Kyimyindaing Scout Channel
183 subscribers
423 photos
52 videos
280 links
Download Telegram
YANGON URBAN GUERRILLAS - YUG အဖွဲ့အစည်း၏နှစ်သစ်ကူး ထုတ်ပြန်​ကြေငြာချက်
👏👏👏

" အ​ရေး​တော်ပုံ​အောင်ရမည် "

✊️✊️✊️
Forwarded from Y.S.D Scout Channel
2️⃣0️⃣2️⃣2️⃣ 👉👉👉 2️⃣0️⃣2️⃣3️⃣

ခရစ်နှစ် ၂၀၂၃ ခုနှစ်သို့ စတင်ကူး​ပြောင်းသည့်အချိန်ကာလမှစတင်ကာ ပြည်သူအများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်း၍ အကြမ်းဖက်စစ်အာဏာရှင်တို့၏ လူမဆန်စွာဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများမှ အလုံးစုံကင်းရှင်းပြီး ပြည်သူများအားလုံး လိုလား​တောင့်တ​နေ​သည့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံ​တော်သစ်ကို ရရှိပိုင်ဆိုင်နိုင်ကြပါ​စေ​ကြောင်း ကျ​နော်တို့ Y.S.D ညီအစ်ကို​မောင်နှမများအားလုံးမှ နှစ်သစ်ဆု​တောင်း​မေတ္တာပို့သလိုက်ပါသည်။
🙏🙏🙏🙏🙏🙏

အ​ရေး​တော်ပုံ​မုချအောင်မည့်နှစ်သစ်ဖြစ်ရမည် ✊️✊️


✍️ Youth Scout for Democracy - Y.S.D
တော်လှန်ပြည်သူတစ်ယောက် 🔴
တော်လှန်အကောင့်တစ်ခု 🔵

One Person One Account Campaign လူမှုကွန်ယက်ကို ပြန်လည်စိုးမိုးရေးလှုပ်ရှားမှု

လူမှုကွန်ယက်တွေကို ကျွန်တော်တို့ ပြန်စိုးမိုးဖို့လိုပါပြီ။

တော်လှန်ရေးအစကာလတွေတုန်းက အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးမှာတစ်နည်းနည်းနဲ့ပါဝင်ကြတဲ့ Facebook Account တွေကို တန်းစီ Print ထုတ်ပြီး အမှုဖွင့်ခဲ့ကြတာ၊ လိုက်လံဖမ်းဆီးခဲ့တာ၊ စစ်ကြောရေးမှာနှိပ်စက်ခဲ့တာ၊ ထောင်ဒဏ် ချမှတ်ခဲ့တာတွေ ကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။

ဒီလို ဖိစီးနှိပ်စက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ Facebook Account Lock ချတာ၊ တော်လှန်ရေးဆိုင်ရာပို့စ်တွေ မတင်တော့တာ၊ တော်လှန်ရေးဆိုင်ရာပို့စ်တွေကို မ Share ရဲတော့တာ၊ Like မလုပ်ဖြစ်တော့တာ၊ Comment မရေးတော့တာတွေ ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တော်လှန်ရေးအချိန်အတိုင်းအတာတစ်ခုအထိ ကြာလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီက အမိန့်၊ ငွေကြေး၊ လူအင်အားတွေကိုသုံးပြီး လူမှုကွန်ယက်တွေကို လွှမ်းမိုးဖို့ ကြိုးစားလာပါတယ်။

ဒါတွေရဲ့ အကျိုးဆက်အဖြစ် လူမှုကွန်ယက်တွေမှာ တော်လှန်ရေးဆိုင်ရာ ပို့စ်တွေ တော်တော်လေးနည်းလာတာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
NUG က ၂၀၂၃ ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” လို့ သတ်မှတ်ပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြရမယ့်အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ အသံ တလောကလုံးမှာ ပြန်ပြီး လျှံတက်ဆူညံလာစေရမယ်။

“မီးလျှံကြားက ဖီးနစ်ငှက် ပြန်လည်ရုန်းထပျံတက်သလိုမျိုး … လူမှုကွန်ယက်တွေကို ပြန်စိုးမိုးကြစို့”

-ကိုယ်နှစ်သက်တဲ့ အခြားနာမည်တစ်ခုနဲ့ Facebook အကောင့်သစ်တစ်ခုဖွင့်ကြမယ်

-အပြင်ထွက်ရင် ယူမသွားတဲ့ ဖုန်းတစ်လုံးနဲ့သုံးမယ်

-အသုံးပြုတဲ့အခါတိုင်း VPN ခံသုံးမယ်

-တော်လှန်ရေးဆိုင်ရာ ပို့စ်တွေကို အရင်လိုပဲပြန်တင်ကြမယ်၊ Like တွေပြန်ပေးမယ်၊ Share လုပ်ကြမယ်။

-ဒီသတင်းစကားကို သူငယ်ချင်း (၅) ယောက်ဆီ လျှို့ဝှက်ပြီး ပို့ကြမယ်။

-အခုပဲ စလိုက်ကြရအောင်ပါ။

အရေးတော်ပုံ အောင်ကိုအောင်ရမည်။

#SpringRevolution #PVTV
#OCTOPUS #ရေဘဝဲ
Kyimyindaing Scout Channel
Photo
တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ ပန်ကြားလွှာထုတ်ပြန်။
(၅ ဇန်နဝါရီ ၂၀၂၃)

အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသော “အတုအယောင် ရွေးကောက်ပွဲ”အတွက် “နိုင်ငံအတွင်းရှိ လူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်”ဟု ခေါင်းစဥ်တပ်၍ အကြိုမဲစာရင်းများကောက်ယူရန် ခြေလှမ်းပြင်လာခဲ့ပြီး သတ်မှတ်ကာလမှာ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ ဖြစ်ပါသည်။

အဆိုပါ ကိစ္စရပ်နှင့် စပ်လျဥ်း၍ တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်၊ မိမိတိုပတ်ဝန်းကျင်တွင် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများကို Telegram Scout channel များသိုဖြစ်စေ၊ သတင်းမီဒီယာများနှင့် သပိတ်အင်အားစုများ၏ လူမှုကွန်ရက် (Facebook) စာမျက်နှာများသို ဖြစ်စေ အချိန်နှင့် တပြေးညီ သတင်းပေးပိုကြပါရန်၊ အခြေအနေ အရပ်အရပ်ကြောင့် လူဦးရေစာရင်းပေးရပါကလည်း သတင်းအချက်အလက် အမှားများသာ ပေးကြရန် စသည်ဖြင့် ပန်ကြားနှိုးဆော်တိုက်တွန်းပါတယ်။

သတင်း​ပေးပို့မှုများအားလုံးကိုလည်း သတင်း​ပေးပို့သူများလုံခြုံ​ရေးအတွက်ဦးစား​ပေး၍ သတင်းများစုစည်း​ထိန်းသိမ်းပေးသွားမည်ဖြစ်သည့်အတွက် မိမိသတင်း​ပေးသည့်ကိစ္စ​ပေါက်ကြားမည်ကို မစိုးရိမ်ကြပါရန်လည်း​ပြောကြားလိုပါတယ်။

@YSDinformer
တိုက်တိုင်းရှုံး ပစ်တိုင်းသေ အဲ့ဒါစစ်ခွေးတွေ ❗️
(ပြည်သူ့ကျိန်စာ)

ယနေ့ လုံခြုံရေးတင်းကျပ်၍ လူဦးရေသန်းခေါင်းစာရင်းများကောက်ယူနေသည့် ရန်ကုန်မြို့တစ်နေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ" တိုက်တိုင်းရှုံး ပစ်တိုင်းသေ အဲ့ဒါစစ်ခွေးတွေ " ပြည်သူ့ကျိန်စာ စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

နိုင်ငံတစ်ဝှမ်းဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး တွန်းလှန်စစ်တိုက်ပွဲများအားလုံး ဘေးကင်းအောင်မြင်ကြပါစေကြောင်းနှင့် နိုင်ငံတော်၏ ဘုံရန်သူဖြစ်သော စစ်အာဏာရှင် မင်းအောင်လှိုင် နှင့် နောက်လိုက်အပေါင်းအပါများအားလုံး တိုက်တိုင်းရှုံး ပစ်တိုင်းသေပါစေကြောင်း ပြည်သူလူထုနှင့်အတူနှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဇန်နဝါရီ ၈၊ ၂၀၂၃ ခုနှစ်

#OCTOPUS #ရေဘဝဲ
Media is too big
VIEW IN TELEGRAM
သပိတ်မှောက်ရမည့် PTT ၏ထုတ်ကုန်များ
Kyimyindaing Scout Channel
Photo
ထပ်မံအသိပေးနှိုးဆော်ချက်

ပြည်သူလူထုများခင်ဗျာ -
အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကောက်ယူဖို့ဆိုပြီး မနက်ဖြန် ၉ရက်နေ့ကစလို့ ၃၁ရက်နေ့အထိ ၂၃ရက်တာ တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်မယ့်လုပ်ငန်း စတင်တော့မှာဖြစ်ပါတယ်။

ဒီလိုကောက်ယူတာဟာ စစ်တပ်ရဲ့ ထွက်ပေါက် ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့အတွက်သာမက CDMဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးမှာပါဝင်တဲ့ လူငယ်တွေပြည်သူတွေအပေါ် ပစ်မှတ်ထားရှာဖွေဖော်ထုတ်ဖို့ စီစဉ်တဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။

စစ်တပ်ရဲ့လုပ်ရပ်မှန်သမျှဟာ ပြည်သူကိုကောင်းကျိုးပြုခဲ့တာတစ်ခုမှမရှိတဲ့အပြင် ပြည်သူတွေကိုဖိစီးနှိပ်စက်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီကလုပ်မယ့် ခြေလှမ်းမှန်သမျှ အသက်ရူပေါက်မှန်သမျှကို လူထုအားနဲ့ပိတ်ဆို့တိုက်ဖျက်နိုင်ဖို့ဟာ ၂၀၂၃ ရဲ့ အဓိကကျတဲ့လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုတွေအနေနဲ့ -

၁။ တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းကောက်ယူမှုကို ငြင်းဆန်၊ မပူးပေါင်းရန် ၊
၂။ အတင်းအဓမ္မ ခြိမ်းခြောက်မှုများရှိလာပါက ရသည့်နည်းလမ်းဖြင့် မှတ်တမ်းတင်ထားရန် ၊
၃။ မတရားခြိမ်းခြောက်မှုကြောင့် လူဦးရေစာရင်းပေးရပါကလည်း အချက်အလက်အမှားများသာ ပေးရန် ၊
၄။ မိမိတို့ပတ်ဝန်းကျင်ရှိ လူဦးရေစာရင်းကောက်ယူမှုအခြေအနေကို Telegram scout channel များ၊ သတင်းမီဒီယာများနဲ့ သပိတ်အင်အားစုများရဲ့ facebook စာမျက်နှာများသို့ အချိန်နှင့်တပြေးညီပေးပို့ရန်
၅။ လူဦးရေစာရင်းကောက်ယူရမှာပါဝင်တဲ့ စစ်ကောင်စီလက်အောက်ခံ လဝက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ဒလန်သတင်းပေးများကို သေချာမှတ်သားထားပြီး အမျိုးသားညီညွတ်ရန် အစိုးရရဲ့ အောက်ပါ  ဝန်ကြီးဌာနများသို့ သတင်းပေးပို့တိုင်ကြားရန် အတွက် ထပ်မံအသိပေးနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

သတင်းပေးပို့တိုင်ကြားရန်:
၁) PVTV Myanmar
https://t.me/pvtvmyanmarinfo

၂) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
https://www.facebook.com/mohaimyanmar/?mibextid=ZbWKwL

၃) တရားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
https://www.facebook.com/MoJNUG?mibextid=ZbWKwL

- တရားမဝင်အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ
- လုံးဝအုပ်ချူပ်ခွင့်မရစေရ
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ကြရန်နှင့် ပြည်သူများအား တော်လှန်ရေးနှင့်သက်ဆိုင်သည့် သတင်းစကားများပြောကြားကာ လှုံ့ဆော်မှုပြုလုပ်ခြင်း
Forwarded from Y.S.D Scout Channel
COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၁၄-၁-၂၀၂၃)

🔴 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ပြီးခဲ့သည့် တစ်လအတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှုမှာ ယခင်လထက် ၁၀ ရာခိုင်နှုန်း မြင့်မားပြီး သေဆုံးသူဦးရေမှာ ၂၂ ရာခိုင်နှုန်းထိ မြင့်တက် လာသည်ကို တွေ့ရပါသည်။

🔴 ယခုလက်ရှိအချိန်၌ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါလူနာသစ်တွေ့ရှိမှုအများဆုံးနိုင်ငံများမှာ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ် နှင့် ဘရာဇီးနိုင်ငံတို့ ဖြစ်ပြီး၊ သေဆုံးမှုအများဆုံးနိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ ဘရာဇီး၊ တရုတ် နှင့် ပြင်သစ်နိုင်ငံတို့ ဖြစ်ပါသည်။

🔴 ယခင်တွေ့ရှိခဲ့ပြီးဖြစ်သည့် BA.2 မှ မျိုးရိုးဗီဇပြောင်းလဲလာသည့် XBB.1.5 မျိုးကွဲသည် အမေရိကန်နိုင်ငံတွင် အများဆုံးတွေ့ရှိနေရပြီး နိုင်ငံပေါင်း (၃၈) နိုင်ငံတွင် ပျံ့နှံ့လျက်ရှိပါသည်။

🔴 အဆိုပါမျိုးကွဲကြောင့် တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါအသစ်ဖြစ်ပွားမှုနှုန်း များပြားလာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားပါသည်။

🔴 COVID-19 ရောဂါအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ဖြစ်ပါသည်။

#NUGMOH
Media is too big
VIEW IN TELEGRAM
စနေနေ့တိုင်းအဖြေပေးနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….
အကြမ်းဖက်စစ်အုပ်စုအနေနှင့် မြန်မာပြည်သူလူထုကို နေ့စဉ်သတ်ဖြတ်လျက်ရှိပါသည်။ ဒီလိုတွေဘာကြောင့်လုပ်နေနိုင်တာပါလဲ???
ရေနံနဲ့သဘာဝဓာတ်ငွေ့ကရတဲ့ပိုက်ဆံတွေအများကြီးရှိနေလို့ ပဲဖြစ်ပါတယ်။
အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ သွေးစွန်းငွေကို ဖြတ်တောက်ကြပါစို့။
Forwarded from Zin Thaw Naing (Zzz)
▪️ရှက်သင့်တာကို ရှက်ကြပါ

ပြီးခဲ့တဲ့ ၂ နှစ်က ခွေးပု အာဏာလုပြီးတဲ့ နောက်မှာ လူတွေ တော်တော်များများက ကိုယ့်ရဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်တွေ၊ စီးပွါးရေး လုပ်ငန်း ကိုင်ငန်းတွေ အကုန် ရပ်တန့်ပြီးတော့ တော်လှန်ကြတယ်။ ဆန့်ကျင်ကြတယ်။ ဒါပေမယ့် အချိန်တစ်ခု အရောက်မှာတော့ စားဝတ်နေရေး အတွက်ရော၊ တော်လှန်ရေး လုပ်နေတဲ့ သူတွေကို ပံ့ပိုးနိုင်ဖို့ အတွက်ပါ ကိုယ့်အလုပ်တွေ ကိုယ်ပြန်လုပ် ကြရတယ်။ ဒီအထိက ပြဿနာ မရှိသေးဘူး။ တဖြည်းဖြည်း အချိန် ကြာလာတဲ့ အခါ ဒါဟာ ရှက်စရာကြီး ပါလား ဆိုတာကိုပါ လူတွေက မေ့လာတာပဲ။

ဟ။ ကိုယ့်အလုပ် ကိုယ်လုပ်တာ ရှက်စရာလား ဆိုပြီး မေးစရာ ရှိတယ်။ ဥပမာ ပြောရရင် ခင်ဗျားတို့၊ ကျွန်တော်တို့က ခေါင်မိုးပေါက် နေတဲ့ အိမ်ကြီးထဲမှာ ခေါင်မိုးပြင်ဖို့ မကြိုးစားဘဲ ကိုယ့်တကိုယ်ရေ မိုးမစိုအောင် ထီးဆောင်းပြီး ထိုင်နေကြ သလိုပဲ။ ဒီအိမ်ကြီး ခေါင်မိုးပေါက် နေတာ သိပေမယ့် မိုးရေစို မခံနိုင်လို့၊ ကိုယ့်မိသားစု စိုမှာစိုးလို့ တကိုယ်ကောင်း ဆန်စွာပဲ ထီးဆောင်းပြီး ကိုယ်လွတ်ရုန်း နေကြတာ။ ဒီသဘောတရားကို မမေ့ကြဖို့ လိုတယ်။ ခွေးတွေ ပလ္လင်ပေါ် ရောက်နေတဲ့ အချိန်မှာ ဒီခွေးတွေကို မောင်းချဖို့ လုပ်နေတဲ့ သူတွေက လွဲရင် ဒီတိုင်းပြည်ထဲက တခြား ဘယ်အသက်မွေး ဝမ်းကျောင်း၊ ဘယ်အလုပ်အကိုင်ကမှ ဂုဏ်ယူစရာ မရှိဘူး။

ဒါပေမယ့် လူတိုင်းကတော့ နောက်ခံ ဘဝတွေ၊ စိတ်ဓာတ်နဲ့ ခံနိုင်ရည်တွေ တူမှာ မဟုတ်ဘူး။ ခွေးမောင်းဖို့ အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး ရှေ့တန်းက ရဲရဲ တိုက်ရဲတဲ့သူ ရှိမယ်။ ပိုင်ဆိုင်မှုတွေကို စွန့်နိုင်ပေမယ့် မိသားစုနဲ့ မှီခိုသူတွေကို မစွန့်နိုင်လို့ ဘေးလွတ်ရာ ကနေ ပံ့ပိုးနေတဲ့ သူတွေ ရှိမယ်။ ဘာကိုမှ မစွန့်နိုင်ပေမယ့် နောက်ကွယ်ကနေ စွန့်စားပြီး ငွေကြေး ထောက်ပံ့နေသူ၊ click လုပ်ပေး နေသူတွေ ရှိမယ်။ ဒီလို အခြေအနေ အမျိုးမျိုး ရှိနေလို့ ဘယ်သူ့ကိုမှ တစ်ဘက်သက် အပြစ်ထိုင်တင် နေတာမျိုးတော့ မလုပ်ချင်ဘူး။ ဒါပေမယ့် ဒီခွေးတွေ မောင်းမချ နိုင်သေးသမျှ တစ်နိုင်လုံးဟာ မစင်တွင်းထဲ ကျနေသလို ရွံစရာ ရှက်စရာ အခြေအနေနဲ့ အမြဲ နေနေကြရ ပါလား ဆိုတာ မေ့မသွား ကြဖို့ သတိပေးချင်တယ်။
ဒီတလရသာ မအောင်မြင်ခဲ့ရင် စာရိတ္တမကောင်းတဲ့သူတွေရဲ့လက်အောက်မှာ အမြဲနေနေရတော့မှာ…

ပရဟိတအသင်းတွေ လူမှုရေးအသင်းတွေဆိုတာတွေကအစ ⚽️မနေတဲ့သူတွေ ဦးစီးနေတဲ့ အခွင့်အရေးရဖို့ ဦးစားပေး ပြစားအသင်းတွေပဲ ကြီးစိုးလာတော့မှာ…

အစစအရာရာ အခွင့်အရေးသမားတွေပဲ နေရာယူနေကြတော့မှာ….

သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်ကြရတော့မှာ…

တို့ပြည်သူတွေ ရုန်းကြပါစို့ခင်ဗျာ
💪💪💪
အများပြည်သူများထံသို့ ဝမ်းနည်းစွာဖြင့် အသိပေး ထုတ်ပြန်ကြေညာခြင်း

၂၀၂၃ ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၁၂ နာရီခန့်က တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ မိမိတို့ Freelance Attack Force - FLAမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ထို့နောက် မိမိတို့ရဲဘော်များမှ မစ်ရှင်ပြီးမြောက်၍ ပြန်လည်ဆုတ်ခွာလာချိန်တွင် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဘေးရှိ ငွေတောင်စားသောက်ဆိုင်မှ ဝန်ထမ်းများနှင့် ကျွန်စိတ်မကုန်သေးသော ကျွန်ပေါက်များမှ ဝိုင်းဝန်း ရိုက်နှက်ဖမ်းဆီးပေးမှုကြောင့် မိမိတို့ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်ချောကလက်(ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရသည်။

အဆိုပါဖြစ်ရပ်ကြောင့် မိမိတို့ Freelance Attack Force - FLAမှ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီး မိမိတို့၏ရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေ‌တောင်စားသောက်ဆိုင် အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ကြေညာလိုက်သည်။

မိဘ ပြည်သူ လူထုအနေဖြင့်လဲ အဆိုပါ ငွေတောင်စားသောက်ဆိုင်၌ စားသောက် ပျော်ပါး သွားလာမှုများ မပြုလုပ်ကြဖို့ အထူးသတိပေး မေတ္တာရပ်ခံလိုက်သည်။

" သွေးကြွေးမှာ ဆွေးနွေးစရာမရှိ "
Media is too big
VIEW IN TELEGRAM
ဘာပြောချင်လဲ…???

NUG ကို ပြည်သူက ဘာပြောချင်လဲ။

မင်းအောင်လှိုင်ကို ပြည်သူတွေက ဘာတွေပြောနေလဲ။


Collaboration by _ AJAY _AAMIJ_SOSMYANMAR

#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#AJAY #AAMIJ #SOSMYANMAR
#MAL_ListenUp!
#Listen_Up_Our_Voices!