နရီမိုး
36.9K subscribers
2.82K photos
109 videos
72 links
Download Telegram
"ရန်သူမရှိ"
မေတ္တာဆိုတာ "အဝေရ" ရန်မရှိဘူးတဲ့..
ဒီနေရာမှာကိုယ်က မေတ္တာပို့ပေမယ့် ရန်လုပ်ချင်တဲ့သူမရှိဘူးလား မေးစရာရှိတယ်။
မြတ်စွာဘုရားဟာ မေတ္တာရှင်ပဲ၊ ဒါပေမယ့် ဒေဝဒတ်က ရန်လုပ်တာရှိတာပေါ့။

"ဝေရ"
ရန်ဆိုတဲ့နေရာမှာ ပုဂ္ဂလဝေရနဲ့ အကုသလဝေရဆိုပြီး ရန်နှစ်မျိုးရှိတယ်..ပုဂ္ဂလဝေရဆိုတာ...ပုဂ္ဂိုလ်ရန်သူ၊ အကုသလဝေရဆိုတာ ကိုယ့်စိတ်ထဲဖြစ်တဲ့ အကုသိုလ်ရန်သူ။
ဒီနေရာမှာ အဓိကအားဖြင့် ဒေါသဆိုတဲ့ အကုသိုလ်ရန် မရှိဘူးလို့ပြောတာ။

"ဗုဒ္ဓဘုရားမြွက်ကြား စကားပြောနည်း"
၁။ ကာလေန ဝက္ခာမိ၊ နောအကာလေန။
ပြောသင့်တဲ့အချိန်မှာပြောမယ်။
မပြောသင့်တဲ့အချိန် မပြောဘူး။

၂။ ဘူတေန ဝက္ခာမိ၊ နော ဖရုသေန။
ဟုတ်မှန်ရာကိုသာ ပြောမယ်။
မဟုတ်မမှန်တာ မပြောဘူး။

၃။ သဏှေန ဝက္ခာမိ၊ နော ဖရုသေန။
သိမ်သိမ်မွေ့မွေ့ပဲ ပြောမယ်။
ကြမ်းကြမ်းတမ်းမပြောဘူး။

၄။ အတ္တသံဟိတေန ဝက္ခာမိ၊ နော အနတ္တသံဟိတေန။
အကျိုးရှိတဲ့စကားကိုသာပြောမယ်။
အကျိုးမဲ့တွေငါမပြောဘူး။

၅။ မေတ္တစိတော ပဝက္ခာမိ၊ နော ဒေါသန္တရော။
မေတ္တာစိတ်နဲ့ ပြောမယ်။
ဒေါသစိတ်နဲ့မပြောဘူး။

"ကြုံလာတဲ့စကားမုန်တိုင်းကို ရင်ဆိုင်နည်း"
၁။ အပြောဆိုခံခဲ့ရချိန် ငါ့ရဲ့မူလစိတ်လေး အပြောင်းအလဲ မဖြစ်စေရဘူး။ ဒေါသမဖြစ်စေရဘူး။

၂။ မကြားဝံ့မနာသာ စကားတွေ ငါ့ပါးစပ်က မထွက်စေရဘူး။

၃။ ပြောလာတဲ့သူအပေါ် အကျိုးလိုလားစိတ်ရအောင် ငါပြုစုပျိုးထောင်မယ်။ ကြိုးစားမယ်။

၄။ အဲ့ဒီပုဂ္ဂိုလ်ကို မေတ္တာရဲ့ အာရုံအနေထားပြီး မေတ္တာပွားမယ်။

၅။ ထိုမေတ္တာဘာဝနာကို အကြောင်းပြုပြီးတော့ မေတ္တာခိုင်အောင် သတ္တဝါအားလုံးအပေါ်မှာ မေတ္တာတိုးချဲ့ ပွားများမယ်။

အဲ့ဒီငါးချက်လုံး ပေါက်သွားတဲ့သူဟာ ဘယ်လိုစကားတွေပဲလာလာ မတုန်လှုပ်တော့ဘူး။



ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏398👍4937
၁၀၂၇ နောက်ဆက်တွဲ ပုံစံနဲ့ တပ်က စစ်ဘောင်ကျယ်နေတာကို KIA က အခွင့်ကောင်းယူခဲ့တယ်။ ဗန်းမော်နဲ့ မြစ်ကြီးနားလမ်းပေါ်က တပ်စခန်းတွေကို သိမ်းနိုင်ခဲ့သလို ထီးချိုင့်-ကသာ၊ မဘိမ်း-မံစီဆိုတဲ့ ဧရာဝတီ အနောက်ဘက်တကြောလုံးပါတဲ့ ဒေသကိုလည်း တပ်မဟာ အသစ်တခု ဖွဲ့ပြီး စစ်ကစားစေခဲ့တယ်။

ဒီကနေ့ သတင်းတွေမှာ မဘိမ်းမြို့အသံတွေ ခပ်စိပ်စိပ် ကြားလာရတယ်။ မဘိမ်းနဲ့ ပလောင် မန်တုံမြို့ကြားမှာ ရွှေလီမြစ်ပဲခြားတယ်။ ကြားထဲ လွတ်မြောက်နယ်မြေ ဖန်တီးနိုင်ဖို့ အခြေအနေတွေ အများကြီးရှိတယ်။

မဘိမ်းကို တပ်ကရရင် ကသာဘက်ကို ပူးပေါင်းနယ်မြေရှင်းမယ့် စစ်ကြောင်းနဲ့ မံစီကို ချိတ်နိုင်မယ့် စစ်ကြောင်းမျိုး ထွက်လာလိမ့်မယ်။ ဒီလမ်းကြောင်းကိုသာ ထပ်ရခဲ့ရင် နမ့်ခမ်းနဲ့ မူဆယ်ဘက်ကိုလည်း ထပ်ချိတ်နိုင်သွားမယ်။ သဘောက မူဆယ်နဲ့ ဗန်းမော် လမ်းကြောင်း ပွင့်ဖို့ ရာခိုင်နှုန်းများနိုင်ခြေ အများကြီးရှိတယ်။

မဘိမ်းကလည်း ဒီပုံစံအတိုင်းဆို အနှေးနဲ့အမြန်ပါပဲ။ ဗန်းမော်ကိုတောင် စစ်ကူမလောက်တော့လို့ အပြီးသတ် စစ်မကစားနိုင်တော့တဲ့ KIA အတွက် မဘိမ်းကို ထိန်းဖို့ဆိုတာ ဖြစ်နိုင်ချေ သိပ်မရှိဘူး။ မဘိမ်းဟာ ပြည်ထောင်စု အုပ်ချုပ်မှုအောက်ကိုရောက်ဖို့ သိပ်မကြာနိုင်လောက်တော့ဘူးလို့ပဲ သုံးသပ်တယ်။



(နရီမိုး)
👍577113👏33🥴4🥰3😎2👎1
"ယာဉ်အို/ယာဉ်ဟောင်းဖျက်သိမ်းပြီး EV တင်သွင်းခွင့်ပြုမည့် မူဝါဒအပေါ် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး လေ့လာသုံးသပ်အစီရင်ခံစာ"


ဆောင်းပါးအပြည့်အစုံကို Download လုပ်၍ ဖတ်ရှုနိုင်ပါသည်။


#MPAT Report
11-5-2026


https://t.me/myanmarpoliticalanalysisteam/88
👍18921🥰4🥴3👎1🤔1
"မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက်"

မြန်မာ့အရေးက အာဆီယံ အတွက် “ဖြေရှင်းရခက်နေတဲ့ ပြဿနာ” ဖြစ်နေတယ်ဆိုတာထက် ဒေသတွင်းနိုင်ငံတွေ ရဲ့အကျိုးစီးပွား၊ ပြင်ပ မဟာအင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာတွေနဲ့ ဒေသတွင်း သံတမန် ရေးရာချိန်ခွင်လျှာတွေ အပြိုင်အဆိုင် သက်ရောက်နေတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ပြဿနာ တစ်ခု အဖြစ် ပြောင်းလဲလာတယ်လို့ပြောတာကသာ ပိုပြီး မှန်ကန်တဲ့ သုံးသပ်ချက် ဖြစ်ပါလိမ့် မယ်။

(နရီမိုး)
👍40681👎2🥴2🤔1
နာရီပိုင်းလောက်ကလေး လမ်းပိတ်သွားတာ ဘာဖြစ်သွားလို့လဲ။

လမ်းပေါ်က ကြိုးတန်းမှာ ထမိန်တွေ လှမ်းခဲ့ကြတာမျိုး၊ ဆန်စေ့တွေ ‌ကြဲချပြီး ကောက်ခဲ့ကြတာမျိုး၊ စက်ပျက်ချင်ယောင်ဆောင်ပြီး ကားတွေနဲ့ လမ်းပိတ်ခဲ့ကြတာမျိုး ဒါတွေတောင် ကြုံခဲ့ပြီးကြပြီမဟုတ်ဘူးလား။


(နရီမိုး)
👍47060🥴5👎2😘1😎1
မနေ့က နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်မှာ ရည်ရွယ်ချက် အများကြီး ပါပါတယ်။

ပစ်မှတ် မက်ဆေ့ခ်ျတွေလည်း အများကြီးပါတာ တွေ့ရတယ်။

သေချာတာကတော့...နောက်ဆုံး အပိုဒ်က ဒီထုတ်ပြန်ချက်ရဲ့ အသက်ပါပဲ။

သံတမန်ရေးအရတော့ နူးညံ့သိမ်မွေ့မှုတွေ ရှိကောင်း ‌ရှိနေ‌နိုင်ပေမယ့် Strategy တွေတော့ ပြောင်းဖို့ ရာခိုင်နှုန်း များတယ်။ ပိုသေချာချင်ရင် ဒီ ၅ နှစ်အတွင်း အာဆီယံနဲ့ Trade လုပ်ခဲ့တာတွေ၊ အားသာချက်၊ အားနည်းချက် Compare လုပ်ကြည့်ပေါ့။ မြန်မာက ဘာတွေ၊ ဘယ်နိုင်ငံကို ပို့ကုန်ရှိသလဲ။ ဘယ်ကိစ္စတွေ သွင်းကုန်လုပ်နေရသလဲ။ လက်တမ်းတော့ မရဘူး။ ပေါ်လစီမှာ ဒီ Data တွေကိုင်ပြီး မူဝါဒ ချနိုင်ဖို့ အရေးကြီးတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခက တနှစ်အတွင်း ရအောင် ဖြေရှင်းကြည့်လိုက်ပါ။ ဒါကို နိုင်ငံရေး ရည်ရွယ်ချက်ထဲ Framework အဖြစ်ထည့်ပြီး တပ်မတော်နဲ့ အစိုးရ၊ လွှတ်တော်ပူးပေါင်းပြီး ဖြေရှင်းကြည့်ပါ။ ပဋိပက္ခကင်းရင်း ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တဲ့ အပိုင်းက အခွန်နှုန်း လျော့ချပေးရင် ပြေးလာမယ့် သူတွေချည်းပါပဲ။

ထားဝယ်ရယ်၊ CMEC ရယ်၊ အိန္ဒိယ ၇ ပြည်နယ်ရယ်...၊ ဗီယမ်နမ်အထိချိတ်ဆက်နိုင်တဲ့ မော်လမြိုင်-အိန္ဒုရယ် ....။ ကျန်တာ ခေါင်းထဲက ထုတ်ထားလို့တောင် ရလိမ့်မယ်။


(နရီမိုး)
👍554101👏24🥴5🙏3👎1
ရက် ၁၀၀ အတွင်း လုပ်လို့ရတာ အများကြီးလို့ မြင်တယ်။ စာမတတ်၊ ထောင်ထွက်တွေ ဝန်းရံခဲ့တဲ့ အစိုးရ လက်ထက်မှာတောင် မထသ ကနေ YBS ပြောင်းနိုင်ခဲ့သေးတာပဲ။ ဒီဂျစ်တယ်ဆို ဝန်ကြီးဌာနအဆင့်တောင် ဒီအစိုးရလက်ထက်မှာ ဖွဲ့စည်းလာခဲ့တာ။

နိုင်ငံတကာမှာ အတော်များများ Cash တောင် မကိုင်ကြတော့ဘူး။ ဒီနိုင်ငံကြမှ Kpay ထုတ်တာ ရာခိုင်နှုန်းပေးရတယ်။ အင်တာနက်မရတဲ့ နယ်ဆိုရင်လည်း ထားတော့။ ရန်ကုန်လို စီးပွားရေးမြို့တော်ကြီးက ဘာဖြစ်ဖြစ် Digital တော့ သွားနိုင်ဖို့ သင့်တာပေါ့။

YBS တွေ ကို အဆင့် ဘယ်လို မြင့်မလဲ။ YBS လမ်းကြောင်းတွေကို ဖုန်းပေါ်က Application နဲ့ ဘယ်လို ချိတ်ဆက်ကြမလဲ။ ထင်သာမြင်သာ ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လို လုပ်မလဲ။ သန့်ရှင်းသာယာရေး ဦးစားပေးမလား။ သယ်ယူပို့ဆောင်ရေး ကဏ္ဍ Upgrade မြင့်မလား။ လမ်းတံတားတွေ ပိုကောင်းအောင် အဆင့်မြှင့်ကြမလား။ ခိုးဆိုးလုယက်တွေများနေတာကို တရားဥပဒေအရ ကြပ်မတ်ပြကြမလား။

အများပြည်သူသွားလာလည်ပတ်ကြတဲ့ ပန်းခြံတွေကို လူစည်ကားအောင် ဘယ်လို အဆင့်မြှင့်ကြမလဲ။ ရေကန်ထဲက အမှိုက်တွေ ဆယ်တာလောက်၊ ထုံးသုတ်၊ ကာလာခြယ် အဆင့်လောက်ကတော့ စည်ပင်သာယာရေးလို့ မဆိုနိုင်သေးဘူးလားလို့ပဲ။ နိုင်ငံတကာမှာတော့ ပန်းခြံတွေမှာ ကလေး-လူကြီးကအစ ပျော်ပါးနိုင်အောင်၊ ကျန်းမာရေး ဆော့ကစားနိုင်အောင် စီစဉ်ပေးထားတတ်ကြတယ်။ ပိတ်ရက်တွေဆို Show ပွဲတွေနဲ့။ ဒါကို MSME နဲ့ ချိတ်နိုင်ရင် ပိုမကောင်းနိုင်ဘူးလား။

ဆိုပါစို့၊ ရန်ကုန်ဆို Public Transport အတွက် Bus ကားစနစ်၊ ပါကင်စနစ်ကျဖို့၊ QR pay၊ Public Service တွေ ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်သင့်တယ်။ Public Transport အားကောင်းစေဖို့နဲ့ အထောက်အကူပြုဖို့ အတွက်ဆို YBS Application နဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားရမယ်။ရန်ကုန်လိုမြို့ပြကြီးမှာ Smart Bus Stops တွေ ထွန်းကားဖို့ လိုတယ်။ Digital arrival board တွေ၊ CCTV
၊ QR ticket တွေ စသဖြင့် ရှိသင့်တယ်။ မြို့တော်တခုအတွက် သန့်ရှင်းသာယာ လှပရေးက အရေးကြီးတယ် ဆိုတာထက် သက်တောင့်သက်သာဖြစ်မှုနဲ့ လုံခြုံဘေးကင်းမှု ရှိဖို့လည်း အရေးကြီးတယ်။

ပန်းခြံတွေဆိုရင်လည်း ကလေးတွေ အတွက် play ground တွေ၊ ရေးပန်းဥယျာဉ်တွေ၊ လူငယ်တွေအတွက် music showတွေ၊ စကိတ်ကွင်းတွေ၊ လူကြီးတွေအတွက် လေ့ကျင့်ခန်းနေရာတွေ ...၊ MSME ဆိုရင်လည်း local products ထုတ်ကုန်တွေ၊ artist performance တွေ ၊ handmade products တွေ ဒါတွေ ထည့်သွင်းနိုင်မှပဲ လူစည်ကားပြီး ပြည့်စုံမှာပေါ့။

လူတွေက အစိုးရအပေါ် စံနှုန်း သတ်မှတ်တာက ည ၈ နာရီမှာပါတဲ့ သတင်းတွေ မဟုတ်ဘူး။ ဥပမာ ရန်ကုန်မှာ Bus app အသုံးပြုရတာ တွင်ကျယ်လာပြီ ဆိုပါစို့။
လမ်းမီး တွေ ကောင်းလာတာမျိုး၊ အမှိုက်ပုံ တွေလျော့သွားတာမျိုး၊ QR payment လွယ်လာတာမျိုး၊
ပန်းခြံ တွေထဲ လူစည်လာပြီး MSME ပါအထောက်အကူ ပြုတာမျိုး၊ ခိုးဆိုးလုယက်တွေ လျော့ပါးလာတာမျိုး ရှိလာရင် သေချာပေါက် အမှတ်ရမှာပါပဲ။ ခြုံပြောရရင်
" နေ့စဉ်ဘဝအရည်အသွေး” တိုးလာတာက
လူတွေ အစိုးရကို ယုံကြည်လာစေတဲ့ အဓိကအချက်ဖြစ်တယ်ဆိုတာ သတိပြုကြဖို့ လိုပါတယ်။


(နရီမိုး)
👍558116🥰16🥴2👎1🙏1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏42129👍10👏2
"ဘုန်းကြီးတို့ တစ်တွေ ဗုဒ္ဓဘာသာဖြစ်ရတာဟာ အလွန်ကံကောင်းတယ်။ ဘာဖြစ်လို့ ကံကောင်းသလဲလို့ဆိုရင် တရားက လွဲမှားတာမရှိလို့ ကံကောင်းတာ။

လုပ်တာ မလုပ်တာက ကိုယ့်တာဝန်နော်။ ဘုရားဟောတဲ့တရားဟာ လွဲမှားမှု လုံးဝမရှိဘူး။ ကိုယ်မလုပ်လို့ရှိရင် ကောင်းတာကို ကိုယ်မလုပ်ရင် ကိုယ်မရမှာပဲရှိတယ်။ ဆိုးတာတွေကို ကိုယ်မရှောင်လို့ရှိရင် ကိုယ်ပဲ ဒုက္ခရောက်မှာပဲ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောတယ် - 'သဗ္ဗပါပဿ အကရဏံ၊ ကုသလဿူပသမ္ပဒါ'။ အကုသိုလ်မှန်သမျှ မလုပ်နဲ့၊ ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံအောင်လုပ်။ တခြားဘာသာတွေနဲ့ လုံးဝမတူဘူး။ ဗုဒ္ဓဘာသာမှာ 'လုပ်သင့်တဲ့ အကုသိုလ်' ရယ်လို့မရှိဘူး၊ 'လုပ်ရမယ့် အကုသိုလ်' ဆိုတာမရှိဘူး။ မလုပ်ရဘူးပဲဟောတယ် အကုသိုလ်။ မလုပ်ရင် [မဖြစ်ဘူး]၊ လုပ်ရင် ဘာဖြစ်မလဲ? ဆိုးကျိုး။

အကုသိုလ်ရဲ့ သဘာဝကိုက 'သာဝဇ္ဇ ဒုက္ခဝိပါက'၊ အပြစ်ရှိတယ်၊ ဥပမာ - အဆိပ်။ အဆိပ်ဆိုတာ ဘယ်အဆိပ်ပဲဖြစ်ဖြစ်၊ ဆိုင်ယာနိုက်ဒ်တို့လို ပြင်းထန်တဲ့ အဆိပ်မျိုးမပြောနဲ့၊ အဆိပ်ဆိုတာ လူကို အကျိုးပေးထားတယ်လို့ လုံးဝမရှိဘူးနော်။

မြွေအဆိပ်ပဲဖြစ်ဖြစ် ဘာအဆိပ်ပဲဖြစ်ဖြစ်၊ အဆိပ်ဆိုရင် ဘာအဆိပ်ပဲဖြစ်ဖြစ် ခဲအဆိပ်ပဲဖြစ်ဖြစ်၊ အဆိပ်ဟာ လူရဲ့ သွေးသားထဲရောက်သွားရင် အကျိုးဆိုးကိုပဲ ပေးမှာပဲ။

အဲဒီလိုပဲ အကုသိုလ်ဟာ လူရဲ့ သန္တာန်မှာဖြစ်ရင် ဘယ်သူ့သန္တာန်မှာပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိ ဆိုးကျိုးကို ပေးမှာပဲ။ ဒီလိုဆိုတာပေါ့၊ သဘာဝကိုပဲ ဟောတယ်၊ ဆိုးကျိုးကိုပေးမှာပဲ။

ကောင်းမြတ်တဲ့အရာ၊ ခန္ဓာကိုယ်အကျိုးပြုတဲ့အရာ၊ ဥပမာ - လတ်ဆတ်တဲ့လေ (Fresh Air)။ လေကောင်းလေသန့်ကို ရှူရှိုက်တာ ကျန်းမာစေတယ်၊ ဘယ်သူရှူရှူ လေက မျက်နှာမလိုက်ဘူး၊ ကျန်းမာရေးကို တိုးတက်စေနိုင်တယ်။

ပင်လယ်လေ သန့်သန့်ပြန့်ပြန့် ရှူလို့ရှိရင် အဆုတ်တွေ အင်အားရှိပြီး ကျန်းမာလာနိုင်တယ်။ ကောင်းမြတ်တဲ့ အစားအဟာရတွေ၊ မိမိနဲ့ သင့်လျော်တဲ့အစားအစာတွေစားရင် အားဖြစ်တယ်။

ဘယ်သူစားစား၊ ဘယ်ဘာသာဝင်စားစား၊ ဘယ်လူမျိုးပဲစားစား စားသမျှ အားဖြစ်လာမယ်ဆိုတာ မျက်နှာမလိုက်ဘူးလေ သဘာဝဆိုတာ။

ဒီအတိုင်းပဲ မြတ်စွာဘုရားဟောတဲ့ တရားတွေဟာ သဘာဝကိုပဲ ဟောတာဖြစ်သောကြောင့် ဒီသဘာဝအတိုင်း ရှောင်ရမှာကို ရှောင်ရမယ်၊ ဆောင်ရမှာကို ဆောင်ရမယ်။ ဒီလိုဆိုတာပေါ့။

ဒါကြောင့်မို့လို့

ဘာသာတရားတစ်ခုကို ကိုးကွယ်ပြီဆိုတဲ့အခါမှာ အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားပြီး လုပ်လို့ရတဲ့ ဘာသာမျိုးကိုသာ ရွေးချယ်ပြီးတော့ ကိုးကွယ်ကြ။ ဘာသာလို့ဆိုတိုင်း တူတူလို့ချည်း မအောက်မေ့လေနဲ့။"

ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏46149👍17
ငြိမ်းချမ်းရေးကိစ္စ ထိတွေ့ဆက်ဆံနေရတဲ့ အခြေအနေတွေ၊ လက်ရှိ အာဆီယံလိုမျိုး နိုင်ငံတွေအပေါ် တုံပြန်ဆောင်ရွက်ရချိန်မျိုးအတွက် ....အစိုးရသဘောထားမှတ်ချက်ကို ပြန်လည်မျှ‌ ဝေဖို့၊ ချက်ချင်းတုံပြန်နိုင်ဖို့

အစိုးရ/ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ တစ်ဦး လိုအပ်ပြီလို့ မြင်မိတယ်။



(နရီမိုး)
👍43062🥴2👎1
❝ဖက်ဒရယ်စနစ်ရဲ့ စံတန်ဖိုး❞

ဖက်ဒရယ်စနစ်ကို ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ဖွင့် အဓိက သွားရမယ့် ရည်မှန်းချက်က မတူကွဲပြားမှုတွေကို အင်အားအဖြစ် ဘယ်လိုပြောင်းလဲနိုင်မလဲ” ဆိုတဲ့အချက်ကသာ အဓိက ပိုကျတယ်လို့မြင်တယ်။
----------
လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးကြမယ့် အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင် တွေအနေနဲ့ အာဏာမျှဝေမှုအပိုင်းမှာ ဗဟိုကနေဘယ်လောက်ရနိုင်မလဲ။ တန်းတူညီမျှမှု အခြေအနေ မှာ ဗဟိုအနေနဲ့ ဘယ်လောက်ပေးနိုင်မလဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ ဘယ် အတိုင်းအတာ အထိ ရနိုင်မလဲ။ သယံဇာတကို ဘယ်လို မျှဝေသုံးစွဲကြမလဲ။ ဒီအချက် တွေက အဓိက ကျတယ်လို့ပဲ မြင်တယ်။ ပေါက်လွှတ်ပဲစား…တပ်ချုပ်အလှည့် ကျလုပ် မယ်တို့၊ လက်နက်ကိုင်စနစ်ကို မဖြုတ်သိမ်းချင်တဲ့အသံတွေ ထွက်လာရင်တော့… ဗျင်းပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲဟာ ဖြစ်နိုင်ချေကိုပဲ စပြီး စဉ်းစားသင့်တယ်။
-------------
ဆိုပါစို့…အာဏာမျှဝေမှုအပိုင်းမှာ ပြည်နယ်/တိုင်းဒေသကြီးဆိုရင်လည်း ဘယ်လောက် အထိ လုပ်ပိုင်ခွင့်ရမလဲ။ ခြေဥနောက်ဆက်တွဲဇယားမှာပါတဲ့ ဘယ်အပိုင်းတွေကို ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရနိုင်မလဲ၊ ဒါကို တောင်းဆိုရမှာပေါ့။ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်နယ်ဆိုင်ရာမှာ ဘယ်လို အခွန်အမျိုးအစားတွေအထိ လုပ်ပိုင်ခွင့်ရနိုင်မလဲပေါ့။
------------
တန်းတူညီမျှမှုအပိုင်းမှာ ဘာသာစကား၊ယဉ်ကျေးမှုတွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့နေရာမှာ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးချယ်ခန့်အပ်နိုင်ရေးလား၊ ဒေသအခွန်တစ်ချို့ကို ဒေသအစိုး ရက စီမံ ခန့်ခွဲခွင့်ရဖို့အတွက်လား၊ ပညာရေးတွေမှာ ဒေသခံရဲ့ ဘာသာစကားတွေ သင်ကြားခွင့် ရနိုင်ဖို့လား၊ ဒါတွေ ဦးစားပေး ညှိနှိုင်းကြပေါ့။ ခုလည်း PR စနစ် ကျင့်သုံးနေတာပဲ။ ကိုယ့်ဒေသကို ကိုယ်တိုင်အုပ်ချုပ်ချင်ရင် လက်ရှိ ပအိုဝ့်၊ နာဂတို့က ဒီရွေးကောက်ပွဲမှာ သက်သေပြပြီးသားပဲမဟုတ်လား။ ပလောင်လူထုက လက်ခံရင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တာဘုန်းကျော်တို့အုပ်ချုပ်ပေါ့။ ကချင်ပြည်နယ် မှာ KIO မဲနိုင်ရင် ဂွမ်မော်တို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တက်လုပ်ပေါ့။
-----------
သယံဇာတခွဲဝေမှုအပိုင်းမှာ မျှခြေဖြစ်တဲ့ ရာခိုင်နှုန်းမျိုး စဉ်းစားပြီး တောင်းဆိုညှိနှိုင်းကြ ပေါ့။ ဥပမာ သယံဇာတထွက်တဲ့ပြည်နယ်တွေအနေနဲ့ ဗဟိုနဲ့ ပြည်နယ်/တိုင်းဒေသကြီး ကြား ဘယ်လိုအချိုးအစားအတိုင်း သွားနိုင်ကြမလဲ။ ၆၀-၄၀ လား၊ ၆၅- ၃၅ သွားကြ မလား။ ဒီလိုအချိုးအစားခွဲတယ်ဆိုတာကလည်း ပြည်နယ်/တိုင်းဒေသကြီးချင်းကြားမှာ သယံဇာတထွက်ပုံထွက်ခြင်းမှမတူဘဲ။ ဗဟိုမှာ ရာခိုင်နှုန်းများတယ်ဆိုတာ “ပြည်ထောင်စု ညှိနှိုင်းရန်ပုံငွေ”ဆိုတာမျိုးက မဖြစ်မနေ လိုအပ်တဲ့အရာပဲ။ မဟုတ်ရင်..သယံဇာတ မထွက်တဲ့ ပြည်နယ်တွေက မွဲပြီးရင်း ပိုမွဲသွားတော့မှာပေါ့။
--------------
ဒီလိုအာဏာနဲ့သယံဇာတခွဲဝေမှုကိုလည်း ဖွဲ့စည်းပုံထဲမှာပဲ ညှိနှိုင်းသင့်တယ်။ လက်နက် ကိုင် ထားကြတဲ့သူတွေအနေနဲ့ ကျေနပ်ရင် DDR/SSR လုပ်ပေါ့။ ဒီလိုမဟုတ်ဘဲ လက်နက်လည်းကိုင်ထားကြမယ်၊ ပြည်နယ်တိုင်းမှာ ကိုယ်ပိုင်စစ်တပ်ရှိနေရင်… ဖက်ဒရယ် မစစ်တော့ဘူး။ အဓိကအချက်က…သယံဇာတကနေ လုပ်ပိုင်ခွင့်ရနေတော့ … ဒီ EAO တွေက ဖက်ဒရယ်မလိုချင်ကြ‌ တော့ဘူး။ ကိုယ်ပိုင်ထိန်းချုပ်ခွင့် နယ်မြေရချင် ကြတဲ့ ပုံစံမျိုးဖြစ်နေတာ တွေ့ရတယ်။ လက်ရှိ ရှမ်းမြောက်မှာလည်း ဒီပုံစံမျိုး ခပ်ရေးရေးမြင်နေရတယ်။ လက်နက်မဖြုတ်ဘူး။ နိုင်ငံရေး မဆွေးနွေးဘူး။ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းပွင့်ချင်ရင်…သူတို့ကိုပါ မဖြစ်မနေ ခေါ်ဆွေးနွေးရမယ်ဆိုတဲ့ပုံစံမျိုး။

(နရီမိုး)
👍209136👏10🥴4👎2🤬1
❝စာသုံးဆီကဏ္ဍလိုအပ်ချက်နှင့် ဆီထွက်သီးနှံမူဝါဒမြှင့်တင်ရေး❞

မြန်မာနိုင်ငံမှာ နိုင်ငံခြားအသုံးများတဲ့အထဲ စားအုန်းဆီလည်း ပါတာတွေ့ရတယ်။ ဒေတာအချက်အလက်တွေအရဆိုရင် မြန်မာနိုင်ငံက နှစ်စဉ် စားသုံးဆီ လိုအပ်ချက်က တန်ချိန် ၁ သန်းလောက်ရှိတာ တွေ့ရတယ်။ ပြည်တွင်းထုတ်လုပ်မှုနှုန်းကိုကြည့်တဲ့အခါ တန်ချိန် ၃ သိန်းနဲ့ ၄ သိန်းကြားပဲ ထုတ်နိုင်တော့…ကွာဟချက်သိပ်ကြီးနေတာ မြင်နိုင် တယ်။ သဘောကတော့နှစ်စဉ် တန်ချိန် ၇ သိန်းလောက် ပြည်ပကနေ တင်သွင်းနေရတယ် ဆိုတာပဲ။ အနည်းဆုံး ဒေါ်လာ သန်း ၆၀၀ အထက် သုံးနေရတာမျိုး မြင်ရတယ်။ ဒါက မြန်မာနိုင်ငံလိုစီးပွားရေးပိတ်ဆို့ခံထားရတဲ့နိုင်ငံအတွက် နိုင်ငံခြားငွေဖိအား ကြီးမားတဲ့ အချက်တစ်ချက်ဖြစ်နေတယ်။
-------------
မြန်မာနိုင်ငံမှာ ဘာကြောင့် စားသုံးဆီ မဖူလုံရသလဲမေးရင် ရိုးရာစိုက်ပျိုးသီးနှံဖြစ်တဲ့ နှမ်း၊ မြေပဲ၊ နေကြာ တွေလို ဆီထွက်သီးနှံတွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပေမယ့် ရာသီဥတုမမှန်လို့ အထွက်နည်းတာ၊ နည်းပညာပိုင်းအားနည်းချက်ရှိတာ၊ ဈေးကွက် မတည်ငြိမ်လို့ တောင်သူတွေက စိုက်လိုစိုက် နည်းပါးတာမျိုးက အဓိက အားနည်းချက် ဖြစ်မယ်လို့ သုံးသပ်ရတယ်။ တစ်ဖက်မှာ မြေပဲဆီလိုမျိုးက ဈေးမြင့်နေချိန် စားအုန်းဆီ လိုမျိုးက အခြေခံလူလတ်တန်းစားတွေအတွက် ဈေးနှုန်းအရလက်လှမ်းမီတာမျိုး ဖြစ်နေ တာလည်း မြင်ရတယ်။
---------
မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးစနစ် မပြောင်းလဲနိုင်တာက အဓိကအားနည်းချက် ဖြစ်ဖို့ ရာနှုန်းများတယ်။ မိုးခိုစနစ်ကို အားကိုးလွန်းတာ၊ နည်းပညာပိုင်းအားနည်း ချက်ရှိတာ၊ မျိုးကောင်းမျိုးသန့်ရနိုင်မှု အားနည်းတာကြောင့်လည်း ဆီးထွက်သီးနှံတွေရဲ့ အထွက်နှုန်းက တခြားနိုင်ငံတွေထက် နိမ့်ကျနေတာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ခေတ်မီ စိုက်ပျိုးရေးနည်းပညာအသုံးပြုမှု မရှိဘူး။ ရှိရင်တောင် နည်းပါးလွန်းနေတာမျိုး၊ စက်ယန္တရားနဲ့ သုတေသနအခြေခံစိုက်ပျိုးရေးစနစ်တွေ ဖွံ့ဖြိုးမှု နည်းပါးနေတာကြောင့် လည်း ဖြစ်ကောင်းဖြစ်မယ်။ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာက စိုက်ပျိုးဖို့ မြေမရှိတာ မဟုတ်ဘဲ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မှု အားနည်းနေတာ ဖြစ်မယ်လို့ သုံးသပ် ရတယ်။
----------
အကောင်းဆုံးဖြစ်နိုင်တာကတော့…ဘယ်ပြည်နယ်/ဘယ်ဒေသတွေ(အထူးဇုန်တွေမှာ)မှာ ဘယ်လိုဆီထွက်သီးနှံ၊ ဘယ်လောက်ရာခိုင်နှုန်းစိုက်ပျိုးမယ်ဆိုတာမျိုး၊ မူဝါဒ တစ်ရပ် ထားဖို့ လိုလိမ့်မယ်။ ဥပမာ-ဘယ်တိုင်းဒေသကြီးမှာ စားသုံးဆီအတွက် ဘယ်မျိုးစိတ်ကို ပြည်တွင်းစားသုံးမှုဖူလုံအောင် ဘယ်လောက်ပမာဏ စိုက်ရမယ်ဆိုတာမျိုး၊ အစိုးရဘက် ကလည်း ဈေးနှုန်းအရ အာမခံတာမျိုး၊ မျိုးကောင်း မျိုးသန့်နဲ့ နည်းပညာ၊ ငွေကြေးဆိုင်ရာ ပံ့ပိုးပေးရင် တောင်သူတွေလည်း စိုက်ပျိုးကြ လိမ့်မယ် ထင်တာပဲ။ ဆိုတော့… စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စားသုံးဆီကို ပြည်ပအပေါ် မှီခိုနေရတဲ့ ကိစ္စက နိုင်ငံခြားငွေ မြှင့်တက်တဲ့အချိန်၊ သယ်ယူပို့ဆောင်ရေးခက်ခဲတဲ့အချိန်နဲ့ နိုင်ငံရေးစနစ် မတည်ငြိမ်ချိ န်မျိုးမှာ အမျိုးသား စီးပွားရေးအတွက် အန္တရာယ်ရှိတယ်လို့ မြင်မိတယ်။ မြေပဲလိုမျိုး တင်ပို့ လို့ရတဲ့ ဆီမျိုးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်နဲ့ ထုတ်ပိုးမှုစနစ်၊တင်ပို့ရောင်းချမှုအပိုင်း မှာ စံချိန်အရေအသွေးပြည့်မီဖို့ ဂရုစိုက်ရင် တောင်သူတွေအတွက် ဝင်ငွေတိုးသလို နိုင်ငံခြားငွေ ရှာဖွေနိုင်မယ့် အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာလိမ့်မယ်လို့ သုံးသပ်ရ တယ်။

(နရီမိုး)
👍30954🥴6👎1🥰1
❝တရုတ်-မြန်မာ အကျိုးစီးပွားနှင့်ဆက်ဆံရေး အခြေအနေအပေါ် လေ့လာသုံးသပ်ချက်အစီရင်ခံစာ❞

Coming soon...




https://t.me/myanmarpoliticalanalysisteam/89
👍21134👏3🥴3👎1
နိုင်ငံရေး Field ထဲ ရောက်သွားရင် စာအုပ်ဆန်လို့ မရတော့တာ သဘာဝပါ။ နေရာတစ်ခုကို သွားစစ်တယ်။ ကြည့်တယ်။ မှာကြားတယ်။ ပေါင်းစပ်တယ် ဆိုတဲ့အရာတွေက လုပ်ထုံးလုပ်နည်းအရဆို မှန်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အတွက် တည်ဆောက်မယ့်နိုင်ငံရေး Brand အတွက်ဆိုရင်တော့ တော်ရုံ လူထုသိဖို့ ခက်တယ်၊ အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ပဲ သုံးသပ်တယ်။

တနေ့က ရုရှားမှာ ၈၁ နှစ်မြောက် အောင်ပွဲနေ့ အခမ်းအနားကျင်းပတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့အခမ်းအနားဖြစ်သလို ဒီနှစ်မှာ ယူကရိန်း ဒရုန်းရန်ကို ကြောက်လို့ လက်နက်မဲ့ စစ်ရေးပြကြတယ်။ ဒါပေမယ့် ကွဲထွက်ပြီး ပေါက်လာတဲ့ သတင်းက သမ္မတပူတင် ကိုယ်တိုင် ကားမောင်းလာပြီး သူ့ရဲ ဆရာမကို ဟိုတယ်မှာလာတွေ့တာက နိုင်ငံရေးသဘောတရား ပိုဆန်တယ်။ သမ္မတက ကိုယ်တိုင်ကားမောင်းလာတာမျိုးက ဘယ်လောက် သတင်းဖြစ်စေသလဲ။

အာဆီယံ Summit မှာ ကိုယ်တိုင် လေယာဉ်မောင်းလာတဲ့ သမ္မတမျိုး၊ လက်ရှိထိုင်းဘုရင်လို လေယာဉ်မောင်းပြတာမျိုးက ပါဆင်နယ် Brand လည်း ဖြစ်စေတယ်။

ခုလည်း ထိုင်းဝန်ကြီးချုပ်က စက်သုံးဆီလျှော့ချဖို့ သုံးဘီးကိုယ်တိုင်မောင်းပြတာတွေ့ရတယ်။အရင်ကလည်း EV ကားကို တစ်ကြိမ် မောင်းပြဖူးသေးတယ်။ ပြည်တွင်းမှာဆို နိုင်ငံခြားသားသံရုံးက စက်ဘီးစီးပြီး ရုံးတက်ပြတာမျိုး....ဒါက သာမန်လှုပ်ရှားမှု တစ်ရပ်ဖြစ်ကောင်း ဖြစ်ပေမယ့် နိုင်ငံရေးမှာတော့.... လူစိတ်ဝင်စားမှုပိုတဲ့ လုပ်ရပ်တွေပဲ။

နိုင်ငံရေးမှာ ပေါလောက cele တွေလို ပေါက်ကရ လုပ်ပြစရာတော့မလိုဘူး။ ဒါပေမယ့် စာအုပ်ဆန်တဲ့ ဥပဒေသထက်တော့ ကွဲထွက်နေဖို့လိုတယ်။ ဒါ့ကြောင့်လည်း ပါတီနိုင်ငံရေးမှာ Think tank တွေ ရှိကြရတာပဲ။



(နရီမိုး)
👍43179🥴7🥰4👎1
❝တရုတ်-မြန်မာ အကျိုးစီးပွားနှင့်ဆက်ဆံရေး အခြေအနေအပေါ် လေ့လာသုံးသပ်ချက်အစီရင်ခံစာ❞

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှု၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကို အသုံးချနိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတစ်ခုဖြစ်သော်လည်း အလွန်အကျွံ မှီခိုမှုမရှိစေရေးအတွက်လည်း ထိန်းညှိဆက်ဆံရမည်ဖြစ်သည်။ ထို့ကြောင့် “တရုတ်နှင့် မည်သို့ ယှဉ်တွဲနေထိုင်မည်နည်း” ဆိုသည်မှာ လာမည့်ဆယ်စုနှစ်များအတွက် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး မဟာဗျူဟာမြောက် မေးခွန်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး တရုတ်နှင့် မြန်မာနိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် အလားအလာများသည် ❝နှစ်နိုင်ငံလုံး၏ ပြောင်းလဲနေသော ပထဝီနိုင်ငံရေး အခြေအနေ များနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း အပေါ် မူတည်လျက်ရှိသည်❞ ကို မူဝါဒ အကောင်အထည်ဖော်သူများအနေဖြင့် အမြဲမပြတ်သတိမူ ရမည်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။

Coming soon...




https://t.me/myanmarpoliticalanalysisteam/90
👍29459🤔6🥰3🥴3👎1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏43532👍14👏2🥰1
ဘယ်လောက်ပဲချမ်းသာချမ်းသာ
ဘယ်လောက်ပဲရာထူးကြီးကြီး
အားလုံးဟာ တစ်ခဏပဲ
ပြန်ရင်အားလုံးထားခဲ့ရတယ်

ယူသွားလို့ရတာနှစ်မျိုးပဲရှိတယ်
ကုသိုလ်နဲ့အကုသိုလ်

ကုသိုလ်လုပ်ရင်
ကောင်းကျိုးရမယ်

အကုသိုလ်လုပ်ရင်
မကောင်းကျိုးရမယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏51253👍25👏1
မြစ်ကြီးနားလမ်း ပွင့်သွားတော့…တိုင်းစစ်ဌာနချုပ်အတွက် အသက်ရှူပေါက် ရသွားတာ ပေါ့။ လေဆိပ်တောင် ဒရုန်းနဲ့ လာပစ်နေချိန်မျိုးမှာ မြစ်ကြီးနားမြို့ထဲ ဘယ်လောက် တောင် လုံခြုံရေး စည်းကျိုးနေမလဲ။ အရပ်ဘက်လေယာဉ်တောင် တိုက်ခိုက်ရင် တပ်မတော်လေယာဉ်ဆို ဆိုဖွယ်မရှိတော့ဘူး။ ကြားထဲမှာ သပိတ်ကျင်း-မော်လူးလမ်းကို မချိတ်နိုင်တော့…တိုင်းစစ်ဌာနချုပ်အတွက်က ခဲယမ်းလက်နက်နဲ့ အင်အားပို့ရတာမျိုးမှာ အကန့်အသတ်တွေရှိခဲ့လိမ့်မယ်။
---------

ရှေ့မှာ ဗလမင်းထင်ကျော်ရင်…ဝိုင်းမော် နေရာမှာတောင် ရှေ့တန်းစစ်မြေပြင်လိုမျိုး ဖြစ်နေချိန်…၊ ဧရာဝတီကဆန်တက်လာရင်လည်း သိပ်စွန့်စားလွန်းရာကျမယ်။ ပြောလို့ သာ ပြောတာပါ။ တကယ်တမ်း နင်လား၊ ငါလားဖြစ်နေချိန်…ဗန်းမော်ကို အရောက်လာဖို့ မြစ်ကျဉ်းတွေထဲလည်း စွန့်စားခဲ့ကြရတာပါပဲ။ ဘယ်သူမှ အသက်အပိုမပါတဲ့ စစ်ကြောင်း တွေမှာဖြစ်မှာသာ ဖြစ်ရော့ဆိုတဲ့ စိတ်တွေနဲ့၊ ဒီလိုပဲ ရုန်းကန်ခဲ့ကြရတာပဲ။
-----------
ဘာပဲဖြစ်ဖြစ် မြစ်ကြီးနားလမ်းပေါက်က်သွားတာက လေယာဉ်ကိုပဲ အားကိုးနေရတဲ့ ပြည်သူတွေအတွက်လည်း အဆင်ပြေသွားပြီ။ ဖားကန့်တကြောကို ပိတ်နိုင်ရင်… လိုင်ဇာကမောင်တွေလည်း ခါးဆက်ပြတ်သွားမှာပါ။ ဒီကြားထဲ မဘိမ်းကလည်း အကြွင်း အကျန်တွေလောက်နဲ့ပဲ ထိန်းထားရုံဖြစ်မယ်။ အဓိက ဖားကန့်တပ်တွေကို ၄ လ တခါ ချိန်းချိန်းပြီး ဗျင်းနိုင်ရင် အကောင်းဆုံးပဲ။ သံယောဇဉ်နဲ့ အကျိုးစီးပွားမရှိရင် ပိုပြီး လုပ်နိုင် ကိုင်နိုင်တာပေါ့။
-----------
မြစ်ကြီးနားမှာ ဒန်ပင်ပုံ စုဖွဲ့နိုင်ရင်တော့…ရှေ့လျှောက် အကောင်းတွေပဲ မျှော်လင့် ထားလို့ ရပါပြီ။

(နရီမိုး)
👍423114🙏7🥴4👎2🥰1
NCA ကို ဘယ်လိုမြင်သလဲလို့ မိတ်ဆွေတစ်ဦးက မေးလာတော့…Iphone စီးရီးတွေ နဲ့တူတယ်လို့ ပြောခဲ့ဖူးတယ်။ NCA မှာ Timeline မပါဘူး။ တကယ်လို့ EAO တွေသာ သိပ်ရိုးသားနေရင်လည်း Tiemline လည်း လိုမယ်မထင်ဘူး။ NCA ရဲ့ အခန်းတော် တော် များများ၊ ပုဒ်မ တော်တော်များများက EAO တွေပဲ အများစု ဆွဲထားခဲ့ကြတာမဟုတ်ဘူးလား။ တခြား EAO တွေ ခဏနောက်ထား။ လိုင်ဇာမှာ ကမကထလုပ်တဲ့ KIA က ဘာကြောင့် လက်မှတ်မထိုးသလဲ။ ဦးသိန်းစိန်လက်ထက်မို့ အကြောင်းပြစေဦး။ ဒေါ်စု လက်ထက်မှာရော ထိုးခဲ့လား။ ဒါတွေက ဆန်းစစ်ဖို့လိုတဲ့ အချက်တွေပဲ။
------------
တကယ်တမ်း ဖက်ဒရယ်စနစ်ကိုသာ ယုံကြည်လုပ်ဆောင်ချင်ကြရင်…NCA စာချုပ် တော့ လက်မှတ်ထိုးမယ်၊ အဆင်မပြေရင် ပြန်ထွက်မယ်ဆိုတဲ့စကားမျိုး၊ ကြားထဲ တစ်ခုခု မကြေလည်တာရှိရင် ဝင်ဆုတ်၊ ထွက်ဆုတ်လုပ်တာမျိုး ရှိကြမယ် မထင်ဘူး။ အကုန်လုံးက သေနတ်ကိုင်ထားကြတဲ့ ယောကျ်ားတွေပဲ။ ဖက်ဒရယ်လိုချင်ပါတယ်ဆိုပြီး အကြောင်းပြ ထားကြတဲ့သူတွေပဲ။ ကိုယ်လိုလားတဲ့ နိုင်ငံရေးပါဝါအာဏာနဲ့ လက်ရှိ သယံဇာတအခင်း အကျင်းကိုပဲ ကြေလည်အောင် ဆွေးနွေးကြပေါ့။ လက်ခံနိုင်တဲ့ အတိုင်း အတာ တစ်ခုရ ရင်…ကိုယ်လည်း DDR/SSR လုပ်မယ်လို့ ကတိပေး၊ တပ်မတော်ကိုလည်း လွှတ်တော်ထဲ က နှုတ်ထွက်ခိုင်းပေါ့။
------------
ဥပမာ-ဆိုပါစို့။ အာဏာနဲ့ သယံဇာတ ကိစ္စတွေ ဆွေးနွေးနိုင်ကြပြီဆိုပါစို့။ ပုဒ်မ ၂၆၁ ပြင်နိုင်ရင်ကို ပြည်နယ်တစ်ခုရဲ့ ဝန်ကြီးချုပ်က ဒေသတွင်း အနိုင်ရတဲ့ ပါတီက ဖြစ်မှာပဲ။ ဆိုတော့…တာဘုန်းကျော်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ မဲပုံးမထောင်ရဲ ဘူးလား။ မြို့နယ် ၁၄ ခု သိမ်းထားပါတယ်ဆိုတဲ့ ထွန်းမြတ်နိုင် ကရော ရခိုင်မှာ ရွေးကောက်ပွဲ မဝင်ရဲဘူးလား။ ရှမ်းလူထုကောင်းစားဖို့ လက်နက်ကိုင် နေရပါတယ်ဆိုတဲ့ RC နဲ့ SS ကရော ဒီအခင်းအကျင်းကို မလုပ်ရဲကြဘူးလား။
----------
အပေါ်က NCA အကြောင်းပြန်ဆက်ရရင်…NCA က အချိန်ကြာလေလေ နောက် မော်ဒယ်တစ်ခုမှာ ဘာအသစ်အဆန်းများ ပါမလဲဆိုပြီးမျှော်နေကြတော့…အရင်လက်မှတ် ထိုးထားတဲ့သူတွေမှာ အီလယ်လယ်ကြီးဖြစ်တာပေါ့။ ဖြစ်စေချင်တာတစ်ခုကတော့… EAO တွေကို ကာလာခွဲပြီး တကယ်ဖက်ဒရယ်မလိုချင်ဘဲ စစ်ဘုရင်လုပ်ချင်သူတွေကို ဗျင်းထုတ်လိုက်တာ ကောင်းမယ်။ လွှတ်တော်ရှိနေတဲ့ အခင်းအကျင်း ဖြစ်နေပြီပဲ။ စစ်နိုင်ရင် တပ်မတော်ကို လူထုက ဘယ်လောက်ယုံကြည်မှု ပေးနိုင်သလဲဆိုတာ မြင်သာ နေပြီပဲ။

(နရီမိုး)
👍40897👌7🥴6👏5😍3👎1
ဘယ်လောက်တောင် အသိဉာဏ်တွေ မိုက်မဲခဲ့ကြသလဲလို့။

ပညာတတ်အောင် သင်ဖို့ ဘယ်လောက်အရေးကြီးသလဲ ဆိုတာ ဒါတွေက အဖြေပဲ။



(နရီမိုး)
👍44947🤬18🥴6👎1