Kyimyindaing Scout Channel
183 subscribers
423 photos
52 videos
280 links
Download Telegram
အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းမှု (၂) နှစ်ပြည့်တွင် ပြည်သူလူထုအနေဖြင့် အသံတိတ်သပိတ်-Silent Day မှာ ပူးပေါင်းပါဝင်ပေးပါရန် မေတ္တာရပ်ခံခြင်း။
_______
ယခုလာမည့် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုထံမှ ဆင်းသက်လာသော အာဏာကို မတရားသဖြင့် အာဏာသိမ်းလုယူခဲ့တာ အချိန်ကာလအားဖြင့် (၂) နှစ်တိုင် တိတိပြည့်ခဲ့ပြီဘဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအဝန်းတွင် အကြမ်းဖက်စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ စစ်ရာဇဝတ်မှုမြောက်သော လူမျိုးတုန်း သတ်ဖြတ်မှုများကို အရှိန်အဟုန်ပြင်းစွာဖြင့် ကျူးလွန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ၏ ရက်စက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ERO ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ အရှိန်အဟုန်ပြင်းစွာဖြင့် ယနေ့အထိ ရင်ဆိုင်အံ့တုတိုက်ပွဲဝင်နေကြရဆဲ ဖြစ်တယ်။

ယခုကျရောက်မယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့ကို အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့အာဏာကို မတရားသဖြင့် လုယူခဲ့သော (၂ ) ပြည့်အဖြစ် မြန်မာနိုင်ငံတနိုင်ငံတည်းသာမကပဲ တကမ္ဘာလုံးသို့ ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ဖော်ဆောင်သော " တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် " ကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ပြုလုပ်မယ့်အချိန်ကတော့ မနက် ၁၀ နာရီမှ ညနေ ၃နာရီအထိဘဲ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာဆိုရင် အာဏာရှင်စနစ်အပြီးတိုင်ချေမှုန်းရေးနဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတို့တွင် မည်သို့သောစိန်ခေါ်မှုမျိုးကိုမဆို ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်ကာ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်မယ်လို့လည်း သစ္စာအဓိဌာန်ပြုပါတယ်။

••••••••
သတင်းနှင့် ပြန်ကြားရေးဌာန
စစ်ဒေသခွဲ အမှတ် ၃

#SilentDay
#သတင်းနှင့်ပြန်ကြားရေးဌာန_စစ်ဒေသခွဲအမှတ်၃
Media is too big
VIEW IN TELEGRAM
“တသံတည်းညီ တချီတည်းရုန်း” ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလျှောက်လှမ်းကြဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆင်နွှဲမယ့် အသံတိတ်သပိတ်မှာ အင်တိုက်၊ အားတိုက် ပါဝင်ကြပါစို့။