နရီမိုး
37.2K subscribers
2.72K photos
108 videos
53 links
Download Telegram
လက်ရှိ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ အမည်စာရင်း အသီးသီး ထွက်လာခဲ့တယ်။ တစ်ချို့လည်း ပြန်ပါလာသလို တစ်ချို့လည်း ပြန်ပါမလာခဲ့တော့ဘူး။ တချို့ကတော့ ပိုကောင်းလိမ့်မယ်လို့ ယုံကြည်ပြီး လူစားလဲခဲ့တာလည်း တွေ့ရတယ်။

ဥပမာ ရန်ကုန်နဲ့ စစ်ကိုင်းဆိုရင် ...ရဲဘက်က တာဝန်ကြီးကြီး ထမ်းဆောင်ခဲ့ဖူးသူတွေ ဖြစ်လာတယ်။ တကယ်တော့ စီးပွားရေးမြို့တော်နဲ့ စစ်ကိုင်းလို လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ ဒေသတွေမှာ ဒေသအကြောင်း နှောကျေနေတဲ့၊ ထိန်းချုပ်နိုင်မယ့်သူတွေ ဖြစ်ဖို့ အရေးကြီးတယ်။

အရေးကြီးတာကတော့ ဒီ ၅ နှစ်အတွင်းမှာ ဘယ်သူက ဘာလဲ ဆိုတဲ့ အခင်းအကျင်းကို အကြီးအကဲအနေနဲ့ မသိစရာ အကြောင်းမှ မရှိဘဲ။ လူသစ်အပါအဝင် လူဟောင်း တချို့ချန်ထားတာက တည်ငြိမ်မှုအပြင် တချို့နေရာတွေမှာ လုပ်သင့် လုပ်ထိုက်လို့ လုပ်တယ်လို့ပဲ မြင်မိတယ်။

ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးကို သူတင်ချင်တဲ့သူ၊ သူခန့်ချင်တယ်သူပဲ ရွေးလို့ အာဏာရှင်ဆန်တယ်ဆိုတဲ့ သတင်းလည်း ဖတ်လိုက်ရသေးတယ်။ သမ္မတ ဆိုတာက ဒီ ၅ နှစ်မှာ သူခေါင်းခံရမယ့် အဖွဲ့အစည်းကို သူအားကိုးလို့ရနိုင်မယ်လို့ ယုံကြည်ရသူတွေပဲ ထည့်မှာပေါ့။ ဒါကအရင်အစိုးရအဆက်ဆက်တိုင်းလည်း ဒီလိုပဲ ရွေးချယ်ခဲ့ကြတာပဲ။

ဒါနဲ့ NLD လက်ထက်မှာ ဖြစ်လာခဲ့တဲ့ ဝန်ကြီးတွေကရော ဒေါ်စု သဘော၊ ပါတီမှတ်ချက်နဲ့ ဖြစ်လာခဲ့တာ မဟုတ်ဘူးလား။ ဘယ်သူက ကျွန်တော်အရည်အချင်းအရ ဝန်ကြီး ဖြစ်သင့်ပါတယ်လို့ တောင်းဆိုပြီး ဖြစ်လာတာ ရှိလို့လဲ။ သူတို့ ထောက်ခံတဲ့ ပါတီက အနိုင်ရထားတာလည်း မဟုတ်။ ဒါတောင် ဒီလူတွေခန့်တာ မဖြစ်သင့်ဘူးဆိုတာက ပါလိုက်သေးတယ်။ မြန်မာပြည်က နီပေါတွေနဲ့လည်း ခက်တော့ခက်တယ်။


(နရီမိုး)
👍598107🥰14🥴9👏3👎1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50643👍12👏4🥰2
"မနာလိုစိတ်ကြောင့် ဘုန်းကံမမှိန်စေနဲ့"
<><><><><><><><><><><><><>

သူတစ်ပါးကို သွားပုပ်လေလွင့် ပြောတတ်တဲ့သူဟာ ကိုယ့်မှာ ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန်သွားတယ်။

သူတစ်ပါးကို ဂုဏ်သတင်းမှေးမှိန်အောင်၊ သိက္ခာကျသွားအောင်လုပ်ချင်တဲ့ စေတနာဇောတွေကြောင့် ကိုယ့်မှာလည်း ဘုန်းရှိန်၊ ကံရှိန်တွေ သေးသိမ် မှေးမှိန်သွားစေပါတယ်။

သူများမကောင်းကြောင်း ပြောလွန်းသူဟာ ကိုယ့်အရှိန်ဝါတွေ ဆုတ်ယုတ်နေပါတယ်။ သူများမကောင်းကြောင်း ပြောတတ်သူတွေရဲ့ မျက်နှာ၊ ကိုယ်အမူအရာတွေကို သတိထားပြီးကြည့်ကြည့်ရင် သိပ်သိသာပါတယ်။

ချမ်းသာမှန်သမျှလိုချင်ရင် သူများအတင်း မပြောနဲ့တဲ့။ ဘုရားရှင်က ဒီလို ဆုံးမထားတယ်နော်။

သူများအတင်း၊ သူများအကြောင်းထက် အကုသိုလ် ကင်းလား၊ မကင်းဘူးလား ဆိုတာ ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီးဝေဖန်နေတာ အကောင်းဆုံးပါပဲ။

သူတစ်ပါးတို့ရဲ့မလျော်သော အပြစ်၊ အနာအဆာတို့ကို လိုက်ကြည့်မနေပါနဲ့။ သူက ကောင်းတာတွေ လုပ်နေတာလား၊ မကောင်းတာတွေ လုပ်နေတာလားဆိုတာ ကိုယ်နဲ့လည်း မသက်ဆိုင်တာမို့ လိုက်လံကြည့်ရှုမနေပါနဲ့။

ကိုယ်ကိုယ်တိုင်က ကောင်းတာ လုပ်၊ မလုပ်ကိုဘဲ အမြဲမပြတ် ကိုယ့်ကိုယ်ကိုသာသုံးသပ် ကိုယ့်စိတ်ကိုသာ အမြဲစစ်ဆေးနေပါတဲ့။

ပြီးရင် အတင်းပြော ဝါသနာပါသူကိုလည်း ရှောင်ပါ။ အတင်းအဖျင်းပြောတတ်တဲ့ အသိုင်းအဝန်းမှလည်း တတ်နိုင်သမျှ ဝေးဝေးကရှောင်ပါ။

အတင်းအဖျင်းပြောနေတဲ့အချိန်မှာ ဒီ အဆင့်အတန်းနိမ့်တဲ့ စိတ်ကို ပြန်ပြီးစမ်းစစ်ကြည့်၊ သုံးသပ်ကြည့်ပါ... အေးချမ်းကြည်လင်နေသလားလို့။

ကိုယ်က... အတင်းပြောတဲ့အချိန်မှာ တစ်ဖက်လူက... ဂုဏ်တော်ပွားနေချိန်၊ မေတ္တာပွားနေချိန်၊ တရားနာချိန်၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေချိန်၊ ကောင်းမှုကုသိုလ် လုပ်နေတဲ့အချိန်တို့နဲ့များ ကြုံကြိုက်ခဲ့တယ် ဆိုရင်... ကိုယ့်မှာ ပိုပြီး အပြစ်ဖြစ်မှာ ကြောက်စရာကောင်းပါတယ်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
🙏52952👍28
◾️ စည်း (၃) စည်းတားထားတဲ့ တရုတ်ရဲ့လုပ်ရပ်ကို ပြန်သတိရမိစေတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး က သမ္မတကြီး ဦးမင်းအောင်လှိုင်ကို ပထမဆုံး လူချင်းတွေ့ဆုံ ဂုဏ်ပြုစကားဆိုခဲ့တယ်။ ဆိုတော့… တရုတ်ဟာ ရွေးကောက်ပွဲသာမက တက်လာတဲ့အစိုးရကိုလည်း welcome ဆိုတဲ့ သင်္ကေတ ပြထားတယ်။
-------
◾️ ပွင့်ပွင့်လင်းလင်းပြောရရင်…ဒီလိုအနေအထားရှိနေတဲ့ဆက်ဆံရေးမှာ…(တချို့ဟာ တွေ မကြိုက်လှဘူးဆိုတောင်) ဘယ်အာဆီယံနိုင်ငံတွေမှ ဂုဏ်မပြုလည်း တရုတ်က ဒီလိုအနေအထားရှိနေတာနဲ့တောင် ကျေနပ်လို့ရပြီ။ သဘောက… တရုတ်ကိုယ်တိုင် လက်တွေ့ကျတဲ့ထောက်ခံမှု အဖြစ်နဲ့ ရှင်းရှင်းလင်းလင်း လူလုံးထွက်ပြတာလို့လည်း ယူဆလို့ရတယ်။
-----
◾️ တရုတ်အနေနဲ့ အဓိက အချက် ၃ ချက်ကို တန်ဖိုးထားတယ်လို့ မြင်တယ်။ ပထမက နိုင်ငံရေးအရ ထောက်ပံ့ပေးပြီး မြန်မာဟာ ငါတို့လူဆိုတဲ့ပုံရိပ်မျိုး ဖန်တီးထားတယ်။ ဒုတိယ အချက်က အီရန်ဖြစ်စဉ်ပြီးတဲ့နောက်မှာ မလက္ကာရေလက်ကြားက တရုတ်အတွက် အိပ်မက်ဆိုးပဲ။ နောက်ဆုံးထိုင်ဝမ်အရေးကိစ္စဖြစ်လာလို့ မလက္ကာပိတ်သွားရင်တောင်… မြန်မာက သူ့လူဖြစ်ထားရင်…ထွက်ပေါက် ရှိလာသေးတယ်။ တတိယအချက်က… နယ်စပ်တည်ငြိမ်ရေးရဖို့လိုတယ်။ ဒါမှ သူ့ရဲ့ စီးပွားရေးမဟာဗျူဟာအရ ပင်လယ်ထွက် ပေါက်အတွက် အဆင်ပြေမယ်။
-------
◾️ ခြုံပြောရရင်…မြန်မာမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေရင်…နယ်စပ်ကုန်သွယ်ရေးလည်း မပွင့်သလို သူ့ရဲ့ ပင်လယ်ထွက်ပေါက်ကလည်း ပိတ်မြဲပိတ်နေဆဲ ဖြစ်နေဦးမှာပဲ။ ဒါ့ကြောင့်လည်း အချိန်တိုတိုအတွင်း ပလောင်တွေ ပြည်ထောင်စုလမ်းမပေါ်က ဆုတ်သွား ရတယ်လို့ မြင်တယ်။ မြန်မာအစိုးရဘက်မှာလည်း ၂၀၀၈ ခြေဥနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဆိုတဲ့ စိန်ခေါ်မှုရှိနေတယ်။ တရုတ်ဘက်က ပြရမှာက မြန်မာပြည်သူတွေအပေါ် တကယ်စေတနာရှိတယ်ဆိုတဲ့ ပုံရိပ်မျိုး ပြဖို့လိုတယ်။ ဆိုလိုတာက…တစ်ဖက်တည်း မကြည့်တဲ့ စီးပွားရှာပုံမျိုးနဲ့ မြန်မာကို ချဉ်းကပ်သင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်…G to G ကတော့ အတော်လေး အားကောင်းနေတယ်လို့ပဲ မြင်ပါတယ်။ တရုတ်တားတဲ့စည်းက စိတ်ခံစားချက်ကို ဦးစားပေးတဲ့ “ထုံး”မှမဟုတ်ဘဲ။ အကျိုးစီးပွားအရ အခြေခံတဲ့ စည်း တွေက ပြောလို့ဆိုလို့၊ ဆွေးနွေးလို့တော့ ကောင်းမှာပါ။ အဓိက သံတမန်အရေးမှာ နပ်ဖို့ ပဲမဟုတ်လား။

(နရီမိုး)
👍55390🤔4🥴4👎1🤝1
မီဒီယာက တမင်သပ်သပ်ဖွတာလား။ လွှတ်တော် ကိုယ်စားလှယ်တွေပဲ ပိန်းတာလားတော့မသိဘူး။

ဧပြီလ ၆ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် တက်ရောက်ချိန်ရောက်မှ သမ္မတက ပေးပို့လာမယ့် စာရင်းကို လွှတ်တော်‌တွေက ဖတ်ကြား၊ အတည်ပြု၊ ထောက်ခံကြရတာ။ ဒါက ထုံးစံပဲ။ ဧပြီ ၆ ရက်မှာ သမ္မတကနေ ပြည်ထောင်စု လွှတ်တော်ကို အဆိုပြုလွှာ တင်သွင်းမယ့်ကိစ္စကလည်း တစ်နိုင်ငံလုံးက သိနေတဲ့ကိစ္စကြီး။ ဒါကို ပါတီငယ်တွေဆိုသူများက မသိဘူးဆိုတော့....ပြည်သူ့အကျိုးကို ဘာတွေ ထမ်းရွက်၊ အဆို တင်သွင်းကြမလဲ မသိဘူး။

နောက်တခါ....သမ္မတက တင်သွင်းအဆိုပြုပြီဆိုကတည်းက ပြစ်ချက်ကင်းတဲ့သူမျိုးနဲ့ အနိုင်ရပါတီကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်မျိုးကို ဦးစားပေးလေ့ရှိတယ်။ ထုံးစံအရလည်း ဘယ်လွှတ်တော်မှ ထူးထူးခြားခြား ကန့်ကွက်မနေဘူး။ ကန့်ကွက်ခဲ့တာလည်း အတိတ်အစိုးရအဆက်ဆက် တစ်ကြိမ်တစ်ခါမှ မရှိဖူးဘူး။

ဒါကို.... အသိမပေးလို့ ပါတီငယ်တွေက မကျေနပ်ရတာလဲ ဆိုတာ နားကို မလည်နိုင်ဘူး။


(နရီမိုး)
👍48367🤔8🥴5👏3👎1😎1
အစိုးရဖွဲ့စည်းပုံက အားရစရာ ကောင်းတယ်။ ဘာလို့ အဲ့ဒီလို ပြောရလည်း ဆိုတော့....

ပထမအချက် အရေးကြီးတဲ့ နေရာတွေကို အထိုင်မဖျက်ထားခဲ့ဘူး။ ဥပမာ ဒေါက်တာချာလီသန်းတို့၊ ဒေါက်တာ ကံဇော်တို့၊ ဦးကိုကိုလွင်တို့၊ ဦးမြင့်ကြိုင် တို့ စသဖြင့် မြင်ရတယ်။ ဒီဝန်ကြီးဌာနတွေက စဉ်ဆက်မပြတ် ဆိုတဲ့ Process နဲ့ Run ရတာ။ ဆိုတော့...ဒီ ၅ နှစ်တာကာလအရ ယုံကြည်မှုလည်း ရနေတော့ သမ္မတ အနေနဲ့ နောက်လူ အစားထိုးပြီး အထိုင်ဖျက်တာမျိုး မလုပ်တော့ဘူး။

ဝန်ကြီးအသစ်တွေထဲမှာ အတွေ့အကြုံရင့်တဲ့သူတွေလည်း ပါတာပဲ။ ပိုပြီး လုပ်ပြရမယ့် ဝန်ကြီးဌာနတွေလည်း ရှိတယ်။ ဥပမာ အမျိုးသမီး၊ အားကစား၊ လူငယ် ရေးရာတွေက ဘာအသစ်အဆန်းတွေ ချပြနိုင်မလဲ။ Nation Building အတွက် ဘယ်လို အထောက်အကူပြုပေးနိုင်မလဲပေါ့။

ဒီ ၅ နှစ်က လူကြီးကြိုက်ထက် ပြည်သူကြိုက်အောင် လည်း လုပ်ပြတတ်ဖို့ အရေးကြီးတယ်။ ဘယ်လို ဖောက်ထွက် စဉ်းစားနိုင်ကြမလဲ။ ဒါက တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ တာဝန် ဖြစ်သွားပြီ။ တပ်ထဲမှာ ဆိုရင်တော့ စွမ်းရည် ၃ ရပ်ပြိုင်သလိုမျိုး ဖြစ်သွားတယ် ခေါ်မလားပဲ။ ဒေသန္တရ ကွဲပြားတော့ လုပ်ဆောင်ပုံခြင်းတော့ မတူနိုင်ဘူးပေါ့။ ဥပမာ ပူပြင်းတဲ့ရာသီဥတုကာလမှာ အစိုးရလည်း မျက်နှာရ၊ ပြည်သူလည်း ကျေနပ်တဲ့ ဘာအစီအစဉ်တွေ ချပြကြမလဲ။ ဒါက ဦးဆောင်မယ့် ဝန်ကြီးချုပ်ဘေးမှာ Think tank တွေ လိုတယ်ဆိုတာ မီးမောင်းထိုးပြတာ။

ဆိုပါစို့....အရင်ပညာရေး ဝန်ကြီးထက်စာရင် Dr ချောချောစိန်က လုပ်ကွက်ပိုပြနိုင်တော့ ခုအစိုးရဆက်ထဲ ရွေးကောက်ခံ မဟုတ်ဘဲ ဝန်ကြီး ဖြစ်လာတာတွေ သတိပြုမိစေချင်တယ်။ နိုင်ငံရေးဆန်ဆန် ပိုတွေးရမယ်။ လက်တွေ့ကျရမယ်။ အလုပ်ဖြစ်ရမယ်။ ပြည်သူမကြိုက်ဘူး။ အစိုးရ မျက်နှာ မပွင့်ဘူးဆိုရင် ၅ နှစ်နဲ့ တာတာ့ ပြသွားလိမ့်မယ်။




(နရီမိုး)
384👍306🥴14😎7👏3👎1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50134👍9👏3🥰1
“သီလ က ပေးတဲ့ ချမ်းသာ”

သီလ ဆိုတာ
အနဝဇ္ဇသုခ´ ကို ပေးစွမ်းနိုင်တယ်၊
အဓိပ္ပါယ်က အပြစ်ကင်းတဲ့ချမ်းသာ´ ဖြစ်တယ်။

လောကမှာ အပြစ်ကင်းတဲ့ချမ်းသာ´ ဟာ
တခြားချမ်းသာတွေနဲ့ မတူဘူး။

အပြစ်ကင်းတဲ့ချမ်းသာတစ်ခုဟာ
ထာဝရချမ်းသာသုခမျိုးကို ပေးနိုင်တယ်။

ကိုယ့်ဘဝကို, ကိုယ့်အနေအထားကို ဆင်ခြင်
သုံးသပ်လိုက်တဲ့ အချိန်တိုင်း, အချိန်တိုင်းမှာ
ငါ အပြစ်ကင်းတယ် လို့ ဆိုတဲ့စိတ်ဟာ
အင်မတန်မှ ကြည်လင်အေးမြသွားစေနိုင်တဲ့အရာ
ဖြစ်တယ် ပေါ့

ဒါ သီလ´ က တိုက်ရိုက်စွမ်းဆောင်ပေးမှုပဲ
သီလ ဆောက်တည်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
ငါ ဒီပြစ်မှုတွေ တစ်ခုမှ ကျူးလွန်ထားတာ မရှိဘူး
ငါ သီလ လုံနေတယ်´ လို့ ဆိုရင်
စိတ်နှလုံး ကြည်သာတယ် လို့ ခေါ်တယ်။

အဲဒီကနေ တဆင့် ထပ်မံပြီးတော့
သီလ ဆင်ခြင်လိုက်တဲ့အခါ
အရတော်လိုက်တာ ဆိုတဲ့ ဝမ်းမြောက်မှု´တွေ
ဖြစ်လာနိုင်တယ်
နှစ်သက်ကြည်နူးမှု ဆိုတဲ့ ပီတိ´လည်း ဖြစ်လာတယ်
ပီတိ ဖြစ်လာလို့ရှိရင်
ဆက်တိုက် ကိုယ်ရော,စိတ်ရော ငြိမ်းချမ်းမှု ဆိုတဲ့
ပဿာဒ္ဓိ ´ ဖြစ်လာတယ်။
ပဿဒ္ဓိ ´ ဖြစ်လာရင် သုခ´ ဆိုတဲ့
မလွဲမသွေ ကိုယ်ချမ်းသာမှု, စိတ်ချမ်းသာမှုကို
ရတယ်။

အဲဒီချမ်းသာဟာ အနဝဇ္ဇသုခ´
လို့ ခေါ်တယ်၊ အပြစ် ကင်းလို့ ရတဲ့ ချမ်းသာမျိုး
ဒိပြင့် ချမ်းသာနဲ့ မတူဘူး တဲ့

မြတ်စွာဘုရားက ...
ချမ်းသာအမျိုးမျိုးကို ဟောထားတာ ရှိတယ်

အနဝဇၨသုခ´ ကို
သာမန်ချမ်းသာတွေက တုပြီးတော့ မမှီနိုင်ဘူး..

လောကလူတွေ ရနိုင်တဲ့ ချမ်းသာ´ တွေကို
ပြောရမယ်ဆိုရင်
ပစ္စည်းဥစ္စာ ရှိတယ်၊ နေစရာ ရှိတယ်၊ စားစရာ ရှိတယ်
မိမိပိုင်ဆိုင်မှု ပစ္စည်းတွေ အများကြီး ရှိတယ်
ရှိတာကို အကြောင်းပြုပြီးတော့
စိတ်ထဲမှာ အားရမှု ဖြစ်တာကို အတ္ထိသုခ´ လို့
ခေါ်တယ်၊ ရှိလို့ ချမ်းသာတာ။

အဲဒီ ရှိလို့ ချမ်းသာတာ ဆိုတာလည်း
ခိုင်မာတာ မဟုတ်ဘူး၊ မရှိတော့ဘူး ဆိုလို့ရှိရင်
ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတတ်တယ်။ အဲဒီ
အတ်ထိသုခ´ ဆိုတာ
#ရှိခိုက်မှာ ချမ်းသာတာ ဖြစ်သောကြောင့်
အင်မတန် တိုတောင်းတဲ့ ချမ်းသာ တစ်ခု လို့
ပြောရမယ် ။

ရှိတဲ့ပစ္စည်းကို အသုံးပြုတယ်
ကိုယ့်ကားရှိလို့ ကားနဲ့သွားရတယ်
ကိုယ့်အိမ်မှာ ပြည့်ပြည့်စုံစုံရှိလို့
အနေအထိုင် ချမ်းချမ်းသာသာ နေနိုင်ထိုင်နိုင်တယ်
အသုံးပြုလို့ရတဲ့ချမ်းသာကို ဘောဂသုခ´
လို့ ခေါ်တယ်။

ဒါလဲပဲ စားသုံးနေတုန်း, အသုံးပြုနေတုန်းသာ
ချမ်းသာမှုကို ပေးနိုင်တာ , ပြီးသွားတာနဲ့ တပြိုင်နက်
ချမ်းသာမှုဟာ ဆုံးရှုံးသွားပြန်တယ်
တိုတောင်းတဲ့ ချမ်းသာတစ်ခုပဲ ။

နောက်တစ်ခုက ဘာတုန်းဆိုရင်
လောကမှာ လူတွေဟာ
ပစ္စည်းဥစ္စာ မပြည့်စုံ၍ဖြစ်စေ
မိမိ အသုံးအဖြုန်းများ၍ဖြစ်စေ
သူတပါးထံက ကြွေးယူပြီးတော့ သုံးကြရတာတွေ
ဖြစ်တတ်တယ်။ အဲဒီကြွေးတင်နေပြီဆိုရင်
လူတွေဟာ တအုံနွေးနွေးနဲ့ ကြွေးပေးစရာရှိတယ်
လို့ ဆိုတဲ့စိတ်ဆင်းရဲမှုတွေနဲ့ ကြုံရတယ်

အေး - ကြွေးကင်းသွားတဲ့ပုဂ္ဂိုလ်တွေ
ကြွေးဆပ်လိုက်လို့ သူများကြွေး ကိုယ့်မှာ လုံးဝ
မရှိတော့ဘူး ဆိုတဲ့ လူတစ်ယောက်ဟာ
လက်မထောင်နိုင်ပြီး အာနဏျသုခ´

ကြွေးကင်းတဲ့ချမ်းသာလို့ ခေါ်တယ်
ငါ့မှာ ကြွေးမရှိတော့ဘူး လို့ * တွေးလိုက်တဲ့အချိန်မှာ
ဒီ ချမ်းသာမှုကို ရတယ်။ ဒါလည်း
တိုတောင်းတဲ့ ချမ်းသာလေး တစ်ခုပဲ ...

အဲဒီ ချမ်းသာတွေထက်
သာလွန်တဲ့ ချမ်းသာကတော့ အနဝဇ္ဇသုခ´ တဲ့
အပြစ်ကင်းလို့ ရတဲ့ချမ်းသာ

ဘာအပြစ်မှ မိမိအနေနဲ့ ကျူးလွန်ထားတာ မရှိဘူး
ဘယ်အချိန်တွေးလိုက်တွေးလိုက်
အေး - ငါ့ ကိုယ်ကျင့်တရား ကောင်းတယ်
ဒီဘဝ သေသွားမှာလည်း ပူစရာမလိုဘူး
ဘာဖြစ်လို့လဲ ၊ ငါ့မှာ ဘာအပြစ်မှ ကျူးလွန်ထားတာ
မရှိဘူး၊ ကုသိုလ်ကောင်းမှုတွေ ငါ့မှာရှိတယ်´ ဆို

ဘယ်အချိန်တွေးတွေး
စိတ်အေးစရာကောင်းတဲ့ ချမ်းသာ မျိုးကို
ဒါ အနဝဇ္ဇသုခ´

ဘယ်သူက ပေးလဲ ဆို
`သီလ´ က ပေးတာ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
🙏47851👍29👏10
◾️ မနေ့က ရုရှားနိုင်ငံ အာကာသ ကော်ပိုးရေးရှင်းကနေ သမ္မတကြီးကို ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်။ တကယ်တော့ ဒီလို အခြေအနေ ဖြစ်လာဖို့ SAC လက်ထက်ကတည်းက ရုရှား-မြန်မာဆက်ဆံရေးကို အကောင်းဆုံး နီးနီးကပ်ကပ် ဖြစ်အောင် အပင်ပန်းခံပြီး ကြိုးစားခဲ့တဲ့ လုပ်ရပ်တွေကပဲ ရလဒ်ထွက်လာတယ်လို့ မြင်တယ်။ သမ္မတကြီးရဲ့ ခရီးစဉ်တွေတိုင်းမှာ အဝတ်လဲဖို့လောက်ပဲအချိန်ရခဲ့တဲ့အထိ တွေ့ဆုံခဲ့ရတဲ့ ကိစ္စတွေ များခဲ့တယ်။ ဒါတွေကတော့ သာမန်လူတွေ မမြင်နိုင်၊ မသိနိုင်ခဲ့တဲ့ အရာတွေပါပဲ။ ထားတော့။
------------
◾️ စစ်ရေးဘက်မှာဆိုရင်လည်း ၂၀၂၆ ကနေ ၂၀၃၀ အထိ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတယ်။ တကယ်တော့ တပ်မတော်နှစ်ရပ်ကြား မှာ ဆက်ဆံရေးကတော့ ဆယ်စုနှစ် နှစ်စုကျော်ကြာအကောင်းဆုံးဖြစ်နေခဲ့တာ ကြာခဲ့ပြီလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ အနေအထားကနေ ရုရှားသမ္မတ ပူတင်နဲ့ တိုက်ရိုက်တွေ့ဖို့ဆိုတာတွေက သံတမန် လောကကျင့်ဝတ်အရ နည်းနည်းခက်ခဲခဲ့တာရှိခဲ့တယ်။ ဒါတောင် နောက်ပိုင်းမှာ မြန်မာ့ တပ်မတော်က ရင်ပြင်နီမှာ စစ်ရေးပြလျှောက်ဖို့ ကမ်းလှမ်းခံရတဲ့အထိ တိုးတက်မှုတွေ သိပ်ကောင်းခဲ့တယ်။ ရုရှားလူမျိုးတွေအတွက် သိပ်ကို အထွတ်အမြတ်ထားတဲ့ နာဇီတွေကို အောင်ပွဲခံနိုင်ခဲ့တဲ့ အခမ်းအနားမှာ ကိုယ့်နိုင်ငံရဲ့ တပ်မတော်က နိုင်ငံတော်အလံကို ကိုင်ပြီး စစ်ရေးပြခွင့်ရခဲ့တယ်ဆိုတဲ့ သမိုင်းက SAC လက်ထက်မှာမှ အစပျိုးခဲ့တာလို့ ပြောလို့ရတယ်။
-------
◾️ တစ်ဖက်မှာ…အာဏာထိမ်းအစိုးရဖြစ်တဲ့ SAC အစိုးရလက်ထက်မှာ သမ္မတကြီးအနေနဲ့ ရုရှားနိုင်ငံကို အခေါက်ခေါက်အခါခါ သွားခဲ့တယ်။ နိုင်ငံအတွက် အကျိုးရှိမယ့် အဖွဲ့အစည်းပေါင်းစုံနဲ့တွေ့ရတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်က BRICS တို့လို၊ ရုရှား၊ ဘီလာရုဇ်၊ ကာဇက်စတန်တို့ ပါတဲ့ EAEU စသဖြင့် ဒီအသင်းအဖွဲ့တွေကနေ စီးပွားရေး နလန်ထူဖို့ ကြိုးစားခဲ့တာတွေ ရှိခဲ့တယ်။ ထူးခြားတဲ့ အောင်မြင်မှုကတော့ သမ္မတပူတင်နဲ့ တွေ့ဆုံပြီး နောက်ပိုင်း ကရင်မလင်နန်းတော်ကို ဖိတ်ခေါ်ပြီး တွေ့ဆုံရတဲ့အထိ၊ တဖြည်း ဖြည်း အာကာသ ဖိုရမ်တွေမှာပါ ဖိတ်ခေါ်ကမ်းလှမ်းလာတဲ့အထိ မြန်မာရဲ့ Geopolitics အနေအထားကို ရုရှားဘက်က သဘောပေါက်ခဲ့တယ်။ နောက်ပိုင်း ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကန်းတွေ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းတွေ၊ နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စတွေ၊ ခု ပူပူနွေးနွေးဆိုရင် လည်း Roscosmos အကြီးအကဲကိုယ်တိုင် သမ္မတကြီးနဲ့တွေ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကသ ယာဉ်မှူး ပေါ်ပေါက်လာအောင် လေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုတဲ့ ကမ်းလှမ်း ချက်တွေ၊ GLONASS ဂြိုလ်တုလမ်းညွှန် စနစ်အတွက် ဒေတာစုဆောင်းရေးစခန်းတွေ… စသဖြင့် ဒီလိုအကျိုးအမြတ်တွေ ရရှိ လာတာ မြင်ရလိမ့်မယ်။ သေချာတာကတော့…ဒါလိုလုပ်ငန်းကြီးတွေက သူ့အလိုလို ပေါ်လာတာတွေတော့မဟုတ်နေဘူး။
----
◾️ သမ္မတ အဖြစ်ရွေးချယ်ခံရတာ ကောင်းတဲ့အချက်က အကောင်းမြင်ရှုထောင့်အရ ကြည့်ရင်…ဒီလို အခြေခံအုတ်မြစ်ချထားတဲ့ကိစ္စတွေမှာ…ယုံကြည်မှု ရှိထားပြီးသားဖြစ်လို့ ဆက်ပြီး လုပ်သွားနိုင်တဲ့ အခင်းအကျင်းတွေ ရှိနေတယ်။ လူသစ်ပြောင်းရင်…၊ မူဝါဒ တွေကအစ ပြောင်းလဲတာများတတ်လို့ တစ်ချို့ စီမံကိန်းတွေကို အစကနေ ပြန်စတတ် ရတာများတယ်။ Level 5 လောက် ရောက်နေတဲ့ တိုးတက်မှု အရှိန်က zero ကနေ ပြန်စရတတ်တာမျိုးက တိုင်းပြည်အတွက် သိပ်နာတယ်။ ဒါ့ကြောင့်လည်း အစိုးရ စုဖွဲ့မှုမှာ အထိုင်မဖျက်တဲ့ ကိစ္စတွေကို ဝမ်းသာ ကြောင်းဆိုခဲ့တာ။ နောက်ပိုင်း အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကတော့ ဒီ Sector တွေကို ဦးဆောင်ကြမယ့် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ် ဆိုသူတွေရဲ့ Leadership နဲ့ပဲ ဆိုင်တော့တယ်။ သမ္မတကြီးကတော့ ယုံကြည်စွာနဲ့ပဲ တာဝန်ပေးအပ်ခဲ့ပြီးပြီ။
----------
◾️ ဘာပဲဖြစ်ဖြစ် UN မှာ ဗီတိုအာဏာကိုင်ထားတဲ့ ရုရှားရယ် ၊ တရုတ်ရယ်က သမ္မတသစ် ကို ဦးဦးဖျားဖျား ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ထားတာတွေက မြန်မာ့နိုင်ငံရေးမှာ မဟာမိတ်ဆက်ဆံရေးထက် ပိုတယ်လို့တောင် ပြောလို့ရတယ်။ ဆိုလိုတာက မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေးမှာ ဒီနိုင်ငံကြီးတွေရဲ့ အားပေးထောက်ခံချက်နဲ့တင် ကျွဲကူးရေပါဆိုသလို သွားလို့ရနိုင်တဲ့ အခွင့်အရေးတွေ ရှိနေခဲ့ပြီ။ ဖြစ်စေချင်တာပါ… သမ္မတကြီးအနေနဲ့ အရေးပါတဲ့ ဝန်ကြီးတွေ ခြံရံပြီး တရုတ်၊ ရုရှား၊ ဘီလာရုဇ်နိုင်ငံတွေကို သမ္မတ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ သံတမန်ရေးခရီးစဉ် အမြန်ဆုံး စတင်နိုင်ရင် အကောင်းဆုံး ဖြစ်သွားပါလိမ့်မယ်။

(နရီမိုး)
413👍278🥴4😎3🥰2👏2👎1🙏1🤝1
ကာကွယ်ရေးဝန်ကြီးဌာနကိုယ်တိုင် ဦးဆောင်ပြီဆိုတော့ ...နောက်ပိုင်း ကြမ်းပြီထင်တယ်။

အညာမြေမှာလည်း ပြည်ထောင်စု အစိုးရ ဆိုသူတွေက L PDF တွေနဲ့ ညှိကြပြီး သယံဇာတ ‌ခွဲဝေယူကြဖို့ ညှိနေကြသတဲ့။

ကြည့်ရတာ....ဒီ ၅ နှစ်အတွင်း အတွေ့အကြုံအရ၊ မျှဝေသုံးစွဲမယ် ဆိုတဲ့ မူ ထက် ရသလောက်ယူမယ်ဆိုတဲ့ မူဝါဒ ပြောင်းလဲ လိုက်ပြီ ထင်တယ်။

ကာကွယ်ရေးဌာနအောက် L PDF တွေ တစ်စုတစ်စည်းတည်း မဖြစ်တာ မဆန်းတော့ဘူး။ NUG ရဲ့ နိုင်ငံရေး ဦးဆောင်မှုနောက်ကို မလိုက်ကြတော့ဘဲ စီးပွားဖြစ် ကိုယ်ထူ ကိုယ်ထ ဒေသန္တရ လက်နက်ကိုင် အင်အားစုတွေ ပဲ အားကောင်းလာတာ ဒီ နွေဦးတော်လှန်ရေး ကျရှုံးရခြင်း အကြောင်းတရားတွေပဲ။ ပညာတတ်တဲ့ လူငယ်တချို့ကတော့ အလင်းဝင်ပြီး လမ်းမှန် ပြန်ရောက်လာကြပေမယ့် ကိုယ်ကျိုးစီးပွားပါတဲ့ အဖွဲ့တွေကတော့ ဆက်ပြီး မိုက်တွင်း နက်နေဆဲပဲ။

ဘာလိုလိုနဲ့ ....ငါတို့ သမ္မတ ပြန်လွတ်ပေးဆိုတဲ့ အသံတွေ မကြားရတာတောင် ကြာခဲ့ပြီပဲ။

(နရီမိုး)
👍45863🥴42👎3👏2
ဗိုလ်ချုပ်မှူးကြီး၏ ငါးနှစ်တာခရီးကြမ်း

ဗိုလ်ချုပ်မှူးကြီး၏ မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ရောက်လာမှု

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန်အစိုးရနိုင်ငံတော်တာဝန်ယူစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။

သူ့ထက် ဝါကြီးသောစီနီယာများကို ကျော်ဖြတ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ခြင်းပင်။

ထိုအချိန်တွင် ဗိုလ်ချုပ်ကြီးအဆင့်သာ ဖြစ်သေးသည်။၂၀၁၂ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသော သတင်း၌ အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ထွက်ခွာသွားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လေဆိပ်၌လိုက်ပါ ပိုဆောင်သူများစာရင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟု ပါရှိခဲ့သည်။

ထိုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီးအဆင့်မှ ဒုတိယဗိုလ်ချုပ်မှူးကြီး ဖြစ်လာခဲ့သည်။

ထိုနောက် ၂၀၁၃ မတ်လ ၂၇ ရက်နေ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးရာထူး ဖြစ်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

https://t.me/leaderaung/42
186👍137🥰9🥴6😎4👏3👎1👌1
ကြည့်ရတာ ထိခိုက်မှု တော်တော်များခဲ့ပုံပဲ။ ကနဦး သတင်းတွေအရကို လူ ပေါင်း ၁၆၀ ဆိုတဲ့ ပမာဏက အတော်လေး ကြီးမားနေတယ်။ ဒီထက်လည်း ပိုသွားနိုင်တယ်။

လက်နက်ထုတ်တဲ့ စက်ရုံမဟုတ်ဘဲ မြေရှားတူးဖို့အတွက် ယမ်းတွေထားတဲ့ အဆောက်အအုံလို့ ပြောတာ တွေ့ရတယ်။

ပေါက်ကွဲမှု အမျိုးအစားကလည်း သတ္တုတွင်း (mining) လုပ်ငန်းသုံး ယမ်း (explosives/blasting agents) ချက်လုပ်ရာက အဆောက်အအုံ တစ်ခုမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြတယ်။ တစ်ခုရှိတာက .....လက်နက်ခဲယမ်း ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိနေတဲ့ UWSA အနေနဲ့ လက်နက်ခဲယမ်းစက်ရုံ ပေါက်ကွဲခဲ့ရင်တောင် တရားဝင်တော့ ထုတ်ပြောမှာမဟုတ်ဘူး။

ကြည့်ရတာ သေဆုံးအရေအတွက်များနေတော့ အတိအကျ နဲ့ အကြောင်းရင်း အပြည့်အစုံ ကို UWSA ဘက်က တရားဝင် မထုတ်ပြန်နိုင်ဖြစ်နေပုံ ရတယ်။ တရုတ်နိုင်ငံသား ဦးဆောင်သူ ပါဝင်နေတယ်ဆိုတဲ့ သတင်းကလည်း တရုတ်-ဝ စီးပွားရေး ဆက်ဆံရေး ပေါ်မှာ နည်းနည်းတော့ အဖုအထစ် ဖြစ်လာနိုင်တယ်လို့ ယူဆရတယ်။


ဒီပေါက်ကွဲမှုက UWSA အတွက် နိုင်ငံရေး နဲ့ စီးပွားရေး အရ ထိခိုက်မှု ရှိပေမဲ့၊ နဂိုကတည်းက သီးခြားနယ်မြေလို ဖြစ်တဲ့ ဒေသဖြစ်တဲ့အတွက် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုတော့ နည်းပါလိမ့်မယ်။


(နရီမိုး)
👍59482👏27😎10👎3🥴2🥰1
နိုင်ငံရေးမှာ အပေးအယူနဲ့ အကျိုးစီးပွားဆိုတဲ့ အချက် ၂ ချက်ပဲ အဓိက အခြေခံတယ်။

တချိုနိုင်ငံတွေက On paper အရ ဒီမိုကရေစီတွေ ပြောနေပေမယ့် အကျိုးစီးပွားအရ လက်လွှတ်လို့ မဖြစ်တဲ့အရာ တွေ ရှိတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူက ထိပ်ဆုံးက ဖြစ်နေတာကိုကြည့်ပေါ့။ နိုင်ငံရေးက သပ်သပ်၊ အကျိုးစီးပွားအရ ချဉ်းကပ်တာက သပ်သပ်ပဲ။

တရုတ်ဟာ အိမ်နီးခြင်းဆိုတာထက် သူ့အကျိုးစီးပွားအရ မြန်မာကို မဆက်ဆံလို့ မရဘူး။ အပြန်အလှန်အားဖြင့် အမေရိကန်နဲ့နဲ့တောင် ကုန်သွယ်စစ် ဖြစ်ရဲတဲ့ တရုတ်က မြန်မာရဲ့ ပြိုင်ဘက်လည်း မဟုတ်ဘူး။ ဒါက လှောင်စရာလည်း မဟုတ်သလို အရှိတရားလည်း ဖြစ်တယ်။

တကယ်တော့ တက်လာတဲ့ အစိုးရတွေအနေနဲ့ တိုင်းပြည်ညီညွှတ်ရေးကို ဦးစားပေးသင့်တယ်။ အညာမြေက L PDF တွေနဲ့ နိုင်ငံရေးဆိုတဲ့ တွေးခေါ်မှုလေး နည်းနည်း ရှိစေချင်တယ်။ လက်ရှိ ၅ နှစ်တာကာလမှာ၊ ၁၀၂၇ စစ်ဆင်ရေးမှာ EAO တွေဆီ တဆင့်ကျွန်ခံရင်း အညာ ဗမာတိုင်းရင်းသားတွေ ဘယ်လောက် သေသွားကြသလဲ။ ဘယ်လောက် စစ်ဒဏ်သင့်သွားကြသလဲ။ ဘယ်လောက် လူနေမှူ ဘဝ ဆုံးရှုံးသွားလဲ။ ဒါလေး တွက်ကြည့်ကြစေချင်တယ်။

နိုင်ငံတိုင်းက ကြိုက်ခြင်း၊ မကြိုက်ခြင်းကို အဓိက ပေတံ အဖြစ်မသုံးဘူး။ ကိုယ့်နိုင်ငံအတွက် ဘယ်နိုင်ငံက အကျိုးအမြတ်ရမလဲ ဆိုတဲ့ နိုင်ငံရေး ရှု့ထောင့်အရပဲ ချဉ်းကပ်ကြတာများတယ်။ သမ္မတ အဖြစ် ကျမ်းမကျိမ်ခင်မှာတောင် ဒီလို အနေအထားရှိရင် ....သမ္မတအဖြစ် ကျမ်းကျိမ်ပြီးရင်ရော ဘာတွေ ဆက်ဖြစ်ကြမလဲ။ နိုင်ငံရေးဟာ တရားဝင်မှု ဆိုတဲ့ စကားလုံးကိုပဲ အခြေခံ ချဉ်းကပ်ကြတာပါ။


(နရီမိုး)
👍511102😎5👎2🙏2🥴2😢1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏46236👍12🥰5👏5
စိတ်သောကဆိုတာ လူတိုင်းကြုံတွေ့ရလေ့ရှိတဲ့ လောကဓံတရားဖြစ်ပေမယ့် အဲ့ဒီသောကနောက်ကို စိတ်က အစဉ်တစိုက် လိုက်ပါမသွားဖို့ အရေးကြီးပါတယ်။

ပူလောင်မှုတွေ ကြုံလာရတဲ့အခါ "ဒါဟာ ငါ့ကြောင့်ဖြစ်တာ၊ ငါ့ပစ္စည်းမို့လို့ နှမြောတာ" ဆိုတဲ့ အစွဲအလန်းတွေကို ခေတ္တဖယ်ခွာပြီး "အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပေါ်လာတာပဲ" လို့ အရှိကိုအရှိအတိုင်း လက်ခံနိုင်တဲ့ သမ္မာဒိဋ္ဌိအမြင်နဲ့ အရင်ဆုံး ငြိမ်သက်အောင် ကြိုးစားရပါမယ်။ စိတ်ထဲမှာ သောကတွေ ပြည့်နှက်နေရင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့သွားတတ်တာမို့ အသက်ရှူသွင်း ရှူထုတ်မှုကို သတိကပ်ရင်း လက်ရှိအခိုက်အတန့်မှာ စိတ်ကို ပြန်လည်စုစည်းဖို့ လိုအပ်ပါတယ်။

သောကကို ငြိမ်းအေးစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အတိတ်ကဖြစ်ရပ်တွေအပေါ် နောင်တရနေခြင်းနဲ့ အနာဂတ်အတွက် ကြိုတင်စိုးရိမ်ပူပန်ခြင်းတွေကို ရပ်တန့်လိုက်ပြီး လက်ရှိအချိန်မှာ ကိုယ်လုပ်ဆောင်နိုင်တဲ့ ကုသိုလ်ကောင်းမှုနဲ့ အကျိုးရှိမယ့် အလုပ်တစ်ခုခုမှာ စိတ်ကို မြှုပ်နှံထားခြင်းပဲ ဖြစ်ပါတယ်။


မိမိထက် ပိုပြီး ဆင်းရဲဒုက္ခရောက်နေသူတွေကို ငဲ့ညှာတွေးတောတဲ့ ကရုဏာစိတ်၊ အားလုံးအေးချမ်းပါစေဆိုတဲ့ မေတ္တာစိတ်တွေကို ပွားများပေးခြင်းဖြင့် ပူလောင်နေတဲ့ စိတ်အာရုံတွေကို အေးမြသွားစေနိုင်ပါတယ်။ အနှစ်ချုပ်အားဖြင့် သောကဆိုတာ ပြင်ပအခြေအနေထက် မိမိရဲ့ အတွေးအခေါ်နဲ့ အယူအဆအပေါ်မှာ ပိုပြီး မူတည်နေတာကြောင့် သတိနဲ့ ပညာကို လက်နက်သဖွယ် အသုံးချပြီး စိတ်ကို စနစ်တကျ ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်။



ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ 👏🏻👏🏻👏🏻
🙏48145👍42
◾️ တပ်မတော်မှာ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပညာရေးကျောင်းတွေ ဖွင့်ထားတာ ရှိတယ်။ တပ်မတော်သားတွေဆိုတာက …အချိန်မရွေး၊ နေရာမရွေး တာဝန်ထမ်းဆောင် ရတော့…သား၊သမီးတွေ ပညာရေးက အတော်လေး ဒုက္ခရောက်ကြတာရှိတယ်။ ဒီပြဿနာ ကို ဖြေရှင်းဖို့ တပ်မိသားစုအင်အားများတဲ့ဒေသတွေ၊ ဝေးလန်တဲ့ နေရာတွေမှာ တပ်မတော် ပညာရေးကျောင်းတွေ ဖွင့်လှစ်တာမျိုးနဲ့ ဒီကွက်လပ်ကို ဖြည့်ဆည်းခဲ့ကြတယ်။
-------------
◾️ မနေ့က ကကပြည် ရဲ့ ၇၉ နှစ်မြောက် အခမ်းအနားမှာ ဒီကျောင်းတွေက တပ်မိသားစု တွေအတွက် အဓိက ကျသလို အငြိမ်းစား အရာရှိ/စစ်သည်တွေရဲ့ သားသမီးတွေရဲ့ ပညာရေးကိုလည်း ဆက်ပြီး အထောက်အပံ့ပေးနိုင်ဖို့ ၊ ကျဆုံးစစ်သည်/အရာရှိတွေရဲ့ သား၊ သမီး ပညာရေးတွေကိုလည်း တာဝန်ယူစောင့်ရှောက်နိုင်ဖို့ တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းတွေကို ရန်ကုန်နဲ့ နေပြည်တော်တွေမှာ ဖွင့်လှစ်ပြီး အခြေခံပညာ အထက်တန်းအဆင့် ပညာရပ်တွေကို သင်ကြားပေးသွားမယ်ဆိုပြီး တပ်ချုပ်ကြီး အသစ်ရဲ့ မိန့်ခွန်းထဲမှာ တွေ့လိုက်ရတယ်။ ဒါကို ဧရာဝတီက အောင်ဇော်တို့က ပညာရေးကျောင်း သပ်သပ်ကို ဝါဒဖြန့်ပညာရေးကျောင်းတွေ ထပ်ဖွင့်မယ်ဆိုပြီး ခေါင်းစဉ်ကြီးနဲ့ ထရေး လာတယ်။ မီဒီယာတစ်ခု အမည်ခံပြီး ဒီလို နည်းနည်းရုပ်ပေါက်တာတော့… အတော်လေး တော့ ဂွကျတယ်။
---------
◾️ ဘယ်လိုပဲဖြစ်ဖြစ်…လာမယ့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစပြီး တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်း နှစ်ခုကတော့ ရန်ကုန်နဲ့ နေပြည်တော်မှာ စပြီး ဖွင့်လှစ် လာပါတော့မယ်။ အဓိကရည်ရွယ်ချက်ကလည်း စစ်မှုထမ်းဆောင်ဆဲ၊ အငြိမ်းစားနဲ့ ကျဆုံး သွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေအတွက် အခြေခံပညာ အထက်တန်း အဆင့်အထိ ပညာရေးကို စဉ်ဆက်မပြတ် တာဝန်ယူ စောင့်ရှောက်ပေးဖို့ပါပဲ။ ဆိုလိုတာက…ရှိနှင့်ပြီးသား တပ်မိသားစု ကျောင်းတွေကို ပိုပြီး နယ်ပယ်ချဲ့ထွင်တဲ့ သဘောပါပဲ။ ဒါက တပ်မတော်ဆိုတဲ့ အင်စတီးကျူးရှင်းအနေနဲ့ တပ်မိသားစုရဲ့ ပညာရေးကို ပိုပြီး ဂရုစိုက်မယ်ဆိုတဲ့ မက်ဆေချ့်ပါ။
------------
◾️ ခြုံပြောရရင်တော့…တပ်မတော်ရဲ့ ပညာရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုက တပ်ဖွဲ့ဝင် မိသားစု တွေရဲ့ လက်တွေ့လိုအပ်ချက်ကနေ ဆင်းသက်လာတဲ့ ကိစ္စတစ်ခုပါပဲ။ တစ်ဖက်မှာ အကျင့်ပျက်တဲ့ မီဒီယာတွေအနေနဲ့ “ဝါဒဖြန့်” ဆိုတဲ့ စကားလုံးနဲ့ တံဆိပ်တပ်လိုက်တာ က နိုင်ငံရေးအရဆိုရင် ကျင့်ဝတ်မညီတဲ့ သတင်းထုတ်ပြန်ချက်လို့ ပြောလို့ရတယ်။ ဒီလို သတင်းမီဒီယာတွေရဲ့ ဘက်လိုက်မှုတွေက မြန်မာ့နိုင်ငံရေးမှာ အဖြစ်များတဲ့ ကိစ္စတစ်ခု ပါပဲ။ ဒီလို သတင်းမှားတွေတုန့်ပြန်နိုင်ဖို့ကလည်း လူငယ်တွေ ပညာတတ်၊ စာဖတ်မှ ချေဖျက်နိုင်လိမ့်မယ်။

(နရီမိုး)
👍465118🥰8👏3🥴2👎1
◾️ မနက်ဖြန်ဆို ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနား တရားဝင် ကျင်းပပြီ။ ဥပဒေအားဖြင့် ဆိုရင် တော့…မနက်ဖြန်က အရင်အစိုးရအဟောင်းကနေ အသစ်ကို ချိန်းတဲ့ နေ့ရက်ပေါ့လေ။ ဘယ်သူတွေဘာပြောပြော တတိယဒီမိုကရေစီအစိုးရရဲ့ ပထမအကြိမ် ပုံမှန်လွှတ်တော် အခမ်းအနားဟာ ဒုတိယ သမ္မတလောင်း စိစစ်ရွေးချယ်တာတွေ၊ ၅၈၄ မဲကနေ ၄၂၉ ဆန္ဒပြုလို့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ သမ္မတကြီးက သူ့ရဲ့အစိုးရ အဖွဲ့အစည်းတွေကို လွှတ်တော်ကို ပေးပို့ပြီး အတည်ပြုချက်ရယူခဲ့တာတွေ၊ သက်ဆိုင်ရာ လွှတ်တော်အသီးသီး မှာလည်း လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခဲ့တာတွေ…စသဖြင့် ပြီးမြောက်ခဲ့ပြီလို့ ဆိုလို့ရတယ်။
----------
◾️ အစိုးရအဖွဲ့ထဲမှာလည်း အရင်ယုံကြည်ထိုက်တယ်လို့ ထင်ရတဲ့ လူဟောင်းတွေ ပြန်ပါလာသလို အသစ်တွေကိုလည်း ပေါင်းစပ်ထည့်သွင်းထားတယ်။ ပြည်ထောင်စု အဆင့် ဝန်ကြီးဆိုတာ လက်ချိုးရေလို့ ရတဲ့အရေအတွက်ပါပဲ။ လုပ်နိုင်မယ်ထင်လို့ တာဝန် ပေးအပ်ထားတာလည်း ဖြစ်တယ်။ တစ်ဦးချင်းအရ ပြည်ထောင်စု ဝန်ကြီးဆိုပေမယ့် စုပေါင်းလိုက်ရင်တော့ အစိုးရရဲ့ ပြယုဒ်လည်း ဖြစ်တယ်။ ဒီ ဝန်ကြီးတွေကပဲ ဌာန ၃၁ ခုကို ဘယ်လိုမောင်းနှင်သွားမလဲဆိုတာ စောင့်ကြည့်ကြရတော့မယ်။
---------
◾️ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တရုတ်က အထူးကိုယ်စားလှယ် စေလွှတ် ထားတယ်။ အိန္ဒိယကလည်း ပေါ်ပေါ်ထင်ထင် မဟုတ်တောင် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို ဘေးကနေ ပံ့ပိုးပေးထားတယ်။ ဒါကို နီပေါတစ်ချို့က ဝန်ကြီး လောက်လွှတ်တာကို အရေးမပါဘူးထင်နေကြတယ်။ အိန္ဒိယဆိုတာက သူ့ရဲ့ အရှေ့ (၇)ပြည်နယ်အတွက် မြန်မာအစိုးရကို မဆက်ဆံလို့ကို မရဘူး။ ဒါပေမယ့် မူဝါဒ အရတော့ တရုတ်ထက် နောက်ကွယ်ကနေပဲ ချဉ်းကပ်တဲ့ပုံစံရှိတယ်။ အရင် မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖွဲ့စည်းပုံ လေ့လာဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတိတ်ကအကြောင်းအရာတွေ ပြန်တွေးကြည့်ကြပေါ့လေ။
--------
◾️ထိုင်းကလည်း လက်ရှိ နိုင်ငံခြားရေးရဲ့ အကြံပေးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို စေလွှတ်ထားတယ်။ ထိုင်းဟာ မြန်မာအတွက် အာဆီယံရဲ့ ပေါင်းကူးတံတား လည်းဖြစ်တယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက်လည်း မဖြစ် မနေ ဆက်ဆံ ကြရတယ်။ ဘာပဲဖြစ်ဖြစ် ဒေသတွင်း အိမ်နီးချင်းတွေထဲက လူဦးရေ ဘီလီယံနဲ့ချီတဲ့ အိန္ဒိယ၊ တရုတ် အပါအဝင် ထိုင်း၊ ကမ္ဘောဒီးယားတို့ကလည်း မြန်မာ့ နိုင်ငံရေးကို ထိတွေ့ဆက်ဆံထားတဲ့ အခြေအနေက…လက်ခံနိုင်တဲ့ အနေအထားပါပဲ။
------
◾️ အဓိက သမ္မတကြီးရဲ့ အခြေပြမိန့်ခွန်းထဲက ရက် (၁၀၀) စီမံချက်တွေက ဘယ်လောက် ပြည်သူ့ဘဝတွေကို ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိမလဲ စောင့်ကြည့်ကြရမယ်။ ပထမ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ငြိမ်းချမ်းရေးကိစ္စတွေလည်း အရွေ့ဖြစ်တယ်။ ပြည်သူ့ဘဝ တွေလည်း ချောင်လည်တယ်။ စီးပွားရေးတွေလည်း ပြန်ပြီး နလန်ထူလာနိုင်ရင်…. အောင်မြင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ခု ဖြစ်လာမှာပါ။ အဓိက သက်ဆိုင်သူ တွေအနေနဲ့ (၅) နှစ်စာ အကျိုးစီးပွားကို မကြည့်ဘဲ…ရေရှည်အကျိုးသက်ရောက်မှု ရှိစေမယ့်လုပ်ငန်းတွေကို ထင်သာမြင်သာရှိအောင် ပြင်ဆင်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်လာမှာပါ။
------
◾️ တစ်ခုတော့ရှိတာပေါ့။ တနေ့ကို ဘယ်လောက်ပဲ ဆီထုတ်ခွင့်ပေးထားတဲ့အခြေအနေမှာ နိုင်ငံခြားငွေ ဘယ်လောက်သက်သာသွားပါတယ်ဆိုတဲ့ စကားလုံးထက်…ဒီပမာဏက ပြည်သူတွေအတွက် ဘယ်နှစ်ရက်ဆက်ပြီး ဝယ်ယူသွားနိုင်မယ့် အခွင့်အရေးမျိုး ဖြစ်လာတယ်ဆိုတဲ့ စကားလုံးမျိုး သုံးတတ်ကြတဲ့ ဌာနတွေ ဖြစ်ရင်တော့ ပိုပြီးကောင်း တာပေါ့။ သမ္မတကြီးကတောင် ပြည်သူတွေအဆင်ပြေဖို့ လေကြောင်းလိုင်းတွေကို ပြန်ပြီး ဆွဲခိုင်းထားတဲ့ အခြေအနေမှာ...တစ်ဖက်က ထောက်ပြစရာမဖြစ်အောင်တော့ ပိုပြီး ဆင်ခြင်ကြသင့်တယ်မဟုတ်လား။

(နရီမိုး)
311👍233👏10🥴7👎2🤔1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏44634👍9👏5🥰2
"လောကမှာ မတန်လို့ရှိရင် ကျက်သရေရှိသူနဲ့ ကျက်သရေကင်းမဲ့သူ၊ ဘုန်းကံရှိသူနဲ့ ဘုန်းကံမရှိသူဟာ ဘယ်လိုမှ ရေစက်မဆုံဘူးဆိုတာ ရှိနိုင်သလား။

ဟုတ်တော့ဟုတ်တယ် အခုခေတ်လူတွေ ရေစက်လို့ပြောကြတယ်နော်။ ရေစက်လို့ပြောတယ်။ ဘုန်းကံမရှိတဲ့လူဟာ ရေစက်ဆုံလို့မရဘူးတဲ့၊ ဘုန်းကံချင်း ဒါးအကွာကြီး ကွာနေလို့ရှိရင် ရေစက်မဆုံဘူး။

အဲ့ဒါကို သေနကအမတ်ကြီးကို မေးတဲ့အခါကျတော့ 'ဘုန်းကံရှိသူနဲ့ ဘုန်းကံမရှိသူဟာ တူတူပေါင်းဖက်မှုမျိုး ရှိသလား' လို့ဆိုတော့... ဒီရေစက်မဆုံဘူး။ သူဟာ ဥဒုမ္ဗရဒေဝီက ပြောတယ်။ သူ့အဖေက ပေးစားလိုက်သော်လည်းပဲ သူတို့နှစ်ယောက်ဟာ ဘုန်းကံချင်းမတူလို့ ရေစက်မဆုံဘူးဆိုတာကို ပြောတော့ သေနကအမတ်ကြီးကို မေးတဲ့အခါ 'ဒါ မဖြစ်နိုင်ဘူး' လို့ ပြောတယ်။ မရှိနိုင်ဘူးပေါ့။ မိဘပေးစားရဲ့သားနဲ့ ဒီလိုဖြစ်တယ်ဆိုတာ လောကမှာ မရှိနိုင်ဘူးဆိုတော့...

အဲ့ဒီ မိဖုရားက သူ့အသတ်ခံရမှာ သိပ်ကြောက်သွားတယ်။ သိပ်ကြောက်သွားတော့ ဘုရင်ကြီးက 'ကဲ... တခြားပညာရှိတွေကို ငါမေးဦးမယ်' ဆိုပြီး မဟောသဓကို ခေါ်ပြီးတော့ မေးတယ်။ 'ဒီလိုကိစ္စမျိုးဟာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘုန်းကံချင်းမတူရင် ရေစက်မဆုံဘူးဆိုတာ ဖြစ်နိုင်သလား' ဆိုတော့...

အဲ့ဒါ ဘုရင်ကြီးမေးတဲ့ မေးခွန်းက ဘာတုန်းဆိုတော့ -
'ဣတ္ထိ သိယာ ရူပဝတီ၊ သာ စ သီလဝတီ သိယာ'
အမျိုးသမီးတစ်ယောက်ဟာ ရုပ်ကလည်း အင်မတန်မှ ချောတယ်၊ ကိုယ်ကျင့်တရား အကျင့်စာရိတ္တလည်း အလွန်ကောင်းတယ်။

'ပုရိသော တံ န ဣစ္ဆေယျ'
ဒါပေမယ့် ယောက်ျားတစ်ယောက်က အဲ့ဒီအမျိုးသမီးကို လုံးဝမချစ်နိုင်ဘူး၊ မခင်နိုင်ဘူး။

'သဒ္ဒဟာသိ မဟောသဓ'
အဲ့ဒါမျိုး ရှိတယ်ဆိုတာ မင်းယုံကြည်သလား၊ လောကမှာ ရှိနိုင်သလား။ အမျိုးသမီးတစ်ယောက်က ဘာမှအပြစ်မရှိဘူး၊ ရုပ်လည်းချောတယ်၊ ကိုယ်ကျင့်တရားလည်း အင်မတန်မှ ကောင်းတယ်။

'သဒ္ဒဟာမိ မဟာရာဇ'
သူယုံပါတယ်တဲ့၊ လက်ခံပါတယ်တဲ့။

'ပုရိသော ဒုဗ္ဘဂေါ သိယာ'
ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်က ဘုန်းကံနည်းတဲ့လူ ဆိုလို့ရှိရင် ဘုန်းကံကြီးမားတဲ့ အမျိုးသမီးကို စိတ်မဝင်စားဘူးတဲ့။ ဒါ ရေစက်မဆုံဘူးလို့ ပြောရမှာပေါ့ မြန်မာလိုဆိုရင်တော့။ ရေစက်မဆုံဘူး၊ မဆုံနိုင်ဘူးတဲ့ အဲ့ဒါ။

'သိရီ စ ကာလကဏ္ဏီ စ၊ န သမေန္တိ ကုဒါစနံ'
လောကမှာ ဂုဏ်ကျက်သရေရှိတဲ့ ပုဂ္ဂိုလ်နဲ့ ဂုဏ်ကျက်သရေယုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သောအခါမှ ပေါင်းစည်းမိခြင်း မရှိနိုင်ပါဘူးတဲ့။ ဒါ လူ့သဘာဝပါပဲ။

ဘုရားလောင်းကတော့ 'ရှိနိုင်တယ်' ဆိုတာကို ထောက်ခံပြီးတော့ ပြောကြားလိုက်တဲ့အခါမှာ ဥဒုမ္ဗရဒေဝီဟာ အသက်ချမ်းသာရာ ရသွားတယ်။ ကျေးဇူးတင်တယ် မဟောသဓကို၊ အဲ့လိုသာ မဟုတ်ဘူးဆိုရင် သူဟာ အသတ်ခံရမယ့်သဘော ဖြစ်သွားတယ်။ အဲ့လို ပြဿနာတစ်ခုကို ဒီလိုဖြေရှင်းလိုက်တဲ့အခါမှာ ဘုရင်ကြီးကလည်းပဲ ကျေးဇူးတင်သွားတယ်။

အကယ်၍ မဟောသဓသာ မရှိဘူးဆိုရင် သူ့မှာ မိဖုရားတစ်ဦး ဆုံးရှုံးသွားနိုင်တယ်။ သေနကအလိုဆိုရင် ဒီမိဖုရားကို သူ သေဒဏ်ပေးမိမှာပေါ့။ အခု မဟောသဓရဲ့ ကျေးဇူးကြောင့် ဒီမိဖုရားကို သူ မဆုံးရှုံးတာဖြစ်တယ် ဆိုပြီးတော့ ကျေနပ်ပြီးတော့ ဆုလာဘ်တွေ တစ်သောင်း၊ တစ်သိန်း ဘုရင်ကြီးက ဆုချတယ်ဗျာ။"

---

ပါမောက္ခချုပ်
ဆရာတော် ဒေါက်တာ
နန္ဒမာလာဘိဝံသ
🙏42055👍39
တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်း ဖြစ်တဲ့ အပြင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံအပေါ် လစ်လျူ ရှုလို့ မရတဲ့ အချက်တွေ ရှိတယ်။ ပါဆင်နယ်အမြင်နဲ့ တချို့ ခံစားချက်တွေ ခဏနောက်ထား၊ ဒီအချက်တွေက အဓိကကျတယ်။

ပထမအချက် တရုတ်ဟာ ပင်လယ်ထွက်ပေါက်လိုတယ်။ ဒုတိယအချက် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံဟာ BRI ရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ တတိယအချက်မြန်မာပြည်က အစိုးရဟာ တရုတ်ဆန့်ကျင်ရေးထက် ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့မျိုးဖြစ်ရမယ်။

အိန္ဒိယနဲ့ မြန်မာလည်း အလားတူပဲ။ ပြည်နယ် ၇ ဖော်အတွက် မြန်မာဟာ မဆက်ဆံလို့ကို မရဘူး။ အိန္ဒိယက ခွဲထွက်လိုတဲ့ သူပုန်တွေ နာဂဘက်မှာ ရှိတယ်။ ဒီတော့ မြန်မာကို မဖြစ်မနေ ဆက်ဆံရတဲ့ အချက်တွေရှိတယ်။

ပထမအချက် ပြည်နယ် ၇ ဖော်အတွက် ဖြစ်တယ်။ ဒုတိယအချက် ပါကစ္စတန်ဘက်ထက် Act East Policy ရှိတယ်။ တတိယအချက် တရုတ်ကို Balance ထိန်းဖို့ လိုတယ်။

ထိုင်း-မြန်မာ ဆက်ဆံရေးက ၉၀ ခုနှစ်ပတ်ဝန်းကျင်ကထက်စာရင် ပိုရင်းနှီးတဲ့ အနေအထားဖြစ်လာတယ်။

ပထမအချက် မြန်မာကနေ တင်ပို့ရောင်းချထားတဲ့ Gas က ထိုင်းအတွက် အရေးကြီးတယ်။ ဒုတိယအချက် မြန်မာကနေ ရောက်လာတဲ့ Migration လုပ်သားတွေက ထိုင်းနိုင်ငံရဲ့ စီးပွားရေး စနစ်ကို အထောက်အကူ ပြုတယ်။ တတိယအချက် မြန်မာ့နိုင်ငံရေး မတည်ငြိမ်ရင် သူတို့ နယ်စပ်ပါ ပြဿနာ တက်ရတယ်။

ဆိုတော့ အပြန်အလှန်အားဖြင့်လည်း မြန်မာဘက်က လိုလားချက်တွေရှိတယ်။

ပထမအချက် တရုတ်ဆီက ရင်းနှီးမြုပ်နှံမှုက အမြန်ဆုံးနဲ့ အများဆုံး ဖြစ်နိုင်တယ်။ ဒုတိယ အချက် နယ်စပ်ဒေသ အခြေပြု EAO တွေက တရုတ်ဩဇာ သက်ရောက်မှု ရှိတယ်။ တတိယ အိန္ဒိယနဲ့ တရုတ်ရဲ့ BRI စီမံကိန်းတွေမှာ ပူးပေါင်းရင် တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ့ ပေါင်းကူး ကုန်းမြေအနေအထားကို Geopolitics အရပိုင်ဆိုင်ထားလို့ အခွင့်အလမ်းရှိတယ်။

ခြုံပြောရရင်....ကိုယ်ထောက်ခံတဲ့ အစိုးရ မဟုတ်လို့ ဘလာ၊ ဘလာ ပြောနေကြပေမယ့် ဒီအခြေခံ အချက်တွေကြောင့်ပဲ အိမ်နီးချင်း နိုင်ငံတွေက လက်တွေ့ကျတဲ့ နိုင်ငံရေးကို လျှောက်ကြရတယ်။ ဆိုထားသလို....နိုင်ငံရေးဟာ အမျိုးသား အကျိုးစီးပွားပေါ်မှာပဲ အခြေခံတယ်။ ဒါက တရုတ်မှာ ရှီ၊ အိန္ဒိယမှာ မိုဒီနဲ့ မြန်မာမှာ သမ္မတ ဦးမင်းအောင်လှိုင် ဖြစ်နေကြလို့ မဟုတ်ဘူး ဆိုတာ နားလည် ထားသင့်ဖို့ လိုလိမ့်မယ်။


(နရီမိုး)
👍545110👏12🥴7👎3😎3