နရီမိုး
37.2K subscribers
2.73K photos
108 videos
53 links
Download Telegram
နံနက်ခင်းမှာ
ကောင်းသောနံနက်ခင်းဖြစ်ဖို့ ဘာလုပ်ရမလဲ၊

ကောင်းသောနံနက်ခင်း ဖြစ်ဖို့အတွက်က
ကောင်းတဲ့သုစရိုက်တွေ၊
ကောင်းတာတွေ တွေးရမယ်၊
အပြစ်ကင်းတာ၊ ကောင်းတာကို တွေးရမယ်၊
ကောင်းတာကိုပြောရမယ်၊
ကောင်းတာကို လုပ်ရမယ်၊
ဒါမှ ကောင်းသောနံနက်ခင်း ဖြစ်တယ်။

ကောင်းတဲ့နေလည်ခင်းဖြစ်ဖို့ဘာလုပ်ရမလဲ၊
ကိုယ်တွေးတဲ့ အတွေးပေါ်မှာ၊
ကိုယ်ပြောတဲ့စကား၊
ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာမူတည်တယ်။

ကောင်းသော ညနေခင်း ဖြစ်ဖို့ရာအတွက်
ကိုယ်တွေးတဲ့အတွေး၊ ကိုယ်ပြောတဲ့ စကား၊
ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ မူတည်တယ်။

အဲတော့ ဆန်းစစ်ရမှာက
ကိုယ်ပြောတာ အပြစ်ကင်းတဲ့ စကားလား၊
ကိုယ်တွေးတာ အပြစ်ကင်းတဲ့အတွေးလား၊
ကိုယ်လုပ်တဲ့ အလုပ်ဟာ
အပြစ်ကင်းတဲ့အလုပ်လားလို့
ဒါပဲ...ဆန်းစစ်စရာလိုတယ်။

ပြဿဒါး ရက်ရာဇာ ရွေးစရာ သိပ်မလိုပါဘူး၊
ဒီလိုပြောလို့ အစွန်းရောက်တယ်လို့
တချို့ထင်ကောင်း ထင်မယ်၊
ဒါမြတ်စွာဘုရားဟောတဲ့ အဆုံးအမပဲနော်။

မြတ်စွာဘုရားကို ယုံကြည်တယ်၊
အားကိုးတယ် ဆိုလို့ရှိရင်
ဘုရားအဆုံးအမအတိုင်း လိုက်နာရမှာပေါ့။

လောကရေးရာဆိုတာ
အများယုံကြည်တိုင်း မှန်တယ်လို့လဲ ပြောလို့မရဘူး၊
အကုန်လုံးလဲ အမှားချည့်လို့ ဒီလိုပြောတာ မဟုတ်ဘူး၊

မှန်တာရှိသလို
မှားတာလဲ ရှိရင်လဲရှိနိုင်တယ်ပေါ့။

ကျေးဇူးတော်ရှင်
(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)
🙏45048👍23🔥1
“အကျပ်အတည်းကနေ ဘယ်လိုဖောက်ထွက်ကြမလဲ”
=================
◾️ ကမ္ဘာကြီးက တဖြည်းဖြည်း စိတ်ပူစရာအခြေအနေဖြစ်လာနေတယ်။ အီရန်-အမေရိကန်-အစ္စရေးဆိုတဲ့ သုံးပွင့်ဆိုင် စစ်ရေးကြောင့် ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြားက ပိတ်ဆို့သွားခဲ့တယ်။ အကျိုးဆက်က ကမ္ဘာ့ရေနံစည်ဈေးနှုန်းက ဒေါ်လာ ၁၂၀ လောက်အထိ ချက်ချင်းမြှင့်တက်လာခဲ့သလို ဒီစွမ်းအင် တွေအပေါ် မှီခိုနေကြသူတွေလည်း စီးပွားရေးပျက်ကပ်တွေ ဖြစ်ကုန်ကြတယ်။
-------
◾️ နောက်ထပ် အခြေအနေဆိုးတစ်ခုက ဒီစစ်ပွဲထဲကို ယီမင်နိုင်ငံက ဟူသီတွေပါ အစ္စရေးကို ပဲထိန်းဒုံးတွေ ပစ်ခိုက်တိုက်ခိုက်မှုနဲ့အတူ ပါဝင်လာခဲ့ကြတာပဲ။ ကမ္ဘာ့ရေနံ တင်ပို့မှုမှာ အရေးပါတဲ့ ပင်လယ်နီလမ်းကြောင်းကလည်း ဒီစစ်ပွဲပဋိပက္ခ ထဲ ထပ်ပြီး ပါဝင် လာခဲ့ရင်…ကမ္ဘာ့စွမ်းအင်ဈေးကွက်က အဆိုးဆုံးအခြေအနေထိတောင် ရောက်သွား တော့ မယ်လို့ မှန်းလို့ရနေခဲ့ပြီ။ သေချာတာက ဒီစစ်ပွဲတွေကို မရပ်တန့်နိုင်တော့ရင် ပထမဆုံး ကမ္ဘာ့စွမ်းအင် ပျက်ကပ်က လပေါင်းများစွာ ဖြစ်ပေါ်လာတော့မယ်။ ဒုတိယ အချက်က အာရှနဲ့ ဥရောပ နိုင်ငံတွေမှာ စီးပွားရေးနဲ့ နိုင်ငံရေးဖိအား အကျိုးသက်ရောက်တော့မယ်။ တတိယအချက်က သာမန်ဖြေရှင်းလို့ မရနိုင်တော့ဘူးဆိုရင်…နျူစွမ်းအင်တွေအထိ အရှိန် မြှင့်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တော့မယ်။
----------
◾️ ဒီအခြေအနေအတွက် ထပ်ပြီး ဖိအားပေးတဲ့ လုပ်ရပ်တစ်ခုက ရုရှားကလည်း ဧပြီလ ၁ ရက်နေ့ကစပြီး ပြည်ပတင်ပို့ရောင်းချမှုတွေကို (မဟာမိတ်နိုင်ငံတွေကလွဲလို့) ပိတ်ပင် တော့မယ်ဆိုပြီး ကြေညာခဲ့တယ်။ ဒါက ဥရောပနိုင်ငံတွေအတွက်တော့ အရူးမီးဝိုင်းတဲ့ ပြဿနာဖြစ်လာဦးမယ်။
-------
◾️ မြန်မာအတွက် ရုရှားဟာ မိတ်ဖက်နိုင်ငံဆိုပေမယ့် ပထဝီနိုင်ငံရေးအရ အကွာအဝေး သိပ်ဝေးလွန်းတယ်။ အနီးစပ်ဆုံးအခြေအနေက ရုရှားအရှေ့ဖျားကလာမယ့် လမ်းကြောင်း ဖြစ်နိုင်ပေမယ့် ပိုပြီးလွယ်ကူမယ့် လမ်းကြောင်းကို တွေးကြည့်ရင်… ရုရှား-တရုတ်-မြန်မာဆိုတဲ့ ကုန်တွင်းလမ်းကြောင်းက အလုံခြုံဆုံးနဲ့ အမြန်ဆုံး ပိုဖြစ်လာနိုင်မလားပဲ။ တရုတ်မှာလည်း နဂိုကတည်းက ကုန်တွင်းပိုက်လိုင်းတွေရှိပြီးသားအခြေအနေမှာ… ယူနန်ကနေ..ချိတ်ဆက်နိုင်ရင် အသက်သာဆုံးဖြစ်လာနိုင်မလား တွေးကြည့်မိတယ်။ ရေရှည်အတွက်ဆိုရင်တော့…ဒေသတွင်းမှာ စွမ်းအင် ဗဟိုချက်ဖြစ်လာအောင် ကြိုးစား တည်ဆောက် သွားသင့်တယ်။ အဓိက ထားဝယ်ရေနက်ဆိပ်ကမ်းကို လုပ်နိုင်ရင်၊ ရုရှား အတွက်လည်း ဒေသတွင်းမှာ ဈေးကွက်တစ်ခုဖြစ်လာအောင် ဖန်တီးပေးနိုင်ရင်…၊ မြန်မာအတွက်ကလည်း စွမ်းအင်လုံခြုံရေးနဲ့ ဒေသတွင်းစွမ်းအင် ဗဟိုချက်ဖြစ်လာနိုင်လို့ နှစ်နိုင်ငံစလုံးအတွက် win-win ဖြစ်လာနိုင်မယ့် အခြေအနေတစ်ခုပဲ။
---------
◾️ ခြုံပြောရရင် ကမ္ဘာစစ်ပွဲတွေက ဒုံးကျည်လက်နက်တွေအစား စွမ်းအင်နဲ့ပါ တိုက်ခိုက် နေတဲ့ ခေတ်တစ်ခု ရောက်လာနေခဲ့ကြတယ်။ ဟူသီပါဝင်လာတဲ့အခင်းအကျင်းက Shipping War အခြေအနေ ဖြစ်လာသလို အရှေ့အလယ်ပိုင်းအခင်းအကျင်းတစ်ခုလုံးက လည်း Energy Weaponization တစ်ခု ဖြစ်လာနေတယ်။ ရုရှားကလည်း ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို နိုင်ငံရေးအရ အသာစီးရလာအောင် ကစားပြလာတယ်။ ဒီအခင်းအကျင်းမှာ မြန်မာအတွက် စွမ်းအင်လုံခြုံရေး ပေါ်လစီ မရှိရင် စိုက်ပျိုးရေးနဲ့ MSME ကို အခြေခံထားတဲ့ ထုတ်ကုန်လုပ်ငန်းတွေအတွက် အကြီးအကျယ် ထိခိုက်မှု များပြားလာနိုင်တယ်။ ဒီလို ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းကို ရှိထားတဲ့မဟာမိတ် ဆက်ဆံရေး၊ ထားဝယ်-မြစ်ဆုံတွေစတဲ့ အခွင့်အလမ်းတွေကနေ ဘယ်လို ဖောက်ထွက် ကြမလဲ။ ဆိုလိုတာက အကျပ်အတည်းကို Strategy နဲ့ ထိထိရောက်ရောက် ကိုင်တွယ်ပြီး အကျိုးအမြတ်ရအောင် ကစားနိုင်ဖို့ပါပဲ။ ကမ္ဘာစွမ်းအင် ထောင်ချောက်ထဲကနေ Transit နိုင်ငံဖြစ်အောင် ရေတို/ရေရှည် ဘယ်လိုပြောင်းကြမလဲ။ ဒါတွေ အရေးကြီးလာပြီလို့ပဲ တွေးပါတယ်။

(နရီမိုး)
👍385178🥰15🙏10👏9🥴2👎1
◾️ လက်ရှိ လူမှုကွန်ရက်မှာ တွေ့လိုက်ရတဲ့ တောင်သူတွေရဲ့ အဓိက ပြဿနာက ဒီဘက်ခေတ်မှာမှ ကြုံရတဲ့ ပြသနာတော့မဟုတ်ဘူး။ ခေတ်အဆက်ဆက်က အစိုးရတိုင်းမှာ စနစ်တကျ မတည် ဆောက်ထားတဲ့ ဈေးကွက်ပြဿနာလို့ ပြောလို့ရတယ်။ လက်ရှိကတော့ ဆီကြောင့် ဖြစ်မယ်ထင်တယ်။ အဓိက ဆီပြဿနာထက် ၊ ဒီကာလအလွန်အတွက်ပါ ကြိုတွေး၊ ကြိုပြင်ဆင်ကြရင်တော့ အကောင်းဆုံး ဖြစ်လိမ့်မယ်။
-------
◾️ ဆီပြဿနာ ခဏထား။ မူရင်းပြဿနာတွေရဲ့ အရင်းအမြစ်ကို ရှာကြည့်ရင်…ပထမအချက်က တောင်သူတွေဆီမှာ ဈေးကွက်အမှန် ပေါက်ဈေးမရှိဘူး။ ဥပမာ-ဘာအသင်း၊ ညာအသင်းက ဆိုသူတွေရဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းပဲရှိတယ်။ ဒုတိယပြဿနာဖြစ်တဲ့ တောင်သူတွေရဲ့ အားနည်းချက်က နောက်ရာသီအတွက် အရင်းပြန်ဖော်ဖို့ ထွက်ကုန်တွေကို ချက်ချင်း ရောင်းရတဲ့ အားနည်းချက်ရှိတယ်။ ဒီထွက်ကုန်တွေကို စနစ်တကျ ထိမ်းသိမ်းနိုင်တဲ့ warehouse တွေမရှိဘူး။ တတိယ ပြသနာတစ်ခုက ကုန်ကြမ်းအဖြစ်နဲ့ပဲ ရောင်းရတယ်။ ဥပမာ-စပါးက စပါးအနေအထားနဲ့ပဲ ရောင်းရတယ်။ Value Chain ကို မပြောင်းနိုင်ကြဘူး။ စတုတ္ထ ပြဿနာက တောင်သူတွေမှာ ငွေကြေးအရင်းအနှီးပြဿနာရှိတယ်။ ချေးငွေကို အစိုးရဆီကယူရတယ်။ ကုန်သယ်ပွဲစားတွေဆီက ယူရတယ်။ ဒီလို ယူထားရတဲ့ ငွေတွေကို ပြန်ဆပ်ဖို့နဲ့ နောက်ရာသီမှာ အရင်းအနှီးပြန်ရဖို့ မဖြစ်မနေ ရောင်းချရတဲ့ ကိစ္စ ဖြစ်လာ တယ်။ ကုန်သည်ပွဲစားတွေကလည်း ဒီအချက်က နိုင်ဖဲ ဖြစ်နေတော့…နှစ်စဉ် ဒီနည်းစနစ် အဟောင်းနဲ့ပဲ အလုပ်ဖြစ်နေကြတယ်။ နောက်ဆုံး ပြဿနာတစ်ခုက တောင်သူတွေဆီမှာ တစ်နှစ်ထက်တစ်နှစ် အရေအသွေးပြည့်မီတဲ့ ထုတ်ကုန်တွေ မြှင့်တင်နိုင်မှု အပိုင်း အားနည်းတယ်။ ဥပမာ- မျိုးမမှန်တော့တာမျိုး၊ အထွက်နှုန်းလျော့သွားတာမျိုး ဖြစ်လာ တယ်။ ဒီအပေါ်မှာ Upgrade မလုပ်နိုင်ကြဘူး။
------
◾️ ဒီပြဿနာတွေဖြေရှင်းဖို့အတွက် ဘာအသင်း၊ ညာအသင်းချုပ် ဆိုတာတွေ ထက်…တောင်သူတွေကို တိုက်ရိုက်ကိုယ်စားပြုတဲ့ အသင်းအဖွဲ့တွေ တိုင်းနဲ့ ပြည်နယ် အလိုက် ရှိသင့်တယ်။ တောင်သူတွေအနေနဲ့ ပွဲစားတွေကို တစ်ဦးချင်းရောင်းတာထက် ဒီအသင်းအဖွဲ့တွေမှာပဲ ရောင်းတာမျိုးနဲ့ တုံ့ပြန်သင့်တယ်။ ကုန်သည်တွေအနေနဲ့ တောင်သူတွေဆီကနေ အမြတ် ညှစ်ယူတာထက်…ပြည်ပဈေးကွက်ကိုရအောင်ရှာပြီး ဖွင့်ယူသင့်တယ်။ အစိုးရအနေနဲ့ ကုန်သည်နဲ့ တောင်သူတွေကြားမှာ ဈေးနှုန်းမှန်ကန်ဖို့ ထိန်းကျောင်းပေးသင့်တယ်။ တောင်သူတွေအတွက်လိုအပ်တဲ့ Warehouse တွေ ဆောက်ပေးတာမျိုး၊ ကုန်စည်ပို့ ဆောင်မှုအပိုင်းမြန်ဆန်အောင် Network တည်ဆောက် ပေးတာမျိုး၊ မျိုးကောင်း မျိုးသန့် တွေရအောင် ဝန်ကြီးဌာနတွေက ရှာဖွေပေးတာမျိုး၊ စိုက်ပျိုးမှုနည်းပညာအပိုင်းမှာ အရည် အသွေးမြင့်တဲ့ စက်ကိရိယာတွေရဖို့ ထောက်ပံ့ပေး တာမျိုးနဲ့ လိုအပ်တဲ့ ငွေကြေးထောက် ပံ့ မှုတွေကို အပြည့်အဝထုတ်ချေး ပေးတာ မျိုးလုပ်ပေးသင့်တယ်။ အစိုးရ ဆီက ထောက်ပံ့မှုအားကောင်းရင်၊ သီးနှံတွေကို သိုလှောင် နိုင်တဲ့ warehouse တွေရှိလာခဲ့ရင်…တောင်သူတွေဆီမှာ ဈေးကစားနိုင်တဲ့ ပါဝါ ရှိလာ လိမ့်မယ်။
------------
◾️ လက်ရှိ ပြဿနာတွေက တောင်သူတွေရဲ့ စိုက်ပျိုးရေး ပြဿနာထက် ဈေးကွက် ဖွဲ့စည်း မှုပိုင်းမှာ စနစ်မကျတာလို့ပဲ မြင်ရတယ်။တောင်သူတွေ ဈေးမရဘူးဆိုတာ ဈေးညှိပေး နိုင်တဲ့ အာဏာမရှိလို့ပဲ။ ဒါကို ဖြေရှင်းဖို့ တစ်ဦးချင်းရောင်းတဲ့စနစ်ထက် အစုအဖွဲ့ စနစ်ကို မဖြစ်မနေ သွားရမယ်။ ကုန်ကြမ်းရောင်းတဲ့စနစ်ထက် ဈေးပိုရတဲ့ ကုန်ချောအဆင့် ထိ သွားနိုင်အောင် အစိုးရကလည်း ပံ့ပိုးပေးသင့်သလို အဓိက အချက်က ဈေးကွက်မှာ စနစ်မှန် အောင် တည်ဆောက်ပေးသင့်တယ်။ ကုန်သည်တွေအပိုင်းက တောင်သူတွေ ဆီက အမြတ်ရှာတာမဟုတ်ဘဲ ပြည်ပ ဈေးကွက်ကနေ အမြတ်ရှာသင့်တဲ့ ပုံစံ ပြောင်းသင့် တယ်။ နှစ်သီးစားအမြတ်လိုချင်တဲ့ ပုံစံ ရှောင်သင့်တယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ ဒီနိုင်ငံမှာ တောင်သူတွေကို Market Player အဖြစ် Role မတင်ပေးနိုင်သရွေ့ ကတော့…စနစ်မမှန်တဲ့ ဈေးကွက်ကြီး လည်ပတ်နေဦးမှာပါပဲ။

(နရီမိုး)
👍521121🥰8👎5🥴4🤬1
◾️ ဒီကနေ့ YRTC ကနေ EV Bus (၂) စီး စမ်းသပ်ပြေးဆွဲမယ်ဆိုတဲ့ သတင်းလေး ဖတ်လိုက်ရတယ်။ သတင်းထဲမှာတော့…EV Bus တန်ဖိုးက ဆိပ်ကမ်းအရောက် ဒေါ်လာ ၉၀၀၀၀ ကျော်ဆိုတဲ့ အနေအထားမှာရှိနေတယ်။ တကယ်တော့ Public Transport ကို EV Bus ပြောင်းလဲ နိုင်ခဲ့ရင်…နိုင်ငံတော်ရဲ့ စွမ်းအင်၊ စီးပွားရေးနဲ့မြို့ပြဖွံ့ဖြိုးရေးကို တော်တော် လေး အထောက်အကူပြုလိမ့်မယ်လို့ ယူဆရတယ်။ အထူးသဖြင့် ဝန်ကြီးဌာနတွေကို ကြိုပို့လုပ်နေရတဲ့ Bus ကားတွေနေရာမှာ မဖြစ်မနေ EV ပြောင်းလိုက်နိုင်ရင်ကို နိုင်ငံခြား ငွေ သိသိသာသာလျော့ချနိုင်လိမ့်မယ်။ ဆိုလိုတာက တဖြည်းဖြည်း တွင်ကျယ် လာတာနဲ့ စက်သုံးဆီကို အခြေခံတဲ့ စီးပွားရေးကနေ လျှပ်စစ်ကို အခြေခံတဲ့ စီးပွားရေး ပုံစံလည်း ပြောင်းလဲနိုင်မယ့် အခွင့်အလမ်း ဖြစ်လာလိမ့်မယ်။
------
◾️ အစိုးရအနေနဲ့ EV Bus စနစ်ပြောင်းတာက စက်သုံးဆီသုံးစွဲမှုကို လျော့ချနိုင်ဖို့၊ မြို့ပြ လေထုညစ်ညစ်မှုကို လျော့ချဖို့၊ ကုန်ကျစရိတ်အပိုင်းမှာ နိုင်ငံတော်ရဲ့ စွမ်းအင် မူဝါဒ ပြောင်းလဲမှုအတွက် စနစ်ပြောင်းလဲနိုင်ဖို့အတွက် ကြိုးစားမှုတစ်ခုလို့ပဲ သုံးသပ်မိတယ်။ ရန်ကုန်လိုမျိုး မြို့ပြလူဦးရေ ၈သန်းလောက်နေတဲ့ ပတ်ဝန်းကျင်မှာ YBS အစားထိုး EV ယာဉ်တွေ များများစားစားပေါ်ပေါက်လာခဲ့ရင်…စက်သုံးဆီမှာ နိုင်ငံခြားငွေသုံးစွဲနေရတဲ့ အပေါ် အတော်လေးလျော့ချနိုင်သွားမယ်။ နောက်တစ်ချက်…ထိမ်းသိမ်းမှု အပိုင်းမှာ လည်း ကုန်ကျစရိတ်နည်းသွားနိုင်သလို GPS စနစ်နဲ့ QR Payment အတွက်လည်း အတော်လေး အထောက်အကူဖြစ်သွားနိုင်တယ်။ ဒီတော့ ရထားတွေမှာလည်း ဘထ္ထရီ ခေါင်းတွေနဲ့ ပြေးနေသလို မြို့ပြနေရာ Public Transport အတွက် ပြည်တွင်းထုတ် EV တွေ မဖြစ်နိုင် ဘူးလားပေါ့။ အဓိက ဘထ္ထရီပိုင်းမှာ ပြည်တွင်းမှာ ထုတ်နိုင်တဲ့အထိ နည်းပညာ တိုးတက်မှု ရှိလာခဲ့ရင်၊ ဒါမှမဟုတ် အကျိုးတူသဘောမျိုး လုပ်နိုင်ခဲ့ရင်လည်း မဆိုးလှဘူး။
-------
◾️ တစ်ခု ပြဿနာရှိနိုင်တာက EV တွေကို အားသွင်းဖို့အတွက် Station လုံလောက်အောင် ဖန်တီးပေးနိုင်မှုအပိုင်းမှာ စိန်ခေါ်မှုတွေရှိနိုင်သလို ကုန်ကျစရိတ်အပိုင်းမှာလည်း EV Bus တန်ဖိုးက ဆီကားထက် ဈေးပိုမြင့်နိုင်တယ်။ မြို့တွင်းသုံးတွေအပြင် အဝေးပြေး ယာဉ်နေရာ တွေမှာပါ ချဲ့ထွင်သုံးစွဲလာနိုင်ရင် တော့…အတော်လေး ကုန်ကျစရိတ် လျော့ချ နိုင်သွားမလားပဲ။ Station တွေအတွက် PPP စနစ်နဲ့ ဆိုလာ+ Hybrid သွားနိုင်ခဲ့ရင် နောက်တစ်ဆင့်လှမ်းဖို့အတွက် ပိုပြီးကောင်းသွားနိုင်လိမ့်မယ်။

(နရီမိုး)
👍48297🥴7👎1🥰1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏51831👍11
မြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုတာ ဘုရားဆီက အဆုံးအမရဖို့ ကိုးကွယ်တာ။ ဒါက သဘာဝလည်း အင်မတန်မှ ကျတယ်။ မြတ်စွာဘုရားကို အားကိုးယုံကြည်ရတယ်။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဆိုတဲ့အထဲမှာ ဗုဒ္ဓကို အားကိုးယုံကြည်တယ်ဆိုတာ ဗုဒ္ဓဟာ ကောင်းကင်ဘုံက မဟုတ်ဘူး။ လူသားထဲက ထူးခြားတဲ့ သူတော်စင် သူတော်မြတ်တစ်ဦးပဲ။ အသိဉာဏ် အင်မတန်မှရှိတဲ့ လူသားတစ်ဦး။ အဲဒီအသိဉာဏ်ရှိအောင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအထိ ကမ္ဘာပေါင်းမြောက်မြားစွာ ပါရမီဖြည့်မှ ဘုရားဆိုတာ ဖြစ်တယ်။ လေ့ကျင့်ထားလို့ အင်မတန်မှ စွမ်းရည်သတ္တိတွေ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့။

အဲဒီပုဂ္ဂိုလ်ဟာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတာလို အားလုံးကို သိနိုင်စွမ်းရှိတယ်ပေါ့။ အဲဒီလို သိနိုင်စွမ်းရှိတဲ့ ဘုရားကို ကိုယ်ကိုယ်တိုင် တွေ့နိုင်တယ်။ ကြားထဲက Mediator ဆိုတာ မလိုဘူး။ ဘယ်တမန်တော်မှ မလိုဘူးနော်။ ဘုရားနဲ့ ဆက်သွယ်တဲ့အခါ ဘုရားရဲ့ တမန်တော်ဆိုတာ မရှိဘူး။ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေကလည်း ကောင်းကင်ဘုံက ဆင်းလာတဲ့ တရားမဟုတ်ဘူး။ သူကိုယ်တိုင် ကြိုးစားအားထုတ်လို့ သိတဲ့တရား။

အဲဒီတော့ မြတ်စွာဘုရားကို ကိုးကွယ်တယ်လို့ ဆိုတဲ့အခါမှာ အသိဉာဏ်ရဖို့ ကိုးကွယ်တာ။ မသိသေးတာ သိဖို့ ကိုးကွယ်တာ။ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိဖို့။ ဒါက လုပ်သင့်တယ်။ ဒါက မလုပ်သင့်ဘူး။ သွားသင့်တဲ့လမ်း၊ မသွားသင့်တဲ့လမ်း ဒါ ခွဲခြားသိဖို့ ဘုရားက ဆုံးမတယ်။ ဩဝါဒပေးမယ်။ ဒီမျှော်လင့်ချက်နဲ့ ဘုရားဆီကို သွားတာ။ ဘုရားကို ကိုးကွယ်တယ်ဆိုတာ အဲဒီမျှော်လင့်ချက်နဲ့။ ဘုရားက ဒီ့ထက်ပိုပြီးတော့ ဘာလုပ်ပေးနိုင်သလဲဆိုတော့ ဘာမှ မလုပ်ပေးနိုင်ဘူး။ လုပ်တာ ကိုယ်ဟာကိုယ်ပဲ လုပ်ရမှာ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏470👍6133🥰3
◾️ မကြာတော့တဲ့ နာရီပိုင်းကာလတစ်ခုမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော် ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်တွေကနေ ဒုတိယ သမ္မတ (၁)ဦးစီ အမည်စာရင်းတင်သွင်းတာတွေ လုပ်ကြတော့မယ်။ ဒါနဲ့ပတ်သက်ပြီး စိစစ်ရေး အဖွဲ့တွေ လည်း ရှိကြမယ်ပေါ့။ ဒါတွေကတော့ သမာစဉ်တွေပဲ။ ထူးထူးခြားခြားတော့မဟုတ်ဘူး။ အရေးကြီးတာက သမ္မတ အဖြစ် ဘယ်သူပေါ်ထွက်လာမလဲဆိုတဲ့ ကိစ္စရယ်၊ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နေရာ အပြောင်းအလဲကနေ မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို Impact ဖြစ်လာနိုင်မလဲဆိုတာကိုသာ အဓိက လှမ်းမျှော်ကြည့်ကြရမယ်ထင်ပါတယ်။ ဒါ့ကြောင့် လည်း ဒီနေ့ဟာ သာမန်နေ့တွေထက်တော့ ပိုထူးခြားတယ်လို့ ဆိုနိုင်တာပေါ့။
---------
◾️ တကယ်တော့ အခြေခံဥပဒေအားဖြင့် ဒုတိယ သမ္မတ ရွေးချယ်တင်မြှောက် နာမည်စာရင်းပေးကြတယ်ဆိုပေမယ့်…အမည်စာရင်းတွေ ထွက်လာလိုက်တာနဲ့ ဘယ်သူ က သမ္မတဖြစ်မယ်ဆိုတာ သေချာပေါက်သိနိုင်တဲ့ အခင်းအကျင်းမျိုးပါပဲ။ ဆိုတော့… ဒီနေ့မှာဒုတိယ သမ္မတ အဖြစ် အမည်စာရင်းပေးတယ်ဆိုတာထက် နိုင်ငံရေး အာဏာ အခြေခံတည်ဆောက် မှု လုပ်ငန်းစဉ်မှာ ဘယ်လိုစုဖွဲ့မှုတွေ ခင်းကျင်း တည်ဆောက်မှာလဲ ဆိုတာကိုပါ ဆုံးဖြတ်ပေးနိုင် တဲ့ လက္ခဏာတစ်ခုလို့တောင် ဆိုနိုင်ပါလိမ့်မယ်။
---------
◾️ တစ်ဖက်မှာ တပ်မတော်ထိပ်ပိုင်းရာထူးအပြောင်းအလဲကလည်း မြန်မာ့နိုင်ငံရေး အပေါ် အတိုင်းအတာတစ်ရပ်အထိ သက်ရောက်မှုကြီးပါတယ်။ ဆိုလိုတာက တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ အဓိက အင်အားစုတစ်ခုဖြစ်တာမို့ သာမန်အားဖြင့် ခေါင်းဆောင်ပြောင်း ရင် မူဝါဒ ပြောင်းလဲတာ၊ အုပ်ချုပ်ရေးနည်းလမ်းပြောင်းလဲနိုင်တာမျိုးတွေလည်း အနည်း အကျဉ်း ရှိတတ်တာမျိုးပါ။ ၁၀၂၇ လိုမျိုးကြုံတွေ့ထားရတဲ့ တပ်မတော်အတွက်တော့ အစစအရာရာ Reform များနိုင်တယ်လို့ အကြမ်းဖျင်းယူဆလို့ရနိုင်ပါလိမ့်မယ်။
--------
◾️ ဆိုတော…အစိုးရပိုင်းရယ်၊ တပ်မတော်ရယ် ပြောင်းလဲမှုတွေ တပြိုင်နက်တည်း ဖြစ်လာမယ့် အခင်းအကျင်းက ဘယ်ကို ဦးတည်သွားမလဲ။ နိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ စောင့်‌မျှော်ကြည့်ကြတာပေါ့။

(နရီမိုး)
366👍284🥰11👏11🥴3👎1
ကောင်းမြတ်သော အစဉ်အလာ၊ လက်ဆင့်ကမ်း အမွေ...။

ညီညီညွှတ်ညွှတ် ရှေ့သို့သာ ချီတက်ကြပါစို့။


(နရီမိုး)
👍603132🥰25👌6👎5🙏5👏3😘1
တပ်မတော်ဆိုတာ သာမန် အင်စတီကျူးရှင်း တစ်ခုထက် ပိုတယ်။ သူတို့မှာ အပြင်အရပ်သားတွေ မမြင်နိုင်တဲ့ အမိန့်နာခံမှုတွေ၊ သစ္စာရှိမှုတွေနဲ့ ပေးဆပ် အနစ်နာခံမှု တွေ စသဖြင့် အများကြီး ရှိနေတယ်။

ဥပမာ ဒီကနေ့ တပ်ချုပ်ရာထူး အခမ်းအနားလေးကိုပဲ ကြည့်ကြည့်ပေါ့။ တာဝန်ယူတဲ့ နေ့ထူး၊ နေ့မြတ်မှာတောင် တပ်ချုပ်အသစ်က တပ်ချုပ်အဟောင်းနဲ့ တတန်းတည်း နေရာမယူဘူး။ တပ်ချုပ်ဟောင်းက‌လည်း တပ်ချုပ်အသစ်ကို ဒီတိုင်း လက်မှတ်ထိုး လွှဲပြောင်းပေးတာ မလုပ်ခဲ့ဘူး။ ဒီလိုပဲ သက်ဆိုင်ရာ လက်ရုံးတပ်ဖွဲ့တွေက ပေးတဲ့ အမှတ်တရ လက်ဆောင်တွေမှာလည်း သံယောဇဉ်တွေ၊ မေတ္တာတရားတွေ ဒွန့်တွဲ ပါနေတာ မြင်ရတယ်။

အသိသာဆုံး အချက်ကတော့....တပ်ချုပ်ကြီးကို ဒုချုပ်က အလေးပြုနှုတ်ဆက်ချိန်မှာ ဖက်လှဲတကင်း ပြသွားတဲ့ အမူအရာလေးက ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှာမှ မြင်တွေ့ခွင့်မရှိတဲ့ သစ္စာတရားပဲ။ နိုင်ငံတော်အဆင့်ဆိုတဲ့ အခမ်းအနားမှာ ၁၅ နှစ်တိုင်တိုင် အတူရှိခဲ့ကြတဲ့ သံယောဇဉ်တရား ဆိုတာလေးကို ဒီအပြုအမူလေးနဲ့ လှစ်ကနဲ ပြသခဲ့တယ်။

တပ်မတော်ရဲ့ ထိပ်တန်းအဆင့်ခေါင်းဆောင်မှု အပြောင်းအလဲ ဆိုတာ သာမန်အကြောင်းအရာတွေထက်တော့ ကွဲပြားပါတယ်။ တစ်ယောက်ဆင်း တစ်ယောက်တက် ဆိုတာတွေထက်လည်း ခြားနာပါတယ်။



(နရီမိုး)
518👍268🥰19🥴7👎3😘1
၁။တပ်ချုပ် ရာထူး အပြောင်းအလဲနဲ့ ပတ်သက်ပြီး တချို့ နီပေါ သားသမီးတွေရဲ့ ဒုက္ခကလည်း မသေးဘူး။ သူတို့ ဖြစ်စေချင်တာက ဒုချုပ်ကြီးက တပ်ချုပ်ရာထူးရဖို့ အာဏာ ပြန်သိမ်းဆိုတဲ့ မြန်မာကားဆန်ဆန် ဒရမ်မာတွေ လည်း ချိုးချင်ကြသေးတာ။ 😇😇😇
------
၂။မြန်မာ့တပ်မတော်မှာ အရင် ဒုချုပ်တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကအစ ခုလက်ရှိ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအဆုံး အကုန်လုံးက ပေးလာတဲ့ တာဝန်ကို အမိန့်နာခံမှု ကောင်းကောင်းနဲ့ပဲ ကိုယ့်ရဲ့ အဖွဲ့အစည်းနဲ့ အကြီးအကဲ အပေါ် ဘေးကနေ Support ပေးကြတာ။ နီပေါတွေလို ယုတ်ညံ့တဲ့ စိတ်ဓာတ် မရှိလို့ဘဲ ၁၅ နှစ်တိုင်တိုင် ဒီရာထူး၊ ဒီခုံ မြဲခဲ့တာပေါ့။
-------
၃။လက်ရှိ ဒုချုပ်ကြီးကို ပါဆင်နယ် ချစ်မြတ်နိုးမှုအရ တပ်ချုပ်ရာထူး ဖြစ်စေချင်သူတွေလည်း ရှိကြတာပါပဲ။ ဒါပေမယ့် အားလုံး သတိပြုသင့်တာက Generation gap ဖြစ်သွားနိုင်တာပါ။ အတွေ့အကြုံအရ တာဝန်ယူသင့်တယ်ဆိုပေမယ့် မျိုးဆက်အရ တာဝန်လွှဲပေးခဲ့ကြတဲ့သဘောပါ။
-------
၄။ ဒုချုပ်ကြီးအနေနဲ့ နိုင်ငံရေး ဆန္ဒ ရှိသေးရင်...ပြည်ထောင်စု အတိုင်ပင်ခံမှာ နေရာ တစ်ခု ရှိနေဦးမှာပါပဲ။ ဒါက ပါဆင်နယ် ဆုံးဖြတ်ချက် ပါ။ နှစ်ပေါင်း ၅၀ နီးနီး တာဝန်ထမ်းဆောင်ခဲ့သူက မိသားစု အတွက် အချိန်ပေးဖို့ ဆုံးဖြတ်ခဲ့ရင်လည်း လက်ခံရမှာပါပဲ။
-------
၅။ နီပေါ မိသားစုတွေအတွက်တော့ ဒီလိုအေးအေးချမ်းချမ်း တာဝန်လွှဲပြောင်းလုပ်တာကို သိပ်ကျေနပ်ပုံမရဘူး။ 🫢သူတို့အတွက် တပ်မတော်မိသားစုကြား အချင်းချင်း စည်းလုံးနေတာကိုက စိတ်ပျက်စရာ‌ ဖြစ်ကောင်း ဖြစ်မှာပေါ့လေ။ တပ်မတော်ကို ဒီလောက်တူးတူးခါးခါး မုန်းကြသူတွေက တပ်မတော်ကို ကိုယ်တွေထက် ချစ်ပြပြီး ဒီလိုလုပ်ပါ့လား၊ ဒီလို မဖြစ်သင့်ဘူးလား ရေးကြတာလည်း အံ့အားသင့်စရာပဲ။ အဲ့လောက်စိတ်မဝင်စားပါနဲ့။ ခင်ဗျားတို့ ထောက်ခံတဲ့ NUG က မြေငလျင်အတွက် ကျပ်သန်းပေါင်း ထောင်ချီလှူထားတာ ရ၊မရဆိုတာရယ်၊ ဒီနေ့ NUG က ဒုဝန်ကြီးခန့်တဲ့ သတင်းတွေရှိပါတယ်။ သွားပြီးအားပေးလိုက်ကြပါဦး။


(နရီမိုး)
👍823173😍22🥴4🥰3🙏2👎1😢1
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏52550👍13👏3🥰2
“ပေါင်းရမည့် ဆရာသမားကောင်း”

မိတ်ကောင်းဆွေကောင်း အင်္ဂါရပ်တွေက ဘာတုန်းဆိုရင်
"ပိယော ဂရု ဘာဝနိယော၊ ဝတ္တာ စ ဝစနေက္ခမော"
ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် အဲဒီအရည်အသွေး ရှိ မရှိ ကြည့်ရမယ်တဲ့။
မိတ်ကောင်းဆွေကောင်းဆိုတာ-

(၁) ပိယော - ချစ်ခင်လေးစားလောက်တဲ့ သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေ ရှိရမယ်။
(၂) ဂရု - လေးစားလောက်တဲ့ ကိုယ်ကျင့်တရား ရှိရမယ်။
(၃) ဘာဝနိယော - ချီးမွန်းလောက်တဲ့ ကိုယ်ကျင့်တရား ရှိရမယ်။ သို့မဟုတ် မေတ္တာဘာဝနာပွားတဲ့ မေတ္တာစိတ်ထားတာ ရှိရမယ်။
(၄) ဝတ္တာ - မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ ဆုံးမတတ်တယ်။ အကြံပေးတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။
(၅) ဝစနေက္ခမော - အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။
တချို့က သူများကို ကိုယ်က ဆုံးမတတ်တယ်။ ကိုယ့်ကို ဆုံးမရင်တော့ ဘာပြောလဲ။ လျှာမရှည်နဲ့တဲ့။ ဟုတ်လား။
ကိုယ့်ကို လာပြောရင် မကြိုက်တဲ့လူက ပိုများတယ်နော်။ အဲဒါမျိုး မဖြစ်စေရဘူးတဲ့။

ဝတ္တာ - ကိုယ်ကလည်း ဆုံးမတတ်ရမယ်။ ဝစနေက္ခမော - သူက ပြောလို့ရှိရင်လည်း လက်ခံရမယ်။
အဲဒီအချက်က အင်မတန်ခက်တယ်။ ဘာဖြစ်လို့ ခက်တာတုန်းဆိုရင် လူတွေမှာ မာနရှိတယ်။
မာနရှိသည့်အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်က ပြောရင် လက်မခံဘူး။ ကိုယ့်အောက်လူက ပြောရင် ရန်သူပဲ။

ဒီနေရာမှာ အရှင်သာရိပုတ္တရာရဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ အတုခိုးစရာကောင်းတယ်။ ပညာရှိပီသတယ်ပေါ့။ ဘယ်လို ပညာရှိပီသတုန်းဆိုရင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ တစ်ခါတုန်းက သင်္ကန်းရုံထားတာလေးက မညီမညာ တွဲလောင်းလေး ကျနေတော့ ကိုရင်လေးတစ်ပါးက လျှောက်တယ်တဲ့။
"အရှင်ဘုရား၊ ဟောဒီမှာ သင်္ကန်းလေး တွဲလောင်းလေး ကျနေတယ်။"
အရှင်သာရိပုတ္တရာ မထေရ်မြတ်က ကိုရင်လေးပြောတဲ့အတိုင်း ဟုတ်နေတော့ သင်္ကန်းကို သူ ပြင်ရုံပြီး လက်အုပ်လေးချီပြီး "ညီသွားပါပြီလား" လို့ ပြောသတဲ့။ "ကျေးဇူးတင်တယ် ကိုရင်၊ ကျေးဇူးတင်တယ်" လို့ ကိုရင်ပေါက်စလေးက သတိပေးတာကို လက်ခံတယ်။ လက်ခံပြီးတော့ သံဃပရိသတ်ကြားထဲမှာ ဘာပြောလဲဆိုရင် "ဒီကနေ့မှ ကိုရင်ဖြစ်လာပြီး အသက်အရွယ်ကလည်း (၇) နှစ်ပဲ ရှိသေးတယ်။ အဲဒီ ၇ နှစ်အရွယ် ကိုရင်လေးက သူ့ကို ဆုံးမဩဝါဒပေးမယ်ဆိုရင်တောင် ဦးထိပ်ပန်ဆင်ပါ့မယ်" လို့ ဒီလိုပြောတာနော်။ ဒါ စံနမူနာယူရမှာပဲ။

နောက်တစ်ခုက နော စဋ္ဌာနေ နိယောဇယေ - သူများကို ချောက်မတွန်းရဘူး။ များသောအားဖြင့် လူတွေက သူများကို ချောက်တွန်းတတ်တဲ့ အလေ့အထလေး ရှိတယ်ပေါ့။ ချောက်တွန်းတယ်ဆိုတာ မကောင်းမှန်းသိလျက်နဲ့ တွန်းပို့တာမျိုးပေါ့။ အဲဒါမျိုးမလုပ်တဲ့ ဆရာသမားကို ရွေးပြီးတော့ ကိုးကွယ်ပါတဲ့။ ပိယော ဂရု ဘာဝနိယော၊ ဝတ္တာ စ ဝစနေက္ခမော - အဲဒီ ပုဂ္ဂိုလ်မျိုးကို ကိုးကွယ်ပါ။ ထို့အတူပဲ လောကမှာလည်း အဲဒီလို မိတ်ဆွေတွေရှိတယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏45739👍38
◾️ ၂၀၀၈ ခြေဥပါ ပြဌာန်းချက်တွေအတိုင်း ပြည်သူ့လွှတ်တော်ကနေ တင်သွင်းအဆိုပြုတဲ့ ဒုသမ္မတလောင်း (၂)ဦးနဲ့ အမျိုးသားလွှတ်တော်ကနေ တင်သွင်းအဆိုပြုတဲ့ ဒုသမ္မတ လောင်း (၂)ဦးကတော့ မနေ့က (မတ်လ ၃၀ ရက်နေ့)ပဲ အသီးသီး အမည်စာရင်း ထွက်ပေါ်လာခဲ့ကြတယ်။ ဒီလွှတ်တော်(၂)ရပ်ကတော့ ဒီမိုကရေစီ ရွေးကောက်ခံအရ ဖြစ်လာတဲ့ ကိုယ်စားလှယ်တွေဖြစ်လို့ ထုံးစံအတိုင်း သက်ဆိုင်ရာ နိုင်ငံရေးအလွှာ အသီးသီးကနေ ဒုတိယသမ္မတလောင်းတွေကို တင်သွင်းခဲ့ကြတာလည်း ဖြစ်တယ်။
---------
◾️ ဒီနေ့မှာတော့ မနေ့က တင်သွင်းအဆိုပြုထားတဲ့ ဒုတိယသမ္မတလောင်း (၂) ဦးစီကို လွှတ်တော်ထုံးစံအတိုင်း မဲပေးရွေးချယ်မှုနဲ့ ထပ်ပြီး အတည်ပြု ရွေးချယ်ကြလိမ့်မယ်။ ပြည်သူ့လွှတ်တော်ကတော့ နဂိုကတည်းက အနိုင်ရပါတီလည်းများတာဖြစ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ မဲ အသာစီး သေချာပေါက် ရလာမှာပဲ။ အဓိက ကြည့်ရမှာက အမျိုးသားလွှတ်တော်ကနေ ဘယ်သူတက်လာနိုင်မှာလဲဆိုတာကသာ စောင့်ကြည့်ရမှာပါ။ ကရင်ပြည်နယ်ရဲ့ USDP ပါတီ ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲတိုင်းအနိုင်ရတဲ့ ကရင်အမျိုးသမီး မနန်းနီနီအေး အနေနဲ့ ဒုတိယသမ္မတ ဖြစ်လာခဲ့ရင်လည်း မြန်မာ့နိုင်ငံ ရေးသမိုင်းမှာ အတော်လေး ထူးထူးခြားခြား အဖြစ် သမိုင်းမှတ်တမ်းဝင်လာဦးမှာပါ။ သေချာတာကတော့ ဒေါက်တာကျော်ဆွေ၊ မနန်းနီနီအေးနဲ့ KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာတို့ဟာ မတူညီတဲ့ နောက်ခံနိုင်ငံရေးပါတီအင်အားစုတွေကို ကိုယ်စားပြုပြီး တိုက်ရိုက် ပြိုင်ဆိုင်မှု အခင်းအကျင်းတစ်ခုအဖြစ်နဲ့ ရှိနေခဲ့ကြတာတွေ့နိုင်ပါလိမ့်မယ်။
-----------
◾️ သမ္မတ ရွေးချယ်မှု အစုအဖွဲ့ (၃)ခုထဲမှာ မဲအများဆုံး ရသူက သမ္မတအဖြစ် ရွေးချယ်ခံ ရမှာဖြစ်သလို ကျန်နှစ်ဦးအနေနဲ့လည်း မဲ အနည်းအများပေါ် မူတည်ပြီး ဒုတိယ သမ္မတ (၁)(၂)ဆိုပြီး ဖြစ်လာကြမှာပါ။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်တို့ရဲ့ အခန်းကဏ္ဍ ၃ ခုကို တပြိုင်နက်တည်း ထည့်သွင်းထားတဲ့ အာဏာညှိနှိုင်းမှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်နေခဲ့တယ်။ ခေတ်အဆက် ဆက်တိုင်းမှာတော့ အမျိုးသားလွှတ်တော်ကနေ တိုင်းရင်းသား ကိုယ်စားပြု ဒုတိယ သမ္မတ တစ်ယောက်ကိုတော့ မဖြစ်မနေ ရွေးချယ်ကြဦးမှာပါ။ ဒါက တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ထင်ဟပ်ပြီး နိုင်ငံရေးညှိနှိုင်းမှုတွေမှာ အရေးပါစေတယ်လို့ ယူဆကြလို့ လည်း ဖြစ်ပါတယ်။
----------
◾️ ခြုံတွေးကြည့်မယ်ဆိုရင်တော့…ဒုတိယသမ္မတ အဖြစ်နဲ့ ရွေးချယ်ကြတယ်ဆိုတာ သာမန်ကိစ္စရပ်မဟုတ်ဘဲ ဖွဲ့စည်းပုံရဲ့ပေးထားချက်ဖြစ်တဲ့ အာဏာမျှတမှု ဆိုတဲ့ Power Sharing ကို ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင်…နိုင်ငံရေးပါတီ အင်အားစု၊ တိုင်းရင်းသားကိုယ်စားပြုမှုနဲ့ တပ်မတော်ဆိုတဲ့ အခင်းအကျင်းကို ပုံဖော်ထား တာလည်း ဖြစ်ပါတယ်။ သာမန်အားဖြင့် ပြည်သူ့လွှတ်တော်က မဲအသာစီးရတယ်ဆိုပေ မယ့်၊ အမျိုးသားလွှတ်တော်ဘက်မှာလည်း တိုင်းရင်းသားကိုယ်စားပြုမှုအတွက် အရေးပါ နေတာမျိုး မြင်တွေ့ကြရမှာပါ။ ထူးထူးခြားခြားပေါ့လေ။ အထက်မှာဆိုခဲ့သလို အမျိုးသမီး တစ်ယောက်က ဒုတိယသမ္မတအဖြစ် ရွေးချယ်နိုင်ခဲ့ရင်တော့…ပထမဆုံး အမျိုးသမီး သမ္မတ၊ တိုင်းရင်းသားကိုယ်စားပြုမှုနဲ့ တန်းတူညီမျှမှုဆိုတဲ့ သမိုင်းဝင် နိုင်ငံရေး အမြင်သစ် တစ်ခု ပေါ်ထွက်လာစေမှာပါ။

(နရီမိုး)
👍44091🥰16🥴2👎1🙏1
◾️ လက်ရှိ တပ်ချုပ်အသစ်ရယ်၊ ဒုချုပ်အပါအဝင် ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူး တွေက တူညီတဲ့ နိုင်ငံရေးသမိုင်းဖြတ်သန်းမှုတွေမှာ တကူတကွ ပါဝင်ထမ်းဆောင်ခဲ့ဖူး တာက တပ်မတော်အတွက် အဓိက အားသာချက်တစ်ခုဖြစ်တယ်။ ဆိုလိုတာက… မြန်မာ့နိုင်ငံရေးသမိုင်းမှာ မျိုးဆက်တစ်ခေတ်တည်း ဖြတ်သန်းခဲ့ကြရတာဖြစ်လို့ အတွေးအခေါ်၊ စည်းကမ်းစနစ်နဲ့ အမိန့်နာခံမှုအပိုင်းက တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့ အခြေအနေကြားမှာပဲ ဆက်ရှိသွားလိမ့်မယ်။
-------
◾️ နောက်ထပ်အားသာချက်တစ်ခုက မျိုးဆက်ပဲ။ Technology နဲ့လိုက်လျောညီထွေ ဖြစ်စေတဲ့ ခေါင်းဆောင်မှုတွေ ပိုပြီး မြင်တွေ့လာနိုင်ဖို့ရှိတယ်။ ဒါလည်း အရင်တပ်ချုပ်ကြီး ဟောင်းလက်ထက်မှာ AI နည်းပညာတွေနဲ့ ဂြိုလ်တုနည်းပညာတွေကို အုတ်မြစ်ချခဲ့တာ တွေရှိတယ်။ ညှိနှိုင်းကွပ်ကဲရေးမှူးဟာ DSA (38)ဆိုတဲ့အနေအထားက လက်ရှိ မျိုးဆက်နဲ့ ပိုပြီး နီးကပ်သွားစေတယ်။ မျိုးဆက်သစ်ခေါင်းဆောင်တွေဟာ သမာရိုးကျ စစ်ပွဲတွေ အပြင် Modern နည်းဗျူဟာတွေပါဝင်တဲ့ ပေါင်းစပ်မဟာဗျူဟာ (Hybrid-Strategy)တွေ ကျင့်သုံးဖို့ ရွေးချယ် ခွင့်ရှိလာတယ်။ ဥပမာ- ဒရုန်းစစ်ဆင်ရေးတွေ၊ Cyber နည်းပညာပိုင်း တွေနဲ့ ဒရုန်းကာကွယ်ရေးနည်းစနစ်တွေမှာ ပိုပြီးအားထည့်ဆောင်ရွက်လာနိုင်တယ်။ လက်ရှိအခင်းအကျင်းတွေအရလည်း သမာရိုကျစစ်ပွဲထက် ဒေသအခြေပြုတဲ့ စစ်ဆင်ရေး နဲ့ နည်းပညာတွေ ပါဝင်တဲ့ Hybrid Warfare ကိုသွားဖို့ ရာခိုင်နှုန်းများနေလို့ ဖြစ်တယ်။
--------
◾️ အကြံပြုလိုတာကတော့…

ပထမအချက်က လေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ ခေတ်သစ်စစ်ပွဲနဲ့ ကိုက်ညီတဲ့ စစ်ရေးအယူအဆတွေ ပြန်လည်သုံးသပ် သင်ကြားပေးဖို့ပါပဲ။ အယူအဆအသစ်နဲ့ နည်းပညာတွေကို ဖြည့်စွက်သင်ကြားလေ့ကျင့်နိုင်ဖို့ဖြစ်ပါတယ်။
ဒုတိယအချက်က ဒရုန်း၊ AI နဲ့ (Anti-Drone System) ဒရုန်းကာကွယ်ရေးနည်းစနစ်တွေမှာ အမြန်ဆုံးနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ဖို့ပါ။ ဆိုလိုတာက…စစ်အင်အားထက် နည်းပညာကို ပိုမို အားကိုးအားထားပြုတဲ့ အမိန့်ပေးစင်တာ/တပ်ဖွဲ့တွေ အားကောင်းစေဖို့ ဖြစ်ပါတယ်။ အနာဂတ်မှာ တပ်မတော်ဟာ Smart –Technology ပိုင်းအားသာနေတဲ့ အဖွဲ့အစည်းဖြစ်ဖို့ မလွှဲမသွေ လိုအပ်ပါတယ်။
တတိယအချက်ကတော့…မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းအရ နိုင်ငံရေး-စစ်ရေး ဆက်နွယ်မှု ရှိတဲ့အခြေအနေမှာ တပ်မတော်သားတိုင်း နိုင်ငံရေးအသိပညာမြင့်မားဖို့၊ အထက်အောက် နိုင်ငံရေးနဲ့စစ်ရေးအမြင် ကွာဟချက်မကြီးမားအောင် “နိုင်ငံရေးအသိ ပညာ”သင်တန်းမျိုးဖွင့်လှစ်ပို့ချနိုင်ဖို့ပါ။ ပြည်သူသာ- အမိ၊ ပြည်သူသာ- အဖ သွားနိုင်ဖို့ အတွက် အရပ်ဖက်နဲ့ထိတွေ့ဆက်ဆံရမယ့် တပ်မတော်သားတွေမှာ စစ်ဘက်-အရပ်ဘက် အခြေခံ နိုင်ငံရေးအယူအဆတွေ မြင့်မားစေဖို့ဖြစ်ပါတယ်။ ဒါမှပဲ Civil-Military Gap ကို လျှော့ချနိုင်ပါလိမ့်မယ်။
---------
◾️ လက်ရှိအပြောင်းအလဲက အနာဂတ်မှာ သမာရိုးကျကနေ Modern hybrid အဖြစ်နဲ့ ပြောင်းလဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့…တစ်ဖက်မှာ သမ္မတကြီး ဦးဆောင်မယ့် နိုင်ငံရေးအခင်းအကျင်းကိုလည်း အပြည့်အဝ Support ပေးနိုင်ဖို့နဲ့ ၂၀၀၈ ခြေဥကိုလည်း ကာကွယ်ပေးရမယ့် သမိုင်းပေးတာဝန်တွေက တပ်မတော်မှာ ရှိထားနှင့်လိုပါပဲ။ သဘောက နိုင်ငံရေးနဲ့စစ်ရေးဆိုတဲ့ စင်္ကြံလျှောက်လှမ်းမှာ အစိုးရနဲ့ တပ်မတော်ဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်မှီ အခြေအနေမျိုး ဖြစ်နေဖို့ အရေးကြီးပါတယ်။

(နရီမိုး)
331👍249👏8🥴7👎1
မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ရွေးကောက်ပွဲအဆက်ဆက်တိုင်း အနိုင်ရသူတစ်ဦးရဲ့ ကြိုးပမ်းအားထုတ်မှုဟာ နောက်ဆုံး အရာပေါ်ခဲ့တယ်လို့ပဲ သုံးသပ်ရမှာပဲ။


ပထမဆုံး အမျိုးသမီး သမ္မတ ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုက မြန်မာ့နိုင်ငံရေး သမိုင်းမှာ ကဗျည်းထိုးသွားခဲ့ပါပြီ။


(နရီမိုး)
👍579136🥰8🥴6👎1
မြန်မာ့နိုင်ငံရေးမှာ ဒီလို အရိုးကိုက်တွေ ရှိနေတာကိုက ပြဿနာပဲ။

နိုင်ငံရေးစားဖားတွေပဲလို့ ခေါ်ရမလားပဲ။ အချိန်ကိုက် ကစားဖို့ စောင့်နေတတ်ကြသူတွေ။

အတော်လေးတော့ ရွံစရာကောင်းတယ်။



(နရီမိုး)
👍46173🥴11🤬6🥰4😍2👏1
၈၈ ကျောင်းသား ဆိုသူတွေထဲမှာ အပဲ့ဆုံးလောက် ရှိမယ်။

နိုင်ငံရေးတော့ ခေါင်းစဉ်တပ်ထားတယ်။ ပါတီနိုင်ငံရေးလားဆိုတော့ မဟုတ်ပြန်ဘူး။ 😇

လူသုံးယောက်ပေါင်းပြီး အဖွဲ့တစ်ဖွဲ့ထောင်တာက A4 စာရွက်ရှိရင်တော့ လုပ်လို့ရတဲ့ ခေတ်ကြီးမှာ....ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးဆိုတဲ့ အာဂျင်တာကြီးတောင် နောက်ကွယ်က Backup အော်ခိုင်းမှ ထအော်တာက နိုင်ငံရေး သမားလို့ ပြောရမှာတောင် ရှက်ဖို့ ကောင်းတယ်။

အနည်းဆုံး....ကိုကိုကြီး လောက်တောင် ဒူပေ၊ ဒဏ်ပေခံဖို့ ဇ မရှိဘဲ နိုင်ငံရေးကို ခွေးတိုးပေါက်က ဝင်လာချင်သေးတယ်။ တကယ့် လူမိုက်ပဲ။


(နရီမိုး)
👍66685👏40🥴14🤔4🤬3🥰2
🍀 မင်္ဂလာရှိသော နေ့ရက် အခါသမယ ဖြစ်ပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏50441👍11👏1
မတော်တဆ ဒီဘ၀အဆုံးသတ်သွားရင်အားကိုးရမယ့်အရာ
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

ဘယ်လောက်ပဲ ပစ္စည်းဥစ္စာတွေက
စုဆောင်း စုဆောင်း
လောကီစီးပွားရေးဆိုတာ
ကိန်းသေတွက်မရတဲ့ စုဆောင်းမှုပဲ။

သံသရာမှာ စုဆောင်းတယ်ဆိုတာ
ဘယ်တွေမှာ မြှုပ်နှံတယ်ဆိုတာ
မိအိုဖအိုကို ကျွေးတယ်၊
စေတီပုထိုးတွေကို လှူဒါန်းတယ်။
သံဃာတွေကို လှူဒါန်းတယ်။
ကိုယ့်ဆွေမျိုးတွေထဲက သက်ကြီးရွယ်အိုတွေကို
ပေးတယ် ကျွေးမွေးတယ်၊ ဒါနကောင်းမှုပေါ့။
ဒါ သံသရာမှာ ရင်းနှီးမြုပ်နှံမှု။

သံသရာမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ
ငွေကြေးနဲ့တင် ရင်းနှီးမြှုပ်နှံရတာ မဟုတ်ဘူး။
သီလဆောက်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံမယ်၊
ကမ္မဋ္ဌာန်းဘာဝနာပွားများပြီးတော့လည်း
ရင်းနှီးမြှုပ်နှံမှုတွေ ပြုရတယ်။

ခုနက
သရဏဂုံဆောက်တည်လိုက်တာလည်း
စိတ်ထဲမှာ မှတ်ထားဖို့ရာ၊
သရဏဂုံကို မြတ်မြတ်နိုးနိုး
ဆောက်တည်လိုက်တာဟာ
တို့ဟာ ရင်းနှီးမြှုပ်နှံလိုက်တဲ့
ကုသိုလ်တစ်ခုပဲလို့
စိတ်ထဲမှာ အားကိုးစရာဖြစ်တယ်၊
မတော်တဆ ဒီဘ၀ အဆုံးသတ်သွားရင်
အားကိုးရမယ့် အရာတစ်ခု။

ကိုယ်မှာ ငွေကြေးဓန အသုံးလိုတဲ့အခါ
ကိုယ်မြှုပ်ထားတာလေး ဖော်ပြီး သုံးရသလိုပဲ
သရဏဂုံဆောက်တည်လိုက်တယ်၊
ငါးပါးသီလ ခံယူလိုက်တယ်ဆိုတဲ့
ဒီကုသိုလ်လေးဟာလည်း
ဒီဘဝ မျက်စိမှိတ်သွားလို့
နောက်ဘဝသွားရမယ့်အချိန်လေးမှာ
ကိုယ်နဲ့အတူ ကိုယ့်ကို အကူအညီရမယ့်
ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့အရာလေး ဖြစ်တယ်။

သေတော့မှ အခေါင်းထဲ
ကူးတို့ထည့်တာကတော့ မရဘူး၊
အဲဒါသေချာတယ်။
သေမှ ပေးလို့က မရတော့ဘူး။
လူတွေ တစ်ဘဝ အဆုံးသတ်တယ် ဆိုတာရယ်၊
နောက်ဘဝ ဆိုတာရယ် ကပ်နေတာ၊
အချိန်ဆိုင်းနေတာ မဟုတ်ဘူး။
ဒီဘဝက သေလိုက်တာနဲ့ တပြိုင်နက်
နောက်ဘဝ ရောက်သွားပြီးသား ဖြစ်တယ်။ဘဝတစ်ခုခုကို ရောက်သွားပြီ။
နောက်မှ ပေးရင် နောက်ကျသွားပြီ။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏
🙏50953👍22👏1