဝယ်ပြီး အမှိုက်ပုံထဲမှာ ပြစ်ထားတဲ့ ကျောင်းကား YBS က အစီးရေ ၁၀၀၀။ လက်သည် မပေါ်တဲ့ ဘဏ်ချေးငွေ ၅ ဘီလီယံ။ မအောင်မြင်တဲ့ ညဈေးစီမံချက်။ လွှတ်တော် ဆေးသုတ်ခက လွှတ်တော်ဆောက်စရိတ်ထက် ပိုများနေတဲ့ ဖြစ်ရပ်တွေ။ လေယာဉ်ကွင်း ခြုံရှင်းတာကို တင်ဒါမခေါ်ဘဲ သိန်း ၄၀၀၀ ခိုးလိုက်တဲ့ လဲ့လဲ့မော်ရဲ့ အမှု၊ ဝင်းထိန်သမီး မင်္ဂလာဆောင်ကို လက်ဖွဲ့ဖို့ ပြည်နယ်အစိုးရရန်ပုံငွေထဲက အဂတိ ကျူးလွန်ခဲ့တဲ့ အယ်ဖောင်ရှိုး။ ရေးရင် မဆုံးနိုင်တဲ့ အဂတိမှုတွေ NLD လက်ထက်မှာ တသီကြီး။
----------
◾ နောက်ဆုံး…ကုန်ကုန်ပြောရရင်…၂၀၁၀ မှာ တပ်မတော်ကနေ ယူနီဖောင်းချွတ်ပြီး အစိုးရ တက်လုပ်ချိန်တုန်းကတောင် လွှတ်တော်နဲ့ အစိုးရ က တပါတီတည်းဖြစ်ပေမယ့် လွှတ်တော်အခင်းအကျင်းပီပီသသရှိသေးတယ်။ ဒေါ်စုလက်ထက်တုန်းက…လွှတ်တော် မှာ တင်ပြရမယ့် အဆိုကို ပါတီရုံးချုပ်မှာ အရင်ဖတ်ပြပြီးမှ ခေါင်းညိတ်၊ ခေါင်းခါ လုပ်ခဲ့ကြ ရတာကို မသိကြတာလည်းမဟုတ်။ ဒါတောင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဖြစ်ရင် လစာရဲ့ ၂၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လစာရဲ့ ၂၀ ရာခိုင်နှုန်းကို ပါတီရဲ့ တချက်လွှတ်အမိန့်နဲ့ ဒီမိုကရေစီနည်းလမ်းမကျ ရန်ပုံငွေဆိုပြီး ကောက်ခဲ့တာတွေ ရော…ဘာပြောကြဦးမလဲ။
------
◾ ၃ တန်းတောင်မအောင်တဲ့ လွှတ်တော်အမတ်တွေ၊ ကျိုက်ထီးရိုးက သေနတ်တွေ ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့တာလို့ပြောတဲ့ ဝန်ကြီးချုပ်တွေ။ အစိုးရ ရက်(၁၀၀)မှာ ယောင် နနနဲ့ စက်ဘီးစီးပြသလိုလို၊ အမှိုက်ကောက်ပြသလိုလို ဖြစ်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံတော်ရဲ့စီးပွားရေးအဆင့်ကိုတောင် မူဝါဒ မချနိုင်လို့ ရှောင်တာနယ်ကို ခေါ်ပြီး အကြံ ပေးခန့်ရတဲ့ အခြေအနေတွေ။ တခြားသူကို အာဏာရှင်လို့ ပြောပြီး ကိုယ်တိုင်ကြတော့ ဝန်ကြီးဌာန ၄ ခုလောက် ယူခဲ့ရတဲ့ ဖြစ်ရပ်တွေ။ ဒီလိုအခင်းအကျင်းကို ကပေါက်တီး ကပေါက်ခြာ ၅ နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတာထက်စာရင်…ခုအခင်းအကျင်းက အများကြီး သာနေပါ သေးတယ်လေ။

👍447❤89🥴10😍4👎2🥰2👏1
“တရားသိလျက် အကျင့်ခက်” ဆိုတာ....
သိတော့ သိတယ်၊သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ မလွယ်ကူဘူးတဲ့...
သိတယ်ဆိုတဲ့နေရာမှာ သင်ထားလို့သိတဲ့ အသိက တစ်မျိုးပေါ့ လက်တွေ့ကျင့်သုံးပြီး သိတဲ့အသိက တစ်မျိုးဖြစ် တယ်။
အဲဒီ(၂)မျိုးထဲမှာ သင်ထားလို့သိတဲ့ အသိကလက် တွေ့ကျင့်သုံးပြီးတော့ သိတဲ့ အသိလောက် ခိုင် မာမှု၊ရင့်ကျက်မှု မရှိဘူးတဲ့။
ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့မကျင့် နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့အကြောင်း
ဖြစ်တဲ့ လောဘ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ
တွေလွှမ်းမိုးမှုက အင်မတန်မှ အား ကောင်းပြီး တော့အသိဉာဏ်က အားပျော့ သေးသိမ်နေလို့ပဲ ဖြစ်တယ်။
အကယ်၍သာ အသိဉာဏ်က လွှမ်းမိုးသွားမယ် ဆိုရင် လောဘ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ တွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့် ခက်စရာ မရှိတော့ဘူးတဲ့။
သိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နေမှာ ဖြစ်ပါတယ် ဒါကြောင့် ဘုန်းကြီးတို့တစ်တွေ သတိထားဖို့ရာ က ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့
အခါမှာ သိအောင် သင်ယူကြရမှာက နံပါတ်တစ်
အရေးကြီးဆုံး ဖြစ်တယ်။
မြတ်စွာဘုရားကလည်း သာသနာတော် မြတ်ကြီး ကို"ပရိယတ္တိသာသနာ"လို့ နံပါတ်တစ် ဟောထား တယ်။
“ပရိယတ္တိဆိုတာသင်ယူခြင်း”လို့ အဓိပ္ပါယ် ရ တယ်။
မသင်ယူဘဲနဲ့ မည်သူတစ်ဦးတစ်ယောက်မျှ တရား ဓမ္မ ကိုသိတယ်ဆိုတာ မရှိဘူး။
တရားနာတာဟာ သင်နေတာပဲ။
နားနဲ့ကြားနာနေတာဟာ သင်ယူခြင်းပဲ၊သင်ယူပြီး
တဲ့နောက်မှာလက်တွေ့ကျင့်သုံးမှုဆိုတာနောက်က
လိုက်ရတယ်။
မြတ်စွာဘုရား ဟောကြားခဲ့တဲ့တရားတော် တွေ ဆိုပါစို့ ဘုရားအဆူဆူရဲ့ အဆုံးအမဩဝါဒ။
“သဗဗှပါပဿ အကရဏံ” တဲ့။
“ယုတ်မာညစ်ကျ အကုသိုလ်အမှုမှန်သမျှမလုပ်နဲ့” တဲ့။ဒါကဘုရားဟောတာ။
ဘုန်းကြီးတို့တစ်တွေက အဲဒါကိုသင်ရမယ်။ ယုတ် မာ ညစ်ကျ၊အကုသိုလ် အမှု မှန်သမျှ မလုပ်နဲ့ ဆို တာ ကို သင်ယူပြီးတဲ့နောက်မှာ အကုသိုလ် ဆို တာ မလုပ်ရဘူးဆိုတာကို သိတဲ့ အသိကလေး ကိုယ့်သန္တာန်မှာ ရှိလာတယ်။
ရှိလာတဲ့အတိုင်း အကုသိုလ်ကို ရှောင်ရမယ်။
မရှောင်ဘူးဆိုရင် တရားသိလျက် အကျင့်ခက် ဖြစ်သွားပြီ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ 🙏🙏🙏

🙏271❤31👍1
◾ မနေ့က ဖွင့်လှစ်ခဲ့တဲ့ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre)အဖြစ်နဲ့ ပြောင်းလဲနိုင်ခဲ့တာက သမိုင်းအမွေအနှစ်ကို ချစ်မြတ်နိုးသူတွေ အတွက်တော့…တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုမှတ်တိုင်လို့ ပြောလို့ရမလား ပဲ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထက် ၁၈/၁၉ နှစ်လောက်စောပြီး ၁၉၂၀/၂၃မှာ ဒီဝဇီရာ ရုပ်ရှင်ရုံကို ဆောက်ခဲ့ကြသလို…စပြီး ဆောက်ခဲ့ကြချိန်တုန်းက ပေးခဲ့တဲ့နာမည်က Excelsior လို့ လည်း သိရတယ်။
-----
ဆောက်တဲ့ ဗိသုကာလက်ရာကိုကြည့်ရင်လည်း Beaux-Arts ဆိုတဲ့ ပြင်သစ် ဗိသုကာပုံစံ၊ (Iconic ပုံစံ)ဖြစ်တဲ့ ကျောက်တိုင်ကြီးတွေထောင်ပြီး မြန်မာ အင်္ဂတေ ပန်းတော့ လက်ရာတွေနဲ့ ခမ်းခမ်းနားနား တည်ဆောက်ထားတာမြင်ရလိမ့်မယ်။ ဒီပုံစံမျိုးက ထိုင်းမှာလည်း Ananta Samakhom Throne Hall အဆောက်အဦမှာ မြင်ရ တယ်။ နှစ်ခုလုံးက ဥရောပ ဗိသုကာလက်ရာကို အာရှမှာ ခေတ်ပြိုင်အနေအထား ဆောက်ခဲ့ကြပုံရတယ်။ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိတဲ့ ဒီလက်ရာက အဲ့ဒီခေတ် ကာလမှာ ဘယ်လောက်တောင် ခမ်းနားနေမလဲဆိုတာ တွေးကြည့်လို့တောင်ရမလားပဲ။
-----
◾ သမိုင်းမှတ်တမ်းအရတော့…ဂျပန်ခေတ်မှာ ရန်ကုန်ရုပ်ရှင်ရုံ ဆိုပြီး နာမည်ပြောင်းခဲ့ တာ တွေ့ရသလို နောက်ပိုင်း..စစ်ပြီးခေတ်မှာ အေဝမ်း၊ ၁၉၆၈ လောက်မှာ ဝဇီရာဆိုပြီး နာမည်ပြောင်း ခဲ့တယ်။ ၁၉၈၅ မှာ ဇာတ်သဘင်အနေနဲ့ အသုံးပြုခဲ့သလို ၁၉၉၉ ခုနှစ် အရောက်မှာ ပြန်ကြားရေးကနေ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို ငှားရမ်းခဲ့တာ လို့ ဆိုတယ်။ ၂၀၁၀ အရောက်မှာ ဓာတ်ပုံဆရာ Philip Jablon နဲ့ ရန်ကုန်ရှေးဟောင်းအမွေ အနှစ်အဖွဲ့တွေက ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ စတင်ပြုပြင်မွမ်းမံခဲ့ပြီး အပြီးသတ် အနေအထားကတော့…မနေ့က သမ္မတကြီးကိုယ်တိုင်ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။
-----
◾ ဝဇီရာက ရုပ်ရှင်ရုံတစ်ခုထက်ပိုတယ်ဆိုတာက…သမိုင်းဝင်ယဉ်ကျေးမှု အဆောက် အအုံတစ်ခုဖြစ်တယ်။ နှစ်ပေါင်း ၁၀၃ နှစ်ကြာ သက်တမ်းရှိတဲ့ အဆောက်အအုံကို ထိန်းသိမ်းနိုင်ခဲ့တယ်။ ရုပ်ရှင်ရုံတင်မဟုတ်ဘဲ ဇာတ်သဘင်၊ ရုပ်သေးတွေလည်း အပတ်စဉ် ပြသမယ်လို့ ကြေညာထားတယ်။ ဆိုတော့…မြန်မာနိုင်ငံကို ခရီးသွားတွေအတွက် ရုပ်သေး ပြဖို့အတွက်ဆို…ဝဇီရာကို ခေါ်ပြလို့ ရတဲ့ အနေအထားဖြစ်သွားတယ်။ နိုင်ငံခြားမှာ ဆိုရင်… ဧည့်သည်တွေကို အော်ပရာတွေ လိုက်ပြသလို အနေအထားအထိ အဆင့်အတန်း ရှိလာနိုင်တော့မယ်။ ဘာပဲဖြစ်ဖြစ်…ကိုလိုနီခေတ်ရဲ့ ဇာတ်သဘင် အနေအထားကနေ ရွှေခေတ်မြန်မာရုပ်ရှင်တွေရဲ့ ဗဟိုချက်၊ ဒီကနေ့မှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြသ နိုင်မယ့် အခင်းအကျင်းမျိုးအထိရောက်အောင် ဖော်ထုတ်နိုင်ခဲ့တာက…နိုင်ငံပုံရိပ် အတွက်တော့ အကောင်းဘက်ရှိစေခဲ့တယ်လို့ မြင်တယ်။
-----
◾ ကားပိတ်တာပဲ သတင်းလုပ်ရေးမနေနဲ့မောင်တို့။ ဒီလို သမိုင်းတွေလည်း နောက်ကွယ် မှာ ရှိနေသေးတယ်ဆိုတာ သိဖို့လိုတယ်။
(နရီမိုး)
ဒုတိယပုံကတော့...ထိုင်းဘုရင် King Chulalongkorn လက်ထက် ၁၉၀၈ ခုနှစ်မှာ ဆောက်ခဲ့တဲ့ တော်ဝင်ဧည့်ခန်းဆောင်

❤126👍113👎1🥰1
◾ မနေ့တုန်းက သမ္မတကြီး သွားခဲ့တဲ့ မြန်မာအာကာသ အေဂျေစီရဲ့ တည်ဆောက်ပြီးခဲ့တဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ MOCC က စိတ်ဝင်စားစရာကောင်းတယ်။ ဒီလိုဖြစ်လာဖို့အတွက် ရှေ့မှာ သမ္မတကြီးအနေနဲ့ ရုရှားနဲ့ရော၊ တရုတ်နဲ့ပါ ပူးပေါင်း နားလည်မှု စာချုပ်တွေ ချုပ်ထားနိုင်ခဲ့တယ်။ ဒီစခန်းရဲ့ အဓိက ပင်မအလုပ်က မြေပြင် စောင့်ကြည့်မယ်။ 3D မြေပုံထုတ်မယ်။ သဘောဝ ဘေးအန္တရာယ်တွေကို ကြိုတင်ကာ ကွယ်နိုင်ဖို့ စောင့်ကြည့်မယ်။ စိုက်ပျိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်တွေမှာ Earth Remote Sensing နည်းပညာကို အဓိက သုံးသွားမယ်လို့ ယူဆရတယ်။
----
◾ရိုးရိုးရှင်းရှင်းပြောရရင်…ကိုယ်ပိုင်ဂြိုဟ်တုတွေ ရှိလာတဲ့အခါ…မောင်းနှင်မယ်၊ ထိန်းချုပ် မယ်။ အမိန့်နဲ့ ဒေတာတွေ လက်ခံပေးပို့ဖြန့်ဝေ တာတွေ အဓိက လုပ်ပေးမယ့် အမိန့်ပေးစင်တာတစ်ခုဖြစ်တယ်ပေါ့။သဘောကတော့ ဂြိုဟ်တုကို မြေပြင်ကနေ ထိန်းချုပ် မယ့် အဓိက စင်တာတစ်ခုက အစိုးရ ရက်(၁၀၀) အတွင်းမှာ အကောင် အထည်ဖော်နိုင်ခဲ့ပြီလို့ ပြောရမယ်။ ဒါက မြန်မာနိုင်ငံအတွက် ခြေလှမ်းအစပဲ။ စဉ်ဆက် မပြတ် လုပ်သွားနိုင်ဖို့ အခြေခံ ဖောင်ဒေးရှင်းကောင်းတစ်ခုကို အစိုးရသစ်လက်ထက်မှာ အုတ်မြစ်ချနိုင်ခဲ့ပြီလို့ ပြောလို့ရသွားပြီ။
-----
◾ တကယ်တော့ နိုင်ငံတော်ရဲ့ အာဏာဆိုတာ အနာဂတ်မှာ AI ၊ အာကာသ၊ ဆိုက်ဘာနဲ့ Big Data တွေမှာ အခြေခံသွားမယ့် သဘောရှိတယ်။ အမျိုးသားလုံခြုံရေးဆိုတဲ့ ရှုထောင့်က ကြည့်ရင်…ဂြိုဟ်တုထောက်လှမ်းရေးစနစ်တွေကလည်း မရှိမဖြစ် အရေး ကြီးလာတယ်။ ဒီကနေ့ အီရန် စစ်ပွဲမှာ အီရန်ဘက်က ပစ်နိုင်တဲ့ ပစ်မှတ်ဒေတာတွေ က ဒီဂြိုဟ်တုကနေပဲ ရတာပဲ။
----
◾ နောက်… Remote Sensing နည်းပညာက စိုက်ပျိုးရေး၊ သတ္တု၊ သစ်တောနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကိုပါ တိုက်ဖျက်နိုင်ဖို့ အကူအညီပေးနိုင်တော့ မယ်။ ဂြိုဟ်တုကပေးပို့တဲ့ ဓာတ်ပုံတွေကိုကြည့်ရင်းနဲ့လည်း မြို့ပြတည်ဆောက်ရေးမှာပါ တစ်ဖက်တစ်လမ်းက အသုံးဝင်လာတော့မယ်။ ပညာရေးနယ်ပယ်ဖက်ကြည့်ရင်လည်း အင်ဂျင်နီယာဘာသာရပ်တွေ၊ ရူပဗေဒ၊ AI ၊ Data Sciences နဲ့ Space Sciences ဆိုတဲ့ ဘာသာရပ်တွေအထိ နယ်ပယ်ထပ်ချဲ့နိုင်တာမျိုး ဖြစ်လာပြန်တယ်။
------
◾ တကယ်တော့ အာကာသ နယ်ပယ်ဆိုတာ ဒေသတွင်းနိုင်ငံတွေကလည်း ကြိုးစားနေကြတဲ့ အခြေအနေတစ်ခုပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ဆိုတာက အကျိုးသင့်၊ အကြောင်းသင့် တိုက်ဆိုင်ဖို့လည်း လိုအပ်သလို၊ အစိုးရ ၊ တနည်းအားဖြင့် နိုင်ငံ့ ခေါင်းဆောင်ကိုယ်တိုင် အားကြိုးမာန်တက် အကောင်အထည်ဖော်မှ ဖြစ်မယ့် ကိစ္စမျိုး လည်း ဖြစ်တာမို့…ဒီလို ပေါ်ပေါက်လာတာက မြန်မာနိုင်ငံအတွက်တော့ သိပ်ကောင်းတဲ့ လက္ခဏာပဲလို့ သုံးသပ် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အာကာသအတွက် တခေတ်ဆန်း စေတဲ့ ချီးမြှင့်မြှောက်စားမှု၊ တနည်းအားဖြင့် အနာဂတ်ခြေလှမ်းသစ်အတွက် သမိုင်းမော် ကွန်းရေး ထိုးပြီလို့ပဲ ယူဆချင်တယ်။

👍227❤60🥰4👎1
❝အနာဂတ်မျိုးစေ့လေးတွေ❞
=========
◾ မနေ့က မြန်မာအာကာသအေဂျင်စီမှာ သမ္မတကြီးက မြန်မာ့အာကာသမှူးတွေ ဖြစ်လာမယ့် အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို တွေ့ဆုံပြီး ဩဝါဒ မှာကြားတာ မြင်လိုက်ရတယ်။ သူတို့တွေက ဘယ်အချိန်မှာ အာကာသ ယာဉ်မှူးတွေ ဖြစ်လာ မလဲဆိုတာ သေချာမပြောနိုင်သေးပေမယ့် မြန်မာနိုင်ငံအတွက်တော့…သမ္မတကြီး လက်ထက်မှာ မျိုးစေ့စပြီး ပျိုးလိုက်ပြီလို့ ပြောလို့ရတယ်။ ဒီကလေးတွေက နောင် ၁၅-၂၀ အတွင်းမှာ မြန်မာအာကာသအတွက် တန်ဖိုးရှိတဲ့ Pioneer တွေဖြစ်လာလိမ့်မယ်လို့လည်း ပြောလို့ရပြီ။
-----
◾ ဒါနဲ့ပတ်သက်ပြီး ရုရှားမှာ နာမည်သိပ်ကြီးတဲ့ Мы не можем жить без космоса (We Can’t Live Without Cosmos ) ဆိုတဲ့ Short Filim လေးကို ပြန်ပြီး သတိရမိစေတယ်။ အဲ့ဒီကာတွန်းလေးမှာ အာကာသယာဉ်မှူး သိပ်ကို ဖြစ်ချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ Belka and Strelka တို့ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ဖန်တီးထားတယ်။ တကယ်တော့…အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ဆိုတာ…လေ့ကျင့်ရေးတွေ ပြင်းထန်သလို၊ ကျန်းမာရေးကအစ ဒေါင်ဒေါင်မြည်ဖြစ်ဖို့ အရေးကြီးတယ်။ အာကာသမှာ လိုက်လျောညီထွေ နေတတ်ဖို့ကအစ၊ အစစအရာရာအတွက် လေ့ကျင့်ပေးရတာဖြစ်လို့ တိုင်းပြည်အတွက်လည်း အရင်းအနှီးများတယ်။
------
◾ ဘာပဲဖြစ်ဖြစ်…အစိုးရသစ်လက်ထက်မှာ မြန်မာ့အာကာသယာဉ်မှူးတွေ ဖြစ်လာစေဖို့ အတွက် မျိုးစေ့တွေ အများကြီးတော့ ပျိုးခဲ့လိုက်ပြီ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှု၊ မြန်မာ့ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးမှုတွေကြားမှာ… နောင်တချိန်…အာကာသမှာ မြန်မာနိုင်ငံသား လိုက်ပါနိုင်ခဲ့တဲ့ သမိုင်းသစ် မထိုးနိုင်ဘူး လို့ ဘယ်သူပြောနိုင်မလဲ။

❤122👍112🥰5👎1🥴1
◾ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအရေးကို အဖြေရှာတဲ့ နေရာမှာ…တစ်ချို့ကိစ္စတွေမှာ ရန်၊ငါ စည်း ပြတ်ပြတ်သားသားနဲ့ ချေမှုန်းမှ ရတော့မယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ …မနေ့က မြဝတီမြို့နယ်ထဲက အွန်လိုင်းလိမ်လည်မှု ဖမ်းဆီးရမိခဲ့တဲ့ သတင်းမှာ ကျူးလွန်သူ ၇၇၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို…ဒီလုပ်ငန်းကို အကာအကွယ်ပေးနေခဲ့တဲ့ KNLA/PDF တွေနဲ့လည်း တပ်မတော်ကထိတွေ့ မှု ဖြစ်ခဲ့တာ တွေ့ရတယ်။ ကော်သူလေး နိုင်ငံ ထူထောင်ဖို့ဆိုပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေပါးစပ်မှာ ပြောနေပေမယ့် လက်တွေ့မှာ…ဒီလိုငွေရလမ်းပေါက်တွေကပဲ တရားမဝင် ပိုက်ဆံရှာနေကြတာလည်း မြင်ရတယ်။ လက်ရှိ KNU ဆိုရင်… ဒီကျားဖြန့်လုပ်ငန်းတွေလုပ်နိုင်ဖို့ တရားဝင် စာချုပ် ချုပ်ထားတဲ့ ကိစ္စတွေလည်း တစ်နိုင်ငံလုံး သိနေတဲ့ ကိစ္စပဲ။
---------
◾ မူးယစ်ဆေးဝါးလုပ်ငန်းပဲဖြစ်ဖြစ်၊ အွန်လိုင်းကျားဖြန့် လုပ်ငန်းတွေပဲဖြစ်ဖြစ်… ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို…လက်ရှိ ဥပဒေ ပြဌာန်းဖို့ မူကြမ်းအဖြစ် တင်သွင်းထားတဲ့ ဥပဒေနဲ့ ပြတ်ပြတ်သားသား တိုက်ဖျက်ဖို့ လိုလာပြီလို့လည်း မြင်မိတယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးတယ်။ မူးယစ်ဆေးဝါးချက်လုပ် တယ်။ အွန်လိုင်းကျားဖြန့်တွေဆိုရင်လည်း မြဝတီနယ်စပ်မှာ ဒီလောက် တိုက်ဖျက်မှု လုပ်နေတာတောင်…လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အကာအကွယ်ပေးနေတာ တွေ့ရ တယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ဖမ်းမိတဲ့ ကျားဖြန့်စခန်းတွေဆိုတာကလည်း EAO တွေ မသိဘဲ ဝင်လာနိုင်စရာ အကြောင်းမရှိတဲ့ ဒေသတွေလို့ ပြောလို့ရတယ်။ ဒီလက်နက်ကိုင် အစုအဖွဲ့အတွက် ကြီးပွားရေးလုပ်ငန်းဆိုပေမယ့်…နိုင်ငံအတွက်တော့ ရှက်စရာဖြစ်ရ တယ်။ တိုင်းပြည်စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက ထိခိုက်ရတယ်။ ဒီစခန်းတွေ၊ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့ရာအတွက်လည်း တပ်မတော်သားတွေက အသက်နဲ့ရင်းပြီး နယ်မြေရှင်းရတယ်။
-------
◾ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး မူးယစ်ဆေးဝါးတွေ စိုက်ကြတယ်။ အွန်လိုင်း ကျားဖြန့် တွေမှာ ပါဝင်ကြတယ်။ အချိန်တန်လို့ အခြေအနေမဟန်တော့ရင်…ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကို ပြေးဝင်ကြတယ်။ အနာဂတ်မျိုးဆက်အတွက်…တစ်ချို့ကိစ္စတွေမှာ ရန်/ငါ စည်း ပြတ်မှ ရတော့မယ်လို့လည်း မြင်မိတယ်။ အွန်လိုင်းကျားဖြန့်နဲ့ မူးယစ်ဆေးမှာ ပါဝင်ပတ်သက်နေတဲ့အထောက်အထားရှိရင်…အပြီးတိုင် ချေမှုန်းလိုက်တာ ပိုကောင်း တယ်။

👍215❤39👏10👎1