နရီမိုး
37.2K subscribers
2.73K photos
108 videos
53 links
Download Telegram
မြန်မာပြည်က ကလေးတွေ လက်နက်ကိုင်ဖို့၊ CDM လုပ်ကြဖို့ ဦးဆောင်ကြသူတွေထဲမှာ ဒီလင်မယားက ထိပ်ဆုံးလောက်ရှိတယ်။ ယောက်ျားကလည်း ထီးတော်မိုးလိုလို ၊ ယာဉ်ထိန်းရဲလိုလိုနဲ့ ဒေါ်စုနားရှိခဲ့တော့ တချို့ ကိစ္စတွေမှာ အရေးပါခဲ့တာလည်း ရှိတယ်။ ဥပမာ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ကမ်းပိန်တွေမှာ ဒေါ်စုခြံထဲ တရုန်းရုန်း ဖြစ်ခဲ့တာမျိုးပေါ့။

ဘာမှနိုင်ငံရေး နားမလည်တဲ့ ကလေးတွေ ကရင်ပြည်နယ်ထဲက EAO တွေထဲရောက် ဘဝတွေပျက်၊ မိသားစုတွေ တကွဲတပြားဖြစ်ကုန်ကြချိန်....သူတို့မိသားစုတွေကတော့ ပျော်ပျော်ပါးပါး ဥမကွဲ သိုက်မပျက်နဲ့ နိုင်ငံရပ်ခြားမှာ နေနိုင်ကြပါပြီ။ အခါအခွင့်သင့်လာရင်လည်း နွေဦးတော်လှန်ရေး အကြောင်းပြပြီး ပိုက်ဆံ ရှာနိုင်တဲ့ Show တွေလည်း မသေမချင်း လုပ်ကြဦးမှာပါ။

ခုလည်း ၁၂ လ လုံး တောက်လျှောက် တဟီးဟီး၊ တဟားဟား ထခဲ့တဲ့သူက သင်္ကြန်လေးရက်ကလေး ပြည်သူတွေ ပျော်နေကြတာကြည့်ပြီး မပျော်နိုင်ပါဘူး၊ စာနာပါတယ် ထ လုပ်တာက နည်းနည်းတော့ များသလားလို့ပဲ။ တော်တော်လေး လည်း ပန်းနုသွေး နိုင်ရက်တယ်။

တကယ်တော့ တတိယနိုင်ငံတွေ ခုန်ကူးသွားခဲ့သူတိုင်း မိသားစုတွေ ဥမကွဲ သိုက်မပျက်ကြပါဘူး။ ယုတ်စွ အဆုံး လူသတ်ဖို့ အားပေးခဲ့ဖူးတဲ့ ဇော်ဝေစိုးတောင် သူ့သားသမီးက ပြည်ပမှာ ဘွဲ့ရထားတာပါ။ သူများ သားသမီးတွေ ကျောင်းမထားဖို့၊ CDM လုပ်ကြဖို့ အင်တိုက်အားတိုက် ပြောခဲ့ကြသူတွေက အပြောနဲ့ လုပ်ရပ် မညီတာကတော့ အတော်လေး ရုပ်ပေါက်တယ် ဆိုရမလား။ နိုင်ငံ‌ရေးကတော့ အ တဲ့သူတွေ စတေးကြရတာပါပဲ။


(နရီမိုး)
👍62682🥴12🤬7🔥5🙏2👎1
🍀 မင်္ဂလာရှိသော သင်္ကြန်အကြတ်နေ့ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏45932👏4👍3
သူဌေးဖြစ်ဖို့ ကံပါလာတဲ့သူက
မွေးကတည်းက သူဌေးအိမ်မှာ လူဖြစ်လာတယ် ။

အခြားသော သူတွေကတော့
လက်တွေဘဝမှာ ချမ်းသာဖို့ဆိုရင်
ကံကိုချည်း_အားကိုးနေလို့_မရပါဘူး ။

လုံ့လဝီရီယနှင့် ဉာဏ်ကိုလည်း အားကိုးကြရမယ် ။
လူတော်တော်များဟာ_ကံရှိစားရမယ်ပေါ့
ကံရှိရင်_ရမယ်ပေါ့ဆိုပြီး ကံကိုပဲ ပုံချနေကြတယ် ။

ဒါဟာ လူပျင်းတွေရဲ့_ဆင်ခြေတွေပဲလို့ဆိုရမယ် ။
မြန်မာစကားပုံမှာ
ကျားရဲလာ ကြမ္မာမရိုးသာဆိုပြီး ရှိတယ် ။

ဒါဟာ ဘာပြောတာလဲဆိုရင်
တောထဲ ထင်းခုတ်သွားတဲ့ လူတစ်ယောက်ဟာ
ကျားရဲနဲ့တွေတဲ့အခါ ကံကိုယုံပြီး
ကံကို_ရိုးမယ်ဖွဲ့ပြီးတော့ မပြေးပဲနေလိုက်တာ
ကျားစားခံလိုက်ရတဲ့အဖြစ်ကို ရောက်သွားတယ် ။

ဒါကြောင့် အရာရာ_ကံကိုချည်း_အစွန်းရောက်အောင်
အားကိုးနေလို့_မရဘူးဆိုတာကို နားလည်ထားရမယ် ။

ဘာဖြစ်ဖြစ် အတိတ်ကံကြောင့်ပဲလို့ ယူထားမယ်ဆိုရင်
#ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သွားမယ်...။

ဒါကြောင့် ဘဝမှာ ကြီးပွားတိုးတက်ချင်ရင်
ကံကိုချည်း_အကြွင်းမဲ့_ပုံယုံထားလို့_မရပါဘူး....။

ကြိုးစားအားထုတ်မှု_ဝီရိယနှင့်_အသိဉာဏ်ကိုလည်း
ကောင်းစွာအသုံးချတတ်ဖို့လည်း လိုတယ်လို့
နားလည်ထားရမယ် ။

ဒေါက်တာနန္ဒမာလာဘိဝံသ
🙏525👍5840🥰3👏3
ဒီနှစ်တွေမှာ ပြည်သူတွေက ဘဝအမော တွေအများကြီး ရင်ဆိုင်ခဲ့ကြရတယ်။ အနည်းဆုံး သံ ပုံးမတီးရင်တောင် ဒလန် ဆိုတဲ့ အကြောင်းပြချက်တွေကို ကြောက်ပြီး ရောယောင် ပါပေးရတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်။ Facebook ပေါ်မှာ နွေဦးတော်လှန်ရေး ပရိုဖိုင် မှ မချိန်းရင်ကို အဓမ္မ ဘက်မှာ နေတယ်ဆိုပြီး သူငယ်ချင်း/မိတ်ဆွေကြားမှာ မခေါ်နိုင် မပြောနိုင်တွေ ဖြစ်သွားကြရတာတွေလည်း အများကြီး။


စစ်အာဏာရှင် ခေတ်မှာ ကြီးပြင်းခဲ့ကြသူတွေက ကျောင်းတွေပိတ်ပြီး ကလေးတွေ ကျောင်းတက်မှာကို သေမလောက် ကြောက်ခဲ့ကြတယ်။ ကျောင်းတက်တဲ့သူ၊ CDM မလုပ်တဲ့သူဆိုရင် သူတို့ တပ်တဲ့ ခေါင်းစဉ်က ဒလန်ပဲ။ ဘယ်လောက်တောင် မျိုးဆက်တွေက ဆုတ်ယုတ်သွားသလဲ ဆိုရင် ကိုယ့်စာသင်ပေးတဲ့ ဆရာမ တောင် မြောက်ဥက္ကလာမှာ ပြန်သတ်တဲ့အထိ မိုက်တွင်း နက်သွားကြတယ်။ ဆရာဝန်ဆိုတဲ့ ပုဂ္ဂိုလ်များကတော့ အဆိုးဆုံးပဲ။ အပြင်မှာ ဆေးတွေခိုးကုပြီး CDM မလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရန်သူကြီးတွေလို ဆက်ဆံလို့။ တစ်ချို့ဆရာမ တွေဆိုလည်း ရဲရဲ တောက် နီခဲ့ပြီးကာမှ ခံဝန်တွေ ပြန်ထိုးပြီး သူတို့ မဟုတ်တဲ့အတိုင်း အရှက်မရှိ နေကြပြန်တာကလည်း အံ့အားသင့်စရာ။

ထားပါ။ တကယ်တော့ ဒီ ၅ နှစ်အတွင်းမှာ ကလေးတွေ ကျောင်းမတက်ရလေအောင် နည်းမျိုးစုံနဲ့ မိုင်းတွေခွဲ ၊ လူတွေ သတ်ခဲ့ကြတဲ့ လူတန်းစား တစ်စုကို ပြည်သူက ပြတ်ပြတ်သားသား ငြင်းပယ် ပြလိုက်တာပါပဲ။ ပျော်ပွဲ ရွှင်ပွဲ သွားရင်တောင် ဘလိမ်းချင်တဲ့ လူတန်းစား တစ်စုက အများပျော်ရွှင်နေတာကို မြင်ရတာက သူတို့အတွက် ဖင် မီးခဲ ခု ထားသလို ဖြစ်နေမှာလည်း မြင်ယောင်မိတယ်။ ပြည်သူတွေ ပျော်မှာစိုးတော့ အကြောက်တရားနဲ့ လှန့်ထားကြတယ်။ ဓားမိုးပြီး ပျော်ရဲ ပျော်ကြပေါ့လေ။ ဒီလို အကြောက်တရားကြားမှာ ကျောင်းမတက်နိုင်ခဲ့ကြသူတွေလည်း အများကြီး။

တော်လှန်ရေးက ကျရှုံးသွားပြီဆိုတာ လက်ခံရမယ့် အမှန်တရား တစ်ခုပါ။ မြေပြင်မှာ NUG လုပ်တတ်တာ ဆိုလို့ အခွန်ရမယ့် နေရာတွေမှာ အချင်းချင်းတောင် စားခွက်လုပြီး အာဏာ ပြနေတာ မြင်နိုင်တာပဲ။ သူတို့အတွက် ဘုံ ရန်သူက တပ်မတော် မဟုတ်ဘူး။ သူတို့ အခွန်ဆက်ကြေးနေရာတွေမှာ NUG ကို ဦးညွှန့်ပေးကြရသူတွေ ဖြစ်ဖို့ လိုတယ်။ ဒါ့ကြောင့်လည်း LPDF နဲ့ NUG က ဖွဲ့ထားတဲ့ ပပပ၊ ပအဖ၊ ပကဖ တွေ ငြိကြတာပေါ့။ အချင်းချင်း ရှင်းခံရတာပေါ့။

လက်ရှိ အစိုးရသစ်ကို တရားဝင်ဝင် မဝင်ဝင်၊ အတုအယောင်ရွေးကောက်ပွဲပါလို့ ပြောပြော ၊ မပြောပြော လက်တွေ့ အာဏာ ကျင့်သုံးပိုင်ခွင့် ရှိတာ ဘယ်သူလဲ ဆိုတာ မြင်နိုင်ပါပြီ။ ဒီ ၅ နှစ်တာ ကာလ ဘယ်ပြည်သူက မှ မခန့်၊ ကိုယ်ရာထူး ကိုယ်ယူပြီး ရသမျှအခွန်၊ တွေ ကိုယ်ကျိုးအတွက် သုံးခဲ့တာတွေနဲ့တင် အချိန်ကုန်ခဲ့ကြတာ လူထုကလည်း သိသွားကြပါပြီ။ ဒါ့ကြောင့်လည်း MDY PDF တို့လို အားကောင်းတဲ့နေရာမှာ လက်နက်စွန့်ပြီး လူပေါင်း ရာကျော် အလင်းဝင်ခဲ့ကြတာ မြင်နိုင်တာပဲ။

တကယ်တော့ တော်လှန်ရေးဆိုတာ လိုင်းပေါ်ကနေ ခွက်ခေါက် အလှူခံရုံ သပ်သပ် မရဘူး။ ဘဝပျက်ခံထားရတဲ့ လူငယ်တွေနဲ့ တသွေးတည်း၊ တသားတည်း မြေပြင်မှာ ခေါင်းဆောင်နိုင်မှ ဦးဆောင်သူဆိုတဲ့ အခန်းကဏ္ဍကို လူထုက ပေးမှာ။ Zoom meeting တွေ တက်ပြီး လက်၃ ချောင်းထောင်နေရုံနဲ့ကတော့ ဘယ်ပြည်သူမှ မထောက်ခံတော့တာ အသေအချာပါပဲ။ တော်လှန်ရေးက ဝေးသထက် ဝေးလာတာ ပိုပြီး သေချာသွားပါပြီ။


(နရီမိုး)
👍40166👏17🥴5👎1
အလကား ပေးလိုက်ရတဲ့ ပြည်သူတွေရဲ့ အသက်တွေ....

ပျက်စီးခဲ့ရတဲ့ နိုင်ငံပိုင်အဆောက်အုံနဲ့ လမ်းတံတားတွေ....

အသက်တွေပေး၊ နေစရာတွေ ပျောက်ခဲ့ကြရတဲ့ ပြည်သူတွေရဲ့ အနာဂတ်ဘဝတွေ....

နှစ်ဖက်လူ့အဖွဲ့အစည်းကြားက အမုန်းတရားနဲ့ အာဃာတ တွေ.....

ဘာတွေနဲ့ ကြေအောင် ဆပ်ကြမလဲ။

(နရီမိုး)
👍42644😢20🤬15🥴7🔥5🤔3😍2
နွေဦးတော်လှန်ရေး လှိုင်းကို EAO တွေက ဂုတ်ခွ စီးခဲ့ကြတယ်။ စကတည်းက ပြောဖူးတယ်။ EAO တွေက အချိန်တန်လို့ အားမတန်တော့ရင် ကျော်တို့က တိုင်းရင်းသား အရေးကြောင့် လက်နက်ကိုင်ရပါတယ်ဆိုပြီး သောက်ခွက် ပြောင်လို့ ရသေးတယ်။ NUG ဆိုတာက စင်ပြိုင်အစိုးရ ဖွဲ့ထားတာ။ ပုံစံခြင်းလည်း မတူဘူး။ အနှစ်သာရအားဖြင့်လည်း မတူဘူး။

၁၀၂၇ စတော့ ဗမာ PDF ငပိန်းတွေ ကိုးကန့် ပလောင်တွေနဲ့ အတူတူ ဝင်တိုက်ခဲ့ကြတာပဲ။ လောက်ကိုင်ကနေ ဗမာတွေ ဘယ်လို ပြန်ပြေးလာရသလဲ။ ယုတ်စွအဆုံး ဖုန်းတွေ၊ ဆိုင်ကယ်တွေ အကုန်ထားခဲ့ပြီးတော့ ပြန်ပြေးလာကြရတာပဲ မဟုတ်ဘူးလား။ ပလောင်ဆိုရင်လည်း ဘာထူးလဲ။ မိုးကုတ်ကို ကျင်းတွေ ဖြစ်လောက်တဲ့အထိ တူး၊ ဆေးရုံ ပစ္စည်းတွေ အကုန် ယူသွားပြီးမှ ထားခဲ့တာပဲ မဟုတ်ဘူးလား။


NUG အတွက် ဒီ ၅ နှစ်မှာ EAO တွေနဲ့ ပေါင်းတာ ဘာကျန်သလဲ။ ကွတ်ခိုင်မှာ အညာ ပဒက်တွေ လက်နက်သွားဝယ်တော့ ပလောင်တွေ ဖမ်းထားခဲ့ကြတဲ့ ဖြစ်ရပ်လေးတွေရော မမေ့ကြသေးဘူးမလား။

AA က ညိုထွန်းအောင် ပြောသလို ဗမာ ငပိန်း တွေ ဆိုတဲ့ အင်အားထု တစ်ရပ်ပါလို့ EAO တွေ တချို့ ခုလို အနေအထား ရှိလာတာပါ။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နောင်လည်း လုပ်မရတော့ပါဘူး။ ဒီစစ်မှုထမ်းတွေကို မြဲစေချင်ရင် စစ်မှုထမ်းဥပဒေရဲ့ ရပိုင်ခွင့်နဲ့ ခံစားခွင့်တွေကို အမြင့်ဆုံးအထိထားပြီး ဆွဲ‌ဆောင်လို့ ရသေးတယ်။

နိုင်ငံရေး မဆွေးနွေးချင်ဘူးလား။ ရတယ်လေ။ အဆုံးထိ တိုက်ကြပေါ့။ ပလောင် ပြည်နယ်ထဲမှာ စစ်တိုက်နိုင်တဲ့ အင်အား ဘယ်လောက် ရှိမလဲ။ ကိုးကန့်မှာရော ဘယ်လောက်အထိ စစ်ပြင်နိုင်မလဲ။ ရခိုင်ကရော ဘယ်ချိန်အထိအောက်ခြေမှာ ပြာပုံ တိုးနိုင်မလဲ။

ခုပဲကြည့်။ ထုံး တို့ထားမယ်ဆိုတဲ့ ပလောင်တောင် နိုင်ငံရေးအရ ဖြေရှင်းမယ်တွေ ဖြစ်လာပြီ။ မဖြေရှင်းလို့ကလည်း မရတော့ဘူး။ ကို့ကန့်က ချလို့ ပလောင် နေစရာတောင်မရှိဘူး။ ဒီထက် ဆက်မိုက်ရင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတောင် မသေချာဘူး။ ဒါလည်း ဗမာ ငပိန်းတွေ သဘောမပေါက်ဘူး။ ခုလည်း ပလောင်တွေရဲ့ ကြေညာချက်ကို ဖတ်ပြီး ရှမ်းမြောက်မှာ ပလိန်းကြီး အသက်တွေ ပေးခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေကို ပြန်သတိရကြပေါ့။ နိုင်ငံရေးဆိုတာ လက်၃ ချောင်း ထောင်တတ်ရုံနဲ့ မရဘူး မောင်တို့။



(နရီမိုး)
👍44079👏11🥰5👎2🥴1
တရားမဝင် အတုယောင် အစိုးရလို့လည်း ဆိုသေး....

ဘာလို့ ဒီလောက် နီပေါ တွေ လောင်နေကြတာလည်း မသိဘူး။ 😇😇😇

သင်္ကြန်မှာ ပြည်သူတွေက ပျော်နေကြရတဲ့အထဲ၊ အနာကို ဆားနဲ့ ပက်သလိုတော့ ဖြစ်ကုန်တော့မှာပဲ။


(နရီမိုး)
👍38769👏12🥰10🤔4👎2🥴2
🍀 မင်္ဂလာရှိသော သင်္ကြန်အတက်နေ့ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏35047👍4👏2
"လောကမှာ သင်္ကြန်ရောက်ရင် လူတွေက ရေနဲ့ဆေးကြတယ်၊ ရေပက်ကြတယ်၊ ဒါဟာ အညစ်အကြေးတွေကို ဆေးကြောတဲ့ သဘောလို့ ယူဆကြတာပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် အပြင်ပန်းက ရေနဲ့ဆေးရုံနဲ့တော့ စိတ်ထဲက အညစ်အကြေးတွေက မပြောင်စင်သွားနိုင်ဘူး။ ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကတော့ ရေနဲ့ဆေးရင် ပြောင်သွားလိမ့်မယ်၊ ဒါပေမဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အညစ်အကြေးတွေကတော့ ဘယ်လောက်ပဲ ရေနဲ့ပက်ပက်၊ ဘယ်လောက်ပဲ ရေချိုးချိုး လုံးဝ ပြောင်စင်သွားမှာ မဟုတ်ပါဘူး။

စိတ်ထဲက အညစ်အကြေးဆိုတာ အသိဉာဏ်နဲ့မှ ဆေးလို့ရတာ။ သူတစ်ပါးအပေါ် ထားတဲ့ အာဃာတတွေ၊ မနာလိုတဲ့ စိတ်တွေ၊ မာန်မာနတွေဆိုတာ အပြင်က ရေအေးနဲ့ မငြိမ်းနိုင်ဘဲ တရားရေအေးနဲ့မှသာ ငြိမ်းအေးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် သင်္ကြန်မှာ ရေပက်ခံထွက်ပြီး ပျော်တာထက် ကိုယ့်ရဲ့ စိတ်ထဲမှာ ဘယ်လို အညစ်အကြေးတွေ ရှိနေသလဲဆိုတာကို အရင်ဆန်းစစ်ကြည့်ရမယ်။ အဲ့ဒီ အညစ်အကြေးတွေကို မေတ္တာတရားနဲ့ ဆေးကြောမယ်၊ သည်းခံခြင်းနဲ့ ကုစားမယ်ဆိုရင်တော့ ရေနဲ့ဆေးတာထက် ပိုပြီး စင်ကြယ်တဲ့၊ ပိုပြီး အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ရမှာပါ။ စစ်မှန်တဲ့ သင်္ကြန်ဆိုတာ ကိုယ့်စိတ်ထဲက အညစ်အကြေးတွေကို အသိဉာဏ်နဲ့ ဆေးကြောတာကို ပြောတာဖြစ်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏36927👏12👍9🥰4
တကယ်တော့ ချစ်သုဝေ နဲ့ပတ်သက်ရင် သင်္ကြန် ကိစ္စ တခုတည်းကိုပဲ ပြောလို့ ပြောတာ မဟုတ်ဘူး။ သူတို့ သားအဖ က မျိုးနဲ့ ရိုးနဲ့ကို ဗုဒ္ဓဘာသာကို စော်ကားခဲ့ဖူးတယ်။

တချိန်တုန်းက ချစ်သုဝေရဲ့ အဖေ က ဒေါ်စုရဲ့ မျက်နှာ ပေါ်မှာ မဟာပုရိသလက္ခဏာတော်ကြီး ထည့်ဆွဲခဲ့ဖူးတယ်။ သဘောကတော့ ဒေါ်စုဟာ ဘုရားလိုမျိုး တဂိုဏ်းတည်း ထားအပ်တဲ့ ပုဂ္ဂိုလ်ဆိုပြီး မြှောက်ရင်းနဲ့ ဗုဒ္ဓဘာသာကိုလည်း သာသာထိုးထိုးနဲ့ ဆွဲချခဲ့ဖူးတယ်။ ဒေါ်စုဆိုတာကလည်း ဘုရားရုပ််ထုတော်ကိုတောင် ဧည့်ခန်းထဲက စားပွဲပေါ်မှာ အလှပြရုပ်သပ်သပ်ပုံစံ ထားတဲ့သူဆိုတော့ ဗုဒ္ဓဘာသာက NLD ခေတ်မှာ အနှိမ်ခံ သပ်သပ် ဖြစ်ခဲ့တာ ဆန်းတော့ မဆန်းဘူး။


ဘယ်လောက်တောင် ရုပ်ဆိုး အကျည်းတန်သလဲ ဆိုတော့ ဘုရားရှင်နဲ့ ထပ်တူ ပြုထားတဲ့ ဒီပန်းချီကားရေးဆွဲတဲ့ ချစ်သုဝေ အဖေကို တရားရုံးကအစ အရေးမယူနိုင်ဘဲ ပလပ် ပြစ်ခဲ့ရတယ်။ အဲ့ဒီခေတ်က အနုပညာလို့ အမည်တပ်လိုက်ရုံနဲ့ ကိုးကွယ်ယုံကြည်မှုတစ်ခုကို ထင်ရာ လုပ်ခွင့်ဆိုတဲ့ အခွင့်အရေးလည်း ရခဲ့ကြတယ်။

ဗုဒ္ဓ အဆိုအမိန့်တွေကို ဘေဘီလုံကအကျော်ကြားဆုံး ဆိုတဲ့ ပုဂ္ဂိုလ်က သတင်းစာပေါ်က ဖြုတ်ချတယ်။ သူလည်း ဒေါ်စု ကြောက်ရပုံ ဖြစ်မယ်။ နောက်ပိုင်း ဇာတိမာန် ကိစ္စတွေ၊ မဘသ မလိုအပ်ဘူး ဆိုတဲ့ ကိစ္စတွေ ခပ်စိတ်စိတ် ဖြစ်လာသလို ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုပြီး ဘုရားသားတော်တွေကို မြေပြင်မှာ တပြေးညီ ထိုင်ခိုင်းခဲ့တဲ့အထိ ရုပ်ပေါက်ခဲ့ဖူးတယ်။

ခုလည်း သင်္ကြန်ဆိုတာ မြန်မာတွေရဲ့ နှစ်သစ်ကူးကြတဲ့ နေ့ထူးနေ့မြတ်ပါပဲ။ အနက်အဓိပ္ပာယ်အရဆိုရင်လည်း နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးကြော သန့်စင်ကြတယ်ပေါ့။ ဒီနေ့တွေမှာ သက်ကြီးရွယ်အိုတွေကို တကိုယ်ရည် သန့်ရှင်းရေးတွေ လုပ်ပေးကြတယ်။ နှစ်ဆန်းတရက်ဆို ပရိတ်တရားတွေ နာကြတယ်။ တဖက်မှာ ပြည်သူတွေလည်း ပျော်ကြရွှင်ကြတာ ဘာအမှားများရှိလို့လဲပေါ့။

မှတ်မှတ်ရရ....ပြီးခဲ့တဲ့ တနှစ်မှာလည်း ပိုင်ဖြိုးသုတို့ လင်မယားနဲ့ ပေါင်းပြီး သွေးစွန်း သင်္ကြန်ဆိုတာတွေ လုပ်ခဲ့သေးတယ်။ တခြား ဘာသာတွေရဲ့ နေ့ထူးနေ့မြတ်တွေမှာ ဘာအသံ မှမကြားရတဲ့ သူတွေက ဒီလို ဘာသာရေးနဲ့ ဆိုင်တဲ့ အထွတ်အမြတ်နေ့တွေ ဆိုရင် ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်လေ့ ရှိနေတာ မြင်နေရတယ်။ ဗုဒ္ဓဘာသာ အယူအရဆိုရင်တော့ ....စိတ်ထား ကောင်းကောင်း ထားတတ်ဖို့ လိုပါတယ်။ ၁၂ လရာသီ ပတ်လုံး ကျည်လွတ်မြေမှာ မိသားစုတွေ ပျော်ပျော်ပါးပါးနေခဲ့ချိန်က အသံမထွက်ဘဲ သင်္ကြန်လိုမျိုး ရက်ကြီးခါကြီးရောက်ခါမှ မပျော်နိုင်ဘူး ထ လုပ်တာကတော့ နည်းနည်း Over ဖြစ်တာပေါ့။


(နရီမိုး)
👍46076👏8🥰7🙏4👎2🥴1
◾️ နွေဦးတော်လှန်ရေးနဲ့ NUG ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်လို့ ဒီကနေ့ဆိုရင် ၅ နှစ်တိတိပြည့်မြောက်ခဲ့ပါပြီ။ ဒီ ၅ နှစ်အတွင်းမှာ ဘာတွေ အောင်မြင်မှု ရခဲ့သလဲဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။
----
NUG ရဲ့ အဓိက ရည်ရွယ်ချက်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုပြီး နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုနဲ့အတူ အစိုးရတစ်ရပ်အဖြစ် လွှဲပြောင်းလက်ခံနိုင်ဖို့ပါ။ ကျန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ EAO တွေနဲ့ ပူးပေါင်းပြီး ပင်လုံကတိကဝတ်တွေဖော်ဆောင်ရေးဆိုတာ ဟန်ပြသပ်သပ်ပါ။ ဒီကြားထဲမှာ PDF တပ်ဖွဲ့တွေ တည်ဆောက်နိုင်ခဲ့တာ၊ ထောက်ခံသူတွေရဲ့ အလှူငွေတွေနဲ့ လည်ပတ်နိုင်ခဲ့တာရှိပေမယ့်…လက်ရှိအချိန်မှာတော့ PDF ၊ ပပပ၊ ပအဖ၊ ပကဖ တွေရဲ့ အခြေအနေမှန်ကိုလည်း လူထုက သိသွားခဲ့ကြပြီဖြစ်လို့ ၂၀၂၁ ကလိုမျိုး ယုံကြည်မှု ရဖို့ကတော့ မဖြစ်နိုင်တော့ပါဘူ။
------
◾️ NUG က ကိုယ့်ကိုယ်ကို စင်ပြိုင်အစိုးရလို့ ခံယူထားပေမယ့် နိုင်ငံတကာက အသိုင်း အဝိုင်းမှာ ဘယ်သူတွေကမှ အသိအမှတ်မပြုခံရတာကလည်း အဓိက အားနည်းချက်ပါ။ NUG ကို ထိတွေ့ဆက်ဆံတာဆိုလို့ နိုင်ငံအချို့က လွှတ်တော်အဖွဲ့တွေနဲ့ပဲ ထိတွေ့ ဆက်ဆံနိုင်တဲ့ အနေအထားပဲရှိတာက ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါ။ တစ်ဖက်မှာ လုံခြုံရေးအကျပ်အတည်းကနေ ရွေးကောက်ပွဲတွေကျင်းပပြီး အစိုးရသစ် ဖွဲ့နိုင်ချိန်…NUG ကတော့…အလှူခံငွေတွေ၊ INGO အဖွဲ့က ပရောဂျက် အလှူငွေတွေ ကြားမှာ အဂတိမှုတွေ ပျော်ပျော်ကြီး ကျူးလွန်နေခဲ့ကြတာကလည်း အဓိက ထောက်ပြစရာ ဖြစ်ခဲ့တာပါ။ လက်ရှိ အတွင်းဝန် မကြည်ပြာ အမှုတောင် ကင်ဆာရောဂါ နာမည်တပ်ပြီး စစ်ဆေးမှုတွေ၊ အရေးယူမှုတွေ မလုပ်နိုင်ခဲ့ ကြတော့ပါဘူး။ ဒါက တော်လှန်ရေးကို နာမည်တပ်ပြီး အချင်းချင်း ဇီးသီး ဗန်းမှောက်တဲ့ ကိစ္စလို့ ပြောလို့ရတယ်။
---------
◾️ ဒီကြားထဲ ၂၀၂၆ ဧပြီ ၁၅ ရက်နေ့မှာ TNLA တပ်က အစိုးရသစ်နဲ့ သမ္မတသစ်ကို ဂုဏ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါက NUG နဲ့ အတူပူးပေါင်းပြီး နွေဦး တော်လှန်ရေးကို အတူဖော်ဆောင်မယ်လို့ပြောခဲ့တဲ့ တာဘုန်းကျော်ရဲ့ နှုတ်ထွက်စကား က တစ်နှစ်တောင် မခံ ခဲ့တာတွေ့ရတယ်။ NUG နဲ့ TNLA ကြား ကတိကဝတ် တွေ ပျက်စီး သွားပြီလားဆိုတာ မေးခွန်းမထုတ်ခင် ယုံကြည်မှုတွေကတော့ ပျက်စီးသွားပြီလို့ပဲ သုံးသပ်ရမှာပဲ။
-------
◾️ ဒီမိုကရေစီအရေးနဲ့ အာဏာရှင်တိုက်ထုတ်ရေးလို့ ကြွေးကြော်ထားကြပေမယ့် ၅ နှစ် ပြည့်သိတိုင်အောင် လူပြောင်း၊ မူပြောင်းမလုပ်နိုင်တာက NUG ရဲ့ အဓိက အားနည်းချက် ဖြစ်စေခဲ့တယ်။ SCEF လိုမျိုး အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ခဲ့တယ်ဆိုပေမယ့် ပြည်တွင်း /ပြည်ပ အနေအထားမှာ NUG နဲ့ လက်ရှိ အစိုးရသစ်ကြား ဘယ်သူက ပိုပြီးထောက်ခံမှု ရှိနေသလဲဆိုတာက အမြင်သာဆုံးလည်း ဖြစ်နေတယ်။ နိုင်ငံရေးအရ အားမသာလို့ စစ်ရေးဘက်ကို ကြည့်ပြန်တော့လည်း တစ်မြို့ပြီးတစ်မြို့ ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေ ရတယ်။ ဒီကြားထဲ စီးပွားရေးလုပ်ကွက်အရ LPDF တွေရှိတဲ့ နေရာတွေကို အချင်းချင်း သတ်ဖြတ် နေရာလုတာမျိုးကလည်း NUG ရဲ့ နိုင်ငံရေးပုံရိပ်ကို အဆိုးဆုံး အခြေအနေ အထိရောက်အောင် တွန်းပို့နေခဲ့တယ်။
--------
◾️ ဆိုတော့….(၅)နှစ်ပြည့်တဲ့ NUG အစိုးရ ဘယ်လို လူပြောင်း၊ မူပြောင်း ဘာတွေလုပ်ပြ မှာလဲ။ လူလည်းမပြောင်း၊ မူလည်း မပြောင်းရင်တော့ NUG လည်း ဒီမိုကရေစီမရှိ၊ ရွေးကောက်ပွဲမရှိ၊ ကိုယ့်ရာထူးကိုယ်ခန့်ထားတဲ့ အာဏာရှင် အစိုးရသပ်သပ်ပါပဲ။ ဒီအဖွဲ့အစည်းကိုယုံပြီး အသက်တွေပေးခဲ့ကြတဲ့ PDF တွေကတော့ ကြားထဲက မြေစာပင် တွေ ဖြစ်ကြရုံပေါ့။ ကရင်ပြည်နယ်မှာ လက်ပြတ်၊ ခြေပြတ်သွားကြတဲ့ လူငယ်တွေရဲ့ အနာဂတ်တွေ၊ CDM ကို ယုံစားပြီး လုပ်မိခဲ့လို့ ဘဝပျက်သွားကြတဲ့ ဝန်ထမ်းတွေ....။ ဒါတွေက ထင်ထင်ရှားရှား သာဓက ပြနိုင်ခဲ့တဲ့ NUG ရဲ့ အားနည်းချက်ပါပဲ။

(နရီမိုး)
21👍19