နရီမိုး
37.2K subscribers
2.73K photos
108 videos
53 links
Download Telegram
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50035👍9🥰1👏1
“ဓမ္မရတနာ”

မြတ်စွာဘုရားက ဝိသာခါ ဥပုသ်စောင့်တာနဲ့ ပတ်သတ်ပြီးတော့ဟောတယ်။ ဥပုသ်ဘယ်လိုစောင့်ရတယ်ဟောပြီး နိဂုံးချုပ်မှာ ဝိသာခါကို ပြောတဲ့အခါမှာ လောကမှာရတနာပစ္စည်းမျိုးစုံရှိတယ်။ လောကီရတနာ ပစ္စည်းတွေ မျိုးစုံရှိတယ်။ အင်မတန်မှ တန်ဖိုးကြီးတယ်။

အဲဒီတန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးစုံ ရတနာမျိုးစုံရဲ့တန်ဖိုး အဲဒီတန်ဖိုးဟာ တနေ့တာမျှ စနစ်တကျစောင့်ထိန်းလိုက်ရတဲ့ ဥပုသ်သီလ အဲဒီဥပုသ်သီလ ကုသိုလ်ကောင်းမှုရဲ့ ကုသိုလ်ကောင်းမှုကို (၁၆)ပုံ တစ်ပုံစာတောင်မှပဲ တကမ္ဘာလုံးမှာရှိတဲ့ ရတနာပစ္စည်းတွေက တန်ဖိုးမရှိပါဘူးလို့ ဒီလိုဟောတယ် မြတ်စွာဘုရားက။

ဘာကြောင့်တုန်း ဒီစကားဟာ မလွန်လွန်းဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်၊ မလွန်ဘူးလေ။ ဘာကြောင့်မလွန်ဘူးလို့ ပြောတာတုန်းဆိုရင် စဉ်းစားကြည့် ပတ္တမြားတစ်လုံးကိုပေးပြီးတော့ နတ်ဘဝရောက်နိုင်ပါ့မလား။ ရောက်နိုင်ဘူး။ လူဖြစ်အောင်ရော ပတ္တမြားတစ်လုံးနဲ့ ၀ယ်လို့ရပါ့မလား။ မရဘူး။

သံသရာထဲမှာ ပတ္တမြားနဲ့ ၀ယ်လို့ရတဲ့ ပစ္စည်းဟာ အိမ်တို့ ကားတို့ပဲ ရှိကောင်းရှိလိမ့်မယ် ရုပ်၀တ္ထုပစ္စည်းတွေပဲ ရှိကောင်းရှိလိမ့်မယ်။ တကယ်တန်ဖိုးကြီးတဲ့ တရားထူးတရားမြတ်ကို ၀ယ်လို့မရဘူးလေ တန်ဖိုးချင်း တွက်ကြည့်လိုက်လို့ရှိယင် ၀ယ်လို့မရဘူး။

စကြာဝတေးမင်းစည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။ သကြားမင်းစည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။ နတ်မင်းတွေရဲ့ စည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။

သို့သော် ဥပုသ်သီလ တစ်ကြိမ်တစ်ခါစောင့်ထိန်းလိုက်ပြီဆိုရင် စကြာဝတေးမင်းစည်းစိမ်လည်း ဒီဥပုသ်သီလက ပေးနိုင်တယ်။ လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်ဆိုတဲ့ လောကမှာချမ်းသာမှုဆိုတာတွေ အားလုံးကို ဟောဒီဥပုသ်သီလက ပေးနိုင်တယ်။ နောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာထိ ဥပုသ်သီလကပေးတယ်။

ရတနာပစ္စည်းနဲ့၀ယ်လို့မရတဲ့အရာဟာ ဥပုသ်သီလနဲ့၀ယ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ရသွားတယ်။ ဒါကြောင့် တန်ဖိုးချင်းဟာ အလွန်ကွာခြားတယ်။ ဒါကြောင့် ဓမ္မရတနာဟာ အလွန်ကြီးမားပါတယ်လို့ ဒီလိုဆိုတာပေါ့နော်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
🙏48653👍15👏5
◾️မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်မှု စပါတော့မယ်။ ဒုသမ္မတ ၃ ဦးထဲမှာ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးကပဲ မဲဘယ်လောက်နဲ့ သမ္မအဖြစ်ရွေးချယ် ခွင့်ရသွားတယ်ဆိုတာကိုပဲ အဓိက မြင်ရမှာပါ။ တပ်မတော်သားကိုယ်စားလှယ်ဘက်ကနေ တင်သွင်းထားတဲ့ ဦးညိုစောကလည်း အနည်းဆုံး ထောက်ခံမဲ ၁၆၆ ယောက်ရှိလို့ ဒုသမ္မတ(၁) သေချာပေါက် ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ ဒီအကြောင်းအရာ တွေထက် စိတ်ဝင်စားဖို့ကောင်းတာ က အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေပြန်ပါမလဲဆိုတဲ့ ကိစ္စကိုသာ အဓိက ပိုပြီး စိတ်ဝင်စားမိပါတယ်။
--------
◾️ပါဆင်နယ်အရတော့…ငွေဆောင်လောက်ကို မြေပြင်မှာ မသွားဘူးတဲ့ ဝန်ကြီးက ပုသိမ်-ရန်ကုန်ကားလမ်း အခြေအနေကို သိနိုင်မှာမဟုတ်ပါဘူး။ မြို့တော်တစ်ခုမှာ ပြည်သူ့ရင်ပြင် အကြီးစားတွေ တည်ဆောက်ထားလည်း ပြည်သူတွေ အတွက် စိတ်အပန်းပြေစေတဲ့ အစီအမံတွေ မပါရင် အလကားပါပဲ။ မြို့ပြအင်္ဂါရပ် ဖွံ့ဖြိုးဖို့လိုသလို တိုင်းပြည်ဖွံ့ဖြိုးမှု ပြယုဒ်အတွက်လည်း စနစ်တကျ တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပဲ လက်ရှိ ဆီပြဿနာဖြစ်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်ဖို့ အောက်ခြေအထိ ဆင်းကြည့်တဲ့ ဝန်ကြီးတွေ နောက်တစ်ဆက်မှာ ပါလာမှပဲ အစိုးရဟာ အားကောင်းဖို့ ရှိပါမယ်။ အဓိက ဝန်ကြီးဌာန အချင်းချင်း ချိတ်ဆက်မှု အားကောင်းဖို့အရေးကြီးပါတယ်။
---------
◾️ မြန်မာ့နိုင်ငံရေး အနာဂတ်အပြောင်းအလဲမှာ အဓိက ပိုကျလာမှာက မူဝါဒ၊ စနစ်ရွေးချယ်မှုအပြင် မှန်ကန်တဲ့ လူရွေးချယ်မှုကလည်း အဓိက ကျနေပါလိမ့်မယ်။ သက်တမ်းရင့်တဲ့ ယာဉ်အို၊ယာဉ်ဟောင်းတွေအပ်နှံပြီး EV တင်သွင်းမယ့်အရေးမှာတောင် ကုလားဖန်ထိုးဖို့ တွေးနေကြသူတွေ မနည်းပါဘူး။ ဖြစ်စေချင်တာကတော့ အစိုးရအတွက် မူဝါဒလည်းအဆင်ပြေ၊ စီးပွားရေးသမားတွေအတွက်လည်း မနစ်နာရသလို ပြည်သူလည်း ဝမ်းသာရတဲ့ အခင်းအကျင်းမျိုးပဲဖြစ်စေချင်ပါတယ်။ ဒါက အစိုးရသစ်မှာ တကယ်ကို ပြုပြင်ပြောင်းလဲလိုတဲ့ ဆန္ဒရှိသူတွေ ပါဝင်မှု အားကောင်းဖို့လိုတာကို မီးမောင်းထိုးပြ နေတာပါ။
-------
◾️တိုင်းပြည်ကို တည်ဆောက်ကြမယ့်သူတွေထဲမှာ ရေရှည်အတွက်လည်း အကျိုးရှိအောင် တည်ဆောက်ကြမယ့်သူတွေပါဖို့ အရေးကြီးသလို ရေတိုမှာလည်း မြင်သာ၊ထင်သာရှိတဲ့ အရာတွေကို ပြုပြင်ပြောင်းလဲပေးနိုင်ဖို့အရေးကြီးပါတယ်။ ဆိုလိုတာက …နိုင်ငံရေးအရ နှမ်းဖြူးတတ်ဖို့လည်း လိုပါတယ်။ ဥပမာ-လစာအားဖြင့် တသိန်းကိုးသောင်းလောက်ပဲ ရနေတဲ့ မူပြတွေရဲ့ ပြဿနာ၊ အစိုးရဝန်ကြီးဌာနတွေမှာအကျင့်ပျက်ခြစားမှုတွေ ဘာကြောင့် ဖြစ်နေရသလဲဆိုတဲ့ ပြဿနာတွေကို တိတိကျကျ မြင်နိုင်ပြီး ဖြေရှင်းနိုင်စွမ်းရှိ သူတွေ ပါဖို့ အရေးကြီးပါတယ်။ အရည်အချင်းအပြင် လုပ်နိုင်စွမ်းအားကောင်းတဲ့ သူတွေ ကဏ္ဍအလိုက်ပါဝင်လာဖို့ အရေးကြီးတယ်လို့ပဲ မြင်ပါတယ်။

(နရီမိုး)
👍533107🥰9🥴6👏4🤝2👎1
တခါတလေ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စစ်ရေးပဲ ဖြစ်ဖြစ် ရှေ့ထွက်ပြောရတဲ့ သူတွေ လိုတယ်။

အဲ့လူတွေကလည်း သာမန်ထက် တက်တက်ကြွကြွ ပြောဝံ့၊ ဆိုဝံ့သူတွေ ဖြစ်ရမယ်။ ဖြစ်သင့်တယ်။ စကားလုံးတိုင်းမှာ တခါတလေ အမှန်တရားတွေ ဖြေရတာရှိသလို၊ တခါတလေ တောခြောက်၊ တောင်ခြောက် ပြောရတာလည်း ရှိမှာပဲ။ ဥပမာ -မေးခွန်းကို မေးခွန်းနဲ့ ပြန်သတ်ရသလို‌ တွေလည်း ရှိတာပဲ။ ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလိုလူတွေက Hard liner တွေ ဖြစ်ဖို့လိုတယ်။

ခုလည်း ရွေးကောက်ပွဲကာလကတည်းက ကြံ့ခိုင်ရေးပဲ နိုင်မှာပါ။ ဘာညာကွာစိဆိုပြီး လုပ်နေကြတယ်။ UEC က ကြေညာထားတာ ရှင်းရှင်းလေး။ ရွေးကောက်ပွဲ အနိုင်ရချင်ရင် ပါတီမှတ်ပုံပြန်တင်ပေါ့။ အပြင်မှာ နိုင်ငံရေးပင်စင် ထုတ်စားနေတဲ့ NLD CEC တွေ အများကြီး ကျန်နေသေးတာပဲ။ ဘယ်သူက ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်ရဲ လို့လဲ။ ဘယ်သူက ရွေးကောက်ပွဲဝင်ဖို့ အသံထွက်ရဲကြလို့လဲ။ ဒီတော့ မေးစရာ ရှိလာတာက NLD က ဒေါ်စု တယောက်တည်း ပိုင်တာလားပေါ့။ အတော်လေးတော့ ဂွကြတယ်။

နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်တယ်လို့ ပြောရအောင် ပါတီမှတ်ပုံတင်ဖို့ ရက်ပေါင်း ၆၀ လောက် ကြေညာထားတာ မဟုတ်ဘူးလား။ ခု ရွေးကောက်ပွဲကို ဝင်ပြိုင်ထားကြတဲ့ ၅၇ ပါတီက သောက်ပေါတွေမို့လို့လားပေါ့။ အနိမ့်ဆုံး ကိုကိုကြီး ပါတီတောင် တသန်းလောက် ထောက်ခံကြတာက အရှိတရားပဲ။ ဒီမိုကရေစီမှာ ငါ့ပါတီ မထောက်ခံတာနဲ့ အကုန်လုံးကို လိုက်ပက်ဆဲနေလို့တော့ ဘယ်ရမလဲ။

အပေါ်က စကားပြန်ဆက်ရရင် ...ကြံ့ခိုင်ရေးနိုင်မှာပါ။ ကြံ့ခိုင်ရေး အစိုးရ ဖွဲ့မှာပါနဲ့။ ထောက်ခံသူတွေထက်တောင် သူတို့က ပိုစိတ်ဝင်စားနေကြသလိုမျိုး။ နိုင်ငံရေး ဆိုတာ အပေးအယူနဲ့သွားကြတာလေ။ ကြည်ဖြူရင် ဘယ်သူ သမ္မတ လုပ်လုပ်၊ ဘာအရေးလဲ။ NLD ပါတီနဲ့ ညှိကြတာမှမဟုတ်။

ခုလည်း ဘုလက်ဦးလှဆွေကို ခင်ဗျားတို့ပါတီက သမ္မတ လုပ်နိုင်သူ မရှိဘူးလား ဆိုပြီး သွားညှောင့်တာ...ဟိုကလည်း ဒါမျိုး သိပ်မပြောတတ်မဆိုတတ်ဘူးဆိုတော့။

NLD ပါတီက မဟုတ်ရင် ပြီးရောတဲ့။

တပ်ချုပ်ကြီးကို သမ္မတ မဖြစ်သင့်ဘူး ၊ဘာညာ ပြောရအောင် ခေါင်းညိတ်၊ ခေါင်းခါ၊ တံခါးဖွင့်၊ အိတ်ဆွဲ လုပ်ခဲ့ရတဲ့ NLD သမ္မတ ၂ ယောက်က ဘာအရည်အချင်းများ ရှိခဲ့လို့လဲပဲ တခွန်းတည်း မေးရမှာပဲ။ စပ်တော့ မစပ်နဲ့။ တချို့အမှန်တရားတွေခါးတယ်။


(နရီမိုး)
👍691166🥴15🥰9😎7🙏2👎1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50032👍12👏4
သူတစ်ပါးက ကိုယ့်ကို မကောင်းပြောလာတဲ့အခါမှာ ကိုယ်က ပြန်ပြီး ဒေါသထွက်စရာမလိုဘူး။ '

သူပြောတာ ဟုတ်သလား' လို့ ကိုယ့်ကိုယ်ကိုယ် အရင်ဆင်ခြင်ပါ။

မဟုတ်ဘူးဆိုရင်တော့ အဲ့ဒီစကားတွေက ကိုယ့်ဆီမရောက်ဘဲ ပြောတဲ့သူဆီမှာပဲ ကျန်ခဲ့မှာပါ။

လေညာကို ပစ်လိုက်တဲ့ ဖုန်မှုန့်ဟာ ပစ်တဲ့သူဆီပဲ ပြန်ရောက်သလိုပဲ။

မကောင်းပြောတတ်သူတွေကို မေတ္တာနဲ့ပဲ တုံ့ပြန်ပါ။ ကိုယ့်ရဲ့ စိတ်ထားဖြူစင်မှုကိုပဲ ထိန်းသိမ်းပါ။

သူတစ်ပါးရဲ့ ပါးစပ်ကို ပိတ်လို့မရပေမဲ့ ကိုယ့်ရဲ့ စိတ်ကိုတော့ အေးချမ်းအောင် ထားနိုင်ရမယ်။

ဒါဟာ အဆင့်မြင့်တဲ့ သူတော်ကောင်းတို့ရဲ့ နည်းလမ်းပဲ ဖြစ်တယ်။"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏50855👍17🥰7
◾️မနေ့က သမ္မတ ရွေးချယ်မှုလည်း ပြီးသွားခဲ့ပြီ။ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေ ခဏထား။ သမ္မတ ဦးမင်းအောင်လှိုင် အနေနဲ့ မဲ အပြတ်အသတ်ရှိခဲ့တာလည်းကလည်း သမိုင်း တစ်ခုပါ။ အနီပါတီတွေ အနိုင်ရပြီး သမ္မတ ရွေးချယ်တုန်းကတောင် ဒီလောက် လူစိတ်ဝင်စားမှု မများခဲ့ဘူ။ မများဘူးဆိုတာကလည်း အကြောင်းရှိတယ်။ သမ္မတအထက် မှာ ကျမ နေမယ်ဆိုတဲ့စကားနဲ့တင် ဖြစ်လာမယ့် သမ္မတက ဘာကောင်မှမဟုတ်တော့ ဘူးဆိုတာ နိုင်ငံတကာကလည်း သိသွားခဲ့ကြတာကိုး။ ဒီတော့လည်း သမ္မတ ဦးထင်ကျော် ဖြစ်လာတယ်ပေါ့။ ဦးထင်ကျော်လည်း အဆောင်အယောင်အားဖြင့်သာ သမ္မတ ဆိုပေမယ့် သူလည်း လုပ်ပိုင်ခွင့်ရခဲ့တာမှမဟုတ်ဘဲ။ နီပေါတွေက တခြားသူကို အာဏာရှင်တွေ ပြောနေကြပေမယ့် တကယ့်တကယ်တမ်း အာဏာရှင်အစစ်က ဒေါ်စုကိုယ်တိုင်ပါ။ စစ်တပ်ရဲ့ ဦးပိုင်ကိစ္စကို ဘလာ၊ဘလာ လုပ်နေကြသူတွေက… ဒေါ်စုအမိန့်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့လစာရာခိုင်နှုန်းကို ဖြတ်ပြီး ပါတီရံပုံငွေ ထားတဲ့ကိစ္စကိုတော့ အရူးကွက်နင်းနေကြတာ အံ့အားသင့်စရာပါ။
-------
◾️သမ္မတ ဦးထင်ကျော်နဲ့ သူ့ဇနီးဆိုတာကလည်း နိုင်ငံရေးမှာ မျိုးနဲ့ရိုးနဲ့ ရှိကြသူတွေပါပဲ။ နောက်ဆုံး ရုပ်သေးရုပ်ဆိုတာထက် ဂုဏ်သိက္ခာကိုပဲ ရွေးသွားကြတဲ့အခါ ကျန်းမာရေး အကြောင်းပြပြီး သိမ်သိမ်မွေ့မွေ့ နားလိုက်ကြတာပဲ မဟုတ်ဘူးလားပေါ့။ နောက်တော့ လည်း လင်းတ လောက်တော့ ငှက်တိုင်းလှတယ်ဆိုတဲ့ ကာရာအိုကေ၊ ခြင်းသမ္မတကြီး ပေါ်လာခဲ့တာပဲလေ။ အရင်အတိုက်အခံဘဝတုန်းက ပိုင်ဆိုင်မှုတွေ ချပြသင့် ပါတယ် ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးက…သမ္မတ ဘဝလည်းရောက်ရော… ဒီအဆိုတွေလည်း မသိချင်ယောင်ဆောင်သွားခဲ့ကြတာပါပဲ။
--------
◾️ ဘယ်လိုပဲဖြစ်ဖြစ် အင်အားကြီးတဲ့ ရုရှား၊ တရုတ်၊ ဘီလာရုဇ်တို့က သမ္မတကို ထောက်ခံ ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါပြီ။ အာဆီယံတွေ ခဏနောက်ထား။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အရင်ရှင်းသင့်တာရှင်းပြီး စီးပွားရေးအားကောင်းအောင်ပဲ ကြိုးစားသွားသင့်တယ်လို့ မြင်ပါတယ်။ ကျန်တာတော့ မယုတ်မလွန်ပဲ ဆက်ဆံပေါ့။ NSPNC က တက်လာမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွေက ငြိမ်းချမ်းရေး အားကောင်းလာဖို့ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးမှာ လာတဲ့သူက အကျိုးအမြတ်ရမယ်ဆိုတဲ့ မက်ဆေချ့် ပေးဖို့လိုသလို မလာတဲ့သူလည်း တုတ်စာမိမယ်ဆိုတာမျိုးနဲ့ပဲ ချဉ်းကပ်သင့်ပါတယ်။ All Inclusive ဘာတွေက ခဏထားလိုက်ပါ။ သမိုင်းကြောင်းမတူကြတဲ့ လက်နက်ကိုင်တွေကို တပြေးညီ ဆက်ဆံနေစရာအကြောင်းလည်းမရှိပါဘူး။
---------
◾️ဆိုတော့…အစိုးရ ဖွဲ့စည်းမှုနဲ့ ရက် (၁၀၀)စီမံကိန်းတွေက ဘာတွေဖြစ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ကြရအောင်ပါ။

(နရီမိုး)
370👍299🥰14🥴4👎2🙏2👏1
◾️အစိုးရ ဖွဲ့စည်းမှုအပိုင်းနဲ့ ပတ်သက်ရင်…ဒီ (၅) နှစ်တာကာလမှာ လူကြီးအကြိုက် ဖောရှောမဟုတ်ဘဲ တကယ် Result ထွက်အောင် လုပ်နိုင်ခဲ့သူတွေ ပြန်ပါလာ ရင်…ဝမ်းသာစရာပါပဲ။ ဒါပေမယ့် မလုပ်မရှုပ်၊ မပြုတ် နေခဲ့သူတွေကိုတော့ ရိုးရိုးသားသား ပြောရရင်…ပြန်မပါစေချင်တော့ပါဘူး။ နားလိုက်တာကောင်းပါတယ်။
---------
◾️ ဒီကာလက ၂၀၁၀တုန်းကလိုမျိုးထက်စာရင် စိန်ခေါ်မှုတွေ ပိုပြီး များပါတယ်။ စီးပွားရေးမှာလည်း စိန်ခေါ်မှုတွေရှိသလို ငြိမ်းချမ်းရေးဘက်မှာ လည်း အရွေ့ဖြစ်အောင် တွန်းယူရမယ့်ကိစ္စတွေအများကြီးပါပဲ။ နောက်ဆုံး စစ်ရေးဘက်မှာတောင် ဆုံးရှုံးထားတဲ့ နယ်မြေတွေ အများကြီး ကျန်နေပါသေးတယ်။ လက်ရှိ လက်လွှတ်ထားတဲ့ မြို့နယ် (၆၀)လောက်ကို နောက် ၂ နှစ်ကြာမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုင်းအတာတစ်ရပ်အထိ ကျင်းပပေးနိုင်ဖို့ လုပ်ကြရဦးမှာ ပါ။ ဒီကြားထဲ စွမ်းအင်ပြဿနာကလည်း အစိုးရအတွက် သီးခြားစိန်ခေါ်မှုတစ်ခုပါ။
-------
◾️ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် Union Accord ဖြစ်ထားတဲ့ကိစ္စတွေကို အခြေခံဥပဒေ ပြင်ဆင်ပြီး တကယ်လက်တွေ့ခံစားနိုင်အောင် ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့ရင်…NCA က အသက်ပြန်ဝင်ပါလိမ့်မယ်။ UWSA အနေနဲ့ ပြည်နယ်လိုချင်တယ်လို့တောင်းပေမယ့် ၂၀၀၈ ခြေဥမှာပါတဲ့ပြည်နယ်ပြင်ဆင်ခွင့်ပုဒ်မတွေအတိုင်းက သီးခြားကန့်သတ်ချက်တွေအဖြစ် ရှိနေမှာပါ။ ဆိုတော့ လက်ရှိနယ်မြေအတိုင်း ပြည်နယ်အာဏာရဖို့ ကြိုးစားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီလိုပဲ အပြန်အလှန်အားဖြင့် လက်ရှိဖွဲ့စည်းထားတဲ့ တပ်ကို လုံးဝ DDR/SSR လုပ်ပေးတာမျိုး၊ ဒါမှမဟုတ် ပြည်နယ်/ဒေသရဲအဖြစ် ဗဟိုနဲ့ညှိ နှိုင်းထားတဲ့ အင်အားမျိုးနဲ့ပဲ ဆက်သွားသင့်ပါတယ်။ အဓိက ပြည်မထဲက ပြည်သူတွေရဲ့ အသံကို နားထောင်ကြည့်ရင် UWSA အနေနဲ့ ဘာဆက်လုပ်သင့်တယ်ဆိုတာ မြင်နိုင်မယ် ထင်တယ်။
----------
◾️အရေးကြီးတာကတော့ ခွေးတိုးပေါက်က ဝင်လာကြမယ့် နိုင်ငံရေးပေါချောင် ကောင်းသမားတွေ အားမကောင်းဖို့အရေးကြီးပါတယ်။ ဒီလို အားမကောင်းစေဖို့အတွက် နဲ့ အစိုးရအတွက်လည်း လုပ်သာကိုင်သာရှိအောင် လက်ရှိ နိုင်ငံရေးပါတီထဲက တစ်ချို့ကို ကော်မရှင်၊ ကော်မတီတွေထဲမှာ ထည့်သုံးပေးခြင်းနဲ့ အစိုးရနဲ့တပ်မတော်ကို ဝန်းရံထား စေသင့်တယ်လို့ပဲ မြင်ပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးအခန်းကဏ္ဍမှာ ဖယ်ကျဉ် ထားပြီး အတိုက်အခံဖြစ်နေတာထက်စာရင်…မိတ်ဆွေဖွဲ့ပြီး သွားကြတာက တည်ငြိမ်မှု ကို ပိုပြီး အကျိုးသက်ရောက်စေပါလိမ့်မယ်။

(နရီမိုး)
316👍279👏24👎2🥴2
နိုင်ငံတော်က သိပ် ဒီမိုကရေစီ ဆန်မရတော့တာ အရှိတရားပဲ။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်တွေ အသံထွက်လာရင် တွင်းခေါင်းထဲက ဖားတွေလို အလျိုလျို ထွက်လာကြတယ်။

ကိုယ့်သဘောအရတော့ ပူတင် သမ္မတအဖြစ်နဲ့ တာဝန်ယူခဲ့ချိန်....တိုင်းပြည်တည်ငြိမ်မှုရအောင် အရင် လုပ်တဲ့ စနစ်ပဲ ပိုသဘောကျတယ်။ ဗီယမ်နမ်လည်း တပါတီ စနစ်ပါပဲ။ အဓိက ပြည်သူတွေ ဗိုက်ဝ ချောင်လည်ရင် စနစ်က လက်ညိုးထိုးစရာ ကိစ္စမဟုတ်ဘူးလို့ မြင်မိတယ်။

အမေရိကန်ဆိုတာကလည်း ကိုယ်တွေအနေအထားနဲ့ တိုက်ရိုက် ဆက်ဆံပြီး အကျိုးရှိတဲ့ နိုင်ငံ မဟုတ်ပါဘူး။ အာဆီယံ ဒေသတွင်းနိုင်ငံတွေထဲမှာလည်း အားလုံးက အကျိုးစီးပွားကိုပဲ ဦးတည်ကြတာ တွေ့နိုင်တာပဲ။ လက်ရှိ ၅ နှစ်တာကာလမှာ စင်ကာပူဆိုလည်း ရင်းနှီးမြှုပ်နှံမှု အများဆုံးပဲ။ နိုင်ငံရေးမှာသာ ဘလာ၊ဘလာ လုပ်နေတာ အကျိုးစီးပွားအရတော့ ဆက်ဆံရတာပဲ။

ဆိုတော့ ချင်းနဲ့ နာဂကို တည်ငြိမ်အောင်လုပ်ပြီး အိန္ဒိယ အဝေးပြေးလမ်း ပွင့်အောင်လုပ်နိုင်ရင် အိန္ဒိယရဲ့ အရှေ့ ၇ ပြည်နယ် အကျိုးစီးပွားက ကိုယ်တွေ အတွက်ပဲ။ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ပေါက်ရင် မဲခေါင်-လျန်ချန်နိုင်ငံတွေကြားထဲထိ စီးပွားရေးလမ်းက ဖြူးမှာပဲ။ လက်ရှိ မြဝတီလမ်းကို လုံခြုံရေးအရ အကောင်းဆုံး ထိန်းထားနိုင်ရင် ထိုင်း-မြန်မာ အတွက်လည်း အဆင်ပြေဦးမှာပဲ။

တချို့ကိစ္စ ကြိတ်သင့်တာ ကြိတ်ပလိုက်တာ၊ ကောင်းတယ်။ အဓိက ပြည်တွင်း လက်နက်ကိုင်မရှိဘဲ နယ်စပ်လမ်းတွေ ပြန်ပွင့်ရင် ကုန်ဈေးနှုန်းတွေ အဆင်ပြေသွားလိမ့်မယ်။ နိုင်ငံရေးအရ ဈေးခေါ်ခွင့်ရအောင် စစ်ပွဲတွေက အဖြစ်ပြမှပဲ။ ဒါမှလည်း နိုင်ငံရေး စားပွဲဝိုင်းပေါ် တက်ခွင့်ရမှာကိုး။ ခု ဖားကန့်ကိစ္စက ဒီလို အကြောင်းတရားတွေရှိပါတယ်။ မြေပြင် ကွန်မန်ဒါတွေမှာ နိုင်ငံရေး ဦးနှောက်ပါ ရှိဖို့ ပိုအရေးကြီးပါတယ်။ ရန်သူကတော့ နိုင်ငံရေး ဖဲချပ်ပြစ်နိုင်ဖို့ တိုက်မှာပဲ။ ကိုယ်မခံရဖို့ပဲ အဓိက လိုတာပါ။


(နရီမိုး)
400👍341👏25🥴5👎1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50034👍10👏4
လောဘ၊ ဒေါသ၊ မောဟ အကြောင်းပြုပြီး ဖြစ်ပေါ်လာသမျှဟာ အကုသိုလ်အဆိုးတရားတွေချည်းပဲ။

လောဘကို အခြေခံပြီးတော့ တွေးတာ ကြံတာ ပြောတာဆိုတာ လုပ်ကိုင်တာ မှန်သမျှတွေဟာ အေးချမ်းမှုကို မစွမ်းဆောင်နိုင်ဘူး တဲ့။ ဒါတင်မကဘူး လောဘ၊ ဒေါသ၊ မောဟ လွှမ်းမိုးခြင်းခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့လုပ်ရပ်တွေဟာ ဒုက္ခဖြစ်ဖို့ပဲလို့... မြတ်စွာဘုရားကဒီလိုဟောတာနော်...။

ဒါတင်လားလို့ဆိုတော့ မဟုတ်သေးဘူး။

လောဘ၊ ဒေါသ၊ မောဟ အကြောင်းပြုပြီး ဖြစ်ပေါ်လာသမျှဟာ အကုသိုလ်တွေချည်းပဲ။ ကောင်းတာ အင်မတန်မှ ရှားတယ်။ အကုသိုလ်တွေဟာ စဉ်ဆက်မပြတ်တိုးပွားလာနိုင်တယ်။ အကုသိုလ်ဆိုတာ ဆိုးကျိုးပေးမယ့်တရားတွေ မိမိရဲ့ ရင်ထဲနှလုံးထဲမှာ ပွားလာတာကိုပြောတာနော်..။

လောကလူတွေက ငရဲကြီးမှာတော့ကြောက်တယ်။ အကုသိုလ်ဖြစ်မှာ မကြောက်ဘူး။ အဲဒါဟာ ပြောင်းပြန်ဖြစ်နေတယ်နော်။

ငရဲဟာ သူ့ဖာသာသူ လာမကြီးပါဘူး။ ရင်ထဲမှာ အကုသိုလ်တွေဖြစ်နေရင်တော့ ဒါငရဲကြီးတာပဲပေါ့ နော်။

ငရဲကြီးတာက အကျိုး...
အကုသိုလ်ဖြစ်တဲ့အကြောင်းကို ကြောက်ရမှာ။

ဒီလို တွေးကြရမှာပေါ့။


ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏43742👍21🥰1
◾️ နိုင်ငံတကာက နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးကို ရှုမြင်သုံးသပ်တဲ့နေရာမှာ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး သုံးသပ်ကြတာ များတယ်။ အရင်တုန်းက သတင်းတွေမှာတော့ တပ်က အာဏာသိမ်းတယ်၊ ဘာညာဆိုပြီး ဖော်ပြခဲ့ကြတယ်။ သိမ်းတယ်နဲ့ထိမ်းတယ်ဆိုတဲ့ စကားလုံးက ပြည်ပ/နိုင်ငံတကာမှာ ဥပဒေလမ်းကြောင်း အရ သိပ်ရှင်းပြရခက်တယ်။ နစကမှာ တစ်ခုခံသာသွားတာက အစိုးရဖွဲ့စည်းမှုအပိုင်းမှာ နိုင်ငံရေး ပါတီတွေထဲက ထိပ်ပိုင်းခေါင်းဆောင်တွေကို အစိုးရအဖွဲ့ထဲ ထည့်သွင်းဖွဲ့စည်း ခဲ့တာပဲ။ ဆိုတော့…အာဏာသိမ်းထားတယ်လို့ နိုင်ငံတကာက သိထားကြပေမယ့်… အရပ်သားတွေ အုပ်ချုပ်နေတာမျိုးပဲ မြင်ခဲ့ကြတယ်။
------
◾️ မနေ့က နိုင်ငံတကာသတင်းတစ်ခုမှာ တပ်မတော်က အာဏာပြန်အပ်ပြီး ရွေးကောက်ပွဲ ကျင်းပတယ်။ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာတဲ့ လွှတ်တော်မှာ အငြိမ်းစားယူလာမယ့် တပ်ခေါင်းဆောင်က သမ္မတအဖြစ် Voting ဘယ်လောက်အရ ရွေးချယ်ခံရတယ်ဆိုပြီး ဖော်ပြလာတယ်။ မင်းဖာသာ ပြည်တွင်းမှာ ဘလာ၊ ဘလာအော်နေနေ။ နိုင်ငံတကာအမြင် မှာတော့ ရွေးကောက်ပွဲလုပ်တယ်။ ရွေးကောက်ပွဲအရ အရပ်သားအစိုးရပေါ်လာတယ်။ ဒီတော့ မြန်မာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာတယ်။ ဒီလိုပဲ သုံးသပ်တယ်။
------
◾️ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတအဖြစ်ရွေးချယ်ခံရချိန်မှာ အိမ်နီးချင်း အင်အားကြီးတဲ့ တရုတ်က ချက်ခြင်း ထောက်ခံကြောင်းဆိုထားတယ်။ ကျန်တဲ့ မဟာမိတ် ရုရှား၊ ဘီလာရုဇ်တို့ကလည်း Welcome ပဲ။ ပြည်ပနိုင်ငံတွေတင်လားဆိုတော့မဟုတ် သေးဘူး။ ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ UWSA နဲ့ NDAA တို့လို အဖွဲ့တွေက သမ္မတ အပြင် တပ်ချုပ်အသစ်၊ဒုချုပ်အသစ်ထိပါ ကြိုဆိုထားတယ်။ ကြိုက်တာတွေ၊ မကြိုက်တာ တွေ လာမပြောနဲ့။ သတင်းအရကြည့်ရင်၊ ဒေတာအရသုံးသပ်ရင် …ဗိုလ်ချုပ်မှူးကြီး ဦးမင်းအောင်လှိုင်အပေါ် ပြည်တွင်းထောက်ခံမှု အင်အားက ဒီလိုရှိတယ်ဆိုတာကို ပြတယ် ။ ဆိုတော့…ဗိုလ်ချုပ်မှူးကြီးနဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေ၊ လက်နက်ကိုင် အဖွဲ့အချို့နဲ့ ပြည်ပနိုင်ငံတွေကြားမှာ Strategic Space တစ်ခုရှိနေတယ်ဆိုတာ ပြနေ တယ်။
----------
◾️နိုင်ငံရေးရှု့ထောင့်အရ သုံးသပ်မယ်ဆိုရင်လည်း အားလုံးက ပဋိပက္ခထက်စာရင် တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှုကို လိုလားတယ်။ ဒီတော့…ဒီ (၅)နှစ် အချိန်ကာလကို ဖြတ်သန်းဖူးတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ အေးအေးဆေးဆေးဆက်သွားချင်ကြတယ်။ နောက်လူလာရင် မူ တမျိုး ပြောင်းချင်ပြောင်းနေဦးမှာ။ ဆိုတော့…နိုင်ငံရေးလမ်းကြောင်းအရလည်း ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအပိုင်းမှာ လမ်းပွင့်နိုင်တဲ့ Point Node တွေရှိထားကြတယ်။
-----
◾️ ပါဆင်နယ်အရ သုံးသပ်တာပါ။ ခြေဥပြင်မယ့် တစ်ချို့အချက်တွေ လွှတ်တော်ကနေ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လိုက်နိုင်ရင် All Inclusive တွေခဏထားလိုက်ပါ၊ တင်းခံနေတဲ့ လက်နက်ကိုင်တွေ ပြိုဆင်းလာဖို့များပါတယ်။ ဒီတော့ ဦးဆောင်သူကိုတော့ ထောက်ခံသူတွေအများကြီး ရှိနေခဲ့ပါပြီ။ ဦးဆောင်သူကို ဝန်းရံကြမယ့်သူတွေထဲမှာ မလိမ်တမ်း၊ မညာတမ်း တကယ်အလုပ်လုပ်တဲ့သူတွေပါလာဖို့ပဲ လိုတော့တာပါ။

(နရီမိုး)
👍438117🥴6🥰5👏3👎1
◾️၂၀၀၈ ခြေဥရဲ့ ပုဒ်မ ၂၆၁ က သိပ်အရေးကြီးတယ်။ ဒါနဲ့ပတ်သက်ပြီး အရင် မိတ်ဆွေ တစ်ချို့နဲ့ဆွေးနွေးဖူးတယ်။
“မင်းကွာ ရခိုင်ကိုပဲ ဥပမာပေးမယ်။ သမက်က လက်နက်ကိုင်သူပုန်။ ယောက္ခထီးက လွှတ်တော်ဥက္ကဋ္ဌ ဖြစ်နေချိန်၊ ပုဒ်မ ၂၆၁ ကိုသာ ပြင်လိုက်ရင်…အဲ့ဒီပြည်နယ် ခွေး ဖြစ်ပြီလို့ ပြောလို့ရတယ်”
ဆိုတော့…ဒီလိုအမြင်တွေရှိခဲ့ကြတော့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ အစိုးရနှစ်ဆက် လက်ထက်မှာ ဖြစ်မလာခဲ့ဘူး။
◾️ လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကဏ္ဍမှာ ပုဒ်မ ၂၆၁ က အရေးကြီးတဲ့ပုဒ်မ တစ်ခု ဖြစ်လာခဲ့တယ်။ ပုဒ်မ ၂၆၁ မှာ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ရွေးချယ်ခန့်အပ်ရတာ ဖြစ်သလို ဒီပုဒ်မကို ပြင်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်ခန့်အပ်ခွင့်ပေးလိုက်ရင်…လုပ်ပိုင်ခွင့်တွေပိုများပြီး ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်နိုင်တယ်လို့ မြင်တဲ့ အမြင်တွေလည်းရှိတယ်။ ဆိုတော့… ဥပဒေ တစ်ခုက မကျင့်သုံးရသေးဘဲနဲ့တော့ ဆိုးခြင်း၊ ကောင်းခြင်း သုံးသပ်ဖို့ သိပ်ခက်တယ်။ အမေရိကန်မှာတောင် အမျိုးသမီးတွေ မဲပေးခွင့်ရတာက နှစ်ပေါင်းအတော်ကြာပြီး မှ ရလာတဲ့ အခွင့်အရေးပဲမဟုတ်ဘူးလား။
◾️ တကယ်တော့ ပြောချင်တာက ဒီအကြောင်းအရာတွေမဟုတ်ပါဘူး။ လက်ရှိ ကြားနေရတာ…မြဝတီ-ကော့ကရိတ်အာရှလမ်းဖွင့်တော့…ဘာအဖွဲ့အစည်း ၊ ညာအဖွဲ့ အစည်းဆိုသူတွေက ကရင်ဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးဆီမှာ ဂိတ်နေရာတွေ တောင်းတယ် ဆိုတဲ့ သတင်းလေး ဖတ်မိလိုက်လို့ပါ။
◾️အဖွဲ့အစည်းတစ်ခုထဲမှာတောင် ဒီလမ်းကြီး ပြန်ပွင့်ဖို့ တပ်မတော်ကိုကူခဲ့တဲ့ အဖွဲ့ တစ်ချို့ကသပ်သပ်ရှိသလို ဒုချုပ်ကြီးကိုယ်တိုင် ဆင်းရတဲ့အထိ ပူးသတ်အဖွဲ့တွေ၊ ကလန်ကဆန်လုပ်ခဲ့တဲ့၊ တနည်းအားဖြင့် ရေနစ်နေတုန်း ဝါးကူထိုးခဲ့ကြတဲ့ အဖွဲ့အစည်း တွေလည်း ရှိတာ မမေ့ကြဖို့ပါ။ ၂၀၂၃ မှာ ကော့ကရိတ်အတိုက်ခံရချိန်၊ တောင်ကြာအင်း ဖြစ်စဉ်တွေ၊ ဗောဓိကုန်းမှာ သစ္စာဖောက်လို့ ကိုယ့်စစ်သည်တွေ ကျဆုံးဖြစ်ခဲ့ရတာ တွေ မမေ့ဖို့ လိုပါတယ်။ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းက ဘယ်လိုလဲ ဆိုပြီး ခနဲ ခဲ့ကြတဲ့စကားသံတွေ မမေ့ကြဖို့ပါ။
-------
◾️ ချမ်းသာချင်ရင် တခြားလုပ်ငန်းကနေ စီးပွားရေးရှာတာကောင်းပါတယ်။ ငြိမ်းချမ်းရေးအကြောင်းပြပြီး တသက်လုံး without ကားတွေ တင်သွင်းခဲ့ကြတာလည်း တော်လောက်ပါပြီ။ ခုလည်း တပ်မတော်သားတွေအသက်သွေးချွေးတွေနဲ့ရယူထားတဲ့ အာရှလမ်းမကြီးပေါ်မှာ အခန့်သင့် ဂိတ်ထောင်စားဖို့အတွက်တော့ ခွင့်မပြုကြပါနဲ့။ ဒီအဖွဲ့အစည်းတွေအနေနဲ့ သိပ်ကို ပိုက်ဆံရှာချင်ရင်…လက်နက်ဖြုတ်သိမ်းပြီး ပြည်မထဲ မှာ ကုမ္ပဏီထောင်ခွင့်ပြုလိုက်တာ နားအအေးဆုံးဖြစ်မယ်ထင်ပါတယ်။
------
◾️ခြုံပြောရရင် လူတိုင်း၊ အဖွဲ့အစည်းတိုင်းကိုတော့ မဆိုလိုပါဘူး။ ဒါပေမယ့် ပုဒ်မ ၂၆၁ က အန္တရာယ်ကြီးတယ်ဆိုတာနဲ့ တစ်ချို့အဖွဲ့အစည်းတွေက ယုံဖို့ မထိုက်တန်ဘူးဆိုတာ ပြောလိုတာပါ။ လိုချင်ရင်တော့ Give and Take တစ်ခုခု ပြန်ပေးဖို့လိုပါတယ်။ တသက်လုံး ကရင်ပြည်နယ်၊ ကရင်လူထုကောင်းစားရေးဆိုပြီး လက်နက်ကိုင်လာကြတာက စီးပွားရှာဖို့ သပ်သပ်အတွက်လား မေးရမလိုပါပဲ။ ဆိုတော့ ၂၆၂ က အသွား နှစ်ဖက်ပါတဲ့ ဓား လို ဖြစ်နေတာတော့အမှန်ပဲ။

(နရီမိုး)
👍479138🥰8🥴3👎1
ဒီနိုင်ငံက ငဒူတွေများတယ်။ ငဒူဆိုတာထက် ပြစ်ချက်ရှာချင်တာ ပိုများတယ်လို့ ပြောလို့ရတယ်။

ခုလည်း မြင်နေရတာ....တပ်ချုပ်ကြီးကို သမ္မတအဖြစ်နဲ့ ရွေးကောက်ခံရတာကို ကြိုဆိုဂုဏ်ပြုကြတာ ၃ နိုင်ငံပဲ ရှိသေးတယ်တဲ့။ တခြား အာဆီယံနိုင်ငံတွေ မပါသေးဘူးတဲ့။ ထုံးစံအတိုင်း ဘလာ၊ ဘလာပေါ့။ ပြီးရင် ကုလ စာရင်းမှာလည်း ဝင်းမြင့်နာမည်ကျန်သေးတယ်ဆိုလားပဲ။

သိဖို့ လိုတာက မင်းတို့ သိပ်အမြင်ကပ်နေတဲ့ ပါပါး သမ္မတ ဦးမင်းအောင်လှိုင် က လွှတ်တော်မှာ ကျမ်းတောင်မကြိမ်သေးဘူး။ ကျိမ်းမကြိမ်သေးတဲ့ သမ္မတကို တရားဝင် သဝဏ်လွှာပေးပို့ပြီး ဂုဏ်ပြုတာက ဒီပလိုမက်တစ်မှာ လွန်တာထက်တောင် ပိုနေသေးတယ်။

နောက်သတင်း တခု တွေ့သေးတယ်။ တပ်ချုပ်ကြီးက ဗိုလ်ချုပ်မှူးကနေ လွှဲပြောင်းတယ် ပြောပြီး သမ္မတ ရွေးကောက်ခံ နေရာမှာ ဗိုလ်ချုပ်မှူးကြီး အဆင့်နဲ့ တွေ့လို့တဲ့။ ခြေဥထဲက သတ်မှတ်ချက်တွေ ထောက်ပြပြီး တကူးတက တင်ထားတာ တွေ့ရသေးတယ်။

ခြေဥ ပြဌာန်းချက်အရ သမ္မတအဖြစ် ရွေးကောက်ခံရရင် သက်ဆိုင်ရာ ဝန်ထမ်းဆိုလည်း အငြိမ်းစားယူပြီး ဖြစ်သည်ဟု သတ်မှတ်ရသည်လို့ပဲ ခြေဥမှာ ပြဌာန်းထားတာလေ။ သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းကျိမ်ရသေးတဲ့ အဆင့်လည်း မရောက်သေး။ သမ္မတအဖြစ် အမည်တင်သွင်းတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် တပ်ချုပ်နေရာ လွှဲပြောင်းထားခဲ့ပြီးပြီပဲ။ တပ်ချုပ်နေရာ မလွှဲပြောင်းဘဲ သမ္မတအမည်စာရင်း တင်သွင်းခဲ့တာလည်း မဟုတ်ဘူး။ ဘာတွေ နားရွက် ပတ်ကိုင်နေလည်းတော့ မပြောတတ်။

ဆိုတော့ ....တရားဝင် ကျမ်းကြိမ်တဲ့အထိ ခဏစောင့်ပါဦး။ အာဆီယံထဲက ဘယ်နိုင်ငံတွေ ပါဦးမလဲ ကြည့်တာပေါ့။ ပါလာရင်လည်း ထုံးစံအတိုင်း ဒီနိုင်ငံတွေပဲမလား ဆိုပြီး ထ လုပ်ဦးမှာပါ။ ဘယ်သူမှ ကြိုကြို၊ မကြိုကြို ။ ကိုယ့်နိုင်ငံထဲက သမ္မတကို ပြည်တွင်းနိုင်ငံရေးပါတီတွေ ကြိုဆို ထောက်ခံရင် ရပါပြီ။

ဘုလက်ဦးလှဆွေစကား ခဏငှားသုံးရရင် ....

NLD ပါတီ ကမဟုတ်ရင်ကို ပြီးရော မဟုတ်ဘူးလား။


(နရီမိုး)
👍710187👏26🥰6🥴5👎1
ထစ်ခနဲရှိရင် စိတ်တိုတယ်၊
စိတ်ဆိုးတယ်၊ အလိုမကျ ဖြစ်တယ်။
လူတွေကတော့ မဟုတ်မခံရင်
ထက်မြက်တယ်လို့တောင် ယူဆကြသေးတယ်။
တချို့က ဒီအတိုင်းငုံ့နေလို့ရှိရင်
လူနုံလို့တောင် ထင်ကြသေးတယ်။

ကောဓ ဆိုတာ ......
ထစ်ခနဲရှိ အလိုမကျ ဖြစ်ပြီး တစ်ဖက်သားကို
ရန်လုပ်လိုတဲ့ သဘောထား။
အမျက်ထွက်ခြင်းလက္ခဏာ ရှိတယ်။

အမျက်ဆိုတာ သစ်တုံးမှာရှိတဲ့ အမျက်နဲ့ တူတယ်။

အဲဒီအမျက်ဟာ ဓားနဲ့ခုတ်ဖို့လည်း ခက်တယ်၊
လွှနဲ့တိုက်ဖို့လည်း ခက်တယ်။ အဲဒါလိုပဲ
ဒေါသရှိတဲ့ ပုဂ္ဂိုလ်ဟာလည်း ဖြောင့်ဖြောင့်ဖြူးဖြူး
ချောချောပြေပြေဖြစ်ဖို့ အလွန်ခက်တယ်။

ဒေါသရှိနေတဲ့ လူတစ်ယောက် ပေါင်းရသင်းရ
အလွန်ခက်တယ်။ ပြောကြတယ်။
" လူပု စိတ်တို၊ လှေတို ပဲ့ခက် " တဲ့။
လူရှည်ကရော စိတ်မတိုဘူးလား၊ တိုတာပဲ။

အမှန်ကတော့ လူပု စိတ်တိုဆိုတာ
ပုမှ စိတ်တိုတာ မဟုတ်ဘူး။
လူထွားကြီးတွေ စိတ်တိုတာလည်းရှိတာပဲ။
လူပု စိတ်တိုတဲ့၊ လူက ပုရတဲ့အထဲမယ်
စိတ်ကလည်း တိုသေးတယ်။ လှေတို ပဲ့ခက်တဲ့။
လှေကလည်း ဝိုင်းချောနေတဲ့ လှေကို
လမ်းဖြောင့် အောင် ပဲ့ကိုင်ဖို့ ခက်တယ်လို့ ပြောတာ။

" လူပု စိတ်တို၊ လှေတို ပဲ့ခက် " တဲ့။
ဘယ်ဟာပဲဖြစ်ဖြစ် ဒေါသထွက်တတ်တဲ့
လူတစ်ယောက်ကို ပေါင်းရသင်းရ အလွန်ခက်တယ်။
ထစ်ခနဲရှိ သူက စိတ်တိုပြီ။
အကျိုး အကြောင်း မပြောရသေးဘူး
ဖြန်းခနဲ ရိုက်ကုန်ပြီ ဒီလိုတွေ ဆိုတာပေါ့။
အကျိုး အကြောင်း ရှင်းပြလို့ မရဘူး။
နားမထောင်ဘူး။

အဲဒါကြောင့်မို့လို့ စိတ်တိုတတ်ခြင်းလက္ခဏာ ရှိတယ်။
တစ်နည်း ကြမ်းတမ်းခြင်းလက္ခဏာ ရှိတယ်။
မြွေပွေးတွေ သွားမထိလိုက်နဲ့ " ရှူး "။
မြွေဟောက်ကို သွားမထိနဲ့ခေါင်းထောင်လာတယ်။

ရန်ငြိုးဖွဲ့ခြင်း ကိစ္စရှိတယ်၊ တေးမှတ်ထားတယ်။
" မင်းတော့ နေဦး၊ တစ်ကွေ့ကွေ့တော့ တွေ့မယ် "
ဒီလိုဟာမျိုးနဲ့ အတေးအမှတ်တွေ လုပ်ထားတတ်တယ်။
တေးမှတ်ခြင်း၊ စိတ်ထဲမှာ စွဲမှတ်ထားခြင်း ကိစ္စရှိတယ်။

ဖျက်ဆီးတတ်တဲ့ သဘာဝအနေနဲ့ ပေါ်လွင်တယ်။
သူ့ရဲ့သဘာဝက ဖျက်ဆီးတယ်။
သူများမဖျက်ဆီးရခင် ကိုယ့်ကိုကိုယ်ဖျက်ဆီးပြီး
ဖြစ်တယ်။

ဘာနဲ့ ဥပမာတူတုန်းဆိုရင် မစင်ကိုင်ပြီး
သူများပေါက်တဲ့ လူလိုပဲ။ အပေါက်ခံရတဲ့လူက
တိမ်းလိုက်ရင် မစင်လူးချင်မှ လူးမယ်၊
ပေါက်တဲ့လူရဲ့လက်တော့ မစင်လူးသွားတာ
သေချာတယ်။

မီးခဲကိုင်ပြီးတော့ ပေါက်ရင် အပေါက်ခံရတဲ့ လူက
တိမ်းလို့ ရတယ်။ ကိုင်သူတော့လောင်သွားပြီ။
ဒေါသသမားက အဲဒီအတိုင်းပဲ၊ ကိုယ်အရင် ခံရမယ်။

ဒီလို တရှူးရှူး တဒိုင်းဒိုင်းနဲ့ စိတ်တိုမှု
အရာရာ သည်းခံမှု မရှိတဲ့ သဘောတရားတစ်ခုဟာ
စိတ်ကို ဖျက်ဆီးတတ်ပြီး စိတ်ယုတ်မာကို
ဖြစ်စေတတ်တဲ့ တရားဖြစ်တယ်။
စိတ်တိုရင် စိတ်မတိုအောင် ကိုယ့်ဟာကိုယ်
ကြိုးစားဖို့ပဲ လိုတယ်။

#သည်းခံခြင်းခွင့်လွှတ်ခြင်းနဲ့ဖြေဖျောက်ရမယ် .။

* ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏55769👍32🥰3👏1
◾️ မနေ့က ထုတ်ပြန်လာတဲ့ သတ္တိဆိုင်ရာ စွမ်းရည်ဂုဏ်ထူးဆောင်ဘွဲ့ ရသူတွေကို နိုင်ငံတော်က အသိအမှတ်ပြန်ပြုတဲ့ လုပ်ဆောင်ချက်က အတော်လေး ထိရောက်မှုရှိ တယ်။ နိုင်ငံတော်၊ တပ်မတော်နဲ့ မိမိအဖွဲ့အစည်းအတွက် အသက်စွန့်လွှတ်ပြီး တာဝန် ထမ်းရွက်ခဲ့ကြသူတွေကို သူတို့တွေရဲ့ မိသားစုတွေအပါ မြန်မာ့မီးရထား အထက်တန်းမှာ အခမဲ့ စီးနင်းခွင့်နဲ့ မီးရထား မရောက်တဲ့ဒေသမှာ လေကြောင်းကနေ အသွားအပြန် တစ်နှစ်ကို နှစ်ကြိမ်ဆိုတဲ့ အခွင့်အရေးမျိုး နိုင်ငံတော်က ချီးမြှင့်မြှောက်စားလာခဲ့တာက အတော်လေး ကျေနပ်ပီတိ ဖြစ်စရာပဲ။
-------
◾️ တကယ်တော့ မီးရထားစီးနင်းခွင့်ဆိုတာမျိုးက ငွေကြေးအားဖြင့် သိပ်တော့ မရှိလှဘူး။ ဒါပေမယ့် ဂုဏ်သိက္ခာပိုင်းအရတော့ အတော်လေး တာသွားတယ်။ ကိုယ်တိုင် အသက်စွန့်ပြီး တာဝန်ထမ်းရွက်တဲ့သူကို ချီးမြှင့်မြှောက်စားတဲ့အပြင် မိသားစုကိုပါ ခံစား ခွင့်ပေးထားတာက …ရေရှည်အားဖြင့် အမြော်အမြင်ရှိတဲ့ လုပ်ရပ်လို့ ဆိုရမယ်။
-------
◾️ ခုလက်ရှိလည်း ပြည်သူ့စစ်မှုထမ်းအပတ်စဉ်တွေ နှုတ်ထွက်ခွင့်ပေးလိုက်တဲ့ ကိစ္စတွေ ရှိတယ်။ အချိန်တဖြည်းဖြည်း ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ စစ်မှုထမ်း မိသားစု အင်အားထု တစ်ရပ် အနာဂတ်မှာ ပေါ်ထွက်လာတော့မယ်။ တပ်မတော်မှာ တာဝန်ထမ်း ဆောင်ခဲ့ဖူးတာဖြစ်လို့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို အထူးတလည် ရှင်းပြနေ စရာလည်း မလိုလောက်တော့ဘူး ထင်တယ်။
------
◾️ ဆိုတော့…အနာဂတ်မှာ ပေါ်ထွက်လာတဲ့ အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတော် ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်း/မိသားစုတွေကို အခမဲ့(ဒါမှမဟုတ်) သက်သာတဲ့ နှုန်ထားမျိုးနဲ့ ထောက်ပံ့ပေးနိုင်ရင်…အတိုင်းထက်အလွန် ဖြစ်သွားလိမ့်မယ် လို့ ယူဆမိတယ်။

(နရီမိုး)
👍522127👏73🥰8🥴4🙏2👎1🔥1
လက်ရှိ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ အမည်စာရင်း အသီးသီး ထွက်လာခဲ့တယ်။ တစ်ချို့လည်း ပြန်ပါလာသလို တစ်ချို့လည်း ပြန်ပါမလာခဲ့တော့ဘူး။ တချို့ကတော့ ပိုကောင်းလိမ့်မယ်လို့ ယုံကြည်ပြီး လူစားလဲခဲ့တာလည်း တွေ့ရတယ်။

ဥပမာ ရန်ကုန်နဲ့ စစ်ကိုင်းဆိုရင် ...ရဲဘက်က တာဝန်ကြီးကြီး ထမ်းဆောင်ခဲ့ဖူးသူတွေ ဖြစ်လာတယ်။ တကယ်တော့ စီးပွားရေးမြို့တော်နဲ့ စစ်ကိုင်းလို လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ ဒေသတွေမှာ ဒေသအကြောင်း နှောကျေနေတဲ့၊ ထိန်းချုပ်နိုင်မယ့်သူတွေ ဖြစ်ဖို့ အရေးကြီးတယ်။

အရေးကြီးတာကတော့ ဒီ ၅ နှစ်အတွင်းမှာ ဘယ်သူက ဘာလဲ ဆိုတဲ့ အခင်းအကျင်းကို အကြီးအကဲအနေနဲ့ မသိစရာ အကြောင်းမှ မရှိဘဲ။ လူသစ်အပါအဝင် လူဟောင်း တချို့ချန်ထားတာက တည်ငြိမ်မှုအပြင် တချို့နေရာတွေမှာ လုပ်သင့် လုပ်ထိုက်လို့ လုပ်တယ်လို့ပဲ မြင်မိတယ်။

ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးကို သူတင်ချင်တဲ့သူ၊ သူခန့်ချင်တယ်သူပဲ ရွေးလို့ အာဏာရှင်ဆန်တယ်ဆိုတဲ့ သတင်းလည်း ဖတ်လိုက်ရသေးတယ်။ သမ္မတ ဆိုတာက ဒီ ၅ နှစ်မှာ သူခေါင်းခံရမယ့် အဖွဲ့အစည်းကို သူအားကိုးလို့ရနိုင်မယ်လို့ ယုံကြည်ရသူတွေပဲ ထည့်မှာပေါ့။ ဒါကအရင်အစိုးရအဆက်ဆက်တိုင်းလည်း ဒီလိုပဲ ရွေးချယ်ခဲ့ကြတာပဲ။

ဒါနဲ့ NLD လက်ထက်မှာ ဖြစ်လာခဲ့တဲ့ ဝန်ကြီးတွေကရော ဒေါ်စု သဘော၊ ပါတီမှတ်ချက်နဲ့ ဖြစ်လာခဲ့တာ မဟုတ်ဘူးလား။ ဘယ်သူက ကျွန်တော်အရည်အချင်းအရ ဝန်ကြီး ဖြစ်သင့်ပါတယ်လို့ တောင်းဆိုပြီး ဖြစ်လာတာ ရှိလို့လဲ။ သူတို့ ထောက်ခံတဲ့ ပါတီက အနိုင်ရထားတာလည်း မဟုတ်။ ဒါတောင် ဒီလူတွေခန့်တာ မဖြစ်သင့်ဘူးဆိုတာက ပါလိုက်သေးတယ်။ မြန်မာပြည်က နီပေါတွေနဲ့လည်း ခက်တော့ခက်တယ်။


(နရီမိုး)
👍598108🥰14🥴9👏3👎1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50644👍12👏4🥰2