နရီမိုး
37.2K subscribers
2.72K photos
108 videos
53 links
Download Telegram
စိတ်သောကဆိုတာ လူတိုင်းကြုံတွေ့ရလေ့ရှိတဲ့ လောကဓံတရားဖြစ်ပေမယ့် အဲ့ဒီသောကနောက်ကို စိတ်က အစဉ်တစိုက် လိုက်ပါမသွားဖို့ အရေးကြီးပါတယ်။

ပူလောင်မှုတွေ ကြုံလာရတဲ့အခါ "ဒါဟာ ငါ့ကြောင့်ဖြစ်တာ၊ ငါ့ပစ္စည်းမို့လို့ နှမြောတာ" ဆိုတဲ့ အစွဲအလန်းတွေကို ခေတ္တဖယ်ခွာပြီး "အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပေါ်လာတာပဲ" လို့ အရှိကိုအရှိအတိုင်း လက်ခံနိုင်တဲ့ သမ္မာဒိဋ္ဌိအမြင်နဲ့ အရင်ဆုံး ငြိမ်သက်အောင် ကြိုးစားရပါမယ်။ စိတ်ထဲမှာ သောကတွေ ပြည့်နှက်နေရင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့သွားတတ်တာမို့ အသက်ရှူသွင်း ရှူထုတ်မှုကို သတိကပ်ရင်း လက်ရှိအခိုက်အတန့်မှာ စိတ်ကို ပြန်လည်စုစည်းဖို့ လိုအပ်ပါတယ်။

သောကကို ငြိမ်းအေးစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အတိတ်ကဖြစ်ရပ်တွေအပေါ် နောင်တရနေခြင်းနဲ့ အနာဂတ်အတွက် ကြိုတင်စိုးရိမ်ပူပန်ခြင်းတွေကို ရပ်တန့်လိုက်ပြီး လက်ရှိအချိန်မှာ ကိုယ်လုပ်ဆောင်နိုင်တဲ့ ကုသိုလ်ကောင်းမှုနဲ့ အကျိုးရှိမယ့် အလုပ်တစ်ခုခုမှာ စိတ်ကို မြှုပ်နှံထားခြင်းပဲ ဖြစ်ပါတယ်။


မိမိထက် ပိုပြီး ဆင်းရဲဒုက္ခရောက်နေသူတွေကို ငဲ့ညှာတွေးတောတဲ့ ကရုဏာစိတ်၊ အားလုံးအေးချမ်းပါစေဆိုတဲ့ မေတ္တာစိတ်တွေကို ပွားများပေးခြင်းဖြင့် ပူလောင်နေတဲ့ စိတ်အာရုံတွေကို အေးမြသွားစေနိုင်ပါတယ်။ အနှစ်ချုပ်အားဖြင့် သောကဆိုတာ ပြင်ပအခြေအနေထက် မိမိရဲ့ အတွေးအခေါ်နဲ့ အယူအဆအပေါ်မှာ ပိုပြီး မူတည်နေတာကြောင့် သတိနဲ့ ပညာကို လက်နက်သဖွယ် အသုံးချပြီး စိတ်ကို စနစ်တကျ ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်။



ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ 👏🏻👏🏻👏🏻
🙏48145👍42
◾️ တပ်မတော်မှာ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပညာရေးကျောင်းတွေ ဖွင့်ထားတာ ရှိတယ်။ တပ်မတော်သားတွေဆိုတာက …အချိန်မရွေး၊ နေရာမရွေး တာဝန်ထမ်းဆောင် ရတော့…သား၊သမီးတွေ ပညာရေးက အတော်လေး ဒုက္ခရောက်ကြတာရှိတယ်။ ဒီပြဿနာ ကို ဖြေရှင်းဖို့ တပ်မိသားစုအင်အားများတဲ့ဒေသတွေ၊ ဝေးလန်တဲ့ နေရာတွေမှာ တပ်မတော် ပညာရေးကျောင်းတွေ ဖွင့်လှစ်တာမျိုးနဲ့ ဒီကွက်လပ်ကို ဖြည့်ဆည်းခဲ့ကြတယ်။
-------------
◾️ မနေ့က ကကပြည် ရဲ့ ၇၉ နှစ်မြောက် အခမ်းအနားမှာ ဒီကျောင်းတွေက တပ်မိသားစု တွေအတွက် အဓိက ကျသလို အငြိမ်းစား အရာရှိ/စစ်သည်တွေရဲ့ သားသမီးတွေရဲ့ ပညာရေးကိုလည်း ဆက်ပြီး အထောက်အပံ့ပေးနိုင်ဖို့ ၊ ကျဆုံးစစ်သည်/အရာရှိတွေရဲ့ သား၊ သမီး ပညာရေးတွေကိုလည်း တာဝန်ယူစောင့်ရှောက်နိုင်ဖို့ တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းတွေကို ရန်ကုန်နဲ့ နေပြည်တော်တွေမှာ ဖွင့်လှစ်ပြီး အခြေခံပညာ အထက်တန်းအဆင့် ပညာရပ်တွေကို သင်ကြားပေးသွားမယ်ဆိုပြီး တပ်ချုပ်ကြီး အသစ်ရဲ့ မိန့်ခွန်းထဲမှာ တွေ့လိုက်ရတယ်။ ဒါကို ဧရာဝတီက အောင်ဇော်တို့က ပညာရေးကျောင်း သပ်သပ်ကို ဝါဒဖြန့်ပညာရေးကျောင်းတွေ ထပ်ဖွင့်မယ်ဆိုပြီး ခေါင်းစဉ်ကြီးနဲ့ ထရေး လာတယ်။ မီဒီယာတစ်ခု အမည်ခံပြီး ဒီလို နည်းနည်းရုပ်ပေါက်တာတော့… အတော်လေး တော့ ဂွကျတယ်။
---------
◾️ ဘယ်လိုပဲဖြစ်ဖြစ်…လာမယ့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစပြီး တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်း နှစ်ခုကတော့ ရန်ကုန်နဲ့ နေပြည်တော်မှာ စပြီး ဖွင့်လှစ် လာပါတော့မယ်။ အဓိကရည်ရွယ်ချက်ကလည်း စစ်မှုထမ်းဆောင်ဆဲ၊ အငြိမ်းစားနဲ့ ကျဆုံး သွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေအတွက် အခြေခံပညာ အထက်တန်း အဆင့်အထိ ပညာရေးကို စဉ်ဆက်မပြတ် တာဝန်ယူ စောင့်ရှောက်ပေးဖို့ပါပဲ။ ဆိုလိုတာက…ရှိနှင့်ပြီးသား တပ်မိသားစု ကျောင်းတွေကို ပိုပြီး နယ်ပယ်ချဲ့ထွင်တဲ့ သဘောပါပဲ။ ဒါက တပ်မတော်ဆိုတဲ့ အင်စတီးကျူးရှင်းအနေနဲ့ တပ်မိသားစုရဲ့ ပညာရေးကို ပိုပြီး ဂရုစိုက်မယ်ဆိုတဲ့ မက်ဆေချ့်ပါ။
------------
◾️ ခြုံပြောရရင်တော့…တပ်မတော်ရဲ့ ပညာရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုက တပ်ဖွဲ့ဝင် မိသားစု တွေရဲ့ လက်တွေ့လိုအပ်ချက်ကနေ ဆင်းသက်လာတဲ့ ကိစ္စတစ်ခုပါပဲ။ တစ်ဖက်မှာ အကျင့်ပျက်တဲ့ မီဒီယာတွေအနေနဲ့ “ဝါဒဖြန့်” ဆိုတဲ့ စကားလုံးနဲ့ တံဆိပ်တပ်လိုက်တာ က နိုင်ငံရေးအရဆိုရင် ကျင့်ဝတ်မညီတဲ့ သတင်းထုတ်ပြန်ချက်လို့ ပြောလို့ရတယ်။ ဒီလို သတင်းမီဒီယာတွေရဲ့ ဘက်လိုက်မှုတွေက မြန်မာ့နိုင်ငံရေးမှာ အဖြစ်များတဲ့ ကိစ္စတစ်ခု ပါပဲ။ ဒီလို သတင်းမှားတွေတုန့်ပြန်နိုင်ဖို့ကလည်း လူငယ်တွေ ပညာတတ်၊ စာဖတ်မှ ချေဖျက်နိုင်လိမ့်မယ်။

(နရီမိုး)
👍465118🥰8👏3🥴2👎1
◾️ မနက်ဖြန်ဆို ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနား တရားဝင် ကျင်းပပြီ။ ဥပဒေအားဖြင့် ဆိုရင် တော့…မနက်ဖြန်က အရင်အစိုးရအဟောင်းကနေ အသစ်ကို ချိန်းတဲ့ နေ့ရက်ပေါ့လေ။ ဘယ်သူတွေဘာပြောပြော တတိယဒီမိုကရေစီအစိုးရရဲ့ ပထမအကြိမ် ပုံမှန်လွှတ်တော် အခမ်းအနားဟာ ဒုတိယ သမ္မတလောင်း စိစစ်ရွေးချယ်တာတွေ၊ ၅၈၄ မဲကနေ ၄၂၉ ဆန္ဒပြုလို့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ သမ္မတကြီးက သူ့ရဲ့အစိုးရ အဖွဲ့အစည်းတွေကို လွှတ်တော်ကို ပေးပို့ပြီး အတည်ပြုချက်ရယူခဲ့တာတွေ၊ သက်ဆိုင်ရာ လွှတ်တော်အသီးသီး မှာလည်း လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခဲ့တာတွေ…စသဖြင့် ပြီးမြောက်ခဲ့ပြီလို့ ဆိုလို့ရတယ်။
----------
◾️ အစိုးရအဖွဲ့ထဲမှာလည်း အရင်ယုံကြည်ထိုက်တယ်လို့ ထင်ရတဲ့ လူဟောင်းတွေ ပြန်ပါလာသလို အသစ်တွေကိုလည်း ပေါင်းစပ်ထည့်သွင်းထားတယ်။ ပြည်ထောင်စု အဆင့် ဝန်ကြီးဆိုတာ လက်ချိုးရေလို့ ရတဲ့အရေအတွက်ပါပဲ။ လုပ်နိုင်မယ်ထင်လို့ တာဝန် ပေးအပ်ထားတာလည်း ဖြစ်တယ်။ တစ်ဦးချင်းအရ ပြည်ထောင်စု ဝန်ကြီးဆိုပေမယ့် စုပေါင်းလိုက်ရင်တော့ အစိုးရရဲ့ ပြယုဒ်လည်း ဖြစ်တယ်။ ဒီ ဝန်ကြီးတွေကပဲ ဌာန ၃၁ ခုကို ဘယ်လိုမောင်းနှင်သွားမလဲဆိုတာ စောင့်ကြည့်ကြရတော့မယ်။
---------
◾️ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တရုတ်က အထူးကိုယ်စားလှယ် စေလွှတ် ထားတယ်။ အိန္ဒိယကလည်း ပေါ်ပေါ်ထင်ထင် မဟုတ်တောင် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို ဘေးကနေ ပံ့ပိုးပေးထားတယ်။ ဒါကို နီပေါတစ်ချို့က ဝန်ကြီး လောက်လွှတ်တာကို အရေးမပါဘူးထင်နေကြတယ်။ အိန္ဒိယဆိုတာက သူ့ရဲ့ အရှေ့ (၇)ပြည်နယ်အတွက် မြန်မာအစိုးရကို မဆက်ဆံလို့ကို မရဘူး။ ဒါပေမယ့် မူဝါဒ အရတော့ တရုတ်ထက် နောက်ကွယ်ကနေပဲ ချဉ်းကပ်တဲ့ပုံစံရှိတယ်။ အရင် မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖွဲ့စည်းပုံ လေ့လာဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတိတ်ကအကြောင်းအရာတွေ ပြန်တွေးကြည့်ကြပေါ့လေ။
--------
◾️ထိုင်းကလည်း လက်ရှိ နိုင်ငံခြားရေးရဲ့ အကြံပေးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို စေလွှတ်ထားတယ်။ ထိုင်းဟာ မြန်မာအတွက် အာဆီယံရဲ့ ပေါင်းကူးတံတား လည်းဖြစ်တယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက်လည်း မဖြစ် မနေ ဆက်ဆံ ကြရတယ်။ ဘာပဲဖြစ်ဖြစ် ဒေသတွင်း အိမ်နီးချင်းတွေထဲက လူဦးရေ ဘီလီယံနဲ့ချီတဲ့ အိန္ဒိယ၊ တရုတ် အပါအဝင် ထိုင်း၊ ကမ္ဘောဒီးယားတို့ကလည်း မြန်မာ့ နိုင်ငံရေးကို ထိတွေ့ဆက်ဆံထားတဲ့ အခြေအနေက…လက်ခံနိုင်တဲ့ အနေအထားပါပဲ။
------
◾️ အဓိက သမ္မတကြီးရဲ့ အခြေပြမိန့်ခွန်းထဲက ရက် (၁၀၀) စီမံချက်တွေက ဘယ်လောက် ပြည်သူ့ဘဝတွေကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိမလဲ စောင့်ကြည့်ကြရမယ်။ ပထမ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ငြိမ်းချမ်းရေးကိစ္စတွေလည်း အရွေ့ဖြစ်တယ်။ ပြည်သူ့ဘဝ တွေလည်း ချောင်လည်တယ်။ စီးပွားရေးတွေလည်း ပြန်ပြီး နလန်ထူလာနိုင်ရင်…. အောင်မြင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ခု ဖြစ်လာမှာပါ။ အဓိက သက်ဆိုင်သူ တွေအနေနဲ့ (၅) နှစ်စာ အကျိုးစီးပွားကို မကြည့်ဘဲ…ရေရှည်အကျိုးသက်ရောက်မှု ရှိစေမယ့်လုပ်ငန်းတွေကို ထင်သာမြင်သာရှိအောင် ပြင်ဆင်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်လာမှာပါ။
------
◾️ တစ်ခုတော့ရှိတာပေါ့။ တနေ့ကို ဘယ်လောက်ပဲ ဆီထုတ်ခွင့်ပေးထားတဲ့အခြေအနေမှာ နိုင်ငံခြားငွေ ဘယ်လောက်သက်သာသွားပါတယ်ဆိုတဲ့ စကားလုံးထက်…ဒီပမာဏက ပြည်သူတွေအတွက် ဘယ်နှစ်ရက်ဆက်ပြီး ဝယ်ယူသွားနိုင်မယ့် အခွင့်အရေးမျိုး ဖြစ်လာတယ်ဆိုတဲ့ စကားလုံးမျိုး သုံးတတ်ကြတဲ့ ဌာနတွေ ဖြစ်ရင်တော့ ပိုပြီးကောင်း တာပေါ့။ သမ္မတကြီးကတောင် ပြည်သူတွေအဆင်ပြေဖို့ လေကြောင်းလိုင်းတွေကို ပြန်ပြီး ဆွဲခိုင်းထားတဲ့ အခြေအနေမှာ...တစ်ဖက်က ထောက်ပြစရာမဖြစ်အောင်တော့ ပိုပြီး ဆင်ခြင်ကြသင့်တယ်မဟုတ်လား။

(နရီမိုး)
311👍233👏10🥴7👎2🤔1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏44634👍9👏5🥰2
"လောကမှာ မတန်လို့ရှိရင် ကျက်သရေရှိသူနဲ့ ကျက်သရေကင်းမဲ့သူ၊ ဘုန်းကံရှိသူနဲ့ ဘုန်းကံမရှိသူဟာ ဘယ်လိုမှ ရေစက်မဆုံဘူးဆိုတာ ရှိနိုင်သလား။

ဟုတ်တော့ဟုတ်တယ် အခုခေတ်လူတွေ ရေစက်လို့ပြောကြတယ်နော်။ ရေစက်လို့ပြောတယ်။ ဘုန်းကံမရှိတဲ့လူဟာ ရေစက်ဆုံလို့မရဘူးတဲ့၊ ဘုန်းကံချင်း ဒါးအကွာကြီး ကွာနေလို့ရှိရင် ရေစက်မဆုံဘူး။

အဲ့ဒါကို သေနကအမတ်ကြီးကို မေးတဲ့အခါကျတော့ 'ဘုန်းကံရှိသူနဲ့ ဘုန်းကံမရှိသူဟာ တူတူပေါင်းဖက်မှုမျိုး ရှိသလား' လို့ဆိုတော့... ဒီရေစက်မဆုံဘူး။ သူဟာ ဥဒုမ္ဗရဒေဝီက ပြောတယ်။ သူ့အဖေက ပေးစားလိုက်သော်လည်းပဲ သူတို့နှစ်ယောက်ဟာ ဘုန်းကံချင်းမတူလို့ ရေစက်မဆုံဘူးဆိုတာကို ပြောတော့ သေနကအမတ်ကြီးကို မေးတဲ့အခါ 'ဒါ မဖြစ်နိုင်ဘူး' လို့ ပြောတယ်။ မရှိနိုင်ဘူးပေါ့။ မိဘပေးစားရဲ့သားနဲ့ ဒီလိုဖြစ်တယ်ဆိုတာ လောကမှာ မရှိနိုင်ဘူးဆိုတော့...

အဲ့ဒီ မိဖုရားက သူ့အသတ်ခံရမှာ သိပ်ကြောက်သွားတယ်။ သိပ်ကြောက်သွားတော့ ဘုရင်ကြီးက 'ကဲ... တခြားပညာရှိတွေကို ငါမေးဦးမယ်' ဆိုပြီး မဟောသဓကို ခေါ်ပြီးတော့ မေးတယ်။ 'ဒီလိုကိစ္စမျိုးဟာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘုန်းကံချင်းမတူရင် ရေစက်မဆုံဘူးဆိုတာ ဖြစ်နိုင်သလား' ဆိုတော့...

အဲ့ဒါ ဘုရင်ကြီးမေးတဲ့ မေးခွန်းက ဘာတုန်းဆိုတော့ -
'ဣတ္ထိ သိယာ ရူပဝတီ၊ သာ စ သီလဝတီ သိယာ'
အမျိုးသမီးတစ်ယောက်ဟာ ရုပ်ကလည်း အင်မတန်မှ ချောတယ်၊ ကိုယ်ကျင့်တရား အကျင့်စာရိတ္တလည်း အလွန်ကောင်းတယ်။

'ပုရိသော တံ န ဣစ္ဆေယျ'
ဒါပေမယ့် ယောက်ျားတစ်ယောက်က အဲ့ဒီအမျိုးသမီးကို လုံးဝမချစ်နိုင်ဘူး၊ မခင်နိုင်ဘူး။

'သဒ္ဒဟာသိ မဟောသဓ'
အဲ့ဒါမျိုး ရှိတယ်ဆိုတာ မင်းယုံကြည်သလား၊ လောကမှာ ရှိနိုင်သလား။ အမျိုးသမီးတစ်ယောက်က ဘာမှအပြစ်မရှိဘူး၊ ရုပ်လည်းချောတယ်၊ ကိုယ်ကျင့်တရားလည်း အင်မတန်မှ ကောင်းတယ်။

'သဒ္ဒဟာမိ မဟာရာဇ'
သူယုံပါတယ်တဲ့၊ လက်ခံပါတယ်တဲ့။

'ပုရိသော ဒုဗ္ဘဂေါ သိယာ'
ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်က ဘုန်းကံနည်းတဲ့လူ ဆိုလို့ရှိရင် ဘုန်းကံကြီးမားတဲ့ အမျိုးသမီးကို စိတ်မဝင်စားဘူးတဲ့။ ဒါ ရေစက်မဆုံဘူးလို့ ပြောရမှာပေါ့ မြန်မာလိုဆိုရင်တော့။ ရေစက်မဆုံဘူး၊ မဆုံနိုင်ဘူးတဲ့ အဲ့ဒါ။

'သိရီ စ ကာလကဏ္ဏီ စ၊ န သမေန္တိ ကုဒါစနံ'
လောကမှာ ဂုဏ်ကျက်သရေရှိတဲ့ ပုဂ္ဂိုလ်နဲ့ ဂုဏ်ကျက်သရေယုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သောအခါမှ ပေါင်းစည်းမိခြင်း မရှိနိုင်ပါဘူးတဲ့။ ဒါ လူ့သဘာဝပါပဲ။

ဘုရားလောင်းကတော့ 'ရှိနိုင်တယ်' ဆိုတာကို ထောက်ခံပြီးတော့ ပြောကြားလိုက်တဲ့အခါမှာ ဥဒုမ္ဗရဒေဝီဟာ အသက်ချမ်းသာရာ ရသွားတယ်။ ကျေးဇူးတင်တယ် မဟောသဓကို၊ အဲ့လိုသာ မဟုတ်ဘူးဆိုရင် သူဟာ အသတ်ခံရမယ့်သဘော ဖြစ်သွားတယ်။ အဲ့လို ပြဿနာတစ်ခုကို ဒီလိုဖြေရှင်းလိုက်တဲ့အခါမှာ ဘုရင်ကြီးကလည်းပဲ ကျေးဇူးတင်သွားတယ်။

အကယ်၍ မဟောသဓသာ မရှိဘူးဆိုရင် သူ့မှာ မိဖုရားတစ်ဦး ဆုံးရှုံးသွားနိုင်တယ်။ သေနကအလိုဆိုရင် ဒီမိဖုရားကို သူ သေဒဏ်ပေးမိမှာပေါ့။ အခု မဟောသဓရဲ့ ကျေးဇူးကြောင့် ဒီမိဖုရားကို သူ မဆုံးရှုံးတာဖြစ်တယ် ဆိုပြီးတော့ ကျေနပ်ပြီးတော့ ဆုလာဘ်တွေ တစ်သောင်း၊ တစ်သိန်း ဘုရင်ကြီးက ဆုချတယ်ဗျာ။"

---

ပါမောက္ခချုပ်
ဆရာတော် ဒေါက်တာ
နန္ဒမာလာဘိဝံသ
🙏42055👍39
တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်း ဖြစ်တဲ့ အပြင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံအပေါ် လစ်လျူ ရှုလို့ မရတဲ့ အချက်တွေ ရှိတယ်။ ပါဆင်နယ်အမြင်နဲ့ တချို့ ခံစားချက်တွေ ခဏနောက်ထား၊ ဒီအချက်တွေက အဓိကကျတယ်။

ပထမအချက် တရုတ်ဟာ ပင်လယ်ထွက်ပေါက်လိုတယ်။ ဒုတိယအချက် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံဟာ BRI ရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ တတိယအချက်မြန်မာပြည်က အစိုးရဟာ တရုတ်ဆန့်ကျင်ရေးထက် ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့မျိုးဖြစ်ရမယ်။

အိန္ဒိယနဲ့ မြန်မာလည်း အလားတူပဲ။ ပြည်နယ် ၇ ဖော်အတွက် မြန်မာဟာ မဆက်ဆံလို့ကို မရဘူး။ အိန္ဒိယက ခွဲထွက်လိုတဲ့ သူပုန်တွေ နာဂဘက်မှာ ရှိတယ်။ ဒီတော့ မြန်မာကို မဖြစ်မနေ ဆက်ဆံရတဲ့ အချက်တွေရှိတယ်။

ပထမအချက် ပြည်နယ် ၇ ဖော်အတွက် ဖြစ်တယ်။ ဒုတိယအချက် ပါကစ္စတန်ဘက်ထက် Act East Policy ရှိတယ်။ တတိယအချက် တရုတ်ကို Balance ထိန်းဖို့ လိုတယ်။

ထိုင်း-မြန်မာ ဆက်ဆံရေးက ၉၀ ခုနှစ်ပတ်ဝန်းကျင်ကထက်စာရင် ပိုရင်းနှီးတဲ့ အနေအထားဖြစ်လာတယ်။

ပထမအချက် မြန်မာကနေ တင်ပို့ရောင်းချထားတဲ့ Gas က ထိုင်းအတွက် အရေးကြီးတယ်။ ဒုတိယအချက် မြန်မာကနေ ရောက်လာတဲ့ Migration လုပ်သားတွေက ထိုင်းနိုင်ငံရဲ့ စီးပွားရေး စနစ်ကို အထောက်အကူ ပြုတယ်။ တတိယအချက် မြန်မာ့နိုင်ငံရေး မတည်ငြိမ်ရင် သူတို့ နယ်စပ်ပါ ပြဿနာ တက်ရတယ်။

ဆိုတော့ အပြန်အလှန်အားဖြင့်လည်း မြန်မာဘက်က လိုလားချက်တွေရှိတယ်။

ပထမအချက် တရုတ်ဆီက ရင်းနှီးမြုပ်နှံမှုက အမြန်ဆုံးနဲ့ အများဆုံး ဖြစ်နိုင်တယ်။ ဒုတိယ အချက် နယ်စပ်ဒေသ အခြေပြု EAO တွေက တရုတ်ဩဇာ သက်ရောက်မှု ရှိတယ်။ တတိယ အိန္ဒိယနဲ့ တရုတ်ရဲ့ BRI စီမံကိန်းတွေမှာ ပူးပေါင်းရင် တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ့ ပေါင်းကူး ကုန်းမြေအနေအထားကို Geopolitics အရပိုင်ဆိုင်ထားလို့ အခွင့်အလမ်းရှိတယ်။

ခြုံပြောရရင်....ကိုယ်ထောက်ခံတဲ့ အစိုးရ မဟုတ်လို့ ဘလာ၊ ဘလာ ပြောနေကြပေမယ့် ဒီအခြေခံ အချက်တွေကြောင့်ပဲ အိမ်နီးချင်း နိုင်ငံတွေက လက်တွေ့ကျတဲ့ နိုင်ငံရေးကို လျှောက်ကြရတယ်။ ဆိုထားသလို....နိုင်ငံရေးဟာ အမျိုးသား အကျိုးစီးပွားပေါ်မှာပဲ အခြေခံတယ်။ ဒါက တရုတ်မှာ ရှီ၊ အိန္ဒိယမှာ မိုဒီနဲ့ မြန်မာမှာ သမ္မတ ဦးမင်းအောင်လှိုင် ဖြစ်နေကြလို့ မဟုတ်ဘူး ဆိုတာ နားလည် ထားသင့်ဖို့ လိုလိမ့်မယ်။


(နရီမိုး)
👍545110👏12🥴7👎3😎3
❝သမ္မတမိန့်ခွန်း နောက်ကွယ်မှ နိုင်ငံရေးသဘောတရားများ❞

◾️ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းအရ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ရွေးခြယ်တင်မြှောက်ခံရတဲ့ သမ္မတကြီး ဦးမင်းအောင် လှိုင်အနေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့သလို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တက်ရောက်လာတဲ့ ဧည်သည့်တော်တွေ ရှေ့မှောက်မှာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တယ်။ မိန့်ခွန်းကို Analysis လုပ်တဲ့အခါ မိနစ်အားဖြင့် ၂၀ မိနစ်ခန့်ပဲကြာမြင့်ခဲ့သလို အခမ်းအနားမှာတော့ ဖိတ်ကြားထားတဲ့ ပြည်တွင်း/ပြည်ပ ဧည့်သည်တော် ၅၀ ကျော်တက် ရောက်ခဲ့တာလည်း တွေ့ရတယ်။
----------
◾️ မိန့်ခွန်းကို အနှစ်ချုပ် သုံးသပ်တဲ့အခါ အချက်(၃)ချက်ကို အဓိက ထား မြင်ရတယ်။ ပထမ အချက်ကတော့…ဒီမိုကရေစီရဲ့ ပြယုဒ်ဖြစ်တဲ့ ရွေးကောက်ခံအရ တက်လာတဲ့ နိုင်ငံရေးအာဏာက “တရားဝင်မှု” ဖြစ်တဲ့အကြောင်း အဖွင့်နိဒါန်းမှာတင် ရှင်းရှင်း လင်းလင်း မက်ဆေချ့်ပေးထားတယ်။ သီအိုရီ ဆန်ဆန် ချဉ်းကပ်ကြည့် ရင်တော့…Max Weber ရဲ့ Legal-Rational Legitimacy နဲ့ သဏ္ဍန် သွားဆင်နိုင်မလားပဲ။ ဆိုလိုတာ က…မဲမသမာမှုက ယိုင်နဲ့ခဲ့တဲ့ ဒီမိုကရေစီကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုထားတယ်။
-------
◾️ ဒုတိယအချက်ကတော့ တိုင်းပြည်အနေနဲ့ တည်ငြိမ်မှု နဲ့ ဖွံ့ဖြိုးမှု ရှိဖို့ လိုအပ်တယ်ဆိုတာကို အသားပေးပြောထားတယ်။ နိုင်ငံတော်တည်ငြိမ်မှုနဲ့ လုံခြုံရေး အားကောင်းမှုက ဒီမိုကရေစီ စံနှုန်းထက် ပိုအရေးကြီးကြောင်းလည်း ယူဆထားပုံပါပဲ။ နိုင်ငံရေး စနစ်တည်ငြိမ်ဖို့ အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက် မယ်လို့ ကတိပြုထားတယ်။ ပထမဆုံးတွေ့လာရနိုင်တာက တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ သဘောတူညီထားတဲ့ ၄၃ ချက်ကို လွှတ်တော်မှာ တင်သွင်းပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု စတင်လာနိုင်တယ်လို့ ယူဆချင်ကြည့်မိလို့ရတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေဖို့ ထိုက်သင့်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်တွေ စဉ်းစားဆောင်ရွက်ပေးသွားမယ်ဆိုထားပေမယ့် လုပ်နည်း အပိုင်းမှာ ဘယ်လိုကွဲကွဲပြားပြား ချဉ်းကပ်မလဲဆိုတာကတော့ ပညာရှင်တွေရဲ့ တင်ပြချက်တွေက “အခရာ” ကျလာပါလိမ့်မယ်။
---------
◾️ တတိယအချက်ကတော့ အစိုးရသစ်အနေနဲ့ စိန်ခေါ်မှုတွေရှိတာတွေကို အရှိတရား အတိုင်း လက်ခံထားသလို နိုင်ငံတကာ- အထူးသဖြင့် အာဆီယံနဲ့ ဆက်ဆံရေး ကောင်းဖို့ လည်း နည်းလမ်း ရှာဖွေသွား မယ်လို့ ဆိုထားတယ်။ ပညာရေးနဲ့ ကျန်းမာရေးကိုလည်း ဖွံ့ဖြိုးမှု နိမ့်ပါးတဲ့ ပြည်နယ်တွေအထိ လူတိုင်းလက်လှမ်းမှီနိုင်တဲ့ အခြေအနေအထိ မြှင့်တင်သွားမယ်လို့ ဆိုထားသလို စီးပွားရေးအပိုင်းမှာတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မြှင့်တင်ဖို့၊ စွမ်းအင်(လျှပ်စစ်၊ မြစ်ရေတင်၊ ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှု)ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းနဲ့ MSME လုပ်ငန်းတွေ အတွက် ရေရှည် မဟာဗျူဟာ မြောက် စီမံကိန်းတွေ နဲ့ ချဉ်းကပ်ဆောင်ရွက်မယ်လို့ ထည့်သွင်းပြောကြား ထားတယ်။
---------
◾️ ခြုံပြီး သုံးသပ်ရရင်တော့….မိနစ်(၂၀)လောက်သာ ရှိတဲ့ မိန့်ခွန်းမှာ အဓိက အချက်တွေကို ခပ်ပါးပါး ပါရုံလောက်ပဲ ပြောထားသလို သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ အနာဂတ် မူဝါဒ ပိုင်းဆိုင်ရာ နဲ့ အစိုးရသစ်အနေနဲ့ ရက်(၁၀၀) အတွင်း ဘာတွေ လုပ်သွား မယ်ဆိုတဲ့ အချက်အလက်တွေတော့ တရားဝင်ချပြတာမျိုး မတွေ့ရသေးဘူး။ ဖြစ်နိုင်တာကတော့… လာမယ့် မြန်မာနှစ်သစ်ကူးနေ့မှာများ ပြည်သူတွေကို တိုက်ရိုက်ရည်ညွှန်းတဲ့ မိန့်ခွန်းတွေ သီးခြား ထပ်ပြောလာရင်တော့ မပြောတတ်ဘူးပေါ့လေ။ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးက တိုင်းပြည်အတွက် အဓိက ကျတယ်လို့ ဆိုခဲ့တယ်။

◾️ စောင့်ကြည့်ရမှာကတော့ Sector အလိုက်က ပါဝင်ဖွဲ့စည်းထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းပါပဲ။ လူဟောင်းတချို့ပြန်ပါလာတဲ့အပေါ်မှာ ဘာအသစ်အဆန်းမှ မပြောင်းလဲပြနိုင်ရင်တော့ လူထု စိတ်ဝင်စားမှု လျော့ကျနိုင်တာကို အစိုးရသစ်အနေနဲ့ မလွှဲမသွေ သတိပြုရမှာ ဖြစ်ပါတယ်။

(နရီမိုး)
👍46783👎2🥴2
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏40228👍9🥰4👏4
#ဒုက္ခဆိုသည်မှာ
လူတွေနားလည်နေတဲ့ စားစရာမရှိလို့
ဆင်းရဲတာတို့ မကျန်းမာလို့ ဆင်းရဲတာတို့
ဒါတွေပင်ပြောတာမဟုတ်ဘူး
ခန္ဓာငါးပါးရထားတဲ့ ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ
အိုခြင်း နာခြင်း သေခြင်းဆိုတဲ့
ဒီဆင်းရဲတွေနဲ့ ကြုံတွေ့ရမှာဖြစ်တယ်။

ဓမ္မစကြာမှာ
မြတ်စွာဘုရားဟောထားတဲ့အတိုင်း
" အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော "
ကိုယ်မတွေ့ချင်တွေတာနဲ့ ဆုံဆည်းရတယ်
တွေ့မိရတယ် ဒါလည်းဆင်းရဲတာပဲ
" ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော "
ကိုယ်တွေ့ချင်တာတွေနဲ့ကျတော ခွဲခွာရတယ်
ဒါလည်း ဆင်းရဲတာပဲ။

အဲ့ဒီဆင်းတွေဟာလည်းပဲ
လူသူမကြိုက်တဲ့အခြေနေဆိုးတွေမှန်သမျှကို
ဆင်းရဲဒုက္ခလို့ အဲ့ဒီဆင်းရဲဒုက္ခတွေအပြင်
" ယံပိစံ္ဆ နလဘတိ တမ္ပိ ဒုက္ခံ " ဆိုတဲ့စကားက
လောကလူတွေဟာ ကိုယ်လိုချင်တာ မရဘူးဆိုရင် လူတွေကထင်ကောင်းထင်လိမ့်မယ်
ကားလိုချင်သေးတယ် ကားရလား
အိမ်လိုချင်နေတယ် အိမ်ရလား
ဒါတွေကို ထင်ပြီးသော လိုချင်တာမရတာ
ဆင်းရဲတယ်လို့ ပေါပေါတွက်ကြတယ်
မြတ်စွာဘုရားဆိုလိုတာက အဲ့ဒီလိုမဟုတ်ဘူး
" ယံပိစံ္ဆ နလဘတိ "ဆိုတာဟာ လူတိုင်းတိုင်းဟာ
ဘဝမှာ နုပျိုချင်ကြတယ်။

သို့သော် တစ်နေ့တစ်ခြား အိုမင်းရင့်ရော်လာတယ်
ထာဝရနုပျိုပါရစေဆိုတဲ့ဆန္ဒ ဘယ်တော့မှရမှာ
မဟုတ်ဘူး ထာဝရကျန်းမာနေပါရစေဆိုတာလည်း
ဘယ်တော့မှ ရမှာမဟုတ်ဘူး
ထာဝရ ဒီဘဝမှာ အသက်ရှည်ကြာပြီးသော
နေပါရစေဆိုလို့လည်း ရမှာမဟုတ်ဘူး။

မအိုချင်ပဲနဲ့ အိုသွားကြရတယ်
မနာချင်ဘဲနဲ့ နာကြရတယ်
မသေချင်ဘဲနဲ့သေကြရတယ်
အဲ့ဒီမဖြစ်ချင်တာတွေကိုပြောတာ
အဲ့ဒီမဖြစ်ချင်တာတွေ ဖြစ်တာကိုပြောတာ
" ယံပိစံ္ဆ နလဘတိ တမ္ပိ ဒုက္ခံ "
ကိုယ်ဖြစ်ချင်တာတွေ မရဘူး
ကိုယ်ဖြစ်ချင်တာမရဘူးဆိုတာ
မဖြစ်ချင်တာတွေ ဖြစ်လာတယ်လို့
ဒီလိုဆိုလိုတယ်ပေါ။

အဲ့ဒီဒုက္ခဟာ
အလွန်ကြီးမားတဲ့ ဒုက္ခကြီးတစ်ခုပဲ
လူ့ဘဝမှာ တစ်ခြားအရာတွေက
ရကောင်းရနိုင်သော်လည်းပဲ ဒီအချက်တွေကတော့
မအိုဖို့ မနာဖို့ မသေဖို့ဆိုတာဟာ
တောင်းဆုဆိုလို့ ရနိုင်တဲ့အရာတွေ မဟုတ်ဘူး။

ဘဝမှာ ခန္ဓာရထားပြီဆိုရင်
အိုခြင်း နာခြင်း သေခြင်းဆိုတာတွေနဲ့
ရင်ဆိုင်တွေ့ရမှာပဲဖြစ်တယ် ဘယ်သူပဲဖြစ်ဖြစ်
အသက်အရွယ်ကြီးမားလာပြီဆိုတဲ့အခါမှာ အိုရတဲ့ဒုက္ခ နေမကောင်းထိုင်မသာဖြစ်ပြီဆိုရင် နာရတဲ့ဒုက္ခ
နောက်ဆုံးမှာ အသက်ကလေးထွက်ဖို့တောင်
လွယ်လွယ်ကူကူနဲ့ ထွက်သွားတာမဟုတ်ပဲနဲ့
ပင်ပန်းဆင်းရဲစွာ အသက်ထွက်သွားရတယ်
သေရတဲ့ဒုက္ခ အဲ့ဒီလို ဆင်းရဲဒုက္ခမျိုးတွေ
ကိုယ်လိုချင်တာ မရနိုင်တဲ့ ဒုက္ခမျိုးတွေဟာလည်းပဲ
သံသရာမှာရှိနေတယ်။

အဲ့ဒီဒုက္ခတွေ
အဆုံးသတ်ဖို့ ဘာလုပ်ရမယ်ဆိုတာ
" ဗြဟ္မစရိယံ စရ ဗြဟ္မစရိယံ "
မြတ်သောအကျင့်ကို ကျင့်ပါလို့
အဲတော့ ဒီလိုဒုက္ခတွေ ဘာရှိနေလို့ရတာတုန်း
ဝိပဿနာဥာဏ်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်
" သံခိတ္တေန မဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ "
သံသရာကနေစပြီးသော ငါလို့စွဲလမ်းလာတဲ့ခန္ဓာငါးပါး ဒိဋ္ဌိအမြင်နဲ့ ငါလိုစွဲလမ်း
ငါဟာလို့ စွဲလမ်းလာတဲ့ခန္ဓာငါးပါး
အဲ့ဒီခန္ဓာငါးပါးကို မြတ်စွာဘုရားက ဒုက္ခလို့ခေါ်တာ။

ဆိုလိုတာက
ခန္ဓာတွေမရမှ ဆင်းရဲဒုက္ခကိုလွတ်မှာ
ခန္ဓာရနေရင် အဲ့ဒီခန္ဓာကိုယ်က ဒုက္ခကြီးပဲလို့
ဒါတွေ လူတွေသိလားလို့ဆိုတော့
လူတွေက ခန္ဓာရထားပြီးရင် အဆင်ပြေနေရင်
ဒုက္ခလို့မထင်ဘူး ဘဝရထားပြီ အဆင်ပြေတယ်
ကျန်းမာတယ် သွားလို့လာလို့
စားလို့သောက်လို့ကောင်းတယ်
အိပ်လို့ကောင်းတယ်ဆိုရင်
ဒုက္ခမရှိဘူးလို့ထင်ကြတယ်ပေါ
အဲ့ဒီခန္ဓာကြီးရထားကိုယ်က ဒုက္ခ
ဒီလိုဆိုလိုတာပေါနော်...။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏
🙏🙏
🙏372👍3730🥰2👏1
❝လမ်းညွှန်မူဝါဒနဲ့ ရည်မှန်းချက်များ❞

◾️ မနေ့က သမ္မတကြီးအနေနဲ့ သူ့ရဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို မိန့်ခွန်းပြောခဲ့တယ်။ ကိုယ်တွေကတော့ ပြည်သူတွေကို တိုက်ရိုက်ရည်ညွှန်းတဲ့ မိန့်ခွန်းမျိုး ဖြစ်စေချင်ပေမယ့် သမ္မတကြီးအနေနဲ့ သူ့အစိုးရအဖွဲ့တွေကို နိုင်ငံတော်နဲ့ပြည်သူတွေအတွက် ဘာတွေလုပ်ကြမယ်ဆိုတာမျိုး လမ်းညွှန်မူဝါဒ (policy direction setting speech) ပေးတဲ့သဘောမျိုး သက်ရောက်တယ် လို့ပဲသုံးသပ်ပါတယ်။
--------
◾️ သမ္မတကြီးရဲ့မိန့်ခွန်းမှာ နိုင်ငံရေးတည်ငြိမ်ဖို့၊ စီးပွားရေးပြန်လည်တည်ဆောက်လိုမှု၊ ပညာရေး၊ကျန်းမာရေးနဲ့ အားကစားတွေကို မြှင့်တင်ဖို့၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို အခြေခံ မူဝါဒတွေအဖြစ်သဘောထားပြီး တပြိုင်နက်တည်း တိုးမြှင့်ဆောင်ရွက်သွားလိုတဲ့ သဘော မြင်ရတယ်။
အဓိက အကြောင်းအရာတွေထဲမှာ-
(၁) ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး NCA ကိုပဲ လက်ကိုင်ထားပြီး တည်ဆောက်မယ်။
(၂) စီးပွားရေးရဲ့ အဓိက ပြဿနာမှာ ကုန်ထုတ်လုပ်မှု အားနည်းတာကို အဓိက ပြဿနာလို့ ရှုမြင်ပြီး စိုက်ပျိုးရေး(ဆီ၊ ရာဘာ၊ ဝါး)၊ မွေးမြူရေး၊ MSME၊ Agro-Based Industry တွေကို ဦးစားပေး တည် ဆောက်သွားမယ်။
(၃) MSME ကို အားပေးမြှင့်တင်ပြီး စက်မှုဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်။
(၄) ပညာရေးမှာ KG+9 ၊ မူကြို၊ အသက်မွေးဝမ်းကျောင်းပညာ၊ ဥပဒေ၊ လူငယ်ဖွံ့ဖြိုးရေးတွေကို အခြေခံ ပြုပြင်ဆောင်ရွက်သွားမယ်။
(၅) လျှပ်စစ်စွမ်းအင်၊ ဆိုလာစနစ်နဲ့ သယ်ယူပို့ဆောင်ရေးအတွက် မီးရထားကဏ္ဍကို အဓိက ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖြစ် ဆောင်ရွက်ကြရမယ်။
(၆) တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေဆောင်ရွက်ရမှာဖြစ်သလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်ပြီး သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု (Good Governance + Anti-Corruption) ဖြစ်အောင် တည်ဆောက်ကြမယ်။
-------------
◾️ မြင်ရသလောက်ကတော့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် NCA ကိုပဲ အဓိက လက်ကိုင်ထားပြီး ဆောင်ရွက်မယ့်သဘောပါပဲ။ စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ တော့…စိုက်ပျိုးရေးနဲ့ MSME တွေကို အဓိက မြှင့်တင်မယ့်ပုံစံလို့ မြင်ရတယ်။ အခြေခံ အဆောက်အအုံနဲ့ပတ်သက်ရင် လျှပ်စစ်တွေကို ရနိုင်သမျှ ပုံစံနည်းလမ်းမျိုးစုံနဲ့ ထုတ်ယူပြီး သယ်ယူပို့ဆောင်ရေးနဲ လမ်းပန်းဆက်သွယ်ရေးတိုးတက်ဖို့ ရည်ရွယ်ထားတာ လည်း တွေ့ရတယ်။ လူ့စွမ်းအားအရင်းအမြစ်ပိုင်းမှာ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ဥပဒေနဲ့စည်းကမ်းလိုက်နာမှုတွေကို စနစ်တကျ ပြုစုပျိုးထောင်မှာဖြစ်သလို အစိုးရနဲ့ ဝန်ကြီးဌာနတွေအတွက် သန့်ရှင်တဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုဖြစ်ဖို့ အဂတိလိုက်စား မှု မကျူးလွန်ကြပါနဲ့လို့ သတိပေးထားတယ်။ မဏ္ဍိုင် (၃)ရပ်ကိုလည်း ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားတယ်။
-------------
◾️ ခြုံကြည့်ရသလောက်တော့ ကဏ္ဍစုံအတွက် မူဝါဒဆိုင်ရာအချက်အလက်တွေကို အစိုးရအဖွဲ့တွေအပေါ် လမ်းညွှန်ချက်ပေးတဲ့သဘောပါပဲ။ စိုက်ပျိုးရေးနဲ့ MSME ကို အဓိက အလေးထားတာက တောင်သူတွေအတွက် ကောင်းမယ့်အရွေ့လို့ မြင်ပါတယ်။ သွင်းကုန်လျှော့ပြီး ပြည်တွင်းထုတ်လုပ်ရေးကို အဓိက သွားချင်နေတာက ဒီအစိုးရသစ်ရဲ့ အဓိက ရည်မှန်းချက်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မူဝါဒ ဘယ်လောက်ကောင်းကောင်း၊ အကောင်အထည်ဖော်မှုအပိုင်းမှာ အဓိက ဝန်ကြီးဌာနတွေရဲ့ ရည်မှန်းချက်၊ Time Line ပါတဲ့ အချိန်ဇယားနဲ့ လုပ်ငန်းစီမံချက်အသေးစိတ်တွေ တိတိကျကျ ပါလာရင်တော့ ပိုအား ကောင်းမယ်လို့ ယူဆမိပါတယ်။ ဥပမာ- ဆီထွက်သီးနှံကို ဧကဘယ်လောက် တိုးချဲ့မယ်ဆိုတဲ့ ကိန်းဂဏန်းမျိုး၊ MSME အတွက် အစိုးရအနေနဲ့ ချေးငွေ ဘယ်လောက် ထုတ်ပေးမယ်ဆိုတာမျိုး ပါလာခဲ့ရင်တော့ ပိုကောင်းသွားမယ် ထင်ပါတယ်။ ဒါပေမယ့် NCA တစ်ခုတည်းနဲ့ ငြိမ်းချမ်းရေးကို ချဉ်းကပ်တာ က အဓိကအဖြေဖြစ်ပါ့မလား ဆိုတာကိုတော့ စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ မြန်မာပြည်ရဲ့ EAO အမည်ခံ လက်နက်ကိုင်တွေရဲ့ လုပ်ဆောင်ချက်နဲ့ ရည်ရွယ်ချက်တွေ မှာ ဖက်ဒရယ်သီးသန့် အမြင်မျိုး ရိုးသားမှု မရှိနေကြတာကို ဒီ ၅ နှစ်အတွင်းမှာ ရှင်းရှင်း လင်းလင်း မြင်ခဲ့ရပြီး ဖြစ်နေလို့ပါပဲ။
--------
◾️ ဖြစ်နိုင်ရင်တော့…ပြည်သူတွေကို သမ္မတကြီးကနေ တိုက်ရိုက် ရည်ညွှန်းတဲ့ အစိုးရရဲ့ Roadmap မျိုး မြင်ချင်၊ ကြားချင်မိတာပါပဲ။ ပိုနွေးထွေးနိုင်လို့ပါ။အစိုးရအနေနဲ့ ပထမ ရက် (၁၀၀) အတွင်းမှာ ဘာတွေပြုပြင်ပြောင်းလဲမယ်ဆိုတာမျိုးက ပြည်သူတွေ မျှော်လင့်နေတဲ့ အရာ လည်း ဖြစ်သလို ပြည်တွင်း/ပြည်ပကလည်း စောင့်ကြည့်နေကြလို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် NCA အပြင် alternative dialogue mechanisms ပါ ထည့်သွင်းစဉ်းစားထားရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ သမ္မတကြီးကတော့ စုစုပေါင်း နှစ်ကြိမ် တိတိ တိုင်းပြည်လက်ရှိ ဖြစ်ပျက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ သွားချင်တဲ့ ရည်မှန်းချက်တွေကို တိတိကျကျ ချပြ ထားခဲ့ပြီးပါပြီ။ ဘယ်လိုအကောင်အထည်ဖော်ကြမလဲဆိုတဲ့ အပိုင်းကိုသာ ပြည်သူတွေ သိသာထင်ရှား ခံစားရအောင် အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။

(နရီမိုး)
👍310101🥰8🥴4👎2
စစ်အာဏာရှင် တိုက်ထုတ်ရေးတွေ ကြီးကြီးကျယ်ကျယ်ပြော။ ဒီမိုကရေစီရချင်လို့ပါလို့ ဆိုလို့ ဆို။


လက်နက်ကလေးတွေ ကိုယ်စီရှိလာတော့....အများသူငှာသွားတဲ့ လမ်းမှာ ဆက်ကြေး/အခွန်ကောက်ဖို့ ကြိုးစားကတည်းက ဒီတော်လှန်ရေးကြီး စရှုံးတော့တာဘဲ။

မတ္တရာဘက်မှာ ...ခုပဲ မန္တလေး နန်းမြို့ကို သိမ်းတော့မှာလိုလိုနဲ့ AI တွေနဲ့ ဖန်တီး၊ လူထုကို False Hope တွေပေး။ ကြာတော့လည်း ရွှေတွင်းလုပ်ကွက်တွေကနေ သိန်းချီရနေတော့....စစ်တိုက်တာတွေ ခဏထား။ အချင်းချင်း စားခွက်လုနေရတာနဲ့တင် ....ဒီတော်လှန်ရေးကို ဘယ်သူကမှ အယုံအကြည် မရှိတော့တာ အမှန်တရား ဖြစ်လာတယ်။

ခုလည်း ဘယ်အညာဒေသမှာမှ အားကောင်းတဲ့ အဖွဲ့ဆိုတာ မရှိတော့ဘူး။ ခေါင်းဆောင်မှု မကောင်း၊ မြေပြင်မှာ စစ်ရေးဦးဆောင်သူတွေကလည်း သယံဇာတအကျိုးအမြတ်တွေနဲ့ မကင်း။ လက်ရှိ အညာမြေက ရေနံတွင်းတွေမှာလည်း စစ်တိုက်ဖို့ထက် ဆက်ကြေး ဘယ်လို မျှဝေကောက်ခံကြမလဲ ဆိုတာတွေက နွေဦးတော်လှန်ရေးထက် ပိုအရေးကြီးပုံရတယ်။ အချိန်က စကားပြောမှာပါ။ လူထု လက်မခံရင် မြုပ်ထားတဲ့ သင်္ချိုင်းတောင် ဒိုဇာနဲ့ ထိုးခံရဦးမှာ။ ဘယ်လောက်တောင် သေရကျိုး မနပ်လိုက်ပုံများ။ ပရုပ်လုံးလိုပဲ တဖြည်းဖြည်း လုံး ပါး ပါးကြတော့မှာ မြင်နေမိပြီ။


(နရီမိုး)
👍46477👏10👎1🥰1🥴1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏42737👍9👏2
“ဓမ္မရတနာ”

မြတ်စွာဘုရားက ဝိသာခါ ဥပုသ်စောင့်တာနဲ့ ပတ်သတ်ပြီးတော့ဟောတယ်။ ဥပုသ်ဘယ်လိုစောင့်ရတယ်ဟောပြီး နိဂုံးချုပ်မှာ ဝိသာခါကို ပြောတဲ့အခါမှာ လောကမှာရတနာပစ္စည်းမျိုးစုံရှိတယ်။ လောကီရတနာ ပစ္စည်းတွေ မျိုးစုံရှိတယ်။ အင်မတန်မှ တန်ဖိုးကြီးတယ်။

အဲဒီတန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးစုံ ရတနာမျိုးစုံရဲ့တန်ဖိုး အဲဒီတန်ဖိုးဟာ တနေ့တာမျှ စနစ်တကျစောင့်ထိန်းလိုက်ရတဲ့ ဥပုသ်သီလ အဲဒီဥပုသ်သီလ ကုသိုလ်ကောင်းမှုရဲ့ ကုသိုလ်ကောင်းမှုကို (၁၆)ပုံ တစ်ပုံစာတောင်မှပဲ တကမ္ဘာလုံးမှာရှိတဲ့ ရတနာပစ္စည်းတွေက တန်ဖိုးမရှိပါဘူးလို့ ဒီလိုဟောတယ် မြတ်စွာဘုရားက။

ဘာကြောင့်တုန်း ဒီစကားဟာ မလွန်လွန်းဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်၊ မလွန်ဘူးလေ။ ဘာကြောင့်မလွန်ဘူးလို့ ပြောတာတုန်းဆိုရင် စဉ်းစားကြည့် ပတ္တမြားတစ်လုံးကိုပေးပြီးတော့ နတ်ဘဝရောက်နိုင်ပါ့မလား။ ရောက်နိုင်ဘူး။ လူဖြစ်အောင်ရော ပတ္တမြားတစ်လုံးနဲ့ ၀ယ်လို့ရပါ့မလား။ မရဘူး။

သံသရာထဲမှာ ပတ္တမြားနဲ့ ၀ယ်လို့ရတဲ့ ပစ္စည်းဟာ အိမ်တို့ ကားတို့ပဲ ရှိကောင်းရှိလိမ့်မယ် ရုပ်၀တ္ထုပစ္စည်းတွေပဲ ရှိကောင်းရှိလိမ့်မယ်။ တကယ်တန်ဖိုးကြီးတဲ့ တရားထူးတရားမြတ်ကို ၀ယ်လို့မရဘူးလေ တန်ဖိုးချင်း တွက်ကြည့်လိုက်လို့ရှိယင် ၀ယ်လို့မရဘူး။

စကြာဝတေးမင်းစည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။ သကြားမင်းစည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။ နတ်မင်းတွေရဲ့ စည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။

သို့သော် ဥပုသ်သီလ တစ်ကြိမ်တစ်ခါစောင့်ထိန်းလိုက်ပြီဆိုရင် စကြာဝတေးမင်းစည်းစိမ်လည်း ဒီဥပုသ်သီလက ပေးနိုင်တယ်။ လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်ဆိုတဲ့ လောကမှာချမ်းသာမှုဆိုတာတွေ အားလုံးကို ဟောဒီဥပုသ်သီလက ပေးနိုင်တယ်။ နောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာထိ ဥပုသ်သီလကပေးတယ်။

ရတနာပစ္စည်းနဲ့၀ယ်လို့မရတဲ့အရာဟာ ဥပုသ်သီလနဲ့၀ယ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ရသွားတယ်။ ဒါကြောင့် တန်ဖိုးချင်းဟာ အလွန်ကွာခြားတယ်။ ဒါကြောင့် ဓမ္မရတနာဟာ အလွန်ကြီးမားပါတယ်လို့ ဒီလိုဆိုတာပေါ့နော်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
🙏44639👍16
သမိုင်းတစ်ခု ရေးထိုးခြင်း"


ရွေးချယ်ခံရတာပဲဖြစ်ဖြစ်၊ စိတ်လိုလက်ရ တာဝန်ထမ်းဆောင်တာပဲ ပြောပြော

နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေမှာ တာဝန်ထမ်းရွက်ခဲ့ကြတာဖြစ်လို့ သမိုင်း တကွေ့ကွေ့မှာတော့....ဒီလူတွေရဲ့ တန်ဖိုးက မဖြစ်မနေ ပြောစရာ ဖြစ်လာမှာပါ။

ဒီအချိုးအကွေ့ကို ကျော်ဖြတ်ဖို့ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်ခဲ့ရတာတွေလည်း ရှိသလို မမြင်မတူကြလို့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေထဲ ရောက်ကြသူတွေလည်း ရှိကြတာပါပဲ။ ဂုဏ်သိက္ခာနဲ့ တန်ဖိုးထားခံရခြင်းပုံစံတော့ မတူကြဘူးပေါ့။

ဘယ်လိုပဲ ဖြစ်ဖြစ်....လူတိုင်း မလုပ်နိုင်တဲ့အရာ၊ သမိုင်းတစ်ခုအတွက် သူ့တို့ နာမည်၊ အဆင့်တံဆိပ်တွေက အိမ်ဦးခန်း၊ တပ်မတော်ရဲ့ သမိုင်း၊ နိုင်ငံတော် ပြန်တမ်းနဲ့ နေရာတိုင်းမှာ သမိုင်းကဗျည်း ရေးထိုးခဲ့ကြပါပြီ။



(နရီမိုး)
👍462133🥴5🥰4👎2
◾️ NCA ဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး မော်ဒယ်တစ်ခုဆိုတာ ငြင်းစရာ မရှိဘူး။ သူ့မှာ ယာယီအပစ်ရပ်ပြီးတဲ့နောက် စောင့်ကြည့်ထိန်းသိမ်းရေးဆိုတဲ့ ယန္တရား တွေပါတယ်။ ဆိုလိုတာက…အပစ်ရပ်ချိန်မှာ ညှိနှိုင်းတိုင်ပင်လို့ရတဲ့ အသင်းအဖွဲ့ တွေရှိတယ်။ တစ်ဖက်မှာ နိုင်ငံရေးအရ စကားပြောဆိုခွင့်ရှိတယ်။ ဒဲ့ပြောရရင် ၂၀၀၈ ခြေဥကို လူထု/ခြေဥ ပြဌာန်းချက်ထဲ ပုဒ်မတွေတိုင်းမဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ EAO ဆိုတဲ့ အဖွဲ့ အစည်း (၄) ခုနဲ့တင် ပြင်ခွင့်ရနိုင်တဲ့ ထွက်ပေါက်လည်း ဖြစ် တယ်။
---------
◾️ ခက်တာက…ဘယ် EAO မှ သိက္ခာ မရှိနေတာပဲ။ KNU ဆိုလည်း မြဝတီမှာ ကျားဖျန့်တွေ ခေါ်သွင်းလာတာ…တကကမ္ဘာလုံး သိတဲ့ကိစ္စပဲ။ တခြား ငြိမ်းချမ်းရေး ယူထားပါတယ်ဆိုတဲ့ လက်နက်ကိုင်တွေလည်း ဒီဖြစ်စဉ်တွေမှာ အတူတူပဲ။ လက်ရှိ ကျောက်မဲနား၊ တန့်ယန်းနားတွေမှာတောင် ကျားဖျန့်တွေကို ပေါ်ပေါ်တင်တင် လုံခြုံရေးယူပြီး အခကြေးငွေရယူနေတာ ဒီ EAO တွေပဲ မဟုတ်ဘူးလား။ ဘယ်မှာ လူမျိုးစုခေါင်းစားဖို့၊ ဘယ်မှာ ဖက်ဒရယ်ဆိုတဲ့ ရည်မှန်းချက်တွေ ရှိနေခဲ့ကြလို့လဲ။ အဆိုးဆုံးကတော့ ၁၀၂၇ ပေါ်လာပြီး အပြိုင်အဆိုင် ရွှေတူးကြတဲ့ လုပ်ကွက်တွေ ပေါ်ပေါက် လာပြီးကတည်းက EAO တင်မကတော့ဘူး အညာက ပဒက်တွေပါ ရွှေပဲ ပတ်တူးနေကြတော့တယ်။ ဆိုတော့… လက်နက်ကိုင်ကြတာက ဖက်ဒရယ်ခေါင်းစဉ် အမည်ခံ၊ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်းနေကြတဲ့ ကိစ္စတွေဆိုတာ ရှင်းရှင်း လင်းလင်း မြင်နိုင်တာပဲ။
---------
◾️ အစိုးရဘက်ကကြည့်ရင်တော့…နိုင်ငံရေးအရ လုပ်သင့်လုပ်ထိုက်တာ လုပ်မှာပဲ။ ဖြစ်စေချင်တာက…အစိုးရသွားတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ တပ်က လည်း လုပ်သင့် လုပ်ထိုက်တာလုပ်စေ ချင်မိတာတစ်ခုပဲ။ အရင် မုန်းမြို့ အရှေ့ဘက်မှာ ကာထားတဲ့ ရှေ့တန်းစခန်းတွေ ရှိခဲ့တယ်။ NCA ထိုးပြီးတဲ့နောက် ဒီစခန်းတွေ ရုတ်လိုက်ရတယ်။ ဒီစခန်းတွေ မရှိတော့…စစ်တောင်းမြစ်ကို ရန်သူက ကျော်ပြီး မန္တလေးလမ်းဟောင်းကို လုပ်ချင်သလို လုပ်နေကြတာ မြင်နိုင်တာပဲ။ ၂၀၂၁ကနေ လက်ရှိအချိန်အတွင်းမှာတောင် တောကျွဲအင်းနား မိုင်းထောင်ဖျက်စီးတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး။
-----------
◾️ ကိုယ်တွေအတွက်က တစ်နိုင်ငံလုံးကို ဖြန့်ပြီး တာဝန်ယူနေရချိန်မှာ ရန်သူ့အတွက်က စခန်းတစ်ခုရလည်း ဂုဏ်ဆာလို့ရတာပဲ။ ငြိမ်းချမ်းရေးသာ လိုချင်နေရင်…. စစ်တိုက် ဖို့ဆိုတာ ဘယ် EAO မှ အသံထွက်မယ် မထင်ဘူး။ ခုလည်း ရခိုင်မှာ ထွန်းမြတ်နိုင်က သူ့ရဲ့ စစ်ရေးရည်မှန်းချက် ပြောပြီးသွားပြီ။ အဆိုးမြင်သူ မဟုတ်ပေမယ့်…သူပြောသလိုဖြစ် လာရင်…အပစ်ရပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အိမ်နီးချင်းက ဒိုင်ဆိုပြီး ဝင်လာတာကို ခံရဦးမယ်။ ရခိုင်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ်ပါ…ကိုယ့်ဘက်က စစ်နိုင်မှ…ဘယ်ငြိမ်းချမ်း ရေးဖြစ်ဖြစ်…အပေါ်စီးက ပြောခွင့်ရှိမယ်။ လူထုကလည်း တပ်မတော်အပေါ် ယုံကြည် ကိုယ်းစားမှုရှိမယ်။ အဓိက တပ်မတော်ရဲ့ ဩဇာ၊ အာဏာကို အမြင့်ဆုံးအထိ တည်ဆောက် ထားစေချင်တာပါ။ ဥပမာ-ကိုယ့်စခန်း တစ်ခုကျရင်…ရန်သူ့ဘက်မှာ နေစရာမရှိအောင် ပြန်တုန့် ပြန်တာမျိုးဖြစ်ဖြစ်ပေါ့။

(နရီမိုး)
👍454100👏12🥴11😎2👎1
🍀 မင်္ဂလာရှိသော သင်္ကြန်အကြိုနေ့ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏40141👍12👏1
လောကမှာ လူတွေက စကားပြောတဲ့အခါအကျိုးရှိတာတွေကိုချည်း ပြောတာမဟုတ်ဘူး။

အကျိုးမရှိတဲ့ စကားတွေကိုလည်း ပြောကြတယ်။

အကျိုးအကြောင်းဆီလျော်မှုရှိတာကိုချည်းပြောတာမဟုတ်ဘူး။

အကျိုးအကြောင်းမဆီလျော်တာကိုလည်း
ပြောကြတယ်။မဆီမဆိုင်ပြောတတ်ကြတယ်။

ဒါကြောင့် တစ်ချို့က မဆီမဆိုင်စကားတွေလာ
မပြောနဲ့လို့ ပြောကြတယ်။

"အတ္ထသံဟိတေန ဝက္ခါ မိ အကျိုးအကြောင်း ဆီလျော်တဲ့ အကျိုးရှိတဲ့စကားကိုသာ ငါပြောမယ်။

“နော အနတ္ထသံဟိတေန” အကျိုးမရှိတဲ့စကားကို ငါမပြောဘူးလို့အဓိဋ္ဌာန်ပါတဲ့။

နောက်တစ်ချက်က “မေတ္တစိတ္တော ဝက္ခာမိ၊
နော ဒေါသန္တရေ န” လူတွေက စကားပြော ပြီဆိုရင်စိတ်ကြည်နေတဲ့အချိန်မှာတော့ ကောင်း ကောင်းမွန်မွန်ပြောတယ်။

စိတ်မကြည်ဘူးဆိုရင် ဒေါသထွက်နေပြီ
ဆိုရင်တော့ ပြောတဲ့စကားဟာ ဒေါသသံပါလာတယ်။ကောင်းကောင်းမွန်မွန် မပြောတော့ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားက မိမိကိုယ်ကို
ဆောက်တည်ထားပါတဲ့။

မေတ္တစိတ္တာ ဝက္ခာမိ-စကားပြောတဲ့အခါမှာ “မေတ္တာစိတ်နဲ့ ပြောမယ်”တဲ့။နော ဒေါသရေန-“ဒေါသစိတ်နဲ့ မပြောပါဘူး”လို့မိမိကိုယ်ကို ဆောက်တည်ထားရပါမယ်တဲ့။

ဟော.. စကားပြောတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး
မေတ္တာဓာတ်တွေဖြစ်ဖို့ မိမိကိုယ်ကို လိုက်နာထားရမယ့်အချက်။ ကိုယ်ကိုယ်တိုင်က အရင်လိုက် နာထားရမယ်။ ထိန်းသိမ်းစောင့်ရှောက်ရမယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏36944👍27🥰1
အုပ်ချုပ်သူ အစိုးရကို လူထုက ပူးပေါင်း ပါဝင်မယ့် ကိစ္စတွေ ဖြစ်မှာ စိုးတော့....အနုပညာရှင်မှန်သမျှကို အနီတွေက Boycott လုပ်တယ်။ ဒီထက် ဆိုးဆိုးဝါးဝါး ပြောရရင် ယုန်လေးတို့၊ ကိုရန်လေးတို့ဆိုရင် ဗုံးထောင် ခွဲခံရတယ်။ ဒီအဖွဲ့အစည်း ထောက်ခံသူတွေမှာ ဒီမိုကရေစီ မရှိဘူး။ ငါနဲ့ မတူရင်၊ ငါတို့ အဖွဲ့အစည်းကို မထောက်ခံရင် လူသတ်ဖို့ အထိတောင် ဝန်မလေးကြတဲ့အထိ စိတ်ဓာတ်တွေ အတော်လေး အောက်တန်းကျတယ်လို့ ပြောလို့ရတယ်။

ပြည်သူက လက်နက်တွေကြားထဲ၊ SP တွေကြားထဲ၊ Boycott တွေကြားထဲမှာ ပြည့်ပြည့်ဝဝ မပျော်ရဲကြရှာဘူး။ တရားတဲ့သူက နိုင်ကြေးဟေ၊ ဓမ္မနဲ့ အဓမ္မ တွေ ပါးစပ်ကပြောနေလည်း တိုင်းပြည်က နဂိုအတိုင်း စည်စည်ပင်ပင်၊ ပျော်ပျော် ရွှင်ရွှင် ဖြစ်သွားမှာကို သူတို့က အကြောက်ဆုံးပဲ။

တိုင်းပြည် ကို ရင်းနှီးမြှုပ်နှံမှုတွေ မလာအောင် လက်နက်ကိုင် အဖျက်အမှောက်တွေ လုပ်ကြတယ်။ လမ်းတံတားတွေ မိုင်ထောင် ဖျက်ဆီးကြတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေမလာအောင် ဆန်ရှင် လုပ်ပေးဖို့ တောင်းဆိုကြတယ်။ ခက်တာက အဲ့လို တောင်းဆိုသူမှန်သမျှက ပြည်တွင်းမှာလည်း မရှိကြဘူး။ တဖက်မှာ သူတို့ တောင်းဆိုတဲ့အတိုင်း ပြည်သူတွေ ကျပ်တည်းလာရင် ဒီအစိုးရကြောင့်ဆိုပြီး လက်ညိုးထိုးချဖို့ အသင့်ရှိနေကြတယ်။

အဓိက ပြည်သူတွေ မအ ကြဖို့ပါပဲ။ အကြမ်းဖက် လုပ်ကြသူတွေကို အားမပေးဖို့ အဓိက ပိုကျတယ်။ တနေ့က ဘစိုင်း Show ဆိုလည်း လူပင်လယ်ကြီးကို ဖြစ်လို့။ ပြည်သူတွေက ကိုဗစ်ရောဂါက တမျိုး၊ မန္တလေး မြေငလျင်ကအစ အစစအရာရာ ပျော်ရွှင်စရာ တွေကို မျိုသိပ်ထားကြရတာ။ ပြည်ပနေပြီး အဖျက်အမှောက်လုပ်ကြသူတွေကြတော့ သူတို့ကိုယ်သူတို့ တော်လှန် သင်္ကြန်ဆိုပြီး ခွက်ခေါက်နေကြတယ်။

မွန်းကြပ်မှုတွေ၊ အဆင်မပြေမှုတွေကို မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အန္တရာယ်ကင်းကင်း ပျော်နိုင်ဖို့ကအဓိက ကျတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်တွေ အောက်တန်းကျကျနဲ့ Boycott တွေ လုပ်ခဲ့၊ လုပ်ခဲ့ အချိန်တန်တော့လည်း ပုံမှန်အတိုင်းပဲ ဖြစ်သွားမှာပဲ။



(နရီမိုး)
👍389101😎3🥰2👎1
◾️ မြန်မာတွေရဲ့ နှစ်သစ်ကူးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာခဲ့တယ်။ စာပိုဒ်အားဖြင့် ၃ ပိုဒ်သာ ပါတယ်ဆိုပေမယ့် အနာဂတ်အလားအလာတစ်ချို့ကို သုံးသပ်ကြည့်လို့ရတယ်။
---------
◾️ ပထမအချက်ကတော့ အမေရိကန်နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်နဲ့ အခြေခံ ရပ်တည်ချက်တွေက ဘာတွေလဲဆိုတာ ပြန်သုံးသပ်နိုင်ဖို့ပါပဲ။ မြန်မာတွေရဲ့ နှစ်သစ်ကူး သင်္ကြန်ကို ဆုမွန်ကောင်းတောင်းပေးပြီး ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် အမေရိကန် အနေနဲ့ ဆက်လက် ကူညီပံ့ပိုးနေမယ်လို့ ပြောထားတယ်။ သို့သော်…အမရိကန်ဘက်က ကူညီပေးမယ်ဆိုတဲ့ အရာတွေက အရင်လို နိုင်ငံရေးအခြေအနေနဲ့ချိတ်ဆက်မှု နည်းလာ တာကတော့ ထူးခြားတဲ့အချက်အဖြစ် တွေ့ရတယ်။ အရင် ဇန်နဝါရီ တုန်းကလည်း လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိပေးပို့နိုင်ဖို့၊ ဖမ်းဆီးထားသူတွေ လွှတ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းထားတာရှိတယ်ဆိုပေမယ့် ခြုံကြည့်လိုက်ရင် America First ပေါ်လစီအရ အရင်အစိုးရတွေလိုမျိုး ပြင်းထန်တဲ့ နိုင်ငံရေးဖိအားပေးမှု မရှိ တော့တာ ရှင်းရှင်းလင်းလင်း မြင်နေတယ်။
--------
◾️ ဒုတိယအချက်ကလည်း အတူတူပဲ။ USAID ကို အဓိက ဖြုတ်ချခဲ့သလို မြန်မာငလျင် ဘေးမှာလည်း သိသာတဲ့ အကူအညီတွေ မရှိခဲ့ဘူး။ ဆိုလိုတာက ဒီမိုကရေစီကို အကြောင်းပြပြီး ကူညီပေးရင်တောင် ရေရှည်မှာ ကိုယ်ထူ၊ ကိုယ်ထ စနစ်နဲ့ပဲ သွားရဖို့ များတယ်။ ဒီအချက်က အမေရိကန်ရဲ့ ပေးစား၊ ကမ်းစားကိုမျှော်လင့်ပြီး တော်လှန်ရေး လုပ်ချင်သူတွေအတွက်တော့ ရေရှည်အဆင်ပြေနိုင်မယ့် ကိစ္စမဟုတ်ဘူး။
--------
◾️ တတိယအချက်က အမေရိကန်အနေနဲ့ မြန်မာအစိုးရဟာ တရုတ်နဲ့ရုရှားရဲ့ လွှမ်းမိုးမှု ခံရမှာကို စိုးရိမ်နေတဲ့အချက်ရှိတယ်။ ဆိုလိုတာက…မြန်မာရဲ့ မြေရှားကိစ္စတွေမှာ စီးပွားရေးအရ တရုတ်ဆီကို ရောက်သွားမယ့်ကိစ္စတွေကို ဟန့်တားလိုဟန်ရှိတယ်။ ဒါ့ကြောင့်လည်း အရင်အစိုးရနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတစ်ချို့ Black List ထဲက ရုတ်သိမ်းပေးခဲ့သလို စီးပွားရေးအရ ပဲပုတ်တင်သွင်းခွင့်တွေ ဘာဘာညာညာ အစပျိုး လုပ်လာ တာမျိုးရှိတယ်။
-----------
◾️ အနာဂတ်အလားအလာ ဘာရှိနိုင်သလဲမေးရင်…မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ် လည်မှုကိစ္စတွေ အကြောင်းပြပြီး မြန်မာအစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်လာနိုင်မယ့် အခြေအနေမျိုး မြင်နေရတယ်။ နိုင်ငံရေးကိစ္စတွေမှာ အာဆီယံပဲဖြစ်ဖြစ်၊ ဂျပန်နိုင်ငံလိုမျိုး ကပဲဖြစ်ဖြစ် တဆင့်ခံအနေအထားကနေ ဆောင်ရွက်လာနိုင်သလို တရုတ်စီးပွားရေးကို ကျားကန်ဖို့အတွက် လိုအပ်ရင် လက်ရှိအစိုးရသစ်နဲ့ကြားမှာ ဆက်ဆံရေး ချန်နယ်တစ်ချို့ ပြန်ဖွင့်လာနိုင်တာလည်း မြင်တွေ့ရနိုင်တယ်။ ထုံးစံအတိုင်း သူ့နိုင်ငံအကျိုးစီးပွားကို သာ အလေးပေးရိုးထုံးစံရှိတတ်တဲ့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ တိုက်ရိုက် အကျိုးစီးပွား ရှိ/မရှိကသာ အနာဂတ်မှာ အဓိက အဆုံးအဖြတ် ဖြစ်လာပါလိမ့်မယ်။

(နရီမိုး)
👍45274👏9🥰3👎2
မြန်မာနိုင်ငံမှာက လူစွဲ၊ မူစွဲ သိပ်အားကြီးတယ်။ သတင်းအမှားအပေါ်လည်း သိသိရက်နဲ့ အဆိပ်ပင် ရေလောင်းသလို လည်း လုပ်တတ်ကြတယ်။

မူရင်း Video ဖိုင် ရှိနေတာတောင် တပ်က လုပ်ပါတယ်ဆိုတဲ့ သတင်းမျိုးကို BBC လို သတင်းဌာနကြီးအနေနဲ့ မရေးသင့်ဘူး။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်။ သတင်းသမားတွေမှာ Ethic ရှိသင့်တယ်။ ရှိလည်း ရှိရမယ်။

စာမတတ်တဲ့အပြင် လူစွဲ၊ မူစွဲကြီးသူတွေ အတွက် သတင်းအမှားကို မချေဖျက်နိုင်တဲ့အခါ အင်စတီးကျူးရှင်း တစ်ခုအပေါ် အမုန်းအာဃတတွေ ပိုကြီးသွားစေနိုင်တယ်။


(နရီမိုး)
👍37653🤬7
👍96🥴1611🤬6😢2🤔1