Kyimyindaing Scout Channel
197 subscribers
422 photos
51 videos
277 links
Download Telegram
Kyimyindaing Scout Channel
Photo
“ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများ”

ရန်ပုံငွေ ကံစမ်းမဲလက်မှတ်များ ဝယ်ယူနိုင်ပါပြီ။ 

ကျွန်ုပ်တို့အပါအဝင် ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့များအတွက် ရန်ပုံငွေအဖြစ် အသုံးပြုနိုင်ဖို့ ကိုကျော် ရဲ့ ဂစ်တာကို ကံစမ်းမဲဖောက်ပေးသွားမှာပါ။  ကံစမ်းမဲကို ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အတွင်း ရောင်းချပေးသွားမှာဖြစ်ပြီးတော့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပေါက်မဲနံပါတ်ကို ကြေငြာပေးသွားမှာဖြစ်ပါတယ်။ ကံစမ်းမဲတစ်စောင်အား ယူအက်စ်ဒေါ်လာ ၂၀ ကျသင့်မှာဖြစ်ပါတယ်။ မိမိဝယ်ယူသည့် နိုင်ငံအပေါ်မူတည်ပြီး စျေးအနည်းငယ်ကွာဟမှုရှိနိုင်ပါတယ်။

ဝယ်ယူလိုပါက အောက်ပါ website ထဲတွင် မိမိတည်ရှိနေသော နိုင်ငံအား ရွေးချယ်ပြီး ကိုယ်စားလှယ်ရှာဖွေဝယ်ယူနိုင်ပါတယ်။ ကိုယ်စားလှယ် စာရင်းကို comment ထဲတွင်လဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/gitanight

“လုံးဝအုပ်ချုပ်၍မရစေရ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့သားများနဲ့ တော်လှန်ပြည်သူများက စစ်ကောင်စီနဲ့ လက်ပါးစေများ မတရား ဖိနှိပ် ချုပ်ချယ် အကြမ်းဖက်နေတဲ့ကြားထဲမှ ဆက်လက်ပြီး တော်လှန် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ ထိုသို့ ဆက်လက်တော်လှန်တိုက်ပွဲဝင်နိုင်ရန်အတွက် တော်လှန်လှုပ်ရှားမှု ကဏ္ဍမျိုးစုံမှာ ဘဏ္ဍာငွေ လိုအပ်ချက် များစွာရှိနေပါတယ်။ လိုအပ်နေတဲ့ ဘဏ္ဍာငွေကို တစ်စိတ်တစ်ပိုင်း ဖြည့်တင်းနိုင်ဖို့အတွက် ကံစမ်းမဲလက်မှတ်များ ဝယ်ယူကြဖို့ ကိုလဲ ကျွန်ုပ်တို့ တော်လှန်ရေးအဖွဲ့များမှ တိုက်တွန်းလိုက်ပါတယ်။

ကိုကျော့်အနေနဲ့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ရန်ကုန်မြို့အတွက် ဒီဂစ်တာလေးကို ကံစမ်းမဲအဖြစ်ရောင်းချပြီး ကံစမ်းမဲလက်မှတ်ရောင်းရငွေအားလုံးကို မြေပြင်မှာ လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေထံ ဝေမျှသွားမှာပါ။

ကံစမ်းမဲဖောက်ပေးသွားမယ့်ဂစ်တာလေးကတော့ ကိုကျော့်ရဲ့ တန်ဖိုးထား မြတ်နိုးရတဲ့ တစ်ခုတည်းသော ဂစ်တာလေးဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ကိုကျော်က ဒီဂစ်တာလေးကို သူလေးစားအားကျခဲ့ရတဲ့ ဂီတပညာရှင်တွေဆီကနေ ဝယ်ယူခဲ့တာဖြစ်ပြီးတော့ ဒီဂစ်တာလေးနဲ့ပဲ ဂီတကို သင်ယူခဲ့ရင်း သူ့ရဲ့ တေးသီချင်းတွေကို ဖန်တီးရေးစပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဂီတာလေးနဲ့ “အေဘီစီဒီ” ဆိုတဲ့သီချင်းကို ပထမဆုံး ရေးစပ်ခဲ့ပြီး “မအလ” သီချင်းကိုတော့ နောက်ဆုံးရေးစပ်ခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာသွားသွား ကိုကျော်နဲ့ အမြဲပါခဲ့တဲ့၊ သူမြတ်နိုးရတဲ့ သူ့ရဲ့ ဂစ်တာလေးဖြစ်ပြီး သူတောထဲရောက်တဲ့အချိန်မှာ ရန်ကုန်ကနေ ပြန်လည်မှာယူခဲ့ရတဲ့ထိ တန်ဖိုးထားရတဲ့ အမှတ်တရ ပိုင်ဆိုင်မှုလေးပဲဖြစ်ပါတယ်။

လက်မှတ်များကို အခုပဲဝယ်ယူလိုက်ပါ။

အရေးတော်ပုံအောင်ရမည်။
ရန်ကုန်သားကိုကျော် နှစ် ၂၀ ကျော်ကြာအသုံးပြုခဲ့တဲ့ ဂစ်တာလေးကို မဲဖောက်ပေးမယ့် campaign လေးရှိတာသိပြီးကြပြီလား

တော်လှန်ရေးကဏ္ဍမျိုးစုံက ပါဝင်နေတဲ့မြို့ပြရဲဘော်တွေဟာ ရန်ကုန်ကခွေးတွေကိုအပြတ်ရှင်းနိုင်ဖို့ အဖက်ဖက်ကနေ ဘဏ္ဍငွေလိုအပ်နေပါတယ်။
ဒါ့ကြောင့် ကိုကျော်က အခက်အခဲဖြစ်နေတဲ့ မြို့ပြကရဲဘော်တွေဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ သူတန်ဖိုးထားရတဲ့ ဂစ်တာလေးကို မဲဖောက်လှူဒါန်းပေးမှာပါ။ ဒီဂစ်တာလေးနဲ့ပဲ ‘အေဘီစီဒီ’ ကစ နောက်ဆုံး ‘မအလ’ သီချင်းအထိရေးဖွဲ့သီဆိုခဲ့တာဖြစ်ပြီး အရှေ့က စီနီယာကြီးနှစ်ယောက်ဆီက လက်ဆင့်ကမ်း ဝယ်ယူခဲ့တာကြောင့် အမှတ်တရတွေ အပြည့်နဲ့ ဂစ်တာတစ်လက်လည်း ဖြစ်ပါတယ်

ဒီဂစ်တာလေးကို ပိုင်ဆိုင်နိုင်ဖို့ မဲလက်မှတ်များကို December 30 ရက်နေ့အထိ ဝယ်ယူနိုင်မှာဖြစ်ပြီး Jan 1 မှာ ကိုကျော်ကိုယ်တိုင် မဲဖောက်ပေးသွားမှာပါ။
ဒါ့ကြောင့်လက်မနှေးပဲ လက်မှတ်များကို သက်ဆိုင်ရာကိုယ်စားလှယ်တွေမှာ ဝယ်ယူလိုက်ပါ

အရေးတော်ပုံအောင်ရမည် ✊️✊️✊️

ဝယ်ယူရန် link 👇

https://bit.ly/gitanight

@YSDinformer
PTTရဲ့မြန်မာနိုင်ငံအပေါ်ထားတဲ့ စေတနာများ
#PTT_MustStopPaymentToJunta
#WhatsHappeningInMyanmar
#boycottptt
YANGON URBAN GUERRILLAS - YUG အဖွဲ့အစည်း၏နှစ်သစ်ကူး ထုတ်ပြန်​ကြေငြာချက်
👏👏👏

" အ​ရေး​တော်ပုံ​အောင်ရမည် "

✊️✊️✊️
Forwarded from Y.S.D Scout Channel
2️⃣0️⃣2️⃣2️⃣ 👉👉👉 2️⃣0️⃣2️⃣3️⃣

ခရစ်နှစ် ၂၀၂၃ ခုနှစ်သို့ စတင်ကူး​ပြောင်းသည့်အချိန်ကာလမှစတင်ကာ ပြည်သူအများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်း၍ အကြမ်းဖက်စစ်အာဏာရှင်တို့၏ လူမဆန်စွာဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများမှ အလုံးစုံကင်းရှင်းပြီး ပြည်သူများအားလုံး လိုလား​တောင့်တ​နေ​သည့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံ​တော်သစ်ကို ရရှိပိုင်ဆိုင်နိုင်ကြပါ​စေ​ကြောင်း ကျ​နော်တို့ Y.S.D ညီအစ်ကို​မောင်နှမများအားလုံးမှ နှစ်သစ်ဆု​တောင်း​မေတ္တာပို့သလိုက်ပါသည်။
🙏🙏🙏🙏🙏🙏

အ​ရေး​တော်ပုံ​မုချအောင်မည့်နှစ်သစ်ဖြစ်ရမည် ✊️✊️


✍️ Youth Scout for Democracy - Y.S.D
တော်လှန်ပြည်သူတစ်ယောက် 🔴
တော်လှန်အကောင့်တစ်ခု 🔵

One Person One Account Campaign လူမှုကွန်ယက်ကို ပြန်လည်စိုးမိုးရေးလှုပ်ရှားမှု

လူမှုကွန်ယက်တွေကို ကျွန်တော်တို့ ပြန်စိုးမိုးဖို့လိုပါပြီ။

တော်လှန်ရေးအစကာလတွေတုန်းက အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးမှာတစ်နည်းနည်းနဲ့ပါဝင်ကြတဲ့ Facebook Account တွေကို တန်းစီ Print ထုတ်ပြီး အမှုဖွင့်ခဲ့ကြတာ၊ လိုက်လံဖမ်းဆီးခဲ့တာ၊ စစ်ကြောရေးမှာနှိပ်စက်ခဲ့တာ၊ ထောင်ဒဏ် ချမှတ်ခဲ့တာတွေ ကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။

ဒီလို ဖိစီးနှိပ်စက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ Facebook Account Lock ချတာ၊ တော်လှန်ရေးဆိုင်ရာပို့စ်တွေ မတင်တော့တာ၊ တော်လှန်ရေးဆိုင်ရာပို့စ်တွေကို မ Share ရဲတော့တာ၊ Like မလုပ်ဖြစ်တော့တာ၊ Comment မရေးတော့တာတွေ ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တော်လှန်ရေးအချိန်အတိုင်းအတာတစ်ခုအထိ ကြာလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီက အမိန့်၊ ငွေကြေး၊ လူအင်အားတွေကိုသုံးပြီး လူမှုကွန်ယက်တွေကို လွှမ်းမိုးဖို့ ကြိုးစားလာပါတယ်။

ဒါတွေရဲ့ အကျိုးဆက်အဖြစ် လူမှုကွန်ယက်တွေမှာ တော်လှန်ရေးဆိုင်ရာ ပို့စ်တွေ တော်တော်လေးနည်းလာတာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
NUG က ၂၀၂၃ ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” လို့ သတ်မှတ်ပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြရမယ့်အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ အသံ တလောကလုံးမှာ ပြန်ပြီး လျှံတက်ဆူညံလာစေရမယ်။

“မီးလျှံကြားက ဖီးနစ်ငှက် ပြန်လည်ရုန်းထပျံတက်သလိုမျိုး … လူမှုကွန်ယက်တွေကို ပြန်စိုးမိုးကြစို့”

-ကိုယ်နှစ်သက်တဲ့ အခြားနာမည်တစ်ခုနဲ့ Facebook အကောင့်သစ်တစ်ခုဖွင့်ကြမယ်

-အပြင်ထွက်ရင် ယူမသွားတဲ့ ဖုန်းတစ်လုံးနဲ့သုံးမယ်

-အသုံးပြုတဲ့အခါတိုင်း VPN ခံသုံးမယ်

-တော်လှန်ရေးဆိုင်ရာ ပို့စ်တွေကို အရင်လိုပဲပြန်တင်ကြမယ်၊ Like တွေပြန်ပေးမယ်၊ Share လုပ်ကြမယ်။

-ဒီသတင်းစကားကို သူငယ်ချင်း (၅) ယောက်ဆီ လျှို့ဝှက်ပြီး ပို့ကြမယ်။

-အခုပဲ စလိုက်ကြရအောင်ပါ။

အရေးတော်ပုံ အောင်ကိုအောင်ရမည်။

#SpringRevolution #PVTV
#OCTOPUS #ရေဘဝဲ
Kyimyindaing Scout Channel
Photo
တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ ပန်ကြားလွှာထုတ်ပြန်။
(၅ ဇန်နဝါရီ ၂၀၂၃)

အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသော “အတုအယောင် ရွေးကောက်ပွဲ”အတွက် “နိုင်ငံအတွင်းရှိ လူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်”ဟု ခေါင်းစဥ်တပ်၍ အကြိုမဲစာရင်းများကောက်ယူရန် ခြေလှမ်းပြင်လာခဲ့ပြီး သတ်မှတ်ကာလမှာ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ ဖြစ်ပါသည်။

အဆိုပါ ကိစ္စရပ်နှင့် စပ်လျဥ်း၍ တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်၊ မိမိတိုပတ်ဝန်းကျင်တွင် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများကို Telegram Scout channel များသိုဖြစ်စေ၊ သတင်းမီဒီယာများနှင့် သပိတ်အင်အားစုများ၏ လူမှုကွန်ရက် (Facebook) စာမျက်နှာများသို ဖြစ်စေ အချိန်နှင့် တပြေးညီ သတင်းပေးပိုကြပါရန်၊ အခြေအနေ အရပ်အရပ်ကြောင့် လူဦးရေစာရင်းပေးရပါကလည်း သတင်းအချက်အလက် အမှားများသာ ပေးကြရန် စသည်ဖြင့် ပန်ကြားနှိုးဆော်တိုက်တွန်းပါတယ်။

သတင်း​ပေးပို့မှုများအားလုံးကိုလည်း သတင်း​ပေးပို့သူများလုံခြုံ​ရေးအတွက်ဦးစား​ပေး၍ သတင်းများစုစည်း​ထိန်းသိမ်းပေးသွားမည်ဖြစ်သည့်အတွက် မိမိသတင်း​ပေးသည့်ကိစ္စ​ပေါက်ကြားမည်ကို မစိုးရိမ်ကြပါရန်လည်း​ပြောကြားလိုပါတယ်။

@YSDinformer
တိုက်တိုင်းရှုံး ပစ်တိုင်းသေ အဲ့ဒါစစ်ခွေးတွေ ❗️
(ပြည်သူ့ကျိန်စာ)

ယနေ့ လုံခြုံရေးတင်းကျပ်၍ လူဦးရေသန်းခေါင်းစာရင်းများကောက်ယူနေသည့် ရန်ကုန်မြို့တစ်နေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ" တိုက်တိုင်းရှုံး ပစ်တိုင်းသေ အဲ့ဒါစစ်ခွေးတွေ " ပြည်သူ့ကျိန်စာ စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

နိုင်ငံတစ်ဝှမ်းဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး တွန်းလှန်စစ်တိုက်ပွဲများအားလုံး ဘေးကင်းအောင်မြင်ကြပါစေကြောင်းနှင့် နိုင်ငံတော်၏ ဘုံရန်သူဖြစ်သော စစ်အာဏာရှင် မင်းအောင်လှိုင် နှင့် နောက်လိုက်အပေါင်းအပါများအားလုံး တိုက်တိုင်းရှုံး ပစ်တိုင်းသေပါစေကြောင်း ပြည်သူလူထုနှင့်အတူနှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဇန်နဝါရီ ၈၊ ၂၀၂၃ ခုနှစ်

#OCTOPUS #ရေဘဝဲ