Kyimyindaing Scout Channel
196 subscribers
423 photos
51 videos
279 links
Download Telegram
Media is too big
VIEW IN TELEGRAM
သပိတ်မှောက်ရမည့် PTT ၏ထုတ်ကုန်များ
Kyimyindaing Scout Channel
Photo
ထပ်မံအသိပေးနှိုးဆော်ချက်

ပြည်သူလူထုများခင်ဗျာ -
အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကောက်ယူဖို့ဆိုပြီး မနက်ဖြန် ၉ရက်နေ့ကစလို့ ၃၁ရက်နေ့အထိ ၂၃ရက်တာ တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်မယ့်လုပ်ငန်း စတင်တော့မှာဖြစ်ပါတယ်။

ဒီလိုကောက်ယူတာဟာ စစ်တပ်ရဲ့ ထွက်ပေါက် ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့အတွက်သာမက CDMဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးမှာပါဝင်တဲ့ လူငယ်တွေပြည်သူတွေအပေါ် ပစ်မှတ်ထားရှာဖွေဖော်ထုတ်ဖို့ စီစဉ်တဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။

စစ်တပ်ရဲ့လုပ်ရပ်မှန်သမျှဟာ ပြည်သူကိုကောင်းကျိုးပြုခဲ့တာတစ်ခုမှမရှိတဲ့အပြင် ပြည်သူတွေကိုဖိစီးနှိပ်စက်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီကလုပ်မယ့် ခြေလှမ်းမှန်သမျှ အသက်ရူပေါက်မှန်သမျှကို လူထုအားနဲ့ပိတ်ဆို့တိုက်ဖျက်နိုင်ဖို့ဟာ ၂၀၂၃ ရဲ့ အဓိကကျတဲ့လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုတွေအနေနဲ့ -

၁။ တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းကောက်ယူမှုကို ငြင်းဆန်၊ မပူးပေါင်းရန် ၊
၂။ အတင်းအဓမ္မ ခြိမ်းခြောက်မှုများရှိလာပါက ရသည့်နည်းလမ်းဖြင့် မှတ်တမ်းတင်ထားရန် ၊
၃။ မတရားခြိမ်းခြောက်မှုကြောင့် လူဦးရေစာရင်းပေးရပါကလည်း အချက်အလက်အမှားများသာ ပေးရန် ၊
၄။ မိမိတို့ပတ်ဝန်းကျင်ရှိ လူဦးရေစာရင်းကောက်ယူမှုအခြေအနေကို Telegram scout channel များ၊ သတင်းမီဒီယာများနဲ့ သပိတ်အင်အားစုများရဲ့ facebook စာမျက်နှာများသို့ အချိန်နှင့်တပြေးညီပေးပို့ရန်
၅။ လူဦးရေစာရင်းကောက်ယူရမှာပါဝင်တဲ့ စစ်ကောင်စီလက်အောက်ခံ လဝက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ဒလန်သတင်းပေးများကို သေချာမှတ်သားထားပြီး အမျိုးသားညီညွတ်ရန် အစိုးရရဲ့ အောက်ပါ  ဝန်ကြီးဌာနများသို့ သတင်းပေးပို့တိုင်ကြားရန် အတွက် ထပ်မံအသိပေးနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

သတင်းပေးပို့တိုင်ကြားရန်:
၁) PVTV Myanmar
https://t.me/pvtvmyanmarinfo

၂) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
https://www.facebook.com/mohaimyanmar/?mibextid=ZbWKwL

၃) တရားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
https://www.facebook.com/MoJNUG?mibextid=ZbWKwL

- တရားမဝင်အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ
- လုံးဝအုပ်ချူပ်ခွင့်မရစေရ
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ကြရန်နှင့် ပြည်သူများအား တော်လှန်ရေးနှင့်သက်ဆိုင်သည့် သတင်းစကားများပြောကြားကာ လှုံ့ဆော်မှုပြုလုပ်ခြင်း
Forwarded from Y.S.D Scout Channel
COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၁၄-၁-၂၀၂၃)

🔴 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ပြီးခဲ့သည့် တစ်လအတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှုမှာ ယခင်လထက် ၁၀ ရာခိုင်နှုန်း မြင့်မားပြီး သေဆုံးသူဦးရေမှာ ၂၂ ရာခိုင်နှုန်းထိ မြင့်တက် လာသည်ကို တွေ့ရပါသည်။

🔴 ယခုလက်ရှိအချိန်၌ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါလူနာသစ်တွေ့ရှိမှုအများဆုံးနိုင်ငံများမှာ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ် နှင့် ဘရာဇီးနိုင်ငံတို့ ဖြစ်ပြီး၊ သေဆုံးမှုအများဆုံးနိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ ဘရာဇီး၊ တရုတ် နှင့် ပြင်သစ်နိုင်ငံတို့ ဖြစ်ပါသည်။

🔴 ယခင်တွေ့ရှိခဲ့ပြီးဖြစ်သည့် BA.2 မှ မျိုးရိုးဗီဇပြောင်းလဲလာသည့် XBB.1.5 မျိုးကွဲသည် အမေရိကန်နိုင်ငံတွင် အများဆုံးတွေ့ရှိနေရပြီး နိုင်ငံပေါင်း (၃၈) နိုင်ငံတွင် ပျံ့နှံ့လျက်ရှိပါသည်။

🔴 အဆိုပါမျိုးကွဲကြောင့် တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါအသစ်ဖြစ်ပွားမှုနှုန်း များပြားလာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားပါသည်။

🔴 COVID-19 ရောဂါအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ဖြစ်ပါသည်။

#NUGMOH
Media is too big
VIEW IN TELEGRAM
စနေနေ့တိုင်းအဖြေပေးနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….
အကြမ်းဖက်စစ်အုပ်စုအနေနှင့် မြန်မာပြည်သူလူထုကို နေ့စဉ်သတ်ဖြတ်လျက်ရှိပါသည်။ ဒီလိုတွေဘာကြောင့်လုပ်နေနိုင်တာပါလဲ???
ရေနံနဲ့သဘာဝဓာတ်ငွေ့ကရတဲ့ပိုက်ဆံတွေအများကြီးရှိနေလို့ ပဲဖြစ်ပါတယ်။
အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ သွေးစွန်းငွေကို ဖြတ်တောက်ကြပါစို့။
Forwarded from Zin Thaw Naing (Zzz)
▪️ရှက်သင့်တာကို ရှက်ကြပါ

ပြီးခဲ့တဲ့ ၂ နှစ်က ခွေးပု အာဏာလုပြီးတဲ့ နောက်မှာ လူတွေ တော်တော်များများက ကိုယ့်ရဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်တွေ၊ စီးပွါးရေး လုပ်ငန်း ကိုင်ငန်းတွေ အကုန် ရပ်တန့်ပြီးတော့ တော်လှန်ကြတယ်။ ဆန့်ကျင်ကြတယ်။ ဒါပေမယ့် အချိန်တစ်ခု အရောက်မှာတော့ စားဝတ်နေရေး အတွက်ရော၊ တော်လှန်ရေး လုပ်နေတဲ့ သူတွေကို ပံ့ပိုးနိုင်ဖို့ အတွက်ပါ ကိုယ့်အလုပ်တွေ ကိုယ်ပြန်လုပ် ကြရတယ်။ ဒီအထိက ပြဿနာ မရှိသေးဘူး။ တဖြည်းဖြည်း အချိန် ကြာလာတဲ့ အခါ ဒါဟာ ရှက်စရာကြီး ပါလား ဆိုတာကိုပါ လူတွေက မေ့လာတာပဲ။

ဟ။ ကိုယ့်အလုပ် ကိုယ်လုပ်တာ ရှက်စရာလား ဆိုပြီး မေးစရာ ရှိတယ်။ ဥပမာ ပြောရရင် ခင်ဗျားတို့၊ ကျွန်တော်တို့က ခေါင်မိုးပေါက် နေတဲ့ အိမ်ကြီးထဲမှာ ခေါင်မိုးပြင်ဖို့ မကြိုးစားဘဲ ကိုယ့်တကိုယ်ရေ မိုးမစိုအောင် ထီးဆောင်းပြီး ထိုင်နေကြ သလိုပဲ။ ဒီအိမ်ကြီး ခေါင်မိုးပေါက် နေတာ သိပေမယ့် မိုးရေစို မခံနိုင်လို့၊ ကိုယ့်မိသားစု စိုမှာစိုးလို့ တကိုယ်ကောင်း ဆန်စွာပဲ ထီးဆောင်းပြီး ကိုယ်လွတ်ရုန်း နေကြတာ။ ဒီသဘောတရားကို မမေ့ကြဖို့ လိုတယ်။ ခွေးတွေ ပလ္လင်ပေါ် ရောက်နေတဲ့ အချိန်မှာ ဒီခွေးတွေကို မောင်းချဖို့ လုပ်နေတဲ့ သူတွေက လွဲရင် ဒီတိုင်းပြည်ထဲက တခြား ဘယ်အသက်မွေး ဝမ်းကျောင်း၊ ဘယ်အလုပ်အကိုင်ကမှ ဂုဏ်ယူစရာ မရှိဘူး။

ဒါပေမယ့် လူတိုင်းကတော့ နောက်ခံ ဘဝတွေ၊ စိတ်ဓာတ်နဲ့ ခံနိုင်ရည်တွေ တူမှာ မဟုတ်ဘူး။ ခွေးမောင်းဖို့ အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး ရှေ့တန်းက ရဲရဲ တိုက်ရဲတဲ့သူ ရှိမယ်။ ပိုင်ဆိုင်မှုတွေကို စွန့်နိုင်ပေမယ့် မိသားစုနဲ့ မှီခိုသူတွေကို မစွန့်နိုင်လို့ ဘေးလွတ်ရာ ကနေ ပံ့ပိုးနေတဲ့ သူတွေ ရှိမယ်။ ဘာကိုမှ မစွန့်နိုင်ပေမယ့် နောက်ကွယ်ကနေ စွန့်စားပြီး ငွေကြေး ထောက်ပံ့နေသူ၊ click လုပ်ပေး နေသူတွေ ရှိမယ်။ ဒီလို အခြေအနေ အမျိုးမျိုး ရှိနေလို့ ဘယ်သူ့ကိုမှ တစ်ဘက်သက် အပြစ်ထိုင်တင် နေတာမျိုးတော့ မလုပ်ချင်ဘူး။ ဒါပေမယ့် ဒီခွေးတွေ မောင်းမချ နိုင်သေးသမျှ တစ်နိုင်လုံးဟာ မစင်တွင်းထဲ ကျနေသလို ရွံစရာ ရှက်စရာ အခြေအနေနဲ့ အမြဲ နေနေကြရ ပါလား ဆိုတာ မေ့မသွား ကြဖို့ သတိပေးချင်တယ်။
ဒီတလရသာ မအောင်မြင်ခဲ့ရင် စာရိတ္တမကောင်းတဲ့သူတွေရဲ့လက်အောက်မှာ အမြဲနေနေရတော့မှာ…

ပရဟိတအသင်းတွေ လူမှုရေးအသင်းတွေဆိုတာတွေကအစ ⚽️မနေတဲ့သူတွေ ဦးစီးနေတဲ့ အခွင့်အရေးရဖို့ ဦးစားပေး ပြစားအသင်းတွေပဲ ကြီးစိုးလာတော့မှာ…

အစစအရာရာ အခွင့်အရေးသမားတွေပဲ နေရာယူနေကြတော့မှာ….

သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်ကြရတော့မှာ…

တို့ပြည်သူတွေ ရုန်းကြပါစို့ခင်ဗျာ
💪💪💪
အများပြည်သူများထံသို့ ဝမ်းနည်းစွာဖြင့် အသိပေး ထုတ်ပြန်ကြေညာခြင်း

၂၀၂၃ ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၁၂ နာရီခန့်က တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ မိမိတို့ Freelance Attack Force - FLAမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ထို့နောက် မိမိတို့ရဲဘော်များမှ မစ်ရှင်ပြီးမြောက်၍ ပြန်လည်ဆုတ်ခွာလာချိန်တွင် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဘေးရှိ ငွေတောင်စားသောက်ဆိုင်မှ ဝန်ထမ်းများနှင့် ကျွန်စိတ်မကုန်သေးသော ကျွန်ပေါက်များမှ ဝိုင်းဝန်း ရိုက်နှက်ဖမ်းဆီးပေးမှုကြောင့် မိမိတို့ရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်ချောကလက်(ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရသည်။

အဆိုပါဖြစ်ရပ်ကြောင့် မိမိတို့ Freelance Attack Force - FLAမှ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီး မိမိတို့၏ရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေ‌တောင်စားသောက်ဆိုင် အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ကြေညာလိုက်သည်။

မိဘ ပြည်သူ လူထုအနေဖြင့်လဲ အဆိုပါ ငွေတောင်စားသောက်ဆိုင်၌ စားသောက် ပျော်ပါး သွားလာမှုများ မပြုလုပ်ကြဖို့ အထူးသတိပေး မေတ္တာရပ်ခံလိုက်သည်။

" သွေးကြွေးမှာ ဆွေးနွေးစရာမရှိ "
Media is too big
VIEW IN TELEGRAM
ဘာပြောချင်လဲ…???

NUG ကို ပြည်သူက ဘာပြောချင်လဲ။

မင်းအောင်လှိုင်ကို ပြည်သူတွေက ဘာတွေပြောနေလဲ။


Collaboration by _ AJAY _AAMIJ_SOSMYANMAR

#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#AJAY #AAMIJ #SOSMYANMAR
#MAL_ListenUp!
#Listen_Up_Our_Voices!
Forwarded from Y.S.D Scout Channel
"တသံတည်းညီ တချီတည်းရုန်း"

●──●──●──●──●──●──●

တိတ်ဆိတ်ခြင်းရဲ့ ကျယ်လောင်တဲ့ အသံတွေနဲ့ ကျနော်တို့ဟာ စစ်အာဏာရှင်ကို ခြောက်ခြား တုန်လှုပ်အောင် အကြိမ်ကြိမ် အခါခါ ပြုလုပ်ပြီးခဲ့ကြပြီးပါပြီ။ လာမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန် ၊ ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ကမ္ဘာကြီးကို ကျွန်တော်တို့ ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ဖိနှိပ်မှုတွေကြားထဲကပဲ ရရာ နည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ထပ်မံ မှတ်ကျောက်တင်ဖို့လိုပါတယ်။

ဒါ့ကြောင့် ကျနော်တို့ဟာ နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (၁ ဖေဖော်ဝါရီ ၂၀၂၃)နေ့မှာ ပြည်သူတွေရဲ့ တိတ်ဆိတ်တဲ့အသံတွေ၊ ခြောက်ကပ်နေတဲ့လမ်းမတွေ၊ ပြင်းပြတဲ့အောင်စိတ်တွေနဲ့အတူ “Silent Strike” ကို ထပ်မံ ပုံဖော်ကြဦးမှာပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ

ကျနော်တို့အားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘဲ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန် လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေ တိတ်ဆိတ်နေခြင်းနဲ့ စစ်ကောင်စီကို ကြောက်လန့်စေကြမယ်။ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးဟာ အကြမ်းဖက်စစ်အာဏာရှင်ကို သွေးမအေးသေးပဲ ဆက်လက်တော်လှန်နေဆဲဖြစ်ကြောင်း ထပ်မံပြသကြရမှာလည်း ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီဘက်မှ ခြေလှမ်းပြင်လာတဲ့ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲ”ကိုလည်း လက်သင့်မခံကြောင်းကိုပါ တပါတည်း ကမ္ဘာသိ ထုတ်ဖော်ပြသရမှာဖြစ်ပါတယ်။

"တသံတည်းညီ တချီတည်းရုန်း"ရင်း ၂၀၂၃ ခုနှစ် တော်လှန်နှစ်ရဲ့ အဆုံးသတ်အတွက်၊ အဆုံးဖြတ်အဖြစ် ဆက်လက်တိုက်ပွဲဝင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

#တရားမဝင်အတုအယောင်ရွေးကောက်ပွဲ_လူထုအားနဲ့တိုက်ဖျက်ကြ”

#SilentStrike #လုံးဝအုပ်ချုပ်ခွင့်မရစေရ

#တိတ်ဆိတ်ခြင်းဖြင့်_အကျယ်လောင်ဆုံးဟစ်ကြွေးကြ
Media is too big
VIEW IN TELEGRAM
သောကြာနေ့တိုင်း မေးခွန်းတွေရှိနေ့မယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ မြန်မာပြည်သူလူထုကို နေ့စဉ်သတ်ဖြတ်လျက်ရှိပါသည်။ ဒီလိုတွေဘာကြောင့်လုပ်နေနိုင်တာပါလဲ???

အဖြေမှန်အား စနေ့နေ့တွင်ပြန်လည်တင်ပြသွားပါမည်။ မိမိတို့ သိထားသည့်အဖြေများကို Commentတွင်ဝင်ရောက် ဆွေးနွေးနိုင်ပါသည်။

👉 https://t.me/BloodMoneyMM 👈

#PTTmustStopPaymentToJunta
#BloodMoneyCampaignMM
Media is too big
VIEW IN TELEGRAM
စနေနေ့တိုင်းအဖြေပေးနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

အကြမ်းဖက်စစ်အုပ်စုအနေနှင့် မြန်မာပြည်သူလူထုကို နေ့စဉ်သတ်ဖြတ်လျက်ရှိပါသည်။ ဒီလိုတွေဘာကြောင့်လုပ်နေနိုင်တာပါလဲ???
ရေနံနဲ့သဘာဝဓာတ်ငွေ့ကရတဲ့ပိုက်ဆံတွေအများကြီးရှိနေလို့ ပဲဖြစ်ပါတယ်။
အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ သွေးစွန်းငွေကို ဖြတ်တောက်ကြပါစို့။

👉 https://t.me/BloodMoneyMM 👈

#PTTmustStopPaymentToJunta
#BloodMoneyCampaignMM
တော်လှန်ရေး ၂ နှစ်ပြည့် ပြည်လုံးကျွတ် အသံတိတ်သပိတ် လူထုလှုပ်ရှားမှု
===========================
- နံနက် ၁၀ နာရီမှ - ၃ နာရီထိ တနိုင်ငံလုံး အပြင်မထွက်ဘဲ ငြိမ်သက်တိတ်ဆိတ်မှုကို ဖော်ထုတ်ပြသကြမည်၊
- Silent Strike အချိန်တွင်းမှာ တော်လှန်ရေးရန်ပုံငွေတိုးစေမည့် Digital Stirke ( Click Strike) ကို ဖော််ဆောင်ကြမည်၊
- Silent Strike အချိန်အတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ဖော်ထုတ်သရုပ်ပြနိုင်သည့် Performance မှန်သမျှ၊ နည်းနာမှန်သမျှကို  ဉာဏ်ရှိသလို ကွန့်မြူး၍ ​ဆောင်ရွက်ကြမည်။
ပြည်လုံးကျွတ် Silent Strike လှုပ်ရှားမှုကြီးသည် -
- စစ်အာဏာရှင်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးမှ  လုံးဝလက်မခံ ဆန့်ကျင်ကြောင်းကို တညီတညွတ်တည်း ထုတ်ဖော်ပြသခြင်းဖြစ်သည်။
- အာဏာလုအကြမ်းဖက်စစ်အုပ်စုကို လုံးဝအုပ်ချုပ်ခွင့်မရစေရေး လူထုမှ သွေးမအေး၊ သွေးမကြောင်၊ သွေးမခွဲစတမ်း ဆက်လက်တိုက်ပွဲဝင်နေကြောင်း ထုတ်ဖော်ပြသခြင်းဖြစ်သည်။
လာမယ့် ဖေဖော်ဝါရီ (၁) ရက်၊ ၂၀၂၃ ခု၊ မနက် (၁၀) နာရီ ကနေ ညနေ (၃) နာရီ အတွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်၊  နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့၊  ပြည်သူတွေ အပြင်မထွက်ကြဖို့ ၊ ကိုယ့်အိမ်၊ ကိုယ့်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြပါဖို့ ပြည်သူမှ ပြည်သူချင်း တိုက်တွန်းနှိုးဆော်ကြပါစို့..။
Silent Strike ကို ပညာသားပါပါနဲ့ ပါဝင်ဆင်နွှဲကြပါစို့
ရဲဘော်တို့၊ ပြည်သူတို့-
ညီစေနော်၊ ညီကြမယ်။
အရေးတော်ပုံ အောင်ရမည်။

#SilentStrike
#Revolution
#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#ကြောက်ခေတ်ကိုမှောက်ပစ်
#အရေးတော်ပုံမုချအောင်ရမည်
#တိတ်ဆိတ်ငြိမ်သက်
#စစ်အာဏာရှင်စနစ်ကျဆုံးရေး
#ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး
တစ်သံတည်းညီ တစ်ချီတည်းရုန်း
---------------------------------------------

လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်နေ့သည် နွေဦးတော်လှန်ရေး ၂နှစ်ပြည့်ပြီ ဖြစ်ပါသည်။ ထို (၂) နှစ် ပြည့်အချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးမှ အန္တာရယ်ကင်းစွာ ပါဝင်နိုင်သည့် " Silent Strike " ဆိုတဲ့ အသံတိတ်သပိတ်မှောက်သည့် လှုပ်ရှားမှုကို " နံနက် ၁၀နာရီမှ နေ့လည် ၃နာရီ " အထိ ပြုလုပ်ရန်ရှိပါသည် ။

ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် လာမည့် ၁ရက်နေ့တွင်ပြုလုပ်မည်ဖြစ်သည့် Silent Strike တွင် ပါဝင်ပြီ။ အသံတိတ်သပိတ် ပြုလုပ်နေချိန်အတွင်းမှာလည်း  အာဏာရှင်ကို ဆန့်ကျင်သည့်  ​တော်လှန်နည်းနာ​​တွေကို ကိုယ်တတ်နိုင်တဲ့ ပုံစံအစုံနဲ့လည်း  ပါဝင်ကြဖို့ တောင်းဆိုပါသည်။

#တစ်သံတည်းညီတစ်ချီတည်းရုန်း
#တရာမဝင်အတုယောင်ရွေးကောက်ပွဲ_လူထုအားနဲ့တိုက်ဖျက်ကြ
#SilentStrike
#လုံးဝအုပ်ချုပ်ခွင့်မရစေရ။
#တိတ်ဆိတ်ခြင်းဖြင့်_အကျယ်လောင်ဆုံးဟစ်ကြွေးကြ
#ငြိမ်ချင်ငြိမ်မယ် လှူပ်ချင်လှုပ်မယ် ငါတို့မြို့ကို ငါတို့ပိုင်တယ်။
#အရေးတော်ပုံ_အောင်ရမည်