Kyimyindaing Scout Channel
196 subscribers
422 photos
51 videos
277 links
Download Telegram
စခ DC 1 စီး ကြည့်မြင်တိုင်ကမ်းနားလမ်းအတိုင်း သီရိမင်္ဂလာစျေးဟောင်းဘက်မှ ထီးတန်းဘက်ဘက်သို့ဦးတည်။

1:08 PM

@YSDinformer

သတင်းပေးရန်
စခ DC ၁ စီး အင်အားအပြည့်ပါ စခ ၁ ကောင် အသံဖွင့်ပြီး ဗားကရာလမ်းမှ ကြည့်မြင်တိုင် ကမ်းနားလမ်းဘက်သို့ကွေ့ပြီး ကမ်းနားလမ်းပန်းခြံဘက်သို့ဦးတည်။

1:23 PM

@YSDinformer

သတင်းပေးရန်
စခ အလုံပိတ်ကားကြီး ၃ စီး ကမ်းနားလမ်းအတိုင်း စံပြငါးစျေးဘက်မှ ဆငိမလိုက်ဘက်သို့သွား။

11:50 AM

@YSDinformer

သတင်း​ပေးပို့ရန်
Kyimyindaing Scout Channel
Video
တော်လှန်ရေးပန်းခြံရှေ့တွင် မင်းအောင်လှိုင်ခေါင်း
ပြတ်ကိုမီးရှို့ပြသည့် ရေဘဝဲ နှင့် မဟာမိတ်အဖွဲ့
အစည်းများ၏ "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်"

စစ်ကောင်စီ၏လုံခြုံရေးတင်းကျပ်နေသည့်တော်လှန်ရေးပန်းခြံအနီးတွင် "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" ခေါင်းစဥ်ဖြင့် မင်းအောင်လှိုင်ပုံတူခေါင်းပြတ်ကို မီးရှိို့ကာ "သို့၊ စစ်အာဏာရှင်မင်းအောင်လှိုင် နှင့် အ​ပေါင်းအပါတစ်စုတို့သည် ဒီနိုင်ငံတော်နှင့်လုံးဝမသက်ဆိုင်ပါသဖြင့် သက်ဆိုင်ရာငရဲပြည်သို့အမြန်ဆုံးသွားနိုင်သည်။ကောင်းရာသုဂတိ လီးမှမလားပါစေနဲ့ " ဟူ၍ အမိန့်ပြန်တမ်းကိုဖတ်ကြားခဲ့ကြသည်။

အဆိုပါသပိတ်ကို

- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ

- Youth Association Of Thingangyun (Y.A.T)

- ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ

- Owl Community

- စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)

- Labour Alliance အဖွဲ့ဝင် (CTUM)

- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)

- LGBT Community Yangon

- ဗမာ့လူငယ်ကွန်ရက်

- တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏​မြေပြင်ကင်း​ထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။

သြဂုတ် ၁၃ ရက်၊ ၂၀၂၂ ခုနှစ်

#ပြန်ဆုံနိမိတ်နဲ့ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ

#YSD
Forwarded from Y.S.D Scout Channel
⚠️ စမ်းချောင်း ⚠️

ဩဂုတ်လ ၁၃ ရက် မနေ့ည ၁၀ကျော်ခန့်က မြေနီကုန်း ဓမ္မာရုံလမ်းနှင့်ဗိုလ်မိုးလမ်းထဲသို့ စစ်ကားကြီးသေး ရဲကားကြီးသေး စုစုပေါင်းအင်အား၅၀ ခန့် ကားအစီးရေ ၁၂ စီးခန့်ဖြင့် ဧည့်စာရင်းစစ်ဆေးများပြုလုပ်ခဲ့ကာ အပြစ်မဲ့ပြည်သူ ၂၀ ခန့်ဖမ်းဆီးခံလိုက်ရကြောင်းသိရပါသည်။ ထိုသို့ဖမ်းဆီးရာတွင် ပြည်သူတချို့အား ရိုက်နှက် ကန်ကျောက်ကာ FAWကားပေါ်သို့တင်ဆောင်သွားသိရှိရပြီး ယခုအချိန်အထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်းလည်း သိရှိရပါသည်။

ယခုည၌လည်း အဆိုပါ နေရာအတွင်းသို့ ဧည့်စာရင်းထပ်မံဝင်ရောက်နိုင်ပါသဖြင့် ဂရုစိုက်နေထိုင်ကြပါရန် အသိပေးနှိုးဆော်ပါသည်။

8:17PM
@YSDinformer
⚠️⚠️⚠️

ကမ်းနားလမ်း​ပေါ် မြို့ထဲမှအလာ စံပြငါးဈေးအကျော်တွင် စခ ၊ ရခ အများအပြားမှ ကားများနှင့် လမ်း​​ဘေးမှလမ်းလျှောက်သူများ အဓိက ယော်င်္ကျားလေး များကို စစ်နေပါတယ်။ ဖုန်းများနှင့် ကားနောက်ဖုံးများကိုပါဖွင့်ရှာ​နေပြီး အင်အားအတော်များ​ကြောင်းသတင်းရရှိပါတယ်။

လမ်းသွားလမ်းများ၏ဖုန်းတွေလည်း ယူစစ်ပါတယ်။

9:00 AM

@YSDinformer
Delayed

ကမ်းနားလမ်း ဆီကန်ရှေ့ စခ DC 2 စီး၊ ရခ FAW ကား ၁ စီးရပ်ထားပြီး ဆီကန်ဝန်းထဲမှ လူအချို့နှင့် စကားပြောနေ။

11:10 PM

@YSDinformer

သတင်းပေးရန်
ရေ ဘ ဝဲ အောင် သံ 🚩
(ရုပ်/သံ ကြည့်ရှုရန်အောက်ပါလင့်ကိုနှိပ်ပါ)

https://www.facebook.com/101804595415892/posts/pfbid0381uttv2DAnnfXcVKbjpxotuVfQ5dvgNyCUrEbjqCaBMH7rVrsaVcvp1LZ8haxMB5l/

📸 - လူငယ့်ခေတ်
Forwarded from Y.S.D Scout Channel
⚠️⚠️ စမ်းချောင်း

မြေနီကုန်း Sprit ဆိုင်အကျော် ကုက္ကိုပင်အောက် ဖုန်းတွေပါ ယူစစ်နေ
လူငယ် 4 ယောက်ကို ဝိုင်းပီး စစ်ခံနေရ

4:42 PM
@YSDinformer
၅/ ၊ ၈/ ၊ ၉/ ပါ တီရှပ်များ ဝတ်ဆင်လျှက်  ဖိနှိပ်ခံနေရသော ၅/ ၊ ၈/ ၊ ၉/ ကိုင်ဆောင်ထားသူ လုပ်သားတို့နှင့် ရပ်တည်လျက်ရှိကြောင်း ဆန္ဒထုတ်ဖော် သပိတ်မှောက်

ရန်ကုန် ၊ ဩဂုတ် ၂၅
       အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် ယင်းလက်အောက်ခံ လက်ပါးစေ လုပ်ငန်းရှင်တို့သည် ကျွန်ုပ်တို့ ပြည်ထောင်စုဖွားတိုင်းရင်းသား များဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး (၅/ ) ၊ မကွေးတိုင်းဒေသကြီး (၈/)  ၊ မန္တလေးတိုင်းဒေသကြီး(၉/) တို့မှ ရွှေ့ပြောင်း လုပ်သားတို့အား ဖိနှိပ် မှုများ ဖြစ်ပွားလျက်ရှိသည်။

      ယနေ့ တွင် ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် (၅/) (၈/) (၉/) ပါ တီရှပ်များဝတ်ဆင်လျှက် သပိတ်မှောက်ကာ ထိုဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်း ထုတ်ဖော် ပြသခဲ့ကြသည်။

     ထိုလှုပ်ရှားမှုအား လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour Alliance အဖွဲ့ဝင် CTUM တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

#ဘယ်(/) မျဉ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ
#Youthsunioncentre