နရီမိုး
37.2K subscribers
2.73K photos
108 videos
53 links
Download Telegram
၈၈ ကျောင်းသား ဆိုသူတွေထဲမှာ အပဲ့ဆုံးလောက် ရှိမယ်။

နိုင်ငံရေးတော့ ခေါင်းစဉ်တပ်ထားတယ်။ ပါတီနိုင်ငံရေးလားဆိုတော့ မဟုတ်ပြန်ဘူး။ 😇

လူသုံးယောက်ပေါင်းပြီး အဖွဲ့တစ်ဖွဲ့ထောင်တာက A4 စာရွက်ရှိရင်တော့ လုပ်လို့ရတဲ့ ခေတ်ကြီးမှာ....ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးဆိုတဲ့ အာဂျင်တာကြီးတောင် နောက်ကွယ်က Backup အော်ခိုင်းမှ ထအော်တာက နိုင်ငံရေး သမားလို့ ပြောရမှာတောင် ရှက်ဖို့ ကောင်းတယ်။

အနည်းဆုံး....ကိုကိုကြီး လောက်တောင် ဒူပေ၊ ဒဏ်ပေခံဖို့ ဇ မရှိဘဲ နိုင်ငံရေးကို ခွေးတိုးပေါက်က ဝင်လာချင်သေးတယ်။ တကယ့် လူမိုက်ပဲ။


(နရီမိုး)
👍66685👏40🥴14🤔4🤬3🥰2
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50441👍11👏1
မတော်တဆ ဒီဘ၀အဆုံးသတ်သွားရင်အားကိုးရမယ့်အရာ
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

ဘယ်လောက်ပဲ ပစ္စည်းဥစ္စာတွေက
စုဆောင်း စုဆောင်း
လောကီစီးပွားရေးဆိုတာ
ကိန်းသေတွက်မရတဲ့ စုဆောင်းမှုပဲ။

သံသရာမှာ စုဆောင်းတယ်ဆိုတာ
ဘယ်တွေမှာ မြှုပ်နှံတယ်ဆိုတာ
မိအိုဖအိုကို ကျွေးတယ်၊
စေတီပုထိုးတွေကို လှူဒါန်းတယ်။
သံဃာတွေကို လှူဒါန်းတယ်။
ကိုယ့်ဆွေမျိုးတွေထဲက သက်ကြီးရွယ်အိုတွေကို
ပေးတယ် ကျွေးမွေးတယ်၊ ဒါနကောင်းမှုပေါ့။
ဒါ သံသရာမှာ ရင်းနှီးမြုပ်နှံမှု။

သံသရာမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ
ငွေကြေးနဲ့တင် ရင်းနှီးမြှုပ်နှံရတာ မဟုတ်ဘူး။
သီလဆောက်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံမယ်၊
ကမ္မဋ္ဌာန်းဘာဝနာပွားများပြီးတော့လည်း
ရင်းနှီးမြှုပ်နှံမှုတွေ ပြုရတယ်။

ခုနက
သရဏဂုံဆောက်တည်လိုက်တာလည်း
စိတ်ထဲမှာ မှတ်ထားဖို့ရာ၊
သရဏဂုံကို မြတ်မြတ်နိုးနိုး
ဆောက်တည်လိုက်တာဟာ
တို့ဟာ ရင်းနှီးမြှုပ်နှံလိုက်တဲ့
ကုသိုလ်တစ်ခုပဲလို့
စိတ်ထဲမှာ အားကိုးစရာဖြစ်တယ်၊
မတော်တဆ ဒီဘ၀ အဆုံးသတ်သွားရင်
အားကိုးရမယ့် အရာတစ်ခု။

ကိုယ်မှာ ငွေကြေးဓန အသုံးလိုတဲ့အခါ
ကိုယ်မြှုပ်ထားတာလေး ဖော်ပြီး သုံးရသလိုပဲ
သရဏဂုံဆောက်တည်လိုက်တယ်၊
ငါးပါးသီလ ခံယူလိုက်တယ်ဆိုတဲ့
ဒီကုသိုလ်လေးဟာလည်း
ဒီဘဝ မျက်စိမှိတ်သွားလို့
နောက်ဘဝသွားရမယ့်အချိန်လေးမှာ
ကိုယ်နဲ့အတူ ကိုယ့်ကို အကူအညီရမယ့်
ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့အရာလေး ဖြစ်တယ်။

သေတော့မှ အခေါင်းထဲ
ကူးတို့ထည့်တာကတော့ မရဘူး၊
အဲဒါသေချာတယ်။
သေမှ ပေးလို့က မရတော့ဘူး။
လူတွေ တစ်ဘဝ အဆုံးသတ်တယ် ဆိုတာရယ်၊
နောက်ဘဝ ဆိုတာရယ် ကပ်နေတာ၊
အချိန်ဆိုင်းနေတာ မဟုတ်ဘူး။
ဒီဘဝက သေလိုက်တာနဲ့ တပြိုင်နက်
နောက်ဘဝ ရောက်သွားပြီးသား ဖြစ်တယ်။ဘဝတစ်ခုခုကို ရောက်သွားပြီ။
နောက်မှ ပေးရင် နောက်ကျသွားပြီ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏
🙏50953👍22👏1
◾️ မတ်လ ဒုတိယအပတ်မှာ တပ်က တကောင်းကိုရခဲ့တယ်။ မတ်လ နောက်ဆုံးပတ်မှာ ထီးချိုင့်ကို ထိန်းနိုင်သွားတယ်။ တကယ်တော့ ထီးချိုင့်နဲ့ကသာဟာ ဧရာဝတီမြစ်ကြောင်း ပေါ်က အရေးကြီးတဲ့ Note တွေပဲ။ နည်းနည်း war game ဆန်ဆန် သုံးသပ်ကြည့်ရင် ကသာက ဘာကြောင့် အရေးကြီးလဲဆိုတာ တွေ့ရလိမ့်မယ်။
----------
◾️ တကယ်တော့ ဂွမ်မော်က ဗန်းမော်စစ်ဆင်ရေးမှာ အသားစီးရအောင်လို့ ဗမာငနုံ pdf တွေနဲ့ ကသာ၊ကောလင်း၊ ကန့်ဘလူကို ခံစစ်စည်းပြင်ထားခဲ့တာ။ ဒါမှ တပ်ဟာ မြစ်ကြောင်း ကနေလည်း ဗန်းမော်ကို စစ်ကူပို့မရတာမျိုးဖြစ်သလို စစ်ရေးအရ ကသာနဲ့ ဗန်းမောက်စစ်ဆင်ရေးတွေမှာလည်း အကျိုးအမြတ်ရလိမ့်မယ်လို့ သူတို့တွက်ခဲ့ကြတာ။ တစ်ဖက်မှာ ကောလင်း-ကန့်ဘလူဆိုတဲ့ Join sector နယ်မြေကလည်း အညာမြေကို လက်နက်ခဲယမ်းရောက်ဖို့ အပွင့်ကြီး ဖြစ်နေခဲ့တယ်။ စစ်ရေးအမြင်အရကြည့်ရင် ကသာ က Chokepoint ပဲ။ ရေကြောင်း၊ ကုန်လမ်းနဲ့ စစ်ဆင်ရေးအရလည်း Buffer Zone ခံနိုင်တယ်။ ကသာနဲ့ ထီးချိုင့်ကို စီးနိုင်ရင် ဗန်းမော်က အချိန်ကြာလေလေ ကျနိုင်လေ ဆိုတဲ့ပုံစံမျိုး၊ သူတို့ဒီလိုယူဆခဲ့ကြတာ။
------
◾️ စစ်ဆင်ရေး war game အရဆိုင်ရင် တပ်က သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ ဆိုတဲ့ မြစ်ကြောင်း Supply Line ကို ရသွားပြီလို့ ပြောလို့ရတယ်။ နွေတော့ ခဏသည်းခံဦး ပေါ့။ မိုးရာသီမြစ်ရေတက်ချိန်မှာ ထောင်ချီတဲ့စစ်အင်အားတွေ တက်လာလိမ့်မယ်။ ဒါမှလည်း ဗန်းမော်အပြင် မြစ်ကြီးနားအတွက် အရေးပါတဲ့ ဆင်ဘိုနဲ့ တာလောကြီး ဒေသ တွေကို ပြန်ပြီးထိန်းချုပ်နိုင်သွားမှာ။ ဒုတိယအချက်က ထီးချိုင့်-အင်းတော်-ကသာ ကုန်းတွင်းလမ်းကို ချိတ်နိုင်ရင် ကောလင်း-ကန့်ဘလူ Log ကို ထိန်းနိုင်ပြီလို့ ပြောလို့ ရသွားပြီ။ စစ်ကိုင်းနဲ့ ကချင်ကြားမှာ လက်နက်ခဲယမ်းကအစ မှောင်ခိုချနေတဲ့ ကုန်းတွင်းစင်္ကြံလမ်းကို တပ်မတော်အနေနဲ့ ပိတ်ဆို့နိုင်သွားလိမ့်မယ်။
------------
◾️ war game အရ ရန်သူဟာ နှောင့်ယှက်ရုံအဆင့်ထက် ပိုမလာနိုင်တော့ဘူး။ ဗန်းမော် ကို ဖိဖိစီးစီးအသာစီးရသွားရင် KIA လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပြိုဆင်းသွားလိမ့်မယ်။ အသက်တွေထောင်ချီပေးဆပ်ပြီးတိုက်ခဲ့တာတောင် ဗန်းမော်ကို ရမသွားဘူးဆိုတဲ့ အတွေး က KIA အတွက်သေရာပါမယ့် ကိစ္စကြီး။ တွင်းငယ်-မိုးမိတ်တကြောလည်း ပွင့်ထားတယ်။ မိုးမိတ်တပ်မ အနေနဲ့ မဘိမ်းကနေ မံစီ-ဗန်းမောက်ဘက်ကို သွားနိုင်ခဲ့ရင်…စစ်ကိုင်းတိုင်း ကလုံသွားပြီလို့ ပြောလို့ရတယ်။ ရန်သူ Logestic အတွက် အဓိကကျတဲ့ ဗန်းမောက်-အင်းတော်နဲ့ ကသာနေရာတွေမှာ နယ်မြေစိုးမိုးရေးဖိဖိစီးစီးလုပ်နိုင်ခဲ့ရင် ဧရာဝတီ မြစ်ရဲ့အနောက်ဘက်ခြမ်းဒေသတွေကို မိုးမကျခင် ခပ်မြန်မြန်ရှင်းဖို့ လွယ်သွားလိမ့်မယ်။
----------
◾️ ဂွမ်မော် KIA အနေနဲ့ စစ်ပွဲရဲ့အနေအထားကို သိသွားလို့လည်း နိုင်ငံရေးအရ အသံထွက်နိုင်ဖို့ SCEF ဆိုပြီး ဖွဲ့စည်းလာတာ။ ဘာမှနားမလည်တဲ့ နီပေါတွေကသာ တပ်ပေါင်းစုဆိုပြီး မျှော်လင့်ချက်တွေ ထားနေကြတာ။ တကယ်တော့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ ကျောခြင်းကပ်ထားကြတာ။ လေလှိုင်းပေါ်က အခွံပဲ ရှိတော့တဲ့ CRPH ၊ မြေပြင်ပူးပေါင်းတပ်မရှိတဲ့ NUG နဲ့ ကယားပြည်မှာ ဆက်တိုက်စစ်ရှုံးနေတဲ့ KNPP ၊ (CNF ကတော့ ဘာအဆင့်မှကို မရှိလို့ စကားထဲထည့်မပြောတော့ဘူး)။ ဒီအနေအထားမှာ တပ် ကို ဘာပြန်လုပ်နိုင်မယ်လို့ ထင်နေကြသေးသတုန်း။ UWSA တောင် တပ်ချုပ်အသစ်ကို Congratulation လုပ်ထားပြီးပြီလေ။

(နရီမိုး)
👍471169👏13😎4👎1
◾️လူ့စိတ်သဘောသဘာဝအရတော့...ရုံးတစ်ရုံးမှာ လူကြီး တစ်ယောက်ပြောင်းရင်... ဘာအမူအကျင့်ရှိလဲဆိုတာ ကြိုပြီးခန့်မှန်းကြ။ အထာမသိခင်မှာတော့ အပိုးကျိုးတတ်ကြ ရတာထုံးစံပဲ။ Policy မသိခင်မှာ မငြိအောင် နေတတ်ကြရတာ သဘောဝပဲ။ ခုလည်း တပ်ချုပ်ကြီး အသစ်က ဘာလုပ်မလဲ ဆိုတာ ခန့်မှန်းနေကြရပြီ။
------
◾️ဒီလိုအခြေအနေမှာ အရိပ်အကဲ နားလည်တာက UWSA လို့ပြောလို့ရတယ်။ ဒီလိုပြောလို့ UWSA ကို ကိုယ်တွေစိတ်ထဲ မရှိနေတာတော့မဟုတ်ဘူး။ တန့်ယန်းကနေ လားရှိုးကို စစ်ကူပို့တော့ ဖြစ်ပျက်ခဲ့တဲ့အရာတွေအပေါ်မှာ သူတို့ တာဝန်ယူဖို့ သမိုင်းကြွေး ကျန်နေ သေးတယ်။ အစိုးရအဆက်ဆက်တိုင်းမှာ ခွဲမထွက်ပါဘူးဆိုတဲ့စကားလုံးနဲ့ ပျားရည်နဲ့ ဝမ်းချပြီး လွတ်မြောက်နယ်မြေ ဖြစ်နေခဲ့တာလည်း ကြာခဲ့ပြီ။ ဒီအနေအထားမှာ နောက်ခံသမိုင်းကြောင်းအရ မတူညီတဲ့ EAO တစ်ချို့ကတောင် ဒီ Model ကို လိုက်ပြီး ကွန်ဖက်ထရိတ်တွေ လုပ်လာခဲ့ကြတာ မြင်နိုင်တာပဲ။ သူတို့မသိတာက UWSA လိုတုဖို့က Geopolitics အရကွဲပြားမှုရှိရတယ်။ ဒီအချက်တွေမပိုင်ခဲ့လို့ ပလောင် TNLA အနေနဲ့ ကိုးကန့်အဆင့်မှာတောင်ပြေးနေရတာတွေ့နိုင်တာပဲ။
------
◾️တိုင်းပြည်ရဲ့ "နားမျက်စိ" ဖြစ်ခဲ့သူက တပ်ချုပ်ရာထူး ရသွားတာတော့... မျက်ခုံးလှုပ် စရာလို့ပဲမြင်တယ်။ ကိုယ်တွေမမြင်နိုင်၊ မသိနိုင်တဲ့ Deep အခြေအနေတွေကိုပါ သိထားတာမျိုးက အနာဂတ်မှာ အဖွဲ့အစည်းအတွက် အကောင်းပဲ ရှိလာနိုင်မှာပါ။ တစ်ခုရှိတာက တစ်ဖက်က နိုင်ငံရေးအရ သွားမယ့် အစိုးရကိုလည်း Support လုပ်ရဦးမယ့် အချက်လည်း ရှိနေသေးတယ်။ ဒီနေရာမှာ EAO အစစ်နဲ့ EAO အတု ခွဲပြီး အစိုးရနဲ့တပ်မတော် တိုင်တိုင်ပင်ပင်နဲ့ ဗျင်းနိုင်ဖို့ ပိုအရေးကြီးတာပါ။ သဘောက Negotiate လုပ်မလား၊ စစ်တိုက်မလားဆိုတာမျိုး ခွဲရမယ်ထင်တယ်။
--------
◾️ငြိမ်းချမ်းရေးအရ အစိုးရဘက်က ကမ်းလှမ်းသင့်တာတွေ တစ်ဖက်မှာလုပ်။ မူးယစ် ဆေးဝါးပတ်သတ်သူတွေနဲ့ ငြိမ်းချမ်းရေးနောက် မလိုက်သူတွေကို ခပ်ဆက်ဆက်လည်း ဗျင်း ‌‌ေစချင်တာပါ။ အဓိက တပ်မတော်နောက်မှာ လွှတ်တော် သဘောတူညီချက်ရှိနေဖို့ အဓိကပါပဲ။ တစ်ဖက်မှာ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ထား၊ တစ်ဖက်မှာလည်း ၂၀၀၈ နဲ့ ဒို့တာဝန် အရေး(၃)ပါးကို ကာကွယ်ရမယ့် မူဝါဒတွေနဲ့ ပြတ်ပြတ်သားသားချဉ်းကပ်ရမှာပဲ။ ငြိမ်းချမ်းရေးရဖို့ဆိုတာ စစ်ရေးအရ ဩဇာမရှိရင်…အရွေ့မရှိနိုင်ဘူးဆိုတာ ဒီ(၅)နှစ်အတွင်းမှာ မြင်သာခဲ့ပြီးပြီပဲ။ တိုင်းပြည်နာပါတယ်။ မရှိသင့်တဲ့ EAO တွေကို ဗျင်းမှာပဲ စောင့်ကြည့်ချင်တော့တယ်။

(နရီမိုး)
👍610113👏21🥰2🥴1
အဓိက လူတွေ စောင့်ကြည့်မှာက Results ပါ။ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ဘယ်လို လုပ်မလဲဆိုတဲ့ အတွေးက ပြည်ထောင်စုကို ချစ်တဲ့သူတိုင်း မေးချင်နေတဲ့ မေးခွန်းပဲ ဖြစ်နေမှာပါ။ သာမန်ပြည်သူတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံ၊ တပ်မတော်နဲ့ EAO ကြားက Deep State အခြေအနေတွေ သူတို့ နားမလည်ပါဘူး။

ဆိုလိုတာက အရင်ကာလတောက်လျှောက် ဆန်ရှင်မိထား၊ နယ်စပ်ကုန်သွယ်ရေးတွေ အကုန်ပိတ်၊ ဘယ်ကမှ နိုင်ငံခြားငွေ မရတော့တဲ့အခြေအနေမှာ ဘေးနိုင်ငံက ကူညီပေးတာတွေအတွက်လည်း ကျေးဇူးတရားအားဖြင့် မမေ့ပါဘူး။

သို့သော်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပွင့်ရုံသပ်သပ်နဲ့ နဂိုကတည်းက အစိုးရထိန်းချုပ်မှုအောက်ရှိနေခဲ့တဲ့ ပြည်ထောင်စုလမ်း/နယ်‌မြေကို EAO တဝက်၊ ဗဟိုအစိုးရ တဝက် စီမံခွင့်နဲ့ ယူကြပါ့လား ဆိုတဲ့ ညှိယူပေးတာမျိုးတော့ လက်သင့်ခံစရာ မရှိဘူးလို့ပဲ ပြောရမှာပဲ။ ကိုးကန့်ဟာ ၂၀၀၈ ခြေဥအရ လောက်ကိုင်နဲ့ ကုန်ကြမ်းအထိ ပြန်ဖို့ လိုပါတယ်။

တဖက်မှာ ရခိုင်ကလည်း ထိုနည်းတူစွာပါပဲ။ သံတွဲ၊ ငပလီ၊ တောင်ကုတ်နဲ့ အမ်းလောက်ကို တနှစ်အတွင်းလောက် ပြန်ရရင်ကို မဆိုးသေးဘူး။ အဓိက တောင်ပိုင်း ထိန်းနိုင်ရင် AA နဲ့ တပ်မတော်ကြား ရှမ်းမြောက်လို အပစ်အခတ်ကြားဝင် စေ့စပ်စရာ မလိုတော့ဘူး။ နိုင်ငံရေးအရ ညှိစရာရှိရင် တရားဝင်နိုင်ငံရေးပါတီထောင်တဲ့ သူတွေနဲ့ပဲ စကားပြောမှာပေါ့။ ရခိုင်မှာ ၂ ဖွဲ့တောင် ရှိနေတာ ။ အချင်းချင်း ညှိကြပါစေပေါ့။

ဘာပဲ‌ပြောပြော ရခိုင်မှာလည်း ထိုးစစ်တွေမြင်ရတာ ဝမ်းသာစရာပဲ။


(နရီမိုး)
👍696119🥰11👏11🥴2
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏48630👍11👏3
#မိတ်ဆွေကောင်းကို_ပေါင်းသင်းရမယ်”
မိတ်ဆွေစစ်ဆိုတာမျိုးဟာ
အင်မတန်မှ အရေးကြီးတာ ... ။ ဒါမျိုးက မိတ်ကောင်းဆွေကောင်း ၊ အားလုံးသိကြလိမ့်မယ်။ ကြားဖူးတယ်။ ဘုရားလောင်း တောထွက်လာတဲ့အခါ ကြာသင်္ကန်းလာပြီးတော့ကပ်တဲ့ ဃဋိကာရဗြဟ္မာ ဆိုတာ ရှိတယ်။

အဲဒီ ဃဋိကာရ ဗြဟ္မာကြီးက ကဿပဘုရားလက်ထက်အခါကာလတုန်းက ဘုရားရဲ့ ဥပသကာ၊ အနာဂါမ်ပုဂ္ဂိုလ်ကြီး။ မျက်မမြင်တဲ့ အမေအို အဖေအိုကို လုပ်ကျွေးပြီးနေတယ်။ ကဿပဘုရားနဲ့ အလွန်ရင်းနှီးတယ်။

ဇောတိပါလဆိုတဲ့လုလင်ဟာ သူနဲ့ အင်မတန်မှ ရင်းနှီးတယ်။ ရင်းနှီးတော့ ဇောတိပါလဆိုတာ ပု‌ဏ္ဏာမျိုးတွေဆိုတော့ အမြဲတမ်း ဘုရားကို ဆန့်ကျင်တယ်။ ဃဋိကာရက တစ်နေ့ကျတော့ သူ့ဆီအလည်လာတဲ့ ဇောတိပါလပုဏ္ဏားကို ခေါ်တယ်။ " ဘုရားကျောင်းက ဒီနားလေးမှာ၊ နီးနီးလေးရယ်၊ တို့ သွားရအောင် " လို့။ " ဟာ ဘာလို့သွားမှာလဲ။ ဒီခေါင်းတုံးတွေဆီ ဘာလို့ သွားရမှာလဲ" ဒီလို ပြောတာနော်။ အဲဒါ နောက်ပွင့်မယ့် ဘုရားလောင်းက ပြောတာနော်။

ဃဋိကာရက " ဒါဖြင့် သူငယ်ချင်း မင်း မသွားချင်လဲ တို့ရေသွားချိုးရအောင် " " ရေချိုးရင်လိုက်မယ် "ဆိုပြီး လိုက်သွားတယ်။ ရေဆိက်ရောက်တဲ့အခါ ရေချိုးပြီးတဲ့အချိန် တစ်ခါခေါ်ပြန်တယ်။ " သူငယ်ချင်း ကဿပ ဘုရားကျောင်းက ဒီနားလေးမှာ သွားရအောင် " ဇောတိပါလက ငြင်းတယ်။ ငြင်းတဲ့အခါ ဘာလုပ်သလဲဆိုရင် သူဝတ်ထားတဲ့ ပုဆိုးစကို ဆွဲပြီးတော့ " သူငယ်ချင်း လာပါ လိုက်စမ်းပါ၊ ငါနဲ့ အတူတူ လိုက်ခဲ့စမ်းပါ၊ " ဆွဲခေါ်တယ်။ မလိုက်ဘူး။ လက်ကို ပုတ်ထုတ်ပစ်လိုက်တယ်။

ဃဋိကာရက ဘာလုပ်တုန်းဆို သူ့ဆံပင်ကို လှမ်းပြီးဆွဲလိုက်တယ်။ " သူငယ်ချင်း ဘုရားကျောင်းကို လိုက်မှာလား မလိုက်ဘူးလားပြော " ဆိုတော့မှ ဘုရားလောင်းက စဉ်းစားတာ၊ " ဒီကောင် ငါ့ထက်လဲ အောက်တန်းကျတယ်၊ ငါ့ဆံပင်တောင် ဆွဲတယ် " ဒီလို ဆံပင်အဆွဲခံရတယ်ဆိုတာ အင်မတန်မှ စိတ်ဆိုးစရာကောင်းတာလေ။ ဘုရားလောင်းက အဲဒီကျမှ စဉ်းစားသွားတာ၊ " သူ အရေးကြီးလို့ ငါ့ ခေါ်တာ နေမှာပဲ၊ အကျိုးရှိလို့ ခေါ်တာ နေမှာပဲ " လို့ တွေးပြီး " သူငယ်ချင်း၊ ဆံပင်တော့ မဆွဲနဲ့ လိုက်မယ် " ဆံပင်ဆွဲခေါ်မှ လိုက်တာနော်။

ဘုရားကျောင်းရောက်တဲ့အခါ မြတ်စွာဘုရားက
တရားဟောတယ်။ ဘုရားတရားလည်း နာလိုက်ရရော သူ့ အထင်အမြင်တွေဟာ အကုန်လွဲမှားသွားပြီး မြတ်စွာဘုရားရဲ့တရားအပေါ်မှာ လုံးဝနှစ်ခြိုက်ကျေနပ်သွားတယ်။ ဘုရားဆီက ထွက်လာပြီး အပြင်လည်းရောက်ရော ဃဋိကာရကို ပြောတယ်။ " သူငယ်ချင်း မင်း ဒီတရားတွေ နာနေလျက်သားနဲ့ ဘာဖြစ်လို့ ဘုန်းကြီး မဝတ်လဲ "။ " ဪ... ငါ့မှာ အမေအို၊ အဖေအို ရှိနေတာပဲ၊ ဘယ်ဝတ်နိုင်မလဲ " " ကျွန်ုပ်ကတော့ အိမ်မပြန်တော့ဘူး၊ သင်္ကန်းဝတ်တော့မယ် " ဆိုပြီး ဘုရားအလောင်းက ချက်ချင်း သင်္ကန်းဝတ်သွားတာ။

ဘုရားအလောင်းတွေရဲ့ သတ္တိဟာလည်း အဲဒါပဲ၊ ဆုံးဖြတ်ချက်မြန်တယ်။ သူတို့က မှန်ပြီဆိုရင် ချက်ခြင်းဆုံးဖြတ်ချက်ချတယ်။ အဲဒီ ဃဋိကာရလိုပဲ။ ကောင်းကျိုးချမ်းသာရအောင် အတင်းကို ပြောပေးတာ။ မရောက်ရောက်အောင် လမ်းကြောင်းပေါ်မှာ တင်ပေးတယ်။ ကောင်းတဲ့လမ်းကြောင်းပေါ်ကို မရောက်ရောက်အောင် တင်ပေးတဲ့မိတ်ဆွေမျိုး၊ အဲဒီ မိတ်ဆွေမျိုးကို ပေါင်းသင်းဆက်ဆံပါလို့။ ကိုယ့်ကို ကောင်းစေချင်တဲ့မိတ်ဆွေမျိုး၊ ဒီလိုပြောတာနော်။

#ကျေးဇူးတော်ရှင်
#ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏🍀
🙏🙏🙏
🙏48063👍16
◾️မနေ့ကလုပ်တဲ့ အစည်းအဝေးမှာ နိုင်ငံတော်ယာယီသမ္မတက နိုင်ငံခြားငွေ သုံးတာကို လျော့ချင်တော့…ယာဉ်ဟောင်း/ယာဉ်အိုတွေကို အပ်ပြီး EV တင်သွင်းတဲ့စနစ်ကို အကောင် အထည်ဖော်သင့်တယ်ဆိုတဲ့ လမ်းညွှန်ချက်ပေးလာတယ်။ မူဝါဒအရဆိုရင် စက်သုံးဆီ တင်သွင်းတာကိုလျော့ချင်လို့၊ တစ်ဖက်မှာနိုင်ငံခြားငွေ ထွက်နေတာကို ထိန်းချုပ်ချင်လို့ပါပဲ။ ကျန်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းတာတွေက ခဏထား။ ဒီနှစ်ချက်က အဓိက ပိုကျတယ်လို့ပဲမြင်တယ်။ သဘောက… ဆီကိုအခြေခံတဲ့ ယာဉ်စနစ်ကို လျှပ်စစ်ကို အခြေခံတဲ့ စနစ်အဖြစ် ပြောင်းချင်တယ်လို့ပဲ အကြမ်းဖျင်းယူဆလို့ရတယ်။ တကယ်တော့ စက်သုံးဆီကိုတင်မဟုတ်ဘူး။ စားအုန်းဆီကိုပါ လျော့ချင်လို့ နေကြာတွေ တိုးစိုက်ဖို့လည်း ပြောထားသေးတယ်။
----------
အားသာချက်အရတော့ စက်သုံးဆီ တင်သွင်းတဲ့ရာခိုင်နှုန်း သိသိသာသာလျော့ကျသွား နိုင်မယ်။ နိုင်ငံခြားငွေနဲ့ပတ်သက်ရင်လည်း ဒေါ်လာထွက်နေတဲ့ ကဏ္ဍတစ်ခုကို ဖြေရှင်းနိုင် မယ့်ပုံစံမျိုးဖြစ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်။ အဓိက ပြဿနာက EV Demand နဲ့အတူ ဈေးကွက်ထိန်းကျောင်းပေးဖို့နဲ့ အားသွင်း Station နည်းပါးတာက ပြဿနာ ဖြစ်လာနိုင်တယ်။ တစ်ဖက်မှာ EV တင်သွင်းခွင့်ပြုသလို တစ်ဖက်မှာလည်း အားသွင်း Station တွေလုံလောက်ဖို့ပါ တပါတည်းပြင်ဆင်ထားနိုင်မှ တော်ကာကျလိမ့် မယ်။ မြန်မာနိုင်ငံမှာ အစိုးရ လမ်းညွှန်ထားတဲ့မူဝါဒတွေ ဘယ်လောက်ကောင်း ကောင်း လက် တလုံးခြား လုပ်ကြတာက ထုံးစံလိုလိုဖြစ်နေချိန်မှာ အစိုးရအနေနဲ့ ကြပ်ကြပ် မတ်မတ် ဆောင်ရွက်နိုင်မှပဲ မျက်နှာရလိမ့်မယ်။
---------
◾️ စက်သုံးဆီ အဓိက သုံးစွဲနေတဲ့ ဝန်ကြီးဌာနတွေက Bus တွေမှာ EV bus တွေ အစားထိုး နိုင်ရင်လည်း မဆိုးဘူး။ ယာဉ်ဟောင်းနေရာမှာ မြို့ပြ Taxi တွေကို အဓိက ပြောင်းလဲနိုင်ရင် လည်း အတော်လေး သန့်သွားနိုင်တယ်။ အဓိက စကားပြောလာမှာက ဆိုလာစနစ်နဲ့ အားဘယ်လို သွင်းကြမလဲဆိုတဲ့ မေးခွန်းပဲ။ အစိုးရနဲ့ ပုဂ္ဂလိကတွေ ပူးပေါင်းပြီး အကျိုးတူ ပူးပေါင်းကြပေါ့။ သိပ်မကြာသေးခင်က သတင်းတွေမှာလည်း SKD နဲ့ CKD သတင်းတွေ တွေ့မိလိုက်တယ်။ ဒါမျိုးများများစားစားဖြစ်လာရင် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းလည်းရလာမယ်။ ဈေးနှုန်းအရလည်း သက်သာမှု ရှိနိုင်မလားပဲ။ အဓိက ပြည်သူနဲ့ အစိုးရဝန်ထမ်းတွေ လက်လှမ်းမှီတဲ့ ဈေးနှုန်းဖြစ် ဖို့လို တာပါ။ နောက်ပိုင်း ဆီကား ထက်စာရင် ဟိုက်ဘရစ်တွေကိုလည်း ဦးစားပေးလိုက်ရင် တဖြည်းဖြည်းနဲ့တော့ EV ရည်မှန်းချက် နီးကပ်သွားမယ်လို့ ယူဆမိတာပါပဲ။
-----------
◾️ ခြုံပြောရရင် မူဝါဒ အရတော့ စွမ်းအင်အတွက်ရော နိုင်ငံခြားငွေအတွက်ပါ EV က မဖြစ်မနေ စဉ်းစားသင့်တဲ့အရာပါ။ ဒါပေမယ့် EV ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ Charging Station တွေလုံလောက်ဖို့ကလည်း တပြိုင်နက်တည်း အကောင်အထည်ဖော်ရမှာပါ။ မဟုတ်ရင် ...ဆီဆိုင်ကနေ Station တွေမှာ တဖန် ပြန်တန်းစီနေရသေးရင်လည်း မဟုတ်သေးဘူး။ ဆိုတော့...လုပ်နည်းအပိုင်းတွေမှာပါ နည်းလမ်းပိုကျဖို့ အရေးကြီးတယ်လို့ပဲ မြင်ပါတယ်။

(နရီမိုး)
👍44886🥰7👏2🥴2👎1
◾️တပ်မတော်ကို ချေမှုန်းမယ်၊ စစ်အာဏာရှင်ကို တိုက်ထုတ်မယ်ဆိုတဲ့ NUG ခေါင်းဆောင်တွေက အကျိုးစီးပွားအတွက် အောက်ခြေမှာ ပပပ၊ ပအဖ၊ ပကဖ တွေ ဖွဲ့ထားပြီး စီးပွားရှာကြတယ်။ ၂၀၂၁ ခုနှစ်မှ အပြီးချေမှုန်းမယ်။ ၂၃ မှာ အဆုံးသတ်တိုက်ပွဲ ၊ လမ်းများအားလုံး နေပြည်တော်သို့ ဆိုတဲ့စကားလုံးတွေ…စသဖြင့် ထောက်ခံသူတွေကို False Hope တွေ ပေးပြီး အလှူခံ ခွက်ခေါက်လာခဲ့ကြတာ လည်း ၅ နှစ်ကျော်လာခဲ့ပြီ။ ခုချိန်ထိတော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရှိလာတာ မတွေ့ရဘူး။
------------
◾️လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကိုသုံးသပ်ကြည့်ရင် အောက်ခြေကနေ သူတို့ထိန်းချုပ် ထားပါတယ်ဆိုတဲ့ ဒေသရဲ့ပြည်သူ လူထုတွေဆီကနေ အခွန်ဆက်ကြေးတွေ ကောက်ပြီး အပေါ်က NUG ဝန်ကြီးများ ဆိုသူတွေကို အခွန်ဆက်ကြေး ဆက်သရတယ်။ ခုလက်ရှိ အညာရေနံမြေကိစ္စကလည်း ဒီသဘောပဲ။ ဗိုလ်လက်ယာ ဆိုတာက အညာမြေ ဒူဘိုင်းက ရေနံတွင်းတွေကို မောင်းပိုင်းစီးထားတဲ့သူ။ ဒါ့ကြောင့်လည်း NUG က မကွေးတိုင်းရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်နဲ့ ခန့်အပ်ပြီး ခေါင်းထိုးခံခိုင်းထားတာတွေ့ရတာပဲ။ ခက်တာက မြေပြင်မှာလည်း အကျိုးစီးပွားအရ လက်နက်ကိုင် အုပ်စုတွေရှိနေတော့...NUG သစ္စာခံနဲ့ ဒေသခံ လက်နက်ကိုင် တွေ အချင်းချင်း ငြိကြတဲ့ ကိစ္စဖြစ်လာခဲ့တာလို့ ပြောလို့ရတယ်။
--------
◾️NUG အတွက်ကလည်း နိုင်ငံရေးလုပ်မလား၊ စစ်တိုက်မလား၊ အခွန်ဆက်ကြေး ကောက် မလားဆိုပြီး မေးလာခဲ့ရင်…အခွန်ဆက်ကြေးကောက်ပြီးမှပဲသာယာတော့မှာပေါ့လို့ပဲ ဖြေကြမယ်ထင်တယ်။ တော်လှန်ရေးသက်တမ်းကာလ (၅)နှစ် ကျော်လာတဲ့အချိန်… မယ်မယ်ရရ ခွက်ခေါက်အလှူခံဖို့ကလည်း မဖြစ်နိုင်တော့ဘူး။ ဒီလူတွေကို ယုံပြီး CDM လုပ်ခဲ့ကြသူတွေကလည်း လမ်းဘေးရောက်ကုန်ပြီ။ ဆိုတော့…တပ်မတော်စခန်းတွေကို တိုက်မလား၊ အခွန်ဆက်ကြေးရတဲ့ နေရာတွေကို တိုက်မလားမေးရင်… အခွန်ဆက် ကြေးရမယ့် နေရာတွေကိုပဲ အင်အားသုံးပြီး ကြိုးစားပမ်းစားလုပ်လာတာ မြင်လာရတယ်။ အကျိုးစီးပွားနဲ့ ပတ်သက်လာရင်လည်း…NUG ဆီမှာ မိတ်ဖက် မရှိနေဘူး။ အရင်ဆုံး MDY-PDF ၊ ပြီးတော့ ဗိုလ်နဂါး၊ ခုလည်း ဗိုလ်လက်ယာကိစ္စတွေ ဆက်တိုက် ဖြစ်လာ နေတယ်။
----------
◾️တပ်မတော်ခေါင်းဆောင်တွေကို အာဏာရှင်လို့ လက်ညိုးထိုးခဲ့ကြသူတွေ၊ တိုင်းပြည်ရဲ့ သယံဇာတကို နှစ်ပေါင်းများစွာ ခိုးခဲ့ကြတယ်လို့ စွပ်စွဲခဲ့ကြသူတွေကိုယ်တိုင်…ဒီ(၅)နှစ် သား ကာလမှာတောင် အချင်းချင်း… မြင်မကောင်း၊ ရှု့မကောင်း ရုပ်ပျက်ဆင်းပျက် စားခွက် လုနေကြတာက အတော်လေးတော့ ခွီးစရာကောင်းတယ်။ သိပ်မကြာခင် R2P ဝင်လာတော့မှာဆိုပြီး အချင်းချင်း ဂျင်းထည့်ခဲ့ကြသူတွေ၊ ၇၂ နာရီ တိတ်တိတ်ကလေးနေပေးကြ ဆိုသူတွေ၊ မကောင်းဆိုးဝါးတွေ ထွက်ကြဆိုပြီး သံပုံးတီးခဲ့ကြတဲ့ နီပေါ/နီပိန်းတွေကိုယ်တိုင် ဒီအဖွဲ့အစည်းကို ဝန်းရံထားမှတော့…ဒီလိုဖြစ်တာ ဆန်းသလားလို့ပဲ ပြောရမယ်။

(နရီမိုး)
👍548101👎3🥴3👏2
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50035👍9🥰1👏1
“ဓမ္မရတနာ”

မြတ်စွာဘုရားက ဝိသာခါ ဥပုသ်စောင့်တာနဲ့ ပတ်သတ်ပြီးတော့ဟောတယ်။ ဥပုသ်ဘယ်လိုစောင့်ရတယ်ဟောပြီး နိဂုံးချုပ်မှာ ဝိသာခါကို ပြောတဲ့အခါမှာ လောကမှာရတနာပစ္စည်းမျိုးစုံရှိတယ်။ လောကီရတနာ ပစ္စည်းတွေ မျိုးစုံရှိတယ်။ အင်မတန်မှ တန်ဖိုးကြီးတယ်။

အဲဒီတန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးစုံ ရတနာမျိုးစုံရဲ့တန်ဖိုး အဲဒီတန်ဖိုးဟာ တနေ့တာမျှ စနစ်တကျစောင့်ထိန်းလိုက်ရတဲ့ ဥပုသ်သီလ အဲဒီဥပုသ်သီလ ကုသိုလ်ကောင်းမှုရဲ့ ကုသိုလ်ကောင်းမှုကို (၁၆)ပုံ တစ်ပုံစာတောင်မှပဲ တကမ္ဘာလုံးမှာရှိတဲ့ ရတနာပစ္စည်းတွေက တန်ဖိုးမရှိပါဘူးလို့ ဒီလိုဟောတယ် မြတ်စွာဘုရားက။

ဘာကြောင့်တုန်း ဒီစကားဟာ မလွန်လွန်းဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်၊ မလွန်ဘူးလေ။ ဘာကြောင့်မလွန်ဘူးလို့ ပြောတာတုန်းဆိုရင် စဉ်းစားကြည့် ပတ္တမြားတစ်လုံးကိုပေးပြီးတော့ နတ်ဘဝရောက်နိုင်ပါ့မလား။ ရောက်နိုင်ဘူး။ လူဖြစ်အောင်ရော ပတ္တမြားတစ်လုံးနဲ့ ၀ယ်လို့ရပါ့မလား။ မရဘူး။

သံသရာထဲမှာ ပတ္တမြားနဲ့ ၀ယ်လို့ရတဲ့ ပစ္စည်းဟာ အိမ်တို့ ကားတို့ပဲ ရှိကောင်းရှိလိမ့်မယ် ရုပ်၀တ္ထုပစ္စည်းတွေပဲ ရှိကောင်းရှိလိမ့်မယ်။ တကယ်တန်ဖိုးကြီးတဲ့ တရားထူးတရားမြတ်ကို ၀ယ်လို့မရဘူးလေ တန်ဖိုးချင်း တွက်ကြည့်လိုက်လို့ရှိယင် ၀ယ်လို့မရဘူး။

စကြာဝတေးမင်းစည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။ သကြားမင်းစည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။ နတ်မင်းတွေရဲ့ စည်းစိမ်ကိုလည်း ၀ယ်လို့မရဘူး။

သို့သော် ဥပုသ်သီလ တစ်ကြိမ်တစ်ခါစောင့်ထိန်းလိုက်ပြီဆိုရင် စကြာဝတေးမင်းစည်းစိမ်လည်း ဒီဥပုသ်သီလက ပေးနိုင်တယ်။ လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်ဆိုတဲ့ လောကမှာချမ်းသာမှုဆိုတာတွေ အားလုံးကို ဟောဒီဥပုသ်သီလက ပေးနိုင်တယ်။ နောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာထိ ဥပုသ်သီလကပေးတယ်။

ရတနာပစ္စည်းနဲ့၀ယ်လို့မရတဲ့အရာဟာ ဥပုသ်သီလနဲ့၀ယ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ရသွားတယ်။ ဒါကြောင့် တန်ဖိုးချင်းဟာ အလွန်ကွာခြားတယ်။ ဒါကြောင့် ဓမ္မရတနာဟာ အလွန်ကြီးမားပါတယ်လို့ ဒီလိုဆိုတာပေါ့နော်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
🙏48653👍15👏5
◾️မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်မှု စပါတော့မယ်။ ဒုသမ္မတ ၃ ဦးထဲမှာ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးကပဲ မဲဘယ်လောက်နဲ့ သမ္မအဖြစ်ရွေးချယ် ခွင့်ရသွားတယ်ဆိုတာကိုပဲ အဓိက မြင်ရမှာပါ။ တပ်မတော်သားကိုယ်စားလှယ်ဘက်ကနေ တင်သွင်းထားတဲ့ ဦးညိုစောကလည်း အနည်းဆုံး ထောက်ခံမဲ ၁၆၆ ယောက်ရှိလို့ ဒုသမ္မတ(၁) သေချာပေါက် ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ ဒီအကြောင်းအရာ တွေထက် စိတ်ဝင်စားဖို့ကောင်းတာ က အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေပြန်ပါမလဲဆိုတဲ့ ကိစ္စကိုသာ အဓိက ပိုပြီး စိတ်ဝင်စားမိပါတယ်။
--------
◾️ပါဆင်နယ်အရတော့…ငွေဆောင်လောက်ကို မြေပြင်မှာ မသွားဘူးတဲ့ ဝန်ကြီးက ပုသိမ်-ရန်ကုန်ကားလမ်း အခြေအနေကို သိနိုင်မှာမဟုတ်ပါဘူး။ မြို့တော်တစ်ခုမှာ ပြည်သူ့ရင်ပြင် အကြီးစားတွေ တည်ဆောက်ထားလည်း ပြည်သူတွေ အတွက် စိတ်အပန်းပြေစေတဲ့ အစီအမံတွေ မပါရင် အလကားပါပဲ။ မြို့ပြအင်္ဂါရပ် ဖွံ့ဖြိုးဖို့လိုသလို တိုင်းပြည်ဖွံ့ဖြိုးမှု ပြယုဒ်အတွက်လည်း စနစ်တကျ တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပဲ လက်ရှိ ဆီပြဿနာဖြစ်နေချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်ဖို့ အောက်ခြေအထိ ဆင်းကြည့်တဲ့ ဝန်ကြီးတွေ နောက်တစ်ဆက်မှာ ပါလာမှပဲ အစိုးရဟာ အားကောင်းဖို့ ရှိပါမယ်။ အဓိက ဝန်ကြီးဌာန အချင်းချင်း ချိတ်ဆက်မှု အားကောင်းဖို့အရေးကြီးပါတယ်။
---------
◾️ မြန်မာ့နိုင်ငံရေး အနာဂတ်အပြောင်းအလဲမှာ အဓိက ပိုကျလာမှာက မူဝါဒ၊ စနစ်ရွေးချယ်မှုအပြင် မှန်ကန်တဲ့ လူရွေးချယ်မှုကလည်း အဓိက ကျနေပါလိမ့်မယ်။ သက်တမ်းရင့်တဲ့ ယာဉ်အို၊ယာဉ်ဟောင်းတွေအပ်နှံပြီး EV တင်သွင်းမယ့်အရေးမှာတောင် ကုလားဖန်ထိုးဖို့ တွေးနေကြသူတွေ မနည်းပါဘူး။ ဖြစ်စေချင်တာကတော့ အစိုးရအတွက် မူဝါဒလည်းအဆင်ပြေ၊ စီးပွားရေးသမားတွေအတွက်လည်း မနစ်နာရသလို ပြည်သူလည်း ဝမ်းသာရတဲ့ အခင်းအကျင်းမျိုးပဲဖြစ်စေချင်ပါတယ်။ ဒါက အစိုးရသစ်မှာ တကယ်ကို ပြုပြင်ပြောင်းလဲလိုတဲ့ ဆန္ဒရှိသူတွေ ပါဝင်မှု အားကောင်းဖို့လိုတာကို မီးမောင်းထိုးပြ နေတာပါ။
-------
◾️တိုင်းပြည်ကို တည်ဆောက်ကြမယ့်သူတွေထဲမှာ ရေရှည်အတွက်လည်း အကျိုးရှိအောင် တည်ဆောက်ကြမယ့်သူတွေပါဖို့ အရေးကြီးသလို ရေတိုမှာလည်း မြင်သာ၊ထင်သာရှိတဲ့ အရာတွေကို ပြုပြင်ပြောင်းလဲပေးနိုင်ဖို့အရေးကြီးပါတယ်။ ဆိုလိုတာက …နိုင်ငံရေးအရ နှမ်းဖြူးတတ်ဖို့လည်း လိုပါတယ်။ ဥပမာ-လစာအားဖြင့် တသိန်းကိုးသောင်းလောက်ပဲ ရနေတဲ့ မူပြတွေရဲ့ ပြဿနာ၊ အစိုးရဝန်ကြီးဌာနတွေမှာအကျင့်ပျက်ခြစားမှုတွေ ဘာကြောင့် ဖြစ်နေရသလဲဆိုတဲ့ ပြဿနာတွေကို တိတိကျကျ မြင်နိုင်ပြီး ဖြေရှင်းနိုင်စွမ်းရှိ သူတွေ ပါဖို့ အရေးကြီးပါတယ်။ အရည်အချင်းအပြင် လုပ်နိုင်စွမ်းအားကောင်းတဲ့ သူတွေ ကဏ္ဍအလိုက်ပါဝင်လာဖို့ အရေးကြီးတယ်လို့ပဲ မြင်ပါတယ်။

(နရီမိုး)
👍533107🥰9🥴6👏4🤝2👎1
တခါတလေ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စစ်ရေးပဲ ဖြစ်ဖြစ် ရှေ့ထွက်ပြောရတဲ့ သူတွေ လိုတယ်။

အဲ့လူတွေကလည်း သာမန်ထက် တက်တက်ကြွကြွ ပြောဝံ့၊ ဆိုဝံ့သူတွေ ဖြစ်ရမယ်။ ဖြစ်သင့်တယ်။ စကားလုံးတိုင်းမှာ တခါတလေ အမှန်တရားတွေ ဖြေရတာရှိသလို၊ တခါတလေ တောခြောက်၊ တောင်ခြောက် ပြောရတာလည်း ရှိမှာပဲ။ ဥပမာ -မေးခွန်းကို မေးခွန်းနဲ့ ပြန်သတ်ရသလို‌ တွေလည်း ရှိတာပဲ။ ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလိုလူတွေက Hard liner တွေ ဖြစ်ဖို့လိုတယ်။

ခုလည်း ရွေးကောက်ပွဲကာလကတည်းက ကြံ့ခိုင်ရေးပဲ နိုင်မှာပါ။ ဘာညာကွာစိဆိုပြီး လုပ်နေကြတယ်။ UEC က ကြေညာထားတာ ရှင်းရှင်းလေး။ ရွေးကောက်ပွဲ အနိုင်ရချင်ရင် ပါတီမှတ်ပုံပြန်တင်ပေါ့။ အပြင်မှာ နိုင်ငံရေးပင်စင် ထုတ်စားနေတဲ့ NLD CEC တွေ အများကြီး ကျန်နေသေးတာပဲ။ ဘယ်သူက ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်ရဲ လို့လဲ။ ဘယ်သူက ရွေးကောက်ပွဲဝင်ဖို့ အသံထွက်ရဲကြလို့လဲ။ ဒီတော့ မေးစရာ ရှိလာတာက NLD က ဒေါ်စု တယောက်တည်း ပိုင်တာလားပေါ့။ အတော်လေးတော့ ဂွကြတယ်။

နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်တယ်လို့ ပြောရအောင် ပါတီမှတ်ပုံတင်ဖို့ ရက်ပေါင်း ၆၀ လောက် ကြေညာထားတာ မဟုတ်ဘူးလား။ ခု ရွေးကောက်ပွဲကို ဝင်ပြိုင်ထားကြတဲ့ ၅၇ ပါတီက သောက်ပေါတွေမို့လို့လားပေါ့။ အနိမ့်ဆုံး ကိုကိုကြီး ပါတီတောင် တသန်းလောက် ထောက်ခံကြတာက အရှိတရားပဲ။ ဒီမိုကရေစီမှာ ငါ့ပါတီ မထောက်ခံတာနဲ့ အကုန်လုံးကို လိုက်ပက်ဆဲနေလို့တော့ ဘယ်ရမလဲ။

အပေါ်က စကားပြန်ဆက်ရရင် ...ကြံ့ခိုင်ရေးနိုင်မှာပါ။ ကြံ့ခိုင်ရေး အစိုးရ ဖွဲ့မှာပါနဲ့။ ထောက်ခံသူတွေထက်တောင် သူတို့က ပိုစိတ်ဝင်စားနေကြသလိုမျိုး။ နိုင်ငံရေး ဆိုတာ အပေးအယူနဲ့သွားကြတာလေ။ ကြည်ဖြူရင် ဘယ်သူ သမ္မတ လုပ်လုပ်၊ ဘာအရေးလဲ။ NLD ပါတီနဲ့ ညှိကြတာမှမဟုတ်။

ခုလည်း ဘုလက်ဦးလှဆွေကို ခင်ဗျားတို့ပါတီက သမ္မတ လုပ်နိုင်သူ မရှိဘူးလား ဆိုပြီး သွားညှောင့်တာ...ဟိုကလည်း ဒါမျိုး သိပ်မပြောတတ်မဆိုတတ်ဘူးဆိုတော့။

NLD ပါတီက မဟုတ်ရင် ပြီးရောတဲ့။

တပ်ချုပ်ကြီးကို သမ္မတ မဖြစ်သင့်ဘူး ၊ဘာညာ ပြောရအောင် ခေါင်းညိတ်၊ ခေါင်းခါ၊ တံခါးဖွင့်၊ အိတ်ဆွဲ လုပ်ခဲ့ရတဲ့ NLD သမ္မတ ၂ ယောက်က ဘာအရည်အချင်းများ ရှိခဲ့လို့လဲပဲ တခွန်းတည်း မေးရမှာပဲ။ စပ်တော့ မစပ်နဲ့။ တချို့အမှန်တရားတွေခါးတယ်။


(နရီမိုး)
👍691166🥴15🥰9😎7🙏2👎1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50032👍12👏4
သူတစ်ပါးက ကိုယ့်ကို မကောင်းပြောလာတဲ့အခါမှာ ကိုယ်က ပြန်ပြီး ဒေါသထွက်စရာမလိုဘူး။ '

သူပြောတာ ဟုတ်သလား' လို့ ကိုယ့်ကိုယ်ကိုယ် အရင်ဆင်ခြင်ပါ။

မဟုတ်ဘူးဆိုရင်တော့ အဲ့ဒီစကားတွေက ကိုယ့်ဆီမရောက်ဘဲ ပြောတဲ့သူဆီမှာပဲ ကျန်ခဲ့မှာပါ။

လေညာကို ပစ်လိုက်တဲ့ ဖုန်မှုန့်ဟာ ပစ်တဲ့သူဆီပဲ ပြန်ရောက်သလိုပဲ။

မကောင်းပြောတတ်သူတွေကို မေတ္တာနဲ့ပဲ တုံ့ပြန်ပါ။ ကိုယ့်ရဲ့ စိတ်ထားဖြူစင်မှုကိုပဲ ထိန်းသိမ်းပါ။

သူတစ်ပါးရဲ့ ပါးစပ်ကို ပိတ်လို့မရပေမဲ့ ကိုယ့်ရဲ့ စိတ်ကိုတော့ အေးချမ်းအောင် ထားနိုင်ရမယ်။

ဒါဟာ အဆင့်မြင့်တဲ့ သူတော်ကောင်းတို့ရဲ့ နည်းလမ်းပဲ ဖြစ်တယ်။"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏50855👍17🥰7
◾️မနေ့က သမ္မတ ရွေးချယ်မှုလည်း ပြီးသွားခဲ့ပြီ။ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေ ခဏထား။ သမ္မတ ဦးမင်းအောင်လှိုင် အနေနဲ့ မဲ အပြတ်အသတ်ရှိခဲ့တာလည်းကလည်း သမိုင်း တစ်ခုပါ။ အနီပါတီတွေ အနိုင်ရပြီး သမ္မတ ရွေးချယ်တုန်းကတောင် ဒီလောက် လူစိတ်ဝင်စားမှု မများခဲ့ဘူ။ မများဘူးဆိုတာကလည်း အကြောင်းရှိတယ်။ သမ္မတအထက် မှာ ကျမ နေမယ်ဆိုတဲ့စကားနဲ့တင် ဖြစ်လာမယ့် သမ္မတက ဘာကောင်မှမဟုတ်တော့ ဘူးဆိုတာ နိုင်ငံတကာကလည်း သိသွားခဲ့ကြတာကိုး။ ဒီတော့လည်း သမ္မတ ဦးထင်ကျော် ဖြစ်လာတယ်ပေါ့။ ဦးထင်ကျော်လည်း အဆောင်အယောင်အားဖြင့်သာ သမ္မတ ဆိုပေမယ့် သူလည်း လုပ်ပိုင်ခွင့်ရခဲ့တာမှမဟုတ်ဘဲ။ နီပေါတွေက တခြားသူကို အာဏာရှင်တွေ ပြောနေကြပေမယ့် တကယ့်တကယ်တမ်း အာဏာရှင်အစစ်က ဒေါ်စုကိုယ်တိုင်ပါ။ စစ်တပ်ရဲ့ ဦးပိုင်ကိစ္စကို ဘလာ၊ဘလာ လုပ်နေကြသူတွေက… ဒေါ်စုအမိန့်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့လစာရာခိုင်နှုန်းကို ဖြတ်ပြီး ပါတီရံပုံငွေ ထားတဲ့ကိစ္စကိုတော့ အရူးကွက်နင်းနေကြတာ အံ့အားသင့်စရာပါ။
-------
◾️သမ္မတ ဦးထင်ကျော်နဲ့ သူ့ဇနီးဆိုတာကလည်း နိုင်ငံရေးမှာ မျိုးနဲ့ရိုးနဲ့ ရှိကြသူတွေပါပဲ။ နောက်ဆုံး ရုပ်သေးရုပ်ဆိုတာထက် ဂုဏ်သိက္ခာကိုပဲ ရွေးသွားကြတဲ့အခါ ကျန်းမာရေး အကြောင်းပြပြီး သိမ်သိမ်မွေ့မွေ့ နားလိုက်ကြတာပဲ မဟုတ်ဘူးလားပေါ့။ နောက်တော့ လည်း လင်းတ လောက်တော့ ငှက်တိုင်းလှတယ်ဆိုတဲ့ ကာရာအိုကေ၊ ခြင်းသမ္မတကြီး ပေါ်လာခဲ့တာပဲလေ။ အရင်အတိုက်အခံဘဝတုန်းက ပိုင်ဆိုင်မှုတွေ ချပြသင့် ပါတယ် ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးက…သမ္မတ ဘဝလည်းရောက်ရော… ဒီအဆိုတွေလည်း မသိချင်ယောင်ဆောင်သွားခဲ့ကြတာပါပဲ။
--------
◾️ ဘယ်လိုပဲဖြစ်ဖြစ် အင်အားကြီးတဲ့ ရုရှား၊ တရုတ်၊ ဘီလာရုဇ်တို့က သမ္မတကို ထောက်ခံ ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါပြီ။ အာဆီယံတွေ ခဏနောက်ထား။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အရင်ရှင်းသင့်တာရှင်းပြီး စီးပွားရေးအားကောင်းအောင်ပဲ ကြိုးစားသွားသင့်တယ်လို့ မြင်ပါတယ်။ ကျန်တာတော့ မယုတ်မလွန်ပဲ ဆက်ဆံပေါ့။ NSPNC က တက်လာမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွေက ငြိမ်းချမ်းရေး အားကောင်းလာဖို့ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးမှာ လာတဲ့သူက အကျိုးအမြတ်ရမယ်ဆိုတဲ့ မက်ဆေချ့် ပေးဖို့လိုသလို မလာတဲ့သူလည်း တုတ်စာမိမယ်ဆိုတာမျိုးနဲ့ပဲ ချဉ်းကပ်သင့်ပါတယ်။ All Inclusive ဘာတွေက ခဏထားလိုက်ပါ။ သမိုင်းကြောင်းမတူကြတဲ့ လက်နက်ကိုင်တွေကို တပြေးညီ ဆက်ဆံနေစရာအကြောင်းလည်းမရှိပါဘူး။
---------
◾️ဆိုတော့…အစိုးရ ဖွဲ့စည်းမှုနဲ့ ရက် (၁၀၀)စီမံကိန်းတွေက ဘာတွေဖြစ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ကြရအောင်ပါ။

(နရီမိုး)
370👍299🥰14🥴4👎2🙏2👏1
◾️အစိုးရ ဖွဲ့စည်းမှုအပိုင်းနဲ့ ပတ်သက်ရင်…ဒီ (၅) နှစ်တာကာလမှာ လူကြီးအကြိုက် ဖောရှောမဟုတ်ဘဲ တကယ် Result ထွက်အောင် လုပ်နိုင်ခဲ့သူတွေ ပြန်ပါလာ ရင်…ဝမ်းသာစရာပါပဲ။ ဒါပေမယ့် မလုပ်မရှုပ်၊ မပြုတ် နေခဲ့သူတွေကိုတော့ ရိုးရိုးသားသား ပြောရရင်…ပြန်မပါစေချင်တော့ပါဘူး။ နားလိုက်တာကောင်းပါတယ်။
---------
◾️ ဒီကာလက ၂၀၁၀တုန်းကလိုမျိုးထက်စာရင် စိန်ခေါ်မှုတွေ ပိုပြီး များပါတယ်။ စီးပွားရေးမှာလည်း စိန်ခေါ်မှုတွေရှိသလို ငြိမ်းချမ်းရေးဘက်မှာ လည်း အရွေ့ဖြစ်အောင် တွန်းယူရမယ့်ကိစ္စတွေအများကြီးပါပဲ။ နောက်ဆုံး စစ်ရေးဘက်မှာတောင် ဆုံးရှုံးထားတဲ့ နယ်မြေတွေ အများကြီး ကျန်နေပါသေးတယ်။ လက်ရှိ လက်လွှတ်ထားတဲ့ မြို့နယ် (၆၀)လောက်ကို နောက် ၂ နှစ်ကြာမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုင်းအတာတစ်ရပ်အထိ ကျင်းပပေးနိုင်ဖို့ လုပ်ကြရဦးမှာ ပါ။ ဒီကြားထဲ စွမ်းအင်ပြဿနာကလည်း အစိုးရအတွက် သီးခြားစိန်ခေါ်မှုတစ်ခုပါ။
-------
◾️ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် Union Accord ဖြစ်ထားတဲ့ကိစ္စတွေကို အခြေခံဥပဒေ ပြင်ဆင်ပြီး တကယ်လက်တွေ့ခံစားနိုင်အောင် ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့ရင်…NCA က အသက်ပြန်ဝင်ပါလိမ့်မယ်။ UWSA အနေနဲ့ ပြည်နယ်လိုချင်တယ်လို့တောင်းပေမယ့် ၂၀၀၈ ခြေဥမှာပါတဲ့ပြည်နယ်ပြင်ဆင်ခွင့်ပုဒ်မတွေအတိုင်းက သီးခြားကန့်သတ်ချက်တွေအဖြစ် ရှိနေမှာပါ။ ဆိုတော့ လက်ရှိနယ်မြေအတိုင်း ပြည်နယ်အာဏာရဖို့ ကြိုးစားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီလိုပဲ အပြန်အလှန်အားဖြင့် လက်ရှိဖွဲ့စည်းထားတဲ့ တပ်ကို လုံးဝ DDR/SSR လုပ်ပေးတာမျိုး၊ ဒါမှမဟုတ် ပြည်နယ်/ဒေသရဲအဖြစ် ဗဟိုနဲ့ညှိ နှိုင်းထားတဲ့ အင်အားမျိုးနဲ့ပဲ ဆက်သွားသင့်ပါတယ်။ အဓိက ပြည်မထဲက ပြည်သူတွေရဲ့ အသံကို နားထောင်ကြည့်ရင် UWSA အနေနဲ့ ဘာဆက်လုပ်သင့်တယ်ဆိုတာ မြင်နိုင်မယ် ထင်တယ်။
----------
◾️အရေးကြီးတာကတော့ ခွေးတိုးပေါက်က ဝင်လာကြမယ့် နိုင်ငံရေးပေါချောင် ကောင်းသမားတွေ အားမကောင်းဖို့အရေးကြီးပါတယ်။ ဒီလို အားမကောင်းစေဖို့အတွက် နဲ့ အစိုးရအတွက်လည်း လုပ်သာကိုင်သာရှိအောင် လက်ရှိ နိုင်ငံရေးပါတီထဲက တစ်ချို့ကို ကော်မရှင်၊ ကော်မတီတွေထဲမှာ ထည့်သုံးပေးခြင်းနဲ့ အစိုးရနဲ့တပ်မတော်ကို ဝန်းရံထား စေသင့်တယ်လို့ပဲ မြင်ပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးအခန်းကဏ္ဍမှာ ဖယ်ကျဉ် ထားပြီး အတိုက်အခံဖြစ်နေတာထက်စာရင်…မိတ်ဆွေဖွဲ့ပြီး သွားကြတာက တည်ငြိမ်မှု ကို ပိုပြီး အကျိုးသက်ရောက်စေပါလိမ့်မယ်။

(နရီမိုး)
316👍279👏24👎2🥴2