🔳 #ဗုဒ္ဓရဲ့နောက်ဆုံးစကား
အဲဒီ အပ္ပမာဒတရားဟာ အလွန်အရေးကြီး လို့ မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီး အချိန်မှာ “အပ္ပမာဒေန သမ္ပာဒေထအပ္ပမာဒ နဲ့ မင်းတို့ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင် လုပ်ကြ။ အပ္ပမာဒ ရှိပြီးတော့ ကိုယ်ကျင့် ရမယ့် သီလ သမာဓိ ပညာတွေ မမေ့ကြနဲ့၊ လုပ်ရမယ့် ကုသိုလ်တရားတွေ လုပ်ကြ၊ ယစ်မူး မေ့လျော့ပြီး မနေကြနဲ့လို့ မှာထားခဲ့တာပေါ့။
#လောကချမ်းသာရရေး
အခုလည်းပဲ လောက လူတွေဟာ အသက် ရှည်ချင်ကြတယ်၊ “အသက်ရှည်ကြပါစေ "လို့ ဆုတောင်းဆုယူ လုပ်ကြတယ်။ သို့သော် အသက် ရှည်ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ ကုသိုလ်ကောင်းမှု ကို မေ့လျော့နေရင်တော့ အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရားကို ရမှာမဟုတ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက “အာယုံ- အသက်ရှည်ခြင်းကို၊ ပတ္ထယန္တေန- လိုလားတောင့်တတဲ့ ပုဂ္ဂိုလ်ဟာ၊
ပုညကြိယာသု- ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းတို့၌၊ အပ္ပမာဒံ- မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒ တရား ကို၊ ပသံသန္တိ- ချီးမွမ်းကြတယ်” လို့ဟောတော် မူတယ်။ ဆိုလိုတာဟာ အသက်ရှည်ဖို့ရာအတွက် ကုသိုလ် ကောင်းမှုကို မမေ့နဲ့လို့ပြောတာဖြစ်တယ်။ ကုသိုလ် ကို မမေ့ရဘူး၊ ကုသိုလ် ကောင်းမှုကို အမြဲ ကြိုးစား အားထုတ်ရမယ်။
နောက်တစ်ခု လူတွေဟာ ကျန်းမာချင်ကြ တယ်။ အာရောရိယ- ရောဂါကင်းချင်တယ်။ ရောဂါ ကင်းချင်သည့်အတွက်“အနာရောဂါကင်းရပါလို၏၊ အနာရောဂါ ကင်းကြပါစေ”လို့ ဆုတောင်းကြ တယ်။ အနာရောဂါ ကင်းခြင်း၏ အကြောင်း တရားက ကုသိုလ်တရားပဲ။ ကုသိုလ်ကံ ကောင်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ အနာရောဂါ ကင်းနေတာပဲ။ ကံကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါ ဝေဒနာဟာ တခြားအရာနဲ့ ကုစားလို့မရဘူး။ အခြားအကြောင်းကြောင့် ဖြစ်တဲ့ ရောဂါ ဝေဒနာဟာ ကုစားလို ့ရတယ်။ဒါကြောင့် ကံကောင်းနေအောင် ကုသိုလ် ကောင်းမှုပြုဖို့ အမြဲ တမ်း သတိရနေတဲ့ အပ္ပမာဒတရားဟာ အရေး ပါဆုံးပဲလို့ ပြောတာဖြစ်တယ်။
အပ္ပမာဒတရားသည် ဘာကြောင့် အရေး ပါသလဲဆိုရင် ကုသိုလ်ကို ပြုမိအောင် တိုက် တွန်း နှိုးဆော်ပေးတတ်တဲ့ သဘာဝတရား ဖြစ်လို့ပါပဲ။ အပ္ပမာဒ တရားရှိရင် ကုသိုလ် လုပ်မိ တယ်။ ကုသိုလ်လုပ်မိသည့် အတွက်ကြောင့် ကုသိုလ်ကံကို အခြေခံပြီးတော့ ကျန်းမာမှုကို ရတယ်လို့ ဆိုလိုတယ်။ ဆေးဝါးဓါတ်စာ မှီဝဲလို့ ကျန်းမာတယ်၊ ရာသီဥတုကောင်းလို့ ကျန်းမာတယ် ဆိုတာတွေဟာ အထောက်အကူလောက်ပဲ ဖြစ် တယ်။ သဘာဝ ခန္ဓာကိုယ်ထဲမှာ ကံက ပေးလိုက် လို့ ရလာတဲ့ ရောဂါမျိုးစေ့ပါလာလို့ ဖြစ်လာတဲ့ ရောဂါကျတော့ ဘယ်လိုမှ ကာကွယ်မပေးနိုင် တော့ဘူး။ ရာသီဥတု အစာအဟာရက ပျောက် အောင် မတတ်နိုင်ဘူး။
ဒါကြောင့် တချို့က ပြောကြတယ် မဟုတ် လား၊ တရားအားထုတ်လိုက်တာ ရောဂါပျောက် သွားတယ်။ ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ အကုသိုလ်ကံတွေကို ရှင်းသွားစေပြီးတော့.ကုသိုလ် ကံတွေ ဖြစ်လာတယ်။ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိ စိတ်မှာလည်းပဲ လောဘ ဒေါသစတဲ့ အကုသိုလ် အညစ်အကြေးတွေ ကင်းစင်သွားပြီး အလောဘ အဒေါသစတဲ့ ကုသိုလ် တရားတွေ တိုးပွားလာ တယ်။ ထိုအလောဘ အဒေါသစတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက ထုတ်လုပ်ပေးတဲ့ ရုပ်တရား ဟာ သန့်စင်လာတယ်။ ကျန်းမာလာတယ်။ ကုသိုလ်တရားဟာ ကျန်းမာမှုကို ဖြစ်စေတယ်။ ဒါကြောင့် ကုသလရဲ့ အဓိပ္ပါယ်ကို “ကျန်းမာခြင်း” လို့လည်း ပြောတယ်။ ကုသလဆိုတာ ကျန်းမာ ခြင်း ဖြစ်တယ်။
ဒီသဘာဝတရားတွေ ရင်ထဲ နှလုံးထဲမှာ ဖြစ်လို့ရှိရင် ကျန်းမာတယ်တဲ့။ ဘာဖြစ်လို့တုန်း ဆိုတော့ အလောဘဆိုတာ Generosity ပဲ။ ပေးချင်တယ်၊ ကမ်းချင်တယ်၊ လှူချင်တယ်၊ တန်းချင်တယ်။ ပေးကမ်းဖို့ အဆင်သင့် ဖြစ်တယ်။ အိမ်မှာ နေရင်း ကလဲ မျှဝေသုံးစွဲတယ်။ ကိုယ်စားတဲ့ အစာ အာဟာ ရကို သူများ မျှဝေပေးတယ်ဆိုတာ အင်မတန် မွန်မြတ်တဲ့ အလုပ် ဖြစ်တယ်။
အဒေါသ ဆိုရင်လည်း ရင်ထဲမှာ အမုန်းတရား မထားဘဲနဲ့ တစ်ဦးပေါ်တစ်ဦး အကျိုးလိုလားတဲ့ စိတ်တွေမွေးတယ်။ အဲဒါလည်း အင်မတန် မွန်မြတ် တဲ့ စိတ်ပဲ။ အမောဟဆိုတာလည်း လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားသိပြီး မလုပ်သင့်တာကို ရှောင်တယ်၊ လုပ်သင့်တာကို လုပ်တယ်။ ဒီတရားတွေ ကိုယ့်သန္တာန်မှာ ရှိနေပြီဆိုရင် ကောင်းကျိုး ချမ်းသာတွေ ရလာပြီပေါ့။
လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖြစ်လာပြီ ဆိုရင် အားလုံးဟာ အလွဲလွဲ အချော်ချော်နဲ့ စိတ်ကို ပူလောင်စေတယ်။ ထို စိတ်ပူလောင်မှုကြောင့် ကိုယ့်ရဲ့ ရုပ်ကိုလည်း ပူလောင်စေတာပါပဲ၊ စိတ်ပူရင် ရုပ်ပူသွားတာပေါ့၊ ဒါကြောင့် ကျန်းမာခြင်းရဲ့ အဓိက သည် ကုသိုလ်ကောင်းမှုပဲဖြစ်တယ်။ ကုသိုလ် စိတ်ဓါတ်တွေပဲပေါ့။ အခုလို ကုသိုလ် စိတ်ဓါတ်တွေ ဖြစ်လာပြီ ဆိုရင် စိတ်နှလုံး ဖြူစင် အေးချမ်းလာသည့် အတွက် ကျန်းမာမှုက ပိုကောင်း လာတာဖြစ်တယ်။ ဒါကြောင့် “#ကုသိုလ်ကောင်းမှု_မမေ့နဲ့” လို့ မြတ်စွာ ဘုရားက ဟောတာဖြစ်တယ်။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ

🙏456❤55👍25👏2🥴2
လက်ရှိ မြန်မာနိုင်ငံမှာ လူဦးရေက သန်း ၅၀ ကျော်ရှိနေတယ်။ ဒီသန်း ၅၀ ကျော်ရဲ့ နစ္စဓူဝ လုပ်ငန်းတွေကို ဖြေရှင်းဖို့ နိုင်ငံတော်ရဲ့ လက်ရှိ ဝန်ထမ်း အင်အားက ဘယ်လောက်ရှိနေလဲ။ ဆိုလိုတာက ....ပညာရေးမှာဆိုလည်း လက်ရှိ ကျောင်းတက်နေတဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း အချိုးအစား၊ တက္ကသိုလ်မှာ ဆိုရင်လည်း ကျူတာ ၊ ပါမောက္ခတွေရဲ့ ရှိသင့်ရှိထိုက်တဲ့ အချိုးအစား ကို ပြန်ချိန်ကြည့်ကြဖို့ လိုပြီထင်တယ်။
------
အဓိက ဝန်အား မမျှတဲ့ အခြေအနေပါ။ တလောက ခိုက်ရန်ဖြစ်ပွားတဲ့ ကျောင်းသား ကလေး ကိစ္စတွေဟာ Social Platform လွှမ်းမိုးမှုလို့ ယေဘုယျဆိုနိုင်ပေမယ့် ကျောင်းသား၊ သူ များတဲ့ နေရာတွေမှာ ဆရာ၊ မ ရှားပါးမှုကလည်း အဓိက ပြဿနာပါပဲ။ ပြည်ပနိုင်ငံတွေမှာ စုပေါင်း လက်ချာ တွေကလွဲရင် သာမန်အတန်းတွေဟာ ဆရာမ တစ်ယောက် နိုင်နင်းတဲ့ ပမာဏပဲ ထားတာ တွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံကတော့ ဒီဒဏ်ကို ပိုခံရတဲ့ သဘောပါ။ နယ်ဘက်တွေမှာ အတန်းတတန်းကို ဆရာဝင်နေရင် ကျန်တတန်းက အားကစားချိန်မျိုး လုပ်ပေးနေရတာက ခပ်များများရယ်။ ဒါ့ကြောင့်လည်း တက္ကသိုလ်ဝင်တန်း အောင်ချက်ဟာ အချိုးအစား ကွာလွန်းနေတာ တွေ့နိုင်တာပဲ မဟုတ်လား။
-----
အစိုးရဝန်ထမ်း၊ နိုင်ငံ ဝန်ထမ်းကြည့်ပြန်တော့လည်း ရတဲ့ လစာ က ၂ သိန်းကျော်၊ ၃ သိန်း ဆိုတဲ့ ပမာဏလေးနဲ့ သာရေး၊ နာရေး မျှတ ညီညွှတ်အောင် ဖြေရှင်းနေရတဲ့ မိသားစု တွေက မြန်မာပြည်မှာ ထုနဲ့ ဒေးပါပဲ။ မိသားစု ပိုကြီးတဲ့ သူတွေက ပိုခံရတာပဲ။ ဒါ့ကြောင့်လည်း အစိုးရဝန်ထမ်း လျှောက်လွှာတွေဟာ သာမန်ပြည်ပထွက်ခွာ ဆိုတဲ့ အရာတွေနဲ့ယှဉ်ရင် စိတ်ဝင်စားမှု လျော့ကျနေတယ်လို့ပဲ မြင်ပါတယ်။ သီခြား အဂတိ နဲ့ လာဘ် ပေး၊ လာဘ်ယူ လုပ်နေကြတဲ့ ဌာနတွေတော့ မပါဘူးပေါ့လေ။
------
ဝန်ထမ်းဘဝလေးမှာ ပေးတဲ့ လစာနဲ့ ထားတဲ့ အဆောင်၊ တိုက်ခန်းမှာ လောက်ငှအောင်နေ။ အချိန်တန် ပင်စင်ရချိန်မှာ ရတဲ့ ပင်စင်က မြေကွက် တကွက်တောင် ခုခေတ်ဈေးနဲ့ အဆင်မပြေနေတော့လည်း ဒီလုပ်ငန်းကို အထင်မကြီးကြတာ ဆန်းတော့ မဆန်းပါဘူး။
------
တိုက်ခန်းနေရာတွေ ပေးပြန်တော့ အနိမ့်ဆုံး ရာထူးကြီးသူတွေက ရတာ ခပ်များများ။ သူတို့က ငွေလည်း သွင်းနိုင်သလို ၁ ခန်းထပ်ပိုလည်း ဝယ်နိုင်ကြသူတွေချည်းပဲ။ ဒါဆို ဝန်ထမ်းအင်အားမြဲဖို့၊ တိုးပွားဖို့၊ ပါတီနိုင်ငံရေး ကိစ္စကို တဖက်တလှမ်းက ထိန်းကျောင်းဖို့ လုပ်သက်နဲ့ ချိန်ထိုးပြီး တန်ဖိုးနည်း တိုက်ခန်းတွေ အရစ်ကျနဲ့ အကောင်အထည် ဖော်ဖို့ မသင့်ဘူးလား။ ဒါဆို ဝန်ထမ်းကလည်း တနေ့ သူပိုင်ဆိုင်ရမယ်ဆိုတဲ့ တိုက်ခန်းဆိုပြီး နိုင်ငံတော်နဲ့ဝန်ကြီးဌာနကိုလည်း သစ္စာ မြဲနိုင်တာပေါ့။ လုပ်ငန်းကင်းကွာ CDM လည်း မဖြစ်နိုင်တော့ဘူးပေါ့။ လက်ရှိကာလမှာတင် တူတူတန်တန်၊ လူတန်းစေ့ နေနိုင်တာပေါ့။
------
အဓိက ဝန်ထမ်းတွေရဲ့ သက်သာချောင့်ချိရေးကို လစာတိုးပေးတာတစ်ခုတည်း ရှု့ထောင့်ကမတွေးဘဲ ဘယ်လို အဖက်ဖက်က ဖြည့်ဆည်းပေးလို့ရနိုင်မလဲ စဉ်းစားပေးနိုင်ကြရင် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ယူဆမိတယ်။ အသိုင်းအဝိုင်း ၂ ခု ယှဉ်လာတဲ့အခါ ပိုပြီးပြည့်စုံပြီး အနေအစားချောင်တဲ့ လူ့ပတ်ဝန်းကျင်ကို လူတိုင်းက ခုံမင်နှစ်သက်ကြတာပါပဲ။ အဓိက လူ့သဘောသဘာဝကို သိဖို့ပါ။ နိုင်ငံရေးမှာလည်း တဖက်ဖက်က အဆင်ပြေနေမှတော့ ဘယ် NCA လမ်းကြောင်း၊ ဘယ်လို ငြိမ်းချမ်းရေး Process ကို လာတော့မလဲ။ အခွန်ကောက်၊ ဆက်ကြေး၊ မြေရှားနဲ့ ကျားဖျန့်ကရနေတဲ့ ဝင်ငွေနဲ့တင် တချို့ လက်နက်ကိုင်တွေက အဆင်ပြေနေကြတာပဲလေ။
(နရီမိုး)

👍584❤128👏6🥴5👎1🙏1
ဘဝနေဝင်ချိန်
လူဆိုတာ ဒီလိုချည်းပဲ အမြဲတမ်း ရှိမနေဘူး
တစ်နေ့တော့…ခွဲကို ခွဲရဦးမှာ ။
တစ်နေ့နေ့ တချိန်ချိန်တော့…
ကိုယ်က ထားခဲ့မှာလား ၊ သူက ထားခဲ့မှာလား ဒါလေးပဲ ကွာခြားသွားပါတယ်
တစ်နေ့တော့ …
ထားကို ထားခဲ့ရမှာချည်းပဲ
ဒါကြောင့် …
ခုနေ အနားမှာ ရှိနေလို့လည်း
တရားလွန် ပျော်မနေနဲ့ဦး
တစ်နေ့တော့ …
" သေကွဲနဲ့ ခွဲရဦးမှာပါလား " ဆိုတဲ့ သတိလေးတော့ ရှိပါဦး
ခုနေ အနားက ထွက်ခွာသွားလို့လည်း တရားလွန် စိတ်ဓာတ် ကျမသွားနဲ့ဦး ။
တစ်နေ့တော့ သေကွဲနဲ့ပါ ထပ်ပြီး အခွဲခံရဦးမှာလေ
ခုနေအနားကို ရောက်မလာသေးလို့ မျှော်တော်ဇောနဲ့ ရှာမနေနဲ့ဦး
တစ်နေ့တော့ ရောက်လာဖို့ အတွက် သေကွဲက
အဆင်သင့်ရှိနှင့်ပြီးသား
စေတနာနဲ့ ထပ်ပြီး ပြောလိုက်မယ်
တစ်နေ့တော့ အားလုံးကို ခွဲကို ခွဲရဦးမှာပါပဲ
ဒီတော့ မခွဲခင်လေးမှာ ဘဝကိုတန်ဖိုးရှိအောင် ကုသိုလ်ကောင်းမှုတွေနဲ ကုသိုလ်ဆက်ခဲ့နိုင်အောင်ကြိုးစားရမယ်
နေခြင်းနဲ့ သေခြင်းကြားမှာ ချစ်လိုက်ရတဲ့အချစ် ၊ မုန်းလိုက်ရတဲ့အမုန်း ၊ လွမ်းလိုက်ရတဲ့ အလွမ်း ၊ လုပ်လိုက်ရတဲ့ အလုပ်
နောက်ဆုံးတော့လဲ ဘဝနေဝင်ချိန် ရောက်တဲ့အခါ အားလုံးကို ထားခဲ့ရတာပဲလေ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

🙏589❤59👍35👏4
အာဆက်အစိုးရဆီမှာ မိတ်ဖက်နိုင်ငံတွေရှိပါတယ်။ ယုတ်စွအဆုံး ရုရှားရဲ့ စစ်အခြေစိုက်စခန်းတောင် ရှိပါတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက် ပြည်သူနဲ့ ပင်းတိုက်တတ်တဲ့ အမေရိကန်ရဲ့ CIA cell တွေကြောင့် ယေဘူယျအားဖြင့် အစိုးရတွေ ပြေးရတာ များပါတယ်။ ဒါက ထုံးစံပါ။ သီအိုရီလို့လည်း ပြောလို့ရပါတယ်။ အလုပ်ဖြစ်တဲ့ အရာလည်း ဖြစ်ပါတယ်။ လက်ရှိ အီရန် ရင်ဆိုင်နေရတာကလည်း ဒါပါပဲ။
-------
ပြောချင်တာက မိတ်ဘက်ဆိုတာကလည်း အကျိုးစီးပွားကိုပဲ အခြေခံပါတယ်။ အိန္ဒိယဟာ SCO အစည်းအဝေးမှာ သူ့လောက်တက်ကြွတာ သူပဲ ရှိပါတယ်။ ဒါပေမယ့် ပူပူနွေးနွေး အနိုင်ရထားတဲ့ ရွေးကောက်ပွဲမှာ မိုဒီ မဲ မပြတ်ပါဘူး။ ရုရှားနဲ့ ဘယ်လောက်ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်တည်ဆောက် အခွန်နဲ့ပတ်သက်လာရင် ရေနံဝယ်ယူနေရတဲ့ ကတိကဝတ်တွေလည်း ဖျက်ရတာပါပဲ။
------
အပေါ်က အာဆက်ကိစ္စရယ်၊ ဗင်နီဇွဲလား အရေးရယ်ကို ပြန်ကြည့်ရင် ကိုယ့်တိုင်းပြည်မှာ ပြည်ပ စစ်ကို နှစ်ရှည်လများ တိုက်နေရတဲ့ ရုရှားအဖို့ ပြည်ပ အရေးကို ဂရုမစိုက်နိုင်အားတာ မျက်မြင်ပါပဲ။ စစ်ကို အရှိန်လျှော့ချနိုင်ဖို့ ထရမ့်ကို အတိုးအလျော့ ပူတင်ကစားနေတာ မြင်ရမှာပါ။ ထရမ်မှာကလည်း တရုတ်-ရုရှား ဆက်ဆံရေးကို ထိုက်သင့်သလောက်ထိမ်းငြိဖို့ ပူတင်နဲ့ အပေးအယူ ကစားတဲ့ သဘောပါ။
------
ခုလက်ရှိ တရုတ်ဆီမှာ ထွက်နေတဲ့ ပြည်တွင်းရေးဟာလည်း အတော်လေးတော့ ဂယက်ထနေမယ့် ပုံစံပါ။ အမေရိကန်ကလည်း ကျားဖျန့်အရေးတည်ပြီး ထိုင်းမှာ ဆွေးနွေးနေပါပြီ။ ဖြစ်နိုင်တာက တရုတ်ကို ထိန်းငြိဖို့ ထိုင်းကို အသုံးချပြီး မြန်မာနဲ့ ကမ္ဘောဒီးယားက ကျွဲကူးရေပါ ရိုက်ခတ်မယ့် သဘောလို့ မြင်ပါတယ်။
------
ဆိုလိုတာက .....ပြည်တွင်း စည်းလုံး ညီညွှတ်ရေးကို အဓိက အာရုံစိုက်နိုင်ဖို့ ဖြစ်ပါတယ်။ ပြည်ပအားဟာ အခြေခံအကြောင်းတရားနဲ့ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုတွေ များနိုင်သလို အကျိုးစီးပွားနွယ်တဲ့ ရာခိုင်နှုန်းက အတိုင်းအတာ တစ်ရပ်အထိ ရှိပါတယ်။ လက်ရှိ တီမောကိစ္စတွေဟာ အာဆီယံရဲ့ ချာတာကို ချိုးဖောက်နေသလို သံတမန်လမ်းကြောင်းအရ မာသင့်တာ မာ နိုင်ဖို့ ပြည်တွင်း ညီညွှတ်ရေးအား တည်ဆောက်ဖို့ကသာ အဓိက ကျတာ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။

👍633❤97👏6🥰5👎3
ကိုယ်တွေလူကြီးကို ကိုယ်တွေပဲ ဂရုစိုက်တယ်ထင်တာ။။
တရက်မမြင်ရင်တောင် မနေနိုင်၊ မထိုင်နိုင် ဖြစ်သူတွေကလည်း အများသားပဲ။ ခုလို လူလုံးထွက်ပြတော့လည်း ဘယ်လောက်တောင် အီလည်လည်ကြီး နေကြမလဲ မသိ။
အာဏာ စထိန်းပါပြီ ဆိုကတည်းက R2P တွေ မျှော်ရ၊ နေတိုး တပ်ဖွဲ့ကို သပြေပန်းနဲ့ ကြိုချင်ရ၊ သံပုံးတီးရင် မကောင်းဆိုးဝါး ထွက်တယ်ဆိုလို့ ခု နီပိန်းတွေက တောထဲ ရောက်ကုန်ကျ။
သေချာပြန်တွေးကြည့်ရင်......၅ နှစ်တာကာလ မျှော်လင့်သလို ဖြစ်မလာတော့ လည်း သူတို့အစား အားနာသလိုတောင် ဖြစ်မိတယ်။ တသက်လုံး False Hope တွေကြားမှာ နေလာကြတာဆိုတော့ အတော်လေးတော့ ဟိတက်နေကြမှာပဲ။

👍580❤91😎9🥰8🙏4👎2
ကုသိုလ် အားကြီးလာရင် အားလုံးက အဆင်ပြေသွားမှာပါ ။
ကုသိုလ် အမြဲလုပ်ပါ ။ ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း ကုသိုလ်ကောင်းမှု့ကို ပိုပြီးပြုလုပ်ပါ ။ အဆင်မပြေလို့ ဗေဒင်သွားမေးလည်း ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား ။
သူတို့အပြောကတော့ ယတြာချေတာပေါ့ ။
ဘယ်ဆရာမှ အကုသိုလ်လုပ်ခိုင်းပြီး ယတြာမချေခိုင်းဘူး ။
ကုသိုလ်ပဲ လုပ်ခိုင်းတာ ။ အဲဒီလိုဆိုတော့ သူ့အားကိုးတာထက်
ကိုယ့်အားကိုယ်ကိုးပြီး ကုသိုလ်တရား ကြိုးစားပွားရုံပေါ့ ။
အဆင်မပြေလည်း ကုသိုလ်လုပ် ၊ အဆင်ပြေရင်လည်း ကုသိုလ်လုပ် ၊ အတိုက်အခိုက် ကြုံရင်လည်း ကုသိုလ်လုပ် ၊
အနှောက်အယှက် ရှိရင်လည်း ကုသိုလ်လုပ် ၊ ပိုပြီး အဆင်မပြေရင် ပိုပြီးကုသိုလ်လုပ် ၊ လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့ ။
ယုံကြည်မှုအပြည့် ၊ ဇွဲကြီးကြီးနဲ့သာ ဆက်လုပ် ။ သေချာပေါက်ကို ကုသိုလ်က ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ် ။ ယုံကြည်မှု့ နဲ့ ဇွဲရှိမှု့ကိုတော့ မလျော့စေနဲ့ ။
ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင် အကုသိုလ်တွေ ၊ အဆိုးတွေ အားနည်းသွားမှာပဲလေ ။ သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ရင် အဲဒီရေခွက် ငန်တူးသွားမှာပေါ့ ။
ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို ဆားတစ်ကုတ်လောက်
ပစ်ထည့်ကြည့်ပါလား ၊ ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ ။ ရေက များနေတာကိုး ။ ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင် အကုသိုလ်ဟာ အသေးအမွှားလေးပဲ ဖြစ်သွားမှာပေါ့ ။
ဒါကြောင့် ကုသိုလ်ကောင်းမှု့ကို လျော့မတွက်ပါနဲ့ ။ အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ ။ ပိုပြီး မပြေရင် ပိုပြီးလုပ်ပါ ။
ကုသိုလ်အားကြီးလာရင် အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ ။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

🙏575❤71👍24👏1
၁။ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီကို ဖွဲ့စည်းစေမယ့် ဥပဒေ တစ်ရပ်ကို အထွေထွေ ရွေးကောက်ပွဲ အဆင့်ဆင့် ပြီးဆုံးပြီးတဲ့နောက်မှာပဲ ကာ/လုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) က ဥပဒေ အမှတ် ၃/၂၀၂၆ နဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
၂။ တကယ်တော့ ဒီလို ဖွဲ့စည်းနိုင်တဲ့ အခွင့်အာဏာ ပေးထားချက်ဟာ ၂၀၀၈ ခြေဥမှာ အစောကတည်းက ပါခဲ့ပြီးသား ဖြစ်ပေမယ့် ဦးသိန်းစိန် ဦးဆောင်တဲ့ လက်ထက်မှာ ဒီအခွင့်အရေးကို အကောင်အထည် မဖော်ခဲ့ကြပါဘူး။ သမ္မတ ဖြစ်ချင်လွန်းတဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်ရောက်မှသာ သမ္မတ အထက်မှာ နေမယ် ဆိုတဲ့ စကားနဲ့အတူ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ နေရာတစ်ခုကို ဖန်တီး ရယူခဲ့တာပါ။
၃။ ခြေဥပါ ပေးထားချက်အရ လူပုဂ္ဂိုလ်ကို ဖြစ်ဖြစ် ၊ အဖွဲ့အစည်းကို ဖြစ်ဖြစ် တာဝန်ပေးအပ်နိုင်ခွင့် ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ပြဌာန်းလိုက်တဲ့ ဥပဒေမှာ
ဖွဲ့စည်းပုံအရ သမ္မတကနေ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အနည်းဆုံး ၅ ဦး ပါဝင်အောင် သင့်လျော်သူတွေနဲ့ ဖွဲ့စည်းရမယ်ဆိုပြီး သတ်မှတ်ထားသလို ကောင်စီ သက်တမ်းကလည်း သမ္မတ သက်တမ်းနဲ့ ထပ်တူ ဖြစ်ပါတယ်။
၄။ လုပ်ပိုင်ခွင့်ကို ပြန်ကြည့်ရင် လုံခြုံရေး၊ တရားဥပဒေ၊ ငြိမ်းချမ်းရေး၊ ဥပဒေပြုရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး စတဲ့ အဓိက နယ်ပယ်တွေမှာ အကြံပေး၊ ညှိနှိုင်း၊ ဆောင်ရွက်ခွင့် ရှိတဲ့ သဘောပါပဲ။ ဒီအဖွဲ့အစည်းကို သမ္မတက တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို သတ်မှတ်ပေးရမယ်လို့ပဲ ယူဆပါတယ်။
၅။ နိုင်ငံရေး ပုံဖော်ပုံ ဖြစ်နိုင်ချေအနေနဲ့ ဦးသိန်းစိန် လက်ထက် "နိုင်ငံ့ ဥသျှောင်ရုံး" လိုမျိုး တပ်ချုပ်ကြီးက တပ်ကို မစွန့်ခွာဘဲ နိုင်ငံ့ အုပ်ချုပ်ရေး အမြင့်ဆုံး အဆင့်မှာ ဆက်လက် လွှမ်းမိုးနိုင်ဖို့ ဖန်တီးထားတဲ့ ယန္တရား အဖြစ် မြင်ကြ ပေမယ့် .....
ခြေဥပေးထားချက်အရ သမ္မတကသာလျှင် နိုင်ငံ ဥသျှောင် ဖြစ်သလို ကိုယ့်ခြေ၊ ကိုယ့်လက် ကစားလို့ ရမယ့် နိုင်ငံရေး အခင်းအကျင်းမှာ ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ နောက်ကွယ်ကနေ ထိန်းချုပ်ပါ့မလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
၆။ အဓိက ကတော့ လက်ရှိ တပ်ချုပ်ကြီးရဲ့ အတွေ့အကြုံနဲ့ ဒီ ၅ နှစ်စာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး ဝမ်းစာဟာ ကောင်စီမှာ အတွေ့အကြုံရင့်တွေ ဆက်ထားပြီး အကြံပေးနိုင်တဲ့ အခင်းအကျင်းမျိုးနဲ့ပဲ တာထွက် လိမ့်မယ်လို့ ယူဆပါတယ်။
၇။ တကယ်လို့ ကောင်စီ ဥက္ကဋ္ဌ အခင်းအကျင်းဘက်ကိုလှမ်းခဲ့ရင် ရှေ့ထွက်ရမယ့် နိုင်ငံရေး အခင်းအကျင်းတွေကို မဖြစ်မနေ မျက်နှာလွှဲရမှာ ဖြစ်ပါတယ်။ ပါဆင်နယ်အရ သုံးသပ်ရရင် "စစ်ဘက်-အရပ်ဘက် ပူးပေါင်း အုပ်ချုပ်ရေး" ပုံစံ (hybrid regime)၊ ဒါမှမဟုတ် အစိုးရအဖွဲ့ကို အကြံပေးဒေါက်တိုင်အဖြစ်နဲ့ ကျားကန်ချင်လို့သာလျှင် အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်း တယ်လို့ပဲ မြင်ပါတယ်။

👍463❤78🥰7🥴7🤬3
၂၀၀၈ ဖွဲ့စည်းပုံဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ချောမွတ်စေဖို့ အစပျိုးထားရုံသပ်သပ် ခြေဥ တစ်ခုသာ ဖြစ်ပါတယ်။
ဥပမာ ပုဒ်မ ၂၆၁ လိုဟာမျိုးဟာ မူလအစက ပြောင်းလဲပြင်ဆင်ဖို့ မလိုအပ်ဘူးလို့ တွေးကြပေမယ့် နောက်ပိုင်းမှာတော့ လက်ခံ လာနိုင်ကြတဲ့ အဆင့်လည်း ရှိနေပြန်ပါတယ်။ နောက်တစ်ခါ လွှတ်တော်ထဲ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေတဲ့ ကိစ္စပါ။
ဒါလည်း ခဏခဏ ရှင်းပြရတတ်ပါတယ်။ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရှိသင့်ရှိထိုက်တဲ့ အချိုးအစားကို ခြေဥမှာ သတ်မှတ်ထားပြီးသားပါ။ ဆိုပါစို့ အမျိုးသား လွှတ်တော်မှာ တပြည်နယ်ကို ၂ ယောက်ကျ၊ ပြည်သူ့လွှတ်တော်မှာ တမြို့နယ်ကို တစ်ယောက်ကျ၊ ဒါက ခွဲတမ်းအပြည့်အဝရပြီးသားပါ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဟာ အသွင်ပြောင်းရေးကာလမှာ Check and Balance လုပ်နိုင်ဖို့ Addition သပ်သပ် ထည့်သွင်းထားရုံ သပ်သပ်ပါပဲ။ တပ်မတော်သားကိုယ်စားလှယ်တွေရှိနေလို့ လွှတ်တော်ဟာ ရှိသင့်ရှိထိုက်တဲ့ ပမာဏ လျှော့ချပေးရတာ မရှိပါဘူး။ တကယ်လို့ ငြိမ်းချမ်းရေး ပရောဆက်သာ တိုးတက်ရင် တပ်ဟာ အင်ဒိုလိုပဲ ထွက်တော်မူ နန်းက ခွာမှာဆိုတာ ယုံမှားစရာ မရှိနေဘူး။
နောက်တခုက ခြေဥပေးထားချက်အရ သမ္မတဟာ နိုင်ငံ ဥသျှောင်ဆိုပေမယ့် လွှတ်တော်မှာ လုပ်ပိုင်ခွင့်အပြည့်အာဏာရတာက လွှတ်တော်ဥက္ကဋ္ဌတွေပါ။ သမ္မတဟာ တချို့ကိစ္စတွေ သဘောမတူလို့ လက်မှတ်မထိုးတောင် လွှတ်တော်က အတည်ပြုရင် Approved ဖြစ်ပါတယ်။ ရှေ့မှာ လွှတ်တော် ဥက္ကဋ္ဌနဲ့ သမ္မတ ဘယ်လို တင်းမာခဲ့ကြသလဲ ၊ ဒါက သင်ခန်းစာ ဖြစ်ပါတယ်။ နောက်တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပါဝါပါ။ ကိုယ်စားလှယ်တယောက်ကို ပြစ်မှုသံသယရှိလို့ဖမ်းမယ်ဆိုရင်တောင် လွှတ်တော် ဥက္ကဋ္ဌ ဆီ စာတင်ခွင့်ပြုချက်ယူရတာပါ။
ဆိုတော့.....သမ္မတရွေးချယ်ရေးမှာ ပြည်သူ့လွှတ်တော်က တင်သူက သမ္မတ ဖြစ်ဖို့ ရာခိုင်နှုန်းများသလို ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ အဖြစ်နဲ့ ပထမအကြော့ တာဝန်ထမ်းဆောက်ရမယ့် ပုဂ္ဂိုလ်ကလည်း အလွန်အရေးပါတာ မြင်ရပါလိမ့်မယ်။
ပြောချင်တာက ဒီအခင်းအကျင်းမှာ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်ရဲ့ အခန်းကဏ္ဍတာဝန်က အတော်လေး ကြီးလေးပါတယ်။ နောက်တစ်ခုက ဝန်ကြီးချုပ်တွေရဲ့ အရေးပါမှု အခြေအနေပါ။ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ဟာ သမ္မတက ရွေးချယ်ရတဲ့ အခြေအနေမို့ သမ္မတရဲ့ ခြေတံ၊ လက်တံ တွေလို့လည်း ပြောလို့ရပါတယ်။ လက်ရှိ ၅ နှစ်တာကာလဟာ အထက်အကြီးအကဲရဲ့ ယုံကြည်စိတ်ချမှုကို အခြေခံပြီး တာဝန်ပေးအပ်တယ်ဆိုပေမယ့် လာမယ့်အစိုးရသစ်ဟာ ရွေးကောက်ခံအရ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ခုထက်ပိုပြီး တက်တက်ကြွကြွ Results ထွက်အောင် လုပ်ပြနိုင်ဖို့ လိုပါတယ်။
လက်ရှိ အသစ်ပြဌာန်းလိုက်တဲ့ အတိုင်ပင်ခံကောင်စီအနေနဲ့ သူ့ရဲ့ မူဝါဒအတိုင်း သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ပြီးမြောက်အောင် တိုင်းနဲ့ပြည်နယ်ဆိုင်ရာ အောင်မြင်မှု ဒေတာတွေကို ရယူ စောင့်ကြည့်ပြီး အားနည်းချက်၊ အားသာချက်တွေ ထိန်းညှိ / ထိန်းကျောင်း သုံးသပ်နေရင်တော့ အတော်ကို ရုပ်လုံးကြွတဲ့ အစိုးရ တစ်ခု ဖြစ်လာစေမယ်လို့ သုံးသပ်ရမှာပါ။ ပြည်ထောင်စု အတိုင်ပင်ခံလို့ ဆိုထားလေတော့ သူ့လုပ်ပိုင်ခွင့်ဟာ အတော်လေး ကျယ်ပြန့်မယ့် သဘောပါ။ ဒီ ၅ ဦးဟာ ပြည်ထောင်စုရဲ့ ရေသောက်မြစ် ဖြစ်လာမှာမို့ အတော်လေး အရေးကြီးတဲ့ ထိပ်တန်းအဆင့် နေရာတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ဒီ ၃ လတာ ကာလဟာ အစိုးရရဲ့ ရက် ၁၀၀ စီမံချက်တွေ အတွက် အကောင်အထည် ဖော်ဖို့ ပြင်ဆင်ရမယ့်ကာလ ဖြစ်သလို ဖွဲ့စည်း ထားရှိမယ့် ဝန်ကြီးဌာနအလိုက် ခန့်အပ်တာဝန်ပေးမယ့်သူတွေကို Line up ချိန်ဆတဲ့ ကာလလည်း ဖြစ် နေပါလိမ့်မယ်။

👍471❤86🥴6👏3👎1
UEC ကနေ အပြီးသတ် ကိုယ်စားလှယ်လောင်းအနိုင်ရရှိမှု စာရင်းလည်း ထုတ်ပြန် ခဲ့ပြီးပါပြီ။ ဒီစာရင်းရလဒ်တွေအရ လက်ရှိ ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေ ရွေးကောက် ပွဲဟာ တခြားပါတီတွေအနေနဲ့ ကျေနပ် လက်ခံနိုင်တဲ့ အတိုင်းအတာ တစ်ရပ် ရှိခဲ့တယ် ဆိုတာလည်း မြင်တွေ့ခွင့်ရကြမှာပါ။
---------
ပထမဆုံး ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထူးခြားချက်နဲ့ အားသာချက် ဖြစ်ခဲ့တဲ့ အချက်က စနစ်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကတော့ မဲပေးစက်တွေ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
------
ပြည်သူ့လွှတ်တော်မှာ PR စနစ် မသုံးခဲ့ပေမယ့် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ PR စနစ် သုံးခဲ့တာကြောင့် အလယ်အလတ်ပါတီတွေအနေနဲ့ ထိုက်သင့် တဲ့ ရာခိုင်နှုန်းတစ်ခုစာ နေရာရခဲ့သလို တိုင်းရင်းသားအခြေပြု ပါတီငယ်တွေကလည်း သင့်တင်မျှတတဲ့ နေရာတစ်ခုစာ ရရှိခဲ့တာလည်း တွေ့နိုင်ပါတယ်။
------
ရလဒ်တွေအရ တစညဟာ ၆၈ နေရာ၊ ရှမ်းပါတီက ၃၉ နေရာ၊ ပြည်သူ့ပါတီက ၃၀ ၊ ပြည်သူ့ရှေ့ဆောင်က ၂၀ ၊ ပအိုဝ့် ၁၈ နဲ့ မွန် ၁၇ ဆိုတဲ့ အတိုင်းအတာဟာ အရင် နိုင်သူအကုန်ယူစနစ်အရဆိုရင် ဒီအချိုးစားပမာဏတွေ ရနိုင်လိမ့်မှာမဟုတ်ပါဘူး။ ထူးခြားချက်ကတော့ စစ်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသကြောင့် ရခိုင်ပါတီက ၈ နေရာပဲ ရခဲ့သလို ထူးထူးခြားခြား မှတ်ချက်ပြုရမှာက ထိုင်ခုံ ၁၂ နေရာအထိ ရရှိခဲ့တဲ့ နာဂအမျိုးသား ပါတီ ပဲဖြစ်ပါလိမ့်မယ်။ ခြုံပြီး မှတ်ချက်ပြုရရင် PR စနစ်ကြောင့်သာ အနိုင်ရပါတီ ၃၁ ခု အထိ ရှိလာခဲ့တာဖြစ်ပါတယ်။
------
ဖက်ဒရယ်ရဲ့ အဓိက ပြဿနာ ဖြေရှင်းနည်းမှာ လူမျိုးစုဒေသတွေရဲ့ လွှတ်တော်ပါဝင်မှု အခန်းကဏ္ဍကို မြှင်တင်ပေးမှုကလည်း အဓိက နည်းနာတစ်မျိုးဖြစ်ပါတယ်။ ဒါမှသာ ဒီဒေသတွေရဲ့ အသံတွေက လွှတ်တော်ဆီကို ရောက်တာဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဒေသလူမျိုးစုတွေ စည်းလုံးမှုသာရှိနေရင်.... လွှတ်တော် တစ်နေရာစာ ပြေးမလွတ်ဘူး ဆိုတဲ့ အသိက ဒီရွေးကောက်ပွဲမှာ သက်သေပြခဲ့ပြီလည်း ဖြစ်ပါတယ်။

👍511❤81👌6🥴5👏4🔥2👎1
ကိုယ့်ကိုယ်ကို အလေးထားပါ
ကောင်းအောင်ပြင်ဖို့အတွက် တို့တစ်တွေဟာ
အလေးထားစရာသုံးမျိုး မှတ်ထားရပါမယ်။
မြတ်စွာဘုရားက
နံပါတ်(၁) ကိုယ့်ကိုယ်ကို အလေးထား
ပြီးတော့ စဉ်းစားဆင်ခြင်ရမယ်။
နံပါတ်(၂)က ကိုယ့်ပတ်၀န်းကျင် လောက
ကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ် ရမယ်။
နံပါတ်(၃)က တရားဓမ္မကို အလေးထား
ပြီးတော့ ဆင်ခြင်သုံးသပ်တတ်ရမယ်။
မြတ်စွာဘုရားက
အတ္တာနံ ယေ၀ အဓိပတိံ ကတွာ ။
အကုသလံ ပဇဟတိ ကုသလံ ဘာဝတေိ ။
ကိုယ့်ကိုယ်ကိုယ် အလေးထားပြီးတော့
အကုသိုလ်တွေ ဖယ်ရှားဖို့ ကြိုးစားတယ်။
ကုသိုလ်တွေ တိုးတက်လာအောင် ကြိုးစား တယ်။ ဒါဟာ ကိုယ့်ကိုကိုယ် အလေးထား တာပါ။
ကိုယ့်ကိုကိုယ် အလေးထားတယ်ဆိုတာ ဘာလဲ။
ငါဟာ အခု အင်မတန်တန်ဖိုးရှိတဲ့ လူ့ဘ၀ကို
ရောက်လာပြီ။ မျက်စိကောင်း နားကောင်း
အသိဥာဏ်ရှိတယ်။
လူ့ဘဝမှာလည်းပဲ ပြည့်ပြည့်စုံစုံရှိတယ်။
မြတ်စွာဘုရား သာသနာတော်ကြီးကလည်း
ထွန်းကားနေတယ်။
ဘုရားဟောတဲ့ တရားတွေကို တို့သိရှိခွင့်တွေ
ရနေတယ်။ အဲဒီလို လူလည်းဖြစ်တယ်။
အသိဉာဏ်လည်းရှိတယ်။
ဘုရားဟောတဲ့ တရားတွေလည်း သိရှိခွင့်တွေ
ရနေတယ်။ ငါ့မှာ ဒီလောက်အခြေအနေတွေ ကောင်းနေတာ ။
စားဝတ်နေရေးတွေ လုံးပမ်းပြီး အပျော်အပါး
တွေလိုက်ပြီးတော့ ဘဝတစ်ခုကို အဆုံးသတ်မယ်
ဆိုရင် ငါ့အဖို့ ဘာတန်ဖိုးမှ ရလိုက်မှာ မဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ စားဝတ်နေရေးဟာ
တိရစ္ဆာန်လည်း လုံးပမ်းတာပဲလေ။
သူတို့လည်း သူတို့ဘာသာ သူတို့ စားစရာတော့
ရှာကြတာပဲ။ သူတို့ အတိုင်းအတာအလိုက် သူ့စား၀တ် နေရေး ရှာတာဟာ ဆန်းတဲ့ကိစ္စ မဟုတ်ပါ။
ဘဝတစ်ခု ရပ်တည်နိုင်ဖို့အတွက် ရှာတာပါ။
အပျော်အပါးဆိုတာ လူတွေသာရှိတာ မဟုတ် ဘူး။ တိရစ္ဆာန်တွေမှာလည်း ရှိတာပါပဲ။
ဒီတော့ အပျော်အပါးတွေနဲ့ စားဝတ်နေရေး
လုံးပမ်းမှု ဆိုတာတွေနဲ့ ဘဝတစ်ခုကို အဆုံး သတ်လိုက်မယ်ဆိုရင် ငါ့မှာဘာတန်ဖိုးမှ ရလိုက်မှာ မဟုတ်ပါ။အင်မတန်တန်ဖိုးရှိတဲ့ လူ့ဘဝကြီးတစ်ခုလုံးဟာ လက်လွတ်ဆုံးရှုံးသွားတော့မှာပါ။
အခုလို အသိဉာဏ်ရှိနေတဲ့ဘ၀မှာ
ကိုယ်ကျင့် သီလကောင်းအောင် ငါကြိုးစားမယ်။
အနည်းဆုံး ငါးပါးသီလလုံအောင် ကြိုးစားမယ်။ ဥပုသ်နေ့တိုင်း ဥပုသ်နေ့တိုင်း ရှစ်ပါးသီလ ဆောက်တည်မယ်။နေ့စဉ်နဲ့အမျှ ဒါနကောင်းမှု ငါပြုနိုင်အောင် သတိထားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အလေးထားတာပါ။
လောကလူတွေက ဒါနကောင်းမှု မလုပ်တာက
မရှိလို့မဟုတ်ပါ။ များသောအားဖြင့် မေ့လို့မလှူကြတာပါ။
ဒါနကောင်းမှုဆိုတာက ကိုယ့်အိမ်မှာ နေ့စဉ်
ထမင်းချက်တဲ့ထဲက ဆွမ်းလေးတစ်ဇွန်း သံဃာတွေ လောင်းလည်း ဒါနကောင်းမှု ဖြစ်ပါတယ်။
လောကလူတွေဟာ အသိဉာဏ်အားနည်းလို့ ကိုးကွယ်မှု အတုယူမှုတွေ အလွန်လွဲမှားတယ်။ ယုံကြည်မှုတွေ သိပ်များပြီးတော့ အသိပညာနည်းပါးပြီ ဆိုလို့ရှိရင် မယုံသင့်တာတွေပါ ယုံလာကြပါတယ်။
အဲဒီတော့ လောကကြီးမှာ ကိုယ့်ကိုယ်ကို
ငါလို ပုဂ္ဂိုလ်ဟာ အသိဉာဏ်ရှိပြီး ဘုရားသာသနာတော်နဲ့တွေ့ကြုံနေရတယ်။ငါလိုပုဂ္ဂိုလ်ဟာ တရားဓမ္မကို ဆင်ခြင်စဉ်းစား လိုက်မယ်ဆိုရင် ဒီဘ၀မှာပဲတစ်မဂ်တစ်ဖိုလ် ရရှိနိုင်တယ်။
ဒါကြောင့်မို့ ငါဟာ ကိုယ့်ကိုယ်ကို ပြင်ရမှာပဲ။
ကိုယ့်ကိုယ်ကို အလေးထားရပါမယ်။အကယ်၍များ ငါ ဒီဘ၀မှာ မပြင်လိုက်ဘူး ဆိုလို့ရှိရင် ငါ့ရဲ့ဘဝဟာ ကြီးပွားတိုးတက်ဖို့ မရှိနိုင်ပါ။
အဲဒါကြောင့်မို့ ကြီးပွားတိုးတက်အောင်
ကိုယ့်ကိုယ်ကို မကောင်းတဲ့လမ်း မသွားမိအောင် ကောင်းတဲ့လမ်း လျှောက်မိအောင် ငါပြင်ရမယ် လို့ ကိုယ့်ကိုယ်ကို အလေးထားရပါမယ်။
ကိုယ့်ကိုယ်ကို အလေးထားပြီးတော့
ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးတော့ စဉ်းစားရပါမယ်။
ဒါကြောင့် တရားချစ်ခင်
ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း
မိမိကိုယ်ကိုမိမိ အလေးထား၍
မိမိရဲ့ပတ်၀န်းကျင်လောကကြီးကို အလေးထား၍
မြတ်စွာဘုရားဟောကြားတဲ့ အမှန်တရားတွေကို အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ကြတယ်။
ကောင်းအောင် ပြင်တယ်ဆိုတာ
မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်
အကုသိုလ်တွေ ဖယ်နိုင်အောင် ကြိုးစားတယ်။
ကုသိုလ်တွေကို တိုးပွားလာအောင်ကြိုးစားတယ်။
အကုသိုလ်မှန်သမျှရှောင်လို့ ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်ကြတယ်။ အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။
ဒီလိုလုပ်မှသာလျှင် လူ့ဘဝတစ်ခု ရလာရကျိုး
ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာလို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

🙏454❤66👍24
အရင်ခေတ်တုန်းကတော့ လွှတ်တော် မရှိလို့ NCA က ရုပ်လုံး မကြွဘူးလို့တော့ ဆိုနိုင်ပါတယ်။ အရင်ခေတ်ဆိုတာက ဒီ ၅ နှစ်သက်တမ်းကာလကို ပြောတာပါ။ ရှေ့ပိုင်းကာလ ၂ နှစ်လောက်မှာတောင် UWSA ကိုယ်တိုင် ရုပ်တည်ကြီးနဲ့ နပတ ဆင်းလာ။ ပြီးတော့ ၁၀၂၇ ရဲ့ နောက်ကွယ်က လက်မဲကြီး လုပ်ပြတော့ တပ်မတော်အတွက်ကတော့ အတော်လေး အောင့်သက်သက်ပါပဲ။
------
ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ တာဝန်ရှိသူတစ်ယောက်က NCA လမ်းအတိုင်းပဲ လျှောက်မယ်လို့ ဆိုထားလေတော့ .....အစိုးရသစ်ကာလ မတက်ခင်မှာ ငြိမ်းချမ်းရေး အတွက် အစပျိုးထားနိုင်ရင်လည်း မဆိုးဘူးလို့ မြင်မိပါတယ်။ ဒါက လွှတ်တော် ပေါ်လာတာနဲ့ အတည်ပြုစရာရှိတာပြု၊ ပြင်စရာ ရှိတာ ပြင်တာ တွေ ချက်ချင်း လုပ်နိုင်တာပေါ့။ နောက်တစ်ခုကNCA + ဆိုတဲ့ စကားလုံးတွေကလည်း မနှစ်မြို့စရာပါ။ NCA မှာ မူတွေရှိပြီးသားပဲ၊ ယုံကြည်လို့ လက်တွဲကြတဲ့ အပေါ်မှာ ဝှေ့ဝိုက် မနေကြတာ ပိုကောင်းပါတယ်။ ယာယီသမ္မတပြောသလို ဖြစ်သင့် ဖြစ်ထိုက်တာလောက်ပဲ သွားကြတာ ကောင်းပါတယ်။
------
လက်ရှိ ကူမင်း အပစ်အခတ် ရပ်စဲရေးဟာ ဘာတွေ သဘောတူညီချက်ရထားလည်း ဆိုတာ မသိနိုင်သေးခင်မှာ MNDAA ရဲ့ လူသစ်စုတဲ့ ကိစ္စရပ်တွေက လက်သင့်ခံစရာ မရှိပါဘူး။ အပစ်အခတ်ရပ်စဲရေးမှာ ဒီအချက်တွေ လုပ်ခွင့်မရှိဘူးလို့လည်း ထင်ပါတယ်။ ဒီကာလ စစ်သုံးပန့်တွေ လွှတ်ပေးတယ်ဆိုပေမယ့် လက်ရှိ လူသစ်စုဆောင်းမှု အခြေအနေက စစ်ရေးတင်းမာမှု ထပ်ဖြစ်ရင် ကိုးကန့် လူမျိုးစုတွေမနာစေမယ့် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ အကွက်ပါပဲ။ လူသစ်စုခံရတဲ့ သူတွေဟာ ကိုးကန့်အတွက် ရှေ့တန်း ခံစစ်စည်း ဖြစ်လာမယ့် သဘောပါ။
------
လက်ရှိ ကချင်နဲ့ စစ်ကိုင်း အစပ်က မြို့တွေ အတိုက်ခံနေရတာကလည်း ဒီသဘောတရားပါပဲ။ အချိန်တန်လို့ တပ်မတော်က ထိုးစစ်ပြန်စရင် ဒီမြို့တွေ ပြန်ရနိုင်တယ် ဆိုပေမယ့် လက်တွေ့အရတော့ မြို့တွေ ပျက်ပါတယ်။ စစ်ရှောင်တွေ များပါတယ်။ အနည်းဆုံးတော့ စစ်ဘောင်ကျယ်တဲ့ ဒုက္ခကို အစိုးရရော၊ တပ်ရော ရင်ဆိုင်ထားရမယ့်သဘောပါ။ တချိန်ချိန်....ဒီမြို့တွေရဲ့ အစိုးရပိုင်းဆိုင်ရာ အဆောက်အဦတွေ၊ ပြည်သူ့အိုးအိမ်တွေအတွက် ပြန်လည်တည်ဆောက်ရေးပိုင်းဆိုင်ရာမှာ ငွေကြေးကုန်ကျရမှာကလည်း တိုင်းပြည် ဘဏ္ဍငွေတွေပါ။ KIA ပျိုးထားတဲ့ Proxy war က မြစ်ကြီးနားကို ပတ်ပတ်လည် ထိန်းချုပ်ထားသလို တဖက်မှာလည်း ဒီနယ်မြေတွေ ပြန်သိမ်းပိုက်ဖို့ ကြိုးစားရင်းနဲ့ တပ်အင်အားကို ချိနဲ့စေမယ့် သဘောပါပဲ။
-------
NCA အတိုင်းသွားမယ် ဆိုရင်လည်း လွှတ်တော် ပေါ်ပေါက်ချိန်မှာ ဒီအရွေ့တွေ အထမြောက်ဖို့ ခပ်မြန်မြန် အကောင်အထည်ဖော်ရမယ့် အခင်းအကျင်းလို့ပဲ တွေးမိပါတယ်။ အိမ်နီးချင်း တရုတ်ကိုလည်း လက်နက်ကိုင် အခင်းအကျင်းရှိ မရှိမှ စီးပွားရေး စင်္ကြံအောင်မြင်မယ့် မက်ဆေခ်ျ့မျိုး ပွင့်ပွင့်လင်းလင်း ညှိနိုင်ရင်လည်း မဆိုးပါဘူး။ တရုတ်ကိုယ်တိုင်က အစိုးရနဲ့ တပ်ကို ထိန်းညှိဖို့ EAO နဲ့ တပ်ကို ကြားချ ဆက်ဆံပြီး လက်နက်ကိုင်တွေ ဆက်ရှိစေဖို့ ဆန္ဒရှိနေရင် တော့ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ထူထောင်ဖို့က ခက်ခဲသွားနိုင်မလားပဲ။
------
သေချာတာကတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နှစ်နိုင်ငံ အကြီးအကဲတွေရဲ့ အပြန်အလှန် ယုံကြည်မှု၊ အကျိုးစီးပွားဆိုင်ရာ ရှေးရှုမှုနဲ့ သံခင်းတမန်ခင်းတွေကပဲ စကားပြောသွားမယ်လို့သာ ယူဆမိပါတယ်။

👍480❤85🥰4👎3
သဘောကတော့ ၂၀၀၈ ခြေဥမလိုဘူး ဆိုတဲ့ အထာပါပဲ။
စစ်နိုင်အောင်တိုက်။ ရထားတဲ့ နယ်မြေကို နိုင်ငံရေး နည်းလမ်းအရ အပေးအယူ ညှိမယ်ဆိုတဲ့ သဘောပေါ့လေ။
ရှမ်းမြောက်က ဆုံးရှုံးထားတဲ့ နယ်မြေတွေ၊ ရခိုင်ပြည်နယ်ဘက်က မြို့နယ်တွေကို ၂၀၀၈ ခြေဥနဲ့ မူလအခြေအနေ ပြန်ရောက်ဖို့ ဘယ်လို စီမံမလဲ ဆိုတာ အဓိက စိန်ခေါ်ချက် ဖြစ်လာမယ် ထင်ပါတယ်။
စစ်နိုင်အောင်တိုက်လို့၊ ရသာ အကုန်ယူကြေးဆိုရင်....

👍548❤71🤬15👎5🤔4👌4🥴4🔥1🙏1😎1
ဘဝဆိုတာ ကိုယ့်ကိုယ်ကိုထိန်းကျောင်းရမှာ ဖြစ်တယ်။
လောကမှာ သူများဆုံးမဖို့ လွယ်တယ် ၊ ကိုယ့်ကိုယ်ကို ဆုံးမဖို့ခက်တယ် ။
ခေါင်းအမာဆုံးက ကိုယ့်ကိုယ်ကို ဆုံးမဖို့ ခက်ခဲခြင်းပဲ ဖြစ်တယ်။
သူများကို ဆုံးမရတာ လွယ်သလောက် ကိုယ့်ကိုယ်ကို ဆုံးမဖို့က ခက်ခဲတယ်ဆိုတာ ဒါ အမှန်ပဲနော်
မြတ်စွာဘုရား ကိုယ်တိုင်က အတ္တာဟိ ကိရ ဒုတ္တမောတဲ့ ကိုယ့်ကိုယ်ကို ဆုံးမဖို့ဆိုတာ အလွန်ခက်ခဲတယ်တဲ့နော်
အဲ့တော့ ကိုယ့်ကိုယ်ကို ဆုံးမနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ရဟန္တာ ဖြစ်သွားကြတယ်။
အနည်းဆုံး တရားထူးတရားမြတ်တွေ ရသွားကြတယ်
ဒီထက် ပိုဆုံးမနိုင်လို့ဆိုရင် အဂ္ဂသာဝကဆိုတဲ့ မြတ်စွာဘုရားရဲ့တပည့်သားတွေ ဖြစ်သွားကြပြီ
ထူးမြတ်တဲ့ တပြည့်သာဝက
အဖြစ်သို့ ရောက်သွားပြီ။
အကောင်းဆုံး ဆုံးမနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့ ဘုရားအထိ ဖြစ်သွားကြပြီ။
အဲ့ဒီပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကိုဆုံးမကြလို့ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်တယ်။
သူများဆုံးမတာ မဟုတ်ဘူး
သူများ ဆုံးမလို့ရတယ်ဆိုတာမျိူးမရှိဘူး
ကိုယ့်ကိုယ်ကို ဆုံးမကြရမယ် ဆိုတာကို သတိထားဖို့ လိုအပ်တယ်ပေါ့နော်။
အဲ့တော့ ပညာရှိ သူတော်ကောင်းတို့ရဲ့စံနမူနာတွေကို အတုယူပြီးတော့ ဘဝသင်ခန်းစာနဲ့ ကိုယ့်ကိုယ်ကိုဆုံးမကြရမှာ ဖြစ်တယ်နော်
ပါမောက္ခချုပ်
ဆရာတော်ဘုရာကြီး

🙏459❤47👍26🥰6
ကိုယ်တွေ နိုင်ငံမှာက....ဆီဈေးတက်ရင် ကုန်ဈေးနှုန်းကလည်း အော်တိုလိုက်တက်တယ်။ ရွှေဈေး တက်တော့လည်း မြန်မာပြည်က သူတွေအတွက် ရွှေဟာ မရှိတန်ဆာ၊ ရှိဝမ်းစာ ဆိုတော့လည်း ရွှေဈေးလှုပ်ရင် ကျန်တဲ့ ကုန်ပ္စည်းကလည်း တက်ကုန်ရော။ ကမ္ဘာ့ရွှေဈေးတက်တာကခဏထား၊ ကိုယ်တွေ မြန်မာပြည်က ရွှေဆိုင်အများစုက ဘောင်ချာမှာ ဝယ်တော့ အစိုးရဈေး၊ ပြန်ရောင်းရင် ၄၊ ၅၊ ၆ သိန်း ခွာတော့လည်း ပြည်သူက တိုင်ရမလဲမသိ။ ဒီကြားထဲ အလေးချိန် အသစ်/ အဟောင်းစနစ် ပြောင်း ပြန်တော့ နားမလည်တဲ့သူဆို နှစ်ဆ ကြိတ်ပြန်ရော။ တစ်ချို့ ဆိုင်တွေအလျော့တွက်လက်ခကလည်း မတရားစား။ ကမ္ဘာ့ရွှေဈေးတက်ရင်လိုက်တက်၊ ကမ္ဘာ့ရွှေဈေးကျရင် ရူးချင်ယောင်ဆောင်ပြီး ဆိုင်ပိတ် ထား။ ဒီလိုနဲ့ ပြည်သူတွေက အံကြိတ်ခံနေရတာ နှစ်တော်တော်ကြာခဲ့ လောက်ပြီ။
---------
နောက်... ကိုယ်တွေနိုင်ငံမှာ ရွှေတစ်ခုတည်း ဒီလို အကျင့်ယုတ်တာလားဆိုတာ မဟုတ်ဘူး။ ကုန်ဈေးနှုန်းတွေ ဘယ်လောက်တက်တက် တောင်သူတွေရဲ့ စပါးဈေးက မတက်ဘူး။ တောင်သူတွေလည်း ဈေးရ၊ အစိုးရက မျိုးမှန်၊ နည်းစနစ်မှန်ပေး၊ စီးပွားရေး သမားက ဈေးကွက်သေချာရှာ၊ ပေါက်ဈေးဝယ်။ ဒီလိုသွားသင့်တာမဟုတ်ဘူးလား။ ခုတော့ စပါးထွက်ရင် တောင်သူတွေဆီက နှိမ်ဝယ်။ တကယ်တော့ တမင်ကို ချပြီး ဝယ်ကြတာ။ ဒီတောင်သူတွေက ဒီစပါးအတွက် ရှိသမျှ ပေါင်နှံပြီး အကြွေးနဲ့စိုက်။ ပေါက်ဈေးအတိုင်း မရောင်းပြန်ရင်လည်း နောက်နှစ်အတွက် အကြွေးဝန်ထပ်ပိပြန် ဆိုတော့ ဘယ်ဘက်ကကြည့်ကြည့် ခံဘက်ကချည်းပဲ။
---------
ဒီတော့ ပြည်သူတွေ အဆင်ပြေ ပါစေဆိုပြီး ဖွဲ့ထားတဲ့ ဘာကုန်သည်ကြီးများအသင်း၊ ညာကုန်သည်ကြီးများအသင်းဆိုရင် ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့လောက် ချောင်းနေ ကြတာက ခပ်များများရယ်။ ဒီလို အသင်းအဖွဲ့ကြီးမှာရှိတဲ့ လူအုပ်စု တစ်စုကပဲ ချမ်းသာ ပြီးရင် ချမ်းသာသွားကြ တာများတယ်။ ဆေးဝါးဆိုလည်း ဆေးဝါး၊ ဆီဆိုလည်း ဆီ၊ ခု ရွှေဆိုရင်လည်း ဥက္ကဋ္ဌက အစ ဝယ်စု၊ အမြတ်ကြီးစား ပြန်တင်ရောင်းနေမှတော့ ရွှေဈေး မငြိမ်တာ သိပ်တော့ ဆန်းမနေဘူး။
--------
နောက်တစ်ခုက မြန်မာပြည်ရဲ့ အိမ်၊ခြံ၊ မြေဈေးကွက်နဲ့ ကားဈေးကွက်လည်းရှိသေးတယ်။ နိုင်ငံခြားဆိုမှာရင် အိမ် ၁ အိမ်ထက်ပိုဝယ်ထားရင်...အခွန်တိုးကောက်တဲ့ စနစ်လေး ထားကြည့်။ ဒါဆိုရင် အိမ်၊ခြံ၊မြေလည်း အဲလောက် ကစားလို့ ရမယ်မထင်ဘူး။ ဝယ်ထားကြမယ် မထင်ဘူး။ မြန်မာပြည်ရဲ့ ဆန်၊ ဆီ(စက်သုံး၊စားသုံး)၊ ရွှေ၊ မြေ ဈေးကွက် တွေ ကို ထိုက်သင့်သလို မထိန်းချုပ်ဘူးဆိုရင် လူတန်းစား ကွာဟချက် တဖြည်းဖြည်း ကြီးမား လာမှာပဲ။ ကြာရင် ဘာဖြစ်လာမလဲဆိုတော့....ရွှေမစုနိုင်၊ မြေမစုနိုင်တဲ့ လူတန်းစားတွေက ဒီဟာတွေ ဈေးလိုက်တက်တိုင်း ကုန်ဈေးနှုန်းကြီးတာကို ကျော့ကော့ နေအောင် ခံနေရတော့...နောက်ဆုံး စီးပွားရေးအဆင်မပြေမှုဆိုတဲ့ ရီဗော်လူးရှင်းကို လာဆောင့်ကြလိမ့်မယ်။
--------
စီးပွားရေးလုပ်တာက လက်ခံပေးလို့ရပါတယ်။ ဂုတ်သွေးစုတ်တာမျိုးကြတော့...ခုလို ထိထိရောက်ရောက် အရေးယူပြတာက ပိုကောင်းပါလိမ့်မယ်။

👍604❤105👏27🙏3🥴3🥰1
စီးပွားရေး ပါဝါကို ခရိုနီတွေဆီ လုပ်ကွက်ပေးတာကလည်း တပိုင်းသပ်သပ်ပေါ့။ အစိုးရဆီ မှာလည်း ထိုက်သင့်သလို ချိန်ထိုးနိုင်တဲ့ ၊ တနည်းအားဖြင့် Balance လုပ်နိုင်မယ့် စီမံ ကိန်း လေးတွေ ရှိထားရင်လည်း ကောင်းတယ်လို့ မြင်မိတယ်။
-----
ဥပမာ စက်သုံးဆီအတွက် နိုင်ငံတော်က အခါအားလျော်စွာ နိုင်ငံခြားငွေ ရောင်းချ ပေးနေရ တာတွေလည်း ရှိတာပဲ။ ဒီဒေါ်လာငွေကြေးတွေဆိုတာက... အစိုးရက သတ်မှတ် ပေါက်ဈေးအတိုင်း ရောင်းချပေးထားတာလည်း ဖြစ်တယ်။ နိုင်ငံခြားငွေ ယိုစီးမှုကို ထိန်းဖို့ ကားတင်သွင်းခွင့်တွေကို ပိတ်ထားပြန်တော့ ပြည်တွင်းကားဈေးကွက်တန်ဖိုးက အမြင့် အနေအထားမှာပဲရှိတော့တယ်။ ဒီအနေအထားမှာ သာမန် ပြည်သူ၊ ဝန်ထမ်းတွေအနား မကပ်နိုင်ကြတော့ဘူး။
-------
ဒီတော့ စက်သုံးဆီကဏ္ဍကို ဖြေရှင်းဖို့ ၂ နည်းပဲရှိလိမ့်မယ်။ တနည်းက ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်တဲ့ ရေအားလျှပ်စစ်ကဏ္ဍကို တိုးတက်အောင်လုပ်။ ဒါမှ EV ကားတွေရဲ့ အခန်းကဏ္ဍ ရော၊ ထုတ်ကုန်တန်ဖိုးတွေပါ အတိုင်းအတာတစ်ခုအထိ ချနိုင်လိမ့်မယ်။ လောင်စာ တန်ဖိုးကျရင်...ကုန်ပစ္စည်း သယ်ယူစရိတ်တွေပါ အလိုလို ဈေးချနိုင်လိမ့်မယ်။ နောက် တစ်ခုက ပြည်တွင်းသန့်စင်တဲ့ စက်ရုံတွေကို အဆင့်မြှင့်တင်နိုင်ဖို့ လုပ်ရမယ်။
-------
LNG ဟာ ရေရှည်ကုထုံးမဟုတ်လို့ လျှပ်စစ် အတွက် ဦးစားပေး ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာထားနိုင်ဖို့ လိုလိမ့်မယ်။ ပုံမှန် နွေရာသီကာလမှာတောင် ရေအားသိုလှောင်မှုနည်းလို့ လျှပ်စစ် လျော့နည်းထုတ် ရတဲ့ မြန်မာနိုင်ငံအတွက်၊ ဒီကာလ PDF တွေရဲ့ ဖျက်ဆီးမှု အချိုးအစား။ ဒါတွေက အစိုးရ သစ်အတွက် စိန်ခေါ်မှု ဖြစ်လာစေလိမ့်မယ်။

👍491❤80🥴6👎1
မြန်မာနိုင်ငံမှာ Polytechnic ကျောင်းတွေ ရှိလာတယ်။
ကျောင်းတွေမှာ တီထွင်မှုနဲ့ Lab ခန်းတွေ အသုံးချနိုင်မှုကနေ လက်တွေ့ လုပ်ငန်းခွင်နဲ့ ပေါင်းကူးပေးနိုင်ဖို့ အစိုးရအနေနဲ့ စပ်ဟပ်ပေးလိုက်ရင် .....
နည်းပညာပိုင်းပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးပိုင်းပဲ ဖြစ်ဖြစ်၊ စိုက်ပျိုးရေးပိုင်းပဲ ဖြစ်ဖြစ် အသုံးဝင်တဲ့ အရာတွေ ဖြစ်လာစေလိမ့်မယ်။
သိပ္ပံ၊ ဝိဇ္ဇာ သုတေသန စင်တာတွေ အားကောင်းလာတာနဲ့ Research အပိုင်းတွေလည်း တိုးတက်လာလိမ့်မယ်။
နောက် ၅ နှစ်မှာ တောထဲနေပြီး လူမသိ၊ သူမသိ ဘဝပျက်ခံမလား၊ အနာဂတ်မှာ နည်းပညာနဲ့ လုပ်ငန်းခွင်မှာ သဟဇာတဖြစ်အောင် နေကြမလား။
လူငယ်တော့ လူငယ်ပဲ။ စာသင်ခန်းတွေ ပြစ်ပြီး လက်နက်ကိုင်သွားကြတဲ့ ကလေးတွေရဲ့ အနာဂတ်ဟာ နှမြောစရာ။ တကယ်တော့ ....ဘဝဟာ ကိုယ်ရွေးချယ်တဲ့ အတိုင်းပဲ ကိုယ်ပြန်ခံစားကြရမှာ မဟုတ်လား။

👍547❤94🥴4🥰2👎1